𝐋𝐢𝐧𝐧 𝐍𝐚𝘆
23.1K subscribers
24.3K photos
2.26K videos
3 files
1.32K links
Download Telegram
-
MNDAA အင်အား (၁၅၀) ဦးခန့် ကွတ်ခိုင်မြို့ရှိ အုပ်ချုပ်ရေးမှူးရုံးအချို့နှင့် ပန်းခြံဈေးများတွင် ဖြန့်ခွဲ အခြေပြုနေ
===============================================================
၂၀၂၄ ၊ မေ ၆

ပြီးခဲ့သည့် မေလ ၄ ရက်တွင် ရရှိသောသတင်းအရ -

မူဆယ်မြို့နယ်၊ နမ့်ပန်းကျေးရွာ  ဝန်းကျင်တစ်ဝိုက်တွင် ဖြန့်ခွဲအခြေပြုလျက်ရှိသော MNDAA အဖွဲ့၊ ခေါင်းဆောင် (စိစစ်ဆဲ) အင်အား ၁၅၀ ဦးအနက် ခေါင်း ဆောင် (စိစစ်ဆဲ) ခန့်မှန်းအင်အား ၅၀ ဦးနှင့် မူဆယ်မြို့နယ်၊ နမ့်စွမ်းကျေးရွာတွင် အခြေပြုလျက်ရှိသည့် MNDAA သောင်း ကျန်းသူအဖွဲ့၊ ခေါင်းဆောင် (စိစစ်ဆဲ) ခန့် မှန်းအင်အား ၁၃၀ ဦးအနက် ခေါင်း ဆောင်(စိစစ်ဆဲ) ခန့်မှန်းအင်အား ၁၀၀ ဦး၊ စုစုပေါင်းခန့်မှန်းအင်အား ၁၅၀ ဦးတို့သည် သရီးကရောင်းယာဉ် ၉ စီးဖြင့် မေလ ၃ ရက် နံနက် ၉ နာရီခွဲခန့်တွင် ထွက်ခွာခဲ့ရာ ည နေ ၂ နာရီခန့်တွင် ကွတ်ခိုင်မြို့၊ ရပ် ကွက်(၃)အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိပြီး ခေါင်း ဆောင်(စိစစ်ဆဲ) ခန့်မှန်းအင်အား ၅၀ ဦးတို့သည် အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ကောင်း၊ ခေါင်းဆောင်(စိစစ်ဆဲ) ခန့်မှန်း အင်အား ၁၀၀ ဦးတို့သည် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၄)ရှိ ရေ ထွက်ဦးပန်းခြံဈေးတွင် လည်း ကောင်း အသီးသီးဖြန့်ခွဲအခြေပြုလျက်ရှိကြောင်း သိရသည်။

အဆိုပါ MNDAA သောင်းကျန်းသူပူးပေါင်းအဖွဲ့အနေဖြင့် တပ်မတော်နှင့်ယာယီအပစ်အခတ်ရပ်ဆဲထား သော်လည်း  TNLA/KIA သောင်း ကျန်းသူ အဖွဲ့များနှင့် နယ်မြေအငြင်း ပွားမှုများ ရှိသည့်အတွက် ၎င်းတို့အဖွဲ့၏အင်အားဖြန့်ခွဲ၍ နယ်မြေစိုးမိုးမှုရရှိစေရန် ဆောင် ရွက် လာခြင်းဖြစ်နိုင် သည်ဟု သတင်းရရှိသည်။
#Vital
-
ရေးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို  PDF အကြမ်းဖက်များက သေနတ်ဖြင့်ပစ်ခတ်
================================================================
၂၀၂၄ ၊ မေ ၇

