KPTS story ♡>.<♡
232 subscribers
115 photos
6 videos
13 links
ဒီ Channel လေးကတော့ KinnPorsche the series က Character လေးတွေကိုပုံဖော်ပြီးစိတ်ကူးနဲ့ရေးသားတင်ဆက်ပေးမယ့် Channel လေးတစ်ခုပါ
Download Telegram
ကိုကိုကငယ့်တစ်ယောက်တည်းအတွက် သီချင်းဆိုပြနေသလိုပါပဲ ကိုကိုရယ် 🥹


#AdminKhin
#jeff
28
" တချို့လူတွေလည်းအကြောင်းတစ်မျိုးကြောင့် လမ်းခွဲလိုက်ရသလို



ငါတို့တွေလည်း အကြောင်းတစ်မျိုးကြောင့် မဆုံစည်းလိုက်ရဘူးနော် "




At - 10:48PM



#Owner
#AdminDream
😢20
မင့်ရဲ့ အချစ်ကလေးတွေကိုပြောစရာရှိလို့ပါနော် 😛 ဒီမင်တစ်‌ယောက်လက်ယားနေလို့လေ Channel လေးတစ်ခုလောက်ထပ်ဖွင့်ချင်လို့ပါ . ပုံစံလေးကတော့ Night Mood ပေါ့နော် ညရောက်ရင်ဆွေးမယ့်သူတွေ အသဲကွဲတဲ့သူတွေ Cr ရှိတဲ့သူတွေအတွက်အဓိကပါ စာသားလေးတွေဖန်တီးပြီးတင်ပေးသွားပါမယ် တစ်နေ့ကို ၂ခုနှုန်းနဲ့ပေါ့နော် . ပုံလေးတွေနဲ့တွဲတွဲပြီးစာလေးတွေတင်သွားမှာပါ မင့် KPTS Story Channel ကလိုမျိုးလေးပေါ့ . အာ့အခုမှစဖွင့်မှာမို့ Join ချင်ရင် Feel ချင်ရင် မင်က Channel ထောင်မှာမို့လို့ မလုပ်ခင်အရင်လာမေးတာပါ ~




#Owner
#AdminDream
11
ဖွင့်လိုက်ပါပြီရှင့် ဝင်လို့ရပါပြီ 🫶🏻

https://t.me/Night_Depression



#Owner
#AdminDream
4
KPTS story ♡>.<♡ pinned «ဖွင့်လိုက်ပါပြီရှင့် ဝင်လို့ရပါပြီ 🫶🏻 https://t.me/Night_Depression #Owner #AdminDream»
This media is not supported in your browser
VIEW IN TELEGRAM
အကုန်ကြည့်ဖူးတဲ့ Koala 🐨လေးတွေရှိတ် 🫰🏻❤️

@lifeisboyslove903

#forward_only
#vdclip
#edit
#owner🌸
39
ရင်ထဲမှာ ဘာတွေခံစားနေရလဲဆိုတာကို Comment မှာ လွတ်လွတ်လပ်လပ် ရင်ဖွင့်ပြောသွားနိုင်ပါတယ်နော် ~



( မင်နားထောင်ပေးပါ့မယ် )


#Owner
#AdminDream
9
ကား accident တစ်ခုကနေ ပြန်နိုးလာခဲ့ပြီး အတိတ်ပြန်ရောက်သွားတဲ့ Khun Vegas

Porsche က Kinn ရဲ့ Body Guard အနေနဲ့ပဲရှိသေးတဲ့အချိန်ကို ပြန်ရောက်သွားတယ်ဆိုတာ vegas သဘောပေါက်သွားခဲ့ပြီးနောက်

Vegas ရဲ့ အာရုံတွေအကုန်လုံးက Porsche အစား Pete ဆီကိုပဲ ဦးတည်လာခဲ့တယ်။

ပြောင်းလဲဖို့ အခွင့်အရေးတစ်ခုအနေနဲ့ Vegas တစ်ယောက် Pete ကိုလုံးဝမနာကျင်စေချင်တော့ပါဘူး။

သို့ပေမယ့် Vegas ရဲ့ Dark side က ပြန်ပေါ်လာမှာကို သူ့ကိုယ်သူအရမ်းစိုးရိမ်နေခဲ့မိတယ်။ တကယ်လို့သူ့ကိုယ်သူပြန်မထိန်းနိုင်ခဲ့ရင်ရော ဘာတွေဆက်ဖြစ်မှာလဲ...?
–-------------------–-------------------–----------

ဆာဝါဒီခ ထုခွန်🫶🏼

အရင်တစ်ပုဒ်တုန်း ပြသာနာတစ်ခုကြောင့် un လိုက်ရတာမို့ နောက်တစ်ပုဒ်ထပ်ရေးဖို့ အတော်လေးအားယူခဲ့ရပါတယ်

ဒီတစ်ပုဒ်ကိုတော့ သေချာပြင်ဆင်ပြီးမှရေးတာမလို့ အရင်လို update မကြာတော့ပါဘူးလို့ တစ်ပတ် ၃ပိုင်းမကြာတ update ဖြစ်မှာပါ 🥺💗

#AdminCora
32
Vegas ကားမောင်းရင်း မျက်ရည်များအတားအဆီးမရှိ ကျဆင်းလာသည်။ မျက်ရည်တွေကို ခပ်ကြမ်းကြမ်း ဖယ်သုတ်နေပေမယ့်လည်း မထိန်းနိုင်ဘဲ ဆက်တိုက်ကျလာသည်။ Pa ဆုံးသွားတာဟာ တခြားသူတွေအတွက် ပြသာနာကိုဖယ်ထုတ်လိုက်သလိုဖြစ်ပေမယ့် Vegasအတွက် ကမ္ဘာပျက်သလိုခံစားနေရသည်။ အရင်ထဲက အချစ်မခံရတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် အမြဲသူ့ကိုကာကွယ်ပေးမယ့် Paတစ်ယောက်လုံး ရှိနေသေးသည်။ခုတော့.....။ Vegasအတွေးများနေရင်း နောက်ကကားတစ်စီးလိုက်လာတာ မတွေ့မိခဲ့ပါ။ ရုတ်တရက်.....

