Ko Myo Win
25.3K subscribers
325 photos
6 videos
13 links
comment box
Download Telegram
အဲဒါတွေကြောင့် NLD သည် CRPH / NUG နဲ့ PDF တို့နှင့် မသက်ဆိုင်ကြောင်း ကြေညာလာကြတာပါပဲ ။ ပြည်ဖျက်မီဒီယာတွေ ဘာကြောင့် ဒီသတင်းမတင်သလဲ တွေးကြည့်လေ ။ သူတို့လည်း ခွက်ပျောက်တော့မှာကိုးဗျ 😂


အထူအပါး နားမလည်တဲ့ နီတုံးလေးတွေကတော့ ခေတ်သစ် မြန်မာနောင်း ဧရာဝတီ တို့ ကြည့်ပြီး ငါတို့နိုင်ပြီ ဖင်ကုန်းအော်နေကြမှာပါပဲ ။ နွေဦးတော်လှန်ရေးဆိုပြီး တင်စားထားတဲ့ အကြမ်းဖက်တွေအတွက်တော့........

'' ခွက်ပျောက်တဲ့ နွေဦး ပါပဲ ''

ကိုရွှေမျိုးဝင်း

( စစ်ရေးသတင်း မတင်တာကြာပြီ ကရင်ဂွင် နဲ့ အခြားစစ်သတင်းတွေကို စုစည်းပြီး အားသာချက် အားနည်းချက်တွေကို အားမနာတမ်း ဆက်လက် ကောက်ချက်ချ တင်ပြပါအုံးမယ် )
ကရင် ဂွင်
===========

ကရင်ဖက်မှာ မတ်လ နှောင်းပိုင်းမှ စပြီး ဧပြီ လဆန်းပိုင်း (တပ်မတော်မှ အပစ်ရပ် ကြေညာပြီးချိန်) တွင် အရှိန်မြှင့်လာတဲ့ KNU ထိုးစစ်တွေကြောင့် မေလ ယခုချိန်ထိ တပ်စခန်းပေါင်းများစွာ ဆုံးရှုံးထားရပါတယ် ။

ဆုံးရှုံးခဲ့ရတဲ့ စခန်းတွေကတော့ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း၊ တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနဲ့ ရွှေအေးမြိုင်တပ်စခန်း တို့ ဖြစ်ပါတယ် ။

မိမိစစ်သည်များ ကျဆုံးမှု ရှိသလို လက်နက်ခဲယမ်း ဆုံးရှုံးမှုများလည်း ရှိခဲ့ပါတယ် ။ အချို့ နယ်စပ်မျဥ်းပေါ်ရှိ စခန်းများမှ မိမိစစ်သည်များသည် တဖက်နိုင်ငံထိ တိမ်းရှောင်ခဲ့ရပြီး ယခုအခါ မိမိတပ်ရင်းများသို့ ပြန်လည် ပူးပေါင်းနိုင်ခဲ့ကြပါတယ် ။

လက်ရှိအနေအထားကို ပြောပြပါ့မယ် ။ လောလောဆယ် အတိုက်ခံနေရတာက သေဘောဘိုး စခန်းပဲ ။ သေဘောဘိုး နဲ့ အနီးဆုံး မိမိစခန်းက ဥကရစ်ထ စခန်းရှိတယ် ။ ဥကရစ်ထ ကနေ မိမိတပ်စခန်း စုငလိ ကို တလမ်း ၊ ဝေါလေ ကိုတလမ်း သွားလို့ရတယ် ။


ဝေါလေ ဗျူဟာ နဲ့ သေဘောဘိုး ဗျူဟာ ၂ ခုလုံးဟာ မြဝတီ နဲ့ ကုန်းလမ်းအဆက်အသွယ်ပြတ်နေတာ တနှစ်လောက်ရှိပါပြီ ။ သေဘောဘိုး စခန်းက ရွာအပြင်မှာပါ ။ ရွာထဲမှာ စောသရီးတူးရဲ့ DKBA အဖွဲ့တယ် ။ အင်အား မငြိမ်ဘူး တိုးလိုက်လျှော့လိုက်ပဲ ။

ယခင် ဥကရစ်ထ တိုက်ပွဲမှာ PDF တွေကို ထောက်ပံ့ပေးခဲ့တာ အဲဒီ စောသရီးတူးပဲ ။ တပ်ရဲ့ ရိက္ခာထောက်ပံ့မှု တချို့ကို DKBA က ကူညီဖူးသလို တခါတရံ ဖြတ်တိုက်ခံရတာလည်း DKBA လက်ချက်လို့ နယ်ခံတွေက ပြောကြပါတယ် ။ ၂ ဖက်ချွန် လုပ်နေတဲ့ သဘောပါ ။

တနေ့က စစ်ကူစစ်ကြောင်း အတိုက်ခံရတယ် ။ တရားခံက ၂ ဖက်ချွန် DKBA ပဲ ။ ဆုံဆည်းမြိုင်ဆိုတာ DKBA အကြီးအကဲ စောစတီး နေတဲ့ ဌာနချုပ်ပဲ ။ အင်အားအနေနဲ့ ရှေ့ဖက်တောင်ကုန်း တကုန်းတိုင်းမှာ အချို့က 1+20 ကုန်းကြီးရင် 2+40 စီ နေကြတယ် ။ ဌာနချုပ်ဝန်းထဲမှာ စောစတီးနေအိမ်အတွက် 1+10 နဲ့ ဝန်းတခုလုံး 30 ထက်မပိုနိုင်ပါဘူး ။

စောစတီးဆိုတာ မိန်းမ ၂ ယောက်ရှိတယ် ။ တယောက်က နယ်ဒါးမြညီမပဲ ။ ဒါကြောင့် စောစတီးသည် နယ်ဒါးမြယောက္ဖ ၊ (ဗိုလ်မြ သားမက်) ပဲ ။ သစ္စာအကြိမ်ကြိမ်ဖောက်တဲ့ စောစလုံးကို လက်ခံခဲ့တဲ့ DKBA အဖွဲ့ပေါ့ ။ ( DKBA တွေကလည်း အများကြီး မြိုင်ကြီးငူ DKBA နဲ့ ဒီလူတွေနဲ့ မတူပါဘူး)

အဲဒီ DKBA ဌာနချုပ်ကို မိမိစစ်ကြောင်း ဖြတ်အတိုက်ခံရပြီးနောက် လေကြောင်းက ဗုံးကြဲလိုက်တာ ပြာကျသွားပါပြီ ။ လမ်းအနေအထားအရ ဝေါလေ ၊ ဥကရစ်ထ ၊ ရွှေအေးမြိုင် ( ကျ) ၊ ဝါးမီးထ ၊ ဆုံဆည်းမြိုင် ( ပြာကျ) ၊ တောင်နီ ၊ သေဘောဘိုး ၊ ဘလက်ဒို ( ကျ) ဆိုပြီး တွေ့ရပါမယ် ။

ဒီတော့ကရင်ဂွင် မှာ သေဘောဘိုး ( တိုက်ပွဲဖြစ်) ၊ ဥကရစ်ထ ၊ ဝေါလေ နဲ့ ခပ်လှမ်းလှမ်းမှာ စုငလိစခန်းတွေ အန္တရာယ်များနေတာ တွေ့ရပါ့မယ် ။ စစ်ရှောင်စခန်းတွေမှာ PDF တွေ ရောထွေးနေထိုင်လျှက် ရှိကြောင်းလည်း သတင်းရရှိပါတယ် ။

သေဘောဘိုး လေယာဥ်ကွင်း ပတ်လည် စိုးမိုးကုန်းတွေကို ရန်သူရထားလို့ လေယာဥ်ဆင်းဖို့ အန္တရာယ်ရှိပါတယ် ။

ဒါတွေက ဒေသခံ မိတ်ဆွေတွေ ပြောပြထားတဲ့ လတ်တလော ကရင်ဖက်က အခြေအနေတွေပါပဲ ။ အန္တရာယ်ရှိနေတဲ့ မိမိစခန်းများထံ စစ်ကူ ပစ်ကူ ဘယ်လို ပို့ဆောင်မလဲ ဆိုတာကတော့ ခေါင်းဆောင်များရဲ့ တာဝန်ပါပဲ ။

လေကြောင်းချီတပ်တွေကို ရန်သူ့နောက်ကျောဘက် ပို့ဆောင်နိုင်မယ် ဆိုရင်တော့ စစ်မျက်နှာ ၂ ဖက်ညှပ်တိုက်ပြီး ချေမှုံးနိုင်မယ်လို့ ယူဆမိပါတယ် ။ ( ရေးသာရေးရတယ် စစ်ဘုရင်ကြီးတွေကို အကြံပေးရပါ့မလားဆိုပြီး စိတ်ဆိုးနေမလား မသိဘူး)

စစ်တိုက်ပြီ ဆိုမှတော့ အနိုင် အရှုံးရလာဒ်တွေဆိုတာ အမြဲမြင်တွေ့နေကြရမှာပါပဲ ။ အရေးကြီးတာ အမှားပြင် အမှန်အမြန်လုပ် ပြန်တိုက်ကြဖို့ပါပဲ ။ မိမိအားသာချက်ကို မိမိရရ ထိထိရောက်ရောက် အသုံးချတတ်ဖို့ပဲ အရေးကြီးပါတယ် ။

( ကရင်သတင်းနဲ့ စာများသွားလို့ အခြားစစ်မျက်နှာသတင်းများကိုတော့ သီးခြား ထပ်မံ စုဆောင်းတင်ပြပေးပါ့မယ် ။ )


ကိုရွှေမျိုးဝင်း
ရခိုင် ဂွင်
===========

               နစက မှ အပစ်ရပ် ကြေညာပြီးနောက် AA တို့ကတော့ သူတို့အလုပ် သူတို့လုပ်နေကြပါတော့တယ် ။ ညောင်ကျိုးကို ဝင်တိုက်တယ် ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို တိုက်ကွက်ဖော်ကြတယ် ။

