ကျူးလိပေါင် သတင်းစဥ်
23.5K subscribers
11 photos
4 videos
3 links
အော်ဖစ်ရှယ် ကျူး တကယ်လီဂရမ်
Download Telegram
ဘေးအိမ်က ယုတ်ယုတ်အကြောင်း အာရုံတွေထွေပြားနေချိန် ကီယာက သူ့အလုပ်သူလုပ်နေတာ အတော်ခရီးရောက်နေပါ့။ အခုန တင်ပဲ ပန်ဝါကို သိမ်းလိုက်ပြန်ပတဲ့။ အက်ရှေ့မှာ ချီဗွေ၊ ဆော့လော် အပီဆော်ထားပြီးပီ။ အကိုထွင်းကလဲ ဗျာဒိတ်ပေးတော်မူထားတဲ့အတိုင်း ဋင်လဋ်အူးကို တက်ကြိတ်နေလေရဲ့။ တင်နီလာအေးကလဲ ခံလှန်ရေး ၂၃ကို နှာနုဖြတ်ရိုက်ပြီး ရတနာဂီရိပို့လိုက်ပီ။

တချို့ကိစ္စတွေက ခံစားသူစိတ်ကြိုက်တွေ။ ဒီတော်လှန်ရေးကို အတ္တနောမတိတွေနဲ့ ဇွတ်ကျားချဉ်းကပ်ပြီး ရှုံးနေပီ ရှုံးနေပီ ကုန်းအော် နေကြတာ။

Everything has the bright side and the dark side!

တချို့တွေက သိပ်မှောင်လွန်းလှတယ်။ ငတို့ ဒီလမ်းကို စလျှောက်ခဲ့တဲ့ Day-1 ကစလို့ ငတို့အင်အား ပြုန်းတီးသွားတာ တခုမှ မရှိသေးဘူး။

အစက ပါခဲ့တဲ့ EROs တွေ အခုထိ နောက်ကြောင်းပြန်လှည့်သွားတာ တဖွဲ့မှ မရှိသေးဘူး။ တာထွက်ကတည်းက ပါလာတဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ တဖွဲ့မှ ပဲ့ထွက်သွားတာ မရှိဘဲ ခိုင်ခိုင်ကျည်ကျည် ရှေ့ဆက်နေကြတယ်။

ဤတော်လှန်ရေးသည် အမှန်တရားဖက်တွင် ရှိသောကြောင့် ထပ်တိုးရောက်ရှိလာသူအပေါင်း အားအင်ဖြစ်ပါစေ ဆိုသကဲ့သို့ နောက်တိုး အဖွဲ့တွေပဲ ဝင်လာမစဲ တသဲသဲ ပဲလေ။ ဥပမာ မွန်ပြည်သစ်-AD ။

တလောကပဲ အေဘီက နုကြည်နဲ့ စာနဲ့ပေနဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်ပါမယ်လို့ လက်မှတ်ထထိုးတယ်။ အက်မတိုင်ခင်ကတည်းက အတူနေကြတာ လူတကာသိပေမယ့် အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ် ပေါင်းဖက်တော့မယ် အကြောင်း၊ ကြေညာ မောင်းခတ်တာလို့ ဆိုရမယ်။

အများသိပ်မသိကြသေးတဲ့ အာပလာဆီယံ ဆွေးနွေးပွဲမှာ RC2S ခေါင်းကိုင်ဖခင်ကိုယ်တိုင် တက်သတဲ့။ အက်ပွဲမှာ RC2S တင်မက ကျန်တဲ့ တော်လှန်ရေးအင်အားစု အားလုံးက ကြင်စိုးကိုချေးမှုန်းကြ လို့ သံပြိုင်ဟစ်ကြွေးခဲ့ကြသတဲ့။

သာကောကတော့ မျှော်လင့်ထားတော်မူတဲ့အတိုင်း စိတ်ကောက်တော်မူပြီး မကြွရောက်တော်ဘူးတဲ့။ မတက် ပဒက်ပေါ့။

ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးမယ်လို့ ကြွေးကြော်ထားသူများအဖို့ မလွမ်းသင့်သလို မလွမ်းလောက်ပါဘူး။ ကိုယ့်ကြမ္မာကို ဖန်တီးမယ်ဆိုပြီး အနောက်မျှော်၊ အရှေ့မျှော်လုပ်နေလို့မှ မရတာပဲဟာကို။

အရပ်ဆယ်မျက်နှာကို မေတ္တာပို့တာတော့ ပို့ရမှာပေါ့။ သို့သော် ကိုယ့်ဝမ်းနာ
ကိုယ်သာသိ။ လက်သည်အားကိုးတာထက် ကွကိုယ်ညှစ်ရမှာက အဓိက။

တချို့လက်သည်တွေက သန္ဓေတည်စ ဖက်ဒရယ် ဆိုတာလေးကို သံချွန်မီးဖုတ်ထိုးမယ်ဆိုတဲ့ အကြံဆိုးနဲ့။

မြင်ရသလောက် ကြားရသမျှပြောရရင် ငတို့နွေဦးအင်အားစုအားလုံး တာထွက်ကတည်းက အဲ့လိုင်းကနေ ဖယ်ခွါ၊ သွေဖည်၊ U-Turn ပြန်ကွေ့သွားတာ တဖွဲ့မှ မရှိသေးဘူး။ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတင်မက ကိုးကန့်၊ တအာင်း၊ ဓနု၊ ပလောင်၊ ပအိုဝ်းတွေပါမကျန် တိုးလို့သာ ပါဝင်၊ ဆင်နွှဲနေကြတာ အများသိ။

ဒါတွေက သရုပ်သကန်၊ အဟုတ်အမှန်တွေ။ အပိုမဟုတ်တဲ့ လူတကာသိတဲ့ နဂိုရ်အဟုတ်တွေ။

ဒီလိုပြောလို့ ကိုယ့်ဖက် ပေါင်သေးကြောင်းတွေလဲ ရှိပါ့ဗျား။ အခုထိ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် ရှေးကထက် ပိုလို့ ချစ်ကြမယ် ဆိုတာထက်........ လမ်းချင်းတူလို့ လူချင်းတွေ့ကြတာ....... တွေ့တာနဲ့ တွဲသတ်တော့တာပဲ...... ဆိုတာတွေလဲ ဘယ်နည်းမလဲ။

အမယ် အားလုံးကတော့ ပြောသဗျ။ ပြည်သူသာ အဓိက တဲ့။

ကျူးက မှတ်တမ်းတင်ထားသနော်။ ပြည်သူသာ အဓိက ဆိုတဲ့ စကားကို ဘယ်သူက ဘယ်နေရာမှာ ဘယ်တုံးက ဘယ်နှစ်ကြိမ်ပြောခဲ့သလဲဆိုတာ။

နှုတ်ခမ်း ၂လွှာကြားကနေ လျှာအရိုးမရှိတိုင်း နှစ်နှစ်ကာကာ မရှိဘဲ ပြောခဲ့လို့ကတော့ ဘောင်ချာတင်မက အကြေးပါလှန်စုတ်ပစ်ကြစို့။

ခုတော့ ဒါတွေ မပြောသေးပါပု။ မပြောသေးပါပု ဆိုပေမင့် မပြောတော့ဘူးလို့တော့ မဆိုလို။ မဆိုလိုဘူးဆိုပေမင့် ပြောသင့်ရင်တော့ ပြောကြရအောင်နော်။

ဟို ဂျပေါင်ကုကတော့

"မွေးလဲ မွေးခဲတယ်။ မွေးလဲ အဖတ်တင်ခဲတယ်။ အဖတ်တင်လဲ အကျိုးပေးခဲတယ်။ အကျိုးပေးလဲ ခဏပဲ။ ပေးတဲ့အကျိုးကလဲ ဆိုးကျိုး"

ဆိုတဲ့ကောင်မို့ အပြတ်သာနှံကြပါစို့လား။ အာရုံမများကြနဲ့ အာရုံများရင် နေ့ဆွမ်းလွတ်တတ်တယ်...... သဘောပါလား။

ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (ဒို့လမ်းကို ဒို့ဆက်လျှောက်ကြမယ်- ကဏ္ဍ)
1.03K👍510👏28❤‍🔥14🥰12🔥5
လေလည်ဖုန်ထ ဒီနေ့အူပြတဲ့ မိန့်ခွန်းနားထောင်ပြီး ရီချင်တာ အောက်နှစ်လုံး နာလွန်းလို့ ဒမှာရေခဲကပ်နေရတယ်။ အဲ့ကောင် ကွကိုယ် မှန်ထောင်ပြီး ပြောနေသလိုပဲ။ အရူးပြော အရူးယုံအဆင့်ထက် လယ်ဗယ်က အတော်မြင့်သွားပြီ။ ဖျာသည်နဲ့ နှိုင်းရင်တောင် ဖျာသည်ဖက်က သ န တယ်၊ လာမနှိုင်းနဲ့လို့ ပြောခံရမယ့် ကောင်။

ပီဒက်တွေက ဆေးချပြီး စ-စ် တို-က်နေကြတာတဲ့။ သောက်ပု အက်လို ဟောင်လိုမှ မဆုံးသေးဘူး။ ရည်မွန်စကီးက ဒမက်ကြည့်။ မင့် ဒပဲ့တွေဆီက ဖမ်းမိထားတာ အပုံလိုက်ဆိုပြီး မီးရှို့ပြလိုက်တယ်။ ခေါဘဏီတောင် မီးဟပ်ပြီး ဖုဋ်တလင်းဖြစ်နေလောက်ပြီ။ အိမ်ရောက်ရင် လှန်လှောစစ်ကြည့်လိုက်အုံး။

ဒါဘေမက် မကြောက်ပါနဲ့ ခင်လောရယ်။ ဗိုလ်ရည်မွန် ပလဘ ဆင်းတာ ရေချိုးမလို့ နေမှာဘာ။ အဟင်းဟင်း။

ပြောသာ ပြောရတာ။ မြောက်မြန်မာခြမ်းသားတွေ ရည်မွန်စကီး ခြေစင်္ကြာဖြန့်တဲ့ပုံတွေမြင်ပြီး ထိုင်ရမလို၊ ထရမလိုနဲ့ စမြင်းတစ်နေကြသတဲ့။ခပ်တွေးထဲ ဂယက်က အတော်ကြီးဆိုပဲ။ လဖက်ခြောက်ကို လက်ညှိုးထိုးပြပြီး ငတို့ ဘတ်ဘတ်လဲ မုံရွာရောက်နေတာပါကွ ကြွယ်ရအောင်ကလဲ ဟိုကဖြင့် ခါမိခါဇေလက်ချက်နဲ့ ေ-သ လား ရှင်လားတောင် မသေချာ။

***လဖက်ခြောက်ကြီး ဘယ်သွား
+++မုံရွာသွား
***မုံရွာက ဘာပါ
+++ဒရုန်းရာကြီးပါ

မကြာခင် ခပ်တွေးထဲက ခလေးတွေ အာ့လိုရွတ်ရင်း ဆော့ကြမှာ မြင်ယောင်မိသေး။

ဒါနဲ့ ရည်မွန်စကီး ခရီးစဉ် ဒါ့ပုံထဲမှာ မီးလောင်နေတဲ့ ၃ ထပ်တိုက် တလုံးတွေ့မိတယ်။ ပလဘ ရဲ စခန်းဖြစ်မယ်။ အစိုးရအဆက်ဆက် ထရံစုတ်နဲ့ နေရတဲ့ ရဲလိုင်းခန်းတွေကို အမေစု အစိုးရလက်ထက် ဘတ်ဂျက်တွေပုံအောချပေးပြီး အဲလိုတိုက်ခန်းတွေ ဆောက်ပေးခဲ့တာ မနည်းမနော။

ပြည်သူ့ဘဏ္ဍာနဲ့ လူလိုသူလို နေခဲ့ရပေမယ့် အာဏာရှင်နောက်ဆွဲ ခွေးမြီးကောက် ကျ-ည်တောက်စွပ်တွေ။ အရေးရယ် အကြောင်းရယ် ပြန်တိုက်ရတဲ့အခါ ပိုခက်တာပဲ အဖတ်တင်။ ထရံစုတ်နဲ့ပဲ တန်တဲ့ေကာင်တွေ။

ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (ရည်မွန်စကီး 2:0 ပုစကီး ကဏ္ဍ)
👍877204👏35😁16❤‍🔥12🔥1
684👍287👏43❤‍🔥3
မုတ္တမတွေ ဒီရက်ပိုင်း နေလို့မှကောင်းရဲ့လား၊ အိပ်လို့ပျော်ရဲ့လား သွားချောင်းမိတယ်။ “တပ်မတော်အတွက် ဆုတောင်းပေးကြပါ” တဲ့။ “တောင်ခမ်းကျရင် တောင်လှေကားလဲ စမုံတုံးပီ” တဲ့။ ကယ်ပါ ယူပါ တစာစာနဲ့ ချောင်ဖုံးတို့ဂိုဏ်း မျက်နှာစုံညီ အစည်းအဝေး လုပ်နေသလား အောက်မေ့ရတယ်။

ရည်မွန်စကီးလို သူတို့ဘတ်ဘတ်ကို မြေပြင်ဆင်းခိုင်းနေတဲ့သူတွေလဲ ဒုနဲ့ဒေး။ ဖွတ်ကို မိကျောင်းရေခြုံပြီး မြစ်ထဲ လွှတ်ဖို့ ကြံနေကြတာ။ လေလည်ဖုန်ထများ အချဉ်မှတ်လို့။ ဘယ်သူတေတေ၊ ငကြင်မာပြီးရော မဟာဗျူဟာတဖက်ကမ်းခတ်တတ်ထားတာ။ မြေပြင်ဝေးလို့
ဖင်ထိုင်ခုံကို ဆင်ကော်နဲ့ကပ်ထားတာ။ ဆင်းပါလိမ့်မယ် အားကြီးကြီး။

လေကတော့ မေလ်တန် တောင် အဖိုးခေါ်ရမယ်။ လ-က်န-က်ကိုင် တောင်းဆိုမှုတွေ နားထား။ ဆက်ပြီး အကြ-ဖမ်း ဖ-က်ပြမယ်တဲ့။ ကြိမ်းချက်က။ ဆွမ်းစားတောင် မီပါ့မလားဘဲ။ အပျိုကြီး မြို့တက်ဈေးဝယ်တဲ့အချိန် ကောက်ရိုးပုံထဲ ဝင်ပုန်းပြီး ဒို့ ၂ ယောက် ခိုးရာလိုက်သွား
ပါပြီ သတင်းလွှင့်တာမျိုးကမှ ယုံချင်စရာကောင်းအုံးမယ်။

ဘယ်သူက သူ့ကို အဖက်လုပ် တောင်းဆိုနေလို့လဲဟင်။ အင်စီအေ ထိုးထားတဲ့ လက်ကျန်အဖွဲ့တွေ ဆိုတာကလဲ ကျီးနဲ့ဖုတ်ဖုတ်။ အဲဒါ တောင်မှ ဒီဖက်နဲ့ ဆက်ဆံရေးဘောင်ချဲ့လာတဲ့ အဖွဲ့တချို့ ရှိလာလို့ ဂျပုခမျာ ဟန်ကိုယ့်ဖို့ စမာန်တင်းပြတဲ့သဘော။

ဒါဘေမက်.......

