Learn Matsuri Education
6.24K subscribers
872 photos
20 videos
707 links
"Learn, Grow & Shine – Your Golden Future Starts Here! ✨🌟"

The Greatest Learn Matsuri Education
Download Telegram
💬 19th Volunteer Calling
Vocational & General Studies Department

ကိုယ်တတ်ထားတဲ့ ပညာရပ်တစ်ခုရှိပေမယ့် အဲ့ဒီပညာရပ်ကို ဘယ်နေရာမှာ အသုံးချရမလဲ မသိသေးဘူးလား...?

🟡 ဒါဆိုရင်တော့ မိမိတတ်မြောက်ထားတဲ့ ပညာရပ်တွေကို လက်တွေ့အသုံးချနိုင်မယ့် အခွင့်အရေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။။ 📣

ကျွန်မတို့ Learn Matsuri Education ရဲ့ 19th Volunteer Calling မှာ Vocational & General Studies Department အတွက် Volunteer Teachers များကို ခေါ်ယူနေပါပြီရှင့်။

Teaching Subjects 📚

Coding
Buddhism Studies
History
Arts (Music)
Business Management
Administration
GED
IGCSE
IELTS
Law
Medicine
Biology
Economics
Physics
Chemistry
Burmese
Grade သင်ရိုး Curriculum
Arts
Painting


👥 Total Positions – 20 Posts

အထက်ပါ Subject တွေထဲက မိမိကျွမ်းကျင်တတ်မြောက်ထားတဲ့ ဘာသာရပ်အလိုက် လျှောက်ထားနိုင်ပါတယ်ရှင့်။

▫️ Volunteer Teacher အဖြစ် ပါဝင်ရင်း မိမိသိထားတဲ့ ပညာရပ်တွေကို မျှဝေသင်ကြားပေးနိုင်သလို Teaching Experience အသစ်တွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

▫️ သင်ကြားရေးအတွေ့အကြုံ မရှိသေးလို့ စိတ်မပူပါနဲ့နော်။ မိမိကျွမ်းကျင်တတ်မြောက်ထားတဲ့ Subject ကို သင်ကြားပေးလိုစိတ်ရှိတယ်ဆိုတာနဲ့တင် လျှောက်ထားနိုင်ပါတယ်။

Volunteer Teachers များအတွက် လိုအပ်ချက်များ ‼️

၁။ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမယ်။
( အသက် ၁၈ ပြည့်ရန် လပိုင်းအလိုဖြစ်ရင်လည်း လျှောက်ထားနိုင်ပါတယ် )

၂။ မိမိသင်ကြားမည့် ဘာသာအလိုက် ကျွမ်းကျင်မှု Certificate တစ်ခုခု ဒါမှမဟုတ် Level အမြင့်ပိုင်းတစ်ခုခုကို ရှိထား၊ အောင်မြင်ထားရမယ်။

၃။ TKT, TOEFL, IELTS စတဲ့ အသိအမှတ်ပြုလက်မှတ်တွေရှိထားရင် ပိုပြီးတော့ အဆင်ပြေတယ်။

၄။ အနည်းဆုံး အခြေခံပညာ အထက်တန်းအောင်မြင်ထားသူနဲ့ နိုင်ငံတကာအသိမှတ်ပြု အထက်တန်းအောင်လက်မှတ်ရှိသူဖြစ်ရမယ်။
ďťż
မိမိတတ်မြောက်ထားတဲ့ ပညာရပ်ကို အသုံးချရင်း အတွေ့အကြုံအသစ်တွေရယူချင်တယ်ဆိုရင်တော့ 19th Volunteer Calling မှာ အခုပဲလာရောက်လျှောက်ထားလိုက်ပါတော့နော်။ 🩵

Register Here ⬇️
@learnmatsurihr_bot

လျှောက်လွှာပိတ်မယ့် Deadline ကတော့ ( 12  ) ရက်နေ့ထိပဲဆိုတော့ ချက်ချင်း အမြန်ဆုံးသာ လှမ်းလာလှည့်ပါရှင်။

✨Learn Matsuri Education မှာ Free Class ပညာဒါနအတန်းလေးတွေ လစဉ်လတိုင်းရှိတာမလို့ Learn Matsuri ရဲ့ Telegram Channel လေးကို Subscribe လုပ်ထားပြီး Facebook Page လေးနဲ့ Tiktok Account လေးကိုလဲ Follow and Like လေးလုပ်ပေးထားကြပါဦး။ 🌷

Telegram Channel -
https://t.me/LearnMatsuri

Facebook Page -
https://www.facebook.com/share/1EnBwrsqsn/

Tiktok Account -
https://www.tiktok.com/@learnmatsuri?_t=ZS-8wfXDd8NUf3&_r=1

🎨 Graphic by Wati
📝 Content by Yaung

#LearnMatsuri #Educationforall
#LearnMatsuriEducation #EducationMatters
#19th_Volunteer_Calling #Volunteer_Calling
❤10
📢 19th Volunteer Calling
Department of Discipline & Administration

