စဉ်းစားတတ်အောင် သင်ယူပါ
ခတ်ထားတဲ့ ဘောင်တွေရဲ့ အပြင်ကနေ တွေးခေါ်တတ်ဖို့ဆိုရင်
ကိုယ်မတွေ့ဖူးသေးတဲ့ ပြဿနာအသစ်တွေကို စိန်ခေါ်နိုင်ရမယ်
ဒီအတွက်တော့ ငယ်ငယ်က မေ့ကို သင်္ချာသင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ပါတယ်။
ဒီနေ့ခေတ်မှာတွေ့ရတာက ပညာသင်ကြားတဲ့အခါ ဒီမေးခွန်းလာရင် ဒီလိုဖြေ၊ နောက်မေးခွန်းလာရင် ဒီလိုဖြေ…
စသဖြင့် အမှတ်ကောင်းရဖို့အတွက် ရှိသမျှထူးဆန်းတဲ့ မေးခွန်းပုံစံတွေပြပြီး များများလေ့ကျင့်ခိုင်းတာ တွေ့ရတယ်။
ကလေးတွေအနေနဲ့လဲ ပြဿနာတွေကို ဖြေရှင်းနိုင်ပေမယ့် ဒီလိုသင်ကြားနည်းစနစ်က ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ရိုက်ချိုးနေတာနဲ့ အတူတူပဲ
အမှန်က ကျောင်းတွေက ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမှာလဲဆိုတာကို သင်ရမယ့်အစား
ဒီလို ပြဿနာတွေ့တဲ့အခါ ဘယ်လိုစဉ်းစားရမလဲ၊ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို လမ်းညွှန်ပေးသင့်တယ်
မေးခွန်းသစ် နဲ့ အဖြေသစ်ကို ရင်းနှီးအောင်သင်မယ့်အစား
ထူးဆန်းတဲ့ ပြဿနာတွေကို ကိုယ်တိုင် ဘယ်လိုတွေဖြေရှင်းလို့ရမလဲဆိုတဲ့ နည်းကိုပြပေးဖို့လိုတယ်
ပညာသင်ကြားပေးတဲ့ ရည်ရွယ်ချက်ကလဲ
ကလေးရဲ့ အတန်းအလိုက် ဖြေရှင်းရမယ့် ပြဿနာတွေအတွက် အတန်းတွေရှိတယ်၊ ဒီပြဿနာတွေအတွက် ဒီအတန်းတက်၊ နောက်ပြဿနာတွေအတွက် နောက်ထပ် အတန်းဆက်တက်ဆိုတာထက်
ဒါတွေကို ဒီလိုစဉ်းစားရတယ်၊ နောက်ထပ်ဟာတွေကို ဘယ်လိုဆင့်ကဲစဉ်းစားရတယ်ဆိုတာကို သင်ပေးပြီး မြန်နိုင်သမျှ မြန်မြန် သင်တန်းမလိုပဲ ကိုယ့်ဘာသာဖြေရှင်းနိုင်အောင်ကူညီပေးဖို့ ဖြစ်ပါတယ်
@medic_mayvia 𝐌𝐚𝐲

ဒီနေ့လို အခွင့်အလမ်းတွေပေါပြီး လူတိုင်းကြမ်းနေကြတဲ့ AI ခေတ်မှာ
အအောင်မြင်ဆုံးဖြစ်မယ့်သူက
လူတွေရဲ့ ဘဝတွေကို တန်ဖိုးတွေတက်လာအောင် တကယ်ကူညီပေးနိုင်မယ့်သူပဲ ဖြစ်လိမ့်မယ်
@medic_mayvia 𝐌𝐚𝐲
အအောင်မြင်ဆုံးဖြစ်မယ့်သူက
လူတွေရဲ့ ဘဝတွေကို တန်ဖိုးတွေတက်လာအောင် တကယ်ကူညီပေးနိုင်မယ့်သူပဲ ဖြစ်လိမ့်မယ်
@medic_mayvia 𝐌𝐚𝐲
❤1
Shallow learning ဆိုတာက
ခေါင်းထဲ များများထည့်ပြီး ဘာမှ ပြန်မသုံးဘဲနေတာ။
စာတစ်အုပ်ဖတ်ပြီး ဒီစာအုပ်ကောင်းတယ်၊ ဖတ်သင့်တယ်ကလွဲပြီး ဒီစာအုပ်ကနေ ဘာတွေရလိုက်တယ်၊ ဘာတွေ ပြန်အသုံးချလိုက်တယ်ဆိုတာတွေကို မပြောပြနိုင်ရင် ဒါက Intellectual Entertainment သက်သက်ပဲ။
တစ်ခုခုကို တကယ်တတ်မြောက်ချင်တယ်ဆိုရင်တော့ ခေါင်းထဲထည့်သလောက်
အကုန်ပြန်သုံးတဲ့ Deep Learning လုပ်ဖို့လိုပါတယ်။
သုံးရင် သုံး
မသုံးရင် ဆုံးမယ်