ပြီးခဲ့သည့် မေလ ၅ ရက် မွန်းလွဲ ၃ နာရီ  ၁၅ မိနစ်အချိန်ခန့်တွင် -

ရေးမြို့မရဲစခန်း၊ ရန်မျိုးအောင်ရပ် ကွက်၊  ဗညားရံတိုးချဲ့ ၁ လမ်း၊ Dreams ဘီယာဆိုင်၊ ရေးမြို့မရဲစခန်း၏ အနောက်တောင်ဘက် ၂ ဖာလုံခန့်တွင် ရေးမြို့မရဲစခန်းမှ ရဲတပ်ကြပ် ကျော်ကျော်ထက် (အ ထွေထွေ)သည် အရပ် သား(စိစစ်ဆဲ)တစ်ဦးနှင့် ဘီယာသောက်နေစဉ် ဆိုင်အ တွင်း ရောက်ရှိနေသော အသက် ၂၀ ခန့်ရှိလူငယ် ၂ ဦးမှ သေနတ်အတိုဖြင့် ပစ်ခတ်ပြီး 125 အနက်ရောင်ဆိုင်ကယ်(စိစစ်ဆဲ)ဖြင့် တိုးချဲ့ ၁ လမ်းအတိုင်း အရှေ့ဘက်ခန့်ရေးမြို့မရဲစခန်း၏ အရှေ့ မြောက်ဘက် ၃ မိုင် ၁ ဖာလုံခန့်အကွာ တူးမြောင်းကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရသဖြင့် ရဲတပ် ကြပ် ကျော်ကျော်ထက်သည် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံး သွားခဲ့ပြီး အခင်းဖြစ်နေရာ အနီးမှ(၉)မမ ကျည်ခွံ(၅)ခုတွေ့ရှိကြောင်း သတင်းရရှိသည်။
#Vital
-
ဘီးလင်းမြို့နယ်၊ ကညင်ပင်ကွင်းတံတားအား KNU/PDF မိုင်းထောင်ဖောက်ခွဲ
===============================================================
၂၀၂၄ ၊ မေ ၇

ပြီးခဲ့သည့် မေလ ၆ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် -

ဘီးလင်းမြို့မရဲစခန်း၏ မြောက်ဘက် ၁၆ မိုင်ခန့်အကွာခနတ်ကြီးကျေးရွာ အုပ်စု၊ ပျဉ်သာကျေးရွာ၊ ဘီးလင်း-နတ်ကြီး-ဖာပွန် သွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၆/၂)နှင့် (၁၆/၃) အကြားရှိ တံတားအမှတ် (၃/၁၇)၊ ကညင်ပင်ကွင်းတံတား၊ တံတားအရှည်ပေ ၈၀၊ တံတားအကျယ် ၂၄ ပေ၊ သံကူကွန်ကရစ်အမျိုးအစားတံတားအား KNU/PDF အမည်ခံအကြမ်း ဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့(စိစစ်ဆဲ)မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား ကျိုး၍ လမ်းပြတ်တောက်မှု ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
#Vital
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 15

လားရှိုးမြို့နယ်၊ နားယကျေးရွာသို့ SSPP/SSA အဖွဲ့များရောက်ရှိအ ခြေပြု၍ လူသစ်စုဆောင်းခြင်း/ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်နေ
================================================================
၂၀၂၄ ၊ မေ ၁၅

ပြီးခဲ့သည့် မေလ ၁၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် SSPP/SSA အဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၅၀ ဦးခန့် သည် ယူနီဖောင်းဝတ်၊ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်လျက် မော်တော်ယာဉ် ၄ စီးဖြင့် လားရှိုးမြို့နယ်၊ မော်တောင်းကျေး ရွာဘက်မှ နားယကျေးရွာသို့ရောက်ရှိလာပြီး ကျေးရွာဝန်းကျင်တစ် ဝိုက်တွင် ဖြန့်ခွဲအခြေပြု၍ လှုပ်ရှား လျက်ရှိကြောင်း သိရသည်။


အဆိုပါအဖွဲ့များအနေဖြင့် ၎င်းတို့လှုပ်ရှားသွားလာရာ ကျေးရွာများ အတွင်း အခြားသောင်းကျန်းသူအဖွဲ့များ ဝင်ရောက်မှုမရှိစေရေးအတွက် လှုပ်ရှားခြင်း ဖြစ်နိုင်ကြောင်းနှင့် အမာခံနယ်မြေတည် ဆောက်၍ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု မိမိအမာခံသတင်းပေးများထံမှ သတင်း ရရှိသည်။
#Vital
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 15