📚 Class Administration – 30 Posts


Class တစ်ခု အဆင်ပြေပြေနဲ့ စနစ်တကျ လည်ပတ်နိုင်ဖို့ဆိုတာ သင်ကြားပေးတဲ့သူတွေရဲ့ အခန်းကဏ္ဍတစ်ခုတည်းနဲ့ မပြီးဆုံးပါဘူး။

Students တွေရဲ့ လိုအပ်ချက်တွေကို သတိထားပေးတာ၊ Class Information တွေကို အချိန်မီ စီမံပေးတာ၊ လိုအပ်တဲ့အရာတွေကို သက်ဆိုင်ရာ Team တွေနဲ့ ချိတ်ဆက်ပေးတာစတဲ့ နောက်ကွယ်က စီမံခန့်ခွဲမှုတွေကလည်း Class တစ်ခု အဆင်ပြေစွာ လည်ပတ်နိုင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ 🌱

အဲ့ဒီလို Class တစ်ခုရဲ့ နောက်ကွယ်ကနေ လိုအပ်တာတွေကို စောင့်ကြည့်ကူညီပေးပြီး Students တွေအတွက် ပိုကောင်းတဲ့ Learning Environment တစ်ခု ဖြစ်လာအောင် ပါဝင်ပေးချင်တယ်ဆိုရင်တော့ Learn Matsuri Education ရဲ့ Class Administration Team မှာ Volunteer အဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ 💙

💭 Class Administration Team မှာ ဘာတွေလုပ်ရမလဲ?

▫️ Class တွေရဲ့ ပုံမှန်လည်ပတ်မှုကို စောင့်ကြည့်ပြီး လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးရမယ်၊

▫️ Attendance နဲ့ Class Information တွေကို စနစ်တကျ စီမံပေးရမယ်၊

▫️ Students တွေနဲ့ သက်ဆိုင်ရာ Team တွေအကြား လိုအပ်တဲ့ Information တွေကို ဆက်သွယ်ပေးရမယ်၊

▫️ Class အတွင်း ဖြစ်ပေါ်လာတဲ့ လိုအပ်ချက်တွေ၊ အခက်အခဲတွေကို သက်ဆိုင်ရာ Team နဲ့ ပူးပေါင်းဖြေရှင်းပေးရမယ်၊

▫️ Class နဲ့ ပတ်သက်တဲ့ Administrative Tasks တွေကိုလည်း Team Members တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးရမယ်။
ဒီ Team မှာ ပါဝင်ရင်း ဘာတွေရနိုင်မလဲ? ⁉️

▫️ Class Administration ပိုင်းမှာ လက်တွေ့အတွေ့အကြုံရရှိနိုင်သလို Students တွေနဲ့ Team Members တွေနဲ့ အတူတူအလုပ်လုပ်ရင်း Communication, Teamwork, Time Management နဲ့ Organizational Skills တွေကို တိုးတက်လာစေနိုင်မှာဖြစ်ပါတယ်။

▫️ ဒါ့အပြင် အဖွဲ့လိုက်လုပ်ဆောင်မှုတွေကနေ ကိုယ့်ရဲ့ Responsibility နဲ့ Problem-solving Skills တွေကိုလည်း လက်တွေ့အသုံးချပြီး ပိုမိုတိုးတက်လာနိုင်မှာပါ။ ✨


💭 ဘယ်လိုသူတွေ Join သင့်လဲ?

▫️ Class Administration နဲ့ပတ်သက်တဲ့ အလုပ်တွေကို စိတ်ဝင်စားသူဖြစ်ရမယ်။

▫️ တာဝန်ယူမှုရှိပြီး ပေးအပ်ထားတဲ့ Task တွေကို အချိန်မီ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူဖြစ်ရမယ်။

▫️ Students တွေနဲ့ Team Members တွေအကြား ကောင်းမွန်စွာ Communication လုပ်နိုင်သူဖြစ်ရမယ်။

▫️ Teamwork ကောင်းမွန်ပြီး အဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမယ်။

▫️ Administration ပိုင်းမှာ အတွေ့အကြုံရှိထားရင် ပိုကောင်းပေမယ့် အတွေ့အကြုံမရှိသေးသူတွေလည်း လျှောက်ထားနိုင်ပါတယ်။

Class တစ်ခု အဆင်ပြေပြေ လည်ပတ်နိုင်ဖို့အတွက် နောက်ကွယ်ကနေ ကိုယ်တိုင်ပါဝင်ကူညီပေးချင်တယ်၊ လူတွေနဲ့အတူ Teamwork နဲ့ အလုပ်လုပ်ရင်း အတွေ့အကြုံအသစ်တွေ ရယူချင်တယ်ဆိုရင်တော့ Class Administration Team ကနေ သင့်ကို ကြိုဆိုနေပါတယ်ရှင့်။ 🫶

အတွေ့အကြုံရှိပြီးသားဖြစ်ဖို့ထက် သင်ယူချင်စိတ်၊ တာဝန်ယူလိုစိတ်နဲ့ အတူတူကြိုးစားချင်တဲ့စိတ် ရှိဖို့က ပိုအရေးကြီးပါတယ်။ 📣