စပရိန်ကို ဖိလေလေ
ပိုခုန်လေလေပဲ
ကိုယ့်စိတ်ကို ဖိနှိပ်လေလေ
ပိုဆိုးလေလေပဲ
ကိုယ့်စိတ်ကို နိုင်ချင်ရင်
ဘယ်လိုဖြစ်နေလဲ စောင့်ကြည့်ပါ
ဒီလိုစောင့်ကြည့်ဖို့ တရားထိုင်ဖို့လိုတယ်
-----------------------------------------------------------------------------
May တခြား Social media Platform တွေမှာ
ဆက်လုပ်မယ့် Activities တွေကို သိချင်ရင် 👇
https://ift.tt/q52iv1C 𝐌𝐚𝐲

မှတ်ဉာဏ်ကောင်းချင်ရင် LAR - လာ ဖို့လိုတယ်
LAR ဆိုတာက
L - Learn
သင်ထားတာတွေကို ဘယ်လောက်မှတ်မိလဲ၊ ဘယ်လောက်ကြာကြာမှတ်မိလဲဆိုတာက
ကိုယ့်ခေါင်းထဲ ထည့်တုန်းက အသိပညာရဲ့ အရည်အသွေးအပေါ် မူတည်ပါတယ်
ဒါကြောင့် တစ်ခုခုကို သင်ယူရင် ဘယ်အရင်းအမြစ်က ပညာလဲဆိုတာကို သေချာစုံစမ်းပြီး သေချာသင်ယူပါ
A - Attention
အသစ်တစ်ခုခုကို သင်ယူနေစဉ်မှာ
Phone notification လိုအနှောင့်အယှက်တွေများနေရင်
သင်ကြားနေတဲ့ အရှိန်ပျက်သွားစေလို့
ပြန်မှတ်မိဖို့လုပ်တဲ့အခါ Recall လုပ်တဲ့အခါ ခက်ခဲနိုင်ပါတယ်
R - Reflect
သင်ယူပြီးတဲ့အခါ ခဏရပ်ပြီး
ပြန်စဉ်းစားသုံးသပ်ကြည့်ပါ ( ဒီပညာကို ဘဝမှာ ဘယ်လိုအသုံးချလို့ရမလဲ) စသဖြင့်ပေါ့။
ဒီလိုလုပ်တာက သင်ယူထားသမျှကို အကုန်ကိုယ့်အပိုင်ဖြစ်အောင် လုပ်တဲ့နည်းပါပဲ။
မဟုတ်ရင် အကုန် အငွေ့ပျံသွားလိမ့်မယ်

LAR လာပြီးရင်
SIT ထိုင်
LAR မဖတ်ရသေးရင်
မနက်က Post လေးအရင်ဖတ်နော်
လာပြီးသွားတဲ့သူတွေအတွက်
မှတ်ဉာဏ်ကောင်းဖို့ SIT
S - Share
သင်ယူထားတာတွေကို ပိုမှတ်မိချင်ရင် သူများတွေကို ပြန်မျှဝေပေးပါ
I - Implement
သင်ယူပြီး အသုံးမချတဲ့သူက
တစ်ခုခုသင်ပြီးရင် “ဟာ မိုက်လိုက်တာ၊ ငါတော်တော်ဟုတ်သွားပြီ၊ ကဲနောက်တစ်ခုဆက်သင်မယ်” ဆိုပြီး
တစ်ခုပြီး တစ်ခု ဆက်သင်၊
သင်ပြီးသမျှ တစ်ခုပြီး တစ်ခု ဆက်အငွေ့ပြန်ရင်း လုံးလည်ချာလည်လိုက်တတ်ပါတယ်။
ဒါကို Illusion of competence ( ကိုယ့်ကိုယ်ကို ပြီးပြည့်စုံနေပြီဆိုပြီး ထင်ယောင်ထင်မှားဖြစ်တာ) လို့ခေါ်ပါတယ်။
ဒီလိုမဖြစ်ဖို့ ဘာပဲ သင်ပြီးပြီး Action စယူဖို့လိုပါတယ်။

