Maung Than Soe
29 subscribers
97 photos
11 videos
1 file
8 links
Download Telegram
Forwarded from Drnyo
Forwarded from Drnyo
Forwarded from Drnyo
Forwarded from Drnyo
Forwarded from Drnyo
ဘက်စုံတော်လှန်ရီး (သို့မဟုတ်) အာရက္ခနိုင်ငံတော် တည်ဆောက်ခြင်းအနုပညာ
အပိုင်း(၁)

(ရခိုင်လူမျိုး Dr.ညိုထွန်းအောင် ရွီးသားသည်)
၂၀၂၂ ခုနှစ်၊ မာ့ချ်လ (၂၁) ရက်၊ တလင်းလာနိ

အေဂုဆောင်းပါးသည် အာရက္ခနိုင်ငံတော်တည်ဆောက်ရီးကိုဦးတည်သော ဘက်စုံတော်လှန်ရီးတရပ်ကိုဆင်နွှဲရန် အတွက် တော်လှန်ရီးထဲတွင် မပါဝင်သိမ့်သောသူများအတွက် ရည်ရွယ်ပါသည်။ ဘက်စုံတော်လှန်ရီးထဲတွင် ကျရာ နီရာ၊ ကျရာတာဝန်ကို ထမ်းဆောင်ကတ်ပြီး ရက္ခိုင်ပြည်သူ့အစိုးရတရပ်အဖြစ်သို့ အသွင်ကူးပြောင်းရီးကာလကို လျင်မြန်စီရန်ရည်ရွယ်ရွီးသားပါသည်။ ၂၀၁၈ ခုနှစ်လောက်ကတည်းကပင် စတင်ရွီးသားခကေလေ့ အရသာ ဟိသော ဆောင်းပါးအဖြစ်သို့ မရောက်လာသောကြောင့် ပြီးဆုံးအောင် မရွီးဖြစ်သိမ့်သော ဆောင်းပါးဟောင်း တပုဒ်ကို လေးနှစ်ခန့်ကြာပြီးမှ အပြီးသတ်ရွီးသားထားသော ဆောင်းပါးရှည်တပုဒ်ဖြစ်ပါသည်။

ရက္ခိုင်လူမျိုးများသည် သူရို့၏ပစ္စုပ္ပန်ကို ဌာပနာပြီး လှပသောရက္ခိုင့်လူ့ဘောင်အနာဂတ်ကို တည်ဆောက်နီခြင်း သည် ရက္ခိုင်တမျိုးသားလုံးမျှော်လင့်နီကတ်သော အာရက္ခနိုင်ငံတော်ကို တည်ဆောက်နီခြင်းပင် ဖြစ်သည်။ ရက္ခိုင့်တော်လှန်ရီး တဆစ်ချိုးကို ဃကျောက်ရှည်ကွေ့ ကွေ့နီသည့်အချိန်တွင် ရက္ခိုင်တမျိုးသားလုံးမှ ရထားတစင်း၏ အတွဲများ ချိတ်ဆက်အလိုက်သင့်ပါလာရေပိုင် လိုက်ပါကတ်ရန် လိုအပ်နီသည့်အချိန်လည်း ဖြစ်သည်။ တနည်း အဆုံးအဖြတ် တိုက်ပွဲ၏အစ အာရက္ခနိုင်ငံတော်၏ ပထမစာမျက်နှာကို ရွီးသားကတ်မည့် အချိန် ဖြစ်သည်။

အချုပ်အချာအာဏာမဟိသောတိုင်းပြည်မှလူမျိုးများ၏ အနာဂတ်သည် ရေရာမှုမဟိနိုင်ရေပိုင် တိုင်းပြည်မဲ့၊ တန်ဖိုးမဲ့လူမျိုး လူတောမတိုးဘဝဖြစ်ရသည်။ ထို့ကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ဦးဆောင်၍ ရက္ခိုင့်အချုပ် အချာ အာဏာကို ပြန်လည်ရဟိစီ ရန်နန့် ရက္ခိုင့်သယံဇာတ၊ ရက္ခိုင့်ကံကြမ္မာကို ပရံလူများမှ အဆုံးအဖြတ် ပီးနီသည်ကို မိမိရို့အနီနန့် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီး ဆုံးဖြတ်ပီးနိုင်သောအနီအထားသို့ပြောင်းလဲရောက်ဟိ လာစီရန် ကြိုးစား ဆောင်ရွက်လျက်ဟိပါသည်။

