Mobile Games Zone
3.84K subscribers
532 photos
1 file
70 links
Quality mobile ဂိမ်းများကိုသာတင်ပေးပါမည်
Download Telegram
Trials Of Mana (Android/iOS)

တခုကြိုပြောချင်တာက ဒီဂိမ်းက modern gaming taste ရှိသူတွေအဆင်ပြေမှာမဟုတ်ဘူး။အရမ်းမခက်ဘဲ relax ဖြစ်မယ့် action rpg ရှာနေသူတွေ၊ retro vibe ကိုလွမ်းသူတွေအတွက်ဘဲအဆင်ပြေပါလိမ့်မယ်။

Gameplay
========

ဒီဂိမ်းရဲ့ထူးခြားချက်က ဇာတ်ကောင်ခြောက်ယောက်ထိပါပြီး၊ main character တစ်ယောက်နဲ့ နောက်ကကူပေးမယ့် companion နှစ်ယောက်ကိုရွေးချယ်လို့ရတာပါ။အဓိကဇာတ်လမ်းက မပြောင်းလဲပေမယ့် ကိုယ်ရွေးချယ်တဲ့ main character ပေါ်မူတည်ပြီး သူတို့ရဲ့ နောက်ခံဇာတ်လမ်းတွေ နောက်ဆုံးမှာရင်ဆိုင်ရတဲ့ enemy တွေပြောင်းလဲသွားမှာပါ။
ဂိမ်းက hack and slash ပုံစံဖြစ်ပေမယ့် အရင်တုန်းက JRPG ကို modern graphic နဲ့ remake ပြန်လုပ်ထားတာကြောင့် အရမ်းကြီးကြီးခက်ခက်ခဲခဲတော့မဟုတ်ပါဘူး။ရွာထဲမှာ ပစ္စည်းနဲ့လက်နက်တွေ၀ယ်, dungeon ထဲက loot တွေကောက်၊ skill point တွေရတဲ့အခါ character ကို strong ဖြစ်အောင် upgrade မြှင့်ရတာမျိုးပါ။နောက်ပိုင်း character သုံးယောက်လုံးစုံမိတဲ့အခါ combo ပိုင်းတွေပိုလန်းလာပြီး ဆော့ရတာပိုပြီးမြိုင်မြိုင်ဆိုင်ဆိုင်ရှိလာပါတယ်။

personal experience
=====

အမှန်တိုင်း၀န်ခံရရင် ဒီဂိမ်းကကျနော့် taste မဟုတ်တဲ့အတွက် လုံး၀မကြိုက်မိပါဘူး။ပထမဆုံးအနေနဲ့ retro vibe မပျက်ဘဲ classic အရသာပြန်ရအောင် remake လုပ်ထားတာမို့လို့ cutscenes တွေကဆွဲဆောင်မှုမရှိသလို dialogue တွေအရမ်းများပြီး၊ မကျော်ဘဲနဲ့အဲ့တာတွေအကုန်ထိုင်ဖတ်လိုက်တာ အိပ်တောင်ငိုက်ချင်ပါတယ်။gameplay ပိုင်းကလည်း dungeon ထဲ၀င် loot ကောက်၊ နောက်တစ်နေရာသွားပြီး cutscene မှာစကားများဆိုတဲ့ပုံစံဘဲသွားနေတော့ ကြာတော့ repetitive ဖြစ်လာပြီး ဆော့ရင်းနဲ့ပျင်းလာတာပါ။enemy ပုံစံတွေကလည်း ဒီပုံစံတွေချည်းထပ်နေသလို boss တွေကလည်း mechanic မရှိတော့ တော်တော်လေးစိတ်ပျက်မိသွားတာအမှန်ပါ။ဒါကြောင့် soul like ဂိမ်းတွေ challenge ဖြစ်ပြီး engagement မပြတ်ပေးတဲ့ဂိမ်းတွေကိုဆော့နေကျဆိုရင် ဒီဂိမ်းကပျင်းစရာကောင်းနေပါလိမ့်မယ်။

