Forwarded from ပုလဲမြေ
ဒီတစ်ကြိမ်တော့အမြစ်ဖျက်လိုက်ပါ။
==================
ကမ္ဘာကျေတောင် ဥဒါန်းမကျေဘူး....
=================
တစ်ချိန်က ကချင်သူပုန် KIA/KIOတို၏လူသားမဆန် ရက်ဆက်ယုတ်မာသောလုပ်ရပ်ကြောင့် ခလရ ၁၃၇မှ ဗိုလ်ဇော်မျိုးထက်ဟာ ဖမ်းမိသုံးပန်းအဖြစ် ရက်ရက်စက်စက်အသတ်ခံခဲ့ရပါတော့တယ်။

=============================
အင်အားလဲ မမျှ….
" ဂျိမ်း" ကနဲ မြည်တဲ့ဆွဲမိုင်း နှစ်လုံးဟာ
ကံကြမ္မာ သုံးခု ကို …..
အစဉ်လိုက် မှန်ခဲ့သလား……?

"ညီလေးအတွက် ကံကြမ္မာဂြိုလ်ဆိုး......
ဒုက္ခမိုးတွေရွာတဲ့နေ့အလား.....

"တစ်ဖက်သတ် ပစ်ခံရတဲ့ …
မောင်းပြန် သေနတ်တွေ ကြားထဲ….
မီးစနဲ့ထိုးသလို လက်မောင်းက နာတယ်….

" ဆုတ်" ဆိုတဲ့ ညီလေးရဲ့အမိန့်သံကြားမှာ….
တပ်စု ရဲ့အသက်တွေ ...
အလကား မဖြစ်ခဲ့ကျပါဘူး……။

"ညီလေးရေ….
တောင်ရိုးမှာ ……
မြူတွေက ပို ပို အုံဆိုင်းလာတယ်…..
မြူတွေလား…..
ယမ်းငွေ့လား…….....။

ထမင်းမစားရတာ နှစ်ရက် ….
ရေမသောက်ရတာ တစ်ရက်….
ခြုံပုတ်တစ်ခုရဲ့အောက်က …..
သွေးစေးတွေနဲ့တရွတ်ဆွဲထွက်တော့…
အနီးနားက လိပ်ပြာလေးက ……
၀မ်းနည်းပက်လက် တားတယ်…..
ညီလေးရယ်…..မသွားပါနဲ့လား…....…။

ရွာလူကြီး အိမ်ပြပေးပါ….....
၀ါးကုတင်လေး ဘေးမှာ ….
ဒယီးဒယိုင် သတိလစ် လဲကျတယ်…..
သွေးဗလဗွနဲ့ လက်မောင်းက မောက်တိုတံဆိပ်မှာ…
ဓားနဲ့လှံ ကတော့ အသက်၀င်နေတုန်း....….။

မင်း အမြဲ ပြောခဲ့ဖူးတယ်…..
အကို ……
တစ်တောင့်က ကျွန်တော့် အတွက်…..
တစ်တောင့်က ရန်သူ့အတွက်…..
ဒါဆို…..
ပိုတဲ့တစ်တောင့်ကို ...
အခန်းထောင့်က ခပ်ပြုံးပြုံး ကြည့်နေတဲ့ ...
ကံကြမ္မာဆိုး ဆိုတာကြီးကို ….
မင်း လဲကျမသွားခင်……
ပစ်ထုတ် ပြစ်ခဲ့ရောပေါ့ ညီလေးရယ်….
အခုတော့…………….။

လ က တဖြည်းဖြည်း တက်လာတယ်….
လေပြင်းတွေ တိုက်တယ်…..
မိုးပေါက်တွေက တဖွဲဖွကျလာပါတော့တယ်…..
အင်ဂန်ခါး မြေ ကတော့
သွေးရူးသွေးတန်း တားနေလေရဲ့…

ဒါပေမယ့် …ညီလေးရေ……
စစ်သား မဟုတ်တဲ့ လူရိုင်းတွေကိုး ကွယ့်…..
မချမ်းဘော ကြိုးတံတားကြီး တောင် …..
လက်မှိင်ချ ရတော့တယ်....……။

လက်ပြန်ကြိုးတုပ် …..
ဒူးထောက် ခေါင်းမော့ ခံထားရတဲ့…..
ညီလေး မျက်နှာဟာ …..
အဖျားသွေးနဲ့ရဲရဲနီတယ်……

