Shwe Moe
75.1K subscribers
10K photos
1.98K videos
796 links
Shwe Moe— https://www.facebook.com/mashwemoe.2017?mibextid=LQQJ4d


မရွှေမိုး( ကိုရီးယား )— https://www.facebook.com/mashwemoekorea
Download Telegram
ဒါက ဘာကြီးတုန်း

ဂျပုဝတ်စုံကြီးသွားဝတ်မှတော့ အဖမ်းခံရတာနည်းသေး ၊ အဲ့ဝတ်စုံက ဘူကောင်လေ — 🤣

November 9th, 2024
#MaShweMoeKorea
ရန်ကုန်စက်မှုတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် အာဏာရှင်စနစ်ကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၈ရက်နေ့တွင်ကွယ်လွန်သွားခဲ့ပါသည်။အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့သူများကို မတရားဖမ်းဆီးအကျဉ်းချပြီး လုံလောက်သည့် ဆေးကုသမှုများ မပေးဘဲ သေဆုံးသွားစေသည်အထိ ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားပေါ်လွင်စေသည့် နောက်ထပ်ဖြစ်စဉ်တခုလည်း ဖြစ်ပါသည်။

မတရားဖမ်းဆီးအကျဉ်းချခံရပြီး သေဆုံးသည်အထိ နှိပ်စက်ညှင်းပန်းခြင်းခံရသည့် ဦး၀င်းခိုင်၏ ဖြစ်စဉ်ကို မိမိတို့ အနေဖြင့် မေ့ပျောက်ပစ်နိုင်မည် မဟုတ်ဘဲ သတိတရားထားကာ အစဉ်အမြဲအောက်မေ့နေမည်ဖြစ်ပါသည်။ တရားမျှတမှု မရရှိဘဲ ကွယ်လွန်ကျဆုံးသွားရသည့် ဦး၀င်းခိုင်နှင့် အခြားသောနိုင်ငံရေးအကျဉ်းသားများအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်သည့် နေ့ရက်အထိ မိမိတို့ ဆက်လက်ချီတက်သွားကြရမည် ဖြစ်ပါသည်။ ကွယ်လွန်အနိစ္စရောက်သွားသည့် ဦး၀င်းခိုင်၏ ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ နှမြောတသဖြစ်ရပါကြောင်း ကတိသစ္စာကို အပ်နှင်း၍ ရေးသားဖော်ပြအပ်ပါသည်။

YTUSU

November 9th, 2024
#MaShweMoeKorea
အံ့သြဘ
ကိုယ်တွေနိုင်ငံကလူတွေကိုလည်း လိုက်လို့မမှီတော့ဘူး —

November 9th, 2024
#MaShweMoeKorea
This media is not supported in your browser
VIEW IN TELEGRAM
ငါက ကြံ့ခိုင်ရေးကဟာတွေ ဘုံကထိန်လှည့်နေတယ်ထင်နေတာ

လိုက်လို့မမှီတော့ဘူး —

November 9th, 2024
#MaShweMoeKorea
တောင်ကိုရီးယားမှာရှိတဲ့ စောင်သံရုံးလောင်နေပြီ— 🤭

November 9th, 2024.
#MaShweMoeKorea
This media is not supported in your browser
VIEW IN TELEGRAM
သီချင်းနဲ့ ပုံနဲ့က ကွက်တိ
ငါတို့ပြည်၊ ငါတို့မြေကနေ ဝတို့ပြည်၊ဝတို့ပြည်ဖြစ်တော့မယ် —

November 9th, 2024
#MaShweMoeKorea
၅လပိုင်းက စာထုတ်ထားတာ တရုတ်တွေကို မြ၀တီကနေထွက်ခွာပေးရမယ်ဆိုတာလေ ။

အခု တကယ်ထွက်သွားပြီ —
တရုတ်ပြည်ကိုတော့မဟုတ်ဘူး မြ၀တီကနေ ရွေကုက္ကိုလ်ဘက်ကို

သူများတွေလည်တာလောက်ကတော့ စောချစ်သူတို့ ကွမ်းမူးသလောက်ပဲရှိတယ် — 🤣

November 9th, 2024
#MaShweMoeKorea
Media is too big
VIEW IN TELEGRAM
ရော့ ဒီမှာ မယုံရင် ရုပ်သံသတင်းလေးပါ ဆက်နားထောင် —

November 9th, 2024
#MaShweMoeKorea
အဲ့ဒါ ကလေးတွေကို သူ့လုံခြုံရေးအတွက် လူသားဒိုင်းလုပ်တာနော်။

November 9th, 2024.
#MaShweMoeKorea
Media is too big
VIEW IN TELEGRAM
ရှမ်းခေါက်ဆွဲသည်က သိတယ်ဆိုတဲ့နေရာမှာ ထရယ်မိတော့တာပဲ — 🤣

November 9th, 2024
#MaShweMoeKorea
Good Night —

November 9th, 2024
#MaShweMoeKorea
Good Morning —

November 10th, 2024
#MaShweMoeKorea
အမေရိကားမှာ မင်းမော်ကွန်းရဲ့ ဖြတ် ရုပ်ရှင်ကိုပြသတာ အမေရိကန်ဒေါ်လာ ၃သောင်းနီးပါးရရှိခဲ့ပါတယ်တဲ့။

ရရှိလာတဲ့ ငွေကြေးတွေကိုလည်း တော်လှန်ရေးအတွက်လိုအပ်တဲ့နေရာကိုတိုက်ရိုက်လှူဒါန်းသွားမယ်လို့လည်း သိရတယ်။

