𝐋𝐢𝐧𝐧 𝐍𝐚𝘆
23.1K subscribers
24.3K photos
2.26K videos
3 files
1.32K links
Download Telegram
-
မောင်တော၊ အဘူဂျာကျေးရွာက ဘင်္ဂါလီ ၅ ယောက်ကို AA က ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ဟု FRC ပြော
================================================================
၂၈. ၄. ၂၀၂၄
Written by Tha Doe

မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာကျေးရွာက ဘင်္ဂါလီရွာသား ၅ ယောက်ကို ဧပြီလ ၁၇ ရက်နေ့မှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာ AA ဖမ်းဆီးသွားတဲ့ လူ ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာသားအချို့က တွေ့ခဲ့ပြီး AA က သတ်ဖြတ်လိုက်တယ်လို့ FRC အဖွဲ့က ရိုနေဆန်းလွင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

"ဒီလူတွေကို AA က ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။ ရုပ်အလောင်းတွေကို ရွာသားတွေတွေ့ပေမယ့် သယ်ယူခွင့် မပေးလို့ သင်္ဂြိုဟ်ခွင့်လည်း မရခဲ့ဘူး။ ဒါကို AA က သူတို့နဲ့ မပတ်သက်ကြောင်း၊ သူတို့သတ်ဖြတ်တာ မဟုတ်ကြောင်း ငြင်းခဲ့တယ်။ အဲဒီရိုဟင်ဂျာရွာသား ၅ ယောက်ကို ဖမ်းဆီးတဲ့အချိန်မှာ မျက်စိနဲ့ မြင်တဲ့သက်သေတွေက ဖမ်းဆီးတဲ့အချိန်မှာ တပ်ဖွဲ့ဝင်ဘယ်နှစ်ဦးက ဘယ်လိုတွေပြောပြီး ဖမ်းဆီးခဲ့သလဲ၊ ဘယ်နေရာမှာ ဖမ်းတာလဲ ဆိုတာ ကျွန်တော့်ကို တိုက်ရိုက် ပြန်ပြောပြပါတယ်။ ကျွန်တော်က ကြားစကားနဲ့ အလုပ်မလုပ်ဘူး။ မျက်မြင်သက်သေ (သို့မဟုတ်) ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေနဲ့ စကားပြောပြီး၊ လိုအပ်ရင် ထပ်စုံစမ်းမှုတွေ လုပ်ပြီးမှ Public မှာပြောလေ့ရှိတယ်။ အပြစ်မဲ့ရွာသားတွေကို သတ်ဖြတ်တာက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ပါတယ်"လို့ ဘင်္ဂါလီလွတ်မြောက်ရေးလုပ်နေတဲ့ FRC ပူးတွဲတည်ထောင်သူရိုနေဆန်းလွင်က ပြောပါတယ်။

AA သတ်ဖြတ်ခံရတဲ့ ဘင်္ဂလီငါးယောက်က မော်လဝီ-ဆော်အိဒ်၊ အဒုလ်အာမိန်၊ အာဘုလ်ကာလာမ်၊ အီဆာလာမ်နဲ့ အာယာစ်တို့ဖြစ်ပြီး ရိုနေဆန်းလွင်က ဒီ ငါးယောက်ကို AA က ဖမ်းဆီးသတ်ဖြတ်တာလို့ပြောပေမဲ့ AA ပြောခွင့်ရ ခိုင်သုခကတော့ ဒီဒေသက ARA၊ ARSA၊ RSO နဲ့ တခြားမူးယစ်ဂိုဏ်းတွေလက်ချက်လို့ ငြင်းပါတယ်။

ဒါပေမဲ့ ရိုနေဆန်းလွင်ကတော့ ဒီဘင်္ဂါလီငါးယောက်ကို AA က ဖမ်းဆီးသတ်ဖြတ်တာသာဖြစ်ပြီး အခင်းဖြစ်နေရာဟာ AA လက်နက်ကိုင်ထိန်းချုပ်ထားတဲ့နေရာသာဖြစ်လို့ ဘယ်သူမှဝင်မရဘူးဆိုတာနဲ့ လက်နက်ကိုင်တွေကတော့ ဒီလိုစစ်ရာဇဝတ်မှုတွေ ဝန်ခံလေ့မရှိဘူးလို့လည်း လူမှုကွန်ရက်မှာ သူဒီနေ့မျှဝေထားတဲ့ရုပ်သံဖိုင်ထဲမှာ ခိုင်သုခရဲ့ငြင်းဆိုမှုကို့ပြန်ထားပါတယ်။

