Lucky Bunnies Family 33
8 subscribers
34 photos
1 video
4 links
ယုန်ကျန်းမာရေး🐰Main Pin Post🐰by တီတီ
Download Telegram
A.
ယုန်အထီးအမခွဲနည်း

အထီးအမဘယ်လိုခွဲရလဲ?
စာနဲ့ဆို ဖြဲကြည့်ဆို ဒေါင်လိုက်နဲ့ ကန့်လန့်ကိုမကွဲကြတာနဲ့
ယုန်ကိုဒေါင်လိုက်ထားရမှာလားလက်ကဒေါင်လိုက်လားနဲ့ပြောတဲ့သူရောလိုက်လုပ်သူပါလည်နေကြလို့

စမွေးကထဲက အထီးအမတစ်စုံဆိုပြီး ဂျင်းမိခဲ့တာ
ကိုယ်ထပ်ပြပေးရင်လဲ ဒီလို vdo လေးနဲ့မှပိုရှင်းမယ်ထင်လို့ ခါတိုင်းလိုစာမရေးပဲ vdo ရိုက်တင်လိုက်ပါတယ်
A. ယုန်မွေးတာလာဘ်ကောင်းမကောင်း

ယုန်မွေးတာလာဘ်တိတ်လား?
မွေးနည်းကိုသေချာမသိတော့ အမွေးများတဲ့ ခွေးကြောင်လေးတွေနဲ့မွေးနည်းမတူတော့အလုပ်ရှုပ်တာ အလုပ်မပြီးလို့လာဘ်တိတ်တယ်ထင်နေကြတာပါ
Lucky Bunnies Family 33
A. ယုန်မွေးတာလာဘ်ကောင်းမကောင်း ယုန်မွေးတာလာဘ်တိတ်လား? မွေးနည်းကိုသေချာမသိတော့ အမွေးများတဲ့ ခွေးကြောင်လေးတွေနဲ့မွေးနည်းမတူတော့အလုပ်ရှုပ်တာ အလုပ်မပြီးလို့လာဘ်တိတ်တယ်ထင်နေကြတာပါ
-----Unicode----
🐰ယုန်မွေးတာလာဘ်ကောင်းမကောင်း🐰....

ကလေးတွေအိမ်ကလူကြီးတွေနဲ့ခဏခဏအတိုက်ခံလုပ်မွေးနေရတာ လာတိုင်ပင်ကြတာ
လာရင်ဖွင့်ကြတာများပြီ
ဒီတစ်ခါပြောပြမှရတော့မှာမို့...

စမွေးတော့ နှစ်ကောင်
ရွှေထုပ်နဲ့ငွေထုပ်
မဝယ်ခင်ကထဲက အိမ်မက်မက်တယ်
အိမ်မက်ထဲယုန်အဝါတစ်ကောင်အဖြူတစ်ကောင်
အဖြူမဘေးမှာယုန်ဖြူလေးတွေအများကြီးနဲ့ (အခုလဲ သူ့ကလေး တွေနဲ့နေနေတုန်း 3 လထိအပိန်ခံပြီး နို့တိုက်တယ်)
အဲ့တာနောက်ပိုင်းမေ့ပျောက်ပျောက်ဖြစ်သွားတယ်
အသက် 30 ကိုယ့်ရုံးခန်းနဲ့ကိုယ်ဖြစ်တော့မှမွေးရတာပါ
ငယ်ကထဲက အိမ်မှာငါးကလွဲပြီးဘာမှမမွေးရဘူး
ကျောင်းသူ စာတစ်ဖက်နဲ့မို့အိမ်ကမလုပ်ပေးနိုင်လို့ပါ

တစ်ရက် လှည်းတန်းမှာယုန်ရောင်းတယ်ကြားဖူးလို့သွားတယ်
တွေ့တယ် ကွက်တိ အဝါနဲ့အဖြူလေး
အဝါကတစ်ကောင်ထဲမို့ အဝါအရင်ယူ အထီးဆိုလို့ အမအဖြူလေးတွေကို အဝါလေးကိုပဲရွေးခိုင်း
သူကပ်ကပ်တဲ့အဖြူမလေး​ေခါ်လာ တကယ်လည်းကြီးတဲ့အထိ ရွှေထုပ်ကငွေထုပ်ကိုအရမ်းချွဲ (နောက်မှ လှည်းတန်းကဂျင်းမိ နှစ်ကောင်လုံးအမ စျေးက တစ်ဆကျော်များ မကြီးဘူးဆိုပြီးကြီးလာ)
စရောက်ပြီး ရက်ပိုင်းအလုပ်ကြီးတစ်ခုရတယ်