ပြည်ပေရာက် တော်လှန်ပြည်သူတွေရဲ့အားပေးဝန်းရံမှုကလည်း ဒီတော်လှန်ရေးမှာ တကယ့်ကို အားတက်စေပါတယ်။

November 10th, 2024
#MaShweMoeKorea
This media is not supported in your browser
VIEW IN TELEGRAM
အရင်လို ဂျိုးလေးသီချင်းပဲသုံးကြပါ

ခုကရယ်ရတာတောင် ပျင်းစရာကြီး —


November 10th, 2024
#MaShweMoeKorea
Media is too big
VIEW IN TELEGRAM
တော်ရုံစောင်ရှက်နဲ့တော့ ဒါမျိုးသွားလုပ်ရဲမှာ မဟုတ်ဘူး

စွပုပြန်လာတာကို သွားကြိုကြတာတဲ့ —

November 10th, 2024
#MaShweMoeKorea
This media is not supported in your browser
VIEW IN TELEGRAM
ဘောမလေးတွေ တန်းစီ —

November 10th, 2024
#MaShweMoeKorea
ဒီတော်လှန်ရေးကြီး ဘာကြောင့်နိုင်ဖို့လိုအပ်လဲဆိုရင် အခုမြင်ရတဲ့ပုံတွေကြောင့်ပဲ။

အာဏာရှင်၊ ဘုရင်ရူးဆိုတဲ့ကောင်တွေနဲ့ ခေတ်နောက်ပြန်ဆွဲချင်တဲ့ ငတုံးတွေက အခုလိုပဲ ပြည်သူကထောက်ခံသလို၊ ချစ်သလိုလုပ်ပြတာတွေကို မြင်ချင်တယ်။ ကိုယ့်ကိုယ်ကို ပြန်ပြီး လိမ်ချင်တယ်။

နောက်ပြီး ပြည်သူတွေရဲ့ ဘ၀ကိုလည်း မြင်ရတယ် နေပူကြီးထဲ မတ်တတ်သွားရပ်ပြီး မလာသေးတဲ့လေယာဥ်ကို သွားစောင့်နေရတာ ၊ လူကြီးတင်မက ကလေးတွေပါ ပါတယ်။

ဒီလို ပုံစံကြီးက တချိန်က သန်းရွှေ၊ခင်ညွန့်တို့တုန်းက လုပ်တဲ့အကွက်တွေ။ ဒီလိုပုံစံတွေကို အခုအာဏာသိမ်းပြီးထပ်လုပ်လာတာကို ကြည့်ပြီး သြချမိတယ်။

ဒီစွပုက ရူးတာလည်း မပြောနဲ့လေ အောက်ကမြှောက်ပေးနေတဲ့ ဘောမကျွန်ရူးတွေက အုံနဲ့ကျင်းနဲ့ရှိနေတာကိုး ။

November 10th, 2024
#MaShweMoeKorea
Media is too big
VIEW IN TELEGRAM
ဘောမတွေ တုန်လှုပ်နေပြီ ၊ ပြည်သူကို ဗုံးကြဲသတ်ဖြတ်ခိုင်းဖို့ မြှောက်ပေးတုန်းက မြှောက်ပေးပြီး သူတို့အလှည့်ပြန်လာတော့မှာလည်း သိရော ကြောက်ဒူးတွေ တုန်နေပြီ။

သိပ်လည်းကြောက်မနေနဲ့ နင်တို့ကို အမှည့်ချွေမယ့်အလှည့်က ရောက်လာဦးမှာ မကြာဘူး —

November 10th, 2024
#MaShweMoeKorea
နေ့ချင်းကြောင်တောင်ကြီး လုယက်တာတွေ၊ ခိုးတာတွေ၊ လူသတ်၊ဓါးပြတိုက်မှုတွေအပြင် အကျင့်ပျက်ခြစားတာတွေ၊ မူးယစ်ဆေးကို တရား၀င်လို ဝယ်ယူသုံးစွဲနိုင်တာတွေ၊ လူမိုက်တွေကို အာဏာပေးထားတာတွေ စသည် စသည်ဖြင့် ကျမတို့ရဲ့ ရန်ကုန်မြို့တော်ကြီးရဲ့ အခြေအနေဟာ အခုမြင်တွေ့ရတဲ့အတိုင်းပဲဖြစ်သွားပြီလို့ပြောရမယ်။

နိုင်ငံခြားခရီးသွားတွေအတွက် risk ယူပြီးမှ သွားရလာရမယ့် မြို့တော်အဖြစ်စာရင်းဝင်ထားတာဆိုတော့ စွပုပြောသလို စီးပွားရေးဦးမော့ပြီး ၊ ပေါ်ပြူလာက မြတ်ခိုင်တို့ပြောသလို ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတယ်ဆိုတာ ဖြစ်နိုင်လား စဥ်းစားကြပေတော့။

တိုင်းပြည်ကို ချောက်ထဲ ကျပြီးရင်းကျအောင် လုပ်တဲ့နေရာမှာတော့ စစ်တပ်ကကောင်တွေက အတော်ဆုံးပဲ။

တိုင်းပြည်ကနင်တို့လက်ထဲမှာ ရှိနေသရွေ့ ဘယ်တော့မှ တိုးတက်ကောင်းမွန်လာမှာ မဟုတ်ဘူးဆိုတာ အသေအချာပဲ။

November 10th, 2024
#MaShweMoeKorea