အိမ်မက်ကြီးကြီးမက်ပါ
ကိုယ့်ဘေးနားက ရှိသမျှပစ္စည်းတိုင်းက
နှစ်ခါ တီထွင်ခြင်းခံရတဲ့ ပစ္စည်းတွေချည်းပါပဲ
ပထမ တစ်ခါက စိတ်ကူးထဲမှာ ဖန်တီးတယ်
ဒုတိယ တစ်ခါက လက်တွေ့လောကမှာ ဖန်တီးတယ်
ကိုယ့်အိမ်မက်တွေလဲ တူတူပါပဲ
ဒါကြောင့် ကိုယ့်ရဲ့ အိမ်မက်တွေက
လက်တွေ့မှာ မရှိသေးတဲ့ ကိုယ့်ပန်းတိုင်တွေကို
စိုက်ထူနိုင်လောက်တဲ့အထိ ကြီးဖို့လိုပါတယ်
May’s other Social Media 👇
https://ift.tt/QMpNHcI 𝐌𝐚𝐲

ဘယ်လို ဆိုတာထက် ဘယ်သူ
ကိုယ့်ရဲ့ ပန်းတိုင်ကို ဘယ်လိုရောက်အောင်သွားမလဲဆိုတာထက်
တစ်ခါတစ်လေမှာ ဘယ်သူက ကိုယ့်အတွက်လုပ်ပေးနိုင်မလဲဆိုတာလဲ စဉ်းစားဖို့လိုတယ်

ကိုယ်သွားနေတဲ့ Process ကို Control လုပ်ဖို့
အရင်အပတ်က ကိုယ်လုပ်ရမယ့် task တွေ ပြီးခဲ့ရဲ့လား
ပြီးခဲ့ရင် နောက်အပတ်ရော ဘာတွေပြီးအောင်လုပ်မှာလဲ
ဆိုတာကို စိစစ်ဖို့လိုတယ်
May’s other Social Media 👇
https://ift.tt/QMpNHcI 𝐌𝐚𝐲
အရင်အပတ်က ကိုယ်လုပ်ရမယ့် task တွေ ပြီးခဲ့ရဲ့လား
ပြီးခဲ့ရင် နောက်အပတ်ရော ဘာတွေပြီးအောင်လုပ်မှာလဲ
ဆိုတာကို စိစစ်ဖို့လိုတယ်
May’s other Social Media 👇
https://ift.tt/QMpNHcI 𝐌𝐚𝐲
❤1
ကိုယ့်တိုးတက်မှုကို တိုင်းတာဖို့
Results (ရလဒ်) သို့ Execution (အကောင်အထည်ဖော်ခြင်း)
နဲ့ တိုင်းတာပါတယ်
Results (ရလဒ်)နဲ့ တိုင်းတာခြင်း
ကိုယ်က ဝိတ်ချနေတယ်
၁ လ ၂ ပေါင်ကျချင်တယ်
လကုန်လို့ တကယ် ၂ပေါင်ကျသွားရင်
ရလာတဲ့ ရလဒ်က ကိုယ့်တိုးတက်မှုကိုပြတာပါပဲ
Execution (အကောင်အထည်ဖော်ခြင်း) နဲ့ တိုင်းတာခြင်း
ကိုယ်က ဝိတ်ချနေတယ်
လကုန်ရင် ပြီးခဲ့တဲ့ တစ်လလုံး လေ့ကျင့်ခန်းလုပ်ခဲ့လားဆိုတာပြန် track လုပ်ကြည့်မယ်
နေ့တိုင်းလုပ်ခဲ့တယ်ဆိုရင် ဒီလုပ်ဆောင်မှုကလဲ တိုးတက်မှုကို ပြနေတာပါပဲ
ဒီနှစ်မျိုးမှာ ကိုယ့်တိုးတက်မှုကို Execution (အကောင်အထည်ဖော်ခြင်း) နဲ့ တိုင်းတာတဲ့သူက Results (ရလဒ်)နဲ့ တိုင်းတာတဲ့သူထက် ပိုပြီး တိုးတက်တာ၊ ထိရောက်တာကို တွေ့ရပါတယ်
ဒါမယ့် နှစ်ခုပေါင်းပြီး တိုးတက်မှုကိုတိုင်းတာမယ်ဆိုရင်လဲ
ပိုပြီးမြန်မြန်တိုးတက်လာမှာ သေချာပါတယ်
May’s other Social Media 👇
https://ift.tt/P4qaeFn 𝐌𝐚𝐲

