Max Channel
315K subscribers
452 photos
184 links
Download Telegram
Top Secret Pursuit (2021)
------------------

IMDB (6/10)

လျန်ကျားဒေသက မူးယစ်ကုန်သွယ်ရေးဂိုဏ်းတစ်ခုဟာ
ရဲတွေအချိန်ကြာကြီး စုံစမ်း‌နေပေမဲ့ လက်ပူးလက်ကြပ်မဖမ်းနိုင်တဲ့
"ချန်ကျားဟောက်"ဦးဆောင်တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

ချန်ကျားဟောက်ဟာလည်း "ကိုယ့်ဒူးကိုယ်တောင်
မယုံတဲ့လူမျိုးဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်ရာ
ဂိုထောင်စက်ရုံကြီးကို လျှို့ဝှက်စွာဖုံးကွယ်ထားပါတော့တယ်။

အမြစ်ကိုမရှင်းနိုင်တဲ့သစ်ပင်တစ်ပင်ဟာ ဘယ်တော့မှမသေဆုံးနိုင်သလိုပဲ
ပြဿနာရဲ့ဇစ်မြစ်ဖြစ်တဲ့ထိုစက်ရုံကြီးကိုပါ ရှာဖွေနိုင်ဖို့ ရဲတွေဟာကြိုးပမ်းပါတော့တယ်

ဒီလိုနဲ့ ချန်ကျားဟောက်အဖွဲ့ထဲက "ချောင်ရန့်ဖန်"ဆိုသူဟာ
ရဲတွေထောက်လှမ်းဖို့လွန်ခဲ့တဲ့၄နှစ်တည်းက ထည့်ထားတဲ့သူလျှိုဖြစ်နေတဲ့အခါမှာတော့...
ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ

#credit
Horizon Line (2021)

IMDb Rating – 4.9/10

မနေ့ကပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ အက်ရှင် Thriller ဇာတ်ကားပါ။

ဇာတ်လမ်းအရတော့ ဆာရာက လန်ဒန်သူ နှုတ်ဆက်ခွဲခွာရခြင်းတွေကိုမုန်းလို့ တစ်ခုခုဆိုရင်

နှုတ်မဆက်ပဲ ရုတ်ချည်းထွက်ထွက်သွားတတ်တဲ့သူပေါ့။ ဂျက်ဆင်ကတော့ လူဖြူဖြစ်ပေမယ့်

လန်ဒန်လိုမြို့ကြီးပြကြီးတွေရဲ့ မွန်းကြပ်မှုတွေကိုမခံနိုင်လို့ မော်ရီတေးနီးယားဆိုတဲ့ အာဖရိက

ကျွန်းလေးမှာ Diving School ဖွင့်ပြီး အခြေချနေတဲ့သူပေါ့။ သူတို့နှစ်ဦးချစ်သူတွေဖြစ်ခဲ့ကြပေမယ့်

ဘဝတိုးတက်ရေးကိုဦးစားပေးတဲ့ဆာရာက ဂျက်ဆင်ကိုထားခဲ့ဖူးပါတယ်…

မိတ်ဆွေတစ်ယောက်ရဲ့မင်္ဂလာပွဲအတွက် ဆာရာက အဲဒီကျွန်းလေးကိုပြန်ရောက်လာပြီး ဂျက်ဆင်နဲ့