            သင်္ကြန်ပြီးကတည်းက  စစ်တွေ ၊ ကျောက်ဖြူမြို့တွေကို သွေးတိုးစမ်းတိုက်ပွဲ ဖော်ဆောင်မှုတွေ များပြားလာပါတယ် ။ မေလဆန်းမှာတော့ အင်အားတောင့်တင်းတဲ့ စစ်တွေကို နှောက်ယှက်ပစ်ခတ်တဲ့ အလုပ်ပဲ ဆောင်ရွက်ပြီး ကျောက်ဖြူကို စတင်တိုက်ခိုက်လာပါတယ် ။

               အဓိကစစ်မြှားဦးက ဓညဝတီရေတပ်စခန်းဖြစ်ပါတယ် ။ ဓညဝတီ ရေတပ်စခန်းအနီး တောင်မှော်ကြီး နဲ့ အုန်းကျွန်းတို့မှာလည်း ရေတပ် အခြေစိုက်စခန်းတွေ ရှိနေပါတယ် ။

          AA တို့ဟာ လိပ်ခမော် ၊ မလ ဆိုတဲ့  ကမ်းရိုးတမ်းအနီး ရွာကြီးတွေကနေ စတင်တိုက်ခိုက်လာပါတယ် ။ ကျောက်ဖြူ ရမ်းဗြဲလမ်းတလျှောက်က သစ်ပုတ်တောင် ၊ ပြိုင်းစေကေ ကတဆင့် ဓညဝတီ လမ်းကြောင်းကို ဖောက်နေပါတယ် ။

          တချိန်တည်းမှာပဲ ရဲတပ်ရင်း ၃၂ ၊ ခမရ ၅၄၃ ၊ ခမရ ၅၄၂ ရှိရာ လမ်းကြောင်း စီမော် - ဦးကင်း - စစ်တော် - ကပ်သပြေ - သပြုတောင် အစရှိတဲ့ ရွာတွေက တဆင့် အဆိုပါ ရဲတပ်ရင်း ၃၂ နဲ့ ခမရ ၅၄၃ / ၅၄၂ ဆီကို ချည်းကပ်တိုက်ခိုက်ကြပါတယ် ။

                    အဲဒီရွာတွေမှာ ကာကင်းတွေကို AA တို့ တည်ဆောက်နေကြတာ ကြာပါပြီ ။ ဆိုရှယ်မီဒီယာမှာ တက်နေတဲ့ တပ်မတော်ဒရုန်း နဲ့ ချေမှုံးခြင်း ဆိုတဲ့ ဝါဒဖြန့် VIDEO တွေဟာ မြေပြင်မှာ ရန်သူကို မဟန့်တားနိုင်ခဲ့ပါဘူး ။

              
              မင်းတပ်တောင် စက်မှုလက်မှုသင်တန်းကျောင်းနဲ့ ကာကင်းကုန်းစခန်းတို့ ကျသွားရပါတယ် ။ မိမိတပ်များ နှမ်းဖဲတောင်ထိ ပြန်ဆုတ်ခွာခဲ့ရပါတယ် ။ နောက် နှမ်းဖဲတောင်မှ ထပ်မံဆုတ်ခွာလာရပြီး ယခု လတ်တလောမှာတော့ ရဲတပ်ရင်း ၃၂ နဲ့  ကိုက် ၁၀၀၀ အကွာထိ ရင်ဆိုင်ထိမ်းချုပ်ခံထားရပါပြီ ။

                   မိမိဘက်မှ ဒရုန်းအသုံးပြုဟာ ကလေးကစားသကဲ့သို့ အင်မတန် ပေါ့ပျက်ပျက် အသုံးပြုနေတာ တွေ့နေရပါတယ် ။ တကယ်တန်းတော့ ထိရောက်မှု အင်မတန်အားနည်းလှပါတယ် ။

                ဓညဝတီရေတပ်စခန်းတည်ရှိရာ ကျောက်ဖြူမြို့ဆီသို့ AA မြှားဦး လှည့်လာနေပေမယ့်  အမျိုးမျိုးသော စစ်သင်္ဘော အစီး ၇၀၀ ကျော် ပိုင်ဆိုင်ထားပါသော ရေတပ်ရဲ့ လှုပ်ရှားမှုကတော့ အားရဖွယ်မရှိသေးဘူးလို့ ကြားသိရပါတယ် ။

  
                  AA တို့အနေနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် နဲ့ အမ်း ပဒါန်း နတ်ရေကန် တို့မှာ စစ်ရေးဖော်ဆောင်နေတာ ကျောက်ဖြူအတွက် ယောင်ပြတိုက်ပွဲတွေလို့ တွက်ဆလို့ရပါတယ် ။

                တပ်မတော်အနေနဲ့ စစ်မျက်နှာပေါင်း များစွာကို ဖြန့်ကျက်တိုက်ခိုက်နေရတဲ့ အနေအထားကို ပြည်သူတွေ နားလည်ကြပါတယ် ။ သို့သော် ပြည်သူတွေ နားမလည်နိုင် ဖြစ်နေကြရတာကတော့.....

၁ ။ မိမိတို့ မြို့ရွာများကို လာရောက်ဖျက်ဆီး တိုက်ခိုက်နေတဲ့ ရန်သူများရဲ့ အဓိက အုပ်ချုပ်ထောက်ပံ့မှု ပေးနေတဲ့ ရန်သူ့ အခြေစိုက် မြို့ရွာ စစ်ဌာချုပ်များအား ယနေ့ထိ ဘာကြောင့် မတို့ရဲ မထိရဲ ဖြစ်နေရပါသလဲ....?

၂ ။ ရန်သူ့ရဲ့ LOC လမ်းကြောင်းအား အဘယ်ကြောင့် ဖြတ်တောက်တိုက်ခိုက်ခြင်း မပြုကြပါသလဲ.... ? ( လိုအပ်ရင် လမ်း တံတား ဆိပ်ကမ်း များအား အလွယ်တကူ ချိုးဖြတ် ပြာချလို့ ရပါလျှက်)

၃ ။ မြို့ရွာများအား ရန်သူတို့ ဖျက်ဆီးအကြမ်းဖက်ရန် အင်အားစုဖွဲ့နေစဥ် ကတည်းက အခြေပြုစုဖွဲ့ရာ တည်နေရာများအား ပြည်သူများမှ သတင်းပေးပို့ကြသော်လည်း ကြိုတင် လက်ဦးမှုရယူကာ ချေမှုံးခြင်းလုပ်ငန်း လုံးဝ နီးပါး ဆောင်ရွက်ခြင်း မရှိပဲ ငုတ်တုတ်ထိုင်ကြည့်နေသည့် ဗျူဟာသည် မည်သည့် စစ်ဗျူဟာ ဖြစ်ပါသနည်း ။ တပ်မတော် တိုက်ခိုက်ကျောင်းများရဲ့ အလွန်သုံးစားမရသော နည်းစနစ်အသစ်များလား သိချင်လှပါတယ် ။

၄ ။ ပြည်သူအားလုံး သိနေကြတဲ့ ပြည်မကတဆင့် ရန်သူ့ထံ စီးဝင်နေသော လက်နက်ခဲယမ်း ရိက္ခာလမ်းကြောင်းအား ယခုချိန်ထိ ဘာကြောင့် ဂိတ်ပေါင်းစုံဖွင့်ထားပြီး လွတ်ပေးနေပါသလဲ....? ( တဂိတ်တလေ သစ္စာဖောက်နေတာ မဟုတ် ရှိသမျှ ဂိတ်အားလုံး သစ္စာဖောက်နေခြင်းအား နစက မထိမ်းချုပ်ပဲ လက်ပိုက်ကြည့်နေတာ နှစ်ချီ ကြာမြင့်နေပေပြီ)

  
                စစ်ရှုံးခြင်း စစ်နိုင်ခြင်း အပေါ် ပြည်သူတို့ရဲ့ အမြင်ကတော့ အဓိက အကျဆုံး အထက်ပါ အချက် ၄ ချက် အပေါ် နစက အနေနဲ့ အမြန်ဆုံး သုံးသပ်ပြင်ဆင်သင့်ပါပြီ ။

               ကိုရွှေမျိုးဝင်း

( ရခိုင် ကျောက်ဖြူ စစ်သတင်းအတွက် အမှန်အတိုင်း တင်ပြပေးပါသော UNION Politics New - ကိုထူးမောင် ထံမှ အချက်အလက် အများအပြား ရယူဖြန့်ဝေထားတာပါ ၊ လက်ရှိ အနေအထားအရ ဖြစ်ရပ်မှန် သတင်းမှန်များ အတွက် ပြည်သူတွေ ကြည့်သင့်တဲ့ မီဒီယာအဖြစ် ရှုမြင်မိပါတယ်)
မြေပုံကြည့်ရင် ကျောက်ဖြူ အခြေအနေကို အလွယ်တကူ သဘောပေါက် နိုင်ပါလိမ့်မယ် ။
ကချင် ဂွင်
===========

ကချင်ဘက်မှာတော့ KIA နဲ့ ကျွန်ပဒက်လေးတွေ ဗန်းမော် နဲ့ ဒစ်လည်နေလေရဲ့ ။ ဗန်းမော်မှာ တပ်မတော်ရဲ့ ဒရုန်းတွေ လက်စွမ်းပြတာကိုတော့ အားရဖွယ် မြင်တွေ့နေကြရပါတယ် ။

KIA တို့လည်း မြို့ပတ်ချာလည်ကနေ ဝက်သားတွဲ ခွေးဆွဲဖို့ ချောင်းနေသလို ချောင်းနေကြဆဲပါပဲ ။ တပ်မတော်ကလည်း ရန်သူကို အပြတ် ခွာမထုတ်နိုင်သေးပါဘူး ။ ရန်သူကလည်း ဝါဒဖြန့်လိုက် အတိုက်ပြလိုက် အပြုံလိုက်သေလိုက် နဲ့ ရွာလည်နေကြပါတယ် ။

ဗန်းမော်ကို လေထဲကနေ အကြိမ်ကြိမ် သိမ်းပြနေတဲ့ ပြည်ဖျက် မီဒီယာတွေကြောင့် KIA တို့ခမျှာ ပြန်မဆုတ်ရဲပဲ အံကြိတ်တောင့်ခံ ဝန်းရံနေကြဟန်ပါပဲ ။ ရှိသမျှ KIA တပ်အများစု ဗန်းမော်မှာ ခြေကုန်လက်ပန်းကျနေရပါပြီ ။