တစ်ပတ် ၅ ရက်
တစ်ရက် ၈ နာရီ အလုပ်လုပ်ရင်
တစ်ပတ် မှာ အလုပ်လုပ်ချိန် နာရီ ၄၀ ရှိပါတယ်
အဲ့ထဲမှာ လူတော်တော်များများက ပုံမှန် ၁၁ နာရီကို
ဘာမှမလုပ်ပဲ ဖြုန်းပစ်တတ်ကြတယ်
ဒါကြောင့် အလုပ်ဖြစ်ဖို့ဆိုရင်
တစ်ရက်တာကို
ဘယ်အချိန်မှာ ဘာလုပ်မလဲ
ဘာပြီးရင် ဘာလုပ်မလဲ ဆိုတာကို Time blocking လုပ်တတ်ဖို့ လိုပါတယ်

Work-life balance is a lie
ဘဝရဲ့ အစိတ်အပိုင်းတိုင်းကို ညီမျှအောင် လိုက်လုပ်နေရင် ရူးသွားဖို့ပဲရှိတယ်
မေတို့လို အခုမှ ဘဝကို စနေရတဲ့ သူတွေအတွက်ဆို ပိုလို့တောင် စိတ််ရှုပ်စရာကောင်းပါတယ်
ဒါကြောင့် တစ်ခါတစ်လေမှာ Intentionally imbalance ဖြစ်ဖို့ပဲရွေးချယ်ပြီး
ကိုယ်သွားချင်တဲ့ လမ်းကြောင်း တစ်ခု၊ နှစ်ခုကိုပဲ သေချာအာရုံစိုက်ပြီး တခြားအရာတွေကို ခဏမေ့ထားလိုက်ပါတယ်
ကိုယ်လိုချင်တာတွေကို သတ်မှတ်တဲ့အချိန်အတိုင်းအတာမှာ ပြီးသွားပြီဆိုမှ ကိုယ်မေ့ထားခဲ့တဲ့အရာတွေအတွက် သီးသန့် Quality time ပေးပါတယ်
May’s other Social Media 👇
https://ift.tt/Zm8cESF 𝐌𝐚𝐲

👍1
ပန်းတိုင်နည်းနည်းပဲထား
အိမ်မက်ကြီးကြီးမက်
ပန်းတိုင်တွေများပြီး
မဖြစ်စလောက် အိမ်မက်တွေနဲ့ဆို
ပြိုင်းသွားတာပဲ အဖတ်တင်မယ််
May’s other Social Media 👇
https://ift.tt/Zm8cESF 𝐌𝐚𝐲
အိမ်မက်ကြီးကြီးမက်
ပန်းတိုင်တွေများပြီး
မဖြစ်စလောက် အိမ်မက်တွေနဲ့ဆို
ပြိုင်းသွားတာပဲ အဖတ်တင်မယ််
May’s other Social Media 👇
https://ift.tt/Zm8cESF 𝐌𝐚𝐲
❤1👍1
လုပ်နေတာတွေကို သဲထဲရေသွန်မဖြစ်ချင်ရင်
အိပ်တာကအစ အလုပ်လုပ်တာအဆုံး
ပျင်းစရာကောင်းလောက်တဲ့အထိ ပုံမှန်ဖြစ်နေတဲ့
Routine လိုပါတယ်
May’s other Social Media 👇
https://ift.tt/Zm8cESF 𝐌𝐚𝐲
အိပ်တာကအစ အလုပ်လုပ်တာအဆုံး
ပျင်းစရာကောင်းလောက်တဲ့အထိ ပုံမှန်ဖြစ်နေတဲ့
Routine လိုပါတယ်
May’s other Social Media 👇
https://ift.tt/Zm8cESF 𝐌𝐚𝐲
❤1
ကိုယ့် To-do-list ကို
ကိုယ့်အားနည်းချက်တွေပါတဲ့ အလုပ်တွေချည်း
ဖြည့်တာကို ရှောင်ပါ
May’s other Social Media 👇
https://ift.tt/deHI91l 𝐌𝐚𝐲
ကိုယ့်အားနည်းချက်တွေပါတဲ့ အလုပ်တွေချည်း
ဖြည့်တာကို ရှောင်ပါ
May’s other Social Media 👇
https://ift.tt/deHI91l 𝐌𝐚𝐲
မနိုင်ဝန် မထမ်းပါနဲ့
မဟုတ်ရင် ကြာလာရင် ပင်ပန်းပြီး
Burnout ဖြစ်လာတတ််တဲ့အပြင်
ဘယ်အရာမှာမှ ဆရာမဖြစ်ဘဲ
နေရာတိုင်းမှာ သာမညလေးပဲ ဖြစ််တတ််ပါတယ်
May’s other Social Media 👇
https://ift.tt/deHI91l 𝐌𝐚𝐲
မဟုတ်ရင် ကြာလာရင် ပင်ပန်းပြီး
Burnout ဖြစ်လာတတ််တဲ့အပြင်
ဘယ်အရာမှာမှ ဆရာမဖြစ်ဘဲ
နေရာတိုင်းမှာ သာမညလေးပဲ ဖြစ််တတ််ပါတယ်
May’s other Social Media 👇
https://ift.tt/deHI91l 𝐌𝐚𝐲
❤1
ဘာလုပ်လုပ် အကောင်းဆုံးဖြစ်အောင်လုပ်
အောင်မြင်မြင် ရှုံးနိမ့်နိမ့်
ကိုယ့်ကိုယ်ကို အကောင်းဆုံးလုပ်ခဲ့တဲ့အတွက် celebrate လုပ်ပြီး
နောက်ထပ် တစ်ခုအတွက် ပြန်စတင်ပါ
May’s other Social Media 👇
https://ift.tt/OTEMQV0 𝐌𝐚𝐲