‘Ahhhhh….’
Vegasနိုးလာတော့ တစ်ကိုယ်လုံးချွေးတွေနှင့် သူ့အခန်းထဲပြန်ရောက်နေပြီဖြစ်သည်။ အနားက ဖုန်းကိုကြည့်လိုက်တော့
‘ဟမ် Date တွေမှားနေပါလား အား ခေါင်းကိုက်လိုက်တာ’
Vegas အဝတ်အစားလဲပြီး ထွက်လာတော့
‘ဒီနေ့ မိသားစုကြီးဆီသွားကြမယ်’
ရုတ်တရက်သူ‌ရှေ့မှာ ထိုင်ပြီးစကားပြောနေတဲ့ Pa ကို Vegas ငေးကြည့်နေမိသည်။
*Pa ကဆုံးသွားပြီမဟုတ်ဘူးလား ဘာတွေဖြစ်ကုန်တာလဲ ငါဘယ်အချိန်ကိုပြန်ရောက်နေတာလဲ*
‘Vegas မင်းဒီနေ့ ဘာမှဝင်မရှုပ်တာပိုကောင်းမယ် ဒီနေ့ အရေးကြီးတဲ့ကိစ္စကို ငါတို့ဆွေးနွေးစရာရှိတယ် ကြားလား’
‘Yes Pa’ Vegas ပေါ့ပေါ့ပါးပါး ပြန်ဖြေခဲ့မိသည်။
မိသားစုကြီးဆီသွားတဲ့လမ်းတစ်လျှောက်လုံး
‘Pete ကိုယ်ပြန်လာပြီ မင်းအပေါ် ကျုးလွန်ခဲ့တဲ့ အမှားတွေအကုန်ကိုယ် ပြန်ပြင်ဆင်ပစ်မယ် ဒါဟာ မင်းအပေါ်ကိုယ်ဘယ်လောက်ချစ်လဲဆိုတာ သက်သေပြဖို့ ဒုတိယအခွင့်အရေးလို့ကိုယ်ထင်တယ်။ ကိုယ်ဒါကို လုံးဝလက်လွှတ်ခံမှာ မဟုတ်ဘူး။ Pete ကိုယ်မင်းကိုလွမ်းလွန်းလို့ ရူးတော့မယ်’
အတွေးနှင့်ပင် vegas ပြုံးမိလျက်သားဖြစ်သွားသည်။ ဒါကိုမြင်သွားတဲ့ မကာအိုက
‘အကို အဆင်ပြေရဲ့လား’
‘ငါ okပါတယ်’ Vegas ပြုံးပြုံးပင်ပြန်ပြောကာ မကာအိုကိုဖက်လိုက်သည်။
‘ဟေး အကိုအဆင်ပြေတာ သေချာရဲ့လား’ ငယ်ငယ်ထဲက ညီအစ်ကိုနှစ်ယောက်ရင်းနှီးသလို ရှိခဲ့ပေမယ့် မကာအိုကို တစ်ခါမှ ဒီလိုဖက်ဖူးတာမဟုတ်တာမို့ မကာအို လန့်နေရသည်။
‘ငါတကယ် အိုကေပါတယ်ကွာ’
Vegas ဖက်ထားတာကိုလွှတ်ကာ အပြင်ကိုပြန်ငေးရင်းတွေးလက်စဆက်တွေးနေခဲ့သည်။ ရင်တွေလည်း အတိုင်းမသိခုန်နေပါပြီ။
*ကိုယ်လာနေပြီ Pete မင်းကိုအရင်လိုနာကျင်အောင် မလုပ်တော့ဘူး။ ကိုယ့်ကြောင့်မင်းကိုထပ်ပြီး မနာကျင်စေချင်‌တော့ဘူး။ မင်းအပြုံးကိုမြင်ရတာ ကိုယ့်တွက် အပျော်ဆုံးဖြစ်နေခဲ့ပြီလေ*
စံအိမ်ရောက်သော် Pa ကရှေ့မှအရင်ဝင်သွားသည်။ Vegas တစ်ယောက် မကာအို ခေါင်းကွဲဖူးတာသတိရပြီး မကာအိုကို
‘မကာအို ပြသာနာမရှာဘဲ ငြိမ်ငြိမ်နေနော် တစ်ခုခုထပ်ဖြစ်တာ မကြားချင်ဘူး’ လို့သတိလှမ်းပေးလိုက်သည်။
မကာအိုကလည်း ခေါင်းကွဲထားတာကို မှတ်မိတဲ့ပုံပင်။ ဆံပင်ကိုပွတ်ကာ ခေါင်းငြှိမ့်ပြရှာသည်။
စံအိမ်ထဲဝင်ဝင်ချင်း Vegasတွေ့ချင်နေသော မျက်နှာလေးကို တွေ့ရပါပြီ။ Pete ကတော့ ထုံးစံအတိုင်း အူကြောင်ကြောင်အပြုံးလေးနဲ့ အကုန်လုံးကိုလိုက်နှုတ်ဆက်နေသည်။ ဘေးမှာတော့ Porsche ရှိနေသည်။ မနှုတ်ဆက်ဘဲ တောင့်တောင့်ကြီးရပ်နေ၍ Pete တံတောင်တွတ်လိုက်မှ ဦးညွှတ်လာသည်။
အစည်းအဝေးတစ်လျှောက်လုံးတွင် Vegas အာရုံများမှာ အခန်းထောင့်တွင်ရပ်နေသော တစ်စုံတစ်ယောက်ထံတွင်သာ တစ်ဝဲလည်လည်နှင့် ရှိနေသည်။ ဘယ်နှစ်ကြိမ်ကြည့်ကြည့် ချစ်ဖို့ကောင်းနေသည် ဟုသာ Vegas ထင်နေမိသည်။
အရေးကြီးကိစ္စဖြစ်၍ Vegas ကို ဘယ်သူမှ သတိမထားမိသည်မှာတော်သေးသည်။
အစည်းအဝေးပြီး၍ ပြန်ခါနီးတွင် Vegas မနေနိုင်တော့ဘဲ Peteကို စကားသွားပြောလိုက်သည်။
‘Pete’
‘ဗျာ ခွန် Vegas’ တစ်ခုခုပြောမလို့ ပြင်ပြီးမှ ဘာပြောရမှန်းမသိ၍ Vegas လည်း
‘အင်း ကိုယ်ပြန်တော့မယ်’
‘ဗျာ အာ ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါဗျ’
‘အင်း မင်းလည်းဂရုစိုက်နော်’ အသံကို အနူးညံ့ဆုံးပြောရင်း Vegas ပြုံးပြလိုက်သည်။
-------------------------------------------------------------------
Pete ဒီနေ့ကြက်သီးတွေထနေသည်။ ခွန် Vegasစရောက်တည်းက ဘာထူးဆန်းနေမှန်းမသိဘဲ ကြက်သီးတဖြန်းဖြန်းထနေတာ ဆက်တိုက်ပင်။ အစည်းအဝေးပွဲတုန်းကလည်း သူ့ကိုတစ်ယောက်ယောက် စိုက်ကြည့်နေတဲ့ ခံစားချက်မျိုးရနေခဲ့သည်။ ပြီးတော့ ခွန် Vegas ....ဒီနေ့တစ်နေကုန် သူ့ကိုပဲပြုံးပြနေတာ။ ပြန်တော့လည်း နှုတ်ဆက်သွားသေးသည်။ ပြုံးပြုံးကြီး ....
(သူကြောက်နေပြီ အပြုံးကြီးကို )
မိသားစုငယ်ပြန်သွားတော့ ခွန် Kinn က
‘Pete မင်းဒီနေ့ကစပြီး Vegas နောက်ကို နောက်ယောင်ခံလိုက်ပေးပါ။ သူဘာတွေလုပ်နေလဲ ငါသိချင်တယ်’
‘ဟုတ်ကဲ့ပါ ခွန် Kinnဗျ Porscheနဲ့တူတူ..’