ဆွန်ဇူးက ပြောဖူးတယ် မဟုတ်လား။ တို-က်ပွဲ တခုမှာ ရန်သူ့အကြောင်းကို သိရင် တဝက် နိုင်ပြီးသားတဲ့။ ကိုယ့်အကြောင်းလဲ သိတယ်- ရန်သူ့အကြောင်းလဲ သိတယ်ဆိုရင်တော့ အက်တိုက်ပွဲက မနိုင်စရာမရှိဘူးတဲ့။ ဆိုတော့ ဒင်းတို့အကြောင်းလဲ မျက်ခြေပြတ်လို့တော့
ဘယ်ဖြစ်မလဲ နော့။

အောင်မှေး (မုတ္တမ) ရဲ့ တယု-တ်ပြည်သွားတောလား ဖတ်မိလိုက်ကြသေးလား။ လေလည်ဖုန်ထကို သာေ-ကာ က ၁၀၀စီစီထိုးပေးမယ် ဆိုတဲ့အကြောင်းလေ။ မင်ဂါချိန်ကျရောက်ပြီမို့ ရွေးဂေါက်ပွဲလုပ်ပါတော့တဲ့။ တုတု စစ်စစ် ဖြစ်အောင်သာလုပ်။ ခါးကိုင်တွန်းပေးဖို့ အဆင်
သင့်ပဲတဲ့။ မဟုတ် တယု-တ် အကြောင်း သိပြီးသားဆိုဘေမက် အောင်မှေး ဖော်ကောင်လုပ်တော့ သေချာသထက် သေချာသွားတာပေါ့။

ဒင်းတို့ ဘယ်သို့ဘယ်ပုံ ကလိမ်စေ့ငြမ်းဆင်မယ်ဆိုတာပါ ရေမနစ်၊ ရိုက် မ စ-စ်ရဘဲ အကုန်ပြောသွားတာ။ နယ်မြေတွေ ဘယ်လောက်ဆုံး ဆုံး ရွေးဂေါက်ပွဲ လုပ်လို့ရတယ်တဲ့။ မြို့နယ်တွေ ပေါင်းပစ်မှာတဲ့။ တမြို့နယ်ချင်း လိုက်မလုပ်တော့ဘဲ မြို့နယ်ကြီးတခု အဖြစ်ပေါင်းစု။ အက် မြို့နယ်ကြီးထဲမှာမှ ဒင်းတို့နည်းနည်းစိုးမိုးမှုရှိတဲ့နေရာလေးပဲ ရွေးဂေါက်ပွဲကို ကွက်လုပ်။ အက်က ရလာတဲ့ ရလဒ်ကို ကျန်မြို့နယ်တွေ အကုန်လွှမ်းခြုံတဲ့ ရလဒ်ဖြစ်စေတဲ့။ လျော့တော့ မတွက်လေနဲ့။

ပြောသေးတယ်။ လွှတ်တော်ခေါ်ဖို့ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံပဲ လိုတာတဲ့။ ထိုင်ခုံစေ့မလိုပါဘူးတဲ့။ ေ-ခွးလေ ေ-ခွးလွင့် တင် အစိတ်သား ရှိပြီးသားမို့ ၃ ပုံ ၁ ပုံ ပြည့်ဖို့ဆိုတာ အသာလေးတဲ့။ အကြံပက်စက် ခေါဘဏီလောက်မှ ဇောက်မနက်တဲ့ အထာတွေ။

ဒါကြောင့် ရန်သူအကြောင်းလဲ သိ။ ကွကိုယ်လဲ သိကြ။ လမ်းချင်းတူလို့ လူချင်းတွေ့ကြတယ်။ တွေ့သာနဲ့ တွဲသတ်နေတာတွေလဲ လျော့သင့်ပါပီ။

ဖောင်ပိတ်သတင်း- ဒေါ်စိန်အေး ေ-ခွးလေ ေခွးလွင့် သားဖောက်ခြံ တွက်ချက်မကိုက်လို့ အသက်ကန့်သတ်ချက် တိုးမဆုံးဘူးတဲ့။ ဘယ်လောက် တိုးတိုး လျှောက်လွှာတင်သူမရှိလို့ ဂိန်နေသတဲ့။ ေ-သမယ့်အပတ်မှ စ-စ်ထဲလိုက်မိဒယ် ဆိုတဲ့ စကားပုံက အလကားမှ မဟုတ်ဘဲ။ သဘောပေါက်။

ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (ညောင်သီးလဲစား၊ လေးညှို့သံလဲ နားစွင့်ကြကဏ္ဍ)
👍1.12K250👏49😁20❤‍🔥11🤣9
သီတင်းကျွတ်ပြီဆိုတော့ ဟိုကဒီက နီးစပ်ရာ ကန်တော့ကြ။ မုန့်ဖိုးတောင်းကြပေါ့။ ကျူးကိုလဲ ကန်တော့သူကန်တော့ မုန့်ဖိုးတောင်းသူ တောင်းပေါ့။

ကျူးဖက်က တခွန်းပဲ ပြန်ပြောမိတယ်။ ရန်ကွမ်းတော်လှန်အင်အားစုတွေ ကြွေးကြော်တဲ့အတိုင်း “ကျွတ်မနေနဲ့ ကြုံး” ပဲ။

သီတင်းကျွတ်၊ တန်ဆောင်တိုင် ဒို့အိမ်လေးလဲ မြိုင်မြိုင်ဆိုင်ဆိုင် လုပ်မနေနဲ့။

ပန်းတိုင် မပျောက်နဲ့။ မျက်ခြေမပြတ်နဲ့။ အာဏာရှင် အကြမ်းဖက်သမားတွေ လက်အောက်မှာ သီတင်းကျွတ်လဲ အလကား။ တန်ဆောင်မုန်းလဲ ရင်ခုန်စရာမရှိ။ ဘာတွေမျှော်လင့်နေကြမှာလဲ။

နာရီမိနစ်စက္ကန့်မလပ် အာဏာရှင် စမုံတုံးရေး ဒို့အရေးပဲ။ ပြက္ခဒိန်ပေါ်က အခါကြီးရက်ကြီးတွေဆိုတာ အောင်ပွဲရမှ ဝှဲချီးကျင်းပရမယ့်ဟာတွေ။

အဓိက နဲ့ သာမညနဲ့ ကွဲကြရအောင်ပါ ဒို့ရွာသားတွေ။

စကားမစပ် ပြောရရင်

မြနန္ဒာ ကိုယ်ရှိန်သတ်လို့ ဘာဖြစ်လဲ။
ကီယာက မေခတကျော ကြိတ်နေတာပဲ။

ကေနုနဲ့ ပီဒက်တွေက လေးကေ့ကော်ဗျုဟာကုန်း တက်သိမ်းပစ်တယ်လေ။

ဒါပဲလေ။ဒါပဲပေါ့။

တော်လှန်ရေးက တစုတဖွဲ့
အပေါ် တည်မှီထားတာမှ မဟုတ်ဘဲ။

လိုရင်းကိုသာ အာရုံစိုက်ကြ။ ဒီခရီးအတော်နီးနေပီ။

ကျွတ်မနေနဲ့ ကြုံးကြ။

ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (တော်လှန်ရေးသာပထမ၊ တော်လှန်ရေးသာ ဒုတိယ၊ တော်လှန်ရေးသာ အရာရာ ကဏ္ဍ)
1.29K👍705👏33🥰25👎15❤‍🔥14🙏6🤝5🔥4
ကြင်စိုးရဲ့ ပါဝါဖွတ်ကျားအညိုကောင် ငလျင်ဒဏ်နဲ့ ခေါင်းထိသွားသတဲ့။ အခုထိ နလံမထူ။ လူမြင်ကွင်းကပျောက်။ နပတငလျင်ကြောင့် ပထရ အတွင်းဝန်လဲ အွန်သီစပေါ့ စမုံတုံးသွားသတဲ့။ ထုံးစံအတိုင်း ကြင်စိုး မအိမ်လုံး သတင်းဖုံးသပေါ့။

အဝီစိသွားဖို့ တူးထားတဲ့ လိုဏ်ခေါင်းပြိုကျလို့ ရုစကီးနဲ့ ရွှေအိုးစည်ဒပဲ့ တွေလဲ အခုဆို မြေချ၊ရက်လည်၊သပိတ်သွတ်၊ရေအိုးနောက်ပြန်လှန်ခွဲလုပ်ရပါသတဲ့။

ဒါဘေမက် ကြင်စိုးကို လျှော့မတွက်လေနဲ့။ သေးပေါက်လျက်သီချင်းဆို ရွေးကောက်ပွဲအတင်းကို လုပ်ကိုလုပ်မှာတဲ့။ ပါဝါဖွတ်ကျားအစိမ်းကောင်ကို သန်းမကြီးလျာထားသတဲ့။

မွေးလဲမွေးခဲတယ်-မွေးလဲအဖတ်တင်ခဲတယ်-အဖတ်တင်လဲ အကျိုးပေးခဲတယ်- အကျိုးပေးပြန်တော့လဲ ဆိုးကျိုးချည်း ဆိုတဲ့ ကျွန်ုပ်တို့ ဇာတ်လိုက်ကျော်ကြီး ငကြင်စိုးကတော့ ကာချုပ်ထိုင်ခုံ ဆင်ကော်နဲ့ကပ်ထားမတဲ့။

စပွန်းနစ်ခေတ် အာကာသထဲ လူမလိုက်ဘဲ ခွေးအရင်ထည့်လွှတ်လိုက်သလိုမျိုး အချင်းချင်းထိုးကျွေးတာ။ ခံခြင်း ၈ ပါးနဲ့ ခံမယ့်သူကလဲ အသင့်။ ဖောင်းကားစား ဝင်စားတဲ့ကောင်တွေဆိုတော့လဲ တမနက်၊ တရက် သန်းမကြီးဖြစ်ရ နည်းလားလို့တွေးဟန်ရှိတယ်။ ကြည့်ပါ့လား။ ပါဝါဖွတ်ကျားအစိမ်းကောင်က မတီ၇မြတ်နဲ့ ပါးစပ်နားရွက်တက်ချိတ်ပြီး လမ်းသလားနေလေရဲ့။

သို့သော် ငါ့ရှင်တို့ စိတ်မပူလင့်။

“အသေထွက်လာပြီ ရေ့ရေး သေကုန်ပြန်ပြီ......... ကိုယ့်လူရေ” တေးသွားလေးနဲ့ ကြင်စိုးနဲ့ရောင်းရင်းများရဲ့ နောက်ဆုံးခရီးလိုက်ပို့ဖို့သာ ပြင်ထားကြ။

ရည်မွန်စကီးပြောတဲ့ အထွေထွေထိုးစစ်ဆိုတာ ကြွယ်တာမဟုတ်။ တကယ်လုပ် တကယ်ဖြစ်ရစေ့မယ့်ပလန်။ အခုကိုပဲ ဧရာတိုင်းမှာ၊ ပဲခူးမှာ သတင်းမထုတ်တဲ့ အောင်ပွဲတွေ အလီလီ။

ထုစိန်ကြိတ်ကြွေ အေးစက်ဝေ ပြည်တွင်းအပြီးပြန်လာတဲ့ သတင်းနဲ့တင် ခေါဘဏီခမျာ့ လျှာသပ်နေရပါသတဲ့။ ကြွေတာကိုး။ နုကြည်ရဲ့ ဝန်ကြီး ဝန်ကလေးတော်တော်များများလဲ စစ်ကိုင်း-မကွေး-မန်းတလေးဖက် ရောက်နေကြပတဲ့။

ပါဝါဖွတ်ကျား တဖွဲ့လုံး စမုံတုံးချိန် တန်ပီ။ အာရုဏ်သိပ်များစရာမလို- အာရုဏ်များလို့ နေ့ဆွမ်းလွတ်မှာလဲ မပူကြလေနဲ့။

ကဲ……. “ဘယ်ကိုကြည့်လိုက် ညာကိုကြည့်လိုက် ဟိုမှာ ဟိုမှာ အောင်ပွဲတွေ သိပ်များတယ် “ နဲ့ ကလိုက်ကြစို့ရဲ့။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ကြင်စိုးအတွက် သေတတ်ရင် ကျေနပ်စရာပါကိုယ့်လူရာ ကဏ္ဍ)
1.11K👍437👏39🥰17😁15🔥7❤‍🔥4👨‍💻3🍾1
ဂင်တိုလူယုတ် တကောင် ရင်ပြင်နီမှာ ခွေးသားအုပ်မ လမ်းသလားခွင့် ရတာလေးကို ရှောမွေး ဘာရာဏသီချဲ့ နေချိန် စတန်းဒွတ် အာမီကြီးခမျာ အရူးဖျင် သရဲယိုး ဘွရောက်။

ဟာလီးကွေ့မှာ တအုပ်လုံး A4ပြပြီး ၃စိ ဆူဆိုက်။ အဲ့ .. ပဲနှောက်စေ့လောက် အသားတောင် အပဲ့မခံရဲတဲ့ ဒေါ်စိန်အေး ကျောင်းဆင်းက သူ့ဖသာ ဟာရာဂီရိ ရဲပါ့မလားလို့ သံသယဝင်လို့ မဆုံးသေး။

ဂန်းရှော့က နားထင်/ ပါးစပ်မငုံပဲ နောက်စေ့ဖောက်တဲ့။ နီကြောက် တာ ဒက်ရှူးဝါး။ ဂဒက် တွေ A4ပြဖို့ ပလန်ကို ၃စိက ဝူးရှူးဝါး ထလုပ်လို့ ကိုင်ပစ်လိုက်ကြတဲ့ သဘော။ ဂွတ် ဒက်စ် ..။