ဒီအချိန်မှာ တပ်မတော်က ဖားကန့်ကို ထိုးစစ်ဆင်ပါတော့တယ် ။ တပ်မတော် စစ်ကြောင်းတွေဟာ လမ်းတလျှောက်က KIA / PDF စခန်းတွေကို ပိုက်စိတ်တိုက် ရှင်းလင်းပစ်ပါတယ် ။

အထိုင်ချထားရန် လိုအပ်တဲ့ စခန်းတွေမှာ အထိုင်ချ ထားလိုက်ကြပါတယ် ။ စစ်ကြောင်း ၃ ကြောင်း နဲ့ တောက်လျှောက် တိုက် သိမ်း သိမ်းလာကြတာ လုံးခင်း ဝန်ကျင်ကိုပါ မိမိတပ်များ စိုးမိုးထားပြီလို့ မင်္ဂလာသတင်းရရှိပါတယ် ။


ဖင်ပွင့်နေတဲ့ KIA ကို ယခုလို နောက်ပိုင်းကနေ ထိုးစစ်ဆင် ခြောက်ခြားစေခဲ့တဲ့ ဗျူဟာက လက်တွေ့အောင်ပွဲတွေ ရယူပေးနိုင်တာ မြင်နေရပါပြီ ။ KIA ကို အပြတ်ရှင်းနိုင်မယ်ဆိုရင် အညာပဒက်သိုက်လည်း အားကိုးရာ မဲ့သွားကြမှာပါပဲ ။

လက်နက် ခဲယမ်းအတွက် အဓိက ပံ့ပိုးပေးနေတာ KIA ပဲ ဖြစ်ပါတယ် ။ မြန်မာ့တပ်မတော်အတွက် ဗန်းမော်က တတိယမြောက် အောင်မြေဖြစ်ပါလိမ့်မယ် ။

ပြည်ဖျက် မီဒီယာတွေမှာ ဟိုစခန်းရပြီ ဒီကုန်းရပြီ အော်နေပေမယ့် အဖြစ်မှန်ကတော့ KIA တို့သာ အသိဆုံးပါပဲ ။ အခုဆိုရင် လိုင်ဇာက ပျော်ပွဲ ရွှင်ပွဲတွေ နိုက်ကလာပ် ၊ KTV တွေပါ ပိတ်ထားခိုင်းပါတယ် ။

ဂွမ်မော်ပြောလာတဲ့ စကားကလည်း စိတ်ဝင်စားစရာပါပဲ ။ လိုင်ဇာကျသွားလည်း တော တောင်တွေ အများကြီးရှိတယ် အဲဒီဘက်ကို ပြေးမှာပေါ့တဲ့ ။ ဒီစကားအသွားအလာအရ လိုင်ဇာကို တိုက်မယ့် လက္ခဏာလို့ ယူဆမိပါတယ် ။ မေတ္တာတရား လွန်ကြီးမားတဲ့ ဘဘကြောင့် ယူဆရုံပဲ ယူဆရဲတယ် မယုံကြည်ရဲသေးဘူး ။

စစ်မျက်နှာ အသီးသီးက အခြေအနေမှန်တွေကို တင်ပြနေတာ ယခုတခါတော့ ကချင် စစ်မျက်နှာပြင်မှာ ကျနော်တို့ စိတ်ချမ်းသာစရာတွေ များနေပါပြီ ။ နောက်ထပ် စစ်မျက်နှာပြင်များက မင်္ဂလာသတင်းများကိုလည်း ထပ်မံစုစည်း တင်ပြပေးပါ့မယ် ။

အမှန်ကတော့ စစ်သတင်းတွေ လိုက်ဖို့ တင်ဖို့ စိတ်မပါတာကြာပါပြီ ။ ကိုယ်ဖတ်နေရတဲ့ စစ်သတင်းတွေက

- အမြဲနိုင် နယ်မြေရှင်းလင်းရေးလုပ် စစ်သတင်းများ

- သိုက်စာလိုလို ဝှက်စာလိုလို နားမလည်နိုင်သော စစ်သတင်းများ

- အခန်းဆက် ဆောင်းပါးကဲ့သို့ နောက်တပိုင်းမျှော် စစ်သတင်းများ

- အကြောက်လွန် အစိုးရိမ်လွန် ဖတ်ရင်း စိတ်ကျရောဂါဖြစ်စေမယ့် စစ်သတင်းများ

- နိုင်မှန်းမသိ ရှုံးမှန်းမသိ ဝါးတားတားသတင်းများ..ကြောင့် ရန်သူ့ဆိုက်ဝါးတွေ အားကောင်းလာတာ တွေ့ရပါတယ် ။


မိမိဘက်မှ ပြည်သူယုံကြည်ရသော စစ်သတင်း တင်ဆက်သူ ရှားပါးနေချိန် ငါ ဘေးထွက်နေတာ မဟုတ်သေးပါဘူးလို့ ယူဆပြီး ပြန်လည် စုစည်းတင်ပြခြင်း ဖြစ်ပါတယ် ။

ကျနော်ကတော့ ကြားတာ သိတာ အမှန်တိုင်းရေးမှာပါပဲ ။ ဆိုက်ဝါးအတွက် ဆောင်းပါးရေးပြီး တိုက်မယ် ။ သတင်းတု သတင်းမှား မျှော်လင့်ချက်အတုအယောင်တွေနဲ့ မရေးပါဘူး ( block ချင်သူတွေ အတွက် ကြိုပြောတာပါ) ။ မိမိရဲ့ သိက္ခာကို သတင်းမှားနဲ့ မလဲနိုင်လို့ပါ ။ လူအများစုရဲ့ ယုံကြည်မှုဆိုတာ တန်ဖိုးဖြတ်မရတဲ့ အရာပါ ။

ကိုရွှေမျိုးဝင်း
နိုင်ငံရေး ဟူသည်
==================

အစိုးရိမ်လွန်ပြီး လာမေးနေကြတာက ဘင်္ဂလားသံအမတ် ကိစ္စ ။ တဖက်က နီတုံးလေးတွေ ခမျှာ ဘင်္ဂလားဒေ့ရှ်က သံအမတ် ပြန်ခေါ်တယ်လည်း ကြားရော အားရဝမ်းသာ အောင်ပွဲခံ ဝါဒဖြန့်ကြလေရဲ့ ( ဘာမှလည်း မဆိုင်ဘူးနော်. 😁)

အခုပဲ ဘင်္ဂလားဒေ့ရှ်က တပ်မတော်သည် သူတို့နဲ့ ပူးပေါင်းပြီး ဝင်တိုက်တော့မယောင်ယောင် မစားရ ဝခမန်း ဝါဒဖြန့်ကြလေရဲ့ ။ ဟော...ကိုယ့်ဘက်က အာစရိ အချို့ကလည်း မျိုးချစ်စိတ် အလွန်အမင်း ထက်သန်စွာနဲ့ ဘာပြန်လုပ်ရမယ် ညာပြန်လုပ်ရမယ် ဒါ စိန်ခေါ်တာပဲ ဘာညာတွေ ဖြစ်ပြန်ရောဗျ ။

အမှန်က သူတို့ သံအမတ် သူတို့ပြဿနာကြောင့် ပြန်ခေါ်တာပါ ။ တကယ်တမ်း သံခင်း တမန်ခင်း လမ်းကြောင်းဖြတ်ကြပြီဆိုရင် ၂ နိုင်ငံလုံးက သံအမတ်တွေကို အသီးသီး ပြန်ခေါ်ကြရတာပါ ၊ မပြန်ရင်လည်း တရားဝင်နှင်ထုတ်ကြတာပါပဲ ။

နီတုံးလေးတွေကလည်း ဝါဒအဖြန့်ကောင်း ၊ ကိုယ့်လူအချို့ကလည်း အခုပဲ ဘင်္ဂလားကို ဝင်ဆော်ရမတတ် ရေးနေတာ သိသွားလို့ထင်ပါရဲ့ ဘင်္ဂလားဝန်ကြီးချုပ် ကိုယ်တိုင် သူ့ သံအမတ်ပြန်ခေါ်တာ နစက နဲ့ မပက်သက်ကြောင်း မိမိတို့ ပြည်တွင်းရေးကိစ္စကြောင့်သာ ပြန်ခေါ်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်လာရတဲ့ အထိဖြစ်ခဲ့ပါတယ် ။

နီတုံးမီဒီယာတွေ ဆင့်လီး ခွေးမျှော် ဇတ်ကားရိုက်နေတာ ၁၉၈၈ ကတည်းကပါပဲ ။ အခုလောက်ဆို သံအမတ်ကိစ္စ နားရှင်းလောက်ပါပြီဗျာ ။

နောက်ထပ် မနေ့ည ( 31 - 5 - 2025 ) က အပစ်ရက် သက်တမ်းထပ်တိုးတဲ့ နစက ထုတ်ပြန်ချက် ပြဿနာ ကြည့်ပါအုံးမယ် ။ နစက အနေနဲ့ ငလျင်အကြောင်းပြု ကောင်းမှုလုပ်ခဲ့ကြတာ များနေပါပြီ ။ ဧပြီလ အပစ်ရပ် ကြေညာပြီးမှ မြို့ရွာတွေ တပ်စခန်းတွေ များစွာ ဆုံးရှုံးခဲ့ရတာ အရှိတရားပါပဲ ။

ဒီတော့ ဒီတခါ အပစ်ထပ်ရပ်ပေးပြန် ဆိုတော့ နစက အပေါ် သူ့ကိုထောက်ခံအားကိုးနေရသူ ပြည်သူတွေ အထင်သေး သွားကြတာလည်း အပြစ်မဆိုသာပါဘူး ။ လိုင်စင်မဲ့ယာဥ် ပြဿနာကြောင့် နစက အပေါ် အမြင်မကြည်သူ များပြားလာနေရတဲ့ ကြားထဲ အခုလိုမျိုး သတ္တိကြောင်တဲ့ ( နိုင်ငံရေးအား နားမလည်သော သာမန်ပြည်သူများ အမြင်) အမိန့်ကြေညာချက်ကြောင့် မီးလောင်ရာ လေပင့် ဖြစ်ခဲ့ရပါတယ် ။