‘Porscheကိုက သပ်သပ်ခိုင်းစရာရှိတယ် မင်းတခြားတစ်ယောက်ကို ခေါ်လိုက်’
‘အာ ဟုတ်ကဲ့ ခွန်Kinn’
တောထဲကပြန်ရောက်ကတည်းက ခွန် Kinn နဲ့ Porsche တို့နှစ်ယောက် ပူးနေတာ Pete သတိထားမိသည်။ ထင်ချင်တာထင်မိနေ၍ Pete ပြုံးလိုက်မိသည်။
*ဘာတွေပါလိမ့် ညကျမှ ညှစ်မေးရမယ်*
Vegas နဲ့ မကာအိုတို့နောက်ကို Pete နောက်ယောင်ခံလိုက်နေတာ ၃ရက်ရှိသွားပေမယ့် အခြေအနေမထူးသေးပါ။ Vegasသွားရာ တစ်ကောက်ကောက်လိုက်နေပေမယ့် ဘာထူးခြားမှုကိုမှ Pete မတွေ့ရသေးပေ။
ဒီနေ့တော့ ခွန် Vegasတို့ညီအစ်ကို နှစ်ယောက် ရုပ်ရှင်ကြည့်ဖို့ ချိန်းထားသည်ထင်သည်။ Vegas နောက်ကို အမှီလိုက်ဝင်ပေမယ့် အထဲရောက်တော့ ခွန် Vegasတို့ကိုမတွေ့ရတော့ပါ။
8🥰1
‘ခုနက ဒီမှာပဲရှိပါသေးတယ်’
‘ဟေး Pete ဘာလုပ်နေတာလဲ’
*ဘုရားကယ်ပါ Pete ရေ မင်းတော့သွားပြီ အာမင်*
‘ခွန် Kinn ဒီမှာရှိလို့လား’ Vegas ခပ်တည်တည်မေးလိုက်သည်။
‘ဗျာ မ မရှိပါဘူး ဟဲဟဲ ခွန် Tankhun အတွက် ပေါက်ပေါက်လာဝယ်တာပါ’
‘ဪ အဲ့ဆိုလည်း ကြုံတုန်းလေး ရုပ်ရှင်ဝင်ကြည့်သွားပါလား’ မကာအိုက ဝင်ပြောလိုက်သည်။
‘ဗျာ မကြည့်တော့ပါဘူးဗျ အမြန်ပြန်ရမှာမလို့ပါ’
‘လာပါ ကျွန်တော့် သူငယ်ချင်းကချိန်းထာပြီးမှ မလာတော့ဘူးဆိုလို့ လက်မှတ်တစ်စောင်ပိုနေတာ အလကားမဖြစ်စေချင်ဘူး လာပါ လူများတော့ပိုကောင်းတာ‌ပေါ့’
‘ဒါဆိုလည်း ခွန်တို့ သဘောပါ’
ထိုအချိန်ကျမှ ဘေးကတည်တည်ကြီးရပ်ကြည့်နေတဲ့ Vegasမျက်နှာ ပြုံးသွားတော့သည်။
အထဲတွင် မကာအိုကအစွန်ဆုံးတွင်နေရာယူကာ Vegasက‌တော့ Pete နဲ့ မကာအိုကြားဝင်ထိုင်လိုက်သည်။
‘ပေါက်ပေါက်မစားဘူးလား’ လို့ Vegasမေးလိုက်တော့
‘ရပါတယ် ခွန် Vegas ကျွန်တော့်မှာ တစ်ခုဝယ်ထားတာရှိတယ်’
‘အဲ့တာ မကာအိုကိုပေးလိုက် သူကအစားကြီးတယ် မင်းကကိုယ်နဲ့မျှစားလို့ရတယ်’ လို့ပြောရင်း Pete လက်ထဲက ပေါက်ပေါက်ဘူးကို မကာအိုဆီပို့ပေးလိုက်သည်။
‘ကေျးဇူးတင်ပါတယ် ခွန် Vegas’
‘အရမ်းရိုသေဖို့မလိုပါဘူး Pete ဒီတိုင်း Vegas လို့ခေါ်လို့ရတယ်’
‘ကျွန်တော် မခေါ်နိုင်ဘူးခွန် Vegas’
‘ပေါ့ပေါ့ပါးပါးနေပါ ခုကတာဝန်ချိန်မှမဟုတ်တာ မင်းအဆင်ပြေသလိုနေလို့ရတယ်’ ဆိုပြီး Vegasပြုံးကာ ပြန်ပြောလိုက်သည်။
‘အကိုတို့နှစ်ယောက်စကားပြောတာရပ်လို့ရပြီလား အာရုံကိုမရဘူး ပြောချင်ရင် တခြားခုံမှာသွားပြောပါလား’
မနေနိုင်တဲ့အဆုံးမကာအိုကပဲ ဝင်ပြောလိုက်သည်။
‘ရပြီ’ Vegas မကာအိုခေါင်းကို ပုတ်ပြီး ပြန်လှည့်ပြောလိုက်သည်။ Peteဘက်ပြန်လှည့်တော့ ရုပ်ရှင်ကိုပဲ အာရုံပြန်စိုက်နေသည်မို့ Vegas ဘာမှထပ်မပြောမိတော့ပါ။
ရုတ်တရက် Vegas နောက်ကို တစ်ချိန်လုံးနောက်ယောင်ခံလိုက်နေရ၍ Pete ပင်ပန်းလာကာ တစ်ဖက်ထိုင်ခုံစီ ခေါင်းစောင်းတော့မည့်ဆဲဆဲ Vegas ကလှမ်းထိန်းလိုက်ကာ Pete ကို သူ့ပခုံးပေါ်တွင် အနားယူစေလိုက်သည်။ ခွန် Vegas ပခုံးပေါ်တွင်တော့ တစ်ယောက်သောသူမှာ နှစ်ခြိုက်စွာ အိပ်မောကျနေလေရဲ့။
‘အကို ခွန် Kinnရဲ့ Bodyguardကို အကို့ပခုံးပေါ်မှီပြီး အိပ်ခိုင်းနေတာလား’
‘မကာအို စကားမများနဲ့ ရုပ်ရှင်ပဲဆက်ကြည့်’
Vegas ပခုံးကိုမီကာ အိပ်မောကျနေတဲ့ Pete ဆံပင်လေးကို သပ်ကာ
*မင်းက ဘယ်ချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းနေတာခက်တယ်* လို့ Vegas တိုးတိုးလေးငြီးမိလိုက်သည်။
ရုပ်ရှင်ပြီးသွားသည်အထိ Peteမနိုးသေး၍
‘အကိုသူ့ကိုဘလိုလုပ်မလဲ နှိုးလိုက်တော့မယ်’
‘နေဦး သူတစ်ချိန်လုံးငါ့နောက်လိုက်နေရတာ ခုမှအေးဆေးအိပ်ရတာ နားပါစေဦး မင်းအရင်ပြန်နှင့် သူနိုးလာရင်ငါ့လိုက်ခဲ့မယ်’
‘ဟင့်အင်း ကျွန်တော်က သူငယ်ချင်းအိမ်သွားမလို့’
‘အဲ့ဆို မင်းအရင်သွားနှင့် ငါ သူနိုးလာတဲ့ထိစောင့်နေလိုက်မယ်’
‘အကို ဘာတွေဖြစ်နေတာလဲ နေကောင်းရဲ့လား’
‘ကောင်းပါတယ် အကုန်ကောင်းတယ် သွား ပြီးမှလိုက်လာခဲ့မယ်’
မကာအိုတစ်ယောက် သူ့အကို မူမမှန်နေတာ သိပေမယ့် ဘာမှမဖြစ်လောက်ပါဘူးဟု ဆိုကာ Vegasတို့ကို နှစ်ယောက်ထဲထား၍ ပြန်လာခဲ့သည်။ ရုပ်ရှင်ရုံထဲတွင်တော့ ခွန် Vegas တို့နှစ်ယောက်တည်းသာ..။