ဂင်တိုလူယုတ် တို့ တသိုက် အလှမ်းကျယ်လွန်းလို့ အလယ်တွေ လတ်ကြပြီ။ ရုစကီးရဲ့ နျုခ် ကို ဆင့်‌ဝှေး ခွေးမျှော်ရင်း ပါရာ‌မော်တာတွေ ဆိုသဟာလည်း ပွိုင့်ဖိုက် နဲ့ စနိုက်မိလို့ တဖုန်းဖုန်း။ ဂိုင်ရိုဆိုတာကလဲ စက်ကလေး လက်တကမ်းမို့ ရင်ခုန်စရာတစက်မှ မရှိ။

ကွမ်ပါပါး ကျေးဇူးနဲ့ နမခ ကိုပြန်ရ လိုက်ကြပေမယ့် မုန့်ဆီကြော်လို အလယ်ပျော့ပျော့ပဲ ရသတဲ့။ လားရှိုး မြို့ထဲကို ကျော်စံကေး မျက်လုံးလေးတွေနဲ့ ပြန်ဝင်လာကြပုံ ထောက်ရင် ဘယ်နှစ်ရက်ထားရမလဲ မကြာခ် မေးကြဖို့ပဲရှိ။

တောင်ခမ်း ဖက်မှာ တီက ၂ ရွာလောက် နောက်ဆုတ်ပေးပြီး ခွေးအုပ် ကျွံလာတော့မှ ဒေါက်ဖြုတ်လို့ ဒုန်းဒုန်းဒက်ဒက် ပိုးဇိုးပက်ဇက် ဥပါရိုက်သွင်းခံရလိုက်သတဲ့။ ဒါမျိုးက ခံရလွန်းလို့ ရိုးအီမနေတဲ့အပြင် ကြင်စိုးရဲ့တပ်တော် မျက်တောင်တုတောင် ကျွတ်ကျကုန်သတဲ့။

သာကောကလဲ အောက်ဖဲအားကိုးနဲ့ စွတ်တွန်းတိုးလာတာ မြင်မိ။ လားရှိုးမှာ ပေမှေး ၈၀၀ တပ်စွဲထားသတဲ့။ ကျောက်ဖြူကို ပေမှေး ၅၀၀ လွှတ်လိုက်ကြောင်းလဲ တစွန်းတစကြားမိ။ တင်နီလာအေးကိုလဲ မင့်တို့သိမ်းထားတာ အကုန်ပြန်ပေးလို့ တောင်းဆိုသတဲ့။

ကြည့်ရတာ ပြည်တွင်း6 ကနေ ကမ္ဘာ6 ထိသွားတော့မယ် ထင်ပါ့။

အိုအေ့.. သန်းခေါင်ထက် ညဉ့်မနက်ဘူး။ ဖျာလိပ်ခေါင်းထဲ ဝင်မိမှတော့.. နောက်ဆုတ်စရာအကြောင်းမရှိ။ စင်္ကြာဝတေးမင်း ကြွချီလာလဲ ၄ဘဲ လို့သာ ပြောကြစို့။ ငတို့လမ်း ငတို့လျှောက်၊ ငတို့သာ ခရီးများဆုံးထိလျှောက်ကြသာပါ့။

ကြားမိသလောက် မအိမ်လုံးရဲ့ အတုအယောင်၊ အသိမ်အဖျင်း၊ ပေါက်လွှတ်ပဲစား ရွေးကောက်ပွဲမတိုင်မီ တော်လှန်အင်အားစုတွေ အရွှေ့ကြီးတခု လှမ်းဖို့ ရှိပါသတဲ့။

မျှော်ကြည့်စောင့်စား ခါးကိုင်တွန်းကြပါလေ။

ကြင်စိုးက လာမယ့် ဩဂုတ်မှာ ကာလုံကို နိုင်ငံတော်အာဏာ ပြန်အပ်နှင်းမတဲ့။ နာဂစ်ခြေဥအရ သူလုပ်စရာရှိတာတွေ ပြီးမြောက်အောင်မြင် ပြီးပြီဆိုတဲ့အထာနဲ့ ရွေးကောက်ပွဲလုပ်မယ်ပေါ့လေ။

လက်တွေ့မှာက သိတော်မူတဲ့အတိုင်း လားရှိုးတောင် ကွမ်ပါပါးကို မှုတ်ထု၊အပေါ်ထိုင်၊ပြောင်းဆေးလုပ်ပြီး လားရှိုးပြန်ရ ဒို့အဘ၊ လားရှိုးပြန်ယူ အမေကြူလို့ ဟာဠီးမလျော့ ကုန်းအော်နေရတဲ့ဒင်းတိုဘွ။

ဒါဘေမက် ဧရာတိုင်းလဲ ရှေ့သို့လှမ်းချီ ကြင်စိုးကြိုးစင်ဆီ၊ တခွင်တပြင်လုံး ငတို့အောင်လံတွေဖုံး နေပါပကော။

ထိုစဉ် ဗမော်တိုက်ပွဲ အပ်ပ်ဒိတ်- ကီယာရင်ခွင်ကို ကြင်စိုးရဲ့ဂျက်မ ၂၀၀ ခိုလှုံတဲ့သတင်းကလဲ ဖိုးသိုးဖတ်သပ်။

စကားလက် ဂျိုဟန်ဆန်ရဲ့ Black Widow- မုဆိုးမအာမီ လိုက်ဖ် ကြည့်နေရသလိုပါပဲ....... ကွယ်။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (လားရှိုးပြန်ပေး ဘာအရေးလဲ ကဏ္ဍ)
👍981322👏51😁8🥰7❤‍🔥6🍾5🔥3😐1
ငြိမ်းခါးနီး ဆီမီးခွက် ဟုတ်ကနဲတောက်သလိုမျိုး ကြင်စိုးရဲ့အကွက်တွေက။ လည်တော့လည်တယ် နောက်ပြန်ကြီး ဆိုသလိုပေါ့။ ကိုယ်ပိုင် လေယာဉ်ဝယ်၊ ငပူဆီ ဒိုးတာ ချွေရံသင်းပင်း၊ အိမ်ဖော်ပါမကျန် အကုန်မသွားသတဲ့။ “ပြန်မလာတော့ဘူးကွယ်၊ ကိုယ်ထွက်သွားတော့မယ်” အဖြစ်ဆိုးမျိုး သူတွေးနေလေပြီ။ ခုန်ဆင်း ခြေလှမ်းသူကြိုလှမ်းတဲ့သဘော။ ဆရာတကာ ဘုရားတည်သူကတည်၊ အိမ်ဝယ်သူကဝယ်နဲ့ ရုစကီမြေမှာ ခေါင်းချဖို့ ပြင်နေပြီတဲ့။

ဒါဘေမက် သေတာတောင် ဝမ်းလျှောတော့ မရပ်။ ရွှီးကောက်ပွဲလုပ်မယ်။ ဒီနှစ်မကုန်ခင် တနိုင်ငံလုံး ဖက်ကြမ်း ကင်းစင်စေရမယ်ဆိုပဲ။ အက်လို ကြွယ်လို့မှ မဆုံးသေး။ တောင်ပိုင်းက ဆယ်လ်မွန်ငါးတွေ ခမရ-၅၉၈ ကို ရွှေကျင်မှာ အ ေသကင်ပလိုက်တယ်။ မိုးဦးရေဆန် တေးသွားက စစ်တောင်းမြစ်တကျော ပျံ့လွှင့်မာန်ချီ။ ထီးခီးကိုလဲ အပြီးအစီးတီးပလိုက်နိုင်ပြီ။

ကာလအကြာ တိတ်ဆိတ်သယောင်ဖြစ်နေတဲ့ မြန်ပြည်အလယ်ပိုင်းက သမ္ဘူလတို့နယ်မှာလဲ ခေါင်ခြောက်ကွေးခမျာ့ ဗိုလ်စင်္ကြာလက်ချက်နဲ့ ၄ ဦးဂိမ်သွားတဲ့သတင်းလဲ တွေ့မိ။ ဟော အကိုထွင်းကလဲ ကျန်ဖြတ်စဆရ စတော့မယ်တဲ့။

ရည်မွန်စကီးပြောတဲ့ အထွေထွေထိုးစ-စ်မှာ ဘယ်သူကဇာတ်လိုက်၊ ဘယ်သူတွေက ဇာတ်ပို့ဇာတ်ရံ သေချာမသိသေးသော်ငြား စင်မြင့်ပေါ်မှာ လှုပ်လှုပ်ရှားရှားတွေတော့ တော်လှန်ပုရိတ်သ-တ်တွေ စတင်ရှုစားနေရပါပြီ။

တဖက်မှာ ရင်ပြင်နီဧည့်ခံပွဲ ကြင်စိုးတက်ခွင့်ရတာ ဂုဏ်ကြီးဂုဏ်ကောင်းလုပ်နေတဲ့ မုတ္တမတသိုက်ကြည့်ပြီး ဒမှာ ရီလိုက်ရတာ အောက်နှလုံးတောင်နာတယ်။ ငတို့ ခေါင်းရှောင်ကြီးက ကိုယ်ပိုင်လေယာဉ်ကို ခေါင်းခန်းက စီးသွားတာလို့ မပြောရုံတမယ်။ ဆူးလေးအင်းစိန်များ မှတ်နေသလားပဲ။ ဟိုရောက်တော့ ဘောင်မဝင်၊ တန်းမဝင်။ ထိုင်တာတောင် ငါးမူးတန်းက တောက်တိုမယ်ရအထာနဲ့။ ပြန်လာရင် စကြာဝဠာတခွင်လုံး လက်ဝါးပြ သိမ်းပိုက်လာခဲ့သလိုမျိုး အရူးကွက်တွေခင်းဦးမှာ။

အမယ် ခေါဘဏီကလဲ လာလာချီသေး (ဖိနပ်တွေဖွက်ထားကြအုံး)။ နျူကလီးယား နည်းပညာမှာ အမျိုးသမီးများပူးပေါင်းရေး ဆွေးနွေးသတဲ့။ ကွကို ကြူကလီးယားနည်းပညာ တဖက်ကမ်းခတ်အောင် ကျင့်နေစမ်းပါ။

ကဲ ဒင်းတို့အကြောင်း သောင်းပြောင်းထွေလာ ပျော့ရတာ သန ပါတယ်။ ခွေးဖျင်ပူးတာ လက်ဖွဲ့ပေးသင့် မပေးသင့် ဆွေးနွေးနေကြသလို အလကားအချိန်ကုန်ပါတယ်။

ကိုယ်တွေအကြောင်း အားဖြစ်စရာတွေပဲ ပြန်လှည့်မယ်။

သောက် 1 ယုတ် ဘယ်လောက်တုတ်တုတ် တင်နီလာအေးက နိုးပါတဲ့။ ဒါမျိုး မိမိတို့ ကြိုဆို ဝန်းရံကြရုံသာပ။ ကီယာကလည်း ဒီနှစ်မကုန်ခင် ဗျူဟာအသစ်၊ အခင်းအကျင်းအသစ်၊ ကစားကွက်အသစ်နဲ့ ပြည်သူနဲ့အတူ ကပြမယ့်အကြောင်း အသံ သဲ့သဲ့ကြား။

လောလောဆယ် တော့ ဗမော်ကို တကယ်ဆော်နေလေရဲ့။ မျက်စိကိုဖွင့် နားကိုစွင့်ထားကြ ဒို့ရွာသားများ။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ကြင်စိုးလိမ်ထုတ် ခွေးဆက်ပြုတ်-ကဏ္ဍ)
👍779319👏34🥰16🔥7😍7👎1
ဒီကနေ့ စိတ်နှလုံးညှိုးချုံးရတဲ့ သတင်းက ဒပယင်း(ဒီပဲယင်း) အိုးထိမ်းရွာ သတင်းဖြစ်ပါလိမ့်မယ်။ ပဇီကြီးတုံးကလို မဲလုံးတကောင် ထွက်မဟောင်ရဲဘဲ တိုးကြောင်လေးဘူတာက ဖဲ ၃ ချပ်သမားအထာနဲ့ ဗျောင်လိမ်ဗျောင်စား သတင်းထုတ်ရဲမှုကို အံ့ဩဘ ကမ္ဘောဇပေါ့။

ဒါဘေမက်........... ဒါတွေက “လေထဲ လွင့်ပါသွား” ဖြစ်စရာမှ အကြောင်းမရှိတာ။ သတင်းအမှန်တွေက ကမ္ဘာပတ်ပြီး ကဗျာဖတ်ပြီးသား။ ဘယ်ပြေးမလဲ မိချိုသဲ။ ရေခတ်မကြုံ အီးပါကြုံမှာပဲလေ။

ဒီကြားထဲ ရွှေကျင်မှာ အပီကင်ထားတဲ့ တပ်ရင်းဌာနချုပ် ၅၉၈ ကိစ္စလဲ မမဆောင်းလို သိမ်းလိုက်၊ ပြန်ပါသွားလိုက်၊ ထင်ရာမြင်ရာတွေနဲ့ ကျူးတို့ခမျာ့ နတ်ကရာ ကြည့်မောနေရပါရောလား။

ဂျက်မြသောင်း လေသံနဲ့ပြောရရင် “ဒါလေးများ ဒါလေးများ” လုပ်ပလိုက်စမ်းဘာ။

ဖမ်းဆီးရမိ အားလုံးကို တခြားနေရာမရွှေ့လေနဲ့။ ဆန်ကုန်မြေလေးတယ်။ ဒီစခန်း ဒီနေရာမှာပဲ မအိမ်လုံးတွေ ဗုံးလာမကျဲခင် ကောင်းမွန်စွာကျွေးမွေး ပြုစုစောင့်ရှောက်ထားကြောင်း လိုက်ဖ်လွှင့်ပြ။

အိမ်း မင့်တို့ကျဲ မင့်တို့လူတွေ ေ-သ။ ဒါမျိုး လုပ်သင့်တယ် ထင်သာပဲ။

ဂိမ်းသီအိုရီတွေ ဘာတွေ အသာထား။ မအိမ်လုံးက ဘာစည်းဘာကမ်းမှ မရှိတဲ့ကောင်။ အဲ့အတွက် ကိုယ့်ဖက်ကလဲ လှလှပပ ကစားပြဖို့ လိုပါတယ်။