အကောင်းဆုံး Productivity tips ကတော့
အိပ်ရေး ဝဝ အိပ်ပါ။
မေကတော့ ကျောင်းမရှိရင် တစ်ရက် ၉ နာရီလောက် အိပ်ဖြစ်တယ်။
မနက် ၅ နာရီမပြောနဲ့ ၈ နာရီတောင် အနိုင်နိုင်ထဲကပါ 🤧
ချွင်းချက် - စာမေးပွဲရက်တွေတော့ တစ်ရက် ၃ နာရီ ကနေ ၅ နာရီ လောက်ပဲ အိပ်ဖြစ်ပါတယ်
May’s other Social Media 👇
https://ift.tt/OTEMQV0 𝐌𝐚𝐲
အိပ်ရေး ဝဝ အိပ်ပါ။
မေကတော့ ကျောင်းမရှိရင် တစ်ရက် ၉ နာရီလောက် အိပ်ဖြစ်တယ်။
မနက် ၅ နာရီမပြောနဲ့ ၈ နာရီတောင် အနိုင်နိုင်ထဲကပါ 🤧
ချွင်းချက် - စာမေးပွဲရက်တွေတော့ တစ်ရက် ၃ နာရီ ကနေ ၅ နာရီ လောက်ပဲ အိပ်ဖြစ်ပါတယ်
May’s other Social Media 👇
https://ift.tt/OTEMQV0 𝐌𝐚𝐲
❤2
အာညော်… K-drama fan လေးတွေရှိကြလား
အားကစားလုပ်တဲ့ K-drama ကြည့်ပြီးရင်
နောက်နေ့ Gym ရောက်သွားတာတို့
စာအရမ်းကြိုးစားပြတဲ့ Dr. slump ကြည့်ပြီးရင်
သွေးအန်တဲ့အထိ ကျုံးတော့မယ်တို့
University War ကြည့်ပြီး
SNU တွေဘာတွေကောက်တက်ပလိုက်ချင်တာတို့ ဖြစ်ဖူးကြလား
ဒါတွေက ဘာကိုပြနေတာလဲဆိုရင်
လူတွေရဲ့ Motivation က မသိစိတ်ကနေ လာတယ်ဆိုတာကို ပြောပြနေပါတယ်
ကိုယ်လုပ်နေတဲ့ အရာတွေကို အကောင်းဆုံးဖြစ်အောင် ဆက်လုပ်နေဖို့ဆိုရင်
ကိုယ့်အတွက် အရေးပါတဲ့ Subconscious Motivators တွေကို သိနားလည်ပြီး
ကိုယ်ကြည့်တဲ့ သတင်း၊ မီဒီယာ နဲ့ ကြော်ငြာတွေကို အသိစိတ်ရှိရှိ ရွေးချယ်ဖို့လိုပါတယ်