Kyaw Win Maung
28.4K subscribers
27.4K photos
1.24K videos
10 files
4.31K links
စစ်ရေး၊ နိုင်ငံရေး ၊ ဗဟုသုတ ၊သတင်းစုံတင်ဆက်ပေးနေပါသည်။သတင်းထူးများပေးပို့လိုပါက
@Kyawwinmaung4135
Download Telegram
"ယင်းမာပင်မြိုနယ်မှာ ဆန္ဒပြမလိုက်ချင်ကြောင်း ငြင်းဆိုတဲ့ ကျေးရွာသားတစ်ဦးကို ဒေသခံ DVB သတင်းထောက်က သေနတ်ဖြင့်ပစ်သတ်သွားဟုဆို"

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြောက်ခြမ်းက မြိုကြီးကျေးရွာအနီးမှာ DVB သတင်းဌာနကစီစဥ်တဲ့ ဆန္ဒပြပွဲတစ်ခုကို မလိုက်ချင်ကြောင်း ငြင်းဆိုခဲ့တဲ့ ကျေးရွာသားတစ်ဦးကို အဆိုပါဒေသခံ DVB သတင်းထောက်ဆိုသူက သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွာသားတွေကို ဆန္ဒပြထွက်ကြဖို DVB သတင်းထောက်ကလိုက်ပြောတာ။ အဲ့မှာ တစ်ယောက်က နေလိုသိပ်မကောင်းလို မလိုက်နိုင်သေးဘူးဆိုပြီး ငြင်းတာကို အဲ့သတင်းထောက်က မလိုက်ချင်အုန်းဆိုပြီး တစ်ချက်တည်းပစ်သတ်သွားတာ သေရော" လို လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံက ပြောပြခဲ့တာပါ။

အဆိုပါဖြစ်စဥ်ဟာ ဖေဖော်ဝါရီ ၁၄ ရက်၊ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူဟာ မြိုကြီးကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးညွန့်ဟန်ဆိုသူဖြစ်တယ်လို သိရသလို ပြည်ဖျက်မီဒီယာတွေရဲ့ ဒေသခံသတင်းထောက်တွေဟာ အကြမ်းဖက်သမားတွေနဲ့ပေါင်းပြီး ယခုလို ကျေးရွာသားတွေကို အတင်းအဓမ္မ ခြိမ်းခြောက် ဆန္ဒပြခိုင်းတာတွေ မကြာခဏ လုပ်လေ့ရှိတယ်လို သိရပါတယ်။
#mhtnews
Feb 17

"ပုသိမ်မြို့မှာ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိတဲ့အကြမ်းဖက်သမားတွေထဲက တစ်ဦးကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်ပြီး ကြံရာပါ မိသားစု၀င်သုံးဦးကိုပါ ထောင်ဒဏ် ၅ နှစ်စီချမှတ်"
========================
သိမ်မြို့မှာ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိတဲ့အကြမ်းဖက်သမားတွေထဲက တစ်ဦးဖြင်တဲ့ စိုးပိုင်ဦး ဆိုသူကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပုသိမ်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ပြီး ကြံရာပါ မိသားစု၀င်သုံးဦးကိုပါ ထောင်ဒဏ် ၅ နှစ်စီချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ စိုးပိုင်ဦးအပါအ၀င် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို လက်နက်မျိုးစုံ ၄ လက်၊ ကျည်အိမ် ၈ ခု၊ ကျည်ဆန် ၂၀၃ တောင့်အပါအ၀င် ဆက်စပ်ပစ္စည်းများနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၂ ရက်နေ့မှာ ပုသိမ်မြို့ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