သောက် ၁ ယုတ်နဲ့ပတ်သက်ပြီးတော့လဲ “မျှော်တလင့်လင့်ဇာတ်ကား” မရိုက်နဲ့။ ပြတ်ပြတ်သားသား လုပ်စရာရှိတာ လုပ်ပစ်ပါ။ ဒီပွဲက တောရိုင်းဥပဒေသနဲ့ ကစားနေတဲ့ပွဲ။ ဂေါပကတွေ အလှူခံနေတာမဟုတ်ဘူး။

အိုကေ...... စိတ်က သိပ်အဆင်မပြေလို့ စာအရှည်ကြီး မရေးချင်ဘူး။

လိုရင်းပြောရရင်.. ကျွဲပါးစောင်းတီး၊ ခွေးဘေးကက်ဆက်ဖွင့်လို့ ထူးမယ်မထင်ပါဘူးဗျား။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ပါးရိုက်ရင် နားကိုက်ကြစို့-ကဏ္ဍ)
👍799122😢51👏25😭4
ပန်ဆန်းမှာ မြောက်ပိုင်း ခုနစ်ဖော်တွေ့ကြတယ်။ ပြီးခဲ့တဲ့အကြိမ်တုံးကတော့ ပူးတွဲကြေညာချက်ထုတ်တယ်။ ဒီတကြိမ် ထုတ်၊ မထုတ်ကတော့ စောင့်ကြည့်ကြရုံ။ ဘိုတုတကောင်ကတော့ ခွေးကျိုးဝမ်းလျောသလို လမ်းလုံးပြည့်မစင်စွန့်။ နိုင်ငံတဝှမ်း ဗုံးပတ်ကျဲပြ။ ကရင်နီ က စ-စ်ရှောင်စခန်းလဲ သူမရှောင်။ စာသင်ကျောင်းလဲ မချန်။ ဘူးသီးတောင်၊ နောင်ချိုလဲ အကြိမ်ကြိမ်။

သူ့ဗျူဟာ အလုပ်ဖြစ်နေကြောင်း လက်မောင်းဆန့်တန်း ကြွေးကြော်နေသတဲ့။ ငါလုပ်လိုက်လို့ ဟိုဖက်ရပ်ကွက်ထဲ စိတ်ဝမ်းတွေ ကွဲကုန်ကြတာ တွေ့တယ်မဟုတ်လားတဲ့။ ဒါကြောင့် ဒီဗျူဟာအတိုင်း ကမ်းကုန်အောင် ဆက်လုပ်ကြဖို့ မှာကြားသတဲ့။ သူ့မလဲ ဟန်ကိုယ့်ဖို့ဗျူဟာကလွဲ ဘာမှရှိတော့တာမဟုတ်။

စိတ်ပျက် စိုးရွံ့နေဖို့ မလို။ ဒီထက် ဆိုးတာတွေ လာအုံးမယ်ဆိုတာ မျှော်လင့်ပြင်ဆင်ပြီးသားပဲ ဖြစ်စေချင်တာ။ အထူးအားဖြင့် ကိုယ်တွေ ဖက်က စုစည်းမှု ဒီထက်အားကောင်းဖို့ အရေးတကြီးလိုတယ်။ စားဖိုမှူးလက်ထဲက ကြက် ၂ ကောင်လို အချင်းချင်း ခွပ်မနေရင် ရပြီ။

ဒါကြောင့် ပန်ဆန်းအစည်းအဝေးကို စိတ်ဝင်စားတာ။ ဒေါက်ဇော်ပြောတဲ့ သတင်းစကားနဲ့လဲ ဆက်စပ်ရင်းပေါ့။ FPNCC ခုနစ်ဖွဲ့ထဲမှာကိုက အချင်းချင်း ဖရင်ကွင်စီ မကိုက်လို့ ကွိုင်တွေပူနေကြတာ အများအသိ။ သမိုင်းကြောင်းနဲ့ချီပြီး ရှင်းရမှာတွေရှိသလို သမိုင်းကြောင်းနဲ့ ချီပြီး သင်ခန်းစာယူရမှာတွေလဲ တပုံတပင်မို့ ရလဒ်ကောင်းစေချင်တယ်။

ဘိုတုက တကယ်ဆို ယဲ့ယဲ့ပဲကျန်တော့တာ။ သွသူလဲ သိတယ်။ စိန့်ပီတာစဘတ်မှာ သန်း ၂၀ ကျော်တန်အိမ်ဝယ်ထားပြီးပြီ။ DSTA ဆင်း အန်ချင်စရာကောင်တွေ လွှတ်ပြီး အိမ်တော်ကို ဒကရိတ်လုပ်နေတာ လချီပေါ့။ ကိုယ်ပိုင်လင်ပျံဝယ်လိုက်ထဲက သူ့လူတွေ နောက်ကွယ်မှာ တီးတိုးတီးတိုး သဖန်းပိုး ထိုးနေကြလေရဲ့။ “ခေါဘဏီလောက်မှ ဇောက်မနက်တဲ့အကြံနဲ့ ခွေးပြေးဝက်ပြေး” ပြေးတော့မှာတဲ့။

ဒီအတိုင်းတော့ ပြေးမှာ မဟုတ်။ နာကျင်အချိန်ပို သွင်းဂိုးနဲ့ အက်ပစ်ကမ်းဘက် သူမျှော်တယ်။ ဒါကြောင့် အခုလောက် မိုက်မိုက်ကန်းကန်း နောက်ဆုံးလုပ်နေတာ။ စိနဒိုင်အားကိုးလဲ ရှိနေတာကိုး။

ဒါဘေမက် ပွဲအဖြေက ငတို့လက်ထဲမှာပဲ ရှိတယ်။ မဆိုစလောက်လေး နည်းနည်းတိုး စည်းရုံးကြဖို့ပဲ။ ပြည်သူသာအဓိက၊ ပြည်သူ့ဆန္ဒဆိုတာကို နှုတ်ခမ်းနှစ်လွှာကြားကထက် ရင်ဘတ်နဲ့အသံပြုရင် ပွဲကပြတ်ပါတယ်။

နိုင်ငံတကာလား။ မျှော်မနေနဲ့။ ရရင် ဘောနပ်စ်လို့သာ သဘောထား။ မရလဲ ဝမ်းနည်းနောင်တ ရှိစရာမလို။ ကိုယ်လုပ်စရာရှိတာ ကြုံးရုန်းလုပ်ကြဖို့သာ လိုရင်း။

ဝေးဝေးမကြည့်နဲ့။ အတီးတို့ အဖူးတို့က အုပါရိုက်သွင်းနေတာ ဘိုတုခမျာ့ အိုးရက်စ်-လို့တောင် ဒီရက်ပိုင်း မအော်နိုင်ရှာ။

ကဲ ဆက်ဆွဲကြမယ်။ စုဖွဲ့မှုမကျိုးပဲ့-စိတ်ဓါတ်မကျိုးပဲ့ရင် အောင်သူ၊ မင်းအောင်၊ ပိုင်သက်ကျော်မလို။ အနိုင် ပဲ။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ဘိုတု၏ “မသာနဲ့နားဍောင်း လင်ပျံနဲ့ဂျောင်း” ကဏ္ဍ)
685👍321👏18👌7❤‍🔥5🥰5🎉2🔥1
ဧရာဝတီက တင်ထားတဲ့ ရုပ်/သံဖိုင် ခေါင်းစီးကြည့်ပြီး ဝမ်းလျားထိုးရီလိုက်ရတယ်ဆိုတာလေ။ ဒမက် အောက်နှလုံးနာသွားလို့ အသာလေး ပက်လက်လှန် အမောဖြေရသေး။ “ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိိမ်နေ” ဆိုပဲ။

၃၂ ပါတီ ပေါင်းကျိုလို့ ပုံကောင်းတကွက် ထွက်စရာမှ မရှိတာ။ ဘယ်သူက အရေးအရာလုပ် မဲပေးမှာလဲ။ ပီ၃လုံးမ နဲ့ က၃လုံးကောင် ရုပ်တည်နဲ့ ထွက်ဟောင်လဲ အပိုပဲ။ ဒါနဲ့ PPP ဆိုတာ သိကြလား။ ပေါက်လွှတ်ပဲစား၊ ပေါတိပေါချာ၊ ပလီပလာ ပါတီလို့မှတ်။ ပါဝါဖွတ်ကျား အစိမ်းကောင်ကလဲ အော်ဂလီမောင်မောင်ရုပ်နဲ့။ အားနေ ကိုယ့်ဟာလေးကို ဖြဲကျိနေတာကမှ သူ့ထက် ကျက်သရေရှိသေး အဟီး (မျက်စိပျော့ထှာနော်)။

ဒင်းတို့ချည်းသာလောဆိုတော့ ဘယ်ကမလဲ။ ကျားဖြူအုပ်ကြီး စိုင်းအိုက်ပေါင်း အပြောမှာ နောက်တကြိမ် ဝမ်းလျားထိုးရီမိပြန်တယ်။

“ရွေးကောက်ပွဲကတဲ့....... ကျုပ်နေတဲ့ဗဟန်းမှာ လူ ၁ သိန်းရှိတယ်ဆိုပါစို့တဲ့... အဲ ၁ သိန်းလုံး မဲလာပေးစရာမလိုဘူးတဲ့.. ၁ ထောင်လာပေးလဲ ရတယ်တဲ့.. ၁ ထောင်မလာလဲ ကိစ္စမရှိဘူးတဲ့.. ၁ ယောက်ထဲမဲပေးရင်လဲ ရွေးကောက်ပွဲက အထမြောက်တယ်တဲ့”

အဲဒါ ဥပဒေအရပဲလေတဲ့။ ဒီလေဒီမိုး ဒီလိုမအိမ်လုံးတွေ ဝင်ပြိုင်မှာတဲ့နော် ပုရိတ်သတ်။ ၁ ယောက်ထဲမဲလာပေးလဲ အထမြောက်ရင် စိုးရိမ် မနေပါနဲ့လား။ ကွကိုယ် မဲပြန်ပေးလိုက် ပြီးရော။

ယူထားတာက ပါတီခေါင်းဆောင်ရာထူးတွေ။ ရွေးကောက်ပွဲ ဥပဒေလဲ နကန်းတလုံးမှ သိဟန်မတူ။ ပြည်သူဆိုတာကိုတော့ ပါးစပ်ဖျားက မချ။ ပေါတောတော ကြောင်တောင်တောင် စကားတွေ ထွက်ပြော။

ဒါကြောင့် ၃၂ ပါတီပေါင်းကျိုလို့ ပုံကောင်းမထွက်ဘူးလို့ ပြောတာ။

ဥပဒေအရ က……

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၀ (ဂ) " ------- သို့ရာတွင် မဲစာရင်းအရ မဲဆန္ဒရှင်အားလုံး၏ ၅၁ ရာခိုင်နှုန်းက ဆန္ဒမဲပေးပြီးဖြစ်လျှင် အထမြောက်သော ရွေးကောက်ပွဲအဖြစ် သတ်မှတ်နိုင်သည်" လို့ ပါသဗျ။

ပြောသာပြောရတာ ခွေးဘေးအိုင်ပေါ့ ဖွင့်ပြတာကမှ အမြီးနှံ့ပြအုံးမယ်။

က၃လုံးကောင်လဲ လဍူပဲ။ ကြင်စိုးရဲ့ ၆ လခံဆေးက ဩဂုတ်လဆို ကုန်ပြန်ပြီတဲ့။ အာ့ စောင့်ကြည့်ရမှာပဲတဲ့။ နောက်ထပ် ၆ လခံဆေး ထိုး/မထိုးကြည့်ပြီး ရွေးကောက်ပွဲ ဘယ်တော့လုပ်မလဲဆိုတာ ရှင်းသွားမယ်တဲ့။ အတော့်ကို အပတ်တကုတ်လေ့လာထားတဲ့ ပညာရပ်တွေ ပုံအောအသုံးချပြီး ကတ္တီပါလက်အိတ်စွပ် မ တာ မ တာ ဆိုတာလေ။

ကြင်စိုးက ခြေစွယ်ငုတ်တာကို နားနှာခေါင်းလည်ချောင်းအထူးကု သွားပြတဲ့ကောင်။ သွားမခန့်မှန်းနဲ့ ရူးသွားလိမ့်မယ်ဆိုတာ သူမှ အစစ်။ ကြည့်ပါ့လား ခေါဘဏီကို။ အရူးလင်လုပ်ထားတော့ ကျွတ်ကျွတ်အိတ်မီးဟပ်ထားသလို ရှုံ့တွပိန်လိမ်။ အသုဘကမ္မဋ္ဌာန်းရှုလိုသူတွေအတွက် တထိုင်ထဲနဲ့ တမဂ်တဖိုလ်ဆိုက်စေမယ့်ရုပ်။

ဆိုတော့ ဒီလေဒီမိုး ဒီမအိမ်လုံးတွေကို အသဲကြားက မဲတပြားလဲ မပေးနဲ့၊ ငပဲကြားက ဖြဲကားတာလဲ မပေးနဲ့။ သ န ဒယ်။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ငကြင့်အောက်ဆွဲများ၏ အောက်ဖဲများကဏ္ဍ)
👍780160👏42😁37❤‍🔥5🥰5🔥2🤩1🌚1👻1
အဖမ်းခံ၊ အသ-တ်ခံရမှာစိုးလို့ မျက်နှာခွဲစိတ်ပြုပြင်ရုပ်ဖျက်တဲ့ ဘီးကျဲတပွေရှိခဲ့ဖူးတယ်။ မက်ဆီကန် ကာတဲလ်ခေါင်းဆောင် Amado Carrillo တဲ့။ ရုပ်ဖျက်ပြီး မကြာပါဘူး။ ယောရုဝကို ဗီဇာမလိုဘဲ လစ်တာပဲ။ မိုက်ရိုင်းစုတ်ပဲ့တဲ့သူ ဘယ်သူမဆို နိဂုံးကမ္ပတ် အဆုံးသတ်
လှစရာမရှိ။

တစ်တော့ မသုံးနဲ့။ ဖွဘုတ်ရှောင်။ တင်ထားထားတာတွေ အကုန်ဖျက်။ ပရိုဖိုင်လော့ချ။ မိသားစုဝပ်ကျင်းတွေပြောင်း။

