ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြ်ပေါ်နိုင်ချေ ကြိုတင်ခန့်မှန်းခြင်း
မေလ ၁၈ ရက် နေ့လည် ၁ နာရီ
=====
ECMWF Chart များမှာ -
🔸 မေလ ၂၀ ရက်နေ့-ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်ကမ်းခြေအနီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိလာကြောင်းတွေ့ရသည်။
🔸 မေလ ၂၁ ရက် အဆိုပါဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀% သို့ လျော့ကျပြီး
🔸 မေလ ၂၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၈၀% သို့ထပ်မံလျော့ကျလာသည်။
သုံးသပ်ချက်
🔸 ECMWF Chart ခန့်မှန်းချက်များကို သုံးသပ်ရလျှင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေမရှိ၊ လေဖိအားနည်းရပ်ဝန်းလောက်သာဖြစ်နိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအထိ အနောက်တောင်မုတ်သုံလေဝင်ရောက်ခြင်းကို တွန်းအားပေးနိုင်သည့် system ဖြစ်လာနိုင်မည်။
🔸 ရက်ဝေးခန့်မှန်းချက်များအရ - ECMWF-AI forecast နှင့် GFS, GEFS, GEPS model များမှ ကြိုတင်ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့၌ - မေလ ၂၆ ရက်မှ စတင်ကာ လေဖိအားနည်းရပ်ဝန်း-မုန်တိုင်း-ဆိုင်ကလုန်းမမုန်တိုင်း ဖြစ်လာနိုင်သည် (ရက်ဝေးခန့်မှန်းချက်ဖြစ်၍ ထပ်မံအတည်ပြုရမည်)
မိုးလေဝသအခြေအနေဖြစ်နိုင်ချေခန့်မှန်း -
🔸 အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသများအထိ ဝင်ရောက်ပြီးဖြစ်၍ မြန်မာနိုင်ငံတောင်ပိုင်းဒေသများ(ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း)တို့တွင် မိုးထစ်ချုန်းရွာနိုင်သည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေမည်။
🔸 ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် မေလ ၂၃ ရက်နောက်ပိုင်းမှသာ မိုးအသင့်အတင့်မှ မိုးများလာနိုင်မည်။

လက်ရှိတိမ်ထုဖြစ်ပေါ်မှုအခြေအနေ weather station radar image မှာကြည့်ရင် ဧရာဝတီတိုင်း လပွတ္တာပေါ်က တိမ်တိုက်က ပိုထူပိုကြီးပါတယ် - ရန်ကုန်မြို့ပေါ်မှာတော့ တိမ်ထုဖြစ်ပေါ်မှုက ပါးတာတွေ့ရပါမယ်
ဆိုလိုရင်းက ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေမှာ ထစ်ချူန်းရွာနိုင်တဲ့ မိုးက ပိုများပါမယ်။ ရန်ကုန်မှာတော့ ဒီအချိန်အထိ မိုးရေချိန်သိပ်များမဲ့ပုံ မပေါ်သေးပါ။

