Positive vibes
27 subscribers
6 photos
1 video
ရည်မှန်းချက်နဲ့ရှင်သန်ပါ🍀🌻
Download Telegram
Channel created
Channel photo updated
ချစ်ခြင်းမေတ္တာဟာ
မင်းထင်သလို လွယ်ကူနေခဲ့ရင်
ငါဆိုတဲ့ကောင်က မင်းကို
အပင်ပန်းခံပြီး မေ့ပစ်စရာမှမလိုပဲ ...။

#Crd 'Pheno'
1
Channel name was changed to «Positive vibes»
လူတိုင်းသဘောကျအောင်သာ Yes လုပ်နေရရင် မင်းလိုချင်တဲ့ ပန်းတိုင်ဟာ ဝေဝါးနေမှာပဲ ....🌻

I.M.T မိုးရှင်း
2
This media is not supported in your browser
VIEW IN TELEGRAM
နွေရာသီရဲ့မနက်ခင်းလေးမှာ တိတ်ဆိတ်သာယာတဲ့အခန်းလေးထဲ စာအုပ်တွေအပြည့်နဲ့......🍂🍁

ပြင်ဦးလွင်မှစာဖတ်မိတ်ဆွေများ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော် .....🌻

ကန်တော်လေး ,Maymyo social 2nd floor, MMS book 📚

# မြေပြန့်သူအဖြစ်မှတောင်ပေါ်သူဘဝသို့🥰💗
3🍓1
အကောင်းဆုံး စိတ်ကူးစိတ်သန်းတွေဆိုတာ
စာအုပ်၊စာပေတွေဆီကလည်း ရတတ်တယ် ။

Sam Walton
2🍓1
'' ငါးလွှတ်ရင်တော့ ကုသိုလ်ရတယ်
လက်လွှတ်လိုက်ရင် ဘာရလဲ ..... ''

#crd
1😭1
ဘယ်သူ့ကိုအချစ်ဆုံးလဲလို့မေးရင်
ကိုယ့်ကိုကိုယ်အချစ်ဆုံးပါလို့ ဖြေမှာလား .....?
1
ခုနောက်ပိုင်း ကိစ္စတွေကို
သိပ်ပင်ပင်ပန်းပန်း မတွေးတော့ဘူး။
အဆင်ပြေချင်လဲ ပြေမယ်၊ မပြေချင်လဲ မပြေဘူး။
ကိုယ့်ဆီရောက်လာမဲ့ ကိစ္စဆိုရင်
ရောက်ကို ရောက်လာလိမ့်မယ်၊
ကိုယ်နဲ့ ထိုက်တန်တာဆို
ကိုယ့်ဆီရောက်လာလိမ့်မယ်။
အဆင်မပြေမဲ့ကိစ္စ၊
ကိုယ်နဲ့မထိုက်တန်တဲ့အရာတွေက
ကိုယ်ဘယ်လောက်ကြိုးစားအားထုတ်ပါစေ
ဖြစ်လာမှာ မဟုတ်ဘူး၊ အဲလိုပဲတွေးတော့တယ်။
အချစ်ရေးရော စီးပွါးရေးရော လူမှုရေးတွေရော
အကုန်ပဲ။
ကိုယ်နဲ့ထိုက်တဲ့ ပိုက်ဆံက ကိုယ့်ဆီဝင်တယ်၊
ကိုယ်နဲ့ပဌာန်းဆက်ပါတဲ့လူနဲ့ ဖူးစာဆုံတယ်၊
ကိုယ်နဲ့တွဲလို့ရတဲ့ မိတ်ဆွေစစ်နဲ့ ဆုံခွင့်ရတယ်။
ဒါတွေက လုပ်ယူလို့မရ ဖန်တီးလို့လဲမရဘူး။
အတင်းလုပ်ယူလဲ လုပ်ယူထားတာကြီးမို့
အံဝင်ခွင်ကျ ဖြစ်နေမှာ မဟုတ်ဘူး၊
ပြီးရင်လဲ ဝေးသွားကြမှာပဲ။
ဒါကြောင့် စိတ်ကိုလျှော့ပြီး နေလိုက်ရင်
တချို့ကိစ္စတွေက သူ့အလိုလို
ပြေလည်သွားမှာတွေရှိတယ်၊
အချိန်တစ်ခုတော့ ပေးရမှာပေါ့။