အမှန်ကတော့ နစက အနေနဲ့ လိုင်စင်မဲ့ ပြဿနာအတွက် လုပ်သင့်တာ လုပ်နေတာပါပဲ ။ ခက်တာက အခြေအနေ အချိန်အခါ အရ ပြည်သူတွေကို ကြိုတင်ပြီး လူရာသွင်း ရှင်းမပြပဲ ဒါလုပ်တော့ ဆိုတဲ့ အပေါက်နဲ့ ချက်ခြင်း လုပ်လိုက်တဲ့ အတွက် မကျေနပ်မှုတွေ များပြားလာကြတာပါပဲ ။

အဓိက ပြောချင်တဲ့ အပစ်ရပ်ကိစ္စပြန်ကြည့်ပါ ။ အောက်ဆုံးက နံပါတ် ၅ အချက် ကို စေ့စေ့စပ်စပ် ဖတ်ကြည့်ပါ ။ နိုင်ငံတကာအမြင်မှာ အပစ်ရပ်ကြေညာတယ် ဆိုပေမယ့် အကြမ်းဖက် PDF နဲ့ သူပုန်တွေရဲ့ လုပ်ရပ်တွေအပေါ် ကန့်သတ်ထားတဲ့ အချက်တွေက ဘယ်လိုမှ စစ်ပွဲ ရပ်မရဘူးဆိုတာ ပေါ်လွင်နေပါတယ် ။

ဒီတော့ ပြောစရာရှိတာက နံပါတ် ၅ အချက်ပါ...... ကန့်သတ်ချက်တွေကို ဖောက်ပြန်ပါလျှက် လက်ပိုက်ကြည့်နေအုံးမယ့် နယ်မြေခံတပ်မှူးတွေကို နစက အနေနဲ့ ဘယ်လိုထိမ်းချုပ်မလဲ.. တာဝန်မကျေမှုအပေါ် ဘယ်လို အရေးယူမလဲ ဆိုတာပဲ အရေးကြီးပါတယ် ။

အောက်ခြေမှာ ရန်သူ့သတင်းပေးတယ် ... ဟာ......အပစ်ရပ်ကာလကြီး ကျုပ်တို့ လုပ်လို့မရဘူး ဆိုပြီး သေချာပေါက် ခေါင်းရှောင်မှုပြဿနာတွေ များပြားလာအုံးမှာပါ ။ ( အင်အားစုဆောင်းခြင်း ၊ ပြင်ဆင်စုဖွဲ့ခြင်း ၊ နယ်မြေချဲ့ထွင်ခြင်း) ဆိုတဲ့ နေ့တဒူဝ အလုပ်ကို သတင်းပေးရင်တောင် အပစ်ရပ်ကို အကြောင်းပြု ခေါင်းရှောင်ကြမှာပါ ။

ယခင် အပစ်ရပ်ကာလတုန်းက ဆုံးရှုံးသွားတဲ့ နယ်မြေတွေကိုလည်း ပြန်မတိုက်ဘူး ၊ ရန်သူကို ရို့ကျိုးအောင် ဆုံးမခြင်းလည်း မပြုဘူး ၊ မိမိရဲ့ တာဝန်မကျေပွန်တဲ့ ဒေသခံတပ်မှူးတွေကိုလည်း အရေးမယူဘူး ဆိုရင်တော့ ယခု အပစ်ရပ်ကြေညာချက်ရဲ့ နံပါတ် ၅ ကိုလည်း ဘယ်ရန်သူကမှ အရေးလုပ်မှာမဟုတ်ပါဘူး ။ လုပ်ပြဖို့ အရေးကြီးတယ်လို့ တိုက်တွန်းချင်ပါတယ် ။

ယခု တိုင်းပြည်မှာ ပြည်သူတွေ မကြားချင်ဆုံး စကားတွေက...
(- NCA ၊ တိုင်းရင်းသားညီအကိုချင်း ၊ ငြိမ်းချမ်းရေး ၊ ယာယီအပစ်ရပ် )

နိုင်ငံတကာက ကြားချင်နေတာလည်း ..
( ငြိမ်းချမ်းရေး ၊ အပစ်ရပ်)

ဆိုတော့ကား နစက အနေနဲ့ အဲဒီ အစွန်း ၂ ဖက်ကြားမှာ လှပစွာ ကစားပြနေရတာပါပဲ ။ နိုင်ငံတကာကလည်း ဒီလိုနိုင်ငံရေးကစားကွက်ကြောင့် သူပုန် နဲ့ PDF တွေကို ဘာလက်နက် နဲ့ ဘယ်လောက်ဆော်ဆော် တခွန်းမှ ဝင်မပြောကြပါဘူး ။ ယုတ်ဆွအဆုံး အရပ်သားတွေပါ ၊ ကျောင်းသားတွေပါ စာသင်ကျောင်းဗုံးကြဲပါတယ် ငိုပြနေပါစေ ဘာသံမှ ထွက်မလာတာ အဲသလို နိုင်ငံရေး ကစားကွက်ကြောင့်ပါပဲ ။

အဲဒီ အပစ်ရပ် အမိန့်စာက အရေးမကြီးပါဘူး ။ အရေးကြီးတာက မိမိတပ်များ စွမ်းဆောင်ရည်ပြည့်ဝစွာနဲ့ တိုက်ခိုက်ဖို့ပဲ လိုပါတယ် ။

အများပြည်သူ စိတ်နှလုံး ပူပန်စေသော ဘင်္ဂလားသံအမတ် ပြဿနာ နဲ့ အပစ်ရပ်မှာမဟုတ်တဲ့ အပစ်ရပ်အမိန့်စာ အကြောင်း တတ်သိသလောက် မျှဝေလိုက်ရပါတယ် ။

ကိုရွေမျိုးဝင်း
အမှားကြာ အမှန်ဖြစ်ပြီး လိုင်စင်မဲ့ကို မှီ၍  မသက်မသာ ဖက်တွယ်နေရသော မှီခိုသူတွေရဲ့ဘဝကိုလည်း စာနာမိပါစေ

'' ငမျိုးရေ  တိုင်းပြည် တည်ငြိမ် အေးချမ်းရေး အတွက် ဝန်ထမ်းတွေကို ဘယ်လို အကြံပေးရင် ကောင်းမလဲဆိုတာ ပြောစမ်းပါအုံး ကွ ''

            ကွီးစိုး

'' လိုင်စင်မဲ့ယာဥ် ဖမ်းဖို့ လမ်းညွှန်ချက်ကို အားတက်သရော လုပ်နေကြသလို ကျန်တဲ့ လမ်းညွှန်ချက်တွေကိုလည်း အဲသလိုအားတက်သရော လုပ်ကြပါ လို့သာ အကြံပေးချင်တာပါပဲ ''

            ကိုရွှေမျိုးဝင်း
ပလောင် ဂွင်
============

TNLA တို့ နောင်ချိုကို 15 - 7 - 2024 မှာ သိမ်းပိုက်ပြီးနောက် စစ်ရေးရေချိန် အမြင့်ဆုံး ရောက်နေပါတယ် ။ ဒီအချိန်မှာ တပ်မတော်ဘက်က နောင်ချိုရှိ တပ်ရင်း တပ်ဖွဲ့များ နဲ့ ဂုတ်ထိပ်တံတားရှိ တာဝန်ကျ ပြည်သူ့ရဲ အင်အားစုများဟာ တောင်ခမ်းရှိ မိမိတပ်များရှိရာကို ပူးပေါင်းထားခဲ့ရပါတယ် ။

အဲဒီ အချိန်က တောင်ခမ်းမှာ မစခ ၉၀၂ ၊ အမတ ၂၀၆ ၊ အမတ ၄၀၆ ၊ အမတ ၃၅၄ ဆိုတဲ့ တပ်တွေ တည်ရှိရာဒေသကြီး ဖြစ်ပါတယ် ။ TNLA တို့ဟာ ကံကြီးရွာကို ဌာနချုပ်သဖွယ် ပြုလုပ်ပြီးနောက် တောင်ခမ်းကို အလုံးအရင်းနဲ့ ဝင်တိုက်ကြပါတယ် ။

နိုင်ကြက်ဖြစ်နေတဲ့ TNLA တို့ဟာ အမတ ၂၀၆ ကို သိမ်းပိုက်နိုင်ပြီး အမတ ၄၀၆ ကိုလည်း ဗဟိုကင်းအထိ သိမ်းပိုက်နိုင်ခဲ့ကြပါတယ် ။ မိမိတို့ရဲ့ အင်အားစုများဟာ မစခ ၉၀၂ မှာ စုစည်းခုခံဖို့ ပြင်ဆင်ရပါတော့တယ် ။

ယခုအချိန်ထိ TNLA တို့ဟာ ၁၀၂၇ စစ်ဆင်ရေးတလျှောက် စစ်သားအစစ်တွေနဲ့ မတွေ့ကြရသေးပါဘူး ။ ရှမ်းမြောက်တခွင်လုံးရှိ စစ်ခြောက် နဲ့ စစ်လောက်တွေကြောင့် အလွယ်တကူ နယ်မြေသိမ်းခဲ့တဲ့ TNLA တို့ တောင်ခမ်းမှာတော့ စစ်သားပီသသော စစ်သားအစစ်တွေနဲ့ တွေ့ကြရပါပြီ ။


အရေးကြီးတဲ့ တောင်ခမ်း အတွက် တပ်မတော်မှ ပစ်ကူ လက်နက်ခဲယမ်းများ အဆက်မပျက် ထောက်ပံ့နိုင်ခြင်းကလည်း TNLA တို့အတွက် ကိုယ်သေတွင်း ကိုယ်တူးမိကြသလိုပါပဲ ။

၇ လ ပိုင်းမှာ နိုင်ကြက်ဖြစ်တဲ့ TNLA တို့ ၁၀ လပိုင်းမှာ သေချင်းဆိုးတွေ များသထက်များလာရပါပြီ ။ တောင်ခမ်းကို ပလောင်ခမ်းလို့ သရော် လှောင်ပြောင် တဲ့အထိ အကျအဆုံး များလာကြရပါတယ် ။