ဒါကြောင့် Learn Matsuri ရဲ့ Team Member တစ်ယောက်အဖြစ် ပါဝင်ချင်တယ်ဆိုရင် အခုကတည်းက Application Form လေးဖြည့်ပြီး Class Administration Team ကို Join လိုက်ပါနော်။ 🩵

⏰ Deadline – (12 )
📩 Apply Here – ( @learnmatsurihr_bot)

✨Learn Matsuri Education မှာ Free Class ပညာဒါနအတန်းလေးတွေ လစဉ်လတိုင်းရှိတာမလို့ Learn Matsuri ရဲ့ Telegram Channel လေးကို Subscribe လုပ်ထားပြီး Facebook Page လေးနဲ့ Tiktok Account လေးကိုလဲ Follow and Like လေးလုပ်ပေးထားကြပါဦး။ 🌷

Telegram Channel -
https://t.me/LearnMatsuri

Facebook Page -
https://www.facebook.com/share/1EnBwrsqsn/

Tiktok Account -
https://www.tiktok.com/@learnmatsuri?_t=ZS-8wfXDd8NUf3&_r=1

🎨 Graphic by Christine
📝 Content by Sandi

#LearnMatsuri #Educationforall
#LearnMatsuriEducation #EducationMatters
#19th_Volunteer_Calling #Volunteer_Calling
❤6
📢 19th Volunteer Calling
Activity Team


Activity တွေမှာ ပါဝင်ရတာကို သဘောကျပြီး ကိုယ်တိုင်လည်း ပျော်စရာကောင်းတဲ့ Activity လေးတွေ ဖန်တီးချင်စိတ်ရှိပေမယ့် ဘယ်ကနေစရမလဲ မသိသေးဘူးလား...? 👀

ဒါဆိုရင်တော့ မိမိရဲ့ Creative Ideas တွေ၊ Teamwork Skills တွေ ကို လက်တွေ့အသုံးချနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်။ ✨

ဒီတစ်ခါမှာတော့ Learn Matsuri Education ရဲ့ Activity Team အတွက် Volunteer 10 ယောက် ခေါ်ယူနေပါပြီရှင့်။ 💙

💭 Activity Team မှာ ဘာတွေလုပ်ရမလဲ?

• Team အတွက် Activity Ideas အသစ်များ စဉ်းစားပေးရမယ်၊
• Online / Offline Activities များအတွက် Planning ပြုလုပ်ရမယ်၊
• Activity များအတွက် Content နှင့် Announcement များ ဖန်တီးရမယ်၊
• Team Members များနှင့် ပူးပေါင်းပြီး Activity များကို အကောင်အထည်ဖော်ပေးရမယ်။

💭 ဘယ်လိုသူတွေ လျှောက်ထားနိုင်လဲ?

၁။ Activity Planning နဲ့ Event Management ကို စိတ်ဝင်စားသူဖြစ်ရမယ်။

၂။ Creative Ideas တွေ စဉ်းစားနိုင်ပြီး အသစ်အဆန်းတွေကို စမ်းသပ်လိုစိတ်ရှိသူဖြစ်ရမယ်။

၃။ Teamwork ကောင်းမွန်ပြီး Team Members တွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမယ်။

၄။ တာဝန်ယူမှုရှိပြီး ပေးအပ်ထားတဲ့ Task တွေကို အချိန်မီ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူဖြစ်ရမယ်။

၅။ Activity / Event ပိုင်းမှာ အတွေ့အကြုံရှိထားရင် ပိုကောင်းပေမယ့် အတွေ့အကြုံမရှိသေးသူတွေလည်း လျှောက်ထားနိုင်ပါတယ်။

Activity Team မှာ Volunteer အဖြစ် ပါဝင်ရင်တော် Creative နှင့် Communication, Teamwork နှင့် Event Planning Skills တွေကို လက်တွေ့အသုံးချပြီး အတွေ့အကြုံအသစ်တွေ ရယူနိုင်မှာပါ။ 🌱

ကိုယ်တိုင် Activity တွေကို ဖန်တီးချင်တယ်၊ လူတွေနဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးချင်တယ်ဆိုရင်တော့ အခုကတည်းက Application Form လေးဖြည့်၊ Activity Team မှာ ပါဝင်ပြီး စတင်အကောင်ထည်‌ဖော်လို့ရနေပါပြီရှင့်။

⏰  Deadline – ( 12)
@learnmatsurihr_bot

အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်မခံဘဲ အခုပဲ လာရောက်လျှောက်ထားလိုက်ပါနော်။ 🩵

✨Learn Matsuri Education မှာ Free Class ပညာဒါနအတန်းလေးတွေ လစဉ်လတိုင်းရှိတာမလို့ Learn Matsuri ရဲ့ Telegram Channel လေးကို Subscribe လုပ်ထားပြီး Facebook Page လေးနဲ့ Tiktok Account လေးကိုလဲ Follow and Like လေးလုပ်ပေးထားကြပါဦး။ 🌷

