Ko Myo Win
25.4K subscribers
328 photos
6 videos
13 links
comment box
Download Telegram
ရေကြည် မြက်နုဖို့ ဆိုတာ
========================

မြန်မာပြည်ရဲ့ လက်တလောပြဿနာအဖြစ် အလုပ်သမားတွေ ဆန္ဒပြနေတဲ့ အရေးကိစ္စကို တွေ့လာရပါပြီ ။ ပထမဆုံး ဝင်ငွေကိစ္စလေ့လာကြည့်ကြပါစို့ ။

အိမ်နီးခြင်း ထိုင်းမှာ အနိမ့်ဆုံး လုပ်အားခ တနေ့ ၃၃၀ ဘတ် ( 50490 ကျပ် 18 - 5 - 2025 ပြင်ပပေါက်စျေး) ။

လာအိုမှာ အနိမ့်ဆုံးလုပ်အားခ တရက် 43000 ကျပ် ။

မြန်မာပြည်မှာ တရက် အနိမ့်ဆုံး လုပ်အားခ ၅၂၀၀ ကျပ် ။

ကွာဟချက်ကတော့ မြင်တဲ့ အတိုင်းပဲ ။ ကုန်စျေးနှုံးတက်နေတဲ့ အရှိန်ကို လုပ်အားခက အလျှင်မှီအောင် လိုက်မရတဲ့အခါ ဒီပြဿနာဖြစ်လာရတာပါပဲ ။


မြန်မာအစိုးရ အဆက်ဆက်ရဲ့ လုပ်အားခစျေးချိုရင် ငါတို့ဆီကို ပြည်ပရင်းနှီးမြှပ်နှံမှုတွေ ဒလဟော လာကောင်းပါရဲ့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်အားခကို ထိုင်းနဲ့ယှဥ်ရင် ၁၀ ဆလောက် သက်သာအောင် သတ်မှတ်ထားတာ တွေ့ရပါတယ် ။

OK အဲသလို လုပ်ထားလို့ လာတဲ့သူတွေလည်း လာကြပါတယ် ။ သို့သော် ၂ ဖက်စလုံး မှန်းချက်နဲ့ နှမ်းထွက် မကိုက်ကြပါဘူး ။ ဘယ်လိုပြဿနာတွေလည်း ဆိုတော့.....

- မြန်မာလုပ်သား အများစုဟာ စံချိန်စံညွှန်း နဲ့ မလုပ်တတ်ကြပါဘူး ။ စားရုံပဲ ရနေတဲ့ လုပ်အားခအတွက် ကျိုးစားဖို့ ဆိုတာ သူတို့ရင်ထဲ မရောက်ကြပါဘူး ။ ဒီတော့ ကုမ္ပဏီအတွက် သတ်မှတ်အရည်အသွေး ၊ သတ်မှတ်အချိန်မှာ ပြီးစီးရမယ့် အရေအတွက် မပြီးစီးခြင်း ဆိုတဲ့ အခက်အခဲတွေ တွေ့လာရပါတယ် ။

- နောက် တိုင်းပြည် မတည်ငြိမ်လို့ တမျိုး ၊ လျှပ်စစ်ဓာတ်အားပြဿနာ နဲ့ လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး ပြဿနာတွေ က ပြည်ပရင်းနှီးမြှပ်နှံမှုတွေကို ဟန့်တားထားပါတယ် ။

ပြည်ပလုပ်ငန်းရှင်တွေအတွက် အရေးကြီးဆုံး အခက်အခဲတွေ ဖြစ်တဲ့ မြေနေရာ ၊ လမ်းပမ်းဆက်သွယ်ရေး ၊ လျှပ်စစ်ကဏ္ဍ ၊ ရင်းနှီးမြှပ်နှံမှု အခွန်အခများ ၊ ခက်ခဲစွာကျော်ဖြတ်ကြရတဲ့ ကြိုးနီ စနစ်များက အဓိပြုပြင် ဖြည့်ဆီးပေးရမယ့် အချက်တွေပါပဲ ။

မြေနေရာ အလွန်ပေါပါသေးတယ် ၊ ဇုံအသစ်ဖော်ထုတ်ပြီး နှစ် ၃၀ free လုပ်ခွင့်သာပေးလိုက်ပါ ၊ အလကားနေရင်း မြေငှားစားနေတဲ့ လူတွေ ပက်လက်လန်သွားပါ့မယ် ။

လမ်းပန်းဆက်သွယ်ရေးအတွက် ဒီခေတ်မှာ မခက်ခဲတော့ပါဘူး ရက်ပိုင်း လပိုင်းအတွင်း လွယ်လင့်တကူ လုပ်လို့ရနေပါပြီ ။

လျှပ်စစ်ကဏ္ဍအတွက်လည်း တကယ်လုပ်ချင်ရင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစနစ် စက်ရုံကို ၂ လလောက်နဲ့ တပ်ဆင်ထုတ်လုပ်လို့ ရနေပါပြီ ။ လျှပ်စစ်ရှိပြီဆိုရင် ရေ အတွက် ပူစရာမလိုတော့ပါဘူး ။

ပြည်သူတွေ အလုပ်အကိုင် ရရှိရေးအတွက် စေတနာမှန်ရင် အခွန်အခတွေကို ကာလတခု သတ်မှတ်ပြီး ဖြေလျှော့ယူပေးရပါ့မယ် ။


ကြိုးနီစနစ်ရဲ့ စိတ်ပျက်ဖွယ် အဖုအထစ်တွေကို အတတ်နိုင်ဆုံး ဖြေလျော့ပေးရပါ့မယ် ။ ကြိုးနီစနစ်ဆိုတာ တကယ်တန်း လိုအပ်ချက်က နည်းနည်းပါ ဝန်ကြီးဌာနအသီးသီးရဲ့ မိမိဌာန အရေးပါကြောင်း ပြချင်လို့ ရစ်ပြ ထစ်ပြနေကြတာ များများမို့ လုပ်ချင်အလွယ်လေးပါ ။

နောက်လွယ်မလိုနဲ့ ခက်ခဲတာ အလုပ်သမား အရည်အချင်းပဲ ။ မြန်မာတွေ အလုပ် မလုပ်တတ်ကြသေးပါဘူးဆို မနာကြပါနဲ့ ။ မြန်မာလုပ်သား ၁၀၀၀ တနေ့ ( အလုပ်ချိန် ၈ နာရီ) အထည် ၁၀၀၀၀ ပြီးရင် တခြားနိုင်ငံမှာ ၃၀၀၀၀ ပြီးတယ်ဗျ ။

ဒီတော့ ကျနော်တို့ လုပ်သားတွေကို ခြေမြန် လက်မြန် အဆင့်မှီ ကွာလ်တီ ထုတ်လုပ်နိုင်အောင် လေ့ကျင့်ပေးရမယ် ။ တကယ်လုပ်ရင် ဖြစ်ပါတယ် ကိုယ်တိုင် နိုင်ငံခြားမှာ တခြားတိုင်းပြည်က လူတွေနဲ့ အပြိုင် လုပ်ပြနိုင်ခဲ့ပါတယ် ။

လုပ်ငန်းခွင်အတွက် စာချုပ်မချုပ်ဆိုခင် လုပ်ရမယ့် စက်ရုံမှာ စမ်းသပ်အလုပ်ကာလ နှစ်ပတ်လောက် လုပ်ခိုင်းကြည့်ရပါ့မယ် ။ စက်ရုံရဲ့ သတ်မှတ်အရည်အသွေး သတ်မှတ် အရည်အတွက် လုပ်နိုင်၏ မလုပ်နိုင်၏ ပေါ့ ။

လုပ်နိုင်သူဆိုမှ စာချုပ်ချုပ်ရပါ့မယ် ။ လုပ်အားခကိုလည်း အနည်းဆုံး ထိုင်းရဲ့ ထက်ဝက်လောက်တော့ ထည့်သွင်းချုပ်ဆိုသင့်ပါပြီ ။

မလုပ်နိုင်တဲ့ အလုပ်သမားကို သူနဲ့ သင့်တော်မယ့် အခြားစက်ရုံအလုပ်ရုံများထံ အလုပ်ရရှိရေးအတွက် ရှာဖွေပေးရပါ့မယ် ။ ဥပမာ ထုတ်လုပ်မှု လုပ်ငန်းစဥ် မလုပ်နိုင်သူများ အတွက် လုံခြုံရေး ၊ သန့်ရှင်းရေး ၊ ထုပ်ပိုးရေး ၊ သယ်ယူရေး အစရှိတဲ့ လုပ်ငန်းစဥ်များအား ရှာဖွေခန့်ထားနိုင်ရပါ့မယ် ။

မိသားစုများ နဲ့ ချစ်ခင်ရသူများကို ခွဲခွာပြီး သူတပါးတိုင်းပြည်တွေမှာ သွားရောက် လုပ်ကိုင်နေကြရတာဟာ ရေကြည်ရာ မြက်နုရာကို ရွေ့ပြောင်းလုပ်ကိုင်ကြရတဲ့သဘောပါ ။ ဘယ်သူမှ ပျော်လို့ သွားလုပ်နေကြတာ မဟုတ်ပါဘူး ။

ကိုယ့်ဆီမှာ ရေကြည်ပြီး မြက်နုအောင် ဘယ်ပါတီ ဘယ်အစိုးရက လုပ်ပေးနိုင်မလဲ စောင့်ကြည့်ရပါ့မယ် ။ ပြည်သူ့အကျိုးထက် အစိုးရအကျိုး ပါတီအကျိုး ကြည့်နေတဲ့ အစိုးရမျိုး မဲ မထည့်မိဖို့တော့ အရေးကြီးတာပေါ့လေ ။


ကိုရွေမျိုးဝင်း
အဆမတန် ယောင်နေလို့😁😁
=======================

'' ငမျိုးရေ လိုင်းပေါ်မှာ အရမ်း Hot နေတဲ့ လေယာဥ်ပျံပေါ်က သီချင်းသံကိစ္စ ဟာသဖြစ်အောင် လုပ်စမ်းပါအုံး ဟ. သူများတွေ ဟားပြနေတာ သဘောကျစရာတွေကွ ''

'' အမှန်ကတော့ လိမ်ရင်း လိမ်ရင်း နဲ့ လက်လွန် ကြက်သွန် ဖြစ်ကုန်တာဗျ သူတို့အဖြစ်က အရီသန်တဲ့ ဆရာဝန်မလေး ကြုံခဲ့ရတဲ့ လူနာ အဖြစ်ရောက်သွားတာ ''

'' အေး လုပ်စမ်းပါအုံ ဟ ဘယ်လိုကြုံတာလဲ''

'' အရီသန်တဲ့ ဆရာဝန်မလေး ဆီကို အရှက်ကြီးတဲ့ လူပျိုကြီး တယောက်ရောက်လာတယ် ရွာမှာလည်း ဆရာဝန်က အဲဒီ တယောက်ရှိတာကိုး ''

'' အင်း ဒီတော့ ''

'' ဆရာမရယ် ကျနော့်ရောဂါကို သိရင် မရီပါဘူးလို့ ကတိပေးပါ ကျနော်က ရှက်တတ်လို့တဲ့ ''

'' စတွေ့ပြီပေါ့ ဘာရောဂါလဲ ဟ ''

'' ဆရာဝန်မလေးကလည်း မရီပါဘူး ကတိပေးပြီး ရောဂါမေးတော့ လူပျိုကြီးက ရှက်ရှက်နဲ့ သူ့ဟာလေး လှန်ပြပါရော ''

''ဟိုက်.. တကယ်ရောဂါဟေ့ အမျိုးသမီးဆရာဝန်မ နဲ့ တော့ တွေ့ပြီ ''

'' ဆရာဝန်မက သူ့ပစ္စည်းကြည့်ပြီး ရီချင်စိတ်ကို မနည်းထိမ်းထားရသတဲ့ ရီချင်ဆို လူပျိုကြီး ပစ္စည်းက လသားကလေး ဆိုဒ် ပိစိညှောင့်တောင့်လေးကိုး ဗျ ''

'' ဟိုက် ဘာဆက်ဖြစ်လဲ ဟ ''

'' ဆရာဝန်မက ရီချင်တဲ့စိတ်ကို အံကြိတ်ပြီး မနည်းထိမ်းပြီး မေးလိုက်တယ် ရှင့်ဟာက ဘာဖြစ်လို့လဲ တဲ့ ''

'' အင်း...ဘာတဲ့လဲ ''

'' သူ့အဖြေလည်း ကြားရရော မရီပါဘူး ကတိပေးထားတဲ့ ဆရာဝန်မလည်း ဘယ်လိုမှ အောင့်မထားနိုင်ပဲ ဟားတိုက်ရီလိုက်တာ လူပျိုကြီးလည်း ရှက်ပြီး ပြန်ပြေးရပါရောလား ''

'' ဟေ ဘာရောဂါမို့လို့လဲ ကွ ''

'' အဆမတန် ယောင်နေလို့ ဆရာမတဲ့ ''

'' ဟားးးးလခွမ်း ဆရာဝန်မ မပြောနဲ့ ငါတောင် မထိမ်းနိုင်တော့ဘူး ဟ နင့်ဟာက ယောင်လို့သာပဲ မယောင်ရင် မုန့်လက်ဆောင်ဖက်လောက် ရှိမယ်ထင်ပါ့ ကွာ''

'' ဟဲ ဟဲ အဲဒီ လူပျိုကြီးလိုပဲ ပြောလေ ရှက်စရာ ကောင်းလေ ဖြစ်နေရတဲ့ နီတုံးလေးတွေပါဗျာ ထပ်မပြောချင်တော့ပါဘူး ''

'' အေး အေး မပြောချင်လို့သာပဲကွာ မင်းပြောမှ နီတုံးလေးတွေခမျှာ မုန့်လက်ဆောင်ဖက်လောက် နဲ့ လူစဥ်မမှီကို ဖြစ်လို့ ''

ကိုရွှေမျိုးဝင်း
အာဏာ လောဘဇော
===================

1988 တုန်းက အရေးအခင်းမှာ ပါတီစုံ ဒီမိုကရေစီ တောင်းဆိုလာကြတယ် ။ OK လုပ်ပေးမယ် ဆိုပြီး အဲဒီ အချိန်က သမ္မတကြီး ဒေါက်တာမောင်မောင်က ကတိပေး လိုက်လျောခဲ့တယ် ။ ရွေးကောက်ပွဲ လုပ်ပေးဖို့တောင် အကြမ်းဖျင်းအချိန် သတ်မှတ်ပေးလိုက်တယ် ။