စစ်ဆေးပေါ်ပေါက်မှုတွေအရ ၎င်းဟာ ပုသိမ်မြို့က အကြမ်းဖက်သမားတွေအတွက် လက်နက်တွေကို KNLA တပ်မဟာ(၆)မှာ ရောက်ရှိနေသူတွေနဲ့ ချိတ်ဆက်ပြီးသယ်ယူနေကြောင်း ထင်ရှားခဲ့တာကြောင့် ၄၉(က)၊ ၅၀( စ)၊ ၅၂(က)ဆိုတဲ့ပုဒ်မတွေအရ ထောင် အနှစ် ၂၀ ချမှတ်လိုက်တာဖြစ်ပြီး ကြံရာပါဖြစ်တဲ့ သူ့မိသားစုဝင်တွေကိုတော့ ၅၂(က)အရ ထောင် ၅ နှစ်စီ ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
#mhtnews
NUG အကြမ်းဖက်အဖွဲ့၏ အလုပ်သမားဒုဝန်ကြီးဆိုသူ သည် ခေတ်သစ်လူမှောင်ခိုသတင်းဌာန၏စီစဉ်ပေးချက်အရထိုင်းနိူင်ငံတွင် မယားငယ်နှင့်လာရောက်တွေ့ဆုံသည်ကို ခေတ်သစ်လူမှောင်ခိုသတင်းဌာနမှ ထိုင်းနိူင်ငံသို့လာလည်သရောင် သတင်း​ရေးသားထားသည်ကိုတွေ့ရစဉ်။
#mhtnews
Feb 18
Ygn

"သီရိပျံချီဘွဲ့ရ ဇွဲကပင်ဆရာတော် အရှင် ကဝိဓဇနှင့် အမျိုးရေးဆရာတော် အရှင်ဝီရသူ (မစိုးရိမ်)တို့နှစ်ပါးအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ရန်ကုန်မြို့၌ ပြုလုပ်"

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်ချီးမြှင့်သော "သီရိပျံချီ" ဘွဲ့ရ ဆရာတော်ကြီးနှစ်ပါးဖြစ်သော ကရင်ပြည်နယ်၊ ဇွဲကပင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကဝိဓဇနှင့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာရကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ- မစိုးရိမ်) တို့အား တပည့် ဒကာ ဒကာမအပေါင်းတို့မှ ဂုဏ်ပြုပူဇော်သည့်အခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) မွန်းလွဲ ၂ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းဟိန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
#mhtnews
"နိုင်ငံရေးလုပ်စားတဲ့နေရာမှာ အသုံးချဖို့ မွေးမြူထားတဲ့ မူဆလင်တွေအတွက် ထောက်ပံ့မှု ၂ ​ဒေါ်လာလျှော့ချဖို့ စီစဥ်နေတာကြောင့် ကုလားကုန်းမီဒီယာတွေ အသံထွက်လာ"

နိုင်ငံရေးလုပ်စားတဲ့နေရာမှာ အသုံးချဖို့ အနောက်အုပ်စုက မွေးမြူထားတဲ့ ဘင်္ဂလားဒေ့ရှ်ရှိ မူဆလင်တွေအတွက် စာနပ်ရိက္ခာထောက်ပံ့မှုကို ရန်ပုံငွေလိုအပ်ချက်ကြောင့် လျှော့ချဖို့စီစဉ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ မူဆလင် တစ်သန်းခန့်ကို ပုံမှန်အားဖြင့် လစဉ် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ သုံးစွဲခွင့်ပြေစာ ထုတ်ပေးနေရာကနေ နောက်လမှစတင်မည့် လျှော့ချရေးအစီအစဉ်အရ ၁၀ ဒေါ်လာတန် ပြေစာသာ ထုတ်ပေးတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ၂ ဒေါ်လာသာ လျှော့ချဖို့ စီစဥ်နေတာနဲ့ပတ်သက်လို့ ကုလားကုန်းမီဒီယာတွေဟာ ဟန်မဆောင်နိုင်ဘဲ ဒီသတင်းတွေကိုလှိုင်လှိုင်ဖော်ပြပြီး မျက်ရည်ခြူနေကြတယ်လို့ သိရပါတယ်။
#mhtnews
"ကိုဗစ်ကြောင့် ပိတ်ထားတဲ့ တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတား ယနေ့ပြန်လည်ဖွင့်လှစ်ပြီ"

ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်ခန့်ကြာအောင် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားတဲ့ တာချီလိတ်- မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၀ ရက်)မနက်ပိုင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို သိရပါတယ်။

