Vivian Learning Center
260 subscribers
263 photos
7 videos
44 links
欢迎来到温雨中文!

大家好!我是温雨。

这个频道专为中文学习者打造。在这里,你可以学习.Welcome to Vivian Learning

Hi everyone! I'm Vivian

This channel is designed for learners. Here you can learn.

温雨中文 · 让中文学习像春雨一样自然
Vivian Chinese · Let learning Chinese be as natural as spring rain
Download Telegram
🪔✨ 大家好!🇲🇲🇨🇳
今天我们一起来学习一下,缅甸的传统节日“点灯节”用中文怎么说吧!🥰🪔✨ အားလုံးပဲ မင်္ဂလာပါ! 大家好! 🇲🇲🇨🇳
ဒီနေ့တော့ မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ကို တရုတ်လို ဘယ်လိုပြောရလဲဆိုတာ အတူတူလေ့လာကြည့်ရအောင်နော်။
🥰Sharing by https://t.me/mandarin2234
❤3
Hidden love မင်းသား Duan Jiaxu ပြောတဲ့ 哥哥好!
Gēge hǎo!😍 Sharing by https://t.me/mandarin2234
❤2🤩1
🤍📚 ဆရာမတစ်ယောက်ရဲ့ ပီတိဆိုတာ…

တကယ်တော့ သမီးလေးကို ချယ်သင်ပေးနေတာက တရုတ်စာ အပြောပိုင်း Speaking Only – One-on-One Class လေးပါပဲ။ ဒါပေမဲ့ သမီးလေးက အပြောပိုင်းတင်မက အရေးပိုင်းကိုပါ သင်ယူချင်တယ်။ ကိုယ်တိုင်လည်း တကယ်ကြိုးစားတယ်၊ သင်ယူချင်စိတ်လည်း အပြည့်ရှိတယ်ဆိုတော့ ချယ်အနေနဲ့ သင်ပေးရတာ ပင်ပန်းတယ်လို့တောင် မခံစားရဘဲ သင်ရကျိုးနပ်လွန်းတဲ့ ကျောင်းသူလေးတစ်ယောက် ဖြစ်နေပါတယ်။ 🥹🤍
❤4🥰1
ဆရာမတစ်ယောက်အနေနဲ့ ကိုယ်သင်ပေးလိုက်တဲ့ သင်ခန်းစာတွေထက် ပိုပြီးတန်ဖိုးရှိတဲ့အရာက ကိုယ့်ကျောင်းသားလေးတွေ တဖြည်းဖြည်း တိုးတက်လာတာကို ကိုယ်တိုင်မြင်တွေ့ရခြင်းပါပဲ။

ကိုယ်သင်ပေးထားတဲ့ စကားလုံးလေးတွေကို ယုံကြည်မှုရှိရှိ ပြောလာတာ၊ ကိုယ်သင်ပေးထားတဲ့ စာလုံးလေးတွေကို သေသေသပ်သပ် ရေးလာတာ၊ အရင်က မသိခဲ့တဲ့အရာလေးတွေကို အခု ကိုယ်တိုင်လုပ်နိုင်လာတာတွေကို မြင်ရတဲ့အခါ ဘယ်လိုပြောပြရမလဲတောင် မသိလောက်အောင် ပျော်ရွှင်ရပါတယ်။ တစ်ခါတလေ အဲဒီပျော်ရွှင်မှုတွေကို ပါးစပ်ကနေ ထုတ်မပြောဖြစ်ပေမယ့် ရင်ထဲမှာတော့ ပီတိတွေနဲ့ ပြည့်နှက်နေရတာပါ။ 🥹✨

ဆရာမတစ်ယောက်ရဲ့ အကြီးမားဆုံးဆုလာဘ်ဆိုတာ ငွေကြေးတစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ်သင်ပေးခဲ့တဲ့ အသိပညာလေးတွေက တစ်စုံတစ်ယောက်ရဲ့ တိုးတက်မှုအတွက် အထောက်အကူဖြစ်လာတာ၊ ကိုယ်စိုက်ပျိုးပေးခဲ့တဲ့ မျိုးစေ့လေးတွေ အညွန့်ပေါက်လာတာကို မြင်တွေ့ရခြင်းပါပဲ။ 🌱🤍