တောင်ခမ်းပတ်လည်က လျှိုချောက်တွေထဲမှာ TNLA နဲ့ PDF တွေရဲ့ အလောင်းတွေနဲ့ မြင်မကောင်းအောင် ဖြစ်နေရပါပြီ ။ လူသားစားပြီး ကြီးထွားနေတဲ့ တောဝက်တွေကို ဒေသခံ မုဆိုးတွေ ပစ်လည်းမပစ် စားလည်းမစားရဲတဲ့ အထိ အလောင်းခြင်းထပ်နေခဲ့တာ ပုံပြင်မဟုတ်ပါဘူး ။

တောင်ခမ်းစစ်သည်များရဲ့ မာကျောမှု ၊ ခုခံစစ်စွမ်းရည်တွေက မြန်မာ့တပ်မတော်အစစ်ရဲ့ ဂုဏ်သရေကို ဆယ်ပေးနိုင်ခဲ့ပါပြီ ။ TNLA တို့ စစ်ဦးကျိုးကြေခဲ့ရပြီးနောက် တောင်ခမ်းစစ်သည်တို့ အောင်မြေ ချဲ့ကြရပါပြီ ။


တပ်မ ၁၁ ၊ တပ်မ ၅၅ ၊ စကခ ၁ ၊ စကခ ၂ ၊ ခမရ ၂၁၃ ၊ ခမရ ၂၁၂ တပ်ရင်းတပ်ဖွဲ့တွေ ရဲ့ ပူးပေါင်းလာနိုင်မှုနဲ့အတူ တောင်ခမ်းပတ်ချာလည်က ရွာတွေကို ပြန်လည်ထိုးစစ်ဆင်ခဲ့ရာမှာ 1 - 3 - 2025 မှာ အပြည့်အဝ ပြန်လည်ထိမ်းချုပ်နိုင်ခဲ့ပါတယ် ။


တပ်မတော်ရဲ့ တောင်ခမ်းမှသည် နောင်ချိုထိုးစစ်ဟာ တရွာခြင်း တောင်ကုန်းတကုန်းခြင်း တိုက်ခိုက်ရှင်းလင်းရင်း ချီလာကြရပါတယ် ။ တပ်မတော်အတွက် နောင်ချိုကို စစ်ကြောင်း ၃ ကြောင်းချီပြီး သိမ်းပိုက်နိုင်ဖို့ အားထည့်ထားပေမယ့် ငလျင်ပြဿနာကြောင့် ထိုးစစ်အရှိန် တန့်သွားရပြန်ပါတယ် ။

တောင်ခမ်းသူရဲကောင်းတွေက လမ်းကြောင်း ၂ ကြောင်းကနေ ချီတက်ရပါတယ် ။ သရက်ချို ၊ ယာပြင် ၊ ရွှေမုဌော သို့ တကြောင်း ။ နောက်စစ်ကြောင်းက နောင်ချိုနဲ့ ဝေးကွာလှတဲ့ နောင်ချိုလေး ၊ မဲပုတ် ၊ နောင်လင် အစရှိတဲ့ နယ်မြေတွေကို သိမ်းပိုက် ရှင်းလင်းရင်း ထိုးစစ်ဆင်ရပါတယ် ။

နောင်ချို နဲ့ အနီးဆုံး လမ်းပန်းဆက်သွယ်ရေး အကောင်းဆုံး စစ်ကြောင်းက အုမ္မတီးဘက်က စစ်ကြောင်းပါပဲ ။ အဲဒီ စစ်ကြောင်းကတော့ ယနေ့ထိ ရှေ့တိုးလာတာ လုံးဝမတွေ့ရပါဘူး ။


တောင်ခမ်း စစ်ကြောင်း ၂ ကြောင်းဟာ နောင်ချို ပတ်လည် နယ်မြေများအား ဖြေးဖြေးမှန်မှန် တိုးဝင်ရှင်းလင်းရာမှာ ဒေသအခြေခိုင်ရေးအတွက် လုပ်ငန်းများပါ တွဲဖက်လုပ်ကိုင်ကြရပါတယ် ။


ဌာနေ ကျေးရွာသူ ကျေးရွာသားများအား ဆေးကုသခြင်း ရိက္ခာဝေငှခြင်း အပါအဝင် စောင့်ရှောက်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နေကြရလို့ နှောင့်နှေးကြရတာလည်း တချက်ပါပဲ ။

ရန်သူအခြေပြု ဘုန်းကြီးကျောင်း ဘုရားကုန်းတွေကို တိုက်ခိုက်ဖို့လည်း မတတ်သာတဲ့ အနေအထားရောက်မှ တိုက်ကြပါတယ် ။ အချိန် စောင့်တိုက်နေရတာကလည်း နောက်ကျရခြင်း အကြောင်းတခုပါပဲ ။

TNLA နဲ့ PDF တို့ကတော့ အများဖြင့် ခုခံစစ် ကြီးကြီးမားမား မရှိပဲ ထွက်ပြေးကြတာ များပါတယ် ။ သရက်ချိုရွာ တိုက်ပွဲမှာပဲ အပြင်းအထန် ခုခံခဲ့ကြတာ တွေ့ရပါတယ် ။ 20 - 5 - 2025 နေ့မှာ သရက်ချိုကို ရရှိခဲ့ပါတယ် ။

ဒီလို နဲ့ တအိအိ ချီတက်တိုက်ခိုက်လာရာမှာ 29 - 5 - 2025 မှာ ရွှေမုဌောကုန်း နဲ့ တာဝါတိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တောင်ခမ်းမှ တိုက်ခိုက်ရေး စစ်ကြောင်း ၂ ကြောင်း ပေါင်းစီးမိသွားပါပြီ ။

အခု နောင်ချိုကို ကာကွယ်ဖို့ ကံကြီးရွာကို အခိုင်အမာ ပြင်ဆင်ထားတယ်လို့ သိရပါတယ် ။ မိမိစစ်ကြောင်းများက ကံကြီးရွာကို အပြင်းအထန် တိုက်ခိုက်ဖို့ အားမွေးနေကြပါပြီ ။
TNLA တို့ကတော့ ဗမာ PDF နဲ့ ဓနု တွေကို ကံကြီးရွာမှာ အခိုင်အမာ ခံစစ်ကစားဖို့ တာဝန်ပေးထားပါတယ် ။ TNLA တွေကတော့ ဆုတ်ခွာဖို့ ပြင်ဆင်ထားတယ်လို့ မြေပြင် ဒေသခံများထံမှ သတင်းကြားရပါတယ် ။

တောင်ခမ်း အမြှောက်တပ်များ ၊ ပြင်ဦးလွင် အမြှောက်တပ်များနဲ့ လေကြောင်းပစ်ကူ ၊ ဒရုန်းတပ်ဖွဲ့တို့နဲ့ အတူ မြေပြင်က ဟန်ချက်ညီ ထိုးစစ်ဆင်ပြီ ဆိုတာနဲ့ ကံကြီးရွာက အခိုင်အမာခံစစ်ဆိုတာ ဆင်နင်းခံရတဲ့ မုန့်လေပွေလို ကြေမွသွားရမှာပါပဲ ။

မိမိဖက်မှ အကျအဆုံး နည်းနိုင်သမျှ နည်းပါးစေရန် ရည်ရွယ်ပြီး စနစ်တကျ တိုက်ခိုက်ဖို့ စီမံနေတာမို့ မကြာမှီ TNLA တို့ရဲ့ ငိုကြွေးသံနဲ့ အတူ နောင်ချိုမြို့ကို တပ်မတော်က အောင်မြေနင်းပြပါလိမ့်မယ် ။

ကိုရွှေမျိုးဝင်း
သတင်းကောင်း / သတင်းဆိုး
=========================

မနေ့က ရခိုင်မီဒီယာမှာ တင်ထားတာ တွေ့လိုက်ပါတယ် ။ ကျောက်ဖြူမှာ လေယာဥ် ၆ စင်း နဲ့ ဗုံးကြဲနေပြီး ဒရုန်း အစင်းရေ ၁၀၀ လောက်နဲ့ ဒရော့ဗုံးချနေသတဲ့ ။ မြေပြင်ကလည်း ခြေလျှင်တပ်တွေ ချေမှုံးရေး ဝင်နေလို့ AA တို့ အခြေအနေမကောင်းပဲ သိမ်းထားတဲ့ စခန်းတွေ လက်လွှတ်ထွက်ပြေးနေရသတဲ့ ။

နောက် video ဖိုင် တခုတက်လာပြန်တယ် ။ ရေထဲမှာ ကူးပြေးနေတဲ့ လူတွေကို အပေါ်က ပစ်နေတဲ့ video ဖိုင်ပေါ့ ။

ရန်သူ့ဘက်က တင်ထားပေမယ့် မယုံရဲသေးဘူး ။ သို့သော် ယနေ့ 3 - 6 - 2025 မနက်ခင်းသတင်းအရ မင်းတပ်တောင်ကုန်းကို တပ်မတော်က ပြန်လည်ထိမ်းချုပ်လိုက်ပြီ ဆိုတဲ့ သတင်း ထွက်လာလို့ ဝမ်းသာရပါတယ် ။

နောက်သတင်းတခုကတော့ ပြောရမှာ စိတ်မကောင်းပါဘူး ကိုဇော်ဘုန်းဟိန်းကို ဖမ်းဆီးထားတယ် ဆိုတဲ့ သတင်းပါပဲ ။ လိုင်းပေါ်မှာ ဟို.ပုဒ်မ ၊ ဒီပုဒ်မ တွေ ပြောနေကြပေမယ့် ဒီလောက် မမြန်ပါဘူး ။ ရုံးတင်တရားစွဲ အပြီးမှ အတိအကျ သိရပါမယ် ။

ပြည်သူတွေအတွက်တော့ ဒီပွဲမှာ ဘယ်မီဒီယာသမားက ဘယ်လို စိတ်ထားရှိတယ်ဆိုတာ ထင်ထင်ရှားရှား မြင်ကြရတဲ့ ပွဲပါပဲ ။ ဘာပဲ ပြောပြော ကျနော်ကတော့ စိတ်မကောင်းပါဘူး ။ ပြည်သူအတွက်အကျယ်လောင်ဆုံးသော ပါးစပ်တပေါက် ( အကျိုးဆက်အဖြစ် ပြည်သူ့ပါးစပ်ပေါင်းများစွာ ဆုံးရှုံးပါအုံးမယ်) ၊ နစက အတွက် နားတဖက် ဆုံးရှုံးသွားရတယ်လို့ ယူဆပါတယ် ။