အဆိုပါ ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်နိုင်ဖိုအတွက် မယ်ဆိုင်မြိုတာဝန်ရှိသူတွေနဲ့ တာချီလိတ်မြိုတာဝန်ရှိသူတွေ အကြိမ်ကြိမ်တွေ့ဆုံညှိနှိင်းဆွေးနွေးခဲ့ကြပြီးမှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီတံတားကနေဖြတ်သွားမယ့်သူတွေထဲက ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်း လက်မှတ်မိတ္တူပြသနိုင်သူတွေကို ယာယီနိုင်ငံကူးလက်မှတ်(တံတားကူးစာရွက်) ထုတ်ပေးနေတယ်လိုသိရပြီး တံတားကို နေ့စဥ် နံနက် ၆ နာရီမှ ည ၆ နာရီအထိသာဖြတ်သန်းသွားလာခွင့်ပြုသွားမှာဖြစ်တယ်လို သိရပါတယ်။
#mhtnews
"အမြတ်တနိုးထားတဲ့ နွားနောက်တွေကို ချင်းအကြမ်းဖက်တွေက လာတောင်းတာကြောင့် ကြောက်ပြီးပေးလိုက်ရတယ်လို့ ဒေသခံတွေပြော"

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ ဒေသခံတွေ မွေးမြူထားတဲ့ နွားနောက်တွေကို ချင်းအကြမ်းဖက် (CDF) တွေက ခြိမ်းခြောက်ပြီး ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျွန်တော်တို့က အမြတ်တနိုးနဲ့ မွေးမြူထားကြတာလေ။ အဲဒါကိုသူတို့က စစ်အသုံးစာရိတ်အတွက် လိုချင်တယ်ဆိုပြီးတောင်းတာ။ မပေးချင်ပေမယ့်လည်း သေနတ်တွေနဲ့ဆိုတော့ ပေးလိုက်ရတာပေါ့။ မပေးဘူးဆိုရင်လည်း အသတ်ခံရမှာ။" လို့ ကွန်တိုးကျေးရွာသားတစ်ဦးက ပြောပြခဲ့တာပါ။

၎င်းအကြမ်းဖက်သမားတွေဟာ အဆိုပါ ကွန်တိုးကျေးရွာကနေ နွားနောက် ၃ ကောင်ကိုယူဆောင်သွားသလို အနီးပတ်ဝန်းကျင်ကျေးရွာတွေက နွးနောက်တွေကိုလည်း ခြိမ်းခြောက်တောင်းယူနေကြတယ်လို့သိရပြီး အဲဒီဒေသဘက်မှာ နွားနောက်တစ်ကောင်ကို ၁၅ သိန်းကနေ ၁၈ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိတယ်လို့လည်း သိရပါတယ်။
#mhtnews
"စစ်ကိုင်းမြို့နယ်ထဲမှာ သောင်းကျန်းနေတဲ့ အကြမ်းဖက်ခေါင်းဆောင်ကို ရှင်းလင်းပေးဖို့ ဒေသခံများတောင်းဆို"

စစ်ကိုင်းမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေအားလုံးနီးပါးကို လက်နက်အားကိုးနဲ့ အကြမ်းဖက်နေတဲ့ စစ်ကိုင်းမြို့နယ်၊ သာဇဉ်ကျေးရွာမှ PDF အမည်ခံ အကြမ်းဖက်ခေါင်းဆောင် "ကျော်သူမျိုး (ခ)မိုးကြိုး" (ဘ)ဦးမြင့်နိုင် ဆိုသူကို ရှင်းလင်းပေးဖို့ ဒေသခံများမှ တောင်းဆိုလျှက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ ၎င်းအကြမ်းဖက်သမားဟာ သာဇင်ကျေးရွာ၊ မူလွန်ကျောင်းမှာ အင်းအား ၃၀ ခန့်နဲ့ အခြေပြု စခန်းချနေထိုင်သလို အဆိုပါမူလွန်ကျောင်းနဲ့ ကပ်လျှက်မှာရှိတဲ့ ဇေတဝန်ဘုန်းကြီးကျောင်းမှာလည်း အင်အား ၃၀ ခန့် (နှစ်ဖွဲ့ပေါင်း အင်အား ၆၀ ခန့်)နဲ့ အခြေပြုလှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

