Learning and Growing Chinese Online Class
2.25K subscribers
112 photos
132 videos
5 files
15 links
Basic, HSK-1,HSK-2နဲ့ အခြား တရုတ်စာနှင့်သက်ဆိုင်တဲ့သင်ခန်းစာတွေကို မျှဝေပါမယ်။
Download Telegram
不(bù)နဲ့ 没(méi)
ငြင်းတာကို အလွယ်မှတ်ရအောင်

不(bù)က လက်ရှိနဲ့နောက်ဖြစ်မယ့်ဟာကိုငြင်းတာ

我不吃。
Wǒ bù chī.
ငါ မစားဘူး

我不喝水。
Wǒ bù hē shuǐ.
ငါ ရေ မသောက်ဘူး

နောက်ဖြစ်မယ့်ဟာဆိုရင်တော့
会(huì)ထည့်တယ်
我不会吃。
wǒ bú huì chī。
ငါစားမှာမဟုတ်ဘူး

没(méi)က ဖြစ်ပြီးသားဟာကိုငြင်းတာ
အတိတ်ကဖြစ်ခဲ့တာ မနေ့ကဖြစ်တာ မနက်ကဖြစ်တာ လွန်ခဲ့တဲ့အချိန်ခဏလေးတုန်းကဖြစ်ခဲ့တာ
အတိတ်ငြင်းတာမှန်သမျှ 没méi

我没吃。
Wǒ méi chī.
ငါ မစားခဲ့ဘူး

我没喝水。
Wǒ méi hē shuǐ.
ငါ ရေ မသောက်ခဲ့ဘူး

ဒါဆိုရှင်းလောက်ပီထင်တယ်နော်
မရှင်းသေး ဝါကျအချို့ ထပ်ကြည့်မယ်

他没爱你。
Tā méi ài nǐ.
သူမင်းကို မချစ်ခဲ့ဘူး။
(အရင်ကမချစ်ခဲ့ဘူး၊ အခုတော့မသေချာ)

他不爱你。
Tā bú ài nǐ.
သူမင်းကိုမချစ်ဘူး။
(အရင်က ချစ်ချငိ ချစ်မယ်။အခုမဟုတ်။
နောက်လည်းမသေချာ)

他不会爱你。
Tā bú huì ài nǐ.
သူမင်းကိုချစ်မှာ မဟုတ်ဘူး။
(အခုမချစ်သလို နောက်လည်းမချစ်)

😉😉😉
#LGGrammar
@learningandgrowing1
12
ဘယ်အပိုင်းကို ‌ဦးစားပေးပြီး လေ့လာချင်ကြလဲ
Anonymous Poll
34%
语法(yǔ fǎ)သဒ္ဒါ
75%
စကားပြောဝါကျတိုများ
3
34633538 (1).pdf
16.7 MB
အခြေခံသဒ္ဒါစာအုပ်ပါ
English လိုရှင်းပြချက်တွေပါ ပါတယ်။

Grammar လေ့ကျင့်ခန်းတွေတင်တဲ့အခါ ဒီစာအုပ်ထဲက အကြောင်းအရာအချို့ပါ တင်ပေးပါမယ်။
4🔥4
你都多大了?
Nǐ dōu duō dà le?
မင်းအသက်ဘယ်လောက်‌တောင်ရှိနေပြီလဲ

你不知道吗?
Nǐ bù zhīdào ma?
မင်းမသိဘူးလား

你看看你父母的白头发。
Nǐ kànkan nǐ fùmǔ de báitóufa.
မင်းမိဘတွေရဲ့ ဆံပင်ဖြူလာတာကို ကြည့်လိုက်

你想一想,亲戚朋友看你的眼神。
Nǐ xiǎng yì xiǎng, qīnqi péngyou kàn nǐ de yǎnshén.
မင်းရဲ့ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက မင်းကိုကြည့်ကြတဲ့အကြည့်တွေကို စဉ်းစားကြည့်စမ်းပါ

你已经到了输不起的年纪了,你知道吗?
Nǐ yǐjīng dào le shū bu qǐ de niánjì le, nǐ zhīdào ma?
မင်းဟာ ရှုံးနိမ့်မရတဲ့အရွယ်ကို ရောက်နေပြီဆိုတာကိုရော သိလား

你还在玩。
Nǐ hái zài wán.
မင်းက အခုထိ အပျော်အပါးနောက် လိုက်နေတုန်းပဲ

去干,去奋斗。
Qù gàn, qù fèndòu.
တစ်ခုခုကို စလုပ်စမ်းပါ ကြိုးစားရုန်းကန်လိုက်စမ်းပါ

可是你动不动就说:“我什么都不会,我不知道。”
Kěshì nǐ dòng bu dòng jiù shuō: “Wǒ shénme dōu bú huì, wǒ bù zhīdào.”
ဒါပေမယ့် မင်းက အလွယ်တကူပဲ“ငါဘာမှမတတ်ဘူး၊ ငါမသိဘူး” လို့ ပြောနေတယ်

