Launglone People Defence Force- LLPDF
991 subscribers
929 photos
68 videos
5 links
Download Telegram
(၁၇. ၁၀. ၂၀၂၅)ရက်နေ့ နံနက်(၅)နာရီ ၁၅မိနစ်ခန့်အချိန်မှစ၍ လောင်းလုံးမြို့ပေါ် အောင်သပြေ ဘုန်းကြီးကျောင်းဝင်းအတွင်းတပ်စွဲထားသည့်အကြမ်းဖက်စကမများအား ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ(၁)နာရီခွဲခန့်အထိကြာမြင့်ခဲ့သည်။

၎င်းရန်သူများသည် လမ်းအသွားအလာပြည်သူများ၏လုံခြုံရေးအပေါ် နေ့စဉ်ရက်ဆက်ခြိမ်းခြောက် အနိုင်ကျင့်လျှက်ရှိပြီး လူငယ်များအားအဓမ္မပေါ်တာဆွဲခြင်း၊အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းခြင်း၊ ခရီးသွားလာပြည်သူများအား မတရားဖမ်းဆီးခြိမ်းခြောက်ကာငွေကြေးအဆမတန်တောင်းခံခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ နေ့စဉ်ကျူးလွန်လျှက်ရှိသည်။

ထိုကဲ့သို့ပြည်သူအားရန်သူသဖွယ်ပြုမူကာအကြမ်းဖက်လုပ်ဆောင်နေသည့်မအလဖက်ဆစ်စကမ များအား ဝင်ရောက်တိုက်ခိုက်ရာ ရန်သူ့ဖက်မှ(၂)ဦးသေဆုံးပြီး(၇)ဦးဒဏ်ရာရရှိကာ ၎င်းဒဏ်ရာ ရရှိသူများထဲမှ (၂)ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

၎င်းရန်သူများသည် လောင်းလုံးမြို့ပေါ်ရှိအောင်သပြေဘုန်းကြီးကျောင်းဝင်းအတွင်းတပ်စွဲထားပြီး မြို့ပတ်ဝန်းကျင်ရွာများအတွင်းသို့မကြာခဏဝင်ရောက်ကာပေါ်တာဆွဲလေ့ရှိသည်။

သို့ဖြစ်၍ပြည်သူတစ်ရပ်လုံး၏ဘုံရန်သူ မအလအကြမ်းဖက်စစ်အာဏာရှင်ဖက်ဆစ်တပ်အား နောက်ဆုံးအချိန်အထိ ပေါင်းစည်းခြင်းအင်အားဖြင့်ဆက်လက်တိုက်ခိုက်ချေမှုန်းသွားကြရမည်ဖြစ်သည်။

ထိုသို့တိုက်ခိုက်မှုအားကျွန်ုပ်တို့ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့်လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖက်မှအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်။
24🖕3👏1
လောင်းလုံးမြို့နယ်၊မောင်းမကန်နယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲ သတင်းထုတ်ပြန်ချက်
 
                 (၂၆. ၁၀. ၂ဝ၂၅)ရက်နေ့ နံနက်(၅)နာရီ ၃၀မိနစ်ခန့်အချိန်မှစ၍ လောင်းလုံးမြို့နယ် မောင်းမကန် ရဲစခန်းအား တိုက်ခိုက်ရာ နံနက်(၉း၃၀)အချိန်ခန့်တွင်အောင်မြင်စွာရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး မိမိတို့ ဖက်မှ ရဲဘော်တစ်ဦး တော်လှန်ရေးအတွက်မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။
                 စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူဖက်မှ(၁၂)ဦးသေဆုံး၍(၁ဝ)ဦးဒဏ်ရာရရှိကာ ကျန်အင်အားများ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ရပြီး ရန်သူ့စခန်းမှ Uziအမျိုးအစားလက်နက်(၆)လက်၊ G3အမျိုးအစား လက်နက်(၇)လက်၊ Shot Gun/Smoke Gun(၂)လက်၊ကွန်မန်ဒိုစိန်ပြောင်း(၂)လက်၊ ခြောက်လုံးပြူး(၄)လက်၊စုစုပေါင်း လက်နက်မျိုးစုံ(၂၁)လက် ၊ Jammer စက်(၂)လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
                ၎င်းတိုက်ခိုက်မှုအား မိမိတို့ လောင်းလုံး(ပကဖ)ပါဝင်သည့် ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဆင်ရေးနယ်မြေ ၊အထူးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ(၃၃)၊ဒေါနတပ်ရင်း တပ်ခွဲ-၄(KBDF)၊ဒေါန တပ်ရင်း-တပ်ခွဲ-၇ (LPF)၊နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များဖြစ်သည့်(DNLA)ဓူရကစစ်ကြောင်း၊ ရာမညမွန်တပ်တော် ၊ဖယ်ဒရယ်ဓူဝံ ကြယ်တပ်ဖွဲ့ ၊လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့စသည့် ပူးပေါင်း မဟာမိတ်တပ်များ၏စည်းလုံးညီညွတ်စွာ ပူးပေါင်းတိုက်ခိုက်မှုဖြင့် လောင်းလုံးမြို့နယ်ရှိအကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မောင်းမကန်ရဲစခန်းအား အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
 