တန့်ယန်းမြို့နယ်၊ နောင်ချိုကျေးရွာမှ ပွိုင့်-၂၃၇၈ အနီး တောင်ကြောသို့ TNLA သောင်းကျန်းသူ အဖွဲ့များရောက်ရှိအခြေပြုခိုအောင်းနေ
===============================================================
၂၀၂၄ ၊ မေ ၁၅

ပြီးခဲ့သည့် မေလ ၁၂ ရက် နံနက်  ၁၂နာရီခွဲခန့်တွင် -

တန့်ယန်းမြို့နယ်၊ နောင်ချိုကျေးရွာတွင် ဖြန့်ခွဲအခြေပြု၍ လှုပ်ရှားလျက်ရှိသော TNLA သောင်းကျန်းသူအဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၅၀ ဦးခန့်သည် ယူနီဖောင်း ဝတ်၊ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်လျက် ပွိုင့်-၂၃၇၈အနီး တောင်ကြော ခန့်မှန်းမြေပုံညွှန်း(အမ်အက်ဖ်-၀၂၇၀၂၃)သို့ ရောက်ရှိ လာပြီး ယာယီတဲများထိုး၍ အခြေပြုခိုအောင်းလျက်ရှိကြောင်း သိရသည်။


အဆိုပါသောင်းကျန်းသူ အဖွဲ့များအနေဖြင့် ၎င်းတို့လှုပ်ရှားသွားလာရာ ကျေးရွာများ၌ အမာခံနယ်မြေတည်ဆောက် ခြင်းနှင့် နယ်မြေစိုးမိုးမှုရရှိရန် လှုပ်ရှားသွားလာခြင်းဖြစ်နိုင်သည်ဟု သတင်းရရှိသည်။
#Vital
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 15

ကျုံအိတ်တံတားအား KNU/PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ များမှ Drop Bomb ဖြင့် လာရောက်ပစ်ချတိုက်ခိုက်ခဲ့
=================================================================
၂၀၂၄ ၊ မေ ၁၅

ယမန်နေ့ မေလ ၁၄ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် -

သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင် ကျေးရွာရှိ သထုံ-ဘီးလင်းသို့ ဆက်သွယ်ထားသော ကျုံအိတ်တံတားအား KNU/PDF အကြမ်းဖက်သောင်းကျန်သူပူးပေါင်းအဖွဲ့များမှ Drop Bomb ၂ လုံးဖြင့် လာရောက်ပစ်ချ တိုက်ခိုက်ရာ ကျုံအိတ်တံတား(သထုံဘက်အခြမ်း)တွင် လုံခြုံရေးဆောင်ရွက်နေသည့် နေရာနှင့် ကိုက် ၁၀၀ ခန့်အကွာ၊ သထုံ-ရန်ကုန်သွားကားလမ်းမ၏ ဘယ်ဘက်ခြမ်းရှိ ကွင်းပြင်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ/အဆောက်အဦထိခိုက်မှုမရှိကြောင်း မိမိအမာခံ သတင်းပေးများထံမှ သတင်းရရှိသည်။
#Vital
-
ဒီပဲယင်းမြို့နယ်တွင် မြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူးနှင့် ဇနီးဖြစ်သူတို့ ၂ ဦး အား PDF အကြမ်းဖက်များက ဖမ်းဆီးခေါ်ဆောင်သွား
==============================================================
၂၀၂၄ ၊ မေ ၁၅

ပြီးခဲ့သည့် မေလ ၁၃ ရက် နံနက် ၉ နာရီခန့်တွင် -

စစ်ကိုင်း တိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ မြို့မရပ်ကွက်နေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒီပဲယင်းမြို့နယ် ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးကြည်စန်း ၆၂ နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးစိုး ၅၆ နှစ်(မူလတန်းပြ၊ အထက-ဒီပဲယင်း)တို့ ၂ ဦး သည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများမှ မော် တော်ယာဉ် ၁ စီးဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်းတို့ ၂ ဦးအား ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။
#Vital
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 17

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေး ရွာအနီးရှိ ဆုတောင်းကုန်းသို့ KIA သောင်းကျန်းသူ အဖွဲ့များ ရောက်ရှိအခြေပြု ၍ အခိုင်အမာစခန်းများတည်ဆောက်ရန် ပြင်ဆင်နေ
=============================================================
၂၀၂၄ ၊ မေ ၁၇