အမှန်ဆိုရင် ပွဲပြီးပြီလေ ။ သို့သော် နိုင်ငံရေးအာဏာ ငမ်းဖမ်းပြီး လောဘဇော ငယ်ထိပ် ကပ်နေကြတဲ့ နိုင်ငံရေးသမားတွေက တဆင့်တက်လာကြပြန်တယ် ။ ဘာတဲ့ ကြားဖြတ်အစိုးရ ချက်ခြင်းဖွဲ့ပြီး အာဏာလွှဲပေးရမတဲ့ ။ အကြမ်းဖက်လူသတ် ၊ လုယက် ခြိမ်းခြောက်ပြလာတော့ တပ်မတော်က အာဏာသိမ်းလိုက်တယ် ။

၁၉၉၀ မှာ ရွေးကောက်ပွဲ လုပ်ပေးတယ် ။ ရွေးကောက်ခံတွေ အပါအဝင် ခြေ / ဥ ရေးဆွဲကြပါ ၊ ခြေ / ဥ အသစ် အတည်ပြုပြီးရင် အာဏာလွှဲပေးပါ့မယ် ဆိုတော့လည်း အာဏာအဆိပ်တက်နေတဲ့ NLD က ချက်ခြင်းလွှဲပေးရမယ် လုပ်ပြန်ရော ။ ခြေ / ဥ ကို သူတို့အစိုးရဖြစ်ပြီးမှ ဆွဲမတဲ့ ။

တပ်မတော်က အဲသလို လုပ်လို့ မဖြစ်ဘူး ။ ပါတီတခုထဲက ခြေ / ဥ ကို ရေးဆွဲရင် အဲဒီ ပါတီ ထာဝရ အနိုင်ရအောင် ဥပဒေတွေ ထည့်ဆွဲသွားမယ့် အခြေအနေရှိတယ် ဒါကြောင့် အများသဘောတူမယ့် ခြေ /ဥ ဆွဲပြီးမှ အာဏာလွှဲပေးမယ်လို့ အကြောင်းပြန်တယ် ။

အဲဒါကိုပဲ ချက်ခြင်းမလွှဲလို့ ဆိုပြီး စိတ်ကောက်ပြီး သပိတ်မှောက်ထွက်သွားတယ် ။ ဦးသန်းရွှေက သူ့မူအတိုင်း ခြေ / ဥ ကို အများသဘောတဲ့ အချက်တွေနဲ့ ( NLD က လွဲလို့ပေါ့) ရေးဆွဲခဲ့တယ် ။

အမှန်ဆိုရင် ၁၉၉၀ ကတည်းက ရေးဆွဲခဲ့ကြရင် ၂ နှစ်အကြာ ၁၉၉၂ လောက်မှာ အာဏာရနိုင်ပေမယ့် နိုင်ငံရေးအာဏာ လောဘဇောကြောင့် ၂၀၁၀ ကြမှ အပြောင်းအလဲ ဖြစ်ခဲ့ကြရတယ် ။ ၁၉၈၈ တုန်းက အသာတကြည် ပြောင်းလဲခဲ့ရင် ၂၂ နှစ် စောပြီး ဒီမိုကရေစီ ရခဲ့ကြမှာပါ ။

ကဲ အများဆန္ဒအရ ၂၀၀၈ ခြေ / ဥ အောက်ကနေ ၂၀၁၅ မှာ NLD အာဏာရလာပါပြီ ။ သူတို့ ဦးစီးကျင်းပရမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပိုးစိုးပက်စက် မဲခိုးပြီး အာဏာဆက်ရဖို့ ကြိုးစားကြတယ် ။ ရွေးကော် ဥပဒေကို အကြောင်းပြုပြီး အာဏာထပ်ရဖို့ မရိုးမသားကြံစည်တာပါ ။

Mother Law ဖြစ်တဲ့ ၂၀၀၈ ကို မကြေညက်ပဲ လူလည်ကျတဲ့ NLD ကို တပ်မတော်က ၂၀၀၈ နဲ့ အရပဲ အာဏာထိမ်းပြီး ဆုံးမလိုက်တယ် ။ ခြေ / ဥ အရ ၂ နှစ် အကြာမှာ ရွေးကောက်ပွဲ ကျင်းပပြီး နောက်အစိုးရကို အာဏာလွှဲပေးရမယ် ။

သို့သော် ၂ နှစ်တာ ကာလသည် သာမန် အခြေအနေဟု သတ်မှတ်ထားသော ကြောင့် တိုင်းပြည်မတည်ငြိမ်မှုကို အကြောင်းပြုပြီး အာဏာဆက်ယူထားတဲ့ နစက အနေနဲ့ ( သာမန် အခြေအနေ မဟုတ်ဖူးပေါ့လေ အရေးပေါ် အနေအထားမို့ ဆိုတဲ့ အကြောင်းပြချက်) ၆ အလီပေါင်းများစွာ နဲ့ ၅ နှစ် ပြည့်တဲ့ အထိ အုပ်ချုပ်ပါရော ။

ပြည်သူတွေလည်း PDF က နှိပ်စက် ၊ သူပုန်က ထင်တိုင်းကြဲ ၊ ကုန်စျေးနှုံးထိမ်းမရတဲ့ နစက ၊ ဝန်ထမ်းဆိုးတွေ ရန်က ကာကွယ်မပေးတဲ့ နစက ကြောင့် ဒုက္ခ ပြီး ဒုက္ခ မဆုံးနိုင်တော့ပါဘူး ။

၈၈ က စခဲ့တဲ့ နိုင်ငံရေး လောဘဇော ကြောင့် ၂၂ နှစ် စောင့်ခဲ့ရတယ် ။ ၂၀၂၁ က နိုင်ငံရေးလောဘကြောင့် ၂ နှစ်စောင့်ရမယ့်အစား နောက်ထပ် ဘယ်လောက် စောင့်ကြရမလဲ မသိသေးဘူး ။


စစ်အစိုးရ အုပ်ချုပ်တာ မလိုချင်လို့ တော်လှန်နေပါတယ်ဆိုတဲ့ နလပိန်းတုန်းတွေ နားထောင် ။ တပ်မတော် အသာတကြည် ပေးရင် လက်ခံလိုက် ။ လက်မခံပဲ ဟိုနေ့နိုင်နိုးနိုး ၊ ဒီနေ့ နိုင်နိုးနိုး ဆင့်လီးခွေးမျှော် တော်လှန်ရေး လုပ်မနေနဲ့ ဘယ်တော့မှ မအောင်မြင်ဘူး ။

ပြည်သူ့အတွက်ဆိုရင် အခု ပြည်သူတွေ ဒုက္ခများနေပြီ ။ မင်းတို့ ဘာမှ မလုပ်ရင် ဒီ ဒုက္ခတွေက နောက်နှစ် ဧပြီ / မေ ဆိုရင် အစိုးရသစ်နဲ့အတူ လျော့ပါးသွားရမှာ အမှန်ပဲ ။

အဲလို မဟုတ်ပဲ မွှေမွှေစု အာဏာအတွက် တော်လှန်နေတာပါဆိုရင်လည်း သဘောပဲ ။ ကဲ မင်းတို့ တော်လှန်ရေးဆိုတာ ပြည်သူ့အတွက်လား.... ပါတီယုတ်တခု အတွက်လား ဆိုတာ သမိုင်းမှတ်တမ်းတင်ကြတာပေါ့........

ကိုရွှေမျိုးဝင်း
ဗန်းမော် ရဟတ်ယာဥ်
====================

မနေ့က MI 17 ရဟတ်ယာဥ် ပျက်ကျတဲ့ သတင်းနဲ့ ပက်သက်ပြီး တဖက်က ဖုန်ထနေသလို ဒီဘက်က ကြုံးဝါးသံတွေလည်း ကြားနေရပါတယ် ။ ဖြစ်စဥ်အမှန် ဘယ်သူမှ မသိရသေးပဲ အပြိုင်အဆိုင် မှန်းဆရေးသားနေကြတာပါ ။

ညပိုင်းမှာ တပ်မတော်က သယ်ယူပို့ဆောင်ရေးလေယာဥ် တစီး စက်ချို့ယွင်းပြီး ပျက်ကျကြောင်း သတင်းထုတ်ပြန်လာပါတယ် ။ လေ့လာကြည့်တော့ စက်ချို့ယွင်းတာလည်း မှန်သလို ပစ်ချခံရတာလည်း မှန်တယ်လို့ ဆိုပါတယ် ။

ဆိုလိုတာက အပစ်ခံရလို့ ပျံတက်ပြေးရတယ် ( ပစ်ခံရပြီးပြီးချင်း ပျက်မကျခဲ့ဘူး) အတော်ဝေးဝေး မီတာ ၁၄၀၀၀ လောက်ကျမှ ပျက်ကျခဲ့ပုံပါပဲ ။ ကျွမ်းကြင်သူတွေ မှန်းဆချက်အရ ရဟတ်ယာဥ် အင်ဂျင်နားမှာ ဒဏ်ရာတွေ့ရပါတယ် ( တဖက်က ထုတ်ပြန်တဲ့ video အရ) ။

မူလ MI 17 ရဲ့ အနေအထားအရ အဲဒီဒဏ်ရာက အရမ်းမများပေမယ့် ရဟတ်ယာဥ်မှာ ချို့ယွင်းချက်အချို့ရှိနေရင်တော့ ဒီဒဏ်ရာကြောင့် ပေါင်းစပ်ပျက်ကျနိုင်တယ်လို့ ယူဆပါတယ် ။

ပြောချင်တာ လာပါပြီ ။ ရဟတ်ယာဥ် ပျက်ကျတာ မှန်တယ် ။ ရန်သူပြောသလို ၂ စင်းမဟုတ် ၁ စင်းပါ ။ ပေပေါင်း ၁၉၀၀၀ ကျော် ပျံသန်းစဥ် ပစ်ချနိုင်မဟုတ်ပဲ ပစ္စည်းချနေစဥ် ပစ်ခတ်ခံရတာလို့ သတင်းထွက်လာပါတယ် ။ ဓာတ်ပုံမှတ်တမ်းအချို့အရ ဒါလည်း မှန်ပါတယ် ။

မိမိဘက်က အားနည်းချက်အဖြစ် MI 17 ၃ စီးအတွက် ဝေဟင်လုံခြုံရေးအဖြစ် MI 35 အစောင့် လိုက်ပါမှု မရှိခြင်း ။

မြေပြင်ရှင်းလင်းရေး အဖွဲ့များရဲ့ သေချာမှု မရှိတဲ့ လုံခြုံရေး အခြေအနေများအား ထောက်ပြကြရမှာ ဖြစ်ပါတယ် ။ ဤ ဖြစ်စဥ်ကဲ့သို့ အမ်း တိုက်ပွဲမှာ MI 17 များ အပစ်ခံခဲ့ရဖူးပါတယ် ။ မိမိနယ်အတွင်း ပျက်ကျလို့သာ ဘာမှ မဖြစ်ကြရတာပါ ။

ရန်သူများ ဝါဒ ဖြန့်သလို ၂ စင်းမဟုတ်လို သူတို့မီဒီယာများမှ ကျဆုံးစာရင်းများကလည်း ၂၀၂၄ တုန်းက အမည်တွေ ဖြစ်နေပါတယ် ။ သူတို့အတွက်တော့ အသေအကျေ များလွန်းလှတဲ့ ဗန်းမော်တိုက်ပွဲကြီးမှာ ဒီရဟတ်ယာဥ် ကိစ္စက မဟာအောင်ပွဲကြီး အဖြစ် ဝါဒဖြန့်နေကြရရှာမှာပါပဲ ။

မြန်မာ့တပ်မတော်အတွက် MI 17 တစီး နဲ့ လေတပ်စစ်သည်အနည်းငယ်သည် ကင်းခြေများ ခြေသည်းတခု ကျိုးတဲ့ အနေအထားထက် မပိုပါဘူး ။ နောက်နောင် မဖြစ်ရအောင် မြေပြင်နယ်မြေရှင်းလင်းရှင်း စေ့စပ်စွာဆောင်ရွက်ရန် နဲ့ MI 35 တို့ အစောင့်လိုက်ပါနိုင်ဖို့ ဆောင်ရွက်ရန်သာ ရှိပါတယ် ။

ကိုရွှေမျိုးဝင်း
ဟိုးးရှေးရှေးတုန်းကပေါ့ ကွယ်
===========================

ရှင်ဘုရင်ကို အချိန်မတော်မှ ပြန်လာတဲ့အတွက် မြို့ထဲအဝင် ကြိုတင်သတင်းပေးမထားလို့ တံခါးဖွင့်မပေးတဲ့ တံခါးမှူးကတော့ မင်းကောင်းမင်းမြတ် မင်းမှန်နဲ့ တွေ့တော့ ရာထူးတိုး ဆုချီးမြှင့်ခံရသတဲ့ ။ အခု Hot နေတဲ့ မိတ္ထီလာ ဂိတ်တာဝန်ကျ ပြည်သူ့စစ်လေး ရာထူးတိုးမလား မသိဘူး ။

ကိုရွှေမျိုးဝင်း
သမိုင်းမှန် ဆိုတာ......
===================

- အောင်ဆန်း - အက်တလီစာချုပ်အရ
ကြွေး ရွှေဒင်္ဂါး သန်း ၁၄၀၊

- လင်္ကျာ - ဖရီးမင်း စာချုပ်အရ ပေါင်သန်း ၂၉၀ နှင့် ပေါင် ၁၆၀၀၀၀၊

- နု - အက်တလီစာချုပ်အရ ဗြိတိသျှအမှုထမ်းများအတွက် ပင်စင် တနှစ်လျှင် ပေါင် ၁၅ သန်းနှုန်းဖြင့် နှစ် ၃၀ အတွက် ပေါင် ၄၅၀ သန်း တို့ အကြွေးတင်ခဲ့ရပါတယ် ။


လွတ်လပ်ရေးရပြီးစမှာပဲ ပြည်တွင်းစစ်ကြောင့် ဆင်းရဲသွားပြီး 1949 ဖေဖေါ်ဝါရီမှာ နိုင်ငံဝန်ထမ်းများရဲ့ လစာကို 15 % မှ 30 % အထိ လျော့ချခဲ့လို့ အမှုထမ်းသပိတ်ကြီး ဖြစ်ခဲ့ရပါတယ် ။ ချမ်းသာရင် လစာ လျှော့မှာ မဟုတ်တာ သေချာပါတယ် ။