26
လောင်းလုံးမြို့နယ်၊ ကရင်ကြီးရွာနှင့်ကမ်းပနီရွာအနီး တိုက် ပွဲ သတင်းထုတ်ပြန်ချက်
3
ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ် ၊ မောင်းမကန်ကျေးရွာဖက်မှနေ၍ ကရင်ကြီးရွာဖက်သို့ စစ်ကြောင်း ထိုးလာသည့်အင်အား(၇၄)ဦးပါ ရန်သူစစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ရာ(၂၁. ၁၀. ၂၀၂၅) ရက်နေ့တွင်တစ်ကြိမ် (၂၂. ၁၀. ၂ဝ၂၅)ရက်နေ့တွင်တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၁. ၁ဝ. ၂ဝ၂၅ရက် နေ့ ၁၆း၅ဝ နာရီအချိန်၌ ကရင်ကြီးရွာသို့ရောက်ရှိနေသည့် ရန်သူစစ်ကြောင်းအား (၂)နာရီအကြာ တိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ပွဲအတွင်း ရန်သူဖက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်း မဟာမိတ်များဖက်မှ ရဲဘော်တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။
               ထို့နောက်ကရင်ကြီးရွာမှတဆင့် ကမ်းပနီရွာသို့ရောက်ရှိလာသည့်ရန်သူများအား ၂၂. ၁ဝ. ၂ဝ၂၅ရက်နေ့ ၁၆း၃၀ခန့်အချိန်၌ ထပ်မံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအား(၂)နာရီခန့်ဖြစ်ပွားကာ ရန်သူဖက်မှထိခိုက်သေဆုံးမှုရှိခဲ့သည်။
               ကရင်ကြီးရွာနှင့်ကမ်းပနီရွာတွင် စုစုပေါင်းတိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားကာ ၎င်းတိုက်ပွဲများအား ကျွန်ုပ်တို့ လောင်းလုံး(ပကဖ)-ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ရင်း-တပ်ခွဲ-၇(LPF) ၊ဒေါနတပ်ရင်း-တပ်ခွဲ-၄(KBDF)၊ ရာမညမွန်တပ်တော်၊ (DNLA)ဓူရကစစ်ကြောင်း နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့သည်။ ထိုသို့ကြားဖြတ်တိုက်ခိုက်မှု(၂)ကြိမ်အတွင်း ရန်သူ့ဖက်မှ(၈)ဦးသေဆုံးကာ အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ဖက်မှ လက်နက်ကြီးပစ်ကူ၊စစ်သင်္ဘောပစ်ကူပေးခဲ့သည်။
               ထိုမှတဆင့် ကမ်းပနီကျေးရွာနှင့်ပညစ်ကျေးရွာကြားရှိ သိကြားမင်းထိုင်တောင်ပေါ်သို့ရန်သူများရောက်ရှိ ကာတောင်ပေါ်၌ယာယီတပ်စွဲနေစဉ် ကျွန်ုပ်တို့တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့များမှ Drone ဖြင့်ဆက်လက် တိုက်ခိုက်ရာ ရန်သူ့ဖက်မှထိခိုက်မှုရှိခဲ့သည်။ ၎င်းတိုက်ခိုက်မှုအား လောင်းလုံး(ပကဖ)-ထားဝယ်ခရိုင် တပ်ပေါင်းစုဒေါနတပ်ရင်း-တပ်ခွဲ-၇(LPF) ၊ဒေါနတပ်ရင်း-တပ်ခွဲ-၄(KBDF) ၊ရာမညမွန်တပ်တော်၊ (DNLA)ဓူရကစစ်ကြောင်း နှင့် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
 
 
 
 
20🤣2
လောင်းလုံးမြို့နယ်အတွင်းစစ်ရေးသတင်းထုတ်ပြန်ချက်
 
                 (၁ဝ-၁၁-၂ဝ၂၅)ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား(၁ဝဝ)ကျော်ပါ ရန်သူ့စစ်ကြောင်းသည် ညင်းမော်ရွာလယ်ပိုင်းရှိ နေအိမ်များ၌ တပ်စွဲထားစဉ် ညနေ(၄)နာရီ(၁၅)မိနစ်အချိန်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေ(၅)နာရီ(၅၆)မိနစ်အချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။
 