အခုမြင်တွေ့နေရတဲ့ ဒီလက်ရေးလေးတွေဟာ စာရွက်ပေါ်က တရုတ်စာလုံးလေးတွေ သက်သက်မဟုတ်ပါဘူး။ သမီးလေးရဲ့ ကြိုးစားအားထုတ်မှုတွေ၊ သင်ယူချင်စိတ်တွေ၊ တစ်ဆင့်ချင်း တိုးတက်လာမှုတွေရဲ့ သက်သေလေးတွေပါပဲ။

ချယ်နဲ့ သင်ယူလာတာ နှစ်လပဲရှိသေးတဲ့ Speaking Only – One-on-One Class က သမီးငယ်လေးရဲ့ အရေးအသားလေးတွေပါ။ ပုံမှန်အားဖြင့် အပြောပိုင်းကို အဓိကထားသင်ပေးနေပေမယ့် သမီးလေးရဲ့ ကြိုးစားမှုနဲ့ စိတ်အားထက်သန်မှုကို မြင်ရတဲ့အခါ ဆရာမတစ်ယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူမိသလို သင်ပေးရကျိုးလည်း အရမ်းနပ်ပါတယ်။ 🥰

သမီးလေးရေ… ဒီနေ့ထက် မနက်ဖြန်မှာ ပိုတိုးတက်လာပါစေ။ အခုလို သင်ယူချင်စိတ်၊ ကြိုးစားချင်စိတ်လေးကိုလည်း အမြဲထိန်းသိမ်းထားနိုင်ပါစေ။ တစ်နေ့နေ့မှာ သမီးလေးကိုယ်တိုင်ရဲ့ တိုးတက်မှုတွေကို ပြန်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်တဲ့သူတစ်ယောက် ဖြစ်လာပါစေနော်။ 🤍

ကျောင်းသားတစ်ယောက်ရဲ့ ကြိုးစားမှုက ဆရာမတစ်ယောက်ရဲ့ သင်ကြားလိုစိတ်ကို ပိုမိုရှင်သန်စေပါတယ်။ ဆရာမတစ်ယောက်ရဲ့ စေတနာကလည်း ကျောင်းသားတစ်ယောက်ရဲ့ အနာဂတ်လမ်းကြောင်းမှာ အလင်းရောင်လေးတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်ပဲ သင်ကြားရေးကို ချယ်ချစ်မြတ်နိုးရတာပါ။ တိုးတက်လာတဲ့ ကျောင်းသားလေးတွေကို မြင်တွေ့ရတဲ့အခါတိုင်း ရင်ထဲမှာ တိတ်တဆိတ် ပျော်ရွှင်ပြီး ပီတိဖြစ်နေရတာပါ။ 🤍🌷

#VivianLearningCenter #ChineseSpeakingClass #OneOnOneClass #TeacherLife #ProudTeacher
❤2
Media is too big
VIEW IN TELEGRAM
ကျောင်းသူလေးတစ်ယောက်ရဲ့ အိမ်စာလေးတစ်ခုပါပဲ… ဒါပေမဲ့ စာရွက်ပေါ်က စာကြောင်းလေးတစ်ကြောင်းကတော့ ဖတ်မိတဲ့ ရင်ဘတ်တစ်နေရာကို တိတ်တိတ်လေး လာထိသွားတယ်။ 🥀

❤️‍🩹https://t.me/mandarin2234
😢2😁1🤣1😭1
🌙💜 A little announcement from Vivian Learning Center! 💜

မင်္ဂလာညချမ်းလေးပါရှင် ✨

မကြာခင်မှာ ဖွင့်လှစ်တော့မယ့်Free class English Vocabulary Class (A1 Beginner Level) လေးအကြောင်း အမြည်းလေး ပေးချင်ပါတယ်။ 📚📝