အဖွံ့ဖြိုးဆုံးပါလို့ ပြောခဲ့ပေမယ့် 1962 ခုနှစ်ထိအောင် သံမဏိစက်ရုံ သကြားစက် ဘိလပ်မြေစက် ပန်းကန်စက် ဂုန်နီအိတ်စက်ရုံ အစရှိတဲ့ စက်ရုံ (10) ပဲ ရှိပါသေးတယ် ။


ကုမ္ပဏီပေါင်း 2520 မှာ အကြီးမားဆုံး ကုမ္ပဏီ 380 ကို နိုင်ငံခြားသားတွေ ပိုင်ပါတယ် ။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှာ ကုလားတွေချည်းပဲ ။ လူသုံးကုန် 90% လောက် ပြည်ပက သွင်းကုန်အဖြစ် ပြန်ဝယ်ရပါတယ် ။

1953 မှာ ကိုရီးယားစစ်ဖြစ်လို့ ဆန်စျေးတက်ပြီး အရံငွေ 1260.87 သန်းထိ စုလာနိုင်ပါတယ် ။ ဦးနုရဲ့ ချီးကျူးစရာကောင်းတာက အရံငွေလည်း ရှိလာရော ပြည်တော်သာ စီမံကိန်းဆိုပြီး 7500 သန်း ကုန်မယ့် ပြည်သူ့အကျိုးပြု စီမံကိန်း ထလုပ်ရဲတာကို တွေ့ရပါတယ် ။


ဒါပေမယ့် 1955 မှာ ဆန်စျေးပြန်ကျပြီး အရံငွေ 360 သန်းပဲ ကျန်ပါတော့တယ် ။ 1957-58 ဘဏ္ဍနှစ်မှာ ပြည်ပကြွေး US $ 930 သန်း တင်နေပါပြီ ။ ဦးနုအစိုးရရဲ့ ပြည်တော်သာစီမံကိန်း ချေးငွေ ပေါင် သန်း ၃၈၀၊ အာရှဖွံဖြိုးရေးဘဏ်မှ ချေးငွေဒေါ်လာ၂၃၅ သန်း ။


အဲဒီထဲက အင်္ဂလန်ကို ပေးရမယ့် လျှော်ကြေးကြွေးတွေကို ၁၉၅၂ မှ နှစ် ၂၀ အတွင်း အကြေအပြေပေးအပ်ရန်လို့ ဆိုထားတဲ့အတွက် ၁၉၇၂ မှာ အချိန်စေ့ရောက်ခဲ့ပါတယ် ။


သို့သော် အိမ်စောင့်အစိုးရကာလ(၁၉၅၈-၁၉၆၀) ၂ နှစ်၊ တော်လှန်ရေးကောင်စီကာလ (၁၉၆၂-၁၉၇၄) ကာလ ၁၂ နှစ်၊ ပေါင်း ၁၄ နှစ်ကို ကာလလျော့ သတ်မှတ်လိုက်တဲ့အတွက် ၁၉၈၆ မှာ အချိန်စေ့ရောက်ခဲ့ပါတယ် ။


ဒီအချိန်သည် လမ်းစဉ်ပါတီအစိုးရလက်ထက်ဖြစ်ပါတယ် ။ ဦးနေဝင်း အနေဖြင့်....

- မိမိတို့ မြန်မာအမျိုးသားအစိုးရ၏ အသုံးစရိတ်များ မဟုတ်ခြင်း ၊

- စစ်ဖက်အဆောက်အအုံများမှာ မြန်မာ့မြေပေါ်တွင် တည်ရှိခြင်း ၊

- ဗြိတိသျှစစ်ဖက်ဝန်ထမ်းများကို မြန်မာအစိုးရမှ ပင်စင်ထောက်ပံ့ကြေးပေးရန် အကြောင်းမဆီလျော်ခြင်းတို့ကြောင့် ၁၉၈၅ မှာ ကနဦးခြေလှမ်း စတာလင်ပေါင်ငွေကြေးနိုင်ငံများ အဖွဲ့မှ နှုတ်ထွက်ခဲ့ပါတယ် ။


အင်္ဂလန်ရဲ့ ကြွေးတွေ ပြန်မဆပ်ရဖို့ အဲဒီအချိန်က တခုတည်းသော နည်းလမ်းအဖြစ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(LDC) စာရင်းဝင်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ် ။ စာတတ်မြောက်နှုံး 90 % ကျော်နေလို့ မနည်းအကြံအဖန်လုပ်ခဲ့ကြရပါသေးတယ် ။


ထိုစဥ်ကာလများမှာ မချမ်းသာသော်လည်း ငတ်မွတ်ခေါင်းပါးသူ မရှိသလောက် စား ဝတ် နေရေး အဆင်ပြေနေဆဲပါပဲ ။ ဟုတ်မဟုတ်ကတော့ ၅၀ ပတ်ချာလည်တွေ အသိဆုံးပါပဲ ။


သူတပါးတိုင်းပြည်ကနေ ဆန် ၊ ဆီ ၊ ဆား ၊ ဂျုံ လာလှူမှ စားရတဲ့ အနေအထားမဖြစ်ခဲ့ပါဘူး ။ ဖခင်တယောက်လုပ်ရင် တမိသားစုလုံး စား ဝတ် နေရေး ကျန်းမာရေး ၊ ပညာရေး အစ ထိုက်သင့်သလောက် လုံလောက်နေတဲ့ ကာလများ ဖြစ်ပါတယ် ။

ဘယ်တုန်းကမှ မချမ်းသာခဲ့တဲ့ တိုင်းပြည်ကို နိုင်ငံရေးအောက်လုံးထိုး တပ်မတော်ကို အပုပ်ချဖို့ လိမ်ညာခဲ့ကြတာ သမိုင်းတလျှောက်လုံးပါပဲ ။ ဖော်ပြပါ စာချုပ်တွေ ကိန်း ဂဏန်းတွေဟာ လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူး ။ လေ့လာနိုင်ရင် သိနိုင်တဲ့ အချက်အလက်တွေချည်းပါပဲ ။

ကိုရွှေမျိုးဝင်း

( NLD လက်ထက်တုန်းက ရေးခဲ့ဖူးတဲ့ ပို့စ် အဟောင်းလေး ပြန်တွေ့လို့ အမှတ်တရ ပြန်တင်လိုက်ပါတယ်)
https://t.me/thaethae96969


ရှိသမျှ fb အကောင့်တွေကျနေပြီး အကောင့်သစ်လည်း ဖွင့်မရသေးလို့ စိတ်ညစ်နေတဲ့ မသဲသဲရဲ့ တယ်လီချန်နယ်လေးပါ ။

သူကတော့ ရှိသမျှ တွေ့သမျှ သတင်းပေါင်းစုံကို ပြန်လည်မျှဝေနေသူမို့ ဒီချန်နယ်ကို join ထားတာနဲ့ ပြည်တွင်း ပြည်ပ သတင်းပေါင်းစုံကို အချိန်နဲ့ တပြေးညီ ဖတ်ရှုလေ့လာနိုင်မှာမို့ ကြေညာပေးလိုက်ရပါတယ် ။

ကိုရွှေမျိုးဝင်း
ကြားဝင်သင့် မဝင်သင့်
===================

ဒီနေ့ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေရတဲ့ ပြဿနာက တကယ့်ကို အကြီးမားဆုံး ပြဿနာကြီးပါပဲ ။ ၁၉၄၈ - ၁၉၅၈ လွတ်လပ်ပြီး ၁၀ နှစ် ကာလများတုန်းက ရန်ကုန်အစိုးရလို့ အလှောင်ခံခဲ့ရတဲ့ ကာလများထက် ပိုဆိုးတဲ့ အန္တရာယ်ကို ကြုံတွေနေရတာပါ ။

အဲဒီ အန္တရာယ်က သစ္စာဖောက် အန္တရာယ် ၊ လောဘဆိုး အန္တရာယ်တွေပါပဲ ။ ဒီထက် ဆိုးတာရှိသေးတယ် ကိုယ့်အိမ် ၊ ကိုယ့်ရပ်ရွာ ကိုယ်မြို့ ပျက်ဆီးမှာသာ ကြောက်နေကြတာ ကာကွယ်ဖို့ကြ စိတ်မဝင်စားကြပါဘူး ။

အခု ဖြစ်နေတဲ့ စစ်မှုထမ်းပြဿနာတွေကို လေ့လာကြည့်ရင် အဆင့် အားလုံးမှာ အမှားတွေချည်းပဲ ။

- ပထမ နစက အနေနဲ့ အမိန့်ပေးတယ် ၊ ဥပဒေပြဌာန်းတယ် ၊ ကော်မတီတွေ ဖွဲ့တယ် ။ တကယ်ပဲ ဥပဒေတွေ အတိုင်း လုပ်သလား မလုပ်ဖူးလား.. ? အောင့်မြင်သလား အဆင်ပြေသလား ဘယ်တော့မှ ပြန်မကြည့်ဘူး ။

- ဖွဲ့ထားတဲ့ ဗဟိုကော်မတီ ကရော မိမိအလုပ် အောက်ခြေက တကယ်လုပ်ကြသလား... ? အကြံအဖန်လုပ်မရအောင် ဘယ်လို စီမံမလဲ ဘာတခုမှ အကြံဥာဏ်မထုတ်ဖူး လစာလိမ်စားနေကြတယ် ။

- မြို့နယ် ရပ်ကျေး တွေ ရိုးရိုးသားသား လုပ်ကြသလား... ? အနယ်နယ်အရပ်ရပ်က ထွက်လာတဲ့ အသံတွေ နားထောင်ကြည့်... စစ်မှုထမ်းဥပဒေဗန်းပြပြီး နိုင်ငံတော်အဆင့် လူကုန်ကူးစားနေကြတာတွေ ကြားမကောင်းဘူး.. နားနဲ့မဆန့်ဘူး ။

- ပြည်သူတွေဘက်ကို ကြည့်အုံး ငါ့တာဝန်ကျရင် ငါလိုက်ရမယ် ၊ ငါ့တိုင်းပြည် ငါကာကွယ်ရမယ်ဆိုတဲ့ ပြည်ချစ်သားကောင်း စိတ်ဓာတ်ကင်းမဲ့နေကြတယ် ။ ငွေပေးရွေးရမယ်ဆိုရင် အိမ်ပေါင် ၊ ခြံရောင်း ရတတ်သရွေ့ ချေးငှားပြီး တာဝန်ရှောင်ဖို့ လာဘ်ထိုးကြတယ် ။ ပြီးရင် မီဒီယာသမားတွေကို အပူကပ်ပြီ ပြောပါအုံး လုပ်ပါအုံး နဲ့ ။

ဘယ်ရပ်ရွာပဲ ဖြစ်ဖြစ် ငါ့ရွာ ၆ လ ၂ ယောက် နှုံး ပို့နေမယ်ဆိုရင် ဒီပြဿနာ မဖြစ်ဖူး ။ မြို့နယ် / ရပ်ကျေးတွေ ရိုးသားရင် ဒီပြဿနာမဖြစ်ဖူး ။ ဗဟိုကော်မတီ တိတိကျကျ လုပ်ရင် ( စစ်မှုထမ်းဖို့ တာဝန်ကျ နေရပ်မှန် / လူမှန် ဖြစ်ဖို့ စီစစ်လက်ခံရင်) အောက်က လိမ်ပြီး လုပ်စားဖို့ ခက်မယ် ။ ဘာသောက်လုပ်မှ မလုပ်လို့ အောက်က လာဘ်စား လူစားထိုးလုပ်လို့ရနေတာ ။

နစက အနေနဲ့လည်း ခိုင်းပြီးရင် ပြီးပြီ လုပ်တာ မလုပ်တာ ၊ အဆင်ပြေတာ မပြေတာ လုံးဝဂရုမစိုက်ဖူး ။ လူကြားကောင်းအောင် အရေးယူမယ် မိန့်ခွန်းပြောပြီး မသိချင်ယောင်ဆောင်နေကြတယ် ။ ပြီးရော ဒီတိုင်းပြည်.....

ဒီကြားထဲက လူမှန် မီဒီယာသမားတွေ အူကြောင်ကြောင် နဲ့ ထအော်ကြတယ် ။ ရည်ရွယ်ချက်က....

- နစက အပေါ် ပြည်သူတွေ အကြည်ညိုမဲ့သွားမှာ မလိုလားမှု ( ကြည်ညိုအောင်မှ မလုပ်တတ်တာပဲ ကြားထဲက ဆားသည် ခွေးမောင်းတော့ ခွေးကိုက်ခံရပြီ )

- ပြည်သူတွေ နစ်နာမှာ စိုးရိမ်မှု
( မညှာတမ်း ပြောရရင်တော့ အရမ်းစိုးရိမ်မနေနဲ့ လာဘ်ထိုးနေတာ တိုင်းပြည်မချစ်လို့ ကိုယ်လွတ်ရုန်းနေကြတာ ၊ သတ္တိရှိရင် ကိုယ်တိုင်ရှင်းကြလိမ့်မယ် နစကအထိ နစ်နာသမျှ တက်တိုင်ကြပါစေ နစက ရုံးခန်း နေပြည်တော်မှာ ရှိတယ် ၊ စစ်မှုထမ်းဗဟို ရုံးခန်းလည်းရှိတယ် သိန်းရာချီ လာဘ်ထိုးနိုင်မှတော့ တိုင်ဖို့ တတ်နိုင်သင့်တယ်)

မနေနိုင် မထိုင်နိုင်နဲ့ အားလုံးကောင်းအောင် ဖြစ်စေချင်နေကြတဲ့ ဆန္ဒအရ ကြားဝင်ရင် မိတ္ထီလာက ကိုဇော်ယုထွန်းကို ကြည့်ထားနော် ။.

