Kyaw Win Maung
27.4K subscribers
27.4K photos
1.24K videos
10 files
4.28K links
စစ်ရေး၊ နိုင်ငံရေး ၊ ဗဟုသုတ ၊သတင်းစုံတင်ဆက်ပေးနေပါသည်။သတင်းထူးများပေးပို့လိုပါက
@Kyawwinmaung4135
Download Telegram
တပ်မတော်သားတစ်ဦးလျင်
တစ်လ လစာ၊စားရိတ်၊ရိက္ခာ၊ စသည့်လစာစားရိတ် ၅သိန်း ၁သောင်း ရရှိခံစားရပါမည်။

မြန်မာ့တပ်မတော်တွင်ဝင်ရောက်တာဝန်ထမ်းဆောင်လိုသူများအတွက်

အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီမြန်မာနိုင်ငံတော်ကြီးအဖြစ်ကမ္ဘာတည်သရွေ့တည်ရှိဘို့

နိုင်ငံတော်နှင့်ပြည်သူကို

ကာကွယ်စောင့်ရှောက်ရန်

တပ်မတော်သို့ ဝင်ရောက်

အမှုထမ်းဆောင်ကြပါစို့

စားပြီးသောက်ပြီးစားရိတ်ငြိမ်း တစ်လဝင်ငွေ
၃သိန်းကျော်မှ ၃သိန်း၆သောင်းကျော်ရရှိမည်။ စုစုပေါင်း လစာစားရိတ်တန်ဘိုး ၅သိန်း ၁သောင်းကျော်ခံစားခွင့်ရရှိမည်။

လူပျိုများအတွက်ရိပ်သာ၊ အိမ်ထောင်သည်များအတွက်တိုက်ခန်းများနေအိမ်လိုင်းခန်းများတွင် ရေ၊မီး၊အိမ်လခ အခမဲ့နေထိုင်ခွင့်ရရှိမည်။

မိမိအပါအဝင် မိသားစုဝင်များအား တပ်မတော်ဆေးရုံ၊ဆေးခန်းများတွင် ဆေးကုသခွင့်အခမဲ့ကုသပေးသည်။

စစ်ဆင်ရေးတာဝန်ထမ်းဆောင်ပါက ၆ လမှ ၁၁ လထိ လစဉ် ၅သောင်း၊ ၁၂-၂၃လထိ ၈သောင်း၊ ၂၄ လနှင့်အထက် ၁.၁သိန်းလစဉ်ချီးမြင့်ပေးမည်။

သတ်မှတ်နယ်မြေအတွင်း တာဝန်ကျ
သည့်တပ်မတော်သားများအိမ်ထောင်သည်ဖြစ်လျှင် ဇနီးသည်အား လစဉ် ၁ သိန်းထောက်ပံ့ပေးမည်။

တပ်မတော် တွင်တာဝန်ထမ်းဆောင်လို
ပါက @Kyawwinmaung4135
သံဖြူဇရပ်တွင် ဖမ်းမိသည့် သန့်စင်ပြီးခဲမဖြူများသည် အစစ်ဖြစ်ပါသည်။

