Kyaw Win Maung
29.6K subscribers
27.9K photos
1.28K videos
10 files
4.66K links
စစ်ရေး၊ နိုင်ငံရေး ၊ ဗဟုသုတ ၊သတင်းစုံတင်ဆက်ပေးနေပါသည်။သတင်းထူးများပေးပို့လိုပါက
@Kyawwinmaung4135
Download Telegram
Dec 26

နေအိမ်အတွင်းလမ်းလျှောက်နေသော အမျိုးသား
သေနတ်ဖြင့် ၅ ချက်ပစ်သတ်ခံရမှု ကျောက်ပန်းတောင်းမြို့နယ်တွင်ဖြစ်ပွား
================================================
၂၆. ၁၂. ၂၀၂၂
Written by Min Mahar

ယမန်နေ့ ညဦးပိုင်းက ကျောက်ပန်းတောင်းမြို့နယ်တွင် အသက် ၆၆ နှစ်အရွယ်အမျိုးသားကြီးတစ်ဦး ၎င်း၏နေအိမ်ခြံဝန်းအတွင်း လမ်းလျှောက်နေစဉ် သေနတ်သမားများ၏ ပစ်ခတ်သတ်ဖြတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ ညဦးပိုင်း ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်၊ တလင်းကုန်းကျေးရွာအုပ်စု၊ ပန်းကြိုင်ကျေးရွာတွင် အသက် ၆၆ နှစ်အရွယ် ဦးမြသိန်းသည် ၎င်း၏နေအိမ်ခြံဝန်းအတွင်းလမ်းလျှောက်နေစဉ် အိမ်နောက်ဘက်လမ်းအတိုင်း တောင်မှမြောက်သို့ အမည်မသိ အသက် ၃၅ နှစ်ခန့်အမျိုးသား ၁ ဦးမှမောင်းနှင်ပြီး အမျိုးသမီး ၁ ဦး နောက်ထိုင် ၍လိုက်ပါလာသော ဆိုင်ကယ်အနက်ရောင်ယာဉ် ၁ စီးခြံပေါက်ဝ၌ရပ်၍ ဆိုင်ကယ်မောင်းနင်သူ အမျိုးသားမှ ပစ္စတိုသေနတ်ဖြင့် ၅ ချက်ပစ်ခတ်ခဲ့ပြီး မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း အသတ်ခံရသူ၏ မိသားစုဝင်များထံမှ သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးမြသိန်းမှာ ဦးခေါင်းထိပ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လယ်ကုတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲဘက်လက်မောင်းရင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

ပုံစာ။ သတ်ဖြတ်ခံရသူ ရရှိသော ဒဏ်ရာများ

#mtnews
Dec 28

နယ်မြေအေးချမ်းမှုမရှိသော
ဒေသအချို့မှ
မြန်မာနိုင်ငံသားများဘဏ်၏
ဘဏ်ခွဲငါးခု ပိတ်သိမ်း
=========================================
၂၈. ၁၂. ၂၀၂၂

နယ်မြေအေးချမ်းမှုမရှိသော ဒေသအချို့မှ မြန်မာနိုင်ငံများဘဏ်၏ ဘဏ်ခွဲငါးခုကို ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ်က ယနေ့တွင် ကြေညာလိုက်သည်။

ဘဏ်ခွဲ ၅၀ ခန့်ဖြင့် လည်ပတ်နေသည့် မြန်မာနိုင်ငံသားများဘဏ်၏ ပိတ်သိမ်းလိုက်သည့် ဘဏ်ခွဲငါးခုမှာ မုံရွာမြို့ရှိ ဘဏ်ခွဲငယ်၊ မူဆယ်ဘဏ်ခွဲ (၁)၊ မန္တလေးဘဏ်ခွဲ(၄)၊ တန့်ဆည်ဘဏ်ခွဲနှင့် ဇီးကုန်းဘဏ်ခွဲတို့ဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အထိ ဘဏ်နှင့်ဘဏ်ခွဲရာနှင့်ချီ လုယက်ဖျက်ဆီးခံထားရပြီး လက်ရှိပိတ်သိမ်းလိုက်သည့်နေရာများမှာ လုံခြုံရေးအရ စိတ်ချရမှုမရှိသောနေရာများပါဝင်သည်ဟု သိရသည်။

ပုံစာ။ ပိတ်သိမ်းခဲ့သော
ဇီးကုန်း
ဘဏ်(Photo-MCB)

#mtnews
အိပ်ပျော်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယားသေနတ်သမားများက ပစ်ခတ်သတ်ဖြတ်မှု ခံခဲ့ရ

၆. ၁. ၂၀၂၃
Written by Min Mahar

ယမန်နေ့နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်ရှိ စီကောင်းကျေးရွာအုပ်ချုပ်ရေးမှူး လင်မယား အိပ်ပျော်နေစဉ်အတွင်း သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ စီကောင်းကျေးရွာအုပ်စု၊ စီကောင်းကျေးရွာတွင် ဇန်နဝါရီ ၅ ရက် နံနက် ၅ နာရီခွဲခန့်က အသက် ၆၂ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အသက် ၅၉ နှစ်အရွယ် ၎င်း၏ဇနီးဖြစ်သူတို့ နေအိမ်၌ အိပ်ပျော်နေစဉ်အတွင်း အမည်မသိအမျိုးသား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး နေအိမ်ထဲသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်......