ဒါက အရမ်း ပြဿနာများနေတဲ့ ပြည်သူ့စစ်ပြဿနာ ။ နောက် ကျနော့်ကို အကူညီလာတောင်းထားတယ် ။ ပွင့်ဖြူနယ် ရေပုပ်ကြီးရွာ ကျောင်းနားက လောင်းကစားဝိုင်း ကိစ္စ ။ ဒီကိစ္စမျိုးက နန်းတော်မီးလောင်နေချိန် ဆေးလိပ်မီးဖွားပေါက်တဲ့ အဆင့်ခင်ဗျ ။

PDF တောင် မရှင်းနိုင်လို့ ကျောင်းမဖွင့်နိုင်တဲ့ ရွာတွေ အများကြီးလေ ။ ရန်ကုန်မြို့လယ်က ဗိုလ်မှူးချုပ် အငြိမ်းစားတောင် အသတ်ခံနေရတာ ခင်ဗျားရွာကျောင်းနားက လောင်းကစားဝိုင်း ဘယ်သူမှ အရေးမလုပ်နိုင်တဲ့ အနေအထားပါ ။ ကိုယ်ထူကိုယ်ထနဲ့သာ ရှင်းဖို့ကြိုးစားပါလို့ အကြံပြုချင်ပါတယ် ။

နိဂုံးချုပ်ရမယ်ဆိုရင်တော့ စစ်မှုထမ်းကိစ္စ လာဘ်စား လူကုန်ကူးနေကြတာ မှန်တဲ့သတင်းဖြစ်တယ် ။ တပ်မတော်မှာ တိုင်းပြည်ကာကွယ်ဖို့ စစ်သည်အင်အား တောင့်တင်းဖို့ လိုနေတာလည်း အမှန်ဖြစ်တယ် ။

တာဝန်ကျ ပြည်သူတွေ စစ်မှုမထမ်းရဖို့ ( တိုင်းပြည်ကို မကာကွယ်ချင်လို့ / တာဝန်မဲ့စိတ် နဲ့) လာဘ်ထိုးနေကြတာလည်း အရှိတရားဖြစ်တယ် ။

အမှား ၂ ဖက်ကြားမှာ ငါ အမှန်တရားကွ သွားမလုပ်ကြပါနဲ့ ။ အကြံပြုချင်တာက စစ်မှုထမ်းဗဟိုမှ တိကျသော နည်းဥပဒေ နဲ့ စနစ်တကျ လုပ်ကိုင်မှသာ ဒီပြဿနာပြေလည်မှာပါ ။ ဒီလို လုပ်ကြဖို့ အမိန့်ပေးနိုင်တာကလည်း နစက ပဲ ရှိပါတယ် ။

ကိုရွှေမျိုးဝင်း
နိုင်ငံရေး ဘယ်လိုရွေး
=====================

လတ်တလောမှာ ပါတီတွေ ခပ်သွက်သွက် လှုပ်ရှားနေတာ တွေ့မြင်နေရသလို ပြည်သူတွေအတွက်လည်း ဘယ်ပါတီ ရွေးရမလဲ ပြဿနာက ခေါင်းခဲစရာပါပဲ ။

တနိုင်ငံလုံး ပြိုင်ပါ့မယ်လို့ စာရင်းပေးထားတဲ့ ၉ ပါတီ အနက် ၃ ပါတီပဲ တန်းမှီလမ်းမှီ ပြည့်စုံတဲ့ သတင်းတွေလည်း တက်နေတာ တွေ့ကြမှာပါ ။ ရွေးကော်ရဲ့ PR စနစ်အရ ပါတီ အသီးသီးက ဒေါင်ဒေါင်မြည်တွေ လွှတ်တော်ထဲ ရောက်လာကြမှာပါ ။

လူကြည့်ရွေးရမယ့် နိုင်သူအကုန်ယူစနစ် မဟုတ်တော့ ဘယ်လို အကြံပေးရမှန်းတောင် မသိတော့ဘူး 😂😂 ကျနော်တို့ အကြိုက်ကတော့ အခု အခြေအနေနဲ့ ကွက်တိပဲ ။ အကြီးဆုံးပါတီ ၃ ခုလို့ ဆိုရမယ့် ကြံ့ခိုင်ရေး ၊ တစည ၊ PPP တို့ ၃ ပါတီက နေရာအများဆုံး ပြိုင်ကြပါလိမ့်မယ် ။

ပါတီဝင်အင်အား အတောင့်ဆုံးက ကြံ့ခိုင်ရေးပါပဲ ။ ငွေကြေးရော ပြည့်စုံမယ်လို့ ယူဆပါတယ် ။ နောက် အခြေခံကောင်းတွေ များစွာ ပိုင်ဆိုင်ထားခဲ့တဲ့ တစည ကလည်း ဒီတကြိမ်မှာတော့ ထိုက်သင့်တဲ့ နိုင်ငံရေးဝေစု ရရှိနိုင်ပါပြီ ။

ဒီပွဲမှာ ပြိုင်ပွဲဝင် အသစ်စက်စက် လူစိတ်ဝင်စားတဲ့ ပါတီက PPP ( ဒေါ်သက်သက်ခိုင်) ပါတီပါပဲ ။ သူတို့ရဲ့ မူဝါဒများကို လေ့လာကြည့်ရာမှာလည်း တပ်မတော်နဲ့ ပူးပေါင်းပြီး တိုင်းပြည်တည်ဆောက်နိုင်မှ အဆင်ပြေမယ်လို့ ယုံကြည်နေဟန်တွေ့ရတာ ဝမ်းသာစရာပါပဲ ။

ဒေါက်တာနေဇင်လတ် ၊ ဦးစိုးမောင် ၊ ဦးသိန်းညွှန့် ၊ ဦးခင်မောင်ဆွေ တို့လို ပုဂ္ဂိုလ်တွေလည်း လွှတ်တော်မှာ မြင်တွေ့လာရဖွယ် ရှိနေပါတယ် ။ ရှိသင့် ရှိထိုက်သော ပညာရှင်ကြီးများမို့ PR စနစ် အရ ဝေစုနေရာ ရရှိကြမှာပါပဲ ။ ဖြစ်သင့်တဲ့ ကိစ္စမို့ ဝမ်းသာပါတယ် ။


အချို့ စီးပွားရေးအရလား မသိရတဲ့ မိသားစုပါတီ လေးတွေလည်း တွေ့ရပေမယ့် နေရာရဖို့ အခွင့်အလမ်းနည်းပါးလှပါတယ် ( 1990 / 2010 / 2015 / 2020 အတွေ့အကြုံများ အရ) ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် မနိုင်မှန်းသိတယ် မြေပါမစ် ကားပါမစ် လုပ်ငန်းပါမစ် တောင်းရအောင် ပါတီထောင်သူတွေ တွေ့ဖူးလို့ စီးပွားရေးအရလို့ ညွှန်းဆိုထားတာပါ ။

ဒီရွေးကောက်ပွဲမှာ အမတ်လောင်းထက် ပါတီမူဝါဒကို ကြည့်ရမယ့် သဘောမှာ တွေ့နေရပါတယ် ။ မူဝါဒအရ မိမိတိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာရှိမယ် ၊ အကျိုးကို လိုလားမယ် ၊ လောဘနခမ်းသပ်ရမယ် ( နိုင်ငံပိုင်မြေကို သမ္မတ ၊ ဝန်ကြီး ၊ ဝန်လေး အတွက် မယူပါဘူး ဆိုတဲ့ ကတိမျိုး) ဒါတွေ ကြည့်ကြရပါမယ် ။


အရေးကြီးတဲ့ မစဥ်းစားသင့်သော ပါတီတွေလည်း ရှိနေကြောင်း သတိပြုသင့်ပါတယ် ။ ဥပမာ ကိုကိုကြီး ၈ ပူး ပါတီမျိုးပေါ့ ။ တသက်လုံးက ဂျော့စ်ဆိုးရော့ ပေးစာကမ်းစာ စားလာကြတယ် ၊ NLD ကို ဝန်းစရံတယ် ၊ NLD ထဲ ပူးပေါင်းတာ ဟိုက ကန်ထုတ်လို့ ပါတီထထောင်ကြတာလေ ။

မဲခိုးပွဲမှာ ပါတီတွေ တိုင်ကြ တောကြ နဲ့ NLD ရဲ့ မဲခိုးမှုကို ဆန့်ကျင်နေချိန်မှာ ကိုကိုကြီးပါတီက အမတ်လောင်းလည်း မဲခိုးမှုကို တိုင်တယ် ။ ကိုကိုကြီးက ဖုန်းဆက်ပြီး တိုင်စာရုတ်သိမ်းပါ မရုတ်သိမ်းပါက တရားစွဲမယ့်လို့ ကိုယ့်အမတ်လောင်းကို ခြိမ်းခြောက်ခဲ့ပါတယ် ။

NLD မဲခိုးတာကို တခွန်းမှ မပြောတဲ့အပြင် တပ်မတော်က ၂၀၀၈ ခြေ / ဥ အရ အာဏာထိမ်းတော့ သူကိုယ်တိုင် လက်သုံးချောင်းထောင်ခဲ့တယ် ။ အင်းစိန်ထောင်ဗူးဝကနေ ၅၀၅ တွေကို ကူညီခဲ့တယ် ။

ဒါတွေက သူ့သမိုင်း သူ့ရပ်တည်ချက်တွေပဲ ။ တပ်မတော်က မသိကျိုးနွံပြုပြီး ပါတီထောင်ခွင့်ပေးခဲ့တယ် ။ လေသံပြောင်းပြီး ရွေးကောက်ပွဲဝင်ဖို့ စီမံတယ် ။ အခြားပါတီတွေနဲ့ ပူးပေါင်းဖို့ အားထုတ်တယ် ။


အထူးအားဖြင့် NLD ပါတီဝင်ဟောင်း ဒေါ်သက်သက်ခိုင်ရဲ့ PPP နဲ့ ပူးပေါင်းဖို့ ကျိုးစားတယ် ။ PPP လက်ခံ မခံ မသိပါဘူး လက်ခံရင်တော့.......အားမနာတမ်းပြောရရင် ဆန့်ကျင်ရမှာပါပဲ ( လက်မခံဘူးလို့တော့ အကြမ်းဖျင်း သိထားပါတယ်)

၁ ။ ဦးနေဝင်း စုဆောင်းထားခဲ့တဲ့ ပါတီဝင်ကြေး တမတ် / ငါးမူး လေးတွေနဲ့ တစည ပါတီလည်း ( 1990 / 2010 / 2015 / 2020 ) ရွေးကောက်ပွဲတွေမှာ ပင်ပန်းကြီးစွာ ဇွဲရှိစွာ ဖြတ်သန်းခဲ့ပြီးပါပြီ ။ ချိုမြိန်တဲ့ အာဏာရခဲ့ဖူးသလို ခါးသီးတဲ့ အာဏာမဲ့ အတွေ့အကြုံလည်း ရှိနေတဲ့ သက်တမ်းရှည်ပါတီပါပဲ ။ သစ္စာတရား နဲ့ ဇွဲလုံလကတော့ လေးစားလောက်ပါတယ် ။

၂ ။ ကြံ့ခိုင်ရေးကလည်း တစည နည်းတူ ချိုမြိန်တဲ့ အာဏာအရသာ သုံးဆောင်ဖူးသလို ခါးသီးတဲ့ အာဏာလက်လွတ် ငှက်တောင်ကျွတ် ဘဝကို ဖြတ်သန်းခဲ့ရပါပြီ ။ ချိုသည် ခါးသည် ကောင်းကောင်းသိနေကြလို့ အကောင်းဆုံး ပြင်ဆင်ထားကြမယ်လို့ ယုံကြည်ပါတယ် ။ အဓိက အားနည်းချက်ကြီးဖြစ်တဲ့ လူပိန်းကြိုက် စည်းရုံးရေး ( ဆင်းရဲသား ကြိုက်) မလုပ်တတ်တာလေးကို ပြင်ဆင်နိုင်ရင် အာဏာရဖို့ ရာခိုင်နှုံးအများဆုံးပါတီပါပဲ ။
၃ ။ ဒေါ်သက်သက်ခိုင်ရဲ့ PPP ကတော့ မီဒီယာသမားအချို့ရဲ့ ညွှန်းဆိုမှုနဲ့အတူ စိတ်ဝင်စားကြပါတယ် ။ တခုရှိတာက အသစ်တောင်းတရင်း NLD တက်လာ၍ တိုင်းပြည်ပျက်လုခမန်း ဖြစ်နေရတဲ့ လက်ငင်းအနေအထားကြောင့် ထပ်ပြောင်းဖို့ ကြောက်နေသူတွေ အများအပြား ရှိနေတာလည်း စဥ်းစားစရာပါပဲ ။ ပြည်သူယုံကြည်အောင် စည်းရုံးဖို့ကြိုးစားရပါအုံးမယ် ။ PR စနစ်အရ ပါတီထိပ်သီး ပုဂ္ဂိုလ်တွေ လွှတ်တော်ထဲတော့ ဝင်နိုင်ပါလိမ့်မယ် ။ အလုံးစုံ အာဏာရဖို့ကတော့ ပါတီသက်တမ်းအရ ၊ အခြေအနေအရ သိပ်မလွယ်ပါဘူး ။

ကျန်တဲ့ အလယ်အလတ် ပါတီများမှ ဆရာကြီးများလည်း လွှတ်တော်ထဲကို ရောက်လာကြမှာပါ ။ PR စနစ်အရ တပ်မတော်ရဲ့ 25 % ဟာ တန်ဖိုးပိုကြီးလာပါတယ် ။ ဘယ်ပါတီပဲ နိုင်ပါစေ 25 % ဆန့်ကျင်ရင် အဆိုတင်သွင်းမှု မအောင်မြင်နိုင်ပါဘူး ။

အာဏာရဖွယ်ရှိတဲ့ ပါတီကြီးတွေက တပ်မတော် နဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှ အဆင်ပြေအောင်နိုင်မယ်လို့ လက်ခံထားသူတွေ မို့ အဲဒီအချက်ကတော့ ကျေနပ်စရာပါပဲ ။

ဘယ်သူ့မှ မကြိုက်လို့ မဲ မပေးဘူးကွာ ဆိုတာမျိုးက ကိုယ့်ထီလက်မှတ် ကိုယ့်ဘာသာ ဆုတ်ဖြဲတာမျိုးပါပဲ ။ မိမိနယ်မြေရှိ အမတ်လောင်းတွေထဲမှာ အသင့်တော်ဆုံး တယောက်တော့ ပါမှာပါပဲ ။ ပါတီ မူဝါဒအရဖြစ်စေ ၊ အမတ်လောင်း အရည်အချင်းအရ ဖြစ်စေ နှစ်သက်ရာရွေးချယ်ပြီး မဲ ပေးသင့်ပါတယ် ။


အထက်မှာ ပြောထားသလိုပါပဲ လွှတ်တော်ထဲကို ဒေါက်တာနေဇင်လတ် ၊ ဦးစိုးမောင် ၊ ဦးသိန်းညွှန့် ၊ ဦးခင်မောင်ဆွေ တို့လို ထိမ်းကြောင်းပေးနိုင်မယ့် ပုဂ္ဂိုလ်ကြီးတွေ ရောက်လာဖို့ အရေးကြီးတယ်လေ ။ သူတို့မဲဆန္ဒနယ်လူတွေ အိပ်နေရင် ခက်ဖူးလားဗျာ ။