ပြီးခဲ့သည့် မေလ ၁၂ ရက် နံနက် ၁၁ နာရီခန့်တွင် -

ကွတ်ခိုင်မြို့နယ်၊ ဟန်ကိုင်ကျေးရွာတွင် အခြေပြုလျက်ရှိသော KIA သောင်းကျန်းသူ အဖွဲ့၊ တပ်မဟာ(၆)မှ ခေါင်း ဆောင် (စိစစ်ဆဲ)အင်အား ၅၀ ဦးခန့်နှင့် ရင်း(၉)မှ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၃၀ ဦးခန့်၊ စုစုပေါင်းအင် အား ၈၀ ဦးခန့်အနက်မှ ရင်း(၉) မှ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၃၀ ဦးခန့်သည် ဖိုးဝှီးယာဉ် ၃ စီးဖြင့် ဟန်ကိုင်- နမ့်ဖတ်ကာသွား ပြည် ထောင်စုလမ်းမကြီးအတိုင်း နမ့်ဖတ်ကာကျေးရွာ၏အရှေ့တောင် ဘက်ရှိ ကချင်ခရစ်ယာန်တို့၏ လက်ဝါးကပ်တိုင်စိုက်ထူထားသည့် ဆုတောင်းကုန်းသို့ ရောက်ရှိအ ခြေပြုခိုအောင်း၍ အခိုင်အမာ စခန်းတည်ဆောက်ရန်အတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

၎င်းသောင်းကျန်းသူအဖွဲ့များ မှ နယ်မြေချဲ့၍ စခန်းများဆောက် လုပ်လာခြင်းကြောင့် MNDAA/TNLA သောင်း ကျန်းသူ ပူးပေါင်းအဖွဲ့တို့မှ နယ်မြေအတွင်းမှ ဆုတ် ခွာဖယ်ရှား‌ပေးရန် မကြာခဏသတိ ပေးခြင်း များကြောင့် တင်းမာမှုပြဿနာများရှိနေ၍ ၎င်းတို့ထိန်း ချုပ်ထားသည့် နမ့်ဖတ်ကာ ကျေး ရွာအုပ်စုအား လက်လွှတ်ဆုံးရှုံးခြင်းမရှိစေရေးအတွက် တိုက်ပွဲများဖြစ်ပွားလာပါက ထိန်းချုပ်စိုးမိုးထားနိုင်ရန် ကြိုတင်ပြင်ဆင်လုပ် ဆောင်လာခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
#Vital
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 17

TNLA သောင်းကျန်းသူအဖွဲ့မှ ၂ ဦး
ကွတ်ခိုင်မြို့ ခလရ(၄၅) ဘောလုံးကွင်းတွင် ဖွင့်လှစ်သည့် Drone သင်တန်း ဆင်းပွဲပြုလုပ်ပေးရန် ရောက်ရှိလာ
============================================================
၂၀၂၄ ၊ မေ ၁၇

ပြီးခဲ့သည့် မေလ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင်-

TNLA သောင်းကျန်း သူအဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိ တားဂျိုကာ (ဗဟိုကော်မတီအဖွဲ့ဝင်)နှင့် TNLA သောင်းကျန်းသူအဖွဲ့၊ ရဲဌာနမှ ဌာနမှူးကြီးအဆင့်ရှိ တားလှညိမ်းတို့ ၂ ဦးသည် ဖိုးဝှီးယာဉ် ၂ စီးဖြင့် နမ္မတူမြို့နယ်ဘက် မှတစ်ဆင့် မုံးရင်ကျေးရွာနှင့် ကွတ်ခိုင် မြို့နယ်၊ တာဖကူးတို့ဆိပ် တို့အား စက်လှေ ဖြင့်ဖြတ်ကူးကာ နောင်လွယ်ကျေး ရွာနှင့် ကာလိုင်ကျေးရွာလမ်း ကြောင်းအတိုင်း ကွတ်ခိုင်မြို့၊ စဗခ (ကွတ်ခိုင်)ရိပ်သာသို့ ရောက်ရှိအ ခြေပြုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂ ဦး သည် ကွတ်ခိုင်မြို့၊ စဗခ(ကွတ်ခိုင်)တပ်နယ်၊ ခလရ (၄၅) ဘောလုံးကွင်း၌ ၎င်းတို့အဖွဲ့မှဖွင့်လှစ်သည့် Drone သင်တန်းအား မေလ ၁၅ ရက်တွင် သင်တန်းဆင်းပွဲပြုလုပ်ပေးရန်အတွက် ရောက်ရှိလာခြင်းဖြစ်သည် ဟု သတင်းရရှိသည်။.
#Vital
-
MNDAA သောင်းကျန်းသူ အဖွဲ့များမှ Drone နှင့် Drop Bomb များအား သိန္နီမြို့သို့ မော်တော်ယာဉ်များဖြင့် သယ်ဆောင်၍ မြို့နယ်စီမံကိန်းရုံးနှင့် သစ်တောရုံးများတွင် ဖြန့်ခွဲအခြေပြုနေ
==============================================================
၂၀၂၄ ၊ မေ ၁၇