ဘယ်လိုခြေရာဖျောက်ဖျောက် လွတ်ရိုးလား။ ပြာဖြစ်သွားတောင် ဒင်းတို့တွေကို မှတ်မိပါ့။ ဂျက်စီဂျိမ်းလဲ နောက်ဆုံးတော့ စမုံတုံးတာပဲ။ အိုက်ခမန်းလဲ ကမ္ဘာကုန်ကျယ်သရွေ့ ဘယ်လိုပြေးပြေး မိတာပဲ။

ဝင်းဦးလေသံနဲ့ ပြောရရင် “ဘယ်ပြေးမလဲ လိလေဘဲ” တွေ။ အခုကိုပဲ ဆောက်တည်ရာမဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကြပြီ မဟုတ်လား။

သောနုတ္တရ အထာနဲ့ ကြင်စိုးကို လက်ညှိုးထိုးရုံနဲ့လဲ ပြီးသွားမယ့်ကိစ္စမဟုတ်။ ငကြင်ကိုယ်တိုင် ပြေးဖို့ချောင်းနေပါတယ်ဆိုမှ။ သူ့လွှဲချရုံနဲ့ ပြီးသွားမယ်လို့ မမှတ်ယူလေနဲ့။ ကျွတ်ကျွတ်အိတ်မတောင် ပရိဒေဝမီးဟပ်လို့ လေဖြတ်ချင်သလိုလို ဖြစ်ထားတာတဲ့။ အခွက်ကိုကြည့်၊လက်ကိုကြည့်ပါ့လား။

ရုစကီးခရီးစဉ်တလျှောက်လုံး လေဖျန်းမလက်ကို ဘေးကတယောက် မလွှတ်တမ်းလိုက်ကိုင်ပေးနေရတာ အကြောင်းမဲ့မဟုတ်။ နဂိုရ်က ရွဲ့နေတဲ့အခွက်ကလဲ ပြန်ဖော်တဲ့ မံမီလောက်တောင် ကြည့်မကောင်းတော့ဘူး။ မွေးရာပါ အချိုးမကျတဲ့ ပါးစပ်ဆိုလဲ ကွမ်းသီးခေါင်းငုံထားသလို အမြဲမြုံစိစိနဲ့။ ကြိတ်ကြွေနေလို့ ဒီလောက်အနုစိတ် ခွဲခြမ်းစိတ်ဖြာနေတာလို့တော့ မထင်လေနဲ့။

အသုဘကမ္မဋ္ဌာန်း ရှုသလို ရှုထားလို့ ငါကိုယ်တော် ထိုးထွင်းသိမြင်တော်မူနေတာ။ Conversion Disorder လက္ခဏာတွေ ဖုံးမနိုင်ဖိမရ ကြွထနေတာ။ အကုသိုလ် စိတ္တဇရုပ်တွေ ထင်ရှားဖြစ်ပေါ်လာတာ။ တခုပဲ စိတ်ပူတယ်။ ကိုယ်တွေမလုပ်လိုက်ရဘဲ ပစ်ဂမီ-ခေါဘဏီမောင်နှံ သွသူ လစ်သွားမှာကို။

ကြာတော့ မကြာလောက်တော့ဘူးလို့ ယုံကြည်ပြီးသားပါ။ အိပ်မောကျနေတဲ့ အတီးတောင် တရေးနိုး ခြေညောင်းလက်ဆန့်ထလုပ်ရုံ ရှိသေး။ ထိုင်းနယ်စပ်က မဆုတ်တမ်းစခန်းတွေ တရက်တခု သိမ်းနေတာမြင်ကြတယ်မဟုတ်လား။ နာမည်နဲ့တော့ လိုက်ပါ့။ မဆုတ်တမ်း စခန်းမို့ သိမ်းလို့ရတာလေ။ ဆုတ်သွားရင် ဘိုလိုလုပ် သိမ်းလို့ ရမလဲ။ ခွေးလေခွေးလွင့်တွေကတော့ “မတိုက်မီက ပြေးနှင့်သည်”ပေါ့။

ကျည်းကန်ရှင်ကြီးကတော့ ပြောရှာတယ်။ “ကျောက်ဖြူကိုလည်း မနမ်းနဲ့၊ အောက်သူကိုလည်း မစမ်းနဲ့” တဲ့။ အာရက္ခရှင်ကြီး အကိုထွင်း ကတော့ “ကျောက်ဖြူကိုလည်း နမ်းသကွာ၊ ဧရာဝတီကိုလည်း စမ်းသကွာ” တဲ့။ အင်္ဂါဂြိုဟ်က လာတားတောင် ရပု၊ တွယ်မှာပဲတဲ့။ ဒါမျိုး မိမိတို့ အားပေးကြရမယ် မဟုတ်လား ပုရိတ်သတ်။

BWM အဖွဲ့ကလဲ BMW ပါဝါတွေနဲ့။ ဒီမနက်ဘဲ တောင်ငူကို ဗလောင်ဆူအောင် တီးပြန်ပြီ။ ကဲ “ကြာတာတွေရယ်များပြီ.... ကြာတတ်တာတွေ မကြာစေဖို့အတွက်” နှင်းဝေတဲ့ဆောင်း မတိုင်ခင် အပီဝုန်းကြပါစို့။

ဖောင်ပိတ်သတင်း- ကြောင်စွာဖျင်းကို ငကြင်က တခ လျာထားလို့ ပါဝါဖွတ်ကြားအညိုကောင်နဲ့ ယဲဝင်အုတင်းနေသတဲ့။ ကြင်ကြာကြာ ရေမငုပ်ပါဘူး။ ခွေးဖျင်အပူးစောင့်ပြီး ဝါးဘိုးဝါးနဲ့ လျှိုထမ်းဖို့သာ ပြင်ထားကြ။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (အချဉ်ကြင်စိုး၏နောက်ဆုံးနေ့များ- ကဏ္ဍ)
👍724179👏32🥰6❤‍🔥3🔥1😁1
“သီရိအတင်းအဓမ္မ၊ ဂျပုဇောတဓမြ၊ အပ်ကစမျိုချ” ဘွဲ့တံဆိပ်တော်ရ “အချဉ်မင်းကြီး ငကြင်စိုး” တော့ ငပိအိုးထဲ ဇောက်ထိုးကျတဲ့ မျောက်လို ဖျတ်ဖျတ်လူးနေသတဲ့။ BWM လက်စွမ်း အံ့မခန်း။ တောင်ငူငှက်သိုက် တက်နှိုက်တဲ့အကွက်က လန်းချက်၊ လွင့်ချက်။ အရိုင်းအစိုင်း ပိုင်းလော့တွေလဲ မရဏသန္နဇောချိန်တောင်မရ။ ၂ စိ ၁ ခက် အသက်ထွက်တာ ၂ ကောင် တောင်။ ၃ စိ ၂ ကောင်လဲ ကြွ။ ဒရုန်းဂိုထောင် မီးလောင်။ အတောင်ကျိုးတဲ့ ငှက်က ၃ ကောင်။ ကဲ တခေါက်လောက် လိုက်ဆိုကြည့်ရအောင်။ ဘာဒဲ့ဒုံး ပုရိတ်သတ်။ “ဒရုန်းဂိုထောင် မီးလောင်၊ အတောင်ကျိုးတာ ၃ ကောင်” ပါဖျာ့။ အိမ်း ရေစက်ခွက်ထဲ လဘက်ခြောက်လေးခပ်ပီး အာရုံပြုကြ။ သောက်ဖျင်းကြီး၊ သောက်ဖျင်းလေး မသူတော်နှစ်ပါး ဖက်ငိုနေတာကိုလဲ မြင်ယောင်ကြည့်ကြ။ ၁၀၇ မမ ကို ဂုဏ်ပြုတဲ့အနေနဲ့ သာဓု ၁၀၇ ကြိမ် ခေါ် ကြပါလေ။

“ဘာလုံတလှည့် ဘာပြန်တလှည့်” ဆိုတာ အခုတော့ သိပြီမဟုတ်လား။ တသိုက်ပြီး တသိုက်လာမယ်။ BWM က ခေါဘဏီအသိုက်ပါ မီးညှပ်နဲ့ တက်နှိုက်ပစ်မယ်တဲ့။ သီရိပြည့်စုံမေ လေးတော့ သနားဘာရဲ့။ မီးညှပ်ကို မီးဖုတ်ဖို့တော့ မမေ့နဲ့အုံး အဟက်ဟက်။ ကဲ တော့ပစ် ချော်နေတာ ပြန်တည့်မယ်။

ကြင်စိုးရဲ့ ပေါ်တာ ပေါ်လစီကလဲ ထင်တိုင်းမပေါက်ဘူးတဲ့။ ခပ်တွေးလူဟောင်းတွေက လူသစ်တွေ ထွက်ပြေးမှာစိုးလို့ စောင့်ကြည့်နေရတာ ပင်ပန်းလှပြီတဲ့။ လူသစ်များကလဲ အခွင့်အရေးလေး နည်းနည်းရတာနဲ့ မှုန်နေအောင် လစ်တာပဲတဲ့။ ဒီရက်ပိုင်း သတင်းတွေထဲ တွေ့ ကြမဟုတ်လား။

ဒီကြားထဲ အတီးတို့လက်ချက်နဲ့ ထိုင်းနယ်စပ် စားပေါက်ကပိတ်။ ပိန်ပါဒယ်ဆိုမှ အိပ်မက်ထဲ နာဠာဂီရိက ဖျင်လိုက်ထိုးတဲ့ကိန်းဆိုက်။ ပျာယီးပျာယာနဲ့ ထိုင်းမနှဲလေး ဆီသွား။ AH-1 ကိစ္စ ကေနုနဲ့ ညှိပေးပါအုံးတဲ့။ ကေနုက ဆီပုလင်းခါးချိတ်၊ လေးဘက်ထောက်၊ နောက်ပြန်လာခဲ့လို့ ပြောလွှတ်လိုက်တယ် သဲ့သဲ့ကြားမိ။

ဒါဘေမက် ဘဝင်ရူး ဘျင်ရူးက ယပ်တောင်ခေါင်းထိုးမပျက်။ ကမ္ဘာ့အရေး၊ စကြဝဠာအရေးတွေတောင် ဝင်ငံနေလိုက်သေးတယ်။ ယူကရိန်းကဘာဖြစ်၊ ထွမ့်ရဲ့ ကုန်သွယ်ခွန်က ညာဖြစ်နဲ့ အောင်နက်က အောင်နက်နေရာမနေဘဲ ဈေးခွေးလို ပတ်ဟောင်နေလေရဲ့။ ဒီလို အရူးနဲ့ ငတို့က ရှုံးစရာလား။ ဒီပွဲမနိုင် ဘယ်ပွဲနိုင်- မြိုင်မြိုင်ဆိုင်ဆိုင် ဆက်က ကြဖို့သာ။ ပြောနေကြာပါတယ်။ ရွှေအတိပြီးတဲ့ မြို့ပြများ တည်ဆောက်ဖို့၊ ကာကွယ်သူ တို့ရဲ့ဓါးတွေနဲ့ ငါတို့သမိုင်းရဲ့တောက်ပတဲ့ နေ့ရက်တွေ ဖန်တီးမယ်။ ရာဇဝင်ဟောင်းရဲ့ သင်္ချိုင်းရာကို ရာဇဝင်သစ်နဲ့ အစားထိုးမယ်။ ယုံကြည်သူတွေအသက်နဲ့ ဧရာဝတီ အိမ်အပြန် အိပ်မက်ကို ထုဆစ် နိုင်ဖို့ “ဒို့ပြန်လာပြီ ဧရာဝတီ” ကမ်ပိန်းကို ဝိုင်းဝုန်းကြပါစို့။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (အချဉ်မင်းကြီး ကြင်စိုးအတွက် “လတ်ဆတ်သောကြိုးကွင်းကိုစွပ်ပါ၊ အေးမြသော အခေါင်းမှာ လှဲလျောင်းပါ” ကဏ္ဍ)
👏614288👍170😁22❤‍🔥9🔥3🙏1👌1
လပ်တီးရဲ့ ဟပ်စကီးကို ကီယာက အပြတ်တီး။ အပျက်အစီးက ဗျူဟာမှူးအပါ ဆယ်ဂဏန်းရှော။ ယတြာကောင်းတော့ အလောင်းတောင် မပီ။ တပ်ပြုန်း ညီနောင် ၂ ပါး ဒီရက်ပိုင်း ကံဇာတာတွေ တက်နေတာ။ ရေးရင်းတန်းလန်း ညှော်နံ့တောင် ရချင်ချင် (ပိုဘီ)။ ခေါဘဏီ ဆီးစပ်၊ မီးဟပ်တဲ့ အနံ့မျိုး။

မိဆင့်လေသံနဲ့ ကြော်ငြာထိုးရရင်

“ ကြင်စိုးရေ နင်ပိုင်တဲ့ ၂ စီးတော့ ကြွသွားရှာဘီ.. တစီးက တေပန်းပွင့်ဖို့.. နောက်တစီးက မတ်စေ့ကိုက်ဖို့”

ဘယ်ပြေးမလဲ လိလေဘဲတွေ။ အခုတောင် Mi-17 ကို အခေါင်းပျံလို့ တင်စားနေကြလေရဲ့။ သူတို့လောကမှာ Mi-17 ကို ခွန်ဆာလေယာဉ်လို့ ခေါ်ကြသတဲ့။ တချိန်ကဆို ဟပ်စကီးလေဘဲတွေက စော်ကြည်ဘဲတွေ။ အန်းကုန်း ဖန်လို့လဲ လွယ်တယ်။ လမ်းကြောင်းရှိရင် ဒင်းတို့ ဂိုက် ကျွေးပြီ။ မိဘတွေက နွားရောင်း လယ်ပေါင်ပြီး ဝယ်ပေးထားတဲ့ AO ရွှေကိုင်းတဝင်းဝင်းနဲ့။ တောင်ကြီး ညဈေးမှာ နားရွက်ရွှံ့ပေအောင် ဈေးတဆုံးနှိုက် ဆစ်ဝယ်ထားတဲ့ အဲ့ဖို့စ်ဂျာကင်က အပြောင်သား၊ ခါးပတ်က ဂျက်ကော့။