စစချင်းတော့ လူကြီးတချို့ကပြောတယ် ယုန်မမွေးရဘူး လာဘ်တိတ်တယ်တဲ့

မရပါဘူး မှေးတာပဲ
နောက်ပိုင်းနှစ်ကောင်ရောက်လာ
နောက်ထပ်နှစ်ကောင်ထပ်ရောက်
ကြားထဲငွေကပြတ်လိုက်ရလိုက် နေမကောင်းရတာနဲ့ ခွဲစိတ်ရတာနဲ့ lucky လေးပါးစပ်ချုပ်တာ သောင်းကြီးပိုင်းကုန်
ဆရာဝန်အိမ်ပင့်ရ
Starling လေးကို baho vet မှာ ခွဲစိတ်တာ 5 သိန်းကုန် လက်ထဲ 15 သိန်းလောက်ပဲရှိတယ် အဲ့အချိန်
(အခုမှပြောပြတာပါ ကြွားတယ်ထင်ကြမှာစိုးလို့)

6 ကောင်ကနေ 9 ကောင်ထပ်မွေးတော့ 15 ကောင်
ဒါတောင် Starling ကလေး 3 ကောင် Dollar ကလေး 3 ကောင် အဖတ်မတင်လို့ (အရွယ်မရောက်သေးပဲ ကိုယ်ဝန်ရှိတော့သေကုန်တာ အစကယုန်အကြောင်းမသိ)
အဲ့တာ 15 ကောင်က 2 လကိုမြက်တစ်ထုံးကြီး အခု 23 ကောင် တစ်လတစ်ထုံး အစာခြောက်နဲ့အရွက်ဖိုးမပါ

ငွေပြတ်ပြီဆို ပထမဆုံးကလေးတွေရဲ့အစာကိုစိတ်ပူမိတာ ကိုယ့်ကနောက်မှ ဘုရားစူးပါ
ကလေးတွေကိုပြော မပင်းပန်းရင်မားကို ကူပြီးဆုတောင်းပေးပါဦး သားတို့သမီးတို့အစာဖိုးအတွက် (သူတို့လေးတွေ ဆုတောင်းတာက ပင်ပန်းတာဖြစ်မှာစိုးလို့)
နောက်ရက်ဆို အလုပ်သေးသေးလေးရပြီ အစာပြေးဝယ်
မှန်တာပြောရင် ကလေးတွေကျန်းမာချမ်းသာပါစေ
ဘယ်သူမှယုံမှာမဟုတ်ဘူး ကိုယ်အဆင်မပြေခဲ့တာကို

တဖြေးဖြေးနဲ့ငွေကတအားကျပ်လာတော့ ဗေဒင်မေးတော့ ဗုဒ္ဓဟူးနံမကောင်းဘူး စွန့်ပစ်တဲ့
ကလေး 23 ကောင်ကို မပစ်နိုင်ပါဘူး

နောက်ဆုံး အမြဲအားကိုးနေကျ ဘုရားသတိရ အိမ်ကဘုရားရှေ့သွား
အရှင်ဘုရား တစ်အိမ်လုံးရှိသမျှ ဗုဒ္ဓဟူးနံ အကုန်စွန့်ဆိုစွန့်ပါမယ် ရွှေစွန့်ဆိုစွန့်ပါမယ်
ကလေးတွေက အသက်တွေနဲ့ပါဘုရား
တပည့်တော်လည်းအသိနောက်ကျ ခုမှသတိထားမိပါတယ်
ယုန်လေးတွေသဘောမထားပါနဲ့ rabbit လေးတွေလို့သတ်မှတ်ပါတယ်
သတ္တဝါအသက်ပစ်စလက်ခတ်မစွန့်ကောင်းပါဘုရား
တပည့်တော်တို့မိသားစုကိုစောင်မပါ
ဤကျပ်တည်းမှုကနေအမြန်ဆုံးလွတ်မြောက်ပါ​ေစပေါ့ စုံနေတာ စိတ်ပူပြီးသစ္စာဆိုဆုတောင်းတာ
နောက်ရက် ချက်ချင်း ကလေးတွေလဲဝိုင်းဆုတောင်းတယ်ထင်ပါရဲ့ အဆင်ပြေသွားပါတယ်
အဆင်ပြေတိုင်းကလေးတွေအတွက်ပိုဦးစားပေးဖြစ်တယ်
အခုနောက်ပိုင်းကိုယ့်အတွက်ဝယ်ဖို့ကိုင်လိုက် ဒါအစာ2ထုပ်စာ
ဒါ အိမ်တစ်အိမ်စာ အိမ်အသစ်လဲရဦးမယ်ဆိုပြီးတွက်မိနေတဲ့အထိ
အခုခြံနဲ့သူတို့လေးတွေအတွက် လူနှစ်ယောက်လာကူညီပေးပါတယ်