English vocabulary ကြွယ်ဝချင်သူတွေ၊ အခြေခံကနေ စနစ်တကျ လေ့လာချင်သူတွေအတွက် အတန်းလေးတစ်ခု ပြင်ဆင်ထားပါတယ်ရှင်။ 🌷

အသေးစိတ်အချက်အလက်လေးတွေကို မကြာခင် ထပ်မံကြေညာပေးသွားမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။ 💌

Your English journey starts with one word at a time. 💜

#VivianLearningCenter #VLC #ComingSoon #EnglishVocabulary
❤7
📚✨ VIVIAN LEARNING CENTER (VLC) ✨📚

💜 FREE ENGLISH VOCABULARY CLASS 💜

English ကို အခြေခံကနေ စတင်လေ့လာချင်သူတွေအတွက် သတင်းကောင်းလေးတစ်ခု လာပါပြီရှင်! 🌷🎉

VLC မှာ English Vocabulary Class (A1 Beginner Level) အတွက် Free Class လေး ဖွင့်လှစ်ပေးလိုက်ပါပြီ။ 💌✨

စကားလုံးအသစ်တွေကို လေ့လာရင်း ကိုယ့်ရဲ့ English vocabulary ကို တိုးတက်စေဖို့နဲ့ နေ့စဉ်ဘဝမှာ အသုံးပြုတတ်ဖို့ အတူတူလေ့လာကြရအောင်နော်။ 📝💗

📖 FREE CLASS DETAILS

🌸 Class: English Vocabulary Class
🌸 Level: A1 – Beginner
🌸 Instructor: Hnin Pwint Phyu
🌸 Class Days: Saturday & Sunday
🌸 Class Time: 7:00 PM
🌸 Start Date: 24 October 2026
🌸 Teaching Style: Video Lessons 🎥

🎁 Why join our Free Class?

✨ English ကို အခြေခံကနေ စတင်လေ့လာနိုင်မယ်။
✨ Vocabulary အသစ်တွေကို လေ့လာနိုင်မယ်။
✨ စကားလုံးတွေကို လက်တွေ့အသုံးပြုတတ်ဖို့ အထောက်အကူဖြစ်စေမယ်။
✨ ကိုယ့်ရဲ့ English Learning Journey ကို ယုံကြည်မှုရှိရှိ စတင်နိုင်မယ်။

🌱 Small steps every day lead to big progress.

အခွင့်အရေးကောင်းလေးကို လက်လွတ်မခံဘဲ VLC နဲ့အတူ English Learning Journey လေးကို စတင်လိုက်ကြရအောင်နော်။ 💜

📩 Free Class အကြောင်း အသေးစိတ်သိရှိလိုပါက Vivian Learning Center (VLC) သို့ @wenyuqing ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

💜 Learn • Grow • Achieve 💜

#VivianLearningCenter #VLC #FreeEnglishClass #EnglishVocabulary #A1Beginner #LearnEnglish@mandarin2234
❤2
❤3🥰1
https://t.me/mandarin2234/425 📚✨ အတန်းလေးက အောက်တိုဘာလ ၂၄ ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာမို့ စိတ်ဝင်စားသူလေးတွေ ကြိုတင်စာရင်းပေးသွင်းထားကြပါဦးနော် 💗🌷

နေရာအကန့်အသတ်ရှိတာမို့ အတန်းမစခင် အမြန်ဆုံးလာရောက်အပ်နှံထားဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။ 🥰

📩 အသေးစိတ်သိရှိလိုပါက Page Messenger @wenyuqing မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။

Vivian Learning Center (VLC) 💜
သင်ယူမှုတိုင်းက အနာဂတ်အတွက် ခြေလှမ်းသစ်တစ်ခုပါ။ ✨
အတန်းလေးစရင်လဲ link 🔗🖇️ချပေးဦးမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦးနော်☘
🔥2🥰1