ပြီးခဲ့သည့် မေလ ၁၂ ရက် ည ၇ နာရီခွဲခန့်တွင် -

MNDAA သောင်း ကျန်းသူအဖွဲ့၊ တပ်မဟာ(၃၁၁)၊ တပ်မဟာမှူးအဆင့်ရှိ လူကျူမော့ခေါင်းဆောင်သော အင်အား ၃၀ ဦးခန့်သည် ဖိုးဝှီး ယာဉ် ၅ စီးဖြင့် Drone ၂ စီးနှင့် Drop Bomb ၁၀၀ လုံးခန့်အား သယ်ဆောင်၍ လောက်ကိုင်-ချင်းရွှေဟော်-ကွမ်းလုံသွားလမ်းကြောင်းအတိုင်း သိန္နီမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မဟာမှူးအဆင့်ရှိ လူကျူမော့ခေါင်းဆောင်သော အင် အား ၂၀ ဦးခန့်သည် သိန္နီမြို့၊ ရပ် ကွက်(၄)၊ သိန်းနီ-ကွတ်ခိုင်သွား ကားလမ်းမဘေးရှိ မြို့နယ်စီမံကိန်းရုံးနှင့် ခေါင်းဆောင်(စိစစ်ဆဲ) Drone အဖွဲ့ အင်အား ၁၀ ဦးခန့်သည် မြို့နယ်သစ်တောရုံးတွင် အခြေပြုလျက်ရှိကြောင်း သိရသည်။

MNDAA သောင်းကျန်းသူအဖွဲ့များအနေဖြင့် လက်ရှိအချိန် တွင် လက် နက်/ခဲယမ်းများနှင့် လူအင်အားများအား စုဆောင်းလျက်ရှိပြီး သိန္နီမြို့အား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ခြင်းမခံရစေရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် လျက်ရှိသည်ဟု သတင်းရရှိသည်။
#Vital
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 18

မူဆယ်မြို့နယ်၊ ကုန်းသာကျေးရွာရှိ ကချင်နှစ်ချင်းခရစ်ယာန်ဘုရားကျောင်းသို့ KIA သောင်းကျန်းသူအဖွဲ့များရောက်ရှိလာပြီး  လူသစ်များစုဆောင်း၍ သင်တန်း ပေးနေ
===============================================================
၂၀၂၄ ၊ မေ ၁၈

ပြီးခဲ့သည့် မေလ ၁၃ ရက် နံနက် ၇ နာရီခွဲခန့်တွင် -

မူဆယ်မြို့နယ်၊ တီးမားကျေးရွာဝန်းကျင်တစ်ဝိုက်တွင် ဖြန့်ခွဲအခြေပြု၍ ခိုအောင်းလျက် ရှိသော KIA သောင်းကျန်းသူအဖွဲ့၊ တပ်မဟာ(၆)မှ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၁၅ ဦးခန့်သည် ကုန်းသာကျေးရွာရှိ ကချင် နှစ်ချင်းခရစ်ယာန်ဘုရားကျောင်းသို့ ရောက်ရှိလာပြီး  တီးမားကျေးရွ၊ နမ့်အွန်ကျေးရွာနှင့် ခိုမုန်းကျေးရွာတို့မှ စုဆောင်း ထားရှိသော လူသစ်ကျား/မ ၆၀ ဦးခန့်တို့အား အခြေခံစစ်သင်တန်းဖွင့်လှစ်၍ လေ့ကျင့် ပေးလျက်ရှိပြီး သင်တန်းကာလ ၁ လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