ရက္ခိုင့်အချုပ်အချာအာဏာပြန်လည်ရဟိရန်အတွက် အဓိက အရေးကြီးသော ရက္ခိုင့်တပ်တော်ကို ပြန်လည် တည်ဆောက်ခြင်းဖြင့် အာရက္ခတိုင်းပြည်ကို ပြန်လည်တည်ဆောက်နီကတ်ခြင်းပင်ဖြစ်သည်။ ရက္ခိုင့်တပ်တော် အင်အားမဟိဘဲ အာရက္ခနိုင်ငံတော်ကို တည်ဆောက်၍မရနိုင်ဆိုသည်ကို နားလည်ထားသော ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်သည် တော်လှန်ရီးအစပိုင်း၌ ပါတီထက် ရက္ခိုင့်တပ်တော်ကို အဓိကထား တည်ဆောက်ခခြင်း ဖြစ်သည်။

ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း၊ ရက္ခိုင့်သမိုင်းအထောက်အထားများအရ မိမိလူမျိုးကို ကာကွယ်ပီးနိုင်သော အင်အား ကောင်းသည့် တပ်တော်ဟိခြင်း/မဟိခြင်းသည် ထိုလူမျိုး၏ အချုပ်အချာအာဏာ တည်တံ့ခြင်း/ ဆုံးယှုံးခြင်း အပေါ်တွင် တိုက်ရိုက်မူတည်သည်ကို လေ့လာတွိဟိရသည်။ ရက္ခိုင်နိုင်ငံတော်ကျယှုံးလားရခြင်း အကြောင်း တရားများထဲတွင် ရက္ခိုင့်တပ်တော် စစ်ယှုံးနိမ့်ပြီး ပြိုပျက်လားခရခြင်းသည် အဓိကကျသောအချက်များထဲမှ တချက်ဖြစ်သည်။ ရက္ခိုင့်တပ်တော်မပြိုကွဲမီ မြောက်ဦးထီးနန်း၌ စည်းလုံးညီညွတ်မှု ပျက်ပြားကာ အချင်းချင်း အာဏာလု အိမ်တွင်းပဋိပက္ခတိုက်ပွဲပြင်းထန်နီမှုသည်လည်း အဓိကကျခသည်။

ကမ္ဘာ့သမိုင်းထဲမှ စစ်ယှုံး (သို့မဟုတ်) လက်နက်အားကိုး၍ အနိုင်ကျင့်ခံရပြီး ပျက်သုဉ်းလားခသော နိုင်ငံကြီးများ သည် မီးလျှံ ပြာပုံတောထဲမှ ထိုးထွက်လာသော ဖီးနစ်ငှက်များပိုင် မျက်မှောက်ခေတ်တွင် ထင်ရှားစွာဟိနီသည်။ ဂျပန်၊ ဂျာမဏီ ပိုင် ကမ္ဘာ့နိုင်ငံကြီးများသည် ဒုတိယကမ္ဘာစစ်အပြီးတွင် ပြာပုံထဲမှ ပြန်လည်ရုန်းကန် ကြိုးစား တည်ဆောက်ယင်း ဖွံ့ဖြိုးတိုးတက်လာကတ်သော နိုင်ငံများဖြစ်ကတ်သည်။ လေ့လာသင်ယူစရာကောင်းပြီး စံနမူနာယူသင့်သော နိုင်ငံများ ဖြစ်ကတ်သည်။

တောင်ကိုးရီးယားနိုင်ငံသည်လည်း ၁၉၅၃ ခုနှစ် ကိုးရီးယားစစ်ပွဲအပြီးတွင်မှ ပြန်လည်နလံထူနိုင်သောနိုင်ငံ ဖြစ် သည်။ ယင်းအချိန်ကာလ၌ တောင်ကိုးရီးယားနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံများအုပ်စုထဲတွင် ပါဝင်ခသည်။ နှစ်ပေါင်း (၇၀) အကြာ ဒေနိ အချိန်တွင် အဆိုပါနိုင်ငံများသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများအုပ်စုထဲတွင် စာရင်း ဝင်လျက်ဟိသည်ကို တွိဟိရသည်။