အတူ လေယာဉ်တစ်စီးတည်းစီးဖို့ရာအကြောင်းဖန်လာပါတယ်။

#Credit...
Narco Sub (2021)
------------------------

ကာတယ်လ်ဆိုတဲ့အဖွဲ့အစည်းတစ်ခုဟာ မကောင်းတဲ့လုပ်ရက်ပေါင်းစုံလုပ်တဲ့အဖွဲ့အစည်းတစ်ခုပါ။ အဲ့အဖွဲ့အစည်းအကြောင်းကိုပြောပြတဲ့ပုံစံနဲ့ ဒီဇာတ်လမ်းကိုစတင်ထားခဲ့ပါတယ်။ ဆယ်ကျော်သက် ကလေးမလေးတွေကိုပြန်ပေးဆွဲပြီး လိင်ကျွန်လုပ်ခိုင်းသလို ချမ်းသာသည့်မိသားစုကဆိုလျှင် မိဘတွေဆီကနေပြန်ရွေးငွေတွေခြိမ်းခြောက်ပြီးတောင်းခံလေ့ရှိတယ်။ မူးယစ်ဆေးကိုလည်းကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ပြီး စကားနဲ့တင်မဖော်ပြနိုင်လောက်အောင် ဆိုးရွားတဲ့လုပ်ဆောင်ချက်တွေလုပ်ဆောင်လေ့ရှိပါတယ်။ ဒီအဖွဲ့ကိုဖြိုခွဲမယ့် အေးဂျင့်ဟာ မဖြိုခွဲနိုင်သေးခင်မှာပင် မိသားစုနဲ့အတူပြန်ပေးဆွဲခံလိုက်ရပြီး သူကိုယ်တိုင်မူးယစ်ဆေးတွေသွားပို့ဖို့ ဖြစ်လာပါတော့တယ်။ မိသားစုကိုဒီယုတ်မာလွန်းတဲ့အဖွဲ့ဆီကနေဘယ်လိုပြန်ကယ်တင်မလဲ။ ဒီအဖွဲ့ကိုဖြိုခွင်းဖို့ဆိုတာက သူ့အတွက်ဖြစ်နိုင်ပါ့မလား။ အက်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့သလို တကယ့်ကိုသဘောကျစရာဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်။

#Credit
Morbius (2022)

မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။

မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီး

ဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။


ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲ

သိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုး

ဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့

ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကို

ပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။

ကြည့်ကြည့်လိုက်ကြပါဦး။

#Credit
Lunana: A Yak in the Classroom (2019)

ဇာတ်ကောင်က ကျွန်တော်တို့တွေလိုပဲ သာမန်လူငယ်တစ်ယောက်ပါပဲ၊ သူက ဩဇီဗီဇာလျှောက်ပြီး ဩဇီမှာ အဆိုတော်ဖြစ်အောင်လုပ်ချင်နေတဲ့သူပေါ့၊ သူ့မှာ ဖြစ်ချင်တဲ့ အိပ်မက်က သက်သက်ရှိပေမယ့် မလွဲရှောင်သာ တခြားအလုပ်ခဏလုပ်နေရတယ်၊ သူက ကျောင်းဆရာပေမယ့် စာကို သေချာမသင်လို့ ခေါ်ကြိမ်းခံရတဲ့ သူမျိုးပါပဲ

စာချုပ်အရ တစ်နှစ်ပဲကျန်တော့တဲ့ သူ့ကို ဘူတန်ရဲ့ အခေါင်ဆုံးကမ္ဘာ့အခေါင်ဆုံးနေရာမှာရှိတဲ့ လူနားနားဆိုတဲ့အရပ်က ကျောင်းကို ပို့လိုက်တယ်

မသွားချင်ပေမယ့် ဆောင်းဆို အရမ်းအေးတာကြောင့် ကျောင်းပိတ်ရတဲ့နေရာဖြစ်တဲ့အတွက် ခဏပဲကြာမှာဆိုပြီး သွားလိုက်တယ်၊ ပြန်လာရင် ဩဇီသွားလို့ရပြီ‌ပေါ့

သူက ဒီနေ့ခေတ်သာမန်လူငယ်ပဲဆိုတော့ လူနားနားလိုနေရာမှာ သူ့အတွက် တော်တော်အသားမကျဘူး၊ ရောက်ရောက်ချင်းပြန်ဖို့လုပ်ပေမယ့် စာအရမ်းသင်ချင်နေတဲ့ ကလေးတွေကြောင့်ရော ဆရာဆိုတာ အနာဂတ်ကို ပုံသွင်းပေးတဲ့သူဆိုပြီး သူ့ကိုလေးစားကြတဲ့ ရွာသူရွာသားတွေကြောင့်ရော သူနေဖြစ်ခဲ့တယ်

#Credit
စတေးခြင်းရဲ့စစ်မြေပြင်
Pursue And Attack(追击)2023 ရုပ်ရှင်


ကဲ သိုင်းကားတစ်လှည့် ဟာသကားတစ်လှည့် တင်ဆက်ပေးနေတာ အခု စစ်ကားအလှည့်ကျရောက်လာပါပြီ

ယွီရှောက်နန်က အမျိူးသမီးတပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သက်စွန့်ဆံဖျားတာ၀န်တွေကို သူမရဲ့အင်အားတောင့်တဲ့ တပ်ဖွဲ့ကို ဦးဆောင်ပြီး ထမ်းရွက်နေခဲ့တယ်