#စာတို #positive vibes
3🍓1
"မလိုအပ်ဘဲ တွေးမပူပါနဲ့...
အရာရာဟာ သူ့အချိန်နဲ့သူ ဖြစ်လာမှာပါ ။တခါတလေကိုယ်စိုးရိမ်ပူပန်နေတဲ့ အရာတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ တကယ်တမ်း ဖြစ်မလာတတ်ပါဘူး။ ကိုယ့်ရဲ့အတွေးတွေနဲ့တင် ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင် လုပ်နေမိတာပါ။ဒါကြောင့်မရောက်သေးတဲ့ မနက်ဖြန်အတွက် ကြိုမပူပါနဲ့။မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ မရောက်သေးတဲ့ ကိစ္စတွေအတွက် ကြိုပြီး ပူလောင်နေတာဟာ ဒီနေ့ရဲ့ ပျော်ရွှင်မှုတွေကို လုယူနေတာနဲ့ အတူတူပါပဲ။ကိုယ့်ထိန်းချုပ်လို့မရတဲ့အပြင်ဘက်က အရာတွေကို လွှတ်ချလိုက်ပါ။ရာသီဥတုကို ပြင်လို့မရသလို၊ တခြားသူတွေရဲ့ စိတ်နဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကိုလည်း ထိန်းချုပ်လို့ မရပါဘူး။ ကိုယ်ဘာမှ လုပ်လို့မရတဲ့ ကိစ္စအတွက် တွေးပူနေတာဟာ အပိုပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။ဒီနေ့ကိုပဲ အာရုံစိုက်ပါ။
အခုလက်ရှိ အသက်ရှူနေတဲ့ အချိန်လေးမှာပဲ အကောင်းဆုံး နေထိုင်ပါ။ ကိုယ့်ရှေ့မှာ ရှိနေတဲ့ အလုပ်၊ ကိုယ့်ဘေးမှာ ရှိနေတဲ့သူတွေကိုပဲ ဂရုစိုက်ပါ။ ခြေတစ်လှမ်းချင်းစီကို မှန်အောင်လှမ်းရင် ခရီးက သူ့အလိုလို ပန်းတိုင်ရောက်သွားမှာပါ။"တွေးပူခြင်းက မနက်ဖြန်ရဲ့ ဒုက္ခတွေကို လျော့ပါးမသွားစေပါဘူး၊ ဒီနေ့ရဲ့ ခွန်အားတွေကိုပဲ ကုန်ခမ်းစေတာပါ။"

#crd
4
"ကိုယ့်စိတ်ကို မလောင်စေချင်ရင်... မသိချင်
ယောင်ဆောင်တတ်ဖို့ သင်ယူပါ"
အသက်ရှင်ရတဲ့နေ့ရက်တွေမှာ အရာရာကို "စုံထောက်" လုပ်နေဖို့ မလိုပါဘူး။ တကယ်တော့ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ "သူ ဘယ်လောက်အထိ လွှတ်ချနိုင်သလဲ" ဆိုတာပေါ်မှာပဲ မူတည်နေတာပါ။
ဘယ်သူက ကိုယ့်ကွယ်ရာမှာ ဘာပြောသလဲ၊ ဘယ်သူက ကိုယ့်ကို ဟန်ဆောင်နေသလဲ... ဒါတွေကို သိအောင်လုပ်တာဟာ ကိုယ့်နှလုံးသားထဲကို အဆိပ်ရည်တွေ ကိုယ်တိုင်လောင်းထည့်နေသလိုပါပဲ။
တချို့အမှန်တရားတွေက ကိုယ့်ကို မတိုးတက်စေတဲ့အပြင် စိတ်ဓာတ်ပဲ ကျစေတာပါ။ အဲဒီလိုအရာတွေကို သိနေရင်တောင် "မသိချင်ယောင်ဆောင်" ပြီး အေးအေးဆေးဆေး ဖြတ်သန်းလိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ကာကွယ်လိုက်တာပါပဲ။
မသိလို့ ပြုံးနေတာ မဟုတ်ပါဘူး၊ အကုန်သိနေပေမယ့် ကိုယ့်ရဲ့ အေးချမ်းမှုကို အပျက်စီးမခံချင်လို့ မသိချင်ယောင်ဆောင်ပြီး ပြုံးနေတာပါ။ အဲဒီအပြုံးကမှ တကယ့်ကို အနှစ်သာရရှိတာပါ။
"လူတွေက သင်မသိဘူးလို့ ထင်ပြီး လှည့်စားနေတာကို သင်က အေးအေးဆေးဆေး ပြုံးကြည့်နေနိုင်တဲ့နေ့ဟာ... သင် စိတ်ပိုင်းဆိုင်ရာအရ အဆင့်အတန်းတစ်ခုကို ရောက်သွားတဲ့နေ့ပါပဲ။"

#crd
5
ချစ်ခြင်းမေတ္တာသည်
ကြမ်းတမ်းသော ကမ္ဘာကြီးထဲက
အနူးညံ့ဆုံး အမွန်မြတ်ဆုံး
လက်ဆောင်ဖြစ်သည်။
သူ့အကျိုးကိုမဖျက်ဆီးတတ်သော
ချစ်ခြင်းမေတ္တာသည်
အကျင့်တရားပြည့်စုံရာလည်း ဖြစ်လေသည်။

တကယ်ချစ်လို့ရူးခဲ့သည် ( ပုညခင် )
YLay🍷
4🍓1
စစ်နဲ့ အချစ်မှာ ဘာလုပ်လုပ်
တရားတယ်ဆိုတဲ့ စကားကို
ကိုယ်အရင်က သရော်လှောင်ပြောင်
မိခဲ့ဖူးတယ်။

အခုမှ ဒီစကားရဲ့ သစ္စာကို မြင်မိတယ် ။

စစ် မှာ ကိုယ်က မသတ်ရင် သူက
ကိုယ့်ကို သတ်မယ် ၊ အချစ်မှာ
ကိုယ်က မပိုင်နိုင်ရင် သူက ပိုင်သွားလိမ့်မယ် ။

#တက္ကသိုလ်ဘုန်းနိုင် #ချစ်သောဤကမ္ဘာ
3🍓1