                (၁၂-၁၁-၂၀၂၅) ရက် နံနက်(၆)နာရီခွဲခန့် အချိန်၌ ညင်းမော်ရွာအတွင်းတပ်စွဲထားသည့် ရန်သူများမှ ရင်းဘုတ်ရွာဆီအုန်းတောသို့ဆက်လက်ထွက်ခွာလာစဉ် ကျွန်ုပ်တို့ လောင်းလုံး(ပကဖ) ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်စဉ် နေ့လည်(၁)နာရီခွဲခန့်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ၎င်းရန်သူများအထိနာ၍ လောင်းလုံးမြို့ပေါ်သို့ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
 
10😁2
လောင်းလုံးမြို့နယ်အတွင်းစစ်ရေးသတင်းထုတ်ပြန်ချက်
 
                 (၁ဝ-၁၁-၂ဝ၂၅)ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား(၁ဝဝ)ကျော်ပါ ရန်သူ့စစ်ကြောင်းသည် ညင်းမော်ရွာလယ်ပိုင်းရှိ နေအိမ်များ၌ တပ်စွဲထားစဉ် ညနေ(၄)နာရီ(၁၅)မိနစ်အချိန်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေ(၅)နာရီ(၅၆)မိနစ်အချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။
 
                (၁၂-၁၁-၂၀၂၅) ရက် နံနက်(၆)နာရီခွဲခန့် အချိန်၌ ညင်းမော်ရွာအတွင်းတပ်စွဲထားသည့် ရန်သူများမှ ရင်းဘုတ်ရွာဆီအုန်းတောသို့ဆက်လက်ထွက်ခွာလာစဉ် ကျွန်ုပ်တို့ လောင်းလုံး(ပကဖ) ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်စဉ် နေ့လည်(၁)နာရီခွဲခန့်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ၎င်းရန်သူများအထိနာ၍ လောင်းလုံးမြို့ပေါ်သို့ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
 
               (၁၄. ၁၁. ၂၀၂၅) ရက်နေ့ နံနက်၅နာရီခွဲခန့်အချိန်တွင် ရန်သူအကြမ်းဖက်စစ်ကြောင်းသည် စစ်ပြဲရွာ စစ်ပြဲဘုန်းကြီးကျောင်းအနီးသို့ရောက်ရှိလာစဉ် နေ့လည်(၁)နာရီခွဲခန့်အချိန်၌ ဒရုန်းဖြင့်တိုက်ခိုက်ရာ ရန်သူများ တည့်တည့်ထိမှန်ခဲ့ပြီး လောင်းလုံးမြို့ထဲသို့ပြန်လည်ဆုတ်ပြေးသွားခဲ့သည်။ (၁၅. ၁၁. ၂ဝ၂၅)ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ လက်သည်းရှည်တောင်သို့ပြန်လည်ထွက်ခွာလာသည့် ရန်သူစစ်ကြောင်းအား ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး ၎င်းရန်သူများ ဒရုန်းထိမှန်ကာ လောင်းလုံးမြို့ပေါ်သို့   ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
 
                ထိုသို့တိုက်ခိုက်မှုအား ကျွန်ုပ်တို့ လောင်းလုံး(ပကဖ) ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များဖြစ်သည့် DNLA(ဒရုန်းအဖွဲ့)၊နွေဦးပြောက်ကျားတပ်ဖွဲ့၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့၊ ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နှင့် ဒေါနတပ်ခွဲ(၇)တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ထိုသို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အတွင်း ရန်သူ့ဖက်မှအနည်းဆုံး ၁၂ဦးသေဆုံးခဲ့ပြီး ၁၅ဦးထက်မနည်းအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ကျွန်ုပ်တို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖက်မှ ရဲဘော်(၃)ဦး မြင့်မြတ်စွာ အသက်ပေးခဲ့ရပြီး ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
 
19😁2
လောင်းလုံး(ပကဖ)ကူညီကယ်ဆယ်ရေးTeam မှ ထောက်ပံ့မှု

လောင်းလုံးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မီးလောင်ပျက်စီးခဲ့သည့် ပြည်သူ့နေအိမ် (၈)ဆောင် ကို ၂ သိန်းကျပ်စီနှင့် စစ်ကောင်စီမှ သ__ တ် ဖြတ်သွားသော ညင်းမော်ကျေးရွာနှင့် ညင်းဘုတ်ကျေးရွာပြည်သူ ၂ဦး ၁ သိန်းကျပ်စီ စုစုပေါင်း ၁,၈၀၀,၀၀၀ ကျပ် (၁၈ သိန်းကျပ်) ကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကူညီကယ်ဆယ်ရေးTeam မှ ထောက်ပံ့ပေးခဲ့ပါသည်။
17👍3