၎င်းသောင်းကျန်းသူ အဖွဲ့များအနေ ဖြင့် မူဆယ်မြို့နယ်အတွင်း၌ ၎င်းတို့အင်အားတောင့်တင်းလာစေရန်နှင့် ပြည်ထောင်စုလမ်းမကြီးအား ထိန်းချုပ်နိုင်ရန်အတွက် လူသစ်များစုဆောင်း၍ သင်တန်း ပေးလျက်ရှိသည်ဟု သတင်းရရှိသည်။
#Vital
-
ကျိုက်မရောမြို့နယ်၊ ကရင်လှိုင်ကျေးရွာနှင့် ကျခတ်ကုန်းကျေးရွာကြားရှိ ရာဘာခြံသို့ KNU/PDF အကြမ်းဖက်သေများရောက်ရှိအခြေပြုနေ
===============================================================
၂၀၂၄ ၊ မေ ၁၈

ယမန်နေ့ မေလ ၁၇ ရက်တွင် ရရှိသောသတင်းများအရ -

KNU/PDF အကြမ်းဖက် သောင်းကျန်းသူပူး ပေါင်းအဖွဲ့မှ အယ်လ်ဆေးဝါးခေါင်းဆောင်သောအဖွဲ့သည် ကျိုက်မရော မြို့နယ်အတွင်း ၎င်းတို့လေ့ကျင့်ရေးသင်တန်းပြုလုပ်ရန်အတွက် မြေနေရာရှာဖွေခဲ့ရာ ကရင်လှိုင်ကျေးရွာနှင့် ကျခတ်ကုန်းကျေးရွာအကြားရှိ ရော်ဘာခြံ နေရာအား ရွေးချယ်ခဲ့ကြောင်း သိရသည်။

အယ်လ်ဆေးဝါးသည် ၎င်းတို့ ရွေး ချယ်ထားသည့် ရော်ဘာခြံအတွင်း အင်အား ၁၀၀ ဦးခန့်ထားရှိခဲ့ပြီး မေလ(ပထမ) ပတ်တွင် လူနေတဲများဆောက်လုပ်ခိုင်းခဲ့ကြောင်းနှင့် ရော်ဘာခြံအတွင်း ၎င်းတို့အဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၁၀၀ ဦးခန့်နှင့် အဓမ္မစုဆောင်းထားသည့် လူသစ် ၁၀၀ ဦး ခန့်တို့အား မေလ ၁၀ ရက်မှစ၍ စစ်အခြေခံသင်တန်းဖွင့်လှစ်ပေးခဲ့သည်ဟု သတင်း ရရှိသည်။
#Vital
-
ကျိုက်မရောမြို့နယ်၊ ကုလားကုန်းရွာသို့ KNU/PDF အကြမ်းဖက်ပူးပေါင်း အဖွဲ့များ ရောက်ရှိဖြန့်ခွဲထားကြောင်း သတင်းရရှိ
===============================================================
၂၀၂၄ ၊ မေ ၁၈

ယမန်နေ့ မေလ ၁၇ ရက်တွင် ရရှိသောသတင်းများအရ -

KNU/PDF အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့မှ အယ်လ်ဆေးဝါးခေါင်းဆောင်သော အင်အား ၃၀၀ ဦးခန့် သည် ကျိုက်မရောမြို့နယ်၊ ကုလားကုန်းရွာရှိ မုဆိုးကျွန်းရွာသို့ မေလ(ပထမ)ပတ် အတွင်းသို့ ရောက်ရှိခဲ့ပြီး အင်အားစုဖွဲ့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

၎င်းလက်အောက်ခံ အဖွဲ့များအား ကုလားကုန်းရွာဝန်း ကျင်တွင် ဖြန့်ခွဲထားရှိပြီး မေလ ၁၉၊ ၂၀၊ ၂၁ ရက်တွင် မိမိတပ်စခန်းတစ်ခုအား အ လစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည်ဟု သတင်းရရှိသည်။
#Vital