၂၀၀၉ ခုနှစ်မှ စတင်ရေတွက်ပြီး ဆယ်သုံးနှစ်နီးပါးကို ဖြတ်သန်းပြီးသည့်အချိန်တွင် ရက္ခိုင်လူမျိုးများအတွက် ရက္ခိုင့်အမျိုးသားတပ်တော်တခုသည် သင့်တင့်လျောက်ပတ်သောလူ၊ လက်နက်အင်အားနန့်အတူ ပြည်သူကို အကာအကွယ်ပီးနိုင်သော တပ်တော်တခုအဖြစ်သို့ ရောက်ဟိပြီးဖြစ်သော်လည်း အချုပ်အချာအာဏာ လုံးဝပြန် လည်ရဟိရီးအတွက်မူ ဆက်လက် ကြိုးစားကတ်ရအုံးမည်။ နှစ်ပေါင်း (၂၃၈) နှစ်ကျော် ကြာတိုင်အောင် ဆုံးယှုံး ထားသော ရက္ခိုင့်အချုပ်အချာအာဏာကို စစ်မြီပြင်တွင် အနိုင်ယူ၍သာ ပြန်လည်ရယူနိုင်လိမ့်မည်ဟု မိမိရို့လုံးဝ ယုံကြည်သည်။ အချုပ်အချာအာဏာလွန်ဆွဲပွဲသည် လာမည့်ကာလ၌ အကြိတ်အနယ်နန့် အားပြိုင်ရမည့်ပုံပေါက် နီသည်။ ထို့ကြောင့် ရက္ခိုင့်အချုပ်အချာအာဏာ ပြန်လည်ရယူရီးတိုက်ပွဲများ၌ ရက္ခိုင်သားတိုင်း တတပ်တအား ပါဝင်ကတ်ရန် လိုအပ်ပါသည်။

ဆက်ရန်....

https://www.drnyotwanawng.
Forwarded from Drnyo
ဘက္စုံေတာ္လွန္ရီး (သို႔မဟုတ္) အာရကၡနိုင္ငံေတာ္ တည္ေဆာက္ျခင္းအႏုပညာ
အပိုင္း(၁)

(ရခိုင္လူမ်ိဳး Dr.ညိဳထြန္းေအာင္ ရြီးသားသည္)
၂၀၂၂ ခုႏွစ္၊ မာ့ခ်္လ (၂၁) ရက္၊ တလင္းလာနိ

ေအဂုေဆာင္းပါးသည္ အာရကၡနိုင္ငံေတာ္တည္ေဆာက္ရီးကိုဦးတည္ေသာ ဘက္စုံေတာ္လွန္ရီးတရပ္ကိုဆင္ႏႊဲရန္ အတြက္ ေတာ္လွန္ရီးထဲတြင္ မပါဝင္သိမ့္ေသာသူမ်ားအတြက္ ရည္ရြယ္ပါသည္။ ဘက္စုံေတာ္လွန္ရီးထဲတြင္ က်ရာ နီရာ၊ က်ရာတာဝန္ကို ထမ္းေဆာင္ကတ္ၿပီး ရကၡိဳင္ျပည္သူ႔အစိုးရတရပ္အျဖစ္သို႔ အသြင္ကူးေျပာင္းရီးကာလကို လ်င္ျမန္စီရန္ရည္ရြယ္ရြီးသားပါသည္။ ၂၀၁၈ ခုႏွစ္ေလာက္ကတည္းကပင္ စတင္ရြီးသားခေကေလ့ အရသာ ဟိေသာ ေဆာင္းပါးအျဖစ္သို႔ မေရာက္လာေသာေၾကာင့္ ၿပီးဆုံးေအာင္ မရြီးျဖစ္သိမ့္ေသာ ေဆာင္းပါးေဟာင္း တပုဒ္ကို ေလးႏွစ္ခန႔္ၾကာၿပီးမွ အၿပီးသတ္ရြီးသားထားေသာ ေဆာင္းပါးရွည္တပုဒ္ျဖစ္ပါသည္။

ရကၡိဳင္လူမ်ိဳးမ်ားသည္ သူရို႔၏ပစၥဳပၸန္ကို ဌာပနာၿပီး လွပေသာရကၡိဳင့္လူ႔ေဘာင္အနာဂတ္ကို တည္ေဆာက္နီျခင္း သည္ ရကၡိဳင္တမ်ိဳးသားလုံးေမၽွာ္လင့္နီကတ္ေသာ အာရကၡနိုင္ငံေတာ္ကို တည္ေဆာက္နီျခင္းပင္ ျဖစ္သည္။ ရကၡိဳင့္ေတာ္လွန္ရီးတဆစ္ခ်ိဳးကို ဃေက်ာက္ရွည္ေကြ႕ ေကြ႕နီသည့္အခ်ိန္တြင္ ရကၡိဳင္တမ်ိဳးသားလုံးမွ ရထားတစင္း၏ အတြဲမ်ား ခ်ိတ္ဆက္အလိုက္သင့္ပါလာေရပိုင္ လိုက္ပါကတ္ရန္ လိုအပ္နီသည့္အခ်ိန္လည္း ျဖစ္သည္။ တနည္း အဆုံးအျဖတ္ တိုက္ပြဲ၏အစ အာရကၡနိုင္ငံေတာ္၏ ပထမစာမ်က္ႏွာကို ရြီးသားကတ္မည့္ အခ်ိန္ ျဖစ္သည္။