◾ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=64019

#AA #ရခိုင် #ဘင်္ဂါလီ #Bengali #RSO #Rakhine ARSA #ARA #MT #mtnews
-
ချင်း၊ ကရင်၊ ရခိုင်စစ်မျက်နှာမှာ ဒုတပ်ခွဲမှူးတစ်ဦးအပါအဝင် PDF ၆ ယောက်သေဆုံး
=====================================================
၂၉. ၄. ၂၀၂၄
Written by Nay Moe

ချင်းနဲ့ ရခိုင်စစ်မျက်နှာတွေမှာ ဒီရက်ပိုင်းတွေအတွင်း PDF လက်နက်ကိုင်တွေဘက်က ဒုတပ်ခွဲမှူးတစ်ဦးအပါအဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ စာရင်းတွေအရ ကလေးမြို့နယ်တွင်းကတိုက်ပွဲတစ်နေရာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF_Zophai က (၂)ဦး နဲ့ Zophai Civil Defence Force (TCDF)က ဒုတပ်ခွဲမှူး(၁)ဦး သေဆုံးခဲ့တာဖြစ်ပြီး PDF_Zophai က တပ်ဖွဲ့ဝင်(၂) ဦးက Tv.Lalchhadama (Chhandama) အသက်(၁၉)နှစ်နဲ့ Tv.Vanlalringa(Maringa) အသက်(၁၇)နှစ်တို့ဟာ ဧပြီလ ၂၇ ရက်နေ့က တိုက်ပွဲမှာ သေဆုံးခဲ့တာဖြစ်သလို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာ Zophai Civil Defence Force (TCDF) တပ်ခွဲ(၁) ဒုတပ်ခွဲမှူး Lalthangsanga(Sangtea) တို့ တိုက်ပွဲမှာ သေဆုံးခဲ့တာပါ...

◾️ Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=64081

#PDF #PDF_Zophai #TCDF #PIA #Cobra Column #MT #mtnews
-
ပြင်ဦးလွင်ခရိုင် ဘဏ္ဍာရေးတာဝန်ခံနှင့် PDF ထောက်ပို့မနီလာ မလေးရှားတွင် ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး
=================================================================

၃၀. ၄. ၂၀၂၄
Written by Nay Moe

ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြင်ဦးလွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ ဘဏ္ဍာရေးတာဝန်ခံအဖြစ် PDF ထောက်ပို့လုပ်နေတဲ့ မလေးရှားနိုင်ငံနေ မနီလာဟာ မလေးရှားနိုင်ငံမှာပဲ ယာဥ်တိုက်မှုနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ NUG, PDF တွေကို မလေးရှားကနေ အလှူငွေကောက် ထောက်ပံနေတဲ့ မနီလာဟာ ဧပြီ ၂၆ ရက်ကဖြစ်ပွားခဲ့တဲ့ ယာဥ်တိုက်မှုမှာ သေဆုံးခဲ့တာဖြစ်ပြီး ဧပြီ ၂၉ ရက်မှာတော့ မြန်မာလူမှုကူညီရေးအသင်း (KFFS) အကူအညီနဲ့ သင်္ဂြိုဟ်ခဲ့တာပါ။

"ပကဖ ဘဏ္ဍာရေးတာဝန်ခံ မနီလာ မလေးရှားတွင် အက်ဆီဒင့်ဖြင့် သေဆုံးကြောင်း ကြေငြာအပ်ပါတယ် တာဝန်ကျေခဲ့ပါတယ်ရဲဘော်#ပြင်ဦးလွင် ပကဖ (သတ်ပုံ-မူရင်း) " လို့ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ယာဥ်တိုက်မှုနဲ့ အသက် ၃၆ နှစ် အရွယ်မှာ သေဆုံးသွားတဲ့ မနီလာကို ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြင်ဦးလွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ ဘဏ္ဍာရေး တာဝန်ခံအဖြစ်ကနေလည်း နုတ်ထွက်ခွင့်ပြုတယ်လို့လည်း ပြင်ဦးလွင်ပကဖကကြေညာထားပါတယ်။

◾ Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=64311

ပုံစာ။ PDF ထောက်ပို့မနီလာ မလေးရှားတွင်သေဆုံးမှုကို ပြင်ဦးလွင်ပကဖ ဖော်ပြမှုမြင်ကွင်း။