KIA ကစတင်ရက်စက်ပါတော့တယ်......
ဓားတစ်ချက်က ….မျက်နှာကို ….
ကန့်လန့်ဖြတ်ခွဲတယ်……

" အင်အားဘယ်လောက်လဲပြောဟုKIAအမေးအဆုံးမှာတော့……"

ညီလေးရဲ့နှုတ်ဖျားကထွက်လာတာကတော့.....
" ကျွန်တော် ကြည်း ၅၅၄၂၄…….
ဗိုလ်ဇော်မျိုးထက်…….
ခလရ ၁၃၇……"

ထိုနောက်နားရွက်တစ်ဖက် ပြတ်ပါသွားတယ်….
ညီလေး မပီမသ အော်တယ်……..
"အားးးးးး.......

" မင်းတိုတပ်က ကင်းစကားဝှက်ပြော….."
" ကျွန်တော် ကြည်း ၅၅၄၂၄…….
ဗိုလ်ဇော်မျိုးထက်…….
ခလရ ၁၃၇……"

ဒီတစ်ခါ ဓားချက်မှာ …..
ရင်ဘတ်က အသား ….
အလွှားလိုက်ကွာကျတယ်……
" အားးးးးးးးးးးးးးးးးးး………."

" ဒီရက်ပိုင်း ဘယ်ဘက်ကို
စစ်ကြောင်းတက်ဖိုရှိလဲပြော…….."
………………………
" ကျွန်တော် ကြည်း ၅၅၄၂၄…….
ဗိုလ်ဇော်မျိုးထက်…….
ခလရ ၁၃၇……"

ရင်ကိုခွဲတဲ့ဓားချက်မှာတော့ …….
ညီလေး မချိမဆန့်အော်ရတော့တယ်……..
"အေမေရ………………………"
" အေမ………………………."

"ဒဏ်ရာ ဗလပွနဲ့သွေးအလိမ်းလိမ်းကြားက......
"လောကကြီးကိုအားတင်းပြီးကြည့်နေရှာတဲ့.....
"ညီလေးရဲ့ဦးခေါင်းဟာ......
တစ်စစ မော့လာတယ်…..

" သား…..အဖေရှိတယ်နော်……"
" အဖေ လားဟင်……"

"ကိုကို ……………"
" ဒီတစ်ခါ ခွင့်ပြန်လာရင် ညီမလေးကို ….
ကလစ်လေး ၀ယ်ပေးရမယ်…..နော်…."
ညီမလေးက အရှေ့မှာ ပြုံးပြနေတယ်……
ပြီးတော့ …….
" မောင် "…..ဆိုတဲ့ ...
ခေါ်သံသဲ့သဲ့လေး……..။

" ဒီကောင် မဖြေဘူးကွ……."

ညီလေးရေ ........
အချိန်ကတော့ ကျခဲ့ပြီပေါ့ ...........။
ယဲ့ယဲ့ပဲ ကျန်တဲ့အားကို စုစည်းထားတယ်….
လည်ဂုတ် ပေါ်ကျလာတဲ့…..
ဗျက်ကြီးကြီး ဓားမ အောက်မှာ……
ညီလေး ……
ဒီလိုများ နောက်ဆုံး အော်သွားခဲ့လေသလား……………..
……………………………………………………

" စစတွကကြသိုလွ းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘယတွော့မှ လကနွကမွခှ းးးးးးးးးးးးးးးးးး"
...............................................................

အော်သံဟာ……
မြစ်ဆုံထိ ဆန်တက်……
မေခနဲ့မလိခ ကြားမှာ
ပဲ့တင် ထပ်နေတော့တယ်………။

( ရဲမိုး )

============================

၃၀.၈.၂၀၁၃ တွင် ...
တိုင်းရင်းသား လက်နက်ကိုင်ဟုဆိုသော KIA/KIO...
အဖွဲတစ်ခုမှ ..
နှိပ်စက် ညှင်းပမ်း ဗိုက်ခွဲကာ ....
ခေါင်းဖြတ် သတ်ဖြတ်ခံခဲ့ရသည့် ...
ညီလေး ဗိုလ်ဇော်မျိုးထက် မှသည် ...

ခေတ်အဆက်ဆက် ...
ငြိမ်းချမ်းရေးအတွက် စတေးခံခဲ့ရသော ...
ဗိုလ်ဇော်မျိုးထက် များသို ...

မူရင်းcrd. ထပ်ဆင့်ဖြည့်စွက်ထားပါသည်....

>>>>>#SoeLay