Review
=====

အပေါ်ကမကြိုက်တဲ့အချက်တွေကိုပြောလို့ ဂိမ်းကမကောင်းဘူးလားပြောရင်မဟုတ်ပါဘူး။ဒီဂိမ်းထဲမှာလူတွေအကြိုက်ဆုံးအပိုင်းက character level 18 ရြော်သွားတဲ့အခါ class change ရတဲ့အပိုင်းပါဘဲ။class change တဲ့အခါ light path နဲ့ dark path ရွေးရပြီး တကယ်လို့ light path ဆိုရင် ကိုယ့်အဖွဲ့သားတွေကို healing ပေးတာမျိုး buff ပေးတာမျိုး ability တွေရလာမှာပါ။ဒါပေမယ့် dark path ဆိုရင်တော့ enemy တွေကိုဗျင်းတဲ့အခါပိုပြီး damage ထွက်လာသလို character ကလည်း strong ဖြစ်လာပါတယ်။
ကျနော်ကြိုက်တဲ့အချက်ကတော့ gameplay အတွင်း party members တွေပြောင်းဆော့လို့ရတာပါ။
ဥပမာ ကိုယ်က melee နဲ့အနီးကပ်တိုက်ခိုက်တဲ့ character နေရာကနေ enemy တွေနဲ့အနီးကပ်ခုတ်နေချိန် အနောက်က support character ဆီချက်ချင်းပြောင်းပြီး သွေးလှမ်းဖြည့်ပေးတာလိုမျိုး spell နဲ့ထုတာမျိုးတွေကို ပိုပြီးတိတိကျကျလုပ်လို့ရပါတယ်။
Combat ပိုင်းတွေကလည်း satisfied ဖြစ်စရာကောင်းပြီး ထိထိမိမိနဲ့အားရမိပါတယ်။တချို့ဂိမ်းတွေလို graphic က dark ဖြစ်တဲ့ခံစားချက်မဟုတ်ဘဲ အရောင်သွေးစုံလင်တဲ့ကမ္ဘာထဲမှာ explore လုပ်ရတာ မျက်စိပဒါသဖြစ်တယ်ဗျ။မြက်တွေလှုပ်ရှားနေတာတွေ သစ်ပင်ကသစ်ရွက်တွေကလည်း တော်တော်လေးအသက်ဝင်ပါတယ်။
Linear progress ဖြစ်သလို ဘာလုပ်ရမယ်ဆိုတာ mini map မှာ quest marker လေးတွေနဲ့ပြထားတာကြောင့် လက်ရှိ modern open world ကြီးတွေလို ဘယ်သွားပြီးဘာလုပ်ရမယ်မှန်းမသိအောင် မျက်စိလည်နေမှာတော့မဟုတ်ပါဘူး။camera follow ဖြစ်တာ၊ enemy တွေကို auto target လုပ်ပေးတဲ့ function တွေကလည်းဆော့ရတာသက်တောင့်သက်သာဖြစ်စေပါတယ်။mobile port အတွက် optimization ပိုင်းကလည်း low device တွေမှာ အေးဆေး run နိုင်တဲ့အထိအဆင်ပြေပါတယ်။
ဂိမ်းထဲမှာ အပြစ်ပြောစရာရှိတာကတော့ cutscenes တွေမှာ face expression တွေကအသက်မပါဘဲ တောင့်တောင့်ကြီးဖြစ်နေတာကြောင့် ဆားမပါတဲ့ဟင်းတစ်ခွက်စားရသလိုဖြစ်နေပါလိမ့်မယ်။voice acting ပိုင်းတွေကလည်း English voice တွေကအားနည်းတာကြောင့် Japanese voice ပြောင်းပြီး eng sub နဲ့ story ပိုင်းကိုလေ့လာစေချင်ပါတယ်။

နိဂုံးချုပ်ရရင် ကျနော်မကြိုက်ဘူးပြောတာ မကောင်းလို့မဟုတ်ဘဲ taste မတူလို့ပါ။casual player တွေ ခေါင်းစားမခံချင်တဲ့ player တွေနဲ့ retro vibe ခံစားချင်သူတွေကတော့အကြိုက်တွေ့ကြပါလိမ့်မယ်။

====

Size - 5.5gb (apks)

Type - offline

Link - comment

Minimum requirements - Android 7.0,Ram 4, Snapdragon 660+

Controller support - yes

=====

#JRPG
❤1
Legend Of Zelda : Twilight Princess (Android/unofficial port)

Twilight Princess ဆိုတာ သူ့ခေတ်သူ့ခါတုန်းကဆို တော်တော်လေးကောင်းတဲ့ဂိမ်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး အရင်ကထွက်ဖူးတဲ့ Zelda ဂိမ်းတွေလို အရောင်အသွေးစုံလင်တဲ့ကမ္ဘာမှာမဟုတ်ဘဲ dark fantasy theme တွေပြည့်နှက်နေတာကြောင့် Player တွေတော်တော်ကြိုက်ခဲ့ကြတာပါ။

ဒီဂိမ်းက mobile ပေါ်ကိုရောက်လာတာလပိုင်းလောက်ရှိပြီဆိုပေမယ့် error အသေးလေးတွေပါနေလား စမ်းဆော့ရင်းအခုမှတင်ဖြစ်သွားပါတယ်။