ရွေးကောက်ပွဲ မြန်မြန်လုပ် ၊ အာဏာမြန်မြန်လွှဲ ဒီလိုဆောင်ရွက်နိုင်မှ ကျနော်တို့ တောင်းဆိုချင်တဲ့ ကိစ္စတွေကို တောင်းဆိုနိုင်ကြမှာပါ ။ ဒီနေ့လို ဖရဲသီးကြောက် ၊ တပ်တွင်းလောက်ကြောက် နေရတဲ့ ဘဝတွေကနေ အမြန်ဆုံးလွတ်နိုင်ကြမှာပါ ။


ကိုရွှေမျိုးဝင်း
State Power
==============

တနေ့တုန်းက အိန္ဒိယဘက်ကနေ NUG လက်အောက်ခံ ဒမြ PDF တွေကို ပစ်သတ်လိုက်တဲ့ ကိစ္စအားလုံးသိပြီး ဖြစ်မှာပါ ။ ဖြစ်စဥ်က ဘုတ်ကန်ရွာအနီးမှာ မြန်မာ အိန္ဒိယ နယ်စပ်မျဥ်းရှိတယ် ။ ချောင်းငယ်လေးနဲ့ ပိုင်းခြားထားလို့ နယ်ခြားကျောက်တိုင်ကို ၂ ဖက်လုံးမှာ စိုက်ထားကြရတယ် ။


အမှတ် ၅၉ / ၁ နဲ့ ၅၉ / ၂ ချောင်းရေတိုက်စားခါးလို့ အိန္ဒိယပိုင်နက်ထဲရောက်နေတယ် ။ နယ်စပ်ရွာတွေရဲ့ ထုံးစံအတိုင်း နားလည်မှုနဲ့ အရောင်းအဝယ် အပြန်အလှန်လုပ်နေကြတဲ့ လူသွားလမ်းလေးရှိတယ် ။

အဲဒီလမ်းလေးကို PDF တွေက ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်တယ် ။ အံမယ် PDF စခန်းကိုလည်း အိန္ဒိယနယ်ထဲ တည်ထားသေးသတဲ့ ။ ဒီတော့ လာဘ်မစားသော အိန္ဒိယစစ်တပ်ပဲလေ သူ့နယ်ထဲ လက်နက်ကိုင် လာပြီး ဗိုလ်ကျနေတဲ့ PDF တွေကို အပြတ်ရှင်းလိုက်တယ် ပြီးရော ။

လက်နက်ကိုင်တွေ ကိုယ့်နယ်ထဲ ဝင်လာတိုင်း အိန္ဒယက အဲသလို လုပ်နေသလားဆိုတော့လည်း မဟုတ်ဖူးဗျ ။ တပ်မတော်သားတွေလည်း ရံဖန်ရံခါ အဲသလို နယ်ကျွံသွားတတ်တယ် ။

ဒီလိုအခါမျိုးဆို အိန္ဒိယနယ်ခြားစောင့်တပ်က ကောင်းကောင်းမွန်မွန် ကျွေးမွေးပြီး မြန်မာအစိုးကို အကြောင်းကြားပြီး ချောချောမွေ့မွေ့ ပြန်ပို့ပေးကြတာပါပဲ ။ အလွယ်ဆုံး ပြောရရင် အစိုးရကို အစိုးရလို ဆက်ဆံတယ် ၊ သူပုန်ကို သူပုန်လို ဆက်ဆံတယ် ။ State Power ဆိုတာ ဒါပဲ ။

NUG က ဇော်ဝေစိုး ၊ ဇင်မာအောင် လေလုံးဘယ်လောက်ထွားထွား Power အဆင့်မှာတော့ အိုးဝေသမားလောက်ပဲ ရှိမယ် ( အိုးဝေဆရာတွေ နစ်နာသွားရင် sorry) ။ State Power ဘယ်သူ့လက်ထဲမှာဆိုတာကို ထင်ရှားတဲ့ အချက်တွေနဲ့ ပြန်ကြည့်အုံးလေ ။

- UWSA တွေ ယိုးဒယား နဲ့ ပြဿနာတက်တယ် ။ နစက နဲ့ ဆွေးနွေးပါ ဘာညာ ပလီပလာ ခြေသလုံး ပြေးဖက်ခဲ့ရတာ မကြာသေးဘူး ။

- KNU နဲ့ စောချစ်သူ ( BGF အသွင်ပြောင်း) တို့ ကျားဖြန့် ပြဿနာ တက်လာတော့ သူတို့က နယ်ခြားစောင့်တပ်မို့ နစက နဲ့ စကားပြောပါဆိုပြီး ခေါင်းပြောင်းခဲ့တာ State Power ပဲ ။

- ငလျင်ကူညီရေးအတွက် နိုင်ငံတကာက ဆက်သွယ်တာ ၊ အလှူပစ္စည်း ပေးအပ်တာ State Power ပိုင်ရှင်ကိုပဲ စာရင်းသွင်း ဆက်ဆံကြတာ အားလုံးအမြင်ပဲ ။

- လူပြောများနေတဲ့ ဘင်္ဂလားစင်္ကြန် ကိစ္စမှာ နောက်က State Power ပိုင်ရှင် အစစ်ကို ပေါ့ဆဆ သဘောမထားရဲလို့ လက်မခံဖို့ ကန့်ကွက် နေကြတာ သဘောပေါက်ပါ ။

- ထရမ့်က သူ့နိုင်ငံထဲကနေ ခွေးမောင်းသလို မောင်းထုတ်နေတဲ့ အထဲမှာ နစက ရဲ့ တရားဝင် သံရုံးဝန်ထမ်း တယောက်မှ မပါတာ State Power ပဲ ။

- အင်္ဂလန်က အရှက်မရှိတဲ့ သစ္စာဖောက် သံအမတ်ဟောင်းကို ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးတရားစွဲလိုက်တာ State Power ပိုင်ရှင်အစစ်ကို အသိအမှတ်ပြုလိုက်တာပဲ ။

State Power ၅ မျိုး သတ်မှတ်ထားလေ့ရှိပါတယ် ။ နိုင်ငံရေး (Political Power ) ၊ စီးပွားရေး (Economic Power) ၊ စစ်ရေး (Military Power) ၊ ယဥ်ကျေးမှု (Soft Power) ၊ နည်းပညာ (Technological Power) တွေဖြစ်ပါတယ် ။

မြန်မာပြည်မှာ လတ်တလော အရေးကြီးဆုံးက စစ်ရေးပါဝါ ပဲ ။ စစ်ရေးနိမ့်နေရင် ကျန်တဲ့ ပါဝါတွေ ကျဆင်းကုန်မှာပဲ ။ ဥပမာ စီးပွားရေးပါဝါ ဆိုပါစို့.....

- ဘင်္ဂလားက နယ်စပ်ကုန်သွယ်ရေးအတွက် AA နဲ့ ဆွေးနွေး ဆိုတဲ့ သတင်းမျိုးက ကိုယ်ဖက်က စစ်ရေးပါဝါ နိမ့်နေလို့ ဆွေးနွေးဖို့ လုပ်ကြတာပဲ ။

- နောက် KIA နဲ့ မြေရှားအရောင်းအဝယ် လုပ်နေတဲ့ တရုတ် ၊ KNU နဲ့ မှောင်ခိုလုပ်နေတဲ့ ယိုးဒယား ဒါတွေက ကိုယ့်ဘက်က သုံးစားမရလို့ ဖြစ်နေရတဲ့ ပြဿနာတွေပါပဲ ။


ဖြေရှင်းချင် လွယ်လွယ်လေးပါ လေကြောင်းကသာ ထုတ်လုပ်တဲ့နေရာတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အဆက်မပျက် တိုက်ခိုက်နေပါလား ဘယ်အိမ်နီးချင်းမှ သူပုန်နဲ့ အရောင်းအဝယ်မလုပ်ရဲပါဘူး ။ အိမ်ခွေးတွေ မရိုးမသား ပေါင်းစားနေလို့ပါ ။

နစက အနေနဲ့ State Power ၅ မျိုးထဲက စစ်ရေးပါဝါကို(Military Power) အရှိန်အဟုန် နဲ့ ပြသနိုင်ရင် ပွဲ သိမ်းသွားမှာပါ ။ ပြည်သူတွေကတော့ ပြတ်ပြတ်သားသား အမြန်ဆုံး လုပ်ပြစေချင်နေတာ အမှန်ပါပဲ ။


နစက အနေနဲ့လည်း ကိုယ့်အင် ကိုယ်အားနဲ့ ချင့်ချင့်ချိန်ချိန် ဆောင်ရွက်နေရဟန် ရှိပါတယ် ။ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ ၊ ကမ္ဘာ့ စစ်ရေးအပြောင်းအလဲနဲ့ မိမိဆီသို့ သက်ရောက်နိုင်ချေ ၊ ဒါတွေအားလုံး တွက်ချက်ကြရမှာ နစက တာဝန်ကိုး ။

စိတ်မရှည်ချင်စရာ ကောင်းလှသော်လည်း ရှည်ကြရပါမယ် ။ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ် ဆိုတဲ့ ဆောင်ပုဒ်က ယနေ့အခြေအနေမို့ ကျနော်တို့လည်း စိတ်တိုင်းမကျ ၊ အားမလို အားမရ ဖြစ်နေကြရသည့်တိုင် တပ်မတော်ကို ဝန်းရံအားပေးနေကြရအုံးမှာပါ ။

ကိုရွှေမျိုးဝင်း
သမိုင်းသင်ခန်းစာ
================

တပင်ရွှေထီး နဲ့ ဘုရင့်နောင်တို့ မြင်းစီးတတ်စအရွယ်မှာ နောက်လိုက်နောက်ပါတွေ နဲ့ တောင်ငူပတ်ချာလည် မြင်းစီးထွက်ကြတာပေါ့ ။ တောင်ငူကနေ မြို့မြောက်ဖက်ထွက်ပြီး စီးလို့ အရှိန်ရမလို့ရှိသေး...

'' ရှေ့ဆက်သွားလို့မရပါဘုရား အင်းဝ ဘုရင် ပိုင်နက်ပါဘုရား ''

ဒါနဲ့ အရှေ့ဖက် မြင်းစီးထွက်လည်း ခဏနေတော့...

'' ရှေ့ဆက်မစီးပါနဲ့ ဘုရား စော်ဘွားတွေရဲ့ နယ်နမိတ်ပါဘုရား ''

တောင်ဘက်ထွက်စီးတော့လည်း...

'' ဟံသာဝတီဘုရင်ရဲ့ ပိုင်နက်ပါဘုရား ''

အဲသလိုနဲ့ မြင်းစီးရတာတောင် ဝအောင်စီးမရတဲ့ မိမိတို့ရဲ့ တောင်ငူပိုင်နက်နယ်ကို ကြည့်ပြီး တပင်ရွှေထီးက ဘုရင့်နောင်ကို ပြောသတဲ့ ( ဘုရင့်နောင် ဘွဲ့တော့ မရသေးဘူးပေါ့ ရှင်ရဲထွဋ် ဘဝရှိအုံးမှာပါ)

'' နောင်တော်ရေ ကျုပ်တို့မလည်း ရွှေနန်းတော်ထဲ မှာ ဘုရင့်သားတော်ဆိုပြီး ဖင်ခေါင်းသာကျယ်နေရတာ တကယ်တမ်း ကျုပ်တို့ ပိုင်နက်က မြင်းတမောတောင် မရှိဘူးနော် ကျုပ်လက်ထက်ကြရင်တော့ အရပ်လေးမျက်နှာကို နယ်ပယ်ချဲ့ထွင် သြဇာဖြန့်ကျက်ရမယ်ဗျ နောင်တော်ကူညီဖို့တော့ လိုတယ်နော ''

'' စိတ်သာချ တလောကလုံးကို အရှင့်ရဲ့ သြဇာအာဏာ သက်ရောက်ပြီး တရားမျှတစွာ အုပ်ချုပ်နိုင်ရမယ် ''

တချိန်က မြန်မာ့သမိုင်းထဲက အထင်ကရ တိုင်းပြုပြည်ပြု မင်းလောင်း ၂ ပါးရဲ့ ယောကျာ်းစိတ် ယောက်ျားမာန်က အဲသလိုရယ်....( ရန်သူ့နယ် သိမ်းဖို့ မပြောနဲ့ ကိုယ့်နယ်သိမ်းထားတဲ့ ရန်သူကိုတောင် မြို့ထဲက ထွက်မတိုက်ရဲတဲ့ စစ်ဘုရင်ကြီးတွေနဲ့တော့ ကွာပါ့ 😂)

ဟော ယောကျာ်းကောင်းတွေ ဆိုတော့ မြင်းစီးရင်း အပြင်းပြေပြောခဲ့တဲ့ စကားကိုလည်း တောက်လျှောက်အကောင်အထည် ဖော်တာပဲဗျို့ ။


ပဒေသရာဇ် တိုင်းပြည်ပေါက်စလေးရဲ့ ခေါင်းဆောင်လောင်း လူငယ်လေးတွေကတော့ တိုင်းသိပြည်သိ ပြောခဲ့ ကတိပေးခဲ့တာ မဟုတ်ပါပဲ နဲ့ အကောင်အထည် ဖော်လိုက်တာ အရှေ့တောင်အာရှရဲ့ အင်အားအကြီးဆုံး ဧကရာဇ် နိုင်ငံကြီး ဖြစ်ခဲ့တဲ့ အထိပါပဲ ။

ကဲ နောက်ထပ် ဆန့်ကျင်ဖက် မင်းတပါးအကြောင်း လေ့လာကြည့်ပါ ။ သီပေါမင်းတဲ့ တက်လာကတည်းက ပြဿနာပေါင်းစုံနဲ့ပါပဲ ။ စီနီယာ အကိုတော်ကို မစည်းရုံးတတ်ဘူး ။ တိုင်းပြည်အင်အားဆိုတာ အဲဒီ မင်းဆွေ မင်းမျိုး ညီအကိုတွေရဲ့ စုပေါင်းအင်အားတွေလေ ။

ကပ်ဖား ယပ်ဖားတွေကို အနားထား ၊ တိုင်းပြည်အမှန်ချစ်သူတွေကို ဒုက္ခပေး ၊ နောက်ဆုံး ညီအကိုတွေကို သတ်ပစ်တဲ့အထိ ကိုယ့်ခြေကိုယ်လက် ပြန်ပြီး မိုက်မိုက်မဲမဲ ရိုက်ချိုးပါရောလား ။

သောက်ချိုးမကျတဲ့ ကပ်ဖားတွေ ၊ စွမ်းရည်မဲ့တဲ့ အာကျယ်တွေ ၊ လာဘ်စားဖို့သိတဲ့ လောဘအိုးကြီးတွေနဲ့ စုဖွဲ့ အုပ်ချုပ်လိုက်တာ တိုင်းပြည်တခုလုံး ကျွန်ဖြစ်ရပါရောလား....