ဒီပွဲမှာ ပြည်သူရှုံးတယ် ၊ နစက ရှုံးတယ် ၊ တပ်မတော်ထောက်ခံသူတွေ ရှုံးတယ် ကြားထဲက ပြည်ဖျက်တွေအတွက် တပ်မတော် နဲ့ ပြည်သူကို သွေးခွဲ ထိုးနှက်ဖို့ ကြီးမားထိရောက်တဲ့ လက်နက်ကြီးရသွားတယ် ။

ကိုရွှေမျိုးဝင်း
ပရင်ဒါဂတ် နဲ့ တိုင်းတားမင်းကြီး
============================

               သီပေါမင်း လက်ထက်မှာ နန်းတွင်းသြဇာ အသီးသီး ထူထောင်ကြရာမှာ တချိန်က ဒါးထက်ခဲ့တဲ့ ကင်းဝန်မင်းကြီး တယောက် သြဇာကျသွားပြီး တိုင်းတားမင်းကြီး ဒါးထက်လာတယ် ။

   
              ဒါးထက်ဆို သူက စုဖုရားလတ် ကျောထောက်နောက်ခံရှိတာကိုး.....သူကတော့ရှင်းတယ် သီပေါမင်းဘက် တဖက်တည်းရပ်နေတဲ့ ကင်းဝန်မင်းကြီး ပြုတ်ကျဖို့ အားထုတ်တော့တာပဲ ။ သူတယောက်ထဲ နန်းတွင်းမှာ ကြီးစိုးချင်တာကိုးဗျ  ။ ဒါတွေကို အင်္ဂလိပ် သူလျှိုတွေက သတင်းပို့နေတော့ နန်းတွင်းအခြေအနေကို ဗိုလ်ချုပ်ကြီး ပရင်ဒါဂါတ်က အကုန်သိနေလေရဲ့ ။

               တိုတိုပြောရရင်တော့ တတိယကျူးကျော်စစ်ဖြစ်ဖို့ တိုင်းတားမင်းကြီးက မြှောက်ပေးတယ် ။ နောက်ဆုံး သီပေါမင်းကို ဖမ်းပြီး အိန္ဒိယကို ပို့တယ် ။ နောက်ပြီး မြန်မာပြည် အုပ်ချုပ်ဖို့ အတွက် ယခင် မြန်မာဝန်ကြီး / ဝန်လေးတွေကို ဖိတ်ခေါ်ပြီး လွှတ်တော်ဆက်ထားဖို့ စီမံတယ်ဗျ ။

                 ဒီသတင်းအရ တိုင်းတားမင်းကြီးလည်း နန်းတွင်းထဲ အပြေးအလွှားသွားပါရော ။ ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်က တိုင်းတားမင်းကြီးကိုလည်း မြင်ရော ရွံစရာ သတ္တဝါ တကောင်လို ကြည့်ပြီး အနားက အရာရှိကို အမိန့်ပေးလိုက်တယ် ။

               ဒီတော့ အရာရှိက အင်္ဂလိပ်စစ်သားတွေကို ထပ်ဆင့်အမိန့်ပေးလို့ စစ်သားတွေက တိုင်းတားမင်းကြီးကို လှည်းပေါ်ဆွဲခေါ်သွားပြီး နန်းပြင်ခေါ်သွားတယ် ။ တိုင်းတားမင်းကြီးက ငါ့ကို သတ်မလို့လားလို့ မေးတော့ တခွန်းမှ ပြန်မဖြေပဲ သင်္ဘောဆီ တင်ပေးလိုက်တယ် ။ အမှန်က အိန္ဒိယကို ပြည်နှင်ဒဏ်ပေးလိုက်တာပဲ ။

               အင်္ဂလိပ်အရာရှိက ဗိုလ်ချုပ်ကြီး ပရင်ဒါဂါတ်ကို မေးတယ်...

'' မြန်မာ အရာရှိဟောင်းတွေကို စည်းရုံးပြီး လွှတ်တော်သစ်နဲ့ အုပ်ချုပ်မယ် ဆိုပြီး အခု တိုင်းတားမင်းကြီးကို ဘာကြောင့် ပြည်နှင်ဒဏ်ပေးလိုက်ရတာလည်း ဗိုလ်ချုပ်ကြီး ''

'' အေးကွ လောကမှာ ကိုယ့်ကိုယ်ကျိုးအတွက် မိမိအရှင်သခင် ဆုံးရှုံးရမယ်မှန်း သိနေတဲ့ အလုပ်ကို လုပ်စေဖို့ တိုက်တွန်းတဲ့ ကျေးကျွန်ယုတ်ရယ် ၊ ငါနဲ့မတူ ငါ့ရန်သူ စိတ်ထားထက် ယုတ်ညံ့တဲ့ { ငါ နဲ့ တူလည်း ရန်သူပဲ } ဆိုတဲ့ စိတ်ထားနဲ့လူကို အနားမှာ မထားတာ အကောင်းဆုံးကွ မှတ်ထား ''

   
            မြန်မာ့သမိုင်းကတော့ ယူတတ်ရင် ပညာချည်းပဲ......

             ကိုရွှေမျိုးဝင်း

{ အေးရာ အေးကြောင်း သမိုင်းလေးတွေပဲ ရေးနေတာ ကောင်းမယ်ထင်ပါ့ }
အတ္တလန်တိတ်သမုဒ္ဒရာ နဲ့ ဖစိဖိတ်သမုဒ္ဒရာ နှစ်စင်းဟာ ရေမှာပါဝင်တဲ့ အငံဓာတ် မတူညီရုံနဲ့ ရေခြင်းတောင် ပေါင်းလို့မရပါဘူး ။ ရည်မှန်းချက်တွေမတူ ၊ ခံယူချက်တွေ မတူ တဲ့ အစုအဖွဲ့တွေကို တသားတည်းဖြစ်ဖို့ အားထုတ်တဲ့နေရာမှာ စေတနာ ပညာအားကြီးဖို့ လိုအပ်သလို အင်အားပြနိုင်ဖို့ကလည်း အရေးကြီးဆုံး ကဏ္ဍက ပါဝင်နေကြောင်း သိကြရပါမယ် ။

ကိုရွှေမျိုးဝင်း
လပြွတ် နဲ့ ဂျွတ်
================

ခေါင်းစဥ်ကြည့်ပြီး ရိုင်းတယ်မထင်နဲ့ဗျ ဖတ်ကြည့်ပါအုံး ကိုယ်တွေ့အဖြစ်အပျက်မို့ သင်ခန်းစာယူကြဖို့ မရှက်မကြောက် ရေးပြရတာဗျ 😂😂

မျိုးဝင်းက အနေအထိုင်ညစ်ပတ်တယ်ဗျ ။ ပေစုတ်စုတ် ဘဝဆိုတော့ ဖြစ်သလိုနေ ဖြစ်သလိုစားပေါ့ဗျာ ။ ဒီတော့ ညစ်ပတ်သူတို့ ထုံးစံအတိုင်း လပြွတ်မှာ ဂျွတ်ပေါက်တာပေါ့ ။ စပ်ဖျင်းဖျင်း ယားတားတား နဲ့ အတော်နေရခက်တဲ့ ဝေဒနာပေါ့ဗျာ ။

တနေ့ ကိုကြီးစိုးက ငွေဆောင်သွားလည်ကြစို့ ဆိုပြီး စပွန်ဆာလုပ်လို့ လိုက်သွားတာပေါ့ ။ သဲသောင်ဖွေးဖွေး နဲ့ လှိုင်းဖြူဖြူတွေ မြင်တော့ အညာသား ဘယ်နေနိုင်မလဲ ဘောင်းဘီတိုလေးနဲ့ ပင်လယ်ကမ်းစပ်ဆီ အပြေးအလွှားသွားပြီး ရေထဲ ဝုန်းကနဲ ခုန်ဆင်းတာပေါ့ ။

အဲဒီမှာပဲ ပေါင်ကြားထဲက ကိုရွှေဂျွတ်တို့ ဗြုံးဒိုင်းဆိုပြီး အစွမ်းပြလာပါရော ။ ဆားငံရေနဲ့ထိတဲ့ အတွက် စပ်ဖျင်းဖျင်း ယားတားတား ဝေဒနာက ပုံမှန်ထက် ၂ ဆ မက ခံစားရပါရောလား...

ဒီတော့ ကမ်းပေါ်ပြန်တက် အဝတ်အစားလဲပြီး မပျောက်ကင်းနိုင်တဲ့ ဝေဒနာ အတွက် ပင်လယ်ကြီး ကြည့်ပြီး အော်ဆဲတာပေါ့ဗျာ ( ပညာမဲ့ လူညံ့ ဆိုတော့ ရမ်းကားတာပေါ့လေ)

ဒီတော့ လူကြားမကောင်း ဆဲဆိုနေတဲ့ ကျနော့်ကို ကိုကြီးစိုးက လှမ်းပြောတယ်ဗျ.....