Story
====

ဂိမ်းရဲ့ဇာတ်လမ်းကိုတိုတိုနဲ့လိုရင်းပြောရရင် Zelda ဘုရင်မအုပ်ချုပ်တဲ့ Hyrule တိုင်းပြည်ကို Twilight realm က Zant ဦးဆောင်တဲ့ shadow beast တွေကကျူးကျော်ခဲ့ကြပြီး တိုင်းပြည်ရဲ့ နယ်နမိတ်ကိုလည်း Twilight curtain နဲ့ဖုံးအုပ်ထားလိုက်ပါတယ်။တကယ်လို့ လူတွေသာ Twilight curtain ကိုကျော်မိရင် ဘာမှမလုပ်နိုင်တဲ့ အဖြူရောင်ဝိဉာဉ်တွေအဖြစ်ပြောင်းလဲကုန်မှာပါ။

Ordon ရွာလေးကနွားကျောင်းသားလေးတဖြစ် ကျနော်တို့ရဲ့ main character လည်းဖြစ်တဲ့ Link ကတော့ မိစ္ဆာတွေဖမ်းခေါ်သွားတဲ့ ကလေးတွေကိုလိုက်ကယ်ရင်း Twilight curtain ကိုကျော်မိသွားပါတယ်။သာမာန်လူဆိုရင် ဝိဉာဉ်အဖြစ်ပြောင်းလဲသွားမယ်ဆိုပေမယ့်လို့ Link ကတော့ နတ်ဘုရားတွေပေးထားတဲ့ Triforce of courage ကြောင့် ဝံပုလွေအဖြစ်သာပြောင်းလဲသွားပြီး အဖမ်းခံလိုက်ရပါတယ်။

အဖမ်းခံထားရတဲ့Link က ထောင်ထဲမှာ တကိုယ်ကောင်းဆန်ပြီး ကတ်သီးကတ်သပ်နိုင်တဲ့ Minda ဆိုတဲ့ သတ္တဝါလေးနဲ့ဆုံမိကြပါတယ်။Minda က ဝံပုလွေဖြစ်နေတဲ့ Link ကို လူသားအဖြစ်ပြန်ပြောင်းပေးခဲ့သလို ကလေးတွေကိုလည်းအတူတူကယ်ကြမယ်လို့ပြောတာကြောင့် Minda နဲ့ Link ကလက်တွဲဖြစ်သွားပါတယ်။အဲ့ဒီ Twilight realm ထဲမှာဘဲ အကျဉ်းချခံထားရတဲ့ မင်းသမီး Zelda နဲ့ဆုံမိခဲ့ကြသလို
မင်းသမီး Zelda က Hyrule တိုင်းပြည်ကိုကယ်မယ်ဆိုရင် ရှေးဟောင်းမှော်လက်နက်အပိုင်းစတွေကိုလိုက်ရှာရမယ်လို့ လမ်းညွှန်လိုက်ပါတယ်။
ဒါကြောင့်ပစ္စည်းတွေရှာဖို့ Link နဲ့ Minda တို့အတူတူခရီးထွက်ခဲ့ကြပြီး ခရီးလမ်းတစ်လျှောက်မှာ ဇာတ်လမ်းအလှည့်ပြောင်းတွေကိုပါခံစားရမှာပါ။

ဖြစ်တတ်သော error များ
====

Unofficial port မှာလူတော်တော်များများက ဂိမ်းစတဲ့ Faron Wood မှာ error တွေတော်တော်များများကြုံရပါတယ်။glitch တွေဖြစ်နေတာမျိုး save file error တွေ၊ black screen error တွေကြုံရပါတယ်။ဂိမ်းရဲ့ save system ကလည်း ကိုယ် save ထားတဲ့နေရာကစတာမျိုးမဟုတ်ပါဘူး။ဥပမာ Faron Wood ထဲမှာလမ်းတစ်၀က်လောက်ကနေ save ထားရင် Faron Wood ရဲ့အဝင်နေရာကစရပါတယ်။အဲ့လိုဘဲ Forest Temple ရဲ့လမ်းတဝက်မှာ save ရင်လည်း ဂိမ်းပြန်စတဲ့အခါ Forest Temple အ၀င်ကနေစရပါတယ်။ဒါပေမယ့် ကိုယ်ဖွင့်ထားခဲ့တဲ့လမ်းတွေ ရပြီးသားပစ္စည်းတွေကတော့ပျောက်မသွားပါဘူး။ဒါကြောင့် Faron Wood က error ကိုကျော်ဖို့ရာ Forest Temple ထိရောက်အောင်အရင်ဆော့ပြီးမှ save လိုက်ပါ။

