𝐋𝐢𝐧𝐧 𝐍𝐚𝘆
24.5K subscribers
24.3K photos
2.26K videos
3 files
1.32K links
Download Telegram
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 18

စောဆာကဘော် ...🇲🇲
၁၈-၅-၂၀၂၄💚💚💚

AA လည်း
နယ်မြေတွေ
ဘယ်လို အခြေကုတ်
ယူထားလို့ရမှာလဲ

တပ်ဘက်က
ကိုယ့်လူမရှိတော့ရင်
အချိန်မရွေး
ဖျက်အားပြင်းတွေနဲ့
ချေမှုန်းလို့ရနေတာပဲကို

ဒါပေ့မဲ့

တပ်ဘက်ကအမြင်နဲ့
ဆန့်ကျင့်ဘက်အမြင်တခု
ချပြရရင်

AA ကစနစ်တကျ
စစ်ကစားနေတာကိုမြင်ရတယ်

အမိန့်နာခံမှုအားလည်း
ကောင်းလွန်းနေတယ်

မြို့ကြီးတွေနဲ့ရွာတွေမှန်သမျှ
ရွာသားလို့မြင်နေရပေ့မဲ့
အမာခံ စစ်သားတွေကြီး
အသွင်ယူရှိနေကြပါတယ်

အဓိက သတင်းပေးကွန်ရက်
ကောင်းနေတယ်

ထွန်းမြတ်နိုင်တို့ ခေါင်းပေါင်း
ပိုင်းတွေ ဗရမ်းဗတာ တိုက်နေတာ
မျိုးမဟုတ်ဘူး

နယ်မြေတွေကိုအပိုင်းလိုက်ခွဲပြီး
စနစ်တကျ စစ်ကူလမ်းကြောင်းအတွက်
ရွာတွေမှာ တပ်ဖျောက်မြုပ်ထားပြီး
တပ်ဘက်ကို
ပိတ်ဆို့ ဖိအားပေးရိက္ခာ
ဖြတ်တောက် စစ်ပမ်းပြီး
ဆုတ်ခွာမှ စနစ်တကျ
ရှင်းပစ်နေတာပိုမြင်နေရတယ်။

တပ်ဘက်က လက်နက်ကြီးပစ်လို့
ထိတာတို့
လေယာဥ်ပစ်ထိတာတို့လည်း
ထိရောက်ပေ့မဲ့

အဓိက ရန်သူရဲ့လက်နက် ရိက္ခာ
စစ်ကူလမ်းကြောင်းတွေက
ဥဒဟို ကြီး ပွင့်နေဆဲပါ။

နောက်ကွယ်က
လက်မဲကြီးက လိုသလို
လိုသလောက် ပံ့ပိုးပေးနေနိုင်
နေတာမို့ ဆက်လက်ပြီး
တပ်မတော်ဘက်က
ဘီလူးစီးသလိုမတိုက်ပါပဲ
ခံစစ်ပြင်တိုက်နေသရွေ့...

ထပ်မံဆုံးရှုံးမှုတွေရင်ဆိုင်လာရဦးမှာပဲလိုမြင်မိပါတယ်။

မောင်တောကျပြီးရင်
စစ်တွေ့ ကျောက်ဖြူ
ကျသလိုသာ မှတ်ယူရပြီပဲ။

AA ကလည်း
မောင်တော ကျောက်ဖြူ
စစ်တွေ့ ဆက်ပြီးသိမ်းဖို့
အားထုတ်လာဦးမှာအသေအချာပါပဲ။

တပ်တည်ဗဟိုဦးစီးစနစ်
တပ်မှူး အဆင့်ဆင့် အမိန့်နာခံ
စနစ်
အရမ်းကောင်းပြီး
စစ်ရေးအတွေး အခေါ် အရမ်း
ကောင်းတယ်ဆိုတာ
AAရဲ့ စတင်ဖြစ်ပေါ်လာရာဖြစ်စဥ်ကနေ
ယနေ့ တိုက်နေတဲ့ အနေအထားကို
လေ့လာရင် သိနိုင်ပါတယ်။
ချီးကျုးရမှာပါပဲ။

ဒီအနောက်တံခါးက
အရမ်းအန္တရာယ်များတဲ့နေရာ
ပါ
ဒီ တိုက်ပွဲဟာအစိုးရနဲ့နယ်မြေခံသူပုန်
ဥာဏ်ပြိုင်ရတဲ့ ပွဲမျိုးပါ။

မိမိကိုယ်မိမိ အထင်ကြီး
မာန်တက်နေရင်တော့...
ဆက်လက်ပြီးအထိနာစရာတွေ မြင်နေမိပါသေးတယ်။

ဘီးလူးသရဲသဘက်လို
စစ်ဆင်မလား ?
ခံစစ်ပြင် လာတိုက်ဆုတ်ပေး
ဗုံးပြန်ကျဲ အကွက်ပဲဆက်သုံး
နေဦးမလား?
ကတော့၊ဆက်လက်စောင့်ကြည့်
ရမှာပါပဲ။

မိမိကတော့
မြန်မာတပ်မတော်
အနိုင်ရဖို့ဘက်ကပါ။

အဖိတ်အစဥ် အနည်းငယ်နဲ့
အောင်ပွဲဆင်နိုင်စေဖို့
မျှော်လင့် နေပါတယ်။

#KY🇲🇲