တနေ့မှာ အထက်အမိန့်အရ လျှိုလင်ဆိုတဲ့အမျိုးသမီးကို သူ့တိုင်းပြည်ဆီ ကာကွယ်ပို့ဆောင်ပေးရဖို့ ဖြစ်လာတဲ့အခါမှာ လမ်းမှာ အကြောင်းအရင်းမသိတိုက်ခိုက်မှုတွေနဲ့ကြုံရပါတော့တယ်

ယွီရှောက်နန်နဲ့သူ့တပ်ဖွဲ့ဟာ အမိန့်တာ၀န်ကိုပြီးမြောက်အောင် ထမ်းရွက်နိုင်ပါ့မလား လျှိုလင်ဆိုသူကို ကာကွယ်ပို့ဆောင်ပေးရတဲ့အကြောင်းအရင်းကရော ဘာဖြစ်မလဲ သူတို့ရဲ့သွေးရဲရဲနီ ပေးဆပ်ခြင်း စတေးခြင်းစစ်မြေပြင်ကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်

#Credit
The Wrath of Vajra (2013)

ဒီတစ်ခါတော့ martial arts ကောင်းကောင်း ခံစားချင်တဲ့ ပရိတ်သတ်ကြီးအတွက်
သိုင်းကွက်လန်းလန်းတွေနဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်…

ဇာတ်လမ်းက… ဂျပန်တွေရဲ့ မရဏနယ်မြေ ဆိုတဲ့ဂိုဏ်းက စစ်ရှုံးတဲ့နိုင်ငံက ဆင်းရဲတဲ့ကလေးတွေကို ဖမ်းဆီးပြီး လုပ်ကြံသတ်ဖြတ်သူတွေအဖြစ်လေ့ကျင့်ပေးတဲ့ နေရာတစ်ခုပေါ့၊
ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်တပ်နဲ့ သဘောထားမတိုက်ဆိုင်လို့ ဂိုဏ်းကိုဖျက်သိမ်းလိုက်ရတယ်၊
နောက်ပိုင်းမှာတော့ ဂျပန်တော်ဝင်မင်းသားရဲ့အမိန်နဲ့ ဂိုဏ်းကိုပြန်တည်ထောင်ခွင့်ရသွားတဲ့အခါ
ရှောင်လင်ကျောင်းက ကလေးတွေကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပါတော့တယ်။
ရှောင်လင်ဂိုဏ်းက ဟူကျစ်ဆိုတဲ့သူက ကလေးတွေကိုလိုက်ပြီး ကယ်ဆယ်တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။
သူက မရဏနယ်မြေရဲ့ ဂိုဏ်းသားတစ်ဦးလည်း ဖြစ်ခဲ့ဖူးတယ်ဆိုတော့
ဘယ်လိုစိတ်ဝင်စားဖို့ကောင်းမလဲ ကြည့်လိုက်ကြပါဦး


#Credit
Battlefield Heroes (2011)

[ Comedy / Drama ]

ဒီထဲမှာ ကိုရီးယားက တကယ့်မင်းသားကြီးဖြစ်တဲ့ Jin-young Jung ၊ (Kingdom)အပြင် နာမည်ကြီးဇာတ်ကားတော်တော်များများမှာပါတဲ့ Seung-ryong Ryu ၊ Je-mun Yun တို့အပြင်အာရှမင်းသားဆိုပြီး နာမည်ကြီး မိန်းကလေးတွေအရမ်းကြိုက်ပြီး Running Man မှာလည်းပါတဲ့ သစ်ကုလားအုတ် အီဂွမ်ဆူ ( Lee Kwang-Soo ) ကလည်း အခွီဇာတ်ရုပ်နဲ့ ပါဝင်ထားပါသေးတယ် ။