Review
=====

အခု unofficial port version က အပေါ်မှာပြောတဲ့ ဇာတ်လမ်းအစပျိုးတာတွေကိုအကုန်ဖြုတ်ချခဲ့တာ။ဘာလို့ဆိုတော့ ဒီဇာတ်လမ်းအစပျိုးတဲ့ 1နာရီကျော်ကျော်လောက်က tutorial ဆော့နေရပြီး တော်တော်လေးပျင်းစရာကောင်းတာပါ။

ဒီဂိမ်းက အခုပြန်ဆော့တော့သာ သိပ်မထူးခြားဘူးထင်ရပေမယ့် အဲ့ခေတ်အဲ့ခါတုန်းကဆိုရင် သူ့ရဲ့ combo စနစ်တွေကတော်တော်ခေတ်မီခဲ့တယ်ပြောရပါမယ်။
အရင်တုန်းက action အများစုက ဓားကိုဘယ်ညာလွှဲခုတ်ရတာဘဲရှိတဲ့အချိန် Twilight Princess ဂိမ်းကတော့ ဒိုင်းကာနဲ့ကာပြီး enemy ဟန်ချက်ပျက်မှ အပေါ်ကစီးခုတ်တာတွေ၊ နောက်ကိုခုန်ရှောင်တာတွေက တော်တော်လေး unique ဖြစ်ခဲ့ပါတယ်။
ဂိမ်းတစ်လျှောက်လုံးမှာ action and explore လုပ်ရတာထက်ကို puzzle ပိုင်းက 60% နေရာယူထားတယ်ဆိုပေမယ့်လို့ action ရဲ့ pacing ကကျမသွားဘဲ puzzle ဖြေရှင်းနေရတယ်လို့ကိုမခံစားရတာပါ။

ဥပမာ boss fight တွေက ဓားနဲ့ဗလိုင်းကြီး၀င်ခုတ်ရတာမဟုတ်ဘဲ သူတို့ရဲ့တိုက်ခိုက်မှုတွေကို ရှောင်လိုက်ကာလိုက်လုပ်ရင်းနဲ့ အားနည်းချက်တွေ၊ ဟန်ချက်ပျက်သွားချိန်တွေကိုစောင့်ပြီးတိုက်ခိုက်ရတာမျိုးပါ။dungeon design တွေနဲ့ ဖြေရှင်းရတဲ့ puzzle ပုံစံတွေကလည်း တစ်နေရာနဲ့တစ်နေရာမတူဘဲ နွယ်ပင်တွေကိုကုတ်တက်ရတာတွေ၊ လက်နက်အသစ်တွေရတဲ့အခါမှာ အဲ့လက်နက်တွေနဲ့ combo အသစ်တွေဆန်းသစ်လို့ရသလို ရောက်နေတဲ့ progress ပေါ်မူတည်ပြီး မတူညီတဲ့ puzzle တွေဖြေရှင်းရပါတယ်။ဝံပုလွေပြောင်းသွားတဲ့အချိန်မှာလည်း Minda နဲ့အတူအတွဲညီညီဆော့ရတဲ့ gameplay ပုံစံဖြစ်သွားတာကြောင့် ဆော့ရတာ repetitive ဖြစ်တယ်မခံစားရတော့ပါဘူး။

Fand port တစ်ခုဆိုပေမယ့် error နည်းနည်းပါးပါးပါတာကလွဲလို့ optimization ပိုင်းကအံ့ဩစရာကောင်းလောက်အောင်ကိုကောင်းနေတာပါ။ဖုန်းပူတာ battery စားတာတွေမရှိဘဲ အေးဆေး run နိုင်ပါတယ်။UI တွေကိုတော့ design ပြန်ဆွဲထားတာမဟုတ်လို့ emulator ကလို touch တွေနဲ့ဆော့ရတော့ နည်းနည်းတော့တိုင်ပတ်ပါတယ်။
Controller support ဖြစ်ပေမယ့် mapping တော့နည်းနည်းလုပ်ပေးရပါတယ်။

===

Size - 1.41gb

Type - offline

Link - comment
❤3
Minimum requirements - Android 7.0,Ram 4, Snapdragon 660

Controller support - yes

===

#Action
#Adventure
❤1
The Bonfire 2 : Uncharted shore (Android)

Mod info - full version unlocked

Link - https://pdalife.com/the-bonfire-2-uncharted-shores-full-version-iap-android-a41684.html