အင်းးးသမိုင်းတွေ...သမိုင်းတွေ...ဘယ်လိုလုပ်ရင် အောင်မြင်မယ် ၊ ဘယ်လိုလုပ်ရင် ကျရှုံးမယ် ။ အောင်မြင်ရင် နောင်လာနောင်သားမျိုးဆက်တွေက ဘယ်လိုဂုဏ်ပြုမယ် ၊ မအောင်မြင်ရင် ဘယ်လို ကဲ့ရဲ့ရှုံ့ချ ကြမယ် ဆိုသော ယူသင့်တဲ့ သင်ခန်းစာတွေ အများကြီးပါလားဗျာ....ယူတတ်တဲ့ အသိဥာဏ် ပြည့်စုံရင်ပေါ့လေ.....

ကိုရွှေမျိုးဝင်း
ဆေးပေး မှားနေသူများ
=====================

ဒီကနေ့ မိမိဘက်မှ အတိုက်အခိုက်ခံရဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုရင် ကိုဇော်ဘုန်းဟိန်းကိုပဲ ပြရပါ့မယ် ။ သူ့ကို တဖက်က တိုက်ခိုက်နေတာ မဆန်းပေမယ့် တပ်မတော်ထောက်ခံသူခြင်း အတူတူ အဖမ်းခံ ထောင်ချဖို့ ကြိုးစားနေတဲ့သူတွေပါ များပြားလွန်းလို့ပါပဲ ။

ကျနော် သူ့ကို သိပ်မကြည့်ဖြစ်ပါဘူး ။ ပွင့်ပွင့်လင်းလင်းလည်း ဝေဖန်ပါရစေ သူပြောရင် ကိုယ်ရည်သွေး တီးလုံးတွေ များလွန်းတာရယ် ၊ ဆဲဆို ရိုင်းစိုင်းတာရယ် ၊ အရက်ပုလင်း တပြပြ လုပ်နေတာရယ်ကြောင့် မကြည့်ဖြစ်တာပါ ။

ဒါက သဘောမကျတဲ့ အပိုင်း ။ သဘောကျတဲ့ အပိုင်းက ရှေ့တန်းက တပ်မတော်သားတွေကို တကယ်ကူညီတယ် ။ သတ္တိရှိရှိ နေရာအနှံ့သွားရဲတယ် ( သူ့ကို လူတိုင်းသိနေတာလေ ) PDF ဝိုင်းထားတဲ့ မြင်းခြံက မသီတာယုမွန်ဆီ အရောက်သွားပြတာ လေးစားတယ် ( ကိုယ်ဆို မိတ္ထီလာရောက်တာတောင် ကိုယ့်ဇာတိ မြင်းခြံမပြန်ရဲဘူး) ။

ပြောစရာရှိရင် တိုင်းပြည် နဲ့ ပြည်သူ့မျက်နှာပဲကြည့်ပြီး ဘယ်သူ့မျက်နှာမှ မထောက်ပဲ ရဲရဲတင်းတင်း အားမနာတမ်းပြောတာ အလွန် သဘောကျတယ် ( အလွန်အကျွံ ဆဲတာ သဘောမကျလည်း ဆဲရခြင်းအကြောင်း သိနေလို့ အပြစ်ကြီးတခုလို့ မရှုမြင်ဘူး)

ဒါတွေက ကြိုက်ခြင်း မကြိုက်ခြင်း အချက်တွေကို ချစ်ခြင်း မုန်းခြင်း ကင်းစွာနဲ့ အရိုးသားဆုံး ပြောပြတာပါ ။ သူက ကိုယ်တိုင်လည်း ပြောရှာပါတယ် နိုင်ငံရေးနားမလည်ကြောင်း ဒီတော့ သူ့ကို နိုင်ငံရေးအသိ နည်းတာများတာ ပြောဖို့မလိုတော့ပါဘူး ။

အရေးဆုံးအချက်က ကိုဇော်ဘုန်းဟိန်းကို တပ်မတော်ထောက်ခံသူ အများစုက ယုံကြည်လေးစားကြတယ် ။ အားကိုးကြတယ် ၊ ဒါက လူတိုင်းမှာ မရှိတဲ့ သူ့ရဲ့ပင်ကိုယ်အရည်အချင်းပဲ ။

သူက တိုင်းမှူးတွေ တပ်မမှူးတွေ လုပ်ကိုင်ဆောင်ရွက်နေတာ မအောင်မြင်ရင် တာဝန်မကျေသူအဖြစ် သတ်မှတ်ပြီး ဆော်တော့တာပဲ ။ အဲဒီမှာ သူ့အတွက် တဘက်တည်းသားချင်း တပ်လော်ဘီစစ်စစ် တွေနဲ့ ထိပ်တိုက်တွေ့တော့တာပါပဲ ။

တိုင်းမှူးလောက်ကို ဘုရားထင် ၊ တပ်မမှူးလောက်ကို အဂ္ဂသာဝကလောက် ယူဆ ကိုးကွယ်နေတဲ့ တပ်လော်ဘီတွေက ကိုဇော်ဘုန်းဟိန်း ဆဲဆို ဝေဖန်နေတာကို နားမခံသာတော့ဘူး ။ သူတို့က တိုင်းပြည်ဆိုတဲ့ အမြင်ကျယ်ထက် တပ်ထဲက အရာရှိကြီးများ ဆိုတဲ့ အမြင်ကျဥ်းနဲ့ပဲ ရှုမြင်ကြတာကိုး ။ ( မရှင်းရင် Belief နဲ့ Trust ကို ပြန်ဖတ်)

ဒီတော့ ကိုဇော်ဘုန်းဟိန်း လှူဒါန်းတာကို သရော်မယ် ၊ တိုင်းမှူးတွေကို ဖင် မမယ် နောက်ဆုံး ကိုဇော်ဘုန်းဟိန်းကို မဖမ်း ဖမ်းအောင် တိုက်တွန်းတဲ့အထိ ပေါ်ပေါ်ထင်ထင် လုပ်ကြံလာကြတာ တွေ့နေရပါတယ် ။

ကိုဇော်ဘုန်းဟိန်းသည် အများပြည်သူ ယုံကြည်လေးစားသော မိမိဘက်သား တက်ကြွလှုပ်ရှားသူ အဆင့်ပါ ။ နိုင်ငံရေး နားလည်သူမဟုတ်ပါဘူး ။ ကြက်တူရွေးက ဘာမှ မဖြစ်ဘူး မယ်ဘော်တွေက ကဲ ပြနေတာ မြင်မကောင်းဘူးဗျ ။

တပ်လော်ဘီ စစ်စစ်တွေ ဆေးမှားတိုက်နေပြီလို့ပဲ ဝေဖန်ချင်ပါတယ် ။ တာဝန်မကျေတဲ့ တိုင်းမှူးတွေ ၊ လာဘ်စားတဲ့ ဂိတိတွေ ၊ အလုပ်မလုပ်တဲ့ နယ်မြေတာဝန်ခံ အရာရှိတွေ ၊ ဌာနဆိုင်ရာ ဖရဲသီးတွေကို ထောက်ပြရမှာလေ ။ ဒါမှ တပ်မတော်အတွက်ရော တိုင်းပြည်အတွက်ကော အကျိုးရှိမှာ မဟုတ်ဘူးလား... ?

ဇော်ဘုန်းဟိန်းကို ဖမ်းခိုင်းနေတာ အရာရှိဆိုးတွေကို အားပေးနေတာနဲ့ အတူတူပဲ ( သူက မဟုတ်တဲ့ အရာရှိဆိုးတွေကိုပဲ ဝေဖန်နေတာလေ) ။ စစ်သတင်းတင်မလား ဟုတ်တာရော မဟုတ်တာရော တင်ကြပါ ဆိုက်ဝါးဆိုပြီး နားလည်ပေးလို့ ရကြပါလိမ့်မယ် ။

အများပြည်သူ ယုံကြည်လေးစားနေတဲ့ စပီကာတယောက်ကို ထောင် မကျ ကျအောင် ယုတ်မာရင်တော့...လိမ်ပြီးရင်း လိမ်ကြရင်း နဲ့ တပ်မတော်အရည်အသွေး နိမ့်ကျပြီး ပြိုကွဲအောင် လုပ်နေတာ ဘယ်သူတွေ လဲဆိုတာ မေးခွန်းထုတ်လာကြပါလိမ့်မယ် ။

ကိုရွှေမျိုးဝင်း
'' ငမျိုးရေ NUG နဲ့ စောက်ပဲ့ အနုပညာရှင် အယုတ်တမာတွေရဲ့ စကားကို ယုံကြည်ပြီး CDM လုပ်သွားတဲ့ အကြံတုံး ဥာဏ်တုံးတွေ ဘယ်လို ဖြစ်နေလဲ အတိုဆုံး ဥပမာပြောအုံး ဟ ''

ကွီးစိုး

'' အဲဒါသာ ကြည့်ပေတော့ ''

ကွီးမျိုး
ပညာ
=======

{ 2021 ကာလတုန်းက နိုင်ငံကျော် မီဒီယာပညာရှင်တဦး နဲ့ လူရွှင်တော် တိုင်းကျော်တို့ live လွှင့်ပြီး ဒီဘိတ်လုပ်ကြပါတယ် ။ တိုင်းကျော်ကို ဘွဲ့ရပညာတတ်မဟုတ်ဘူးလို့ ပြောတော့ တိုင်းကျော်က ဗုဒ္ဓမြတ်စွာဘုရားရော ဘွဲ့ရလို့လားတဲ့ ။


နိုင်ငံကျော် မီဒီယာပညာရှင်က ချက်ခြင်းပြန်ဖြေတယ် ဒီဘက်ခေတ် MSc ဘွဲ့နဲ့ ညီတဲ့ ရှေးခေတ်ဘွဲ့ရတာပေါ့ ဆိုတဲ့ သဘောဖြေသွားလေရဲ့ ။ ကိုယ်တွေက အမေး အဖြေ အတွက် အကြားမတော်လို့ ပြန်ဖြေပေးခဲ့ရတဲ့ ပို့စ် လေး ပြန်တွေ့လို့ ကလေးတွေအတွက် ပြန်လည် တင်ပြလိုက်ပါတယ် } ။

တိုင်းကျော်က သူတို့ပညာတတ်ဘွဲ့ရ မဟုတ်တာကို နဂိုကတည်းက သိမ်ငယ်စိတ်ရှိနေတာမို့ ဘုရားလည်း ဘွဲ့မရဘူးဆိုကာ သူတို့လို အလေနတော အဆင့်နဲ့ ဆွဲကပ်ကြေးတန်းတိုက်လိုက်ကြတာပါပဲ ။

ဘွဲ့ရခြင်း မရခြင်းက ပြဿနာမဟုတ်ပါဘူး ။ ဘဝပေးအခြေအနေတွေ မတူညီတဲ့အပေါ် ဘွဲ့မရခဲ့သူတွေကိုလည်း အထင်သေးရှုံ့ချလို့ မရပါဘူး ။ ဒါပေမယ့် ပြဿနာက မဆီမဆိုင် မြတ်ဗုဒ္ဓကိုတောင် သူတို့နဲ့တန်းညှိစော်ကားလိုက်လို့ ပွဲဆူရတာပါ ။

တိုင်းကျော်ရေ မြတ်ဗုဒ္ဓက ဘုရင့်သားတော် ဘဝမှာပဲ အဲဒီခေတ်က အမြင့်ဆုံးဘွဲ့ အကုန်ရခဲ့တယ်ကွ ။ အဲဒီခေတ်က တက္ကသိုလ်ကြီးတွေ ရှိခဲ့တယ် ။ သာမန်အရပ်သားတွေ သင်ယူခွင့် မရရှိပဲ ဘုရင့်သားတော်တွေသာ သင်ကြားခွင့်ရှိတဲ့ အဌာရဿ ၁၈ ရပ်ကိုပဲ သင်ရတဲ့ အထူးတက္ကသိုလ်တွေလည်း အပါအဝင်ပေါ့ ။

သိပ္ပံ ၊ ဝိဇ္ဇာ ပညာရပ်တွေအပြင် မင်းတို့ ကျွမ်းကြင်တဲ့ ဟာသ ပညာပါ မကျန် အားလုံးသင်ကြတယ် ။ အခုခေတ် တက္ကသိုလ်သင်ရိုးထဲ မပါတဲ့ ဒါးခုတ် လှံထိုး လေးပစ် ဆင်စီး မြင်းစီးတွေပါ မကျန် သင်ကြရပါတယ် ။ မင်းကျင့်တရားဆယ်ပါး အပါအဝင် စီမံအုပ်ချုပ်မှု ပညာတွေ အကုန်လုံး သင်ကြရသကွ ။

လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ဖြည့်ကျင့်ခဲ့တဲ့ ကုသိုလ်တရားတို့ရဲ့ ပါရမီတွေဟာ နောက်ဆုံးဘဝမှာပဲ အရင့်သန်ဆုံး အကျိုးပေးကာလ ဖြစ်လာရပြီလေ ။ ဒီတော့ အဌာရဿ ၁၈ ရပ်ကို ဘုရားလောင်း မင်းသားက တကြိမ်မျှ ကြားသိရုံ မြင်တွေ့ရုံ နဲ့ နားလည်တတ်ကျွမ်းနေလေရဲ့ ။ ဒါကြောင့် သူဟာ သင်စရာမလိုတော့ဘူး ပြောတာကို ဒေဝဒတ်တို့က လက်မခံပဲ လေးတော်တင်ပွဲ ပြုလုပ်ပြီး ပညာစမ်းကြရတာပေါ့ ။