Telegram Channel -
https://t.me/LearnMatsuri

Facebook Page -
https://www.facebook.com/share/1EnBwrsqsn/

Tiktok Account -
https://www.tiktok.com/@learnmatsuri?_t=ZS-8wfXDd8NUf3&_r=1

🎨 Graphic by Christine
📝 Content by Yoon

#LearnMatsuri #Educationforall
#LearnMatsuriEducation #EducationMatters
#19th_Volunteer_Calling #Volunteer_Calling
❤7
❤4
19th Volunteer Calling

ဒီတစ်ခေါက် Batch 19 မှာဆိုရင်တော့—

◼️ Department Of Teaching
▫️ Languages Teaching Department


English — 10 Posts
Japanese —10 Posts
Chinese — 10 Posts
Korean — 20 Posts
Thai — 20 Posts
European Languages — 20 Posts
https://t.me/learnmatsuri/2362

◼️ Vocational & General Studies Department
▫️ Coding, Buddhism Studies, History, Arts (Music), Business Management/Adminstration, GED, IGCSE, IELTS, Law, Medicine, Biology, Economics, Physics, Chemistry, Burmese, Grade သင်ရိုး Curriculum, Arts, Painting  — 20 Posts
https://t.me/learnmatsuri/2364

◼️ Department of Discipline & Administration
▫️ Class Administration — 30 Posts
https://t.me/learnmatsuri/2366


◼️ Creative Media Department
▫️ Graphic Designer — 10 Posts
▫️ Researchers — 5 Posts
https://t.me/learnmatsuri/2360

◼️ Activity Team
▫️ Member — 20 Posts
https://t.me/learnmatsuri/2368

Deadline _12.9.2026
Apply _
@learnmatsurihr_bot
❤12❤‍🔥2
Guysတို့​ရေ...🫶🏻🩵

ဒီထဲမှာ အတန်းအပ်ခြင်း​အောင်မြင်​ကြောင်းစာရထားပြီး Class linkမရ​သေးတဲ့သူ​လေး​တွေရှိလား​​နော် ရှိရင်ကိုယ်ရ ထားတဲ့စာကိုssရိုက်ပီး သက်ဆိုင်ရာbot​လေး​တွေမှာ class link​လေး​တွေလာ​တောင်း​ပေးကြပါဦး​​နော် မပို့မိဘဲကျန်​နေမှာဆိုးလို့ပါရှင့်။🩵
❤20❤‍🔥5
IELTS/TOEFL မပါဘဲ Scholarship လျှောက်လို့ရတယ်ဆိုတာ တကယ်ဖြစ်နိုင်လား❓ 

​"မှန်ပါတယ်၊ တကယ်ဖြစ်နိုင်ပါတယ်"

​Australia, China, Hungary, Malaysia နဲ့ Thailand အပါအဝင် အချို့သောနိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်တွေမှာ IELTS/TOEFL ရမှတ်တွေမလိုဘဲ Scholarship လျှောက်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

​ဒါပေမယ့် IELTS/TOEFL မလိုဘူးဆိုတာက အင်္ဂလိပ်စာ အရည်အချင်း လုံးဝမလိုတော့ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူးနော်။

​🎓 IELTS/TOEFL မလိုဘဲ ပညာသင်ဆု လျှောက်နိုင်မည့် နည်းလမ်းတွေကတော့...

​၁။ Medium of Instruction (MOI) လက်မှတ် အသုံးပြုခြင်း

​ဥရောပ၊ အာရှနှင့် အချို့သော နိုင်ငံတကာ တက္ကသိုလ်တွေမှာ ယခင်တက်ရောက်ခဲ့တဲ့ တက္ကသိုလ်/ကောလိပ်ကနေ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခဲ့ကြောင်း ထုတ်ပေးတဲ့ MOI စာရွက်စာတမ်းကို တင်ပြခြင်းဖြင့် IELTS/TOEFL ရလဒ်ကို ခြွင်းချက် ရယူနိုင်ပါတယ်။ 

​၂။ တက္ကသိုလ်ကိုယ်ပိုင် အင်္ဂလိပ်စာ စစ်ဆေးမှုများ (Institutional English Test)

​ယခုနောက်ပိုင်းမှာ တက္ကသိုလ်အများစုက Duolingo English Test (DET) ကို လက်ခံလာကြပါပြီ။ ဒါ့အပြင် ကျောင်းအလိုက် Online (သို့မဟုတ်) ကိုယ်တိုင်ဖြေဆိုရမယ့် University English Test တွေကို ဖြေဆိုခွင့်ပေးထားတာကြောင့် အစားထိုး လျှောက်ထားနိုင်ပါတယ်။

ဥပမာအားဖြင့် ဟန်ဂေရီနိုင်ငံ (Hungary) ရဲ့  Stipendium Hungaricum Program မှာဆိုရင် Bachelor, Master နဲ့ PhD အထိ လျှောက်ထားနိုင်ပြီး Program နဲ့ တက္ကသိုလ်အလိုက် English Requirement ကွာခြားပါတယ်။ တချို့နေရာတွေမှာ IELTS/TOEFL အစား ယခင်တက်ခဲ့တဲ့ တက္ကသိုလ်ရဲ့ English Proficiency Certificate (သို့မဟုတ်) MOI ကို လက်ခံပေးပါတယ်။

​📌 အဓိက သတိပြုရမယ့်အချက်ကတော့...