ခဏကြာသော် ဝန်ထမ်းတစ်ယောက်ရောက်လာပြီး
‘ဧည့်သည်ခင်ဗျ ဒီနေရာကမကြာခင်ပိတ်တော့မှာမလို့’
‘တိုးတိုး သူနိုးသွားမယ် နောက်တစ်နာရီအတွင်းပြန်မယ် အဲ့ထိတော့စောင့်ထားပေး ငါပြန်ထွက်လာရင် လိုတာဆက်ရှင်းမယ်’
‘ဟုတ်ကဲ့’
‘နေဦး ငါ့ကိုစောင်ပါးတစ်ထည်ပါယူလာပေးပါ အထဲမှာဆိုတော့ သူအေးနေလောက်ပြီ’
‘ဟုတ်ကဲ့’
မကြာခင် ဝန်ထမ်းယူလာပေးသော စောင်ပါးလေးကို နှစ်ယောက်ခြုံကာ Vegas ပါ အိပ်‌ပျော်သွားသည်။
လက်မောင်းမှလှုပ်စိလှုပ်စိဖြစ်နေ၍ Vegas မျက်လုံးဖွင့်လိုက်တော့ Pete ကသူ့ရင်ခွင်ထဲကနေမော့ကြည့်ကာ ပြုံးပြနေသည်။
‘နိုးလာပြီလား’
‘ဟုတ်ကဲ့ ခွန် Vegas ဒါနဲ့ ကျွန်တော်အိပ်ပျော်သွားတာ ဘာလို့မနှိုးတာလဲဗျ’
‘မင်းကြည့်ရတာ ပင်ပန်းတဲ့ပုံပေါက်နေလို့လေ ကိုယ်မနှိုးချင်တာနဲ့ အိပ်ရေးဝအောင်အိပ်ခိုင်းလိုက်တာ ဘလိုလဲ အိပ်ရေးဝရဲ့လား’ Vegas ပြုံးကာမေးလိုက်တော့ Pete ကလည်း
‘ဟီး ဟုတ်ကဲ့’ ဆိုကာ အပြုံးလေးနှင့်ပြန်ဖြေလိုက်သည်။
*အင်း မင်းကကိုယ့်အားနည်းချက်ကို ကောင်းကောင်းကြီးအသုံးချနေတာပဲ Pete*
ရုပ်ရှင်ရုံထဲမှ ထွက်လာတော့
‘မင်းဗိုက်ဆာနေလား’
‘ခွန် Vegasရော’
‘အင်း ကိုယ်တော့ ဆာနေပြီ ဘာမှမစားရသေးဘူး မင်းကိုယ်နဲ့လိုက်ပေးမလား ကိုယ်ကျွေးမှာပါ’
‘ဗျာ ကျွန်တော်မလိုက်နိုင်သေး’
‘ရပါတယ် ခွန် Kinn ကို ကိုယ်ပြောလိုက်ပါ့မယ်’
‘ဟုတ် ဒါဆိုလည်း’
(စားသောက်ဆိုင်‌ရောက်ပြီပဲထားလိုက်တော့)
‘ခွန် Vegas ဘာမှာမလဲခင်မျ’
‘ထမင်းသုပ်တစ်ပွဲ အစပ်လျှော့ထည့်ပေး’
‘ကျွန်တော်လည်း အဲ့တာပဲ ကျွန်တော့်ကိုက များများစပ်ပေးနော်’
Vegas ကအစပ်မစားနိုင်သလောက် အစပ်သိပ်ကြိုက်သော ကောင်လေးမှာ Vegas စိတ်ထဲအရင်ကအတိုင်းပင် သိပ်ချစ်ဖို့ကောင်းသည် ဟုသာ ထင်နေမိသည်။
(တော်တော်များနေပြီ ချစ်ဖို့ကောင်းတာတွေ)
‘Pete မင်းကို ချစ်ဖို့ကောင်းတယ်လို့ပြောတဲ့သူရှိလား’
‘ဟုတ်ရှိပါတယ်’ Peteအဖြေကြားပြီး Vegas စိတ်ထဲ
*ငါလူသတ်ဖို့လိုလာပြီထင်တယ်*
‘ခွန် Vegasလေ ကျွန်တော့်ကို ချစ်ဖို့ကောင်းတယ်ပြောတာ’
7🥰1
‘ဪ ကိုယ်ပြောတာလား’
*အမှန်ပဲလေ ကိုယ့်မျက်လုံးထဲမှာ မင်းကချစ်ဖို့ကောင်းလွန်းနေတာ*
စားစရာတွေရောက်လာတော့ Pete စကားမပြောနိုင်တော့ဘဲ ဆက်တိုင်စားပါတော့သည်။ Vegasကတော့ အစပ်လှေျာ့ထည့်ထားသော ထမင်းကိုစားတာတောင် ရေတစ်ပုလင်းကုန်တော့မည့် အခြေအနေပင်။
‘ခွန် Vegas ကအစပ်လည်းမစားနိုင်ဘူး’
‘အင်း မင်းကတော့ တော်တော်စားနိုင်တာပဲနော်’
‘ဟုတ်ကဲ့ ကျွန်တော်က spicy food တွေအရမ်းကြိုက်တာ’
‘ဒါနဲ့ ကိုယ့်နောက်ကိုတစ်ယောက်ယောက်လိုက်နေတယ်လို့ ခံစားရတယ် သိလား’
‘ဗျာ ဟွတ် ဟွတ် ဘယ် ဘယ်သူလဲ ခွန် Vegas’
‘သိတော့မသိသေးဘူး ဒီတိုင်းကိုယ်ခံစားမိတာပြောတာ တစ်ယောက်ယောက်လိုက်နေတာဖြစ်နိုင်တယ်’
‘ဟုတ် ဟုတ်ကဲ့ ဟုတ်မှာပါ ခွန် Vegas’
Pete တစ်ယောက်စကားအထစ်ထစ်နဲ့ စားလက်စကိုဆက်စားနေလိုက်သည်။ လူမိတော့မယ့်အရေးကနေ ကပ်သီးလေးလွတ်လာခဲ့သည်လေ။
‘ဒီနေ့တွက်ကျေးဇူးပါ Pete’
‘မဟုတ်တာ ခွန် Vegas စိတ်တိုင်းကျ လုပ်လို့ရပါတယ်’
‘နောက်တစ်ခါရော ကိုယ်တို့ ဒီလို ထပ်တွေ့နိုင်မလား’
‘ဗျာ အယ် ကျွန်တော်..’
‘Just Kidding မင်းပြန်တော့မယ်မလား ကိုယ်လိုက်ပို့ပေးမယ်’
‘မဟုတ်တာ ခွန် Vegas ကျွန်တော့်မှာကားပါပါတယ် ကျွန်တော့်ဘာသာမောင်း..’
ရုတ်တရက်ဆိုသလို Vegasက အနားကပ်လာကာ Pete မျက်နှာကိုကြည့်ရင်း မျက်ရည်တွေကျလာသည်။
*မင်းကိုအရမ်းလွမ်းနေခဲ့တာ မင်းကိုအမြန်ဆုံးပိုင်ဆိုင်ချင်နေပြီ Pete*
ရင်ဘတ်ထဲကထွက်လာပေမယ့် Vegasနှုတ်ကတော့ မပြောဖြစ်ခဲ့ပါ။
‘ခွန် Vegas ဘာဖြစ်လို့မျက်ရည်တွေကျလာတာလဲဟင်’
‘ဘာမှမဖြစ်ဘူး မင်းပြန်တော့လေ နောက်ကျနေပြီ’
‘ဟုတ် ခွန် Vegas ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး’
‘နောက်မှတွေ့ကြတာ‌ပေါ့ Pete’
*မင်းဆီကိုယ်ပြန်လာခဲ့မယ် မင်းတစ်ယောက်ထဲကိုပဲ ပိုင်ဆိုင်ချင်တယ် မင်းအပေါ်ကိုယ်လုပ်ခဲ့တဲ့ အမှားတွေ အတိတ်ဆိုးတွေအကုန် ကိုယ်ဖျောက်ပစ်မယ် Pete မင်းကကိုယ်ပိုင်ဆိုင်ချင်တဲ့ တစ်ဦးတည်းသော သက်ရှိလူသားပဲ*