အခ်ဳပ္အခ်ာအာဏာမဟိေသာတိုင္းျပည္မွလူမ်ိဳးမ်ား၏ အနာဂတ္သည္ ေရရာမွုမဟိနိုင္ေရပိုင္ တိုင္းျပည္မဲ့၊ တန္ဖိုးမဲ့လူမ်ိဳး လူေတာမတိုးဘဝျဖစ္ရသည္။ ထို႔ေၾကာင့္ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္မွ ဦးေဆာင္၍ ရကၡိဳင့္အခ်ဳပ္ အခ်ာ အာဏာကို ျပန္လည္ရဟိစီ ရန္နန႔္ ရကၡိဳင့္သယံဇာတ၊ ရကၡိဳင့္ကံၾကမၼာကို ပရံလူမ်ားမွ အဆုံးအျဖတ္ ပီးနီသည္ကို မိမိရို႔အနီနန႔္ ကိုယ့္ကံၾကမၼာကို ကိုယ္ဖန္တီး ဆုံးျဖတ္ပီးနိုင္ေသာအနီအထားသို႔ေျပာင္းလဲေရာက္ဟိ လာစီရန္ ႀကိဳးစား ေဆာင္ရြက္လ်က္ဟိပါသည္။

ရကၡိဳင့္အခ်ဳပ္အခ်ာအာဏာျပန္လည္ရဟိရန္အတြက္ အဓိက အေရးႀကီးေသာ ရကၡိဳင့္တပ္ေတာ္ကို ျပန္လည္ တည္ေဆာက္ျခင္းျဖင့္ အာရကၡတိုင္းျပည္ကို ျပန္လည္တည္ေဆာက္နီကတ္ျခင္းပင္ျဖစ္သည္။ ရကၡိဳင့္တပ္ေတာ္ အင္အားမဟိဘဲ အာရကၡနိုင္ငံေတာ္ကို တည္ေဆာက္၍မရနိုင္ဆိုသည္ကို နားလည္ထားေသာ ရကၡိဳင္အမ်ိဳးသား အဖြဲ႕ခ်ဳပ္သည္ ေတာ္လွန္ရီးအစပိုင္း၌ ပါတီထက္ ရကၡိဳင့္တပ္ေတာ္ကို အဓိကထား တည္ေဆာက္ချခင္း ျဖစ္သည္။

ကမၻာ့သမိုင္း၊ ျမန္မာ့သမိုင္း၊ ရကၡိဳင့္သမိုင္းအေထာက္အထားမ်ားအရ မိမိလူမ်ိဳးကို ကာကြယ္ပီးနိုင္ေသာ အင္အား ေကာင္းသည့္ တပ္ေတာ္ဟိျခင္း/မဟိျခင္းသည္ ထိုလူမ်ိဳး၏ အခ်ဳပ္အခ်ာအာဏာ တည္တံ့ျခင္း/ ဆုံးယွုံးျခင္း အေပၚတြင္ တိုက္ရိုက္မူတည္သည္ကို ေလ့လာတြိဟိရသည္။ ရကၡိဳင္နိုင္ငံေတာ္က်ယွုံးလားရျခင္း အေၾကာင္း တရားမ်ားထဲတြင္ ရကၡိဳင့္တပ္ေတာ္ စစ္ယွုံးနိမ့္ၿပီး ၿပိဳပ်က္လားခရျခင္းသည္ အဓိကက်ေသာအခ်က္မ်ားထဲမွ တခ်က္ျဖစ္သည္။ ရကၡိဳင့္တပ္ေတာ္မၿပိဳကြဲမီ ေျမာက္ဦးထီးနန္း၌ စည္းလုံးညီညြတ္မွု ပ်က္ျပားကာ အခ်င္းခ်င္း အာဏာလု အိမ္တြင္းပဋိပကၡတိုက္ပြဲျပင္းထန္နီမွုသည္လည္း အဓိကက်ခသည္။