ပုံ-၁တွင် သန့်စင်ပြီးအဖိုးတန်ခဲမဖြူများမှာ သဲနှင့်ပိုဆင်တူပါသည်။

ပြောင်လက်နက်မှောင်နေသည့်အမှုန့်များမှာ တန်ဘိုးမရှိသောခဲချီးများသာဖြစ်ပါသည်။

ယခင်အကြိမ်သံဖြူဇရပ်တပ်နယ်က ဖမ်းဆီးရမိခဲ့စဉ် အတုအစစ်လာလဲရန်အကြိမ်ကြိမ်ကြိုးစားခဲ့ကြသော်လည်း သံဖြူဇရပ်တပ်နယ်က သစ္စာရှိစွာ လဲခွင့်မပြုဘဲ နိုင်ငံတော်က လေလံတင်ရောင်းချခဲ့ရာ US$ ဒေါ်လာ ၈သိန်းကျော် ရရှိခဲ့သဖြင့် ဖမ်းဆီးသည့်အဖွဲ့များအား နိုင်ငံတော်က ထိုက်တန်စွာ ဆုချီးမြှင့်ပေးခဲ့ပါသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိသော နိုင်ငံတော်ပိုင် သန့်စင်ပြီး အဖိုးတန်ခဲမဖြူများအား အတုဖြင့် လာရောက်လဲလှယ်လာပါက လက်မခံဘဲ နိုင်ငံတော်ကချီးမြှင့်မည့် ဆုကြေးငွေများအား ထိုက်တန်စွာ ရယူကြပါရန် အကြံပြုအပ်ပါသည်။
📢📢📢📢📢📢📢📢📢📢
🚨🚨🚨🚨🚨🚨🚨🚨🚨🚨
👏👏👏👏👏👏👏👏👏👏
မုံရွာမြို့နယ် တောင်မတော ရွာမကျေးရွာအနီး အကြမ်းဖက် ပဒပ်များနဲ့ တိုက်ပွဲဖြစ်

- အကြမ်းဖက် PDF ၁ လောင်း
- M-16 သေနတ် ၁ လက်
- M-22 သေနတ် ၁ လက်
- လက်လုပ်သေနတ် (အတို) ၁ လက်
- လက်လုပ်သေနတ် (အရှည်) ၁ လက်
- လက်လုပ်စိန်ပြောင်း ၁ လက်
- ၄၀ မမ လက်လုပ်ဗုံးသီး ၁၅ လုံး
- ကျည်အိမ်မျိုးစုံ ၄ ခု
- ကျည်မျိုးစုံ ၂၅ တောင့်
- Nissan (ဖြူ)ကား ၁ စီးတို့အား သိမ်းဆည်းရမိ။


https://t.me/kyawwinmaung413
လက်ပန်လှရဲစခန်းကို PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိ
……………………………………

နေပြည်တော်၊ မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရဲစခန်းသို့ PDF အဖွဲ့ဝင်များသည် ဒရုန်းနှစ်စီးဖြင့် ဗုံးသီးများ ပစ်ချတိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

https://t.me/kyawwinmaung413
လပွတ္တာမြို့၊ အမှတ်(၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအတွင်းအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရသောကြောင့် လူ ၂ ဦးထိခိုက်ဒါဏ်ရာရရှ
*
*
မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဧရာသီရိလမ်းရှိ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းအား ယမန်နေ့ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရသောကြောင့် လူ ၂ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဧရာသီရိလမ်းရှိ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ အမည်မသိလူ ၂ ဦးမှ ဆိုင်ကယ်မောင်းနှင်၍ရောက်ရှိလာပြီး ရုံးခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

https://t.me/kyawwinmaung413
ရမခ/နောင်ချိုTNLAပြောင်းဖူး(၃၀)ကျော်နဲ့စနိုက်ပါ(၂)ကင်
မေ၁၆၊၂၀၂၄။

(၁)မေ(၁၅)ရက်၀၈၀၀နာရီအချိန်ဆမ္မဆယ်ရွာ၊နေလမင်းဆန်စက်အနီးသို့TNLAအကြမ်းဖက်အင်အား(၁၀၀)ခန့်စုဖွဲ့နေပြီးသုံးဆယ်ရွာတွင်လည်းအင်အား(၁၀၀) ခန့်စုဖွဲ့နေကြောင်းသတင်းအရမိမိတို့လုံခြုံရေးအဖွဲ့များမှ၁၂၀မမနှစ်လုံး၊၈၁မမ၂လုံးတစ်ပြိုက်နက်ပစ်ခစ်ခဲ့ရာတွင်နေလမင်းဆန်စက်အနီးနှစ်လုံးတည့်ကျရောက်ပေါက်ကွဲခဲ့ပါသည်။