#ပြင်ဦးလွင် #ပကဖ #PDF #ထောက်ပို့ #အကြမ်းဖက် #NUG #မလေးရှား #Kepong #MT #mtnews
-
တစ်နေ့တည်း မိုင်း ၅ ကြိမ်ပေါက်ကွဲပြီး လူတစ်ဦးသေ၊ ၄ ဦးဒဏ်ရာရ
==============================================================

၂. ၅. ၂၀၂၄
Written by Nay Moe

မြန်မာနိုင်ငံတွင် PDF လက်နက်ကိုင်အဖွဲ့ ၆၀၀ ကျော် ထွက်ပေါ်လာခဲ့ပြီးနောက် နေရာအနှံ့လက်လုပ်မိုင်းများထောင်နေကြသဖြင့် ကမ္ဘာပေါ် လက်လုပ်မိုင်းထောင်မှုအများဆုံးနိုင်ငံဖြစ်လာခဲ့သလို နေ့စဥ်မိုင်းပေါက်ကွဲမှုများလည်း ကြုံနေရရာ ဧပြီ ၂၉ ရက်နေ့ကလည်း တစ်နေ့တည်းမိုင်းငါးကြိမ်ပေါက်ကွဲ၍ လူတစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦးနှင့် မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးတို့ ရောက်ရှိနေကြောင်း...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=64507

#PDF #MT #mtnews
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 2

ကျိုက်ထို၊ မရမ်းချောင်အကျဥ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးကို သတ်ဖြတ်လိုက်ကြောင်း KRF ဝန်ခံလာ

၂. ၅. ၂၀၂၄
Written by Nay Moe

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီ ၁၉ မိနစ် ဝန်းကျင်ခန့်အချိန်က ဖြစ်ပွားခဲ့တဲ့ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်းဦးစီးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင် (ခ) ဦးဝင်းအောင်ကို ပစ်ခတ်သတ်ဖြတ်တာဟာ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နဲ့ ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့က သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ KRF က ဒီနေ့ မေလ ၂ ရက်မှာ ဝန်ခံချက်ထုတ်ပြန်လာပါတယ်။

ဦးစင်းအောင်ကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မကျေးရွာက နေအိမ်ရှေ့မှာ ပစ်ခတ်သတ်ဖြတ်လိုက်လို့ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး အရာရှိတစ်ယောက်ကို အုပ်စုဖွဲ့ဝိုင်းဝန်း ချောင်း မြောင်းပစ်ခတ်သတ်ဖြတ်တဲ့ KRF နဲ့ ကျိုက်ထိုပကဖအဖွဲ့ဝင်တွေ ဒဏ်ရာမရဘူးလို့လည်း KRF က ပြောပါတယ်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=64510

#KRF #အကျဉ်းဦးစီး #လက်ထောက်ညွှန်မှူး #သတ်ဖြတ် #MT #mtnews
-
KNU တပ်မဟာ (၃) တပ်ရင်း (၈) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဧရာ၀တီအင်အားစု PDF အဖွဲ့က စနိုက်ပါ Chris Melvin ရှေ့တန်းမှာသေဆုံး
=======================================================
၂. ၅. ၂၀၂၄
Written by Nay Moe

KNU တပ်မဟာ (၃) တပ်ရင်း (၈) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဧရာဝတီအင်အားစု PDF အဖွဲ့က စနိုက်ပါ Chris Melvin ဟာ ဧပြီ ၃၀ ရက်က ရှေ့တန်းမှာ သေဆုံးသွားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုသိမ်ခရိုင်၊ တပ်ရင်း (၁)၊ တပ်ခွဲ (၄) ဧရာဝတီအင်အားစုက Sniper တပ်သား ရဲဘော် Chris Melvin ကိုယ်ပိုင်အမှတ် (P25501 196) ဟာ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၂)၊ KNU တပ်မဟာ(၃) တပ်ရင်း(၈)မှာ တာ၀န်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မျက်နှာမှာ ဧပြီလ (၃၀)ရက်နေ့က သေဆုံးသွားတာပါ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=64548

#KNU #PDF #Sniper #MT #mtnews

-
အခြော်တကောက်မ တကောင်တော့ လစ်သွားပြန်ပြီ။
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 3