IELTS/TOEFL တွေ မလိုဘူးဆိုတာ နိုင်ငံတကာသုံး အင်္ဂလိပ်စာအရည်အချင်း လုံးဝမလိုတော့တာ မဟုတ်ပါဘူး။ 

IELTS/TOEFL တွေအတွက် အချိန်ကုန်၊ ငွေကုန်ခံစရာမလိုဘဲ မိမိရဲ့ Skill တွေကို အခြားသော နည်းလမ်းတွေနဲ့ အစားထိုး တင်ပြနိုင်မယ့် အခွင့်အလမ်းတွေရှိနေတာပဲ ဖြစ်ပါတယ်။

အဲ့ဒီလိုအမျိုးမျိုးသော စွမ်းရည်တွေထဲမှ မိမိရဲ့ လိုအပ်တဲ့ skill တွေကို ဖြည့်တင်းနိုင်ဖို့အတွက် Learn Marsuri မှာ free class သင်တန်း အမျိုးအစားစုံလင်စွာ ပညာဒါနဖွင့်လှစ်ပေးထားပါတယ်။

ဒီတော့ ဘာသာစကားပဲဖြစ်ဖြစ်၊ ပညာရပ်တစ်ခုခုပဲဖြစ်ဖြစ် တိတိပပ level upgrade လုပ်ဖို့လိုလာရင် ဟောသည်က Learn Matsuri ကိုသာ အရင်ဆုံးသတိရလိုက်နော်။ ‼️

✨ Learn Matsuri Education မှာ Free Class ပညာဒါနအတန်းလေးတွေ လစဉ်လတိုင်းရှိတာမလို့ Learn Matsuri ရဲ့ Telegram Channel လေးကို Subscribe လုပ်ထားပြီး Facebook Page လေးနဲ့ Tiktok Account လေးကိုလဲ Follow and Like လေးလုပ်ပေးထားကြပါဦး။ 🌷

Telegram Channel -
https://t.me/LearnMatsuri
Facebook Page -
https://www.facebook.com/share/1EnBwrsqsn/
Tiktok Account -
https://www.tiktok.com/@learnmatsuri?_t=ZS-8wfXDd8NUf3&_r=1

🎨 Graphic by Christ
📝 Content by Zar Chi Oo 

#LearnMatsuri #Educationforall #LearnMatsuriEducation #EducationMatters
❤11
❤13
Vocabulary သီးသန့်မကျက်ဘဲ Sentence တွေကို နားလည်နိုင်ပါ့မလား?

ကြားဖူးကြလား Matsurian လေးတို့ရေ...။ ဘာသာစကားတစ်ခုမှာ ဝေါဟာရဆိုတာ အုတ်ခဲတွေလိုပါပဲတဲ့။ 🧱

ကိုယ်က ဘယ်လောက်ပဲ ဝေါဟာရကြွယ်ဝနေပါစေ၊ စာကြောင်းတစ်ခုကို ဖြစ်မြောက်အောင် မတည်ဆောက်နိုင်ရင်တော့ အုတ်ခဲတွေကို စုပုံထားပြီး အိမ်မဆောက်တတ်တာနဲ့ အတူတူပါပဲ။❗️

ဒီတော့ Vocabulary ကို သီးသန့်ကျက်မှတ်စရာမလိုဘဲ ဝါကျတွေ အလိုလိုနားလည်လာအောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ လေ့လာလို့ရသလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

1⃣ Context ကို ချင့်ချိန်ပါ

ရှိရှိသမျှ ဝေါဟာရတိုင်းကို အမြဲသိထားဖို့ဆိုတာ ဘယ်လိုမှ မလွယ်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် Sentence တစ်ခုအတွင်းက Grammar, Collocation နဲ့ Context ကိုကြည့်ပြီး မသိတဲ့ Vocabulary ရဲ့အဓိပ္ပါယ်ကို ခန့်မှန်းပါ။

2⃣ Personalization

စာအုပ်ထဲကဝါကျကို အလွတ်ကျက်လိုက်တာထက် ကိုယ့်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုခုကို အစားထိုးတွဲစပ်ကြည့်တဲ့အခါ ပိုပြီးမှတ်သားရလွယ်လာပါလိမ့်မယ်။

3⃣ Spaced Repetition

ဒီနည်းလမ်းကတော့ အချိန်တစ်ခုခြားပြီး memory recall လုပ်ခြင်းပါ။ ဝေါဟာရပဲဖြစ်ဖြစ်၊ ဝါကျတည်ဆောက်ပုံတစ်ခုပဲဖြစ်ဖြစ် ဒီနေ့မှတ်မိရင်တောင် မနက်ဖြန်မေ့သွားနိုင်ပါတယ်။