ဇာတ်လမ်းကတော့ …လူအင်အားနည်းနေတဲ့ ထန်မင်းဆက်က ဂိုဂူလျောကိုတိုက်ခိုက်ဖို့အတွက် ရှီလာတွေဆီကနေ စစ်ကူတောင်းပါတော့တယ်ရှီလာတွေကလည်းဘတ်ဂျယ်နဲ့မြစ်တောင်ပိုင်းပေးရင် စစ်ကူလွှတ်မယ်လို့ကတိတောင်းခဲ့တာပေါ့ဒီလိုနဲ့ စစ်ပွဲအတွက် ပေါ်တာဆွဲတဲ့ထဲမှာ ဘတ်ဂျယ်ကမူဂွန်ဆိုတဲ့တစ်ယောက်လည်းပါသွားပါတယ်

သူက စစ်မတိုက်ချင်တဲ့သူပါ ( သူရဲ့စစ်ပွဲတွင်းမသေအောင်နေနည်းတွေက အံ့မခမ်းပါပဲ )မွန်ဒီ ( Lee Kwang-Soo ) ဆိုတဲ့တစ်ယောက်ကတော့ စစ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်လိုက်လာခဲ့တဲ့သူပါစစ်တိုက်ချင်တဲ့သူ မတိုက်ချင်လို့ကန့်လန့်လိုက်လုပ်တဲ့သူ သူတို့နှစ်ယောက်ရဲ့ဟာသအလွဲတွေနဲ့ ဟိုးအရင်ခေတ် စစ်ပွဲပရိယာယ်တွေကို တွေ့ရမှာမို့ လက်မလွှတ်တမ်းကြည့်ရှု့လိုက်ပါဦး

#Credit


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Shershaah [2021] မြန်မာစာတမ်းထိုး
==============

    Action, Biography, Drama
        IMDb 9.3/10
ဒီတစ်ခေါက်ကားလေးကတော့ ဖြစ်ရပ်မှန်စစ်ကားလေး...

အထူးသဖြင့် ဗိုလ်ကြီးဗစ်ကရန်းဗက်သရားရဲ့အတ္ထုပ္ပတ္တိကို မှီးငြမ်းပြီး
ရိုက်ကူးထားတယ်..

စစ်ပွဲအနိဌာရုံတွေနဲ့ တိုက်ရေးခိုက်ရေးကြိုက်တဲ့သူတွေ တော်တော်
သဘောတွေ့စေမယ့် ကားတစ်ကား..

ဒီကားထဲမှာ ဗိုလ်ကြီးရဲ့ မိုက်ရူးရဲဆန်မှုတွေ တိုက်ရေးခိုက်ရေးနဲ့
အကြောက်တရားမရှိဘဲ ရန်သူတွေ ဖြိုခွင်းပုံတွေကို
ကောင်းကောင်းကြီး တွေ့ရမယ်...

ကဲ..ကျန်တာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ပြီးရှုစား...

#Credit


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
End of Loyalty (2023)

ဂိုဏ်းရာဇာတစ်ဦးဖြစ်တဲ့ ကာမိုင်းနဲ့သားဖြစ်သူတ်ို့ဟာ လုပ်ငန်းအကျိုးတူပူးပေါင်းသူဖြစ်တဲ့ ရုကာနဲ့ညှိနှိုင်းရန် သွားတွေ့ဆုံရာမှ ဖခင်ဖြစ်သူအသတ်ခံလိုက်ရပါတော့တယ်။

ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ရဲအရာရှိတစ်ယောက်ဖြစ်နေပြီတဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ အဖေဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ၊ ရဲဖြစ်သူ သူငယ်ချင်းကရော ဂိုဏ်းရန်ပွံတွေကြားမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ စသဖြင့်ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

#Credit


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Blood Diamond (2006) မြန်မာစာတန်းထိုး

ကမ္ဘာကျော် တိုင်တန်းနစ် မင်းသား လီယိုနာဒို အဓိကပါဝင်ထားပါတယ်။သယံဇာတပေါများပြီး ပဋိပက္ခ ပေါများတဲ့ အာဖရိကနိုင်ငံတွေမှာသံယံဇာတနှင့် ပြည်တွင်းစစ်ပွဲ ဆက်စပ်ပုံအကြောင်း ဖြစ်ရပ်မှန်ကိုအခြေပြု ပြီး ရိုက်ကူးထားတဲ့ နာမည်ကျော်ဇတ်ကား ဖြစ်ပါတယ်။