#AdminCora
12🥰1😢1
Kim - Chay ! ဘယ်တော့မှဒီနာမည်လေးကို ခေါ်ခွင့်မရှိတော့ဘူးထင်ပါတယ်.ကိုယ်တို့က မသက်ဆိုင်တော့တဲ့သူစိမ်းတွေဖြစ်သွားကြပြီမို့ ကိုယ့်မှာဒီနာမည်ခေါ်ပိုင်ခွင့်မရှိတော့ဘူး.မင်းနဲ့ဆုံမိတိုင်း နှလုံးသားထဲကနေပဲ မင်းနာမည်လေးကိုတီးတိုးခေါ်နိုင်ခွင့်သာရှိတော့တယ်.အသစ်ကနေပြန်စဖို့ဆိုတာလည်းဘယ်လိုမှမဖြစ်နိုင်တော့ဘူးထင်ပါတယ် Porschay. ကိုယ်ကတော့မင်းကိုချစ်ခဲ့တာပဲ ဒါပေမယ့် ကိုယ့်အချစ်တွေကမပေါ်လွင်ခဲ့လို့ထင်ပါတယ် မင်းကိုယ့်အချစ်တွေကိုမမြင်ခဲ့ဘူးလေ. မင်းကိုယ်မင်း မင်းတစ်ယောက်တည်းကပဲကိုယ့်ကိုတစ်ဖက်သတ်ချစ်နေတယ်ဆိုပြီး မင်းထင်ထားခဲ့တာမလား.တကယ်တော့ မင်းကိုတိတ်တိတ်လေးချစ်လာခဲ့တဲ့သူတစ်ယောက်ပါ.အချစ်စစ်ဆိုတာ မင်းနဲ့တွေ့မှခံစားဖူးတာ.ဒါကြောင့်လည်းမင်းအတွက်နဲ့ ကိုယ်ခံစားနေရတာနေ့နေ့ညညပဲလေ.တောင်းပန်ရင်တောင် ကိုယ့်အတွက်တကယ့်ကိုအရှက်တစ်ခုဖြစ်နေပြီ. ကိုယ်သာမင်းရဲ့အဆိပ်တောက်တစ်ခုဖြစ်သွားခဲ့ပြီဆိုရင် မင်းကိုယ့်ကိုစိတ်ကြိုက်မုန်းတီးပစ်ပလိုက်ပါ . ကိုယ်ကမင်းအတွက်အဆိပ်တောက်တစ်ခုဆို မင်းကတော့ကိုယ့်အတွက်နှလုံးသားတစ်ခုပါပဲ ~