အက်လို Full Frame နဲ့ လူလုံးပြကောင်းခဲ့ကြတာပေါ့။ ဒင်းတို့ဝတ်တဲ့ ဘွိုင်လာယူနီဖောင်းဆိုရင် ဆေးလိပ်မီးထိုးတောင် မပေါက်ဘူးဆိုပြီး ဂုဏ်ဆာကြသေးတာ။ ကက်ဂလုတ်ဆိုလဲ ပြေးဝယ်ရ။ ဟာဇက်အတု စိမ်းပုပ်ရောင် ထွက်ပဟဲ့ဆိုလဲ အန်းကုန်းမကို ပူဆာရ။

ခုမျန်းတော့ လေဘဲဆိုရင် ဆွေ ၇ ဆက်၊​မျိုး ၇ ဆက် ဖြုတ်ချင်သူတွေချည်းမို့ အိမ်ဦးခန်းမှာတောင် မှန်ဘောင်မထားရဲတော့ဘူး။ ဘိုတုအောက်ဆွဲ လုပ်မှတော့ ခံကြစမ်း။ မိန်းဂီယာ ဒါရိုက်ဟစ်ထိတဲ့ ပုဇင်းဆိုရင် ဒလက်ပဲ ကျန်တယ်။ ပါသွားတဲ့ ငနဲတွေကတော့ “မျက်တခတ်၊ ပြက်လျှပ်ကယ်၊ တဗီဇနာမျှ” အတွင်း ယောယုဝတန်းရောက်သွားကြပုံပဲ။ Mi-17 ဆိုသဟာတွေကလဲ အပို့ “pre-မသာ”၊ အပြန် “semi-မသာ” နဲ့ ၄ နှစ်လောက် အပ်ပင်ဆွဲနေရတော့ မိန်လဲမတိန်းနိုင်၊ ရီလဲ မပဲနိုင် ပျက်ချင်ရဲ့လက်တို့ ဆိုးအောက်ကုန်တာ မဆန်းလှ။

ဒါဘေမက် အချဉ်မင်းလကားကြီးက လေတော့ မလျော့။ ဆုံးရှုံးသွားတဲ့ စခန်းတွေ အကုန်ပြန်သိမ်းမယ်တဲ့။ ကြိမ်းချက်က နေ့ဆွမ်းလွတ် မယ့် အထာ။ ကြိမ်းသေ ကြင်စိုးလို့ တမျိုးတိုးလို့ ခေါ်ရမယ်။ ကြိမ်းရင်း ကြိမ်းရင်းနဲ့ သေမယ့်ကောင် မဟုတ်လား။

ခေါဘဏီလောက်မှ ဇောက်မနက်တဲ့ သူ့အကြံကိုလဲ အောက်ခွေးတွေက ရိပ်မိနေပြီ။ အိုးမလုံ အုံကပွင့်။ အရေးအကြောင်းကြုံလာရင် ကိုယ်လွှတ်ရုန်း မပြေးပါဘု။ တပ်ထောက်ခံသူတွေကို ခွေးတကောင်၊ ကြောင်တမြီးမှ ချန်မထားပါဘုလို့ ပြောလို့ပြော။ ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့အပြစ်တင် ဗလွတ်ရွှတ်တ၊​ ပေါက်ပန်း လေးဆယ်၊ ကယောင်ကတမ်းတွေပြောရင်း သွက်ချာပါဒလိုက်နေပြီ။

ဆုံးသွားတဲ့ စခန်းတွေ ပြန်သိမ်းရေးကို မိုနိုပိုလီဆော့နေတယ်မျန်း မှတ်နေ။ “AA ကျရှုံးပါစေ” ယတြာချေလို့ မဆုံးသေး။ အကိုထွင်းက ကျောက်ဖြူ စခန်း ၂ ခု တက်ကြိတ်ပလိုက်တယ်။ မှတ်ကရော။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (အချဉ်စိုး၏ ယတြာကောင်း၊ အလောင်းတောင်ကောက်မရ ကဏ္ဍ)
448👍166🤣24👏16🔥5
ရွှေကူမှာ ကီယာက ပုဝါမကူ၊ ရေမရှုကြေး အားကြီးနဲ့ အမှုန့်ထပ်ကြိတ်။ အိုင်စီယူထဲက ဂီလာန ဟပ်စကီး ဒုန်းဒုန်းဒက်ဒက်စာမိ။ တုံးလုံးပက်လက် တစစီကြွေ။ ဟိုင်း….. ယား….။

“ပုဇင်းရင်ကွဲတွေ ဆော်ခံထိတယ်၊ ကြားလည်းကြားတယ် မြင်နိုင်တယ်” ဖိုးချိုသီချင်းလေးတောင် ညည်းမိသေး။ ကီယာရဲ့ စတြွာတီဂျီ မိုက်ချက်။ ကျူလင်ဖြုတ် ကျူငုတ်မချန် တဆုံးလုပ်တာ။

ဆယ်လမွန်ငါးတွေ ဆော်ချက်ကလဲ ပေါင်းတည်မှာ အခေါင်းဝယ်လို့တောင် မရလောက်အောင်ပဲတဲ့။ တာဝါတိုင်ကုန်းမှာ PDF အလံတင်။

နတ္တလင်းမှာ အပြတ်ရှင်း။ သိန်းအောင် ချက်မြှုပ် အင်္ဂပူမှာလဲ အကိုထွင်းတို့ ရှယ်ပလန်နဲ့ဖြုတ်။ တကယ်လုပ် အဟုတ်ဖြစ်ရမယ်။ တဆိတ် ရှိ ဗုံးပတ်ကြဲတာလောက်ပဲ တတ်နိုင်တော့တဲ့ ကြင်စိုးနဲ့ရောင်းရင်းများရဲ့ မဟူရာနေ့စွဲများပေါ့။

၄ လပတ်မှာ ငကြင်တကောင် ထဟောင်တယ်။ အဆက်မပြတ်ဗုံးကြဲတဲ့ သူ့မဟာဗျူဟာ အလုပ်ဖြစ်တယ်- ငတို့တွေ ကြောက်နေကြပြီဆိုပဲ။ ကြောက်ဆိုရင် ငတို့မှာ တလံလောက်ရှိတဲ့ကျောက်ပဲ ရှိတယ်။ ခေါဘဏီ တံတွေးမြိုချနေမစိုးလို့ လိုက်ဖ်တော့ မလွှင့်ပြတော့ပါဘူးလေ။

အခုဆို ငတို့ PDF တွေက ရပ်ကွက်အဆင့်မဟုတ်တော့ဘူး။ ချံပျံလိဂ် တက်ကန်နေကြပြီ။ နှုတ်ခမ်းနီ အတိုအရှည် ခက်နေသေးလို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်သေးတာ။ ရှိတာလေးနဲ့ လှအောင်ဆင်ပြီး ကတဲ့ပွဲတောင် ရလဒ်က မြင်တယ်မဟုတ်လား။

စ-စ်ဘုရင် ကူဗလိုင်ခန် သုံးခဲ့တဲ့ စ-စ်နည်းဗျူဟာ တခုရှိတယ်။ ကိုယ့်ထက် လက်နက်အင်အား၊ လူအင်အား၊ အရင်းအမြစ်အင်အား သာတဲ့ ရန်သူကို ရင်ဆိုင်တဲ့အခါ Strategic Improvisation ဆိုတဲ့နည်းကို သူသုံးခဲ့တာ။ ဟိုး ရှေးပဝေသဏီတုံးကတောင် အင်အားများတိုင်း၊ အရင်းအမြစ်သာတိုင်း မနိုင်ပါဘူး။ ဗျူဟာ သာတဲ့သူက နိုင်တာပဲ။

RC က နေနိုင်သူကြီးတောင် တော်လှန်ရေးနိုင်ဖို့ အားလုံးပါကြပါလို့ လွယ်တိုင်းလျှန်းမှာ ပေါ်တင်ပြောလာပြီ။ NCA တဖက်နဲ့ တော်လှန်ရေး အောင်စကား ထွက်ပြောတာ ငကြင့်နားရွက် တံတွေးစွတ်တာပဲ။ စကားနောက် တရားပါဖို့ပဲ လိုတော့တယ်။

သာကောလဲ နထိုးနားက သူ့ဟာထိမှာစိုးလို့ မျောက်ယီးသမန်းရှသလို ဖြစ်နေသတဲ့။ ကြင်စိုး အားကိုးမိလို့ ရင်ကျိုးမယ့်ကိန်း ငရှီဆိုက်။ သူပဲ ကာကွယ်ပေးပါ့မယ်လို့ ကတိပေးထား မဟုတ်လား။ ငကြင့်ကိုယုံ ပုံမိရင် ဒါမျိုးတွေရှေ့ဆက်ကြုံရအုံးမယ် စိတ်သာချ။ နောင်ချိုက ၁-ယုတ် စက်ရုံ ဘာဖြစ်သွားလဲ မြင်တယ်မဟုတ်လား။

နထိုး၊ မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်ဖက်ကိုလဲ အာရုံစိုက်ကြရအောင်။ သာကောဖျင် ဒုတ်နဲ့ထိုးနိုင်တာ အဲ့နယ်တကျောပဲ။ အကျိုးစီးပွား အပေး၊ အယူ လှလှပပ ဗျူဟာချကစားနိုင်မှ ဒီပွဲအမြန်ပြတ်မယ်။ သဘောပါလား ဒို့ရွာသားတွေ။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ကျူလင်ဖြုတ် ကျူငုတ်မကျန်-ကဏ္ဍ)
621👍259👏37🥰6🔥4🤣4
“မင်းသွားနှင့်တော့ သွားနှင့်တော့ နောက်ကလိုက်ခဲ့မယ်” မုတ္တမ FM မှာ ဒီနေ့ တနေ့ကုန် အက်သီချင်း ခေတ်စားနေတယ်။ မပြီးလောက်သေးဘူး ငါတို့အလှည့်ဘယ်တော့လဲ အတွေးကိုယ်စီဖိစီး၊ မီးလောင်တဲ့ဖျာတန်းလို့ ဖြစ်နေလေရဲ့။ ဖွတ်ကျားအစိမ်းကောင် ဖွတ်ပါတီဝင်တွေအတွက် စိုးရိမ်မိတယ် စိုးရယ်လို့ ထွက်ဟောင်လို့မှ မဆုံးသေး။ အကောင်ကြီးကြီး အမြီးရှည်ရှည် စမုံတုံးပါရောလား။

အစီအရင် ဆေးမင်ကြောင်လောကမှာ ကြောင်ဆင်း၊ ကြောင်တက်၊ ကြောင်ဖီလာ ဆိုတာရှိတယ်။ ပေါင်ပုတ်ရင် ကြောင်ရုပ်က ထခုန်သလို စွမ်းလိုသူတွေ စုတ်ထိုးစီရင်ကြတာ။ ကြိမ်းသေ ကြင်စိုးအဖြစ်က စွမ်းစေလိုလို့ ကြောင်ရုပ်ထိုးတာ။ စုတ်ချက်က ကြောင်ရုပ်မပီဘဲ ခွေးနဲ့တူတော့ ပေါင်ပုတ်လိုက်တိုင်း ထမခုန်ဘဲ ချီးစားချင်စိတ် တဖွားဖွားနဲ့ ဂိန်ကနဲ ထထ အော်တဲ့ဘွရောက်ရရှာ။

ေ-သတာတောင် ချီးပါမရပ်၊ ဖျာလိပ်ကြားကနေ တစိမ့်စိမ့်ထွက်ကျနေတဲ့သူလို။ နပတ ပြာပုံထဲကနေ ဘယ်လိုပဲ ကြွေးကြော်နေပေမယ့် ပကတိမြေပြင်မှာ ခံခြင်းရှစ်ပါးတရားတော် နာကြားရင်း အောက်ဆွဲတွေ ဂိနေကြလေရဲ့။

ထီလာဂိတ်က ခွေးချင်းကိုက်တဲ့ ပြဿနာကလဲ မသေး။ အထက်ဖား အောက်ဖိ၊ နိုင်စားတယ်ဆိုတာ ဒင်းတို့ သင်ရိုးဓလေ့။ ဒါကိုပဲ တပ်မတော် ပုံရိပ်ကျတယ် ဖာကြထေးကြ မနည်းလှ။ ဆီသည်မ လက်နှီးစုတ်ကိုများ ညစ်ပတ်မှာ စိုးသတဲ့။ စတင်းဒတ်အာမီကြီးရဲ့ ပုံရိပ်က ကုန်းကောက်စရာတောင် မကျန်တော့တာ လူတကာသိ။ လူမဟုတ်တဲ့သူတွေသာ ထင်တလုံးနဲ့ ဖျင်ကုန်း အဖတ်ဆယ်နေကြတာ။

ငကြင်ရဲ့ သွက်ချာပါဒလက္ခဏာကလဲ ဒီရက်ပိုင်း ပိုသည်းလာတယ်။ တောင်စဉ်ရေမရ ဗလွှတ်ရွှတ်တ ပေါက်လွှတ်ပဲစားတွေ အသားကုန် လွှတ်နေပြီ။ တိုင်းပြည်စီးပွားရေးကျတာ ပြည်သူတွေညံ့လို့။ ဒေါ်လာဈေးတွေ တက်တာ လူငယ်၊ လူရွယ်တွေ ပြည်ပထွက်ကုန်လို့။ မြစ်ဆုံသာ မရပ်ခဲ့ရင် ခုချိန်လျှပ်စစ်မီးဆိုတာ လုံလောက်နေမှာ။ NLD ပါတီ အသုံးမကျလို့ ဒီလိုမျိုးတွေ ကြုံနေရတာ။ မြန်မာနိုင်ငံကို တည်ကြက်ထားပြီး နိုင်ငံတကာက ဖျက်ဆီးနေတာ။ စသဖြင့် ခဲကြွ၊ တခန်းပျက်၊ ကျပ်မပြည့်တဲ့ စကားတွေ တတွတ်တွတ်ပြောနေပြီ။ သံချေးကွက်ထပြီး အော်ကြောတွေ ပေါ်လာတာ။

ဒါကြောင့်လဲ အကြောင်းသိ သူ့လူရင်းတယောက်က မအောင့်နိုင်မအီးနိုင် ဆိုရှယ်မီဒီယာတက်ရေးတာ။ “ဒီလူ ဦးနှောက်မအောင်ဘူး” တဲ့။ ကြင်စိုးဦးနှောက်က လူဖြစ်ဖို့ ၃ ဆင့်လောက် လိုသေးတာ အခုမှ သိတာလား။ ဒိုဘာမင်ဦးနှောက်နဲ့ လဲချင်ရင်တောင် ကြင်စိုးဖက်က ဒေါ်လာ တသန်းလောက် အလိုက်ပေးမှ ခွေးရှင်ဖက်က စိတ်ဝင်စားမှာ။