🔸 မေလ ၁၉ ရက်တွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဝင်ရောက်ပြီဖြစ်ကြောင်းနှင့်
🔸 အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်တို့တွင် အထက်လေပွေလှိုင်း(UACC)များဖြစ်ပေါ်လျှက်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာန(IMD)က ယနေ့ ထုတ်ပြန်ထားပါသည်။
ECMWF Chart မှ ဆိုင်ကလုန်းမုန်တိုင်ဖြစ်နိုင်ချေ ကြိုတင်ခန့်မှန်းချက်များ -
🔸 ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်တို့တွင် မေလ ၂၁-၂၂ ရက်များ၌ ဖြစ်ပေါ်နိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀% မှ ၁၀၀% ရှိသော်လည်း
🔸 ဆိုင်ကလုန်းမုန်တိုင်းအဆင့် လေတိုက်နှုန်းအထိမရောက်နိုင်ကြောင်း ကြိုတင်ခန့်မှန်းရေး သင်္ချာပုံစံပြု model များတွင်တွေ့ရသည်။
🔸 မေလ ၃၀ ရက် တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်ဖြစ်နိုင်ချေ ၇၀% ရှိနေကြောင်း မေလ ၁၉ ရက် နံနက် ၆ နာရီခွဲတွင် အသစ်ထုတ်ပြန်သည့် ECMWF Chart တွင် တွေ့ရသည်။
🔸 မုတ်သုံဝင်ရောက်ပြီး မိုးရာသီအတွင်းရောက်ရှိနေပြီးဖြစ်၍ မြန်မာနိုင်ငံအနှံ့ မိုးဆက်လက်ရွာသွန်းခြင်းရှိနေမည်ဖြစ်ပြီး မိုးအနည်းအများ၊ လေတိုက်နှန်ုးအနည်းအများသည် ပင်လယ်ပြင်တွင်ဖြစ်ပေါ်လာနိုင်သည့် ထူးခြားမိုးလေဝသအခြေအနေများပေါ်တွင် မူတည်၍ အပြောင်းအလဲရှိနေမည်ဖြစ်ပါသည်။
Windy - ECMWF ရက်နီးကြိုတင်ခန့်မှန်းချက်များအရ -
🔸 မေလ ၂၀ ရက် နံနက် ၆ နာရီမှ ၂၂ ရက် နံနက် ၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှ အထက်လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း(မဖြစ်သေး)၏ အရှိန်ကြောင့် -
🔸 ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်းတွေ့ရပါသည်။
🔸 ကျန်ပြည်နယ်တိုင်းများမှမြို့များအလိုက် မိုးရွာသွန်းနိုင်သည့်အခြေအနေကို https://www.mmweather.org/divisional-cities-weather တွင် ကြည့်ပါရန်။
(မေလ ၁၉ ရက် ညနေ ၅ နာရီ)

ECMWF, ECMWF-AIFS, GFS, GEFS, GEPS, ICON model များ၏ ကြိုတင်ခန့်မှန်းချက်များအရ -
ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ... မေလ ၂၃ ရက် မှ စတင်၍ ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် - မေလ ၂၂-၂၃ ရက်မှ - ဇွန်လ လဆန်း ၃ ရက်အထိ -
မိုးရွာနိုင်ချေ မြင့်တက်လာပြီး မိုးအသင့်အတင့်မှမိုးများနိုင်သည်။
ကျန်ပြည်နယ်တိုင်းများတွင် မိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ပါမည်။
ECMWF/GFS FORECAST on WINDY
ပြည်နယ်တိုင်းမြို့ကြီးများနှင့်အခြားမြို့များ၏ ၄ ရက်စာ မိုးလေဝသအခြေအနေ - ပြည်နယ်တိုင်း ၁၅ ခုမှ မြို့ပေါင်း ၂၅၀ ကျော်၏ ၄ ရက်စာ မိုးလေဝသအခြေအနေ widget များ တင်ပေးထားပါသည်။ https://www.mmweather.org/divisional-cities-weather
(မေလ ၂၀ ရက်နေ့လည် ၁၂ နာရီ ၂၀ မိနစ်)

မြန်မာ့ကမ်းရိုးတန်းတလျှောက်တွင် ဖြစ်ပေါ်နိုင်သည့် လှိုင်း/လေအခြေအနေ
====
မေလ ၂၃ ရက် မှ စတင်၍ ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်၊ မြစ်ဝကျွန်းပေါ်နှင့် မွန်-တနင်္သာရီကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်းတလျှောက်တွင် မေလ ၂၆ ရက်မှ စတင်၍မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ ရေပြင်လေ တနာရီ ၄၅ မိုင်နှင့် လှိုင်းအမြင့် ၁၃ ပေ အထိ ရှိနိုင်သည်။
(မေလ ၂၀ ရက် - နေ့လည် ၁၂ နာရီ ၃၀ မိနစ်)