အဲဒီမှာတင် အဌာရဿ ၁၈ ရပ်ကို ကြားခါမျှနဲ့ သူများတွေထက် များစွာထူးချွန်လှတဲ့ စွမ်းရည်တွေ ပြနိုင်ပြီး ယသော်ဓယာကို ရယူနိုင်ခဲ့တာပဲ ။ အဲဒီခေတ်က အဲဒါ ပညာအကုန်ပဲ ။ နှိုင်းယှဥ်ပြောရမယ်ဆိုရင် အခုခေတ် ဘာသာရပ်အားလုံးရှိ အသီးသီးသော ပါရဂူဘွဲ့တွေ စုပေါင်းထားတာနဲ့ အတူတူပဲ ကွ ။

ဘုရားဖြစ်ပြီးတဲ့ နောက်မှာတော့ မပြောနဲ့တော့ မောင်တိုင်းကျော်ရေ သိချင်တဲ့ ကိစ္စရပ် အပေါ် အာရုံညွှတ်ပြီး ဆက်စပ်စဥ်းစားလိုက်တာတဲ့ လျှပ်တပျက်အချိန်အတွင်း အလုံးစုံကို သိမြင်ပြီး ဖြစ်နေပေါ့ ။

ဒီအဆင့်မှာဖြင့် မင်းမေးတဲ့ ဘုရားကောဘွဲ့ရသလား ဆိုတဲ့ မေးခွန်းအတွက် ပြောရရင်တော့ သာမန်ဘွဲ့ဆိုတာ ဘုရားရှင်ဥာဏ်တော်အတွက်ဆို ရှိသမျှ ပင်လယ်သမုဒ္ဒရာထဲက သဲမြေထုနဲ့ သဲတမှုံစာလောက်မက ကွာခြားသွားပြီလေ ။

မင်းတို့လူပျက်အဆင့်တွေ နားလည်အောင်ပြောရရင် အခုခေတ် သိပ်ပြီး တိုးတက်နေတဲ့ သိပ္ပံပညာရှင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ပြောခဲ့တဲ့ မြတ်စွာဘုရားရဲ့ ဟောပြောချက်တွေကို အမှီပြု သုတေသနလုပ်ခဲ့ကြရတာကွ ။

ဟိုအရင်တုန်းက အနုမြူဆိုတာ အသေးငယ်ဆုံး ထပ်ခွဲလို့ မရတော့ဘူး ၊ ဂေါတမဘုရားဟောခဲ့တဲ့ အနုမြူထက်သေးသော ပရမာအနုမြူဆိုတာ မရှိဘူးလို့ သိပ္ပံပညာရှင်တွေ ပြောခဲ့တယ် ကွ ။

လွန်ခဲ့တဲ့ ၂၀ နှစ် ဝန်းကျင်ကျမှ အနုမြူကို ထပ်ခွဲနိုင်ပြီး ပရမာအနုမြူကို ရှာတွေ့ခဲ့ကာ ဗုဒ္ဓဟာ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်ကြီးပါ ဘာညာ နဲ့ လေသံပြောင်းလာရတာကွ ။

ပရမာအနုမြူခွဲနိုင်မှ အခုတွင်ကျယ်နေတဲ့ နာနိုနည်းပညာဆိုတာ ပေါ်လာတာကွ ။ နာနိုနည်းပညာဆိုတာ လွယ်လွယ်ပြောရရင် စွမ်းရည်မြင့် စက်ပစ္စည်းတွေကို အသေးငယ်ဆုံး ဖန်တီးနိုင်တာ ပြောတာကွ ။ ဥပမာ ယင်ကောင်ပမာဏ စက်ရုပ်တွေ နဲ့ သွေးကြောထဲလမ်းရှင်းပေးနိုင်မယ့် စက်ကလေးတွေပေါ့ ။

ဒီတော့ မင်းတို့ အသိဥာဏ် ၊ ဗဟုသုတလေး နဲနဲမှ တိုးချင်တိုးပါစေဆိုတဲ့ စိတ် ၊ မင်းတို့ကို အတုခိုးမှား ရေလိုက်လွဲမယ့် ကလေးတွေ အမှန်တရားသိပါစေ ဆိုတဲ့ စိတ်စေတနာတို့နဲ့ မျှဝေပေးလိုက်ပါတယ် ။

ကိုရွှေမျိုးဝင်း

( 2021 က ပို့စ် အဟောင်းလေးကို အနည်းငယ် ပြင်ပြီး ပြန်တင်လိုက်တာပါ)
'' ငမျိုး ဒီကနေ့ မြန်မာပြည်ရဲ့ သာမန်ပြည်သူတွေ ဒုက္ခပေါင်းစုံ ကြုံတွေ့နေရတဲ့ အခြေအနေ နဲ့ နစက ရဲ့ စီမံအုပ်ချုပ်မှု အနေအထား အခက်အခဲတွေရဲ့ အခြေခံအကျဆုံး ပြဿနာဇစ်မြစ်ကို အတိုဆုံး နမူနာ ပြအုံး ဟ ''

ကွီးစိုး

'' ကဲ ဒီဓာတ်ပုံကြည့် ဌာနဆိုင်ရာ အုပ်ချုပ်သူတွေရဲ့ ဒီလိုအခြေအနေကြောင့် ပဲ ''

ကွီးမျိုး
လူရာသွင်းခြင်းဖြင့် သတင်းယူပါ
===========================

စစ်ပွဲကြီးငယ်တွေ နဲ့ အုပ်ချုပ်မှုကိစ္စအဝဝ အတွက် အရေးကြီးဆုံးက သတင်း ပဲ ။ အဲဒီ သတင်းတွေကို ယခင်ကတော့ ထောက်လှမ်းရေးအသီးသီးဆီကနေ စီစစ်ရယူခဲ့ကြပါတယ် ။

ထောက်လှမ်းရေးတွေကရော ဘယ်ကရသလဲဆိုရင် စနစ်တကျ မွေးမြူထားတဲ့ အရပ်သား သတင်းပေးတွေဆီကနေ ရကြတာများပါတယ် ။ ဒီနေ့ ခေတ်မှာတော့ သတင်းရင်းမြစ်တွေက အင်မတန်ပေါပါတယ် ။

အကြမ်းဖက်မှု မခံရပ်နိုင်တဲ့ သတင်းပေးတွေ ၊ ဌာနဆိုင်ရာတွေ ပေါက်ကရလုပ်နေတဲ့အတွက် မခံနိုင်တဲ့ သတင်းပေးတွေ ပြည်သူကြားမှာ အများကြီးပါပဲ ။ သို့သော် ပြည်သူပေးတဲ့ သတင်းတွေက ဖရဲသီးတွေကြားမှာ ပျောက်ဆုံးကုန်ကြရတာ များလာပါတယ် ။

ဘေးထွက်ဆိုးကျိုးအဖြစ် သတင်းပေးသူအမည် ပြန်လည်ပေါက်ကြားပြီး အသတ်ခံရတဲ့ ဖြစ်စဥ်တွေ များပြားလာပြီး သတင်းပေး ပုံစံပြောင်းလဲသွားရပါတယ် ။

ပြည်သူတွေဟာ အာဏာပိုင်တွေကို မယုံရဲတော့ပဲ ( ဖရဲသီး ဖြစ်နေရင် ကိုယ်ကျိုးနဲပြီလေ) မီဒီယာတွေမှာ တင်ပြလာကြပြန်ပါတယ် ။ ဒီတော့ ရန်သူပါ သိသွားပြီး လက်ဦးမှု ရယူဖို့ ခက်ခဲ ကုန်ကြရပြန်ပါရော ( နဂိုကမှ အဘတွေက လက်နှေးပါတယ်ဆို) ။

တချို့ကတော့ ယုံကြည်ရတဲ့ တပ်ထောက်ခံ ဆယ်လီတွေနဲ့ ချိတ်ဆက် သတင်းပေးကြပါတယ် ။ တချို့လည်း တိတ်တဆိတ် သတင်းပေး ကြိတ်လုပ်တယ်ပေါ့ ။ ဒီအခါ အထက်ကလည်း သတင်းအတည်ပြု လုပ်သင့်တာလုပ်ကြ ၊ မလုပ်သင့်တာ ဆိုင်းငံ့ပေါ့လေ ။

ဒီတော့ မလုပ်ဖြစ်တဲ့ သတင်းအတွက် ဆယ်လီတွေက မိမိသတင်းပေးကို ဘာအကြောင်းပြချက်နဲ့ မလုပ်သေးမှန်း ဆင်ခြေပေးမရ ဖြစ်ရပြန်ရော ။ အောက့ခြေက အသက်စွန့်သတင်းပေးရတဲ့ ပြည်သူလည်း ငါကသာ အသက်စွန့် သတင်းပေးနေတာ ဘာမှလည်း မလုပ်ပါဘူးကွာ ဆိုပြီး နောက်ဆက်တွဲ သတင်း အစပျောက်ကုန်ပါရော ။

ဌာနဆိုင်ရာ သတင်းတွေလည်း ဒီလိုပဲ ခင်ဗျ ။ တိုင်ပြီး အလကားဖြစ်နေကြတာ များတော့ နစက လည်း အလကားပါပဲကွာ တိုင်လည်း အရေးမယူပါဘူး ဆိုတာမျိုးတွေ ဖြစ်လာပါရော ။

ဒီပြဿနာကို ဖြေရှင်းချင်ရင် ဝန်ကြီးဌာနတိုင်းမှာ အွန်လိုင်း တိုင်ကြားရေး ဌာနစိတ်တွေ ဖွင့်ကြမယ် ။ တိုင်ကြားမှု မှန်သမျှကို လက်ခံရရှိပါကြောင်း စာဝင် နံပါတ် နဲ့ တကွ ချက်ခြင်း တိုင်ကြားသူကို အကြောင်းပြန်မယ် ။ တိုင်ကြားသူသည် သမ္မတရုံး ၊ နစက ဥက္ကဌရုံး များထံသို့လည်း မိတ္တူ ပေးပို့ တိုင်ကြားရမယ် ။ ယင်း ရုံးများကလည်း စာဝင်အမှတ်နဲ့ တကွ တိုင်ကြားသူထံ လက်ခံရရှိကြောင်း အကြောင်းပြန်မယ် ဆိုရင် တိုင်စာ အသက်ဝင်လာပါပြီ ။

ဝန်ကြီးဌာနမှ တိုင်ကြားမှုအပေါ် စစ်ဆေးချက်များအား သတ်မှတ်ကာလမှာ တိုင်ကြားသူထံ လေးစားစွာ အကြောင်းပြန်မယ် ။ တချိန်တည်းမှာပဲ ယင်းစာအား သမ္မတရုံး နဲ့ နစကရုံးသို့ မိတ္တူပေးပို့ကြမယ်ဆိုရင် သတင်းကွန်ယက်ကြီး အသက်ဝင်လာပါလိမ့်မယ် ။

ရန်သူ့သတင်းဆိုရင် ကာကွယ်ရေးဝန်ကြီးဌာန ပို့ကြမယ် ။ လက်ခံရရှိကြောင်း အကြောင်းပြန်မယ် ။ သတင်းအတည်ပြုပြီး တာနဲ့ ဟုတ်ရင် ဟုတ်တယ် ဘယ်လို အရေးယူထားပါကြောင်း ၊ မဟုတ်ရင် သတင်းမမှန်ကန်သောကြောင့် အက်ရှင်မရှိကြောင်း အကြောင်းပြန်မယ် ဆိုရင် သတင်းစီးကြောင်းကြီး တပ်မတော်ထံ တောက်လျှောက် စီးဆင်းနေပါလိမ့်မယ် ။

ဒီစနစ်မျိုးဆို ဖရဲသီးရန်က မကြောက်ရတော့လို့ ပြည်သူတွေ သတင်းပေးကြပါလိမ့်မယ် ။ အကြောင်းပြန်စာတွေကြောင့် ငါ့တို့ကို နစက ကနေ လူရာသွင်း အကြောင်းပြန်ပါလားဆိုပြီး အပြန်အလှန် ယုံကြည်လေးစားအားကိုးလာပါလိမ့်မယ် ။

နစက အနေနဲ့ ငွေကြေးများစွာ မကုန်ကျပဲ သတင်းပေါင်းစုံ ရယူလိုပါက ပြည်သူကို လူရာသွင်း အကျိုးအကြောင်း ပြန်ကြားစာ ပေးပို့ခြင်းဖြင့် ရယူနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ် ။

ကိုရွှေမျိုးဝင်း
ဇက်ခွံ့မြင်း
============

နီတုံးတွေနဲ့ မီဒီယာတိုက်ပွဲက ကြာခဲ့ပါပြီ သူတို့အာဏာရတဲ့ ကာလနဲ့ တွက်ကြည့်ရက် ဆယ်စုနှစ်ရှိပြီပေါ့ ။ အချို့ဆို ဒီထက်ကြာပါလိမ့်မယ် ကိုယ်တွေ ပါဝင်ခဲ့ရတဲ့ ကာလကျိုပွောတာပါ ။

ပစ္စုပ္ပန်ကာလမှာလည်း အပြင်းအထန် တိုက်နေရတာပါပဲ ။ မီဒီယာတိုက်ပွဲမှာ ကိုယ့်ငွေ ကိုယ့်ဘေလ် နဲ့ အပျော်တမ်း ဝင်တိုက်ပေးကြတဲ့ သာမန်အလွတ်တမ်း တိုင်းပြည်ချစ်သူတွေ ရှိတယ် ။ ဒီအထဲမှာ အချိန်ကုန်ခံ ငွေကုန်ခံပြီး like ပေး comment ရေးနေတဲ့ သူတွေလည်း အပါအဝင်ပါပဲ ။


အချို့က ဆိုက်ဝါးလား ဘာလား မသိရတဲ့ ပေါက်ကရသတင်းတွေ တင်ကြတယ် ( တခါက နှစ်ခါ ၊ နှစ်ခါက သုံးခါ ဆိုတော့ ခပ်ပိန်းပိန်း မဟုတ်တဲ့ မျိုးချစ်အုပ်စုက လက်ခံသူနည်းပါးသွားပြီး မှေးမှိန်သွားလေ့ရှိတယ်) ။


နောက်တမျိုးက သတင်းမှန်အောင် ကြိုးစားတင်တယ် ။ အရေးအသား ( အပြောအဆို) ပြေပြစ်တယ် ။ သာမန်ပြည်သူတွေ နားထဲကို ရှောကနဲ နားလည်သဘောပေါက်အောင် ရေးကြ ပြောကြလို့ နာမည်အသင့်အတင့်ရကြတယ် ။ ဘက်မလိုက်ပဲ ( ဘောအလွန် မ မ ပဲ ) ပြည်သူ့အကျိုး ရှေ့ရှူ ရေးကြ ပြောကြလို့ လူကြိုက်များတယ် ပေါ့ ။