ကဲ သုနခေါဋီကာ အကျယ်မချဲ့တော့ဘဲ အရေးကြီးတဲ့သတင်းတခုပြောမယ်။

တနေ့က ပင်စင်စားတွေကို တကျပ်တန်၊ ၂၀ တန်တွေ ထုတ်ပေးနေတာ တွေ့ကြတယ်မဟုတ်လား။ ငကြင့် အိပ်ထောင် ဟောင်းလောင်း ဖြစ်နေတဲ့ သက်သေပေါ့။ ထောင်မလဲသဲကော်တွေ ဆက်ရိုက်ထုတ်ဖို့လဲ အခြေအနေမကောင်းဘူးတဲ့။ ဆိုတော့ မကြာခင် ပိုလီယိုဆင်ရုပ်နဲ့ ကြိုရိုက်ထားတဲ့ ၂၀၀၀၀ တန်တွေ ဈေးကွက်ထဲ အလုံးအရင်းနဲ့ ဝင်လာလိမ့်မယ်။ အာ့နဲ့ မလောက် ၅၀၀၀၀ တန်အထိ ရိုက်ဖို့ ပြင်ထားသတဲ့။

ဒီဒဏ်ကို လည်စင်းခါးစည်းခံဖို့ထက် ဒီအရူးကို တောထုတ်၊ ဒီပွဲကိုသာ အမြန်ဖြတ်ကြစို့။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ကြင်စိုးအခက်၊​ ငါတို့အချက်၊ နာနာသာနှက် ကဏ္ဍ)
634👍367👏34❤‍🔥7🔥4🤡2🫡2
စာက ရေးမို့ပဲ။ စိတ်မအား လူမနားဖြစ်နေလို့ မရေးနိုင်။ ဒါဘေမက် ကျူးမရေးလဲ ဒီရက်ပိုင်း မြင်ရကြားရတွေက မိုတီအပြည့်နဲ့ အီစိမ့်နေပြီးသားပဲ မဟုတ်လား။

စစ်ရေးတင်မက နိုင်ငံရေး သံရေးတမန်ရေး ကဏ္ဍစုံမှာ ဟန်မကျပုံက ကြင်စိုးအဖို့မတော့ ခွေးကျိုး ချောင်ပိတ်ရိုက် ခံရသလို အငိုလွယ်သလောက် အရှိုက်ခက်။ အသက်ထွက်ဖို့ပဲ ကျန်တော့တယ်။

Half-time နဲ့ ရပ်ဆိုင်းနေတဲ့ မြို့ပြခွေးလေခွေးလွင့်နှိမ်နင်းရေးလဲ ဂျပုအတွက် တဖန်မွေးဖွားလာ။ ကေနုခွင်မလဲ ဖားစည်တီးသံ မိုးထက်ညံ၊ လက်သံပြောင်ချက်က အောင်ပွဲတွေအောတိုက်။ ကနဲလေးဆို ညမကူးဘူး။ ကေနုဗွီးရှင်း နေ့ချင်းပြီး တီးထည့်ပလိုက်တာ။ ဒီကနေ့ ရွှေအေးမြိုင် ထပ်ရသတဲ့။ မတ်၊ ဧပြီ၊ မေ (၃) လအတွင်း ပဒိုတို့ ဆိုတီးလေးနဲ့ ကြင်စိုးနှာနုဖြတ်ရိုက်ပစ်တာ မှန်း… ဘယ်လောက်တောင်ရှိပြီလဲ ချရေး ကြည့်ရအောင်။

ပူးလူးတူ၊ မော်ဖားသူး၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ တာလယ်၊ မယ်လ၊ မော်ဖိုးကေ၊ ဘလက်ဒို အပါ အနည်းဆုံး စခန်း(၁၀)ခု မကရှိသွားရှာပြီ။

ငကြင့်အောက်ဆွဲတွေ အပြေးတင် သန်လှ မမှတ်လေနဲ့။ ရေကူးလဲ ကျွမ်းသဗျ။ အတီးက ဇစ်ဖြုတ်ပြရုံရှိသေး မနှဲလေးတို့ကမ်းဖက် ခွေးပြေးဝက်ပြေးကူးပြေးတာများ Michael Phelps ရဲ့ အိုလံပစ်စံချိန်တောင် ကျိုးလောက်ကဲ့။

ဒီကြားထဲ ဆုံဆည်းမြိုင်မှာ အထိုင်ချခွင့်တောင်းတာ DKBA က ကန်တော့ပါသေးပြောလွှတ်လို့ တပ်လုံးကုန် စမုံတုံးရပြန်။

အပီသိပ်တဲ့ ဝဇီပိတ်ရဲ့ ယတြာအစွမ်းတွေ အံ့မခန်းအလုပ်ဖြစ်နေတဲ့သဘော။ တလောက ကြံရာမရတဲ့အဆုံး အလ္လဇ္ဇီဂဒုံးဆီ ငကြင်တို့လင်မယား ဖျင်သွားလျားထားတာ အလကားမဖြစ်ဘူးပဲ။

ယတြာအစွမ်းက ဖိုးမူတို့အတွက်ပဲလားဆိုပြန်တော့ ဘယ်ဟုတ်ပါ့။ အင်္ဂပူကိုလဲစမ်း၊ ကျောက်ဖြူကိုလဲ နမ်းနေတဲ့ အကိုထွင်းတို့ဆီမှာလဲ စွမ်းသဗျား။

တနေ့ကပဲ ကျောက်ဖြူ ခြေမြန် (၁၁) ကအကောင်ကြီးကြီး အမြီးရှည်ရှည်၊ တခွေတပွင့် နည်းဗျူဟာမှူးဆိုတဲ့ငနဲ အကိုထွင်းတို့ စနိုက်ပါလက်ချက်နဲ့ကြွ။ ဒီပုံအတိုင်းဆို ကျောက်ဖြူလဲ ကြာတော့မယ်မထင်။ အခုတောင် နောက်ဆုံးခံစစ်ပြင်တဲ့အနေနဲ့ စခတွေ OGT စက်ရုံဝင်းထဲ ဝင်ပုံးနေရတဲ့ဘွ ရောက်နေကြပြီ။

အက်လို လေးဖက်ထောက်နေရပါတယ်ဆိုမှ မြွေပူရာကင်းမှောက်၊ ဘကုံးက သူ့သံတမန်တွေ ပြန်ခေါ်လေတော့ ကြင်စိုးအဖို့ အရူးဖျင် သရဲထိုးသလို ငိုငိုရီရီ အီတီတီကြီးကို ဖြစ်လို့။ ဒီကြားထဲ အာဆန်ဥက္ကဌက ရွေးကောက်ပွဲ ခွေးတိုးပေါက်က ခေါင်းပြူဖို့ မကြံလေနဲ့လို့ သဟောက်သဟမ်း လှမ်းလုပ်တာ ခံရပြန်သေး။

ထိုစဉ် တင်နီလာအေးနဲ့ ကီယာကလဲ မတူတာတွေ အသာထား၊ တော်လှန်ပန်းတိုင် မယိမ်းယိုင်စေရေး လက်တွဲကာနော် အတူဆော်ကြမတဲ့။

တောင်ဇလပ်တို့ဌာနီ ချင်းညီဘွားတို့ဖက်မလဲ ခွေးတကောင်၊ကြောင်တမြီးမှ တက်မလာခဲ့နဲ့ဆိုပြီး ဆော်ပလော်တီးနေလို့ ဂျပုအောက်ဆွဲ သကောင့်သားတွေ အလူးအလဲ။

ကဲ ဒလောက်ဆို ပေါက်လောက်ကြပြီထင်။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (“ငတို့အား တုဖက်ပြိုင်၊ မအိမ်လုံးကတော့မနိုင်ပါပြီ၊ ဆုံးရှုံးခြင်းသာရင်မှာပိုက်လို့၊ ငိုရှိုက်ခါအဝေး ပြေးရပါတော့မည်” ကဏ္ဍ)
680👍227👏41❤‍🔥3🔥3
အကုသိုလ်ကောင်နဲ့ တခါလား နှစ်ခါလား လက်လေးဆွဲ နှုတ်ဆက်မိပါတယ်။ ငပူတင်းဘွ အိမ်ဦးခန်း ဖွတ်တက်ကိန်း ဆိုက်ရှာပြီ။ ဗျူဟာမြောက်ငှက်တွေ အသိုက်ထဲမှာတင် ပိုးစိုးပက်စက် တုံးလုံးပက်လက်။ ဘိုတုက လက်ဆိပ်ရှိတယ်။ သူလက်နဲ့ထိသမျှ အကုန် ကလားနာတိုက်တာပဲ။ ငရှီလဲ ဘိုတုနဲ့တွေ့ပြီးနောက် ထွမ့်ထည့်တာ တဆုံးခံနေရရှာ။ မထင်ပေါ်တဲ့ ငကြင်လော်ကို စင်ပေါ်တင်ပေးတဲ့ မနှဲလေးတို့ တမျိုးလုံးလဲ သာစင်ကို ဘာထင်သလဲအထာနဲ့ ကြောက်ကန်ကန်အော်နေရပြီ။

ဘိုတုက ဗြဟ္မာကြီးဦးခေါင်းလိုမျိုး ကောင်းကျိုးနည်းနည်းမှ ပေးလေ့မရှိ။ ရေမှာချ ရေခမ်း၊ မြေမှာထား တော်လဲ၊ လေမှာထား မီးလောင် စကြဝဠာဒုက္ခအိုး ဆိုတဲ့ကောင်။

အားအားရှိ ယတြာချည်း လှိမ့်ချေနေလို့ တပ်တွင်းမကြေနပ်မှုကလဲ ပေါက်ကွဲလုလု။ တည်းတည်းလေးပဲ ကျန်တော့သတဲ့။ ဒါဘေမက် အာ့တွေ သူစိတ်မဝင်စား။ “ယတြာတောမှာ ပျော်တယ်ဆိုတဲ့ အောင်ရေအောင်ရေ” တေးသွားနဲ့ လေးဖြန်းမလက်ဆွဲပြီး သူ့လွတ်မြောက်နယ်မြေ ထဲ ယတြာ ပတ်ချေနေဆဲ။

ဘျင်ရူး‌‌ ရောဂါလဲ ဆေးကမမီတော့။
အလ္လဇ္ဇီ ဂဒုံးတည်တဲ့ဘုရား ဌာပနာသွင်းတာတောင် မကိုဋ်။ “မဏိဇောတ သွက်ချာပါဒ၊ အဂ္ဂမသာ သမ္မတ” ဘွဲ့ယူဖို့ အကြံနဲ့။

သို့သော် အငုံးလေး၊ ပါကင်လေးပါလို့ ပြောနေရင်းတန်းလန်း အောက်ကရေမွှာပေါက်လို့ သောက်ရှက်ဗြန်းဗြန်းကွဲရတဲ့ အဖြစ်မျိုးထက် မပို။

လက်တွေ့မှာ ဂျပုမိုက်အတွက် ကေနုက အခုတိုက် အခုယူ၊ ဗျူဟာနဲ့ ဆော်ပြနေတာသာကြည့်။ ရလိုက်တဲ့ ပစ္စည်းတွေဆိုရင် “ကျည်ကိုရေချိုး၊ အမ်ဖိုး မီးလှုံ၊ မော်တာတောင်လိုပုံ”။ ခပ်တွေးရဲ့ ဗျူဟာက “ပစ္စည်းမမက်နဲ့ လူလွတ်အောင်ပြေး” ဗျူဟာဆိုတော့ ဒီလောက်တော့ ရှိ ပေမပေါ့။

အခုဆို “စခန်းသိမ်းပေးကြစမ်းပါ မြို့သိမ်းပေးကြစမ်းပါ ရာထူးတိုးပေးပါ့မယ်ဟ” လို့ သူ့ခမျာ့ ဟန်တောင်မဆောင်နိုင် ထွက်ဟောင်နေရပြီ မဟုတ်လား။

သူဘယ်လောက် မိုတီပေးပေး အောက်မှာက လဒူနဲ့ အနူ၊ အိုနာကျိုးကန်း ကြာဇံအုံးကြောင်တွေချည်းမို့ အရာထင်စရာမရှိ။ ဒီကြားထဲ လက်န-က်ချ၊ ထွက်ပြေး၊ ဘက်ပြောင်းကြသူတွေလဲ များသထက်များလာ။ တချို့က ဒီအတိုင်းပဲဆင်းလာခဲ့တယ်ဆိုပြီး ဖျင်နဲ့ယီးပဲပါ။ တချို့ကတော့ အထုတ်လေးအထည်လေးနဲ့ အတိုအရှည်ပါ 'မ"လာ။ ဒီပုံအတိုင်းဆို သောင်ပြင်မှာ ခရုက ဖျင်လိုက်ထိုးရင်တောင် ဂျပုအတွက် လွတ်လမ်းဘယ်မမြင်။

ကျောက်ဖြူမှာ ပါသွားတဲ့ ဦးဂျီဝမ်းရုပ် သူပြန်ကြည့်မိပြန်တော့လဲ “ သူအို၊ သူနာ၊ သူသေ၊ ကြိုးစင်” ဆိုတဲ့ နိမိတ်ကြီးလေးပါးသာ သူ့ စိတ်သန္တန်မှာ ထင်ရှားဖြစ်ပေါ်လာသမို့ မထောင်းတာလှ။ ဒီကြားထဲ အချင်းချင်းမယား၊ ဇာတ်တူသားစား မုဒိန်းကျင့်တဲ့ဇာတ်လမ်းတွေက ဖုံးမ နိုင် ဖိမရနဲ့ တပ်ကပျက်သထက်ပျက်လာ။

ငလျင်ဗန်းပြ အလှူခံစားတာကလဲ ထင်သလောက် နေ့တွက်မစီ၊တွက်‌ချေ မကိုက်လှ။ ဘိလပ်မြေတွေလှူပါ၊ ကျန်ဆစ်သံချောင်းတွေလှူပါ (သူ့အုတ်ဂူဆောက်မို့ထင်) တောင်စဉ်ရေမရ ထွက်ပြောရတဲ့ ဘွရောက်နေတာသာကြည့်တော့။ ဒါတောင် ယအုကိုဆင်ကော်သုတ်ထားမိလို့ 'မ"ထားတဲ့လက် ခွါမရတော့တဲ့ ခိုနီခိုပြာတွေ ကျန်နေသေးလို့ ရုပ်မပျက်တာ။

