mCare Apple Authorised Service Provider
4.82K subscribers
797 photos
64 videos
1 file
448 links
Download Telegram
Lock Screen ပိတ်ဖို့လိုအပ်လာတဲ့အခါ Power Button ကိုအသုံးပြုပြီးနှိပ်နေတုန်းပဲလား။

ဒါဆိုရင်တော့ Power Button ကိုအသုံးမပြုဘဲ အထာကျကျပိတ်လို့ရမယ့်နည်းလမ်းလေးကိုပြောပြပေးချင်ပါတယ်။

ဒီလိုလုပ်ဖို့အတွက်ဆိုရင် Settings ထဲကိုဝင်ပါ။

Accessibility ထဲက Touch လေးကိုရွေးလိုက်ပါ။

ပြီးရင်တော့ Assistive Touch ထဲက Single Touch မှာ Lock Screen လေးကိုရွေးလိုက်ရင်ရပါပြီ။

ဒါဆိုရင်တော့ Lock Screen ပိတ်ချင်တယ်ဆိုရင် Assistive Touch လေးကို နှိပ်လိုက်ရင်ရပါပြီ။

Power Button တွေမနှိပ်ချင်ဘူးဆိုရင်တော့ အထာကျကျ Lock Screen ပိတ်ဖို့အတွက် ဒီနည်းလမ်းလေးကိုအသုံးပြုလိုက်တော့နော်။

#mCare #PowerButton #LockScreen #AssistiveTouch