Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး)
6.65K subscribers
262 photos
30 videos
1 file
9 links
Mdy-PDF ၏ သတင်း နှင့် စစ်ရေးထုတ်ပြန်ချက်များ ကို တင်ပြသွားပါမည်။
Download Telegram
သိမ်းဆည်းရမိသည့် ရန်သူ၏ ဗိုလ်ကြီးကိုင်ဆောင်သော ကလေးကစားစရာ ပလက်စတစ် ကော်စေ့ သေနတ်
တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ၊ မေလ (၈)ရက်

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတပ်များအကြား နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ၂၀၂၄ ခုနှစ် မေလ(၈)ရက်နေ့ ညနေ (၃:၃၀) ခန့်တွင် စစ်ကောင်စီမှ ဓာတုအဆိပ်သင့်ဗုံးများကို တိုက်ပွဲဖြစ်ပွါးရာနေရာသို့ လေကြောင်းမှတစ်ဆင့် ကြဲချတိုက်ခိုက်ခဲ့သည်။
၂။ အဆိုပါ ဓာတုအဆိပ်သင့်ဗုံးများကြောင့် မိမိတို့ တပ်ဖွဲ့ဝင်အချို့ မူးမော်ခြင်းနှင့်အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရပါသည်။
၃။ စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများတွင် အရေးမသာတော့သဖြင့် လေကြောင်းတိုက်ခိုက်မှုများ ၊ လက်နက်ကြီးပစ်ကူများ အလွန်အကျွံ အသုံးပြု၍ စစ်ဆင်ရေးများ လုပ်ဆောင်လာသည်ကို တွေ့မြင်ရပါသည် ။
၄။ စစ်ကောင်စီအနေဖြင့် သရက်ကုန်းစခန်းကို လက်လွှတ်ခဲ့ရပြီးနောက် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ဖြစ်ပွါးခဲ့သော တိုက်ပွဲများတွင် လေကြောင်းတိုက်ခိုက်မှု (၄၃)ကြိမ် အထိ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
၅။ နောင်ချိုမြို့နယ် သရက်ကုန်းစခန်းအား ပြန်လည်ရရှိရန် စစ်ကောင်စီဘက်မှ မြေပြင်အင်အားအလုံးအရင်းနှင့်သာမက လက်နက်ကြီးပစ်ကူများ ၊ လေကြောင်းပစ်ကူများဖြင့်ပါ နေ့စဉ် အပြင်းအထန်ထိုးစစ်ဆင်နေသော်လည်း အဆိုပါစခန်းအား မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ အပြည့်အဝထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။

စစ်ဦးစီးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
သူတတောင့် … ကိုယ်တတောင့်

ကျည်တတောင့် … ရန်သူတစ်ယောက်

စစ်ကို စစ်နဲ့တူအောင် တိုက်ဖို့ အချိန်ကျရောက်ပါပြီ..

တပ်ပုံကျကျ စစ်စည်းကမ်းကောင်းကောင်း
ဂန်းအပြည့်အစုံနဲ့ ဖက်ဆစ်စစ်တပ်ကို
ဖြုတ်ချချင်တယ်ဆိုရင်တော့ ကျွန်တော်တို့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က
အစဉ်သဖြင့် ဖိတ်ခေါ်ကြိုဆိုလျှက်ပါ …
သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ဇွန်လ (၁၃)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ တပ်ရင်း/ဌာနများအားလုံး (၆)လပတ် စုံညီအစည်းအဝေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ထိန်းချုပ်နယ်မြေ တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ဦးစီးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)