'' ဟေ့ကောင် ငမျိုး လူကြားမကောင်း ဆဲ မနေနဲ့ ပင်လယ်က သူ့သဘာဝနဲ့သူ အငံဓာတ်တွေနဲ့ တည်ရှိနေတာလေ ၊ မင်းက ကိုယ့်လပြွတ် ဂျွတ်ပေါက်နေတာ မေ့ပြီး ကိုယ့်ဘာသာ ပင်လယ်ထဲ ခုန်ဆင်းလို့ စပ်တာမဟုတ်လား ၊ ပင်လယ်ကြီးကလည်း မင်းဆဲတာ သောက်ဂရုစိုက်နေမှာ မဟုတ်ဖူးကွ ။ ပင်လယ်ကို မဆဲနဲ့ ကိုယ့်လပြွတ်ကို ဆေးကု စမ်းပါကွာ ''

သူပြောမှ သတိထားမိတယ် ဟုတ်တာပေါ့ ။ အရေးကြီးတာ ကိုယ့်ဘာသာ ဆေးကုဖို့လေ ပင်လယ်ကြီးငံတာ သူ့သဘာဝကိုးဗျ 😂😂😂

ငယ်ငယ်က ပညာမဲ့ မိုက်ကပ်ညစ်ကျယ် လုပ်နေချိန်တုန်းက ကြုံခဲ့ရတာလေးပါ ။ ရှေ့ရှောက် ပွင့်လင်းရာသီ ရောက်ရင် ပင်လယ်ကမ်းခြေ အပမ်းဖြေမယ့် လူငယ်တွေ သတိထားမိအောင် ကိုယ့်အရှက်ကိုယ်ခွဲ ပြပြီး စေတနာ နဲ့ သတိပေးလိုက်ရပါတယ် ဗျာ ။

ကိုရွှေမျိုးဝင်း
ပြင်သင့်ရင်ပြင်နိုင်ဖို့
=================

ဖြစ်စဥ် (၁)
----------------------

ဦးနေဝင်းတယောက် ဂေါက်ရိုက်သွားတိုင်း မြို့စွန်က ကျူးကျော်အုပ်စုလေးရှိတဲ့ နေရာကနေ ဖြတ်သွားလေ့ရှိတယ် ။ ကလေးတွေက သူ့ကားတန်းကြီး လာပြီဆိုရင် လမ်းဘေးကနေ လက်ပြကြ အော်ကြ ပေါ့ ။

ဦးနေဝင်းကလည်း ပြုတင်းပေါက်လေး ဖွင့်ပြီး ကလေးတွေကို လက်ပြန်ပြ နှုတ်ဆက်လေ့ရှိသတဲ့ ။ တနေ့ သူ့ကားဖြတ်သွားတုန်း ကလေးတွေ ခါတိုင်းလို နှုတ်ဆက်ကြတာ မတွေ့လို့ သူ့ PSO မေးတယ် ။ ကျူးအိမ်တွေ ဖယ်ခိုင်းလိုက်လို့ပါဆိုပြီး ပြန်ဖြေတော့ ဆဲသတဲ့ ။


မြန်မာတိုင်းရင်းသားတွေ မြန်မာ့မြေပေါ်မှာ နေတာ ဘာကျူးလဲကွ ဆိုပြီး ကျူးတွေအတွက် တောင်ဥက္ကလာ နဲ့ မြောက်ဥက္ကလာဆိုပြီး မြို့သစ်ဖော် နေရာပေးခဲ့သတဲ့ ။

ဖြစ်စဥ် ( ၂)
------------------------

The Terminal ဆိုတဲ့ဇာတ်ကားထဲမှာ မင်သားတွမ်ဟမ့်က ပြည်သူအများကြီး နစ်နာမယ့် ကိစ္စရပ်ကို စာအုပ်ကြီးအတိုင်း လုပ်ချင်နေတဲ့ သူတွေကို ပြောတဲ့ စကားလေးက......

" အချို့ကိစ္စတွေမှာ စည်းမျဉ်းစည်းကမ်း၊ဉပဒေတွေထက် လူတွေကို ပိုပြီးတန်ဖိုးထားဖို့လိုတယ်ကွ.."

ဖြစ်စဥ် ( ၃)
-------------------

ဆရာသက်နိုင်ဦးက ပြောတယ် အစိုးရအလုပ်ရဲ့ အဓိက အကျဆုံးအချက်က ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးဖို့ပဲ တဲ့ ။ ခြေလျှင်သမားကို စက်ဘီးစီးနိုင်အောင် ၊ စက်ဘီးသမားကို ဆိုင်ကယ်စီးနိုင်အောင် ၊ ဆိုင်ကယ်သမားကို ကားစီးနိုင်အောင် စီမံခန့်ခွဲနိုင်ရမတဲ့ ။

ဥပဒေရှိတယ် သို့သော် ဥပဒေနဲ့ အညီ ပြည်သူတွေ စားဝတ်နေရေးအတွက် ရှာဖွေဖို့ ၊ လူနေမှုအဆင့်မြင့်မားအောင် ဆောင်ရွက်ဖို့ ခက်ခဲနေရင် ပြည်သူနဲ့ကိုက်ညီမယ့် ဥပဒေ ပြန်ပြင်လိုက်ရုံပေါ့ တဲ့ ။


OK ဒါတွေက လတ်တလော ဖြစ်နေရတဲ့ လိုင်စင်မဲ့ယာဥ် ပြဿနာတွေနဲ့ ပက်သက်ပြီး ပြောချင်လာလို့ နိဒါန်းပျိုးထားတာတွေပါပဲ ။

နှစ်ပေါင်းများစွာ စည်းပျက် ကမ်းပျက် ( မှောင်ခိုတားဆီးရေးဂိတ် တာဝန်ကျတွေရော ၊ အရောင်း အဝယ် ပြုလုပ် သုံးစွဲနေသူပြည်သူများရော) အသားကျလာတာ ကြာပါပြီ ။

ဒီတော့ မကြာခင် ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ့် တပ်မတော်က နှစ်ပေါင်းများစွာ စည်းကမ်းမရှိ ဖြစ်နေတဲ့ လိုင်စင်မဲ့ယာဥ် ကိစ္စကို အပြတ်ရှင်းဖို့ ရည်သန်ပြီး ဆောင်ရွက်ကြပါရော ( သူက မဲ မလိုတဲ့ အစိုးရမို့ မဲ လိုပြီး လုပ်ရခက်မယ့် ပါတီအစိုးရ အတွက် အမိုက်ခံပြီး လုပ်ပေးတာပါ) မဟုတ်ရင် ဒီလိုင်စင်မဲ့ ပြဿနာက နောက်ထပ် နှစ်ပေါင်းများစွာ လိပ်ခဲတင်းတင်း ဖြစ်နေအုံးမှာပါပဲ ။

လိုင်စင်မဲ့ကိစ္စကို မသိကျိုးနွံပြုနေရင်လည်း တိုင်းပြည်အတွက် အခွန်ငွေ များစွာဆုံးရှုံးမယ် ၊ အခွန်ဆောင်နေရတဲ့ လိုင်စင်ကားအုံနာတွေလည်း လိုင်စင်မဲ့တွေ ပြောင်းစီးလာနိုင်ပါတယ် ။ ဒီလိုလည်း မဖြစ်သင့်တဲ့ ပြဿနာကိုး ။

ယာဥ်တိုက်မှုပြဿနာ ၊ အကြမ်းဖက်တွေရဲ့ လိုင်စင်မဲ့ယာဥ်သုံးပြီး ရာဇဝတ်မှုကျူးလွန်နေတဲ့ ပြဿနာ နဲ့ အထွေထွေ ပြဿနာတွေ အများကြီးပါ ။

လိုင်စင်မဲ့ယာဥ်ကို ကားချည်းသက်သက် ယခုလို ဖမ်းဆီးမယ်ဆိုရင် ကျနော်တို့ လုံးဝ ရေငုံနှုတ်ပိတ်နေမိမှာ အမှန်ပါပဲ ။ ယခုတော့ ဆင်းရဲသားအများစု လုပ်ကိုင်စားသောက်နေရသော ဆိုင်ကယ်များ နဲ့ ဘေးတွဲများထိ ဖမ်းဆီး သိမ်းဆည်းပါတယ် ။ ပိုဆိုးတာက လူတွေကိုပါ ထောင်ဒဏ်ချပစ်နေတာ ကြားရပါတယ် ။

လိုင်စင်မဲ့ကား သိန်း ၅၀ အထက် ဝယ်နိုင်သူကို လူလတ်တန်းစား စာရင်းသွင်းလို့ ရနိုင်ပေမယ့် ဆိုင်ကယ်အဆင့်ကျတော့ ဆင်းရဲသားအဆင့်ထိ ထိခိုက်မှု ကြီးမားကြီးနေပါတယ် ။ နစက အနေနဲ့လည်း ဆိုင်ကယ် ဘေးတွဲ တို့ရဲ့ မိသားစုများ၏ ငို ရှိုက်သံတွေကို ကြားရမှာပါပဲ ။


ဘယ်လို ဆောင်ရွက်သင့်ကြောင်း အကြံပြုသူတွေ အများကြီးပါပဲ ။ ထောင်ချထားသူတွေ ၊ တရားစွဲထားသူတွေကို ဖြေလျော့ပြီး လွှတ်ပေးသင့်ပါတယ် ( သူခိုး ဂျပိုး တွေတောင် မကြာခဏ လွှတ်ငြိမ်းချမ်းသာခွင့် ပြုနေတာပဲလေ) ။ လူလွတ်ပေးပြီး ဆိုင်ကယ် / ဘေးတွဲများအတွက် သင့်တော်တဲ့ အကြံပြုချက်များအတိုင်း WIN - WIN ပေါ်လစီသို့ ပြောင်းလဲ ကျင့်သုံးသင့်ပါပြီ ။

လောလောဆယ် စီမံချက်အရ PDF အကြမ်းဖက်တွေ ဘယ်လောက်ထိခိုက်တယ်တော့ မသိရပါဘူး ။ ဆင်းရဲသားပြည်သူများကတော့ မိသားစုလိုက် ဘဝပျက် ငိုကြွေးနေကြရပါပြီ ။

တပ်မတော်အနေနဲ့ ဆန္ဒမဲ မလိုအပ်တာ မှန်ပေမယ့် ပြည်သူ့မေတ္တာကတော့ အမြဲလိုအပ်နေမယ့် အရာဖြစ်ပါတယ်လို့ အကြံပြုပါတယ် ခင်ဗျာ ။ နိဒါန်းပါ ဖြစ်စဥ် ၃ မျိုးအား ဖတ်ရှုပြီး သင့်တော်သည့် ပြင်ဆင်မှုမျိုးအား ပြုပြင်နိုင်စေဗျာ ။