ပြောချင်တာက သတ္တဝါမွေးတာ ကယ်တင်တာဟာ အပြစ်မဟုတ်ပါဘူး
ကုသိုလ်အရမ်းရပါတယ်
အိမ်ကမိဘတွေအပါအဝင်တော်တော်များများကအလုပ်ရှုပ်တယ် ဆိုပြီးဖြစ်နေကြပါတယ်
မိသားစုဝင်တွေလို့သဘောထားရင် ပျော်စရာပါ
ကိုယ်ကမိသားစုဝင်သတ်မှတ်ရင် သူတို့လေးတွေလဲ အပါယ်လေးဘုံရောက်နေတာကနေ အားတစ်ခုတိုးပါတယ် မိသားစုကိုလည်းအရမ်းတွယ်တာလာပါလိမ့်မယ်
ကလေးတွေလဲခိုနားရာရင်ခွင်ကောင်းအရိပ်ကောင်းရပါတယ်
တနေ့တနေ့အစာကျွေးစောင့်ရှောက်တာ တကူးတက တိရိစ္ဆာန်ရုံသွားစရာမလိုပဲ နေ့စဥ်ကုသိုလ်ရနေတာပါ
နောက်ပြီးစည်းကမ်းမရှိဖောက်ရောင်းသူများကြောင့်ယုန်လေးတွေအရမ်းများပြီး သေချာသန့်ရှင်းစွာမွေးသူမရှိပဲ ဒုက္ခရောက်နေကြပါတယ်
အများကြီးမွေးစရာမလိုပါဘူး
တစ်အိမ်တစ်ကောင်နိုင်သလောက်မွေးပေးကြပါ
ဖောက်သူများလည်းစည်းကမ်းရှိကြပါလို့
ယုန်စျေးကခွေးစျေးထက်နိမ့်လို့ပစ်စလတ်ခတ်မလုပ်ကြဖို့တိုက်တွန်းပါတယ်နော်

အခုလည်းကလေးတွေနဲ့ဘယ်သွားသွားအလှည့်ကျခေါ်ရဖို့ ကားတစ်စီး မိသားစုလိုက်ဆုတောင်းနေကြပါတယ်

လာဘ်ကောင်းတယ်ဆိုလို့ယုန်မွေးတာမဟုတ်ပါဘူး
ဘယ်တိလေးတွေဖြစ်ဖြစ် စေတနာထားလို့ လာဘ်ကောင်းတာလို့ ယူဆပါတယ်

ဘုရားကျေးဇူး နဲ့စေတနာမေတ္တာပေါင်းပြီး မကောင်းကံနဲ့လွန်ဆွဲတဲ့ပွဲမှာ ကျမတို့မိသားစုနိုင်သွားပါတယ်

ငှက်ဆိုးထိုးရင်လာဘ်တိတ်တယ်ဆိုတာ ငှက်ကြောင့်မဟုတ်ပါဘူး
ဒီအိမ်မှာ မကောင်းသတင်းဖြစ်မယ်ဆိုတာ ရှေ့ပြေးနိမိတ်လာပြောတာပါ
ကိုယ့်စေတနာ လုပ်ရပ်တွေသာကောင်းပါ
လာဘ်ရွှင်ဇီးကွက်တွေလာပါလိမ့်မယ်
Lucky Bunnies Family 33
A. ယုန်မွေးတာလာဘ်ကောင်းမကောင်း ယုန်မွေးတာလာဘ်တိတ်လား? မွေးနည်းကိုသေချာမသိတော့ အမွေးများတဲ့ ခွေးကြောင်လေးတွေနဲ့မွေးနည်းမတူတော့အလုပ်ရှုပ်တာ အလုပ်မပြီးလို့လာဘ်တိတ်တယ်ထင်နေကြတာပါ
P.s ကလေး 23 ကောင်မှာ မွေးတာ 9 ကောင်ပါပဲ ကျန်တာက
သူများလာပေးထားတာရယ် ချစ်လို့ထပ်မွေးတာတွေပါ
ကလေးတွေကိုကိုယ့်ထက်သနားတတ်သော အမျိုးသားကိုလည်း စိတ်တူကိုယ်တူမို့ ကျေးဇူးအတင်ဆုံးပါ
Photo: ခဲလုံးမလေး နှုတ်ခမ်းနီမွှေးလို့လာလျက်နေတာ 😁