(၂)ထိချက်ကောင်းသဖြင့်TNLAစနိုက်ပါအမျိုးသမီးနှစ်ဦး၊TNLAပဒက်(၃၀)ကျော်ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ပြီး၀၈၃၀နာရီခန့်တွင်ဟိုင်းလတ်ကား၄ကြိမ်နဲ့ဒဏ်ရာရ/သေဆုံးသူများကိုသုံးဆယ်ရွာ၊ဒေါ်စိုးစိုးမြင့်ဝေရဲ့အဆောင်သို့သယ်ဆောင်သွားကြောင်းသိရှိရသည်။သုံးဆယ်ရွာသားPDFစိုးနိုင်(သတင်းပေး)သည်ပစ်ခတ်မှုဖြစ်ပြီးနောက်ဆမ္မဆယ်နှင့်သုံးဆယ်ရွာစဥ္ပါတ်ကာဒလန်သတင်းပေးများကိုဖော်ထုတ်မည်ဟုအော်ဟစ်ဆဲဆိုသွားကြောင်းသိရှိရသည်။

နေပြည်တော်

https://t.me/kyawwinmaung413
16.5.2024 ရန်ကုန်-မော်လမြိုင်ကားလမ်း
သထုံ-ဘီးလင်း ကျုံအိတ်တံတား

ယာယီလမ်းလွဲမြေသားဖို့
ပြီးစီးသွားကြောင်းသိရှိရပါသည်။

ကားလေးများတစ်လမ်းမောင်းစနစ်ဖြင့်
စတင်ဖြတ်သန်းခွင့်ပြုထားပါတယ်..

ဘိုဘိုဝင်း
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊မိုးမောက်မြို့ရှိခမရ-၄၃၇ ရင်းနှင့် မံစီ(မန်ဂျယ် )မြို့ရှိအခြေ ခမရ-၃၁၉နှင့် ၆၀၁ ရင်းစခန်းများကို ကချင်အကြမ်းဖက် KIA PDF   တပ်ဖွဲ့အဖွဲ့တို့မှ (  ၇/၅/၂၀၂၄) ရက်နေ့မှစတင်ပိတ်ဆိုကာ အင်အားသုံးကာတိုက်ခိုက်လာခဲ့သည့်  တိုက်ပွဲ ယနေ့ (၁၇/၅/၂၀၂၄)ရက်နေ့ထိ ပြင်းထန်နေဆဲဖြစ်ကြောင်း အကြမ်းဖက်တို့ဘက်က အင်အားသုံးကာ လက်နက်ကြီး ဒလုန်းများဖြင့် ပိတ်ဆို့ထားဆဲဖြစ်ကြောင်း  ဒေသခံများထံမှ သိရှိရပါသည်။

https://t.me/kyawwinmaung413
ပြင်ဦးလွင်နောင်ချိုအစပ်သရက်ကုန်းအကြမ်းဖက် TNLA/PDFအဖွဲ့များပိတ်မိနေNUG ကိုလေကြောင်းပစ်ကူတောင်း
NUG မှ ၂၄ နာရီစောင့်နေပါဟုဆို
အမေရိကန် UN တပ်တွေရေကြောင်းချီ လေကြောင်းချီလာနေပြီစောင့်ကြည့်ဟုအကြောင်းပြန်။

https://t.me/kyawwinmaung413
သီပေါမြို့နယ် အတွင်း SSPP နှင့် TNLA ထိတွေ့တိုက်ပွဲဖြစ်ပွား

မေ၊ ၁၇ ရက် ၊ ၂၀၂၄ ခုနှစ်။

သျှမ်းပြည် သီပေါမြို့နယ် ကုန်းသာကျေးရွာ အနီးတောဘက်တွင် ယမန်နေ့ (မေလ ၁၆ ရက် ၂၀၂၄ ) SSPP/ SSA နှင့် TNLA တပ်ဖွဲ့တို့ နယ်မြေအညင်းပွားမှုကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ TNLA တပ်ဖွဲ့ဘက်မှ နယ်မြေကျူး‌ ကျော်လာကာ ချောင်းမြောင်း ပစ်ခတ်သဖြင့် SSPP မှ ပြန်တိုက်ထုတ်ခြင်းဖြစ်ပြီး TNLA တပ်ဖွဲ့များပြန်လည်ဆုတ်ခွာသွားခဲ့ ကြောင်း ကုန်းသာကျေးရွာသား တစ်ဦးက ပြောကြားလာပါသည်။

https://t.me/kyawwinmaung413