你总在给自己找理由,找借口。
Nǐ zǒng zài gěi zìjǐ zhǎo lǐyóu, zhǎo jièkǒu.
မင်းက အမြဲတမ်း ကိုယ့်အတွက် အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ ရှာနေတယ်

你到底在等什么?
Nǐ dàodǐ zài děng shénme?
မင်းတကယ် ဘာကိုစောင့်နေတာလဲ


@learningandgrowing1
7
赢 yíngနိုင်သည်။အနိုင်ရရှိသည်။


亡 = အန္တရာယ် / ဆုံးရှုံးမှုကို သတိထား
口 = ကိုယ့်ကိုယ်ကို ထိန်းချုပ်၍စကားပြောဆိုခြင်း
月 = အချိန်
贝 = ငွေကြေး နှင့် အကျိုးအမြတ်

အချိန်ကို တန်ဖိုးထားပါ။
ကိုယ့်ကိုယ်ကိုထိန်းချုပ်၍ စကားပြောဆိုပါ။
ဆုံးရှုံးမှုအန္တရာယ်ကိုသိရှိပြီး ရှောင်ကျဉ်၍ အကျိုးအမြတ်ရအောင် လုပ်နိုင်ရင် 赢 = အနိုင်ရတယ် ဆိုပြီး မှတ်နိုင်ပါတယ်

(အနိုင်ရဖို့ ခက်ခဲတယ်ဆိုတာကို တရုတ်စာလုံးက လက်တွေ့ပြ🥲🥲🥲)

@learningandgrowing1
4
မနက်ဖြန်ကျရင် zoom ပညာဒါန
မနက်၆-၇အတန်းလေး စမယ်နော်😉😉😉

@learningandgrowing1
11
饿时馒头贵,饱时玫瑰香。
È shí mántou guì, bǎo shí méiguī xiāng.
ဗိုက်ဆာရင် မုန့်ကတန်ဖိုးရှိပြီး၊ ဗိုက်ပြည့်သွားရင် တော့ နှင်းဆီတွေကမွှေးလာတယ်

这个世界上没有最重要的东西,只有最需要的东西。
Zhège shìjiè shàng méiyǒu zuì zhòngyào de dōngxi, zhǐyǒu zuì xūyào de dōngxi.
ဒီကမ္ဘာမှာ အရေးအကြီးဆုံးအရာမရှိဘူး၊ ကိုယ်အလိုအပ်ဆုံးအရာပဲရှိတယ်

累了就休息,饿了就吃饭,渴了就喝水。
Lèi le jiù xiūxi, è le jiù chīfàn, kě le jiù hē shuǐ.
ပင်ပန်းရင် အနားယူ၊ ဗိုက်ဆာရင် စား၊ ရေဆာရင် သောက်လိုက်

不要为难自己,也不要追求遥不可及的东西。
Bú yào wéinán zìjǐ, yě bú yào zhuīqiú yáo bù kě jí de dōngxi.
ကိုယ့်ကိုယ်ကို မပင်ပန်းစေနဲ့၊ လက်လှမ်းမမီတဲ့အရာတွေနောက်ကိုလည်း မလိုက်နဲ့

珍惜眼前,懂得知足,才是最大的幸福。
Zhēnxī yǎnqián, dǒngde zhīzú, cái shì zuì dà de xìngfú.
လက်ရှိအရာတွေကို တန်ဖိုးထားပြီး ရောင့်ရဲတတ်ခြင်းကပဲ အကြီးမားဆုံးပျော်ရွှင်မှုပါ

@learningandgrowing1
5
မျိုးပြပစ္စည်း တွေအကြောင်းလေ့လာရအောင် (၁)

把bǎ

把 ကို လက်နဲ့ ကိုင်နိုင်တဲ့၊ လက်ကိုင်ပါတဲ့ အရာတွေကို ရေတွက်တဲ့အခါ သုံးပါတယ်

အခြေခံပုံစံ

一 + 把 + Noun

一把刀 (yì bǎ dāo )ဓားတစ်ချောင်း

一把伞 (yì bǎ sǎn ) ထီးတစ်လက်

一把椅子 (yì bǎ yǐzi )ထိုင်ခုံတစ်လုံး

一把雨伞 ( yì bǎ yǔsǎn )ထီးတစ်လက်

一把钥匙( yì bǎ yàoshi )သော့တစ်ချောင်း

一把剪刀( yì bǎ jiǎndāo )ကတ်ကြေးတစ်လက်

一把梳子 (yì bǎ shūzi )(ခေါင်း)ဘီးတစ်ချောင်း

ဥပမာ

桌子上有一把刀。
Zhuōzi shàng yǒu yì bǎ dāo.
စားပွဲပေါ်မှာ ဓားတစ်ချောင်းရှိတယ်

.......................................................