မိုးသက်လေပြင်းတိုက်ခိုက်မူကြောင့် ပုဗ္ပသီရိမြို့နယ်ရှိ YGW ပရဟိတမိဘမဲ့ စာသင်ကျောင်း အမိုးများပျက်စီးသွားသောကြောင့် စာသင်ကြားရန် အခက်အခဲဖြစ်ပေါ်
=======================================================

၃.၅.၂၀၂၅
Written by TZ

နေပြည်တော်ကောင်စီနယ်​မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကုတင် (၃၀၀) ဆေးရုံအနီး လယ်သာရွာအနောက်ဘက်တွင် တည်ရှိသည့် YGW ပရဟိတမိဘမဲ့စာသင်ကျောင်းမှာ မေလ ၂ ရက် ညနေ ၄ နာရီဝန်းကျင်တွင် မိုးသက်လေပြင်းများတိုက်ခိုက်မူကြောင့် ထိုစာသင်ကျောင်းဆောင်ရှိ အမိုးများလန်သွားသောကြောင့် စာသင်ကြားရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

လာမည့် မေလ ၇ ရက်နေ့တွင် YGW ပရဟိတမိဘမဲ့စာသင်ကျောင်းကို ကိုရီးယားပရဟိတအဖွဲ့မှ ထိုကျောင်းရှိကလေးများကို ကိုရီးယားစာသင်ကြားပို့ချမည်ဖြစ်သောကြောင့် လက်ရှိအချိန်တွင် ပေ ၁၂၀ ရှိသည့် စာသင်ကျောင်းအမိုးရှိ အရှေ့ခြမ်းတွင် သွပ်များလန်သွားသောကြောင့် စာသင်ကြားရန် အခက်အခဲဖြစ်ပေါ်နေကြောင်း...

⏹ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=64645

#မိုးသက်လေပြင်းတိုက်ခတ် #ပရဟိတမိဘမဲ့ကျောင်း #အမိုးများပျက်စီး #စာသင်ကြားရန် ခက်ခဲ #MT #mtnews
-
လိုအပ်ချက်၏ ထက်ဝက်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် ဝန်အားလျှော့ချမှုများ ဆက်လက် ဆောင်ရွက်နေရသော်လည်း မီးပျက်ချိန် မကြာမြင့်အောင် ဆောင်ရွက်နေ
=======================================================

၄. ၅. ၂၀၂၄
Written by Nyein Kyaw

လက်ရှိတွင် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်သာ ထုတ်လုပ်နိုင်သဖြင့် ဝန်အားလျှော့ချရခြင်းများ ဆက်လက် ဆောင်ရွက်နေရသော်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန် ပိုမိုရှည်ကြာမှုများကို လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်ပိုင်းအခြားအလိုက် ခွဲဝေဖြန့်ဖြူးထားသော်လည်း ရုတ်တရက်မြင့်မားလာသည့် သုံးစွဲမှုအရ တစ်ခါတရံ သတ်မှတ်ကြိမ်နှုန်း (Frequency) အောက် ရောက်ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့်စက်များအား ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဗဟိုဓာတ်အားကွပ်ကဲရေးဌာန (National Control Centre) အရေးပေါ် ဝန်အားလျှော့ချရန်.....

◾ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=64784

#လျှပ်စစ် #ဖျက်ဆီး #PDF #NUG #MT #mtnews
-
AA လက်နက်ကိုင်အဖွဲ့က တစ်လအတွင်း ဘင်္ဂါလီ ၃၂ ဦးကို သတ်ဖြတ်ဟု FRC ပြော

၇. ၅. ၂၀၂၄
Written by Nay Moe

AA လက်နက်ကိုင်အဖွဲ့က တစ်လကျော်အတွင်း ဘင်္ဂါလီ ၃၂ ဦးကို သတ်ဖြတ်လိုက်တယ်လို့ ဘင်္ဂါလီအရေးလှုပ်ရှားတဲ့ FRC အဖွဲ့ တည်ထောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။

AA လက်နက်ကိုင်အဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်၊ ရွက်ညိုတောင်ရွာက ဘင်္ဂါလီတွေ ထွက်ပြေးနေတဲ့စက်လှေကို ဧပြီ ၁၂ ရက်မှာ သေနတ်နဲ့ပစ်ခတ်လို့ ကလေးငယ် ၃ ဦးအပါအဝင် ၈ ဦးသေပြီး ဒပြုချောင်းရွာကိုလည်း ဧပြီ ၂၅ ရက်မှာ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပစ်လို့ ဘင်္ဂါလီ ၁၈ ဦးသေပြီး အများအပြားဒဏ်ရာရခဲ့...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=65209