[ Don't copy my letter and don't forward to your own channel ]



#Owner
#AdminDream
😢152
Part-2 [ Mr. Heart ]

ခွန်Vegas တို့ဆီကပြန်ရောက်ထဲက Peteမနားရသေးပါ။ ခွန် Kinn ဆီလည်းအစီရင်မခံရသေး၍ ခေါင်းပူနေလေသည်။
‘ငါနောက်ယောင်ခံလိုက်တာကို ခွန် Vegasသိနေနိုင်လောက်တယ်လို့ ငါပြောလိုက်ရမလား ဘာပဲဖြစ်ဖြစ် Porsche လည်းရှိတော့ ငါ့ကိုအပြစ်တော့မပေးလောက်ပါဘူးနော်’
Pete တစ်ယောက်တည်း‌ရေရွတ်ရင်း ကုတင်ပေါ်လှဲချလိုက်မိသည်။ ဒီရက်ပိုင်းတွင်း ခွန်Vegas နောက်လိုက်တာနဲ့ အိပ်ရေးဝဝ မအိပ်ရတာကြာပြီ။ ဒါပေမယ့်လည်းခုထိသူ ဘာသတင်းမှသေချာမသိရသေးဘူး။ ခွန်Vegas ဘက်ကလည်း ဘာလှုပ်ရှားမှုမှမရှိတာကိုး။ ထိုချိန်.......
‘ဒေါက် ဒေါက် ..’
‘ဟမ် ဘသူ’ *Oh God ခွန်Vegas ကပြတင်းပေါက်ကနေ သူ့အခန်းထဲဝင်မလို့ လုပ်နေတာပဲ*
‘ခွန် Vegas ဒီကိုဘလိုရောက်လာတာလဲ ပြသာနာရှိလို့လား’
‘မင်းမျက်နှာကဘာဖြစ်လို့ တအားလန့်နေတဲ့ပုံပေါက်နေတာလဲ’
‘နောက်ခါ ခွန်Vegas ကျွန်တော့်ကိုတွေ့ချင်ရင် လိပ်စာပြောလိုက်ပါ ကျွန်တော်လာခဲ့ပါ့မယ် ဒီလိုခိုးဝင်တော့ ကျွန်တော်ကြောက်တာ‌ပေါ့လို့’
‘ဟား ဟုတ်ပါပြီ’ ခွန် Vegas ကပြောရင်းPeteမျက်နှာကို လက်နဲ့စမ်းမလို့ လုပ်ကာ
‘Pete မင်းအဆင်ပြေရဲ့လား မျက်နှာရဲနေတာပဲ ပူလို့လား’
‘မဟုတ်ပါဘူးရပါတယ် ခွန် Vegas’
‘သေချာလို့လား မင်းရေချိုးပြီးပြီလား ရော့ရေလေးသောက်လိုက်ဦး’ ရုတ်တရက်အနားကပ်လာတာကြောင့် Pete နောက်ကိုတစ်လှမ်းဆုတ်မိသည်။
‘Sorry ကိုယ်စိတ်ပူနေလို့ပါ’
‘ရပါတယ် ခွန် Vegas’
‘ဒါနဲ့ ကိုယ် နေရာရေးပေးမလို့ စာရွက်နဲ့ဘောပင် ရှိလား’
‘အာ ခဏရှာကြည့်ဦးမယ် မရှိဘူး ကျွန်တော် မိသားစုကြီးရဲ့စံအိမ်မှာ ကျန်နေခဲ့တယ်ထင်တယ်’
‘ရပါတယ် ကိုယ်နောက်မှ မင်းဆီရေးပို့လိုက်မယ် အဆင်ပြေတယ်မလား’
‘ဟုတ်ပြေပါတယ် ခွန် Vegas’
‘ကိုယ်ပြန်တော့မယ် မင်းနားလိုက်ဦးနော် ပင်ပန်းနေပုံပေါက်နေတယ်’
‘ဟုတ်ကဲ့ ကျေးဇူးပါခွန် Vegas’
Vegasကိုလိုက်ပို့ရင်း ကားနားရောက်တော့ Peteမိုက်ကနဲဖြစ်ကာ ယိုင်သွားသည်။
‘Pete မင်းမျက်နှာတွေတအားရဲနေတယ် မင်းအဆင်ပြေ..... Pete !!!!’
Vegasစကားမဆုံးခင် Pete လဲကျသွားတာမို့ Vegas လှမ်းပွေ့ကာ ရင်ခွင်ထဲထည့်ထားလိုက်သည်။
‘Shit! ခွန် Kinn မင်းကိုဘယ်လောက်တောင် နှိပ်စက်ထားတာလဲကွာ’
Vegasပြောရင်း ဒေါသတို့က အလိပ်လိုက်ထွက်လာသည်။
Pete ကိုပွေ့ထားလျက်ပင် Vegas စံအိမ်ဆီပြန်လာကာ အခန်းထဲရှိအိပ်ရာပေါ်သို့ ချပေးလိုက်သည်။ ထို့်နောက် အဖျားတတ်နေတဲ့ Pete တစ်ကိုယ်လုံးကို Vegasကိုယ်တိုင်ရေပတ်တိုက်ပေးနေလေသည်။
*မင်းနိုးလာရင်စားဖို့ကိုယ် မှာလိုက်မယ် ဟင့်အင်း မင်းအတွက် ကိုယ်တိုင် ချက်ပေးချင်တယ်*
Vegas ချက်ချင်းပင် အပြင်သွားကာ လိုအပ်တာတွေသွားဝယ်လိုက်သည်။ ပြန်ရောက်ရင် Peteနိုးနေမှာ စိုးလို့ အမြန်ပြန်လာရသည်။
‘တော်သေးတယ် မနိုးသေးလို့’ ဘေးကစားပွဲပေါ်ဝယ်လာတာတွေခဏတင်ပြီး Pete ဘေးတွင် ဝင်ထိုင်ကာ
‘ Kinn ကမင်းကိုဘယ်လောက်တောင် နှိပ်စက်ထားတာလဲကွာ မင်းကိုကြည့်ရတာ အိပ်ရေးတောင် ဝမယ့်ပုံမပေါ် ဘူး။ ကိုယ် မိသားစုကြီးဆီ သွားပြီးပြသာနာရှာလိုက်ရမလား Pete’
Vegas ဒေါသထွက်နေသော်လည်း Pete မျက်နှာပေါ်ကဆံပင်တွေကို သပ်တင်ကာ
‘မင်းက အဲ့လိုလုပ်တာမကြိုက်ဘူးမလား မင်းမကြိုက်တာကိုယ်လုံးဝမလုပ်ဘူး Pete’
ဟုပြောကာ Peteဘေးတွင် ဝင်လှဲပြီး အိပ်ပစ်လိုက်သည်။
Time skip……….
Pete နိုးနိုးချင်း ထအော်မိတော့မတတ်ဖြစ်သွားသည်။ ခွန် Vegasကသူ့ဘေးမှာ အိပ်နေတာလေ။ လန့်တာပေါ့လို့။ အဲ့ဒီနောက် သူ့နှလုံးခုန်သံတွေလည်း မြန်လာပြီး
‘ငါနိုးလာတဲ့အချိန်တိုင်း ခွန် Vegas ကဘာလို့ ငါ့အနားမှာအမြဲရှိနေတာလဲ ရုပ်ရှင်ရုံတုန်းကလည်း တစ်ခါ အခုလည်း..? နေပါဦး ငါဘယ်ရောက်နေတာလဲ’
ဘေးပတ်လည်ကို Peteလိုက်ကြည့်နေတုန်း
‘အကို ကျွန်တော်ပြောစရာရှိ......’
မကာအူကရုတ်တရက်ဝင်လာကာ Peteတို့ကိုကြည့်ပြီး ခဏလန့်သွားကာ
.
.
‘အား !!!!!!!!!!!’
Pete ရော မကာအူပါပြိုင်တူအော်လိုက်၍ Vegas နိုးလာကာ
‘ဘာလို့ အော်နေကြတာလဲ’
‘အကို သူ သူက မင်းအခန်းထဲဘလိုရောက်နေတာလဲ’
မကာအူမေးနေတုန်းမှာပင် နောက်ကခြေသံတွေကို Vegasရော Pete ပါကြားလိုက်သည်။
‘ပြသာနာပဲ’ Vegasချက်ချင်းပင် Pete ကိုယ်ပေါ် စောင်ဖြင့်အုပ်ကာ မကာအူကို တိတ်တိတ်နေဖို့ အချက်ပြလိုက်သည်။
‘ဘာလို့အော်နေကြတာလဲ’ Por ကဒေါသတကြီးနဲ့ Vegasတို့ကို မေးလေသည်။ Vegasက Peteကို သူ့အနားဆီတိုးကာ ဖက်ထားလိုက်သည်။
‘Vegas မင်းရဲ့ sex ပါတနာအခြောက်တေွကို ခေါ်လာပြန်ပြီလား’
‘ကျွန်တော့်အကိုကို အဲ့လိုမပြောနဲ့’ လို့ မကာအူက ပြန်အော်လိုက်တော့
‘မကာအူ တိတ်တိတ်နေ’ ဟုသာ Vegas တုံ့ပြန်လိုက်သည်။ မကာအူအပေါ် Por ရဲ့ဒေါသတွေမကျစေချင်ဘူး။ ပြီးတော့ ခုအိပ်ရာပေါ်ရောက်နေတဲ့သူသာ မိသားစုကြီးရဲ့ bodyguard မှန်းသိသွားရင် Pete ကိုသတ်လိမ့်မယ်ဆိုတာ ကျိန်းသေနေသည်။
‘မင်းရေချိုးခန်းထဲခဏသွားနေလိုက်ပါ ဒါနဲ့သေချာဖုံးသွား’
Pete ကိုရေချိုးခန်းထဲပို့ပြီးမှ Vegas ထလာကာ သူ့အဖေဆီလျှောက်လာလိုက်သည်။
Por က Vegasမျက်နှာကို တစ်ချက်ပိတ်ထိုးပြီး
‘မင်းအမေကို မင်းလိုကောင်မျိုး မွေးခွင့်ကို မပေးခဲ့သင့်တာ မင်းကအသုံးကိုမကျတာ ငါမင်းကိုတောက်လျှောက်လိုက်ပြီး ဂရုမစိုက်နိုင်တာကို မင်းလိုကောင်မျိုးက အဖြစ်ကိုမရှိဘူး အသုံးမကျတဲ့ကောင်’
10
Por ရဲ့စကားတွေကို Vegas နားယဉ်နေပါပြီ။ ခုထိခံနိုင်ရည်မရှိသေးတာတစ်ခုသာ....။