ကိုရွှေမျိုးဝင်း
သတိထားရမယ့် သွေးခွဲတိုက်စစ်
============================

လေမျိုးဝင်း အတွက် 4C ရဲ့ စကားလက်ဆောင်

စစ်အာဏာရှင် စနစ်မှာ အာဏရှင်ကို သက်ဆိုးရှည်ဖို့အတွက် ထောက်တိုင်တွေ ထားကြတာ ထုံးစံပါ။ ထောက်တိုင် ဆိုရာမှာ အကြမ်းဖျင်း ပြောရရင် (၂) မျိုး ရှိပါတယ်။ပထမ တစ်မျိုးက လုပ်ပိုင်ခွင့် အာဏာရရှိထားတဲ့ အဖွဲ့အစည်းတွေပါ ။ အာဏာရှင်ရဲ့ လက်ပါးစေ လူရင်း ပါးကွက်သားတွေလို့ ပြောရင်လဲ မမှားပါဘူး ။ သူတို့မှာ လုပ်ပိုင်ခွင့် အာဏာရော လက်နက်ပါ ရှိကြတယ် ။
{ အဲဒီလို မင်းပြောတဲ့ ပထမတမျိုးက ရှိကို ရှိရမယ့် အဖွဲ့အစည်းလေ ၊ ဒီထက်ပိုပြီး အင်အားတိုးချဲ့ရမယ် ၊ အများပြည်သူ အားကိုးထောက်ခံလာအောင် သတင်းတည်ဆောက် ၊ အနုပညာနဲ့ပေါင်းစပ်ပြီး ပြည်သူကြားပျံ့နှံအောင် ဆောင်ရွက် ဒါဆို တိုင်းပြည်အတွက် very good ပေါ့ }

ဒုတိယ တစ်မျိုးက ပြည်သူနဲ့ ထိတွေ့ဖို့ ကြားခံထားတဲ့ လော်ဘီအုပ်စုပါ။ လက်ဗလာ အုပ်စုတွေပေါ့ ။ လက်ရှိ မင်းအောင်လှိုင်ရဲ့ အခင်းအကျင်းမှာ မဘသ မျိုးညစ် အုပ်စုဟာ ဒီအမျိုးအစားထဲမှာ ပါတယ် ။ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံရေးမှာ သူတို့ အသာစီးရနေရင်၊ နောက်တချက်က ကြားခံအုပ်စုကို လိုသလို အသုံးချလို့ ရနေရင် အရိုးအရင်း ပစ်ကျွေးထားပြီး ခိုင်းစားနေပါလိမ့်မယ် ။

{ ငါရီချင်တယ်ကွာ... မင်းပြောနေတဲ့ ဒုတိယ အုပ်စုဆိုတာ မိမိအသိ မိမိခံယူချက်နဲ့ တိုင်းပြည်ကို တကယ်ချစ်လို့ အိတ်စိုက်လူမိုက် လုပ်နေတဲ့သူတွေပဲများပါတယ်ကွာ ။ 😂 ဘာတဲ့ အရိုးအရင်း ကျွေးသတဲ့လား...မျိုးချစ်ချန်နယ်တွေထဲမှာ ငါ့ချန်နယ်ဆိုရင် သိပ်မညံ့တဲ့ စာရင်းထဲပါတာပေါ့ကွာ.. ဟေ့ကောင်ရေ ငါတောင် ဘေလ် တထောင်ဖိုး အကူအညီ ၊ ရွှေဖီဦး တထုပ် မရဖူးဘူးဟ ကျန်တဲ့သူတွေဆို ပိုဆိုးတော့မပေါ့ကွာ 😂 မျိုးချစ်စိတ် အရင်းခံ လုပ်နေကြတာ ဟ 😂😂 }

အဲ အာဏာရှင်တွေ အခြေအနေ မကောင်းတော့ဘူး ဆိုရင်တော့ ပထမဆုံး ဖြုတ်ထုတ်သတ် လုပ်ခံရမယ့် အုပ်စုက မင်းတို့ ကြားခံ အုပ်စုတွေပါပဲ။ မဘသတွေ အသုတ်ခံရတော့မယ် ဆိုတဲ့အကြောင်းကို ရှေ့မှာ တစ်ခါရေးခဲ့ဖူးလို့ ကိုယ့်စာတွေ အမြဲဖတ်နေတဲ့ လေမျိုးဝင်း သတိထားမိပါလိမ့်မယ် ။

{ မင်းက ဟာသ အတော်ပြောတတ်တယ်နော 😂 အခြေအနေမကောင်းရင် ပိုပြီး အားကိုးကြမှာပေါ့ ဟ ။ ဖြုတ်ထုတ်သတ် လုပ်ရအောင် ဗကပ မျိုးဆက် PDF မှ မဟုတ်တာ }

ဆိုတော့ လက်ရှိ ဖြစ်နေတဲ့ အဘသားကြီးတွေနဲ့ မင်းတို့ မဘသ မျိုးညစ် အုပ်စုကြားက ပြသနာမှာ (တခါတရံမှာ ဘေးလူက ပိုမြင်တတ်တာမို့) ဘေးလူ အနေနဲ့ ပြောရရင် ဒီပွဲမှာ ငနှိုက်အုပ်စုကို မင်းတို့ မဘသတွေ လုံးဝ (လုံးဝ) မယှဥ်နိုင်ပါဘူး ။

{ ရန်တိုက်ကတော့ ကျွမ်းသကွာ ခါတော်မှီ ပြဿနာကို အရင်းပြုပြီး ကြံဖန်လုပ်ဇတ်ခင်းပြန်ပြီ ။ မင်းပြောတဲ့ အုပ်စုနဲ့ ဘာယှဥ်စရာလိုလဲကွ သူတို့အလုပ် သူတို့လုပ်ကြပေါ့ ။ ငါတို့အလုပ် ငါတို့လုပ်ကြ ဒါပဲလေ ငါတို့အလုပ်က ဘာလဲ သိလား..? မင်းတို့လို ပြည်ဖျက်မီဒီယာတွေကို ပြန်တိုက်ဖို့ပဲ ရှင်းတယ်နော်..}

အပေါ်မှာ ပြောခဲ့သလိုပဲ ဒီကောင်တွေက လက်နက်ကိုင်ထားတဲ့ အုပ်စု၊ လူတိုင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ဖို့အထိ အခွင့်အာဏာ ရရှိထားတဲ့ ပါးကွက်သားကောင်တွေပါ ။ မင်းတို့တွေကို ကြောက်အောင် ခြောက်နေတာ မဟုတ်သလို ဒီကောင်တွေအကြောင်း ငါပြောတာတွေက အမှန်ပဲ ဆိုတာ မင်းလဲ သိနေပါလိမ့်မယ် ။

{ မင်းပြောမှ သေးတောင်ပေါက်ချင်လာတယ် ၊ ကြောက်လို့မဟုတ်ဖူး ရီချင်လို့ 😂 ဟကောင် မျိုးဝင်းက အင်းစိန်ပြန်လေကွာ ဧည့်ရိပ်သာထဲမှာ ထားပြီး စစ်ကြောရေးလုပ်တယ် ၊ စားချင်တဲ့အချိန် မီးဖိုချောင်ထဲ ဝင်စားတယ် ၊ ကိစ္စပြီးတော့ ပုဒ်မ ၅၀၅ နဲ့ ရဲစခန်းပို့တယ် ။ တောင်ဒဂုံ စခန်းမှူးက အကျိုးအကြောင်းမေးတယ် ။ အဲဒီ စခန်းမှူးကပဲ ထမင်းဆိုင်ကနေ နေ့တိုင်းထမင်းဝယ်ကျွေးတယ် တနေ့ ၃ နပ်နော် ၊ မင်းပြောတဲ့ ပါးကွပ်သားတွေက အဲသလိုကွ ကိုယ်တွေ့ပါကွာ 😂😂}


အဲ့တော့ ဆက်ပြီး မမိုက်ချင်စမ်းပါနဲ့ကွာ။ ဘေးရှောင်သွားလို့ သွေးကြောင်တယ် ဆိုပြီးတော့လဲ မင်းကို ဘယ်သူကမှ မလှောင်ပါဘူး။ လူဆိုတာ အသက်ရှည်ရှည် နေတတ်ရတယ်။အထူးသဖြင့် အဘဘောကို ဖက်တွယ်ရင်း အချင်းချင်း ပြန်သုတ်ခံရတဲ့ ဘဝကြီးက ရင်နာစရာပါကွာ။မင်း ရပ်သင့်နေပြီ လေမျိုးဝင်း..။ #4C_TruthNews

{ နိဂုံးဖတ်ပြီးမှ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိတယ်ကွာ ၊ အကြမ်းဖက် ချန်နယ်ထဲက Subscribers 146.6 ရှိနေတဲ့ ပရိတ်သပ်အများဆုံး ချန်နယ်ပိုင်ရှင် ငဖိုးစီလေး ငါ့ကို အတော်ကြောက်နေပါလားလို့ ပေါ့လေ 😂 ခြောက်လိုက် ချော့လိုက် ကလေးအထာတွေ သုံးပြီး စာမရေးပါနဲ့တော့လို့ တကူးတက လာပြောနေရတာ ကြည့်ပြီး သနားလာပြီ 😂 }

           ကိုရွှေမျိုးဝင်း
{ သွေးခွဲတဲ့သူကတော့ ဂွင်ကောင်းစောင့် ခွဲနေမှာပဲ... မခိုင်တဲ့ကျောင်း ပြိုပေါ့လေ...}
Without အောင်မင်း သို့
=====================

- အမှန်တရားမြတ်နိူးပါတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ တပ်မတော်နဲ့တပ်မတော်ခေါင်းဆောင်တွေကိုအမျိုးမျိုးဖေါင်းထုနေတဲ့ လေမျိုးဝင်းတို့အုပ်စုကိုမေးချင်တာပါ ၊၊

{ Without အောင်မင်းရေ ငါရေးသမျှဟာ အသားလွတ် ဖောင်းထုတာ တခုမှ မပါဘူး ၊ သတင်းအတိအကျနဲ့ ဖြစ်စဥ်မှန်တွေကို ဖော်ထုတ်တင်ပြခဲ့တာချည်းပဲ ၊ ဒါကြောင့် တိုင်းပြည်အတွက် ၊ ပြည်သူအတွက် အကျိုးရှိစေမယ့် ဆောင်ရွက်ချက်တွေကို နစက နဲ့ တာဝန်ရှိသူတွေ ဖြည့်ဆီး ဆောင်ရွက်ပေးခဲ