#AA #သတ်ဖြတ် #ဘင်္ဂါလီ #FRC #MT #mtnews
-
ချင်းမိုင်က နေရာ ၆ နေရာကို ထိုင်းရဲတပ်ဖွဲ့ဝင်စစ်ပြီး တရားမဝင်နေထိုင်သူ မြန်မာ ၂၇ ဦးကို ဖမ်းဆီး
===============================================================
၁၄. ၅. ၂၀၂၄
Written by Thettant

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲက ချန်ကလန်နဲ့ မူအန် ချင်းမိုင်ခရိုင်ခွဲတွေက နေရာ ၆ နေရာကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးချိန်မှာ တရားဝင်အထောက်အထားမရှိဘဲနေထိုင်နေတဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံကို အခြေပြုလှုပ်ရှားနေတဲ့ တရားမဝင်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးနဲ့ နှိမ်နင်းရေးအတွက် မြန်မာနိုင်ငံသားတွေဝင်ရောက်နေထိုင်မှုများတဲ့နေရာတွေကို ဦးတည်စစ်ဆေးနေတဲ့ ထိုင်းအာဏာပိုင်တွေက မေလ ၁၃ ရက်ညမှာ ပိတ်ဆို့ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသားတွေချည်း ဖမ်းမိခဲ့တာပါ။

ဖမ်းမိခဲ့တဲ့ သူတွေဟာ လူငယ်တွေအများစုပါဝင်ပြီး အမျိုးသမီး ၁၀ ယောက်ဝန်းကျင်ရှိတယ်လို့ ကနဦးသတင်းတွေဖော်ပြထားကြပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံဟာ လူငယ်အမျိုးသားတွေကို ပြည်ပထွက်ခွင့် အသက်အကန့်အသတ်နဲ့ ပိတ်ပင်ထားသလို စစ်မှုထမ်းဥပဒေပပြင် လက်နက်ကိုင်အားလုံးကလည်း ပေါ်တာဆွဲတာ၊ စစ်သားစုဆောင်းတာ လုပ်ကိုင်နေတာကြောင့် လူငယ်တွေဟာ ပြည်ပကိုတရားမဝင်ထွက်ခွာတိမ်းရှောင်မှု မြင့်တက်လာနေတာပါ။

◾ Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=66093

#စစ်မှုထမ်း #ထိုင်း #ချင်းမိုင် #thailand
#ပေါ်တာ #စစ်ဘေးရှောင် #MT #mtnews
-
ဘူးသီးတောင်တစ်မြို့လုံးကို AA မီးရှို့လိုက်၍ တစ်မြို့လုံးပြာကျ

◾️ ဘူးသီးတောင်မြို့ပေါ်မှ ရိုဟင်ဂျာနေအိမ်များကို AA မီးရှို့လိုက်၍ ဘင်္ဂါလီတစ်သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွား
========================================================
၁၈. ၅. ၂၀၂၄
Written by Nay Moe

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ ဘူးသီးတောင်မြို့ကို သိမ်းလိုက်နိုင်တဲ့အခြေအနေဖြစ်လာအပြီး မနေ့ညကစပြီး ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာနေအိမ်တွေကို မီးရှို့လိုက်တာကြောင့် ဘင်္ဂါလီတစ်သိန်းခွဲကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လမ်းဘေးမှာ နေထိုင်နေရတယ်လို့ဘင်္ဂါလီအရေးလှုပ်ရှားတဲ့ FRC အဖွဲ့ တည်ထောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။

ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်ဖျက်ဆီးပြီး မီးတင်ရှို့လိုက်လို့ တစ်မြို့လုံးပြာကျသွားတဲ့ အကြောင်းကိုလည်း NUG လူ့အခွင့်အရေးဒုဝန်ကြီးဦးအောင်ကျော်မိုးက...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=66540

#AA #သတ်ဖြတ် #ဘင်္ဂါလီ #FRC #MT
#mtnewsagency #NewsUpdate
တရုတ်သမ္မတ၊ တရုတ်နိုင်ငံနှင့် တရုတ်စီးပွားရေးလုပ်ငန်းများကို မီးရှို့၊ ဆန္ဒပြ၊ တိုက်ခိုက်မှု အမြဲကျူးလွန်နေသည့် NUG က မန္တလေး၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှုကိုမူ မကျုးလွန်ဟု ယခုညဉ့်နက်ပိုင်းမှ NUG Page များအားလုံးက ထုတ်ပြန်