ဒါကြောင့် Flashcard လေးတွေ ပုံမှန်သုံး၊ Quiz တွေလုပ်ပြီး အမြဲလေ့ကျင့်ကြည့်ပါ။

4⃣ The Chunking Method

ဝါကျတစ်ခုလုံးကို တစ်လုံးချင်းသာ လိုက်ဖြိုခွဲနေရင် ထိရောက်မှုနည်းမှာ အသေအချာပါပဲ။ ဒီတော့ ဝါကျထဲက စကားစုတွေကိုပဲ အစုလိုက်လေး တိတိကျကျမှတ်ပါ။

ဥပမာ။ "I would like to..." ဆိုတဲ့အစုကိုမှတ်ထားရင် နောက်က Verb တစ်ခုခုထည့်ရုံနဲ့ တခြားဝါကျတွေကိုလည်း အလွယ်တကူ တည်ဆောက်နိုင်ပါလိမ့်မယ်။

5⃣ အလေ့အကျင့်ရှိပါစေ

ဘာသာစကားတစ်ခုနဲ့ ထိတွေ့ရင်းနှီးပြီးသား လူတစ်ယောက်ဟာ Grammar rule တွေကို စည်းမျဥ်းတကျ လေ့လာမထားရင်တောင် နေ့စဥ်ဘဝမှာ ဒက်ကနဲဆိုသလို ပြန်လည်အသုံးချနိုင်ပါတယ်။

ဒီလို Sentence တစ်ကြောင်းကို အလိုအလျောက်နားလည်လာနိုင်ဖို့ဆိုရင် အဓိကလိုတာက အဆက်မပြတ်လေ့ကျင့်ဖို့ပါပဲ။ နေ့တိုင်းစာကို အသံထွက်ဖတ်ပါ၊ ပြောပါ၊ သင်ယူထားသမျှကို အသုံးချပါ။

ဒါတွေကတော့ Vocabulary ကို မျက်စေ့ထောက်ဒေါက် ကျက်စရာမလိုဘဲ Sentence တွေကို အလိုလို Automatic နားလည်လာနိုင်မယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။ 📌

ဘာပဲဖြစ်ဖြစ် သိထားရမှာက ဘာသာစကားဆိုတာ ဖော်မြူလာတစ်ခုမဟုတ်ပါဘူး Matsurian လေးတို့ရေ၊ အလေ့အကျင့်ပါ။

ဘယ်ဘာသာစကား၊ ဘယ်ပညာရပ်ပဲဖြစ်ဖြစ် နေ့စဥ် ပုံမှန်လေးသာ စီးမျောလေ့ကျင့်သွားရင် အချိန်တစ်ခုရောက်တဲ့အခါ သေချာပေါက် ကျွမ်းကျင်ပိုင်နိုင်လာမှာ ကျိန်းသေပါပဲ။❗️

ဒီတော့ ဒီကွန်းတန့်လေးကနေ Matsurian လေးတို့လည်း ဗဟုသုတတစ်ခုခု ရသွားလောက်မယ်လို့ မျှော်လင့်ပါတယ်။ အခုတော့ နှုတ်ဆက်ပါရစေ။ ကဲ နောက်တစ်ခေါက်မှ ပြန်တွေ့ကြတာပေါ့...။ 👋🏼

✨Learn Matsuri Education မှာ Free Class ပညာဒါနအတန်းလေးတွေ လစဉ်လတိုင်းရှိတာမလို့ Learn Matsuri ရဲ့ Telegram Channel လေးကို Subscribe လုပ်ထားပြီး Facebook Page လေးနဲ့ Tiktok Account လေးကိုလဲ Follow and Like လေးလုပ်ပေးထားကြပါဦး🌷

Telegram Channel -
https://t.me/LearnMatsuri

Facebook Page -
https://www.facebook.com/share/1EnBwrsqsn/

Tiktok Account -
https://www.tiktok.com/@learnmatsuri?_t=ZS-8wfXDd8NUf3&_r=1

🎨 Graphic by me aea
📝 Content by Austin


#LearnMatsuri #Educationforall #LearnMatsuriEducation #EducationMatters #Learning #Languages #Vocabulary #English #Sentence #Tips #Tricks
❤10
❤10
Media is too big
VIEW IN TELEGRAM
✨Learn Matsuri Education မှာ Free Class ပညာဒါနအတန်းလေးတွေ လစဉ်လတိုင်းရှိတာမလို့ Learn Matsuri ရဲ့ Telegram Channel လေးကို Subscribe လုပ်ထားပြီး Facebook Page လေးနဲ့ Tiktok Account လေးကိုလဲ Follow and Like လေးလုပ်ပေးထားကြပါဦး🌷

Telegram Channel -
https://t.me/LearnMatsuri

Facebook Page -
https://www.facebook.com/share/1EnBwrsqsn/

Tiktok Account -
https://www.tiktok.com/@learnmatsuri?_t=ZS-8wfXDd8NUf3&_r=1

#‌Learn_Matsuri_Education
#video_editor_byPyaeShanHtun
❤5
တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) 🙏