‘ကျွန်တော်ဘာလို့ ဒီလိုအသုံးမကျလဲသိလား ခင်များလိုအဖေမျိုးရှိနေခဲ့လို့လေ။ Por ကျွန်တော့်ကို အသုံးမကျဘူး ပြောရအောင် Por ကျွန်တော့်ကို ဘာသင်ပေးခဲ့လို့လဲ ငယ်ငယ်တည်းက Porပြောခဲ့တာတွေအကုန်လုံးက မိသားစုကြီးထက်ပိုကောင်းအောင် လုပ်ရမယ် သူတို့ထက်သာနေရမယ်ဆိုတာကြီးပဲလေ မဟုတ်လို့လား Por’
Vegas စကားအဆုံးမှာ နောက်တစ်ချက်ထပ်ထိုးခံလိုက်ရသေးသည်။ မကာအူသည်းမခံနိုင်တော့၍ Por ကိုတွန်းလိုက်မိသည်။
‘မကာအူ မင်း’ Por ရဲ့ဒေါသကမကာအူဆီရောက်သွားကာ ထိုးရန်ပြင်တော့ Vegas ရှေ့ကနေပိတ်ရပ်ကာ
‘ကျွန်တော် Por အမိန့်တွေကို ထပ်ပြီး နာခံမှာမဟုတ်‌တော့ဘူး Por’
Vegas အတည်အကြည်ပြောနေတာကိုမြင်တော့ Porက ဟားရယ်ကာ
‘Vegas ငါမရှိရင် မင်းဘာကောင်ဖြစ်သွားမယ်ထင်လဲ’
‘Por ကရော ကျွန်တော်မရှိရင် ဘာဖြစ်ကုန်မယ်ထင်လဲ ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ Porက အများအမြင်မှာ ပြည့်စုံတဲ့ သားအဖလို့ မြင်နေကြတာ တကယ်လို့ ကျွန်တော်သာပျောက်သွားရင် သူတို့ ဘလိုထင်ကြမလဲ’
Vegas စကားကြောင့် Por ကထပ်ထိုးရန်ပြင်တော့ Porလက်ကို ဖမ်းလိုက်ကာ
‘Por ကျွန်တော့်ကိုရိုက်တာ ဒီတစ်ခါနောက်ဆုံးပဲဖြစ်စေရမယ်’
Por ဘာမှပြန်မပြောတော့ဘဲ ဒေါသထွက်ထွက်နဲ့ပဲ လာရာလမ်းအတိုင်း ပြန်သွားသည်။ ထိုအချိန်မှ မကာအူက Vegasကို ပြေးဖက်ကာ
‘Sorry အကို ကျွန်တော်မသိလို့ လန့်ပြီးအော်မိတာပါ အကို့ချစ်သူက မိသားစုကြီးရဲ့ Bodyguard ဆိုတာ မထင်ထားမိလို့’
‘အာ....မကာအူ မင်းမှားနေပြီ ခွန် Vegas သူ့ကို ရှင်းပြပေးပါဦး’
မကာအူစကားကြောင့် Pete စောင်ကိုကိုင်ကာ ‌ရေချိုးခန်းထဲမှ ထွက်လာသည်။
‘သူနဲ့အကိုတို့ ဘာမှမဖြစ်ကြသေးပါဘူး’ Vegas ခပ်ပြုံးပြုံးပင် ပြန်ဖြေလိုက်သည်။
(မကြာခင်ဖြစ်ကြတော့မယ့်သဘောပေါ့ရှင်)
‘ထပ်ပြီး တောင်းပန်ပါတယ်’ လို့မကာအူ စပ်ဖြီးဖြီး ပြောလိုက်သည်။
‘ရပါတယ် မကာအူမင်းမြန်မြန် ထွက်ပြီးတစ်နေရာရာမှာသွားနေလိုက် အကို Pete ကိုဒီကလွတ်အောင် လိုက်ပို့ပေးလိုက်မယ်’
မကာအူထွက်သွားတော့ Vegasက Pete ကိုင်ထားတဲ့စောင်ကိုယူကာ ခေါက်ပြီး ကုတင်ခေါင်းရင်းပေါ် ပြန်ထားလိုက်သည်။
‘မင်းကို ကိုယ်လိုက်ပို့မယ် Por မမြင်ခင် ကိုယ်တို့ ဒီကထွက်သွားရမယ်’
‘ခွန် Vegas မျက်နှာရဲနေတယ် အဆင်ပြေရဲ့လား’
Pete ပြောပြီး Vegasဆီလျှောက်လာခဲ့သည်။ အနားရောက်တော့ Peteလက်နှစ်ဖက်ကိုကိုင်ကာ Vegas က သူ့ပါးပေါ် အသာတင်လိုက်သည်။
‘ဒီလိုလေးက ကိုယ့်ကိုသက်သာစေတယ်’
Vegas ရဲ့အပြုအမူကို Pete လည်းရှက်မနေဘဲ အလိုက်သင့်လေး Vegas ပါးကို နူးနူးညံ့ညံ့လေး ပွတ်ပေးနေမိသည်။ အတန်ကြာတဲ့ထိ အကြည့်ချင်းဖလှယ်ပြီးတဲ့နောက် Peteဘက်စပြီး လက်ကိုပြန်ရုတ်လိုက်သည်။
‘တော်တော်သက်သာသွားပြီ ကျေးဇူးပါ Pete’
Pete ကတော့ ရင်ဘတ်ထဲက အသံကို ခွန် Vegas မကြားအောင် ထိန်းရင်း ပြန်ပြုံးပြလိုက်ရသည်။
*ဟူး မလွယ်ဘူး Pete မင်းတော့မလွယ်ဘူး*
‘လာ ကိုယ်မင်းကို အပြင်ဘက်ခေါ်ထုတ်သွားပေးမယ်’
အမှန်တော့ Vegas အနေနဲ့ ဒီလိုထွက်စရာမလိုပါဘူး သူ့သက်တော်စောင့်တွေမြင်လည်း Vegasကို အထွန့်မတတ်ရဲကြလို့ပါ။ Por မမြင်အောင်သာ တိုးတိုးတိတ်တိတ် ထွက်လာတာမို့ Pete လည်းမစဉ်းစားတော့ဘဲ ခွန် Vegasနောက်က လိုက်လာခဲ့လိုက်သည်။
‘ကျေးဇူးပါခွန် Vegas’
‘ရပါတယ် မင်းမနက်ဖန်ရော ကိုယ်နဲ့တစ်နေရာမှာ တွေ့ချင်လား’
‘ဟုတ် ကျွန်တော်အဆင်ပြေပါတယ် ခွန် Vegas’
*ဒါက ငါ့အတွက် စုံစမ်းရတာ ပိုလွယ်တယ် ခိုးခိုးပြီးချောင်းစရာမလိုတော့ဘူး*
‘အဲ့ဆို မနက်ဖန်တွေ့ကြတာပေါ့’
ညရောက်တော့ မအိပ်ခင်ထိ ခွန် Vegas အကြောင်းသာ...
*မိသားစုငယ်ကထင်ထားသလိုမျိုးမဟုတ်ကြဘူးပဲ ခွန် Vegas ကို သခင်ကြီးထိုးလိုက်တာ တစ်ကြိမ်တည်းမဟုတ်ဘူး နှစ်ကြိမ်တောင် ။ ခွန်Vegas ဘာလို့ ဒီလိုဖြစ်နေတာလဲသိသာနေတာပဲ။ အကုန်လုံးက သခင်ကြီးရဲ့ အတ္တတွေကြောင့်ဆိုတာ*
‘ငါဒါကိုမနက်ဖန် ခွန် Kinn တို့ကိုပြောပြသင့်လား’
Pete စဉ်းစားရင်း ခေါင်းထဲကထုတ်ဖို့လုပ်ပေမယ့် မထုတ်နိုင်ဘူးဖြစ်နေသည်။
‘မနက်ဖန်မနက် ငါခွန် Kinn တို့ဆီ အစီရင်ခံရမယ်’ ဟုသာရွတ်ရင်း Pete အိပ်ပျော်သွားလေသည်။
နောက်တစ်နေ့မနက်...
‘ခွန် Kinn ကျွန်တော် Pete ပါ’
‘ဝင်ခဲ့လေ’
‘ကျွန်တော် စုံစမ်းရသလောက်ပါ’
*ငါ သူတို့မိသားစုအကြောင်းပြောလိုက်ရမလား မပြောဘဲခဏနေရင်ကောင်းမလား*
‘ဒါအကုန်ပဲလား Pete’
‘ဗျာ ဟို..’
‘မင်း ပြောချင်တာရှိသေးလား’
*အကုန်ပြောလိုက်တော့မယ်ကွာ ခွန် Kinn လည်းသိသင့်တာပဲ*
‘ဒီလိုပါ ခွန် Kinn....’
‘Knock Knock’
Peteပြောမလို့ရှိသေး Porsche ဝင်လာကာ
‘မင်းတို့ ဘာတွေပြောနေကြတာလဲ ငါလည်းနားထောင်မယ်လေ’ ဆိုကာ ပြုံးပြုံးကြီးဝင်ထိုင်နေသည်။
‘ဘာမှမဟုတ်ပါဘူး လာမယ့် အစည်းအဝေးအကြောင်းပြောနေကြတာ’
ခွန် Kinnက Peteကို ပြန်ဖို့ အချက်ပြတာမို့ Pete ထွက်လာခဲ့လိုက်သည်။ အခန်းထဲကထွက်တာနှင့် Mission လုပ်ရန် Pete တစ်ယောက် Vegas ဆီ ထွက်လာခဲ့လိုက်သည်။
ခွန် Vegas ကြီးကနော် Pete ကို ဒိတ်ဖို့ အမျိုးမျိုးခေါ်နေတာ ဟိုကလည်း မစ်ရှင်ဆိုပြီး အမြဲလိုက် >-< ဟုတ်နေရော နှစ်ယောက်သား..။
နောက်တစ်ပိုင်းကနည်းနည်းတိုမယ်နော် ဒီတစ်ခါရော ခွန် Vegas ကြီး ဘယ်မှာ ဒိတ်မယ်ထင်လဲ အမျိုးတို့‌‌ရေ ....။
10
ရင်ဖွင့်စရာရှိ ၊ လာဖွင့်လို့ရပါတယ် ၊ ကိုယ့်ကောင်လေး ( ကောင်မလေး ) အတွက် ၊ ကိုယ့် Cr အတွက် ၊ သူငယ်ချင်းတွေနဲ့ပတ်သက်ပြီးပြောချင်တာလေးတွေကိုမင်တို့ဆီ ရင်လာဖွင့်လို့ရပါတယ် နားထောင်ပေးပါမယ် ဘာလုပ်ရမလဲဆိုပြီးအကူအညီလိုနေရင်လည်း တိုင်ပင်ပေးပါ့မယ်နော် ၊ ကိုယ့် relationship အကြောင်းကို ရင်ဖွင့်ဖို့အတွက် Owner ဆီလာလို့ရပါတယ်ရှင့် 🤍