တချို့နေရာတွေမှာ လက်တစ်ဆုပ်စာ / လက်တစ်ကိုင်စာ ဆိုတဲ့ သဘောနဲ့ သုံးပါတယ်။

ဥပမာ

一把米
yì bǎ mǐ
ဆန်လက်တစ်ဆုပ်

一把花生
yì bǎ huāshēng
မြေပဲလက်တစ်ဆုပ်

一把盐
yì bǎ yán
ဆားလက်တစ်ဆုပ်

一把花
yì bǎ huā
ပန်းပွင့်လက်တစ်ဆုပ်

..............................................................

一把 + ကြိယာ (ဒီပုံစံလည်းသုံးလို့ရတယ်)

一把拉住 yì bǎ lā zhùလက်တစ်ချက်နဲ့ ဆွဲဖမ်းလိုက်သည်

一把抓住 yì bǎ zhuā zhùလက်တစ်ချက်နဲ့ ဖမ်းဆုပ်လိုက်သည်

一把抱住 yì bǎ bào zhùချက်ချင်းဖက်လိုက်သည်

一把推开yì bǎ tuī kāi လက်တစ်ချက်နဲ့ တွန်းဖယ်လိုက်သည်

ဥပမာ

他一把抓住我的手。
Tā yì bǎ zhuā zhù wǒ de shǒu.
သူက ငါ့လက်ကို တစ်ချက်တည်းနဲ့ ဆုပ်ကိုင်လိုက်တယ်။

(စကားပြေယသင်ခန်းစာတွေက နောက်နေ့ကျတင်ပေးပါမယ်😉😉😉)

#LGGrammar
@learningandgrowing1
3
"သော့တစ်ချောင်း" ကို တရုတ်လို မှန်ကန်စွာ ဖော်ပြထားတာ ဘယ်ဟာလဲ?
Anonymous Poll
69%
一把钥匙 (yì bǎ yàoshi)
19%
一个钥匙 (yí gè yàoshi)
13%
一条钥匙 (yì tiáo yàoshi)
0%
一张钥匙 (yì zhāng yàoshi)
睡吧。
Shuì ba.
အိပ်ပါတော့

他可能也已经对另一个人说了晚安。
Tā kěnéng yě yǐjīng duì lìng yí gè rén shuō le wǎn’ān.
သူလည်း တခြားတစ်ယောက်ကို Good Night ပြောပြီးလောက်ပြီ

然后安心地睡着了。
Ránhòu ānxīn de shuì zháo le.
ပြီးတော့ စိတ်အေးလက်အေးနဲ့ အိပ်ပျော်နေလောက်ပြီ

只有你还在这里,傻傻地想着他。
Zhǐyǒu nǐ hái zài zhèlǐ, shǎshǎ de xiǎng zhe tā.
ဒီမှာတော့ မင်းတစ်ယောက်တည်း သူ့အကြောင်းကို ရူးမိုက်စွာ တွေးနေတုန်းပဲ။ 🥀


အိပ်မက်လှကြပါစေနော်😉😉😉

@learningandgrowing1
4😢3
This media is not supported in your browser
VIEW IN TELEGRAM
ညကျက် မနက်မေ့များအားလုံး

早上好 zǎo shang hǎo
မင်္ဂလာမနက်ခင်းပါ🥰🥰🥰

@learningandgrowing1
🤣145
1. 随你。
Suí nǐ.
မင်းသဘောပဲ

2. 随你的便。
Suí nǐ de biàn.
မင်းလုပ်ချင်သလိုလုပ်
(suí biàn nǐ မင်းသဘောပဲ)
(ကြိုက်တာသုံးလို့ရတယ်နော်
အပေါ်က 随你的便က စိတ်မရှည်တော့လို့ ပြောတဲ့ စကားပါ)

3. 你说呢?
Nǐ shuō ne?
မင်းပြောကြည့်လေ( မင်းရောဘယ်လိုထင်လဲ)

4. 你觉得呢?
Nǐ juéde ne?
မင်းအမြင်ကရော

5. 还行吧。
Hái xíng ba.
အဆင်ပြေပါတယ်

6. 差不多吧。
Chàbuduō ba.
သိပ်မကွာလောက်ပါဘူး
(အကြမ်းဖျင်းတော့အဲ့ဒီလိုပါပဲ)

7. 不一定。
Bú yídìng.
မသေချာဘူး

8. 谁知道呢?
Shéi zhīdào ne?
ဘယ်သူသိမှာလဲ

9. 关你什么事?
Guān nǐ shénme shì?
မင်းနဲ့ဘာဆိုင်လို့လဲ
(关你屁事
guān nǐ pì shì
မင်းသောက်ကိစ္စလား/မင်းနဲ့ဘာဆိုင်လဲ)

နေ့စဉ်သုံးအတိုလေးတွေ ပုံမှန်ပြောကြည့်နော်
လူချစ်လူခင်များစေမယ့် ယဉ်ယဉ်ကျေးကျေး ဖရုဿဝါစာ(ဆဲဆို) ပြောဆိုနည်းတွေကိုလည်း ထပ်တင်ပေးပါမယ်😉😉😉

@learningandgrowing1
10