Kyaw Win Maung
29.9K subscribers
27.7K photos
1.27K videos
10 files
4.54K links
စစ်ရေး၊ နိုင်ငံရေး ၊ ဗဟုသုတ ၊သတင်းစုံတင်ဆက်ပေးနေပါသည်။သတင်းထူးများပေးပို့လိုပါက
@Kyawwinmaung4135
Download Telegram
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
အမြဲတမ်းစစ်မှုထမ်းများ၏ခံစားခွင့်များ

-မူရင်းလစာ ၁၅၅၀၀ဝိ/
-နှစ်တိုးလစာ    ၅၀၀ဝိ/
-အရည်အချင်းလစာ၅၀၀/

-MHRA ၁ သိန်းကျပ်
-ထောက်ပံ့ကြေး ၃ သောင်း
-စစ်/ထူး ၄၅၀၀၀ ကျပ်
-ရိက္ခာစိုငွေ ၂၂၅၀၀ ကျပ်
-ဆံသခဝါစရိတ် ၁၀၀၀ ကျပ်

-CRM ကာလအလိုက်လစဉ်ရရှိမည့်ငွေ ၅၀၀၀၀/၈၀၀၀၀/၁.၁သိန်း

-တပ်မတော်သား၏ဇနီး CRM ၁ သိန်း(ကန့်သတ်နယ်မြေ)

🍨လူပျိုများအား ရိပ်သာများက အခဲ့မဲ့နေ့စဉ်ကျွေးမည်၊
အိမ်ထောင်သည်များအား ရိက္ခာထုတ်ပေးမည်။

Army Run သတ်မှတ်ချက်အတိုင်းရရှိမည်။
စစ်ဝတ်ပစ္စည်းများ အခမဲ့ထုတ်ပေးမည်။
လူပျိုရိပ်သာများ
အိမ်ထောင်သည်များအားတိုက်လိုင်းခန်းများတွင် အခမဲ့နေရာထိုင်ခင်းစီစဉ်ပေးမည်။
တပ်တွင်းဆေးခန်း/တပ်မတော်ဆေးရုံများတွင် အခမဲ့ဆေးကုသခွင့်ရှိမည်။
ခရီးသွားလာရာတွင် ဝရမ်းဖြင့် အခမဲ့စီးနင်းခွင့်စီစဉ်ပေးမည်။ဦးပိုင်တွင် ၁၅ သိန်းအစုရှယ်ယာထည့်ဝင်ခွင့်ရှိပြီး တစ်နှစ်လျှင်အမြတိ ၄.၅ သိန်းရရှိမည်။
သက်ပြည့်အငြိမ်းစားများနှင့် တိုက်ပွဲတွင်ထိခိုက်ကျဆုံးသူများအား စစ်မှုထမ်းဟောင်းအိမ်ယာများတွင် အခမဲ့နေရာချထားပေးမည်။
စနစ်တကျတာဝန်ထမ်းဆောင်သည့် တပ်သားတစ်ဦး၏တစ်နှစ်ဝင်ငွေမှာ ကျပ် ၅၆ သိန်းကျော်ခန့်ရရှိမည်။

@Kyawwinmaung4135
သုံးထပ်တိုက်အဆောက်အဦးပေါ်မှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခုန်ချ၍ သေဆုံးမှု ဖြစ်ပွား ။
၂၀၂၄ ၊ မေလ ( ၁၂ )ရက်၊ မိတ္ထီလာမြို့။

မိတ္ထီလာမြို့ ၊ အောင်ဆန်းမြို့သစ်ရှိ ကိုယ်ပိုင် ဘာသာရပ်သင် အထက်တန်းသင်တန်းတစ်ခုတွင် Grade 12 ကျောင်းသူတစ်ဦးသည် ယနေ့နံနက် ၀၈း၄၅ မိနစ်ခန့်က သင်တန်းအဆောက်ဦးသုံးထပ်တိုက်မှ ခုန်ချရာ သက်ဆိုင်ရာ သင်တန်းတည်ထောင်သူမှ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာနမှတဆင့် နေပြည်တော် ကုတင်တစ်ထောင်ဦးနှောက်နှင့် အာရုံကြောဌာနသို့ ပို့ဆောင်သော်လည်း သွေးထွက်လွန်၍ ကွယ်လွန်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ဆက်လက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။
ဓား ထိုး မှု ဖြစ်ပွား
၁၄-၅-၂၀၂၄၊ မိတ္ထီလာမြို့။