#mtnews #myanmar_transparency_news
စစ်သံရုံးဝင်ခွင့် ဖြေဆိုပြီးပြန်လာသူ တပ်ကြပ်ကြီးစာရေးအား ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ ဖမ်းဆီး

၂၅. ၁. ၂၀၂၃

စစ်သံရုံးဝင်ခွင့် ဖြေဆိုပြီးပြန်လာသူ တပ်ကြပ်ကြီးစာရေးအား ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(
Palaw Regional Defense Force-PRDF) က ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကဒဲကျေးရွာနှင့် သင်္ကန်းတောကျေးရွာအနီး မိန်းလမ်းမကြီးတွင် PRDF က စစ်ဆေးမှုပြုလုပ်နေချိန် ခရီးသွားကားပေါ်တွင် လိုက်ပါလာသည့် ဘုတ်ပြင်းမြို့ ဆေးတပ် (တဆရ ဆေးရုံ ၁၈/၁၀၀) မှ တပ်ကြပ်ကြီးစာရေး ကိုယ်ပိုင် အမှတ် တ-၃၅၂... ဖြစ်သူ ကိုသန်းဇော်ဦး ဆိုသူကို ညနေ ၄ နာရီခန့်တွင် ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)မှ ဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

တပ်ကြပ်ကြီးစာရေးသန်းဇော်ဦးသည် ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၀ မှစ၍ တာဝန်ထမ်းဆောင်ခဲ့ရာ လက်ရှိ တာဝန် ထမ်းဆောင်သက် ၁၆ နှစ်ကျော်နေသူဖြစ်ပြီး ဖမ်းမိခဲ့သည့် အချိန်တွင် စစ်ဆေးမှုပြုလုပ်ရာ၌ စစ်သံရုံးဝင်ခွင့် ဖြေဆိုရာမှ ပြန်လာသူဖြစ်ကြောင်း သိရှိရသည်ဟုလည်း PRDF က ဆိုသည်။

တပ်ကြပ်ကြီးစာရေးသန်းဇော်ဦးထံမှ ဖုန်း (၁) လုံးနှင့် ပိုက်ဆံ ၂၀,၀၅၀ ကိုလည်း သိမ်းဆည်းထားကာ ယခုလက်ရှိတွင်လည်း PRDF မှ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

#mtnews
Jan 29

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း
ဦးဖြိုးမင်းသိန်းလက်ထက်
တစ်ပေ ကျပ် ၂၀၀၀ နှင့်
ကျပ် ၄၈၀၀ ဖြင့်
ချပေးခဲ့သည့် YP စက်သုံးဆီဆိုင်၏ မြေကွက် ၆ ကွက်၊ ဧကပေါင်း ၇၅ ဧကကျော်ကို ဂရန်ပြန်လည်ပယ်ဖျက်
=================
၂၉. ၁. ၂၀၂၃
Written by Phyo Wei

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းလက်ထက် တစ်ပေ ကျပ် ၂၀၀၀ နှင့် ကျပ် ၄၈၀၀ ဖြင့် ချပေးခဲ့သည့် YP စက်သုံးဆီဆိုင်၏ မြေကွက် ၆ ကွက်၊ ဧကပေါင်း ၇၅ ဧကကျော်ကို ဂရန်ပြန်လည်ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Yangon Petrol Co.,Ltd အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရန်အတွက် မရမ်းကုန်းမြို့နယ် နှင့် သင်္ဃန်းကျွန်းမြို့နယ်များ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒလမြို့နယ်များရှိ မြေနေရာများအား ...

Facebook တွင် ဖတ်ရှုရန်
https://m.facebook.com/story.php?story_fbid=pfbid02sSW4wvSxe6VbpzCz1dPFbZaMSuBZ2Hx9gLh6Kbk4jPJdstPQYqd6uY3QZcAssYaEl&id=100084427521875&mibextid=Nif5oz

Website တွင် ဖတ်ရှုရန်
https://www.mtnewstoday.com/archives/10323

#mtnews #myanmar_transparency_news
Feb 18
Mdy

ဆိုင်ကယ်စီးနေသည့် အုပ်ချုပ်ရေးမှူးအား သေနတ်သမား၂ ဦးက အလစ်အငိုက်တွင် အနောက်မှ သေနတ်ဖြင့်ပစ်သတ်မှု မန္တလေး၌ ယနေ့ညနေက ဖြစ်ပွား
==========================================
၁၇. ၂. ၂၀၂၃
Written by Min Mahar

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ၇၈ လမ်းနှင့် ရန်မန်းသံလမ်းကြား၊ ပညာပျိုးခင်းလမ်း( ဘုရားကြီးအရှေ့မုခ် ရတနာပူရပြတိုက်လမ်း) ၊ အကွက် ၉၀၂၊ သီတာအေးရပ်ကွက်၊ ပညာပျိုးခင်းဘုန်းကြီးကျောင်းအရှေ့တွင် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီခွဲကျော်က မဟာအောင်မြေမြို့နယ်၌နေထိုင်သည့် အသက် ၅၆ နှစ်အရွယ်ခန့်ရှိသော ရွှေဘုန်းရှိန်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ပညာပျိုးခင်းလမ်းအတိုင်း အနောက်မှအရှေ့သို့မောင်းနှင်လာစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူ ၂ ဦးမှ အနောက်မှကပ်လိုက်ကာ ထိုဆိုင်ကယ် အနောက်တွင် ထိုင်နေသူမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး....

#mtnews