တော်သလင်းလဟာ မြန်မာ့ဆယ့်နှစ်ရာသီမှာ "မိုးလေကင်းလွတ်၊ မြစ်ချောင်းများ ရေသာသာစကြည်၊ လှေပြိုင်ပွဲများ ကျင်းပရာ လ" အဖြစ် ထင်ရှားလှပါတယ်။ ဒါ့အပြင် တော်သလင်းလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထူးမြတ်လှတဲ့ "ဂရုဓမ္မအခါတော်နေ့" လည်း ဖြစ်ပါတယ်။

✨ဂရုဓမ္မဆိုတာ ဘာလဲ?
ဂရုဓမ္မဆိုတာ လေးစားအပ်တဲ့ တရား၊ သီလတရား (ငါးပါးသီလ) ကို ဆိုလိုတာပါ။ မြတ်စွာဘုရားလောင်း ကုရုတိုင်းမှာ ကုရုမင်း ဖြစ်စဉ်က မင်းရော၊ ပြည်သူပါ "ငါးပါးသီလ" ကို အသက်ထက်ဆုံး စောင့်ထိန်းခဲ့ကြပါတယ်။

✨အဲဒီလို သီလတရား ခိုင်ခံ့မှုကြောင့် ကုရုတိုင်းမှာ မိုးလေဝသ မှန်ကန်ခြင်း၊ ကပ်ရောဂါများ ကင်းဝေးခြင်း၊ တိုင်းသူပြည်သားများ အေးချမ်းသာယာခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေကို ခံစားခဲ့ရပါတယ်။ ဒါကြောင့် တော်သလင်းလပြည့်နေ့ ရောက်တိုင်း ငါးပါးသီလရဲ့ အရေးပါပုံနဲ့ ကျေးဇူးတရားတွေကို အောက်မေ့ သတိရကြတာ ဖြစ်ပါတယ်။


✨ဒီနေ့လို ထူးမြတ်တဲ့ အခါတော်နေ့မှာ -
ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး ငြိမ်းချမ်းပါစေ။
ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းနိုင်ကြပါစေ။

✨ကမ္ဘာသူ၊ ကမ္ဘာသား အားလုံး ဘေးဥပါဒ် ကင်းဝေးပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ။

🙏တော်သလင်းလပြည့်နေ့မှာ ပြုပြုသမျှ အလှူဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အစုစုတို့ကို ထပ်တူထပ်မျှ အမျှရကြပါစေကြောင်း ဆုမွန်ကောင်း Learn Matsuri Education Organisation မှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

✨Learn Matsuri Education မှာ Free Class ပညာဒါနအတန်းလေးတွေ လစဉ်လတိုင်းရှိတာမလို့ Learn Matsuri ရဲ့ Telegram Channel လေးကို Subscribe လုပ်ထားပြီး Facebook Page လေးနဲ့ Tiktok Account လေးကိုလဲ Follow and Like လေးလုပ်ပေးထားကြပါဦး🌷

Telegram Channel -
https://t.me/LearnMatsuri

Facebook Page -
https://www.facebook.com/share/1EnBwrsqsn/

Tiktok Account -
https://www.tiktok.com/@learnmatsuri?_t=ZS-8wfXDd8NUf3&_r=1

✨Content by_Htet
✨Graphic by_Christine

#တော်သလင်းလပြည့် #ဂရုဓမ္မအခါတော်နေ့ #မြန်မာ့ရာသီပွဲတော် #အခါတော်နေ့
❤8
❤17
❗️ခုလို International education တွေ၊ scholarship တွေလျှောက်ဖို့ဆိုရင်တော့ International language တစ်ခုဖြစ်တဲ့ English ကိုသေချာသင်ယူထားဖို့တော့လိုတယ်နော်။

✨Skill up ဖို့နဲ့ Confident တိုးဖို့အတွက် ကိုယ်နဲ့Vibe ကိုက်မယ့် English Class 2 ခုကို ရွေးချယ်ပြီးတော့ အပ်လိုက်တော့နော်။

❗️Basic ကို စနစ်တကျနဲ့ Solid ဖြစ်အောင် တည်ဆောက်ချင်သူတွေအတွက်

📚 Class Name: English Elementary Class
👩‍🏫 Tr. Name:Tr Aria
🗓️ Class Days:Thur,Fri,Sat
⏰ Class Time:6:30 to 7:30pm
💻 Class Type:zoom
📝 Homework: ရှိ
📊 Final Exam: ရှိ
⏳ Course Duration: 3 months
👥 Student Limit: 20
📅 Start Date: Oct 15
📔 Course Book Own Curriculum


📌 Additional Notes
Note Book ဆောင်ထားပေးပါရန် Level Test စစ်ဆေးပေးပါ


❗️Grammar ရော Vocab ရော စုံစုံလင်လင်နဲ့ 4 Skills လုံးကို Balanced ဖြစ်ဖြစ် Practice လုပ်ချင်သူများအတွက်