ကမၻာ့သမိုင္းထဲမွ စစ္ယွုံး (သို႔မဟုတ္) လက္နက္အားကိုး၍ အနိုင္က်င့္ခံရၿပီး ပ်က္သုဥ္းလားခေသာ နိုင္ငံႀကီးမ်ား သည္ မီးလၽွံ ျပာပုံေတာထဲမွ ထိုးထြက္လာေသာ ဖီးနစ္ငွက္မ်ားပိုင္ မ်က္ေမွာက္ေခတ္တြင္ ထင္ရွားစြာဟိနီသည္။ ဂ်ပန္၊ ဂ်ာမဏီ ပိုင္ ကမၻာ့နိုင္ငံႀကီးမ်ားသည္ ဒုတိယကမၻာစစ္အၿပီးတြင္ ျပာပုံထဲမွ ျပန္လည္႐ုန္းကန္ ႀကိဳးစား တည္ေဆာက္ယင္း ဖြံ႕ၿဖိဳးတိုးတက္လာကတ္ေသာ နိုင္ငံမ်ားျဖစ္ကတ္သည္။ ေလ့လာသင္ယူစရာေကာင္းၿပီး စံနမူနာယူသင့္ေသာ နိုင္ငံမ်ား ျဖစ္ကတ္သည္။

ေတာင္ကိုးရီးယားနိုင္ငံသည္လည္း ၁၉၅၃ ခုႏွစ္ ကိုးရီးယားစစ္ပြဲအၿပီးတြင္မွ ျပန္လည္နလံထူနိုင္ေသာနိုင္ငံ ျဖစ္ သည္။ ယင္းအခ်ိန္ကာလ၌ ေတာင္ကိုးရီးယားနိုင္ငံသည္ အဆင္းရဲဆုံးနိုင္ငံမ်ားအုပ္စုထဲတြင္ ပါဝင္ခသည္။ ႏွစ္ေပါင္း (၇၀) အၾကာ ေဒနိ အခ်ိန္တြင္ အဆိုပါနိုင္ငံမ်ားသည္ ကမၻာ့ထိပ္တန္းနိုင္ငံႀကီးမ်ားအုပ္စုထဲတြင္ စာရင္း ဝင္လ်က္ဟိသည္ကို တြိဟိရသည္။

၂၀၀၉ ခုႏွစ္မွ စတင္ေရတြက္ၿပီး ဆယ္သုံးႏွစ္နီးပါးကို ျဖတ္သန္းၿပီးသည့္အခ်ိန္တြင္ ရကၡိဳင္လူမ်ိဳးမ်ားအတြက္ ရကၡိဳင့္အမ်ိဳးသားတပ္ေတာ္တခုသည္ သင့္တင့္ေလ်ာက္ပတ္ေသာလူ၊ လက္နက္အင္အားနန႔္အတူ ျပည္သူကို အကာအကြယ္ပီးနိုင္ေသာ တပ္ေတာ္တခုအျဖစ္သို႔ ေရာက္ဟိၿပီးျဖစ္ေသာ္လည္း အခ်ဳပ္အခ်ာအာဏာ လုံးဝျပန္ လည္ရဟိရီးအတြက္မူ ဆက္လက္ ႀကိဳးစားကတ္ရအုံးမည္။ ႏွစ္ေပါင္း (၂၃၈) ႏွစ္ေက်ာ္ ၾကာတိုင္ေအာင္ ဆုံးယွုံး ထားေသာ ရကၡိဳင့္အခ်ဳပ္အခ်ာအာဏာကို စစ္ၿမီျပင္တြင္ အနိုင္ယူ၍သာ ျပန္လည္ရယူနိုင္လိမ့္မည္ဟု မိမိရို႔လုံးဝ ယုံၾကည္သည္။ အခ်ဳပ္အခ်ာအာဏာလြန္ဆြဲပြဲသည္ လာမည့္ကာလ၌ အႀကိတ္အနယ္နန႔္ အားၿပိဳင္ရမည့္ပုံေပါက္ နီသည္။ ထို႔ေၾကာင့္ ရကၡိဳင့္အခ်ဳပ္အခ်ာအာဏာ ျပန္လည္ရယူရီးတိုက္ပြဲမ်ား၌ ရကၡိဳင္သားတိုင္း တတပ္တအား ပါဝင္ကတ္ရန္ လိုအပ္ပါသည္။

ဆက္ရန္.....

https://www.drnyotwanawng.com/post/3b953e92-a63f-4731-b652-f7d786d86c94
Forwarded from Drnyo
Forwarded from Drnyo
Forwarded from Drnyo
Forwarded from Drnyo
👍1
Forwarded from Drnyo
Forwarded from Drnyo
Forwarded from Drnyo
1
Forwarded from Drnyo
👍1
Forwarded from Drnyo
1
Channel photo updated
Channel photo updated
Channel name was changed to «Maung Than Soe»