အဆိုပါ အကြမ်းဖက်အုပ်စုဟာ လက်နက်ကို လူစေ့ ကိုင်တွယ်နိုင်ခြင်းမရှိသေးသော်လည်း လက်လုပ်မိုင်းနဲ့ လက်လုပ်စိန်ပြောင်းကို အားပြုသုံးစွဲပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
#mhtnews
Feb 21

"Nord Stream ပိုက်လိုင်းကို မဖျက်ဆီးခဲ့ကြောင်း အမေရိကန်အနေနဲ့ သက်သေပြဖို့ ရုရှားတောင်းဆို"
============================================
ရုရှားနဲ့ အနောက်ဥရောပကို သွယ်တန်းထားတဲ့ Nord Stream ပိုက်လိုင်း ဖောက်ခွဲခံရမှုဖြစ်စဥ်မှာ အမေရိကန်အနေနဲ့ နောက်ကွယ်ကနေ ပါဝင်မှုမရှိခဲ့ဘူးဆိုတာ သက်သေပြဖို့လိုကြောင်း အမေရိကန်နိုင်ငံမှာရှိတဲ့ ရုရှားသံရုံးက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမိန့်ပေးမှုနဲ့ အမေရိကန်ရေတပ်က ရေငုတ်သမားတွေဟာ ပိုက်လိုင်းတွေကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖျက်ဆီးခဲ့ကြကြောင်း သတင်းထောက် ဆေမောဟတ်ရ်ရဲ့ ပြောဆိုချက်ကို အခြေပြုပြီး အခုလို ရုရှားသံရုံးက မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။

အဆိုပါ Nord Stream 1 နဲ့ Nord Stream 2 တို့ကို ဖျက်ဆီးခြင်းဟာ နိုင်ငံတကာအကြမ်းဖက်မှုဖြစ်ကြောင်း မော်စကိုက သတ်မှတ်ထားပြီး ဖြေရှင်းမှုမရှိဘဲ ဒီအတိုင်းပြစ်ထားမှာမဟုတ်ကြောင်းကို သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#mhtnews
"မြောက်ဥက္ကလာမှာ ဖောက်ခွဲရေးပစ္စည်းသွားယူတဲ့ အကြမ်းဖက်ကားကို လုံခြုံရေးတပ်ဖွဲမှ ပစ်ခတ်ဖမ်းဆီး"

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြိုနယ် ခြောက်ကွေ့မီးပွိင့်အနီး၌ ဖေဖော်ဝါရီ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဖောက်ခွဲရေးပစ္စည်းများ သွားရောက်သယ်ဆောင်တဲ့ အကြမ်းဖက်ကားတစ်စီးကို အတွင်းလူများ၏ အတိအကျ သတင်းပေးပိုအရ လုံခြုံရေးတပ်ဖွဲက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကားနှင့်အတူ အကြမ်းဖက်သမား ၁ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီရမိသူ အကြမ်းဖက်သမားမှာ Myanamar Underground People Defense Force -MUPDF ဟုအမည်ပေးထားသည့် အကြမ်းဖက်အဖွဲမှဖြစ်ပြီး URF အကြမ်းဖက်အဖွဲမှ ပေးပိုမည့် ဖောက်ခွဲရေးပစ္စည်းများကို ယူဆောင်ရန် သွားရောက်စဥ် အိပ်ကပ်ထဲဝင်သွားခြင်းဖြစ်သည်။

ယင်းဖြစ်စဥ်အတွင်း အများပြည်သူ ထိခိုက်မှုမရှိအောင် လုံခြုံရေးတပ်ဖွဲမှ သတိထားဆောင်ရွက်ခဲ့သဖြင့် ဖမ်းမိသူနှင့် အတူပါလာသည့် အကြမ်းဖက်သမားအချိုမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းနှင့် မကြာမီ အိပ်ကပ်ထဲထည့်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#mhtnews