၂၀. ၁၀. ၂၀၂၄
Written by Tha Doe

၂၀၂၁ နွေဦးတော်လှန်ရေးကတည်းက တရုတ်နိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမြဲတစေ မီးရှို့ဖျက်ဆီး တိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့ NUG နဲ့ PDF တွေက TNLA ရဲ့ တိုက်ခိုက်မှုတွေ ရပ်စဲဖို့ သတိပေးတယ်ဆိုတဲ့စာထွက်ပေါ်လာအပြီးမှာလည်း တရုတ်သမ္မတ၊ တရုတ်နိုင်ငံအလံတွေကို မီးရှို့၊ ဆန္ဒပြ တိုက်ခိုက်မှုပြုလုပ်ခဲ့သေးပေမဲ့ အောက်တိုဘာ ၁၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ မန္တလေး၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှုကိုတော့ မကျုးလွန်ဘူးလို့ ဒီနေ့ အောက်တိုဘာ ၁၉ ရက် ညသန်းခေါင်အကျော်ကြမှ NUG က ဖွင့်လှစ်ထားတဲ့ Page အားလုံးက တစ်ပြိုင်နက် ထုတ်ပြန်လာပါတယ်။

မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှုမပြုမီမှာ ကချင်လက်နက်ကိုင် KIA က ပန်ဝါမြို့ကိုသိမ်းလိုက်တယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့သလို တရုတ်ကလည်း နယ်စပ်ဂိတ်တွေပိတ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့အပြီးမှာ မန္တလေးကတရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်ခဲ့တာပါ။ KIA ဟာလည်း NUG လက်အောက်ခံ PDF တွေကို KPDF ဆိုပြီး မွေးထုတ်ပေးနေသလို လက်ရှိ ပြုလုပ်နေတဲ့ ရှမ်း၊ မန်းစစ်ဆင်ရေးမှာလည်း NUG ရဲ့ မန္တလေး PDF တွေနဲ့အတူ KPDF တွေက ဝင်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

TNLA ကို အပစ်အခတ်ရပ်ဖို့ တရုတ်က စာထုတ်အသိပေးတယ်ဆိုတဲ့အချိန်တုန်းကလည်း NUG ဩဇာခံ PDF လေးဖွဲ့ကလည်း "ဖိရင်ကြွမယ် ထိရင်ချမယ်" "China; Back Off From Myanmar" ဆိုတဲ့ စာတန်းနှစ်ခုကို ကိုင်ဆွဲပြီး စက်တင်ဘာ ၄ ရက်က တရုတ်နိုင်ငံကို မီးရှို့ဆန္ဒပြမှု ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီဆန္ဒပြမှုမှာဆို ဆန္ဒပြတဲ့ PDF လေးဖွဲ့ဖြစ်တဲ့ Mayangone Democratic Front_MDF ၊ Owl Community၊ LinnYaung Ni Youth Organization_LYNYO နဲ့ Kyimyindaing Networks_KMD18 အဖွဲ့တွေက ရန်ကုန်မြို့တွင်းက မီးရထားသံလမ်းတစ်နေရာမှာ တရုတ်အလံ၊ TNLA ကို ပေးပို့တဲ့စာကို Print ထုတ်ထားတဲ့ စာရွက်တစ်ရွက်အပြင် တရုတ်သမ္မတရှီကျင့်ဖျင် ပုံတွေ မီးရှို့ပြီး ခြေနဲ့နင်းပြီး ဆန္ဒပြခဲ့ပေမဲ့ မန္တလေးကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုမှာတော့ NUG က မကျုးလွန်ဘဲ တရုတ်နဲ့ချစ်ကြည်လိုတယ်လို့လည်း NUG Page အားလုံးအပြင် Facebook သုံးကြတဲ့ NUG ဝန်ကြီးတွေကလည်း မျှဝေဖော်ပြထားတာကို တွေ့ရပါတယ်။

◾ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=78892

#KIA #ပန်ဝါ #ကောင်စစ်ဝန်ရုံး #အကြမ်းဖက် #တရုတ် #sac #မီးရှို့ #TNLA #PDF #NUCC #ဆန္ဒပြ #MT