Note - ဂိမ်းထဲ၀င်ရင် screen ညာဘက်အောက်ထောင့်က purchase full game ဆိုတာကိုနှိပ်လိုက်ရင် full game ဆော့ရပါလိမ့်မယ်။iph တွေ၀ယ်ဆော့ရပါမယ်။
❤3
The Bonfire 2 : Uncharted shore (Android/iOS)

Northgard လိုမျိုး rts management လုပ်ရတာကြိုက်တဲ့ဘဲတွေအတွက် file size နည်းနည်းလေးနဲ့သောက်ရမ်းဆော့ကောင်းမယ့် offline rts ဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်

ဒီဂိမ်းက mobile ပေါ်မှာ 1 နဲ့ 2 ရှိတာဖြစ်ပြီး 1 ကိုလည်းတင်ထား‌ပေးပါတယ်။

Gameplay
=====

ဂိမ်းစစချင်း ကျနော်တို့ကို အလုပ်သမားလေးယောက်ပေးထားပါတယ်။အဲ့လေးယောက်ကို ပထမဆုံးအနေနဲ့ bonfire မီးပုံတစ်ခုဆောက်ခိုင်းရပါတယ်။ဒီ bonfire ရဲ့မီးရောင် မိုင်ပေါင်းများစွာကနေလှမ်းမြင်ရပြီး ဒီမီးအရောင်ကိုမြင်တဲ့သူတွေက ကိုယ့်ဆီမှာအလုပ်လာတောင်းတဲ့အခါမှာ အလုပ်သမားတွေတိုးလာမှာပါ။

စစချင်း ဘာမှမရှိသေးချိန်မှာ ကျွန်းပေါ်ကအပင်တွေခုတ်ပြီး အမဲလိုက်တဲ့အိမ်တွေ၊ သစ်သားစုတဲ့ storage တွေဆောက်ရပါတယ်။ပြီးရင်တော့ အလုပ်သမားတွေရဲ့ အပြေးသန်လား၊ သန်မာမှုရှိသလားဆိုတဲ့ ကိုယ်ပိုင်စွမ်းရည်ကိုကြည့်ပြီး ဘယ်သူကတော့သစ်ခုတ် ဘယ်သူကအမဲလိုက်၊ ဘယ်သူကတော့ အဆောက်အဦးတွေဆောက်ဆိုပြီး တာ၀န်တွေခွဲပေးရပါတယ်။
ဒီလိုနေ့ပိုင်းမှာ ကိုယ့်စခန်းတိုးတက်ဖို့ management လုပ်ရပေမယ့် ညပိုင်းကျရင်တော့ ပတ်၀န်းကျင်ကသားရဲတွေ တိရစ္ဆာန်ပေါင်းစုံက ကိုယ့်စခန်းကိုလာဖျက်ဆီးကြမှာပါ။ဒါကြောင့် စခန်းကိုစောင့်ဖို့ရာ အစောင့်တွေလည်းထားပေးရပါတယ်။
ဒီလိုနဲ့တဖြည်းဖြည်း စခန်းကိုတိုးချဲ့သွားရင်း နောက်ပိုင်းရောက်တဲ့အခါ မိုင်းတွေတူပြီး armor တွေ လက်နက်တွေဖန်တီးလာနိုင်မှာပါ။နွေမိုးဆောင်း ပြောင်းလဲမှုပေါ်မူတည်ပြီး challenge တွေရှိလာသလို မိုးရာသီနဲ့ ဆောင်းရာသီမှာ ရာသီဥတုဒါဏ်ကြောင့် အလုပ်သမားတွေလမ်းလျှောက်နှေးကုန်တာ၊ ကန်ထဲကရေတွေခဲကုန်တာကြောင့် ငါးမျှားလို့မရတော့တာတွေဖြစ်လာနိုင်ပါတယ်။ဒီအချိန်မှာ အစားသောက်ပြတ်လပ်ပြီး အလုပ်သမားတွေသေလာနိုင်တာလည်းရှိလို့ resources management ကိုသေချာလုပ်ရပါတယ်။

Visual တွေ relaxing ဖြစ်ပုံတွေနဲ့ atmosphere ကိုပြောပြချင်ပေမယ့် တခြား platform တွေမှာပါ content ဖန်တီးဖို့အချိန်ပေးရတာကြောင့် ဒီဂိမ်းကို gameplay မှာဘဲရပ်ချင်ပါတယ်။yt နဲ့ tt မှာတင်တော့မှဘဲ အပြည့်စုံကိုလာကြည့်ကြပါတော့။

===

Size - 187mb

Type - offline

Link - comment

Minimum requirements - Android 7.0,Ram 3, Snapdragon 660+

====

#Simulation
#Management
❤6