နောက်တမျိုးက တစုံတဦးရဲ့ ထောက်ပံ့မှုရယူပြီး ဘောမ သက်သက် မီဒီယာအဖြစ် ရပ်တည်နေတဲ့ မီဒီယာသမားပါပဲ ။ သူတို့ကြတော့ ရှင်းတယ် မြဝတီ သတင်းစာ ၊ မြန်မာ့အလင်း သတင်းစာ များကဲ့သို့ သတင်းခိုင်မာမယ် ၊ အစိုးရ တော်ကြောင်း ကောင်းကြောင်းပဲ ကြားရမယ် ။ အားသာချက်က တရားဝင် မီဒီယာအဖြစ် ရပ်တည်နိုင်လို့ ပွဲလည်တင့်တယ်ပေါ့လေ ။


သို့သော် ပြည်သူ့ဒုက္ခ ၊ ပြည်သူ့အကျိုးထက် အစိုးရ ဘာလုပ်လုပ် မှန်ပါတယ်ပဲ အော်ပေးနေလို့ အများပြည်သူက ယုံကြည်မှု မရှိကြတော့ဘူး ။ မယုံကြည်တော့ သူတို့ပြောသမျှ လိုက်ပါထောက်ခံသူ နည်းရတာပေါ့ ဗျာ ။ အားပေးသမှု နည်းပါးနေတယ်ပေါ့ ။


ဒီလိုအနေအထားမှာ အစိုးရ အလွန်ကောင်း အလွန်တော် ဆိုတဲ့ ဝါဒဖြန့်ယန္ဒယားကြီးထဲ ပါဝင်နေရတဲ့ တရားဝင် မီဒီယာဆရာများအတွက် ဝမ်းဝ ခါးလှတဲ့ အပြင် KTV ၊ မာဆတ် မပျက် တက်နိုင်တာလည်း တွေ့ရတယ်ပေါ့ ။ တဘဝစာရွေးချယ်မှု လမ်းကြောင်း အလွန်တော်တယ်ပေါ့ဗျာ ချီးမွမ်းစရာပါပဲ ။

ပြင်ပက ဖုန်းစုတ်လေး တလုံးနဲ့ လက်ဖက်ရည်ဖိုး ဆီဖိုး ဆန်ဖိုးထဲက ချွေတာပြီး ဘေလ်ဖြည့် တိုက်နေရတဲ့ အပျော်တမ်း မီဒီယာသမားတွေကတော့ ဆဲစရာရှိ ဆဲလိုက် ။ ဝေဖန်စရာရှိ ဝေဖန်လိုက် ၊ အကြံပေးစရာရှိ တင်ပြလိုက် ၊ ချီးမွမ်းစရာရှိ အပြေးအလွှားချီးမွမ်းလိုက်နဲ့ ဝလချီးလည်နေတာပါပဲ ။

ဒီလူတွေရဲ့ ရင်ထဲမှာ အခွင့်အရေးဆိုတာ မစဥ်းစားကောင်းတဲ့အရာ ၊ ပြည်သူ့ဒုက္ခ ငါ့ဒုက္ခ ၊ အစိုးရမကောင်းလည်း ပြောရမှာပဲ ဆိုတဲ့ အရင်းခံစိတိတွေ ရှိကြတယ် ။ ဒီလိုမျိုး ပြည်သူနဲ့ တသားတည်း ရှိနေကြတော့ ပြည်သူရဲ့ အားပေးမှုက '' မြန်မာ့အလင်း သာသာ '' မီဒီယာသမားတွေထက် များတာပေါ့လေ ။

ဒီအချက်ကို Subscribers တွေနဲ့ ယှဥ်ကြည့်ရင် သိနိုင်ပါတယ် ။ Subscribers ကြည့်ရင်တော့ အများကြီးပဲ သို့သော် Like / comment အရေအတွက် မဖြစ်သလောက် ဆိုရင်ဖြင့် မိမိသတင်းတင်ဆက်မှု လူစိတ်ဝင်စားနှုံး ကျနေပြီလို့ ယူဆရမှာပါပဲ ။

သတင်းတင်ဆက်ပုံ ပြုပြင်ကြမလား ၊ တင်ဆက်တဲ့ သတင်းမူဝါဒ ပြောင်းလဲမလား စဥ်းစားကြရမှာပါ ။ ခမ်းနားထည်ဝါတိုင်း ပြည်သူကြိုက်မယ် ၊ တရားဝင်လိုင်စင်နဲ့မှ ဘောင်ဝင်တန်းဝင် ကွ လို့ ယူဆနေရင်တော့ AI ခေတ်မှာ မြောင်းထဲရောက်နေအုံးမှာပါပဲ ။ မြဝတီ နဲ့ မြန်မာ့အလင်း နမူနာကြည့်ပါ ။

နန်းတော်ထဲမှာ ဘုရင့်အစောင့်အရှောက်နဲ့ မွေးထားတဲ့ မြင်းတွေရှိတယ် ။ ဘုရင့်အကျိုးပဲ လုပ်ကြရတယ် ။ တောက်ပတယ် ထည်ဝါတယ် ခန့်ညားတယ် အစားကောင်း အသောက်ကောင်း ပုံမှန်စားသောက်ရတယ် ၊ လုံခြုံတယ် ပေါ့လေ ။

ကွင်းပြင်က မြင်းရိုင်းတွေကတော့ စိတ်ပါရင် သူတောင်းစားလည်းကူညီတယ် ၊ တောင်သူလည်း ဖေးမတယ် ။ ကြည့်လိုက်ရင်တော့ ဖုံအလူးလူး ရွံ့တပေပေ နဲ့ ပေစုတ်စုတ်ပေါ့ ။ သူ့ကိုယ်ပေါ်မှာ ဘာအဆောင်ယောင်မှ မရှိဘူး ။ သို့သော် သာမန်ပြည်သူတွေက ချစ်ခင်အားကိုးကြတယ် ။

ရွှေနန်းတော်ထဲက ခန့်ညားထည်ဝါတဲ့ နန်းသုံးမြင်းတွေကို မနာလို မဖြစ်ဘူး ။ ထို့အတူ ကိုယ့်ရွေးချယ်မှု ကိုယ့်ယုံကြည်မှုကြောင့် ကိုယ့်ရဲ့ လွတ်လပ်တဲ့ဘဝကို ကျေနပ်နေကြတယ် ။ တဖက်တည်းသားတွေမို့ နန်းသုံးမြင်းတွေအတွက် မုဒိတာတောင် ပွားနိုင်သေးတယ် သြော် သူတို့မို့ အဲသလို မျက်နှာပြောင်တိုက် ရေးရဲ ပြောရဲတာ ဒါကြောင့် ခံစား စံစားရတာ တန်ပါတယ်ပေါ့ ။

ဒါပေမယ့် ခက်တာက နန်းသုံးမြင်းထဲက ပြည်ပက ဝယ်ထားတဲ့ နိုင်ငံခြားသားမြင်းတကောင်ကတော့ အတော်ဆိုးသဗျို့ ။ ကျန်တဲ့ နန်းသုံးမြင်းတွေက သူတို့အလုပ် သူတို့ တာဝန်ကျေအောင်လုပ်ကြတယ် ။ ဘယ်သူ့မှ မဝေဖန်ဘူး ။
အဲဒီ နိုင်ငံခြားနန်းသုံးမြင်းကတော့ ငါက ထယ်ဝါတယ် ၊ ခန့်ညားတယ် ၊ ငါမှ တရားဝင်တယ် ငါမှ ပြောခွင့်ရှိတယ် ကျန်တဲ့ ဘောင်မဝင် တန်းမဝင် ကွင်းပြင်ထဲက မြင်းတွေ တိတ်တိတ်နေကြဆိုတဲ့ စကားတွေ ခဏခဏ ပြောသဗျ ။

သူပြောလို့ သူလို ကိုယ်လို ဘောင်မဝင်တန်းမဝင် ဘဝတူမြင်းရိုင်းတွေကို ကြည့်လိုက်တော့ ကွင်းပြင်ထဲမှာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ကိုယ့်ဘာသာ စားချင်ရာစား သွားချင်ရာသွား ပေါ့ ။ ကြွားဝါ မောက်မာပြနေတဲ့ နိုင်ငံခြားသားနန်းသုံးမြင်းကြီး ပြန်ကြည့်တော့.....


အပေါ်မှာ တက်စီးထားတဲ့ မြင်းထိမ်းရယ် သူ့ပါးစပ်ထဲမှာ အာပြဲအောင် ထည့်ထားတဲ့ ဇက်ကြိုးကြီးက ထင်းကနဲ........

ကိုရွှေမျိုးဝင်း
ရာဇဝင် အထုပ္ပတ္တိလည်း ရှိခဲ့တယ်
============================

အလောင်းမင်းတရားကြီးရဲ့ ဒုတိယသားတော် ဆင်ဖြူရှင်မင်းက မင်းဧရာဇ်တို့ရဲ့ ရာဇအိန္ဒြေအပြည့် နဲ့ ပလ္လင်ပေါ်မှာ ခန့်ခန့်ညားညား ဝံ့ဝံ့ကြွားကြွား ထိုင်နေလေရဲ့ ။

အောက်ဘက်မှာတော့ မြန်မာဝန်ကြီး မှူးမတ်တွေက သူ့ရာထူးအဆင့်အတန်းနဲ့သူ သတ်မှတ်နေရာတွေကနေ ပြားပြားဝပ်ခစားနေလေရဲ့ ။ ထူးခြားတာက ညီလာခံအတွင်းမှာ တရုတ် သံတမန်တွေပါ ရောက်နေတဲ့ အချက်ပါပဲ ။

ရောက်ရမှာပေါ့ တရုတ် မြန်မာ စစ်ပွဲကြီး ၄ ကြိမ်မြောက် ဖြစ်ခဲ့ပြီးပြီလေ ။ ပထမ ၃ ကြိမ်တုန်းက တရုတ်ဧကရာဇ်ရဲ့ အားအထားရဆုံး စစ်သူကြီးတွေ ကိုယ့်ကိုကိုယ် သတ်သေကြရတဲ့အထိ မြန်မာတွေ နိုင်ပွဲရခဲ့တယ် ။ အခု ၄ ကြိမ်မြောက်တိုက်ပွဲကိုတော့ ၂ ဦး ၂ ဖက် အပြန်အလှန် မကျူးကျော်ရေး သဘောတူစာချုပ် ချုပ်ဆိုပြေငြိမ်းဖို့ လာကြရတာကိုး....

တရုတ်သံအမတ်တွေက မျက်စိတောင်းမှောက် လူတယောက်ကို အသဲအသန်ရှာနေကြလေရဲ့ ။ အထူးအားဖြင့် မောက်တို မောက်ရှည်တွေနဲ့ စစ်သူကြီး အစုအဖွဲ့နေရာတွေကို အားစိုက် ရှာဖွေနေလေရဲ့ ။

အကင်းပါးတဲ့ သက်တော်ရှည် အမတ်ကြီးက သံတမန် တို့ ဘာများ ရှာဖွေနေကြပါသလဲ မေးပါရော ။ ဒီတော့ တရုတ်သံတမန်တွေက ပြောတယ် ၊ တရုတ်စစ်တပ်ကြီးကို ဘယ်လိုမှ တိုက်မရအောင် ဗန်းမော်ကနေ ခုခံခဲ့တဲ့ စစ်သူကြီးကို ရှာနေတာပါတဲ့ ။

အဆင့်မြင့် သက်တော်ရှည် အမတ်ကြီးက ဗန်းမော်ကနေ ခုခံဖို့ တာဝန်ကျတာ ဘယ်သူလည်းလို့ စစ်သူကြီးကို မေးတော့ ဗလမင်းထင် ပါလို့ ဖြေတယ် ။ ဒီတော့ အမတ်ကြီးက ဗလမင်းထင် ရှေ့ကို လာခဲ့ပါလို့ ခေါ်ပါရော ။

ဒီတော့မှ ညီလာခံရဲ့ နောက်ဘက်နား အစွန်အဖျားက စစ်သူရဲကောင်း ဗလမင်းထင် ရှေ့နားကို လာပါတော့တယ် ။ တရုတ် သံအမတ်တွေလည်း ဗလမင်းထင်ကို ခြေ လက်တွေ စမ်းကြည့် ကိုင်တွယ်ကြည့်ပြီး ယောကျာ်းကောင်း စစ်သူရဲကောင်း ပီသပါပေတယ်လို့ ချီးမွမ်းကြပါတယ် ။

ပြီးတော့ မေးကြသေးတယ် ဒီလို သူရဲကောင်းမျိုးကို ဘာကြောင့် နောက်ဘက်နားမှာပဲ နေရာပေးထားပါသလဲတဲ့ ။ အမတ်ကြီးက ပြန်ဖြေတယ်....

'' သူ့ရှေ့က လူတွေသည် သူ့ထက် လူစွမ်းလူစ ပြပြီးသား သူရဲကောင်းတွေချည်းပဲ သံအမတ်တို့ ''

တရုတ်သံအမတ်တွေလည်း ဒီစကားကြားရတော့ ငါတို့ စစ်ရှုံးခဲ့ကြရတာ မဆန်းပါလားလို့ သိသွားကြသတဲ့ ။

'' ဗလမင်းထင် '' တံတား တို့ ဘာတို့ဆိုတာ အဲဒီ ဗန်းမော်စစ်သူကြီးကို ဂုဏ်ပြုထားတဲ့ အမည်ပေါ့ဗျာ ။ ဒီကနေ့မှာလည်း ဗန်းမော်ရဲ့ ခံစစ်မှူး သူရဲကောင်း အပေါင်းတို့သည် သမိုင်းထဲက ဗလမင်းထင်ရဲ့ သူရသတ္တိနဲ့ မခြား သမိုင်းမော်ကွန်း ရေးထိုးနေကြတာကို မြင်တွေ့နေရလို့ ဂုဏ်ပြုချီးမြှောက် လိုက်ရပါတယ် ဗျာ ။

လူမှန် နေရာမှန်ရင် မြန်မာ့တပ်မတော်ကို ဘယ်ခွေးသူတောင်းစားမှ ကိုက်မရပါဘူးဗျာ ။ ဗန်းမော်မှ စစ်သည်အပေါင်းအား လေးစားစွာဖြင့်.......

ကိုရွှေမျိုးဝင်း