https://m.facebook.com/story.php?story_fbid=733596977219905&id=425291238050482

27.jan.2020
ဟော့ပေါ့ထဲ ယုန်သားထည့်ကြတာတွေ့လာရလို့ သတိထားဖို့ပြောပြပေးပါမယ်
နိုင်ငံခြားကနေ sar ဖို့သီးသန့်သွင်းလာတာများအစစ်မှန်ဆိုရင်အန္တရာယ်မရှိပါ။

ဘာလို့ဆိုယုန်စတင်မွေးချိန် 2018 မှစ၍(၎င်းမတိုင်ခင်ကထဲကပင်) ယုန်များတွင်အဖြစ်များသော ဝဲစွဲခြင်း၊ မှို၊ ယားနာ၊ သန်းတွယ်ခြင်း၊ ဝမ်းလျှောခြင်း၊ အူလမ်းကြောင်းပိုးရှိ၍ဝမ်းပျက်လွယ်ခြင်း စသည်များယခုထိလျော့ကျသည်မရှိပဲ ဖြစ်လေ့ရှိသည့်အတွက် စားမိပါကလူ‌တွင်ပါကူးစက်နိုင်ပါသည်။

ထို့အတူယုန်များတွင်ဖြစ်လေ့ရှိသောအန္တရာယ်ကြီးသည့် EC (E cuniculi) ကိုယ်တွင်းကလီစာတွင်ပိုးဝင်ခြင်းမှ ခေါင်းစောင်းခြင်းနှင့် အခြားသောကျန်းမာရေးများ နှင့်
အခြားစမ်းသပ်မှုများအတွက်ယုန်များကိုအသုံးချပုံများကိုမန့်တွင်ပြထားပါသည်။

Post များခိုးကူးယူခြင်းခွင့်မပြု။

Photo: သမီးကြီးရွှေထုပ်‌လေး
ယုန်နှင့်ပတ်သက်ပြီးသိထားသောအလွဲအမှားများ

🥗အစာ
ထမင်း၊ ဆန်၊ ဂျုံ၊ ဖွဲ၊ ပြောင်း
ဟင်း၊ ဆီပါသောအစာ၊
အချို၊ အချဉ်၊ အစပ်၊ အဖန်ခါး
ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ငပိရည်
စသောလူစာများ လုံးဝ မရပါဘူးနော်

အရွက်နှင့်ဥနီကို ၁၅% ထက်ပိုကျွေးနေမိခြင်း

➡️အူပိတ် အူလမ်းကြောင်းပြဿနာ
သွား ခံတွင်း အကျိတ်ပြဿနာစ‌သဖြင့်ဖြစ်တတ်ပါတယ်
ဝမ်းမမှန်ခြင်း(လုံးဝိုင်းမနေပဲပုံပျက် /ပျော့/ သေးသေး မဲမဲ အရမ်းနံ)

ယုန်စာဆိုပြီးမှားကျွေးနေတဲ့ဝါစိန်းနီလိ‌မ္မော်ခရမ်းသီးစုံပုံစံရောင်စုံဆီကြော်အစေ့များလုံးဝမကျွေးရပါ ၎င်းသည်ငှက်စာဖြစ်ပါတယ်။

💦 ရေ
ရေကလွဲပြီးကျန်တာဘာတခုမှမရပါ
အချိုကဆီးချိုနှင့်ကင်ဆာဖြစ်တတ်ပါတယ်

🏡နေရာ
အအေးကြိုက်သောကလေးများဖြစ်၍‌အေးသောကြမ်းပြင်တွင်အနေများပါကအောက်ပိုင်းသေခြင်း၊ ခြေတစ်ဖက်တရွတ်ဆွဲခြင်းဖြစ်တတ်ပါတယ်။
မြေကြီးမှာအထားများရင်ဝဲစဲခြင်းနှင့်အရေပြားရောဂါများ၊ သန်ထခြင်းများဖြစ်ပါတယ်။

Postများအားကူးယူခြင်းခွင့်မပြုပါ။
Photo: သမီးရွှေထုပ်နှင့်ငွေထုပ်