ဒီကြားထဲ အဂ္ဂမဟာပညာကျော် ကျူးပဏ္ဍိတ်ရဲ့ ငလျင်တဘောင်က တကယ်ဖြစ်လာ။

“နပတတလင်း၊ ငလျင်ဆင်းကား၊ သနင်းခွေးဗိုလ်၊ ပလ္လင်ပြိုအံ့” တဲ့။

အကျယ်ဖွင့်ဆိုပြရမယ်ဆိုရင်ဖြင့် နပတမှာ ငလျင်လှုပ်တော့ ခွေးတို့သနင်း မင်းတြားရူး မအိမ်လုံးရဲ့ ဝပ်ကျင်းပလ္လင်ပြာပုံ ပြိုကျပျက်စီးချေလေပြီ။ တနည်းအားဖြင့် ကြင်စိုးအဖြစ်က ကြိုးစင်ကလွဲ မှတပါး အခြားမရှိလေတော့ပြီ။

ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (လမ်းပုခုံးမေးတင်၊ပြေးရန်ပြင်၊ငကြင့်ဖြစ်အင် ကဏ္ဍ)
688👍242👏40😁7🔥5🥰5
သေ့ ဘော ဘိုး ရပီတဲ့။ မုတ္တမဂေလန်းတော့ ညလုံးပေါက် အိပ်နိုင်မယ်မထင်။ ဒင်းတို့အဖြစ်ကလဲ သူ့ကျွန်မခံပြီဇာတ်ကား ကြည့်ရသလိုပဲ။ နိုင်နိုး နိုင်နိုးနဲ့ ဇာတ်လဲသိမ်းရော ကျွန်ခံလိုက်ရတာနဲ့ ပြီးသွားရော။ ဇာတ်မသိမ်းမချင်း တီမီမှာ ဒင်းတို့ နိုင်နေချက်က ဩချလောက်ကဲ့။ သူ့ကျွန်မခံပြီ ဇာတ်သိမ်းပိုင်းလို “မျက်နှာဖြူ အင်္ဂလိပ်နယ်ချဲ့တွေကို လက်နက်အင်အား၊ လူအင်အား မမျှတဲ့အတွက် ဗမာတွေမှာ နောက်ဆုံးရှုံးခဲ့ရပါတယ်” ဆင်ခြေပေးလို့ကလဲ မရ။

စခန်းတခု သိမ်းလိုက်တိုင်း ဒို့ဖက်က ရလိုက်တဲ့ပစ္စည်းတွေဆိုတာ အောတိုက်။ ကျည်ဆံရေချိုး၊ အမ်ဖိုးမီးလှုံ၊ မော်တာတောင်လိုပုံ မဟုတ်လား။ စတန်းဒက်အာမီကြီးဆို။ အခုတော့ တန်းတက်ပီတွေခြေစွမ်းအောက် ဘုန်းဘုန်းလဲ ကွဲပြဲ။ အလံဖြူသာ မကယ်ရင် ကုတင်ခေါင်းရင်း ဒါ့ပုံချိတ်ပြီး အူနီဖောင်းပဲ အခေါင်းသွင်းကြရမှာ။ အလံဖြူတန်ခိုးနဲ့ အသေဆိုးနဲ့ မသေတာလို့ မှတ်။

အခြေအနေက ဒိုမီနို ကြင်စိုးအတွက် အရှင်ထွက်၊ အသေထွက် ကြိုက်ရာရွေးစမ်းဆိုတာမျိုး ဆိုက်နေလေပြီ။ ဆော်သာဆော် အော်တောင် မလွှတ်နဲ့ဆိုပြီး တဆုံး၊ အမုန်းကြိတ်ပစ်ရုံသာပါ့။

ဧရာတိုင်းမှာလဲ “ပြောင်းလှည့်ချိန်တန်ပြီ” ကြွေးကြော်သံနဲ့ ခွေးအချင်းချင်းကိုက်ကုန်ကြပြီ။ ဒုတိုင်းမှူးဆိုတဲ့ ငနာတကောင် အကြပ်-၁၊ တပ်သား-၂၊ ၃ ယောက်ပေါင်း အလောင်းပေါ်အောင် ပြန်ပစ်ခံရသတဲ့။ ဒါဘဲလေ၊ ဒါဘဲပေါ့၊ ဒီလိုဘဲ ဖြစ်နေရမှာ။ စနိုက်ပါ တတောင့်သက်သာ နည်းလား။

ဒီပုံအတိုင်းဆို ငကြင့်အလှည့်လဲ မလာဘူးလို့ မဆိုနိုင်။ အခုတောင် နပတဝပ်ကျင်းထဲ စိတ်လုံကိုယ်လုံ သူမအိပ်ရဲတော့ဘူးလို့ကြား။ ညည မိတ္ထီလာသွား ပုန်းအိပ်နေသတဲ့။ သူ့ချည်းသာလောဆိုတော့ ခပ်တွေးအိုးဆားဗစ်တွေလဲ အိုးဘဲဥနဲ့တပွဲ အမှာစာရောက်လာမစိုးလို့ ရန်ကွမ်းကနေ နပတ ပြန်ပြေးနေကြသတဲ့။

ဝဋ်ကြွေးကို ငွေပေးကာ ကြေအေးလို့ မရတော့ အေဘေးတွေ သေရေးတွေးပြီး ဟိုရှောင်ဒီပုန်းနဲ့ ဖြစ်ပျက်နေပုံက ကြောင်မိတ်လိုက်ပွဲထဲ ခွေးဝင်ကိုက်သလိုမျိုး ဗျောင်းကိုဆန်လို့။ မြင်ရကြားရ အရသာရှိကြရဲ့ မဟုတ်လား ပုရိတ်သတ်။ ငတို့အလှည့် ကျန်သေးတယ်လို့ ပြောထားတာ ဒါမျိုးတွေ မြင်ရကြားရဖို့ပဲလေ။

သို့သော် ပန်းတိုင်မရောက်ခင် တက်မထောင်ကြဖို့တော့လို။ ဒေဝဒတ်မှာလဲ အဖော်အပေါင်းနဲ့ ဆိုသလို ငကြင့်မှာလဲ လုတ်တရီးနဲ့။ အထူးသဖြင့် မြောက်ပိုင်းညီနောင်တွေအပေါ် အုပ်စီးဖို့ လုတ်တရီးရဲ့အကြံက နက်သထက်နက်လာတာ ပေါ့မတွက်သင့်။ Hidden Agenda တွေ ဘယ်သို့ရှိရှိ ဒီပွဲနိုင်မှဖြစ်မယ်ဆိုတဲ့အတွေးနဲ့ ပြည်တွင်း၊ပြည်ပရန်ကို စုကာပေါင်းကာ ရင်ဆိုင်ချိန်တန်ပါပြီ။

အကြံအဖန်ရွေးကောက်ပွဲနဲ့ ခွေးတိုးပေါက်ကတိုးထွက်မယ့် ငကြင့်ကို အလွတ်ပေးလို့မဖြစ်။ ဒီနှစ်မကုန်ခင် ငကြင့်ကို အကုန်းဝိုင်းကင်ကြမှ တန်ကာကျမယ်။ ဒို့ရွာသားတွေလဲ အနီးစပ်ဆုံးတာဝန်ကို ရှာပြီး ထမ်းကြပါလို့ နွေဦးနိဗ္ဗာန်အကျိုးမျှော်ပြီး နှိုးဆော်လိုက်ပါရစေ။

ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (ဒိုမီနိုကြင်စိုး၏ နောက်ဆုံးနေ့များ ကဏ္ဍ)
763👍237👏22🥰13🔥4❤‍🔥3
လူထုနွေဦးက အတိတ်စိမ်းပေးမှတော့ ဒီအပတ် အပူးအခွသာထိုး။ ခုန်ဆင်း၊ အိမ်တိုင်ချွတ်၊ နားကပ်ပေါင်၊ မီးဖိုချောင်ရေကြီး၊ မီးခိုးတိတ် ပိတ်သာထိုးကြ။

ILO က အာတီကယ် (၃၃) နဲ့ အရေးယူလိုက်ချိန် ငကြင်က သူ့တပ်သူပြန်နင်း။ (၃၃) တပ်မမှူးကို ငကြင်က နရသိန်ပို့လိုက်ပတဲ့။ သူ့ချည်းသာလောဆိုတော့ မိသားစုတွေမချန် အကုန်ဖမ်းဆိုပဲ။

ငကြင့်ဘွ ရှိတာမှ တပ်မက (၁၀) ခု၊ မှူးက (၁၀) ကောင်။ အက်ထဲ စမုံတုံးသွားတာ ၅ ကောင်၊ ဒို့ဖက်က ဖမ်းမိ ၂ ကောင်၊ ဒင်းတို့အချင်းချင်း ပြန်ဖမ်းတာက ၂ ကောင်။ အခုဆို (၆၆) တပ်မမှူးတကောင်ပဲ ရေခဲတဲ့။ ဒါကြောင့် အပူးအခွသာလှိမ့်ထိုးပါလို့ ပြောနေတာ။

ထိပ်စီး၊ ခါးလယ်၊ နောက်ပိတ်၊ လုံးပိုင်၊ ဘရိတ် ဒဲ့အပြီးပေါက် တကွက်ထဲ လိုချင်ကြရင်ဖြင့် ၂၂၄ သာထိုး။

လေဖြန်းမ ကျန်းမာရေးအခြေအနေက ဒီရက်ပိုင်း ဂူတာရက်စ်အထာ။ အထူးစိုးရိမ်ဖွယ်ရာတဲ့။ ကံများကောင်းရင် စလုံးမှာ ခေါင်းချမတဲ့။ ဒါကြောင့် နေ့သင့်နံသင့် ၂၂၄ ကို ဝိုင်းသာဝုန်းကြပါလေ။ အောင်ဇေယျစစ်ကြောင်း အရာမထင်သည့်တိုင် မုဆိုးဘိုဘွဲ့တော့ မကြာခင် ငကြင်ရတော့မယ်ထင်။

မည်သို့ဆိုစေ ကြားရတာနဲ့တင် ဖရဏာပီတိ ဘောဆီထိသလို ယွစိယွစိနဲ့ ဝမ်းမြောက်ဝမ်းသာရှိလှပေသကိုး။ ဒီပုံအတိုင်းဆို သောက်ဖျင်းငှက်ဖိုငှက်မ ရှေ့ဆင့်နောက်ဆင့်ပဲ မရဏလမ်း ကြွမြန်းတော့မှာပါ။

အခုဆို ဘမောတို့က ငကြင့်ကို “ လှိုင်သာယာ အစင်လေး “ လို့ ခေါ်နေကြပြီ။ စတင်းဒက်အာမီကြီးတခုလုံး အရှုံးကြီးရှုံး၊ စခန်းတွေ တခုပြီး တခု ဆုံးနေချိန် ငလှိုင်တကောင်ပဲ သာယာနေလို့ လှိုင်သာယာကြင်စိုးလို့ သမုတ်နေတာကြာပေါ့။ ခုတော့ အစင်လေးဆိုတာ ချစ်စနိုးနဲ့ နောက်တမျိုးတိုးလို့ ကြိုးစင်ကို အဖျားဆွတ်ခေါ်နေကြတာ။ စကားနောက် တရားပါ မကြာပါဘူး လစ်တော့မှာနော် ပုရိတ်သတ်။

နောက်ဆုံးထွက်ပေါက် ရွေးကောက်ပွဲဆိုတာကြီးကလဲ မမဆောင်း လော်လီပေါ့စုပ်သလို ဟိုလိုလိုဒီလိုလိုနဲ့ လုံးပါး ပါးလာ။ ဟာယီးမလျော့ မြို့နယ်ပေါင်း ၁၆၀ ကျော်မှာ ရွေးကောက်ပွဲကျင်းပသွားမှာပါလို့ ဘယ်လိုပြောပြော ဒိဋ္ဌလက်တွေ့ မြေပြင်မှာ ကျင်းပနိုင်တဲ့နယ် အကျယ်က ခေါဘဏီဟာလောက်တောင် မကျယ်ချင်တော့။

ဒီကြားထဲ ဖိုးမူတို့ကလဲ မမနှဲတို့ နယ်စပ်တခွင် ပြဲပြဲစင်အောင် တခုခုပြီးတခု သိမ်းနေပြန်။ ယုတ်ယုတ်ဘယ်လိုတားတား အကိုထွင်းတို့ကလဲ လေးတောင် မလျော့ဘူးဆိုတော့ ငကြင်ဖြစ်အင် မြင်မျှော်ကြည့်ရုံနဲ့ အောင်အတိတ်အောင်နိမိတ်တွေ ထင်ရှားသထက် ထင်ရှားလာ။ အမြင် မမှား မထွေပြားဘဲ ဆက်ကာအားထည့်ရုန်းကြဖို့သာ။

မန်းပီဒက်ရဲ့ တိုက်ပွဲခေါ်သံကိုလည်း နားစွင့်ကြပါ။ ဧရာတိုင်းဖက်ကို မျက်ခြေမပြတ်ကြပါနဲ့။ မကွေးတိုင်းက ဒေါ်လှ ၂ သိန်း ပရောဂျက်ကိုလဲ “အပ္ပနာ ဒေန သမ္မာ ဒေထ” စေချင်။ တချို့တချို့အတွက် ကွမ်းစားဆေးသောက် ကျပျောက်သလောက်ပဲ ရှိတဲ့ပမာဏမို့ လက်လှမ်းမီရာ လှမ်းချီအားဖြည့်ပေးကြပါလားဗျာ။

တလှိုင်းပြီး တလှိုင်း မရိုင်းခဲ့တဲ့ ရာဇဝင်အတိုင်း ဝိုင်းကြဝန်းကြရအောင်ပါ။

အားလုံးကို ဖိုးမူတို့ လူငယ်သဘာဝ စကားထာ ဝှက်သလိုလေး ပြောရရင်ဖြင့် “မျှစ်တာလပေါ့- ချစ်ပါတယ်တော့” လို့သာ။

ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (နိုင်ရာဝန်ထမ်း နွေဦးလမ်းကို ကမ်းကပ်သည်အထိ လျှောက်ကြရအောင် ကဏ္ဍ)
792👍245👏28🥰24😁8🔥7❤‍🔥4🍓4