Adventure/Drama/Thriller အမျိုးအစားဇာတ်ကားပါ။IDMb Rating မှာ (8.0/10) ထိရထားလို့လက်လွတ်မခံသင့်တဲ့ ဇာတ်ကားဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

#Credit


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Lawless (2012)

Rotten Tomatoes… 67%
ဒီအရေ ဒီအသား ဒီအသွေးနဲ့ပဲ တည်ဆောက်ထားကြတဲ့ အသက်တစ်ချောင်းစီရှိကြတဲ့ လူချင်းအတူတူ ဘယ်သူမဆို သတ်ရင်သေကြတာပါပဲ။ အကြောက်တရား ရှိကြတာပါပဲ။
ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာ ကိုယ့်အကြောက်တရားကို ကိုယ်ထိန်းချုပ်နိုင်တဲ့လူ ၊ ဒဏ်ရာတွေကြား ရှင်သန်ဖို့ အားတင်းနိုင်တဲ့လူ ၊ မသေမျိုးအထင်ခံရတဲ့လူတစ်ယောက် ပါဝင်ထားပါတယ်။
အဲ့ဒီလူနေရာက သရုပ်ဆောင်ထားတာကလည်း Tom Hardy ပါ။

ဒီဇာတ်လမ်းဟာ…
1920 ကနေ 30 အတွင်း အရက်ပုန်းတားမြစ် ဥပဒေကာလမှာ အမေရိကန်ပြည်ထောင်စု Franklin ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အရက်မှောင်ခိုသမားတွေနဲ့ ဥပဒေကြားက ထိပ်တိုက်ယှဉ်ပြိုင်မှူတွေအကြောင်း.. ဖြစ်ရပ်မှန် အခြေခံ ဇာတ်လမ်း ဖြစ်ပါတယ်။
ဒီ ရုပ်ရှင်ရဲ့ ဝတ္တုကို Matt Bondurant ရေးသားပြီး သူ့အဘိုး Jack Bondurant ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါတဲ့။
ဒီဇာတ်လမ်းရဲ့ တစ်ပါးသော ဆွဲဆောင်မှုကတော့ Memento ရဲ့Lead Actor Guy Pearce ပါ။
(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)

#Credit


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
10,000 BC (2008)

ခရစ်တော်မပေါ်ခင် ဘီစီ ၁၀၀၀၀လောက်က ယာဂါလ်လူမျိုးတွေမှာ
ဒဏ္ဍာရီတစ်ခု ပေါ်လာခဲ့ပါတယ်။ အပြာရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့
ဒဏ္ဍာရီပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်တွေရဲ့ဘဝကို
လှံဖြူကိုင်စစ်သည်တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီပေါ့။
တစ်နေ့မှာ ဒဏ္ဍာရီထဲကလို အပြာရောင်မျက်လုံးပိုင်ရှင် မိန်းကလေး
တစ်ဦး တခြားအရပ်ကနေ ယာဂါလ်ဒေသကို ရောက်လာခဲ့ပါတယ်။
သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့်
လှံဖြူကိုင်စစ်သည်တော်ကိုလည်း မန်နက်ခေါ် အမွေးထူဆင်ကြီးကို
သတ်နိုင်သူကိုပဲ ရွေးချယ်မှာပါ။ ဒါကြောင့် အက်ဗိုလက်နဲ့ မေတ္တာမျှ
နေတဲ့ ဒလေးဆိုတဲ့ ယာဂါလ်သားလေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်း
စစ်သည်တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ်။ဒါပေမဲ့ သူတို့၂ဦးရဲ့ ချစ်ခရီးက ကြာကြာမတည်မြဲခဲ့ဘဲ ခြေ၄ချောင်း
နတ်ဆိုးရယ်လို့ ခေါ်တွင်တဲ့လူတွေ ယာဂါလ်တွေဆီ ရောက်လာကြပြီး
အက်ဗိုလက်အပါအဝင် ယာဂါလ်လူမျိုးတွေကို ဖမ်းဆီးသွားတဲ့အခါ
ဒလေးအနေနဲ့ ချစ်ရသူကိုကယ်ဖို့ အင်မတန်ရှည်လျားတဲ့ စွန့်စားခန်း
ခရီးရှည်ကြီးကို စတင်ခဲ့ပါတော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။

#Credit


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