Owner Acc
👇🏻
@Dream_is_Urs


#Owner
#AdminDream
10
ဒီည Kim က Chay ဆီသို့
ပို့တဲ့စာလေး 💌 ကိုတင်ပေးပါ့မယ် စာစောင်ထဲမှာ Kim က Chay ကိုဘာတွေများပြောထားမယ်လို့ထင်လဲ


#Owner
#AdminDream
15
Kim - ဘယ်လိုနဲ့မှခေါ်ခွင့်မရှိနိုင်တော့တဲ့ မင်းနာမည်လေး ၊ ဘယ်လိုနည်းမှ ကြားခွင့်မရှိနိုင်သေးတဲ့ မင်းအသံလေး ၊ ဘယ်လိုပြုလုပ်လုပ် မြင်ခွင့်မရှိနိုင်တော့တဲ့ မင်းအပြုံးလေး ၊ ကိုယ့်နာမည်ကို အစ်ကို Kim လို့ခေါ်ဝေါ်ခဲ့တဲ့မင်းနှုတ်က ဒီအရာလေးကို တမ်းတမိနေတုန်းပါ Chay . နေ့ ၊ လ ၊ နှစ်တွေသာပြောင်းလဲသွားတယ် မင်းအပေါ်ထားတဲ့အချစ်နဲ့ လွမ်းစိတ်ကတော့ ပြောင်းလဲသွားမိမယ်မထင်ဘူး



( မင်းကိုတစ်ဖက်တစ်လှမ်းကနေ သတိရနေတဲ့ Kim )


#Owner
#AdminDream
52