ဈေးအရှေ့ပြင်ရပ်ကွက် ဓမ္မာရုံအနီးတွင် ဓား ထိုး မှု ဖြစ်ပွားခဲ့ပါသည်။

ဦးမျိုးလင်း ချမ်းအေးရပ်ကွက်နေသူမှ ၎င်းနှင့် လင်မယားချင်းကွဲထားသူ မမိုးကေခိုင် ရန်မျိုး‌အောင်ရပ်ကွက် နယ်မြေ(၂)နေသူအား ရန်ဖြစ်စကားများပြီး မီးဖိုချောင်သုံး စတီးဓားအဝါနှင့်ထိုးခဲ့ပြီး ပြတ်ရှဒဏ်ရာ သုံးချက်ခန့် ရရှိခဲ့ပါသည်။

တရားခံအား ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီး၍ သက်ဆိုင်ရာနယ်မြေစခန်းသို့ အပ်နှံပေးခဲ့ပြီး လူနာအား ဝန်ဇင်းလူငယ်အသင်းကားနှင့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဇော်ယုထွန်း (ထီလာသွေး)
Credit
https://t.me/Htilasittthugyi
ရင်ထဲကိုနွေးထွေးသွားစေတဲ့ကြိုဆိုမှုနဲ့ ပြည်သူစစ်မှုထမ်းအပါတ်စဥ် ၂🥰
ကျိုင်းတုံမြို့ နှင်းဆီရွှေဆိုင်ကို သေနတ်ပစ်ခတ် ခြိမ်းခြောက်၍  ရွှေထည်ပစ္စည်းများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ကျိုင်းတုံ မေ  ၁၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ လွိုင်မွေလမ်း၊ နှင်းဆီရွှေဆိုင်ကို မေ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်က နှာခေါင်းစည်း(Mask)များတပ်ဆင်ထားသည့် လူငယ်သုံးဦး (Click)ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ် နှစ်လက် ဖြင့် ပစ်ခတ်၍ ဆိုင်အတွင်း မှန်ဘီရိုအားရိုက်ခွဲကာ ရွှေထည်ပစ္စည်းများ  ဓားပြတိုက်၊ လုယက်ယူဆောင်သွားကြောင်း သတင်းရရှိသဖြင့် တရားခံများအားဖမ်းဆီးနိုင်ရေး ကျိုင်းတုံတပ်နယ်မှလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မြို့တွင်း၌ ပူးပေါင်းစစ်ဆေးခြင်း၊ မြို့ဝင်ထွက်ဂိတ်များများ၌ ပိတ်ဆို့စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ လူငယ် ၃ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်းသိရသည်။
https://t.me/kyawwinmaung413
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် အတွင်းရှိ မိုင်းယုလမ်းခွဲ ရှိ သျှမ်းဘာသာ နှင့် သျှမ်းပြည်အလံ သာသနာ့အလံ ပါ ဆိုင်းပုဒ်ကို TNLA မှ ဖျက်စီးပြီး သျှမ်းပြည်အလံ နှင့် သာသနာ့အလံ အစား ပလောင်အလံ အစားထိုးလိုက်ကြောင်း သိရှိရပါသည်။

မိုင်းယု ဒေသသည် တိုင်းရင်းသား လက်နက်များဖြစ်တဲ့ SSPP, KIA , MNDAA နှင့် TNLA တို့လှုပ်ရှားသွားလာသော ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလတွင် SSPP နှင့် TNLAတို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးသည်ဟုသိရ။

https://t.me/kyawwinmaung413