📚 Class Name: Everyday English Grammar & Vocabulary (Elementary Level)
👩‍🏫 Tr. Name: Tr Ying
🗓️ Class Days: Saturday and Sunday
⏰ Class Time: 10 am to 11:30 am
💻 Class Type: Zoom
📝 Homework: ရှိ
📊 Final Exam: ရှိ
⏳ Course Duration: 1 Month (5 weeks)
👥 Student Limit: 30
📅 Start Date: October 10
📔 Course Book / Curriculum:
Own Curriculum + Reference from English Grammar in use and Vocabulary in use (Elementary)


📌 Additional Notes :
ချယ့်က Vocabulary ကို Monday, Wednesday and Friday မှာ ကျက်ဖို့ အဓိပါယ်ရော အသံရော ပေးမှာမလို့ ကိုယ့်ဘာကို ကျက်မှတ်နိုင်ရပါမယ်။ ပြီးမှ အတန်းထဲ ပြန်မေးပြီး တခါတည်း အသုံးချရပါမယ်။
Grammar နဲ့ Vocabulary ကို focus ထားပေမဲ့ 4 skills ကိုလဲ practice လုပ်ရပါမယ်
EF set ရဲ့ 15 mins level test စစ်ပါမယ်။

📢 သင်တန်းတက်မည့်သူများ အတွက် အချက်အလက်များ

🎐 အရင်ဆုံး အတန်းစည်းကမ်းများ ဖတ်ရှုပြီး၊
🎐 အတန်းအချိန်ဇယား ကို သေချာကြည့်ပြီးမှ တက်ပေးပါ။

---

📌 အတန်းစည်းကမ်းဖတ်ရန် – https://t.me/learnmatsuri/551

📌 သင်တန်းအပ်ရန် (Form Code မရသေးသူများသာ)

Telegram – @learnmatsuri_bot
Facebook – Page Messenger
TikTok – ခေတ္တရပ်နားထားပါသည်။

အပ်ရန်- http://t.me/LearnMatsuritraining1_bot
----

🎐 အားလုံးအဆင်ပြေပြီး သေချာစွာ တက်လို့ရအောင် ဒီအဆင့်တွေကိုလိုက်နာပေးပါနော် 🩵🌟

🎨 Graphic Design By Christine
📝 Content Writing By Htet
❤6
❗️ကိုယ်ကခုလတ်တလော လူငယ်တွေကြားမှာ သင်ယူလေ့လာမှုများနေတဲ့ Chinese languageကိုသင်ယူဖို့တော့စဉ်းစားနေတယ်။🤔

ဒါပေမယ့် "တရုတ်စာ သင်ချင်ပေမဲ့ ဘာမှမသိသေးလို့ Overwhelmed ဖြစ်နေလား?" ဒါမှမဟုတ် "Basic ရပြီးသားမို့လို့ HSK 2 ကိုပဲ Slay သွားချင်တာလား?"ဒါဆိုရင်တော့ learn Matsuri Education ရဲ့ Free Chinese class လေးကိုjoin လိုက်နော်။

✨Chinese ကိုbasic ကနေစပြီးတော့သင်ချင်တဲ့သူလေးတွေအတွက်

📚 Class Name: Chinese basic
👩‍🏫 Tr. Name:Tr Zin
🗓️ Class Days:Mon,Tue&Wed
⏰ Class Time:10:00am to 11:00am
💻 Class Type:zoom
📝 Homework: ရှိ
📊 Final Exam: မရှိ
⏳ Course Duration: 1 months
👥 Student Limit: 20
📅 Start Date: Oct 12
📔 Course Book - own curriculum



✨ကိုယ်က HSK1ပြီးပြီ နောက်ထပ် HSK2 ကို level up ချင်သူလေးတွေအတွက်

📚 Class Name: Chinese HSK2
👩‍🏫 Tr. Name:Tr Zin
🗓️ Class Days:Sat&Sun
⏰ Class Time:9:30am to 10:30am
💻 Class Type:zoom
📝 Homework: ရှိ
📊 Final Exam: ရှိ
⏳ Course Duration: 2 months
👥 Student Limit: 20
📅 Start Date: Oct 24
📔 Course Book - HSK 2


📢 သင်တန်းတက်မည့်သူများ အတွက် အချက်အလက်များ

🎐 အရင်ဆုံး အတန်းစည်းကမ်းများ ဖတ်ရှုပြီး၊
🎐 အတန်းအချိန်ဇယား ကို သေချာကြည့်ပြီးမှ တက်ပေးပါ။

---

📌 အတန်းစည်းကမ်းဖတ်ရန် – https://t.me/learnmatsuri/551

📌 သင်တန်းအပ်ရန် (Form Code မရသေးသူများသာ)

Telegram – @learnmatsuri_bot
Facebook – Page Messenger
TikTok – ခေတ္တရပ်နားထားပါသည်။
အပ်ရန်- http://t.me/LearnMatsuritraining2_bot

🎐 အားလုံးအဆင်ပြေပြီး သေချာစွာ တက်လို့ရအောင် ဒီအဆင့်တွေကိုလိုက်နာပေးပါနော် 🩵🌟

🎨 Graphic Design By Christine
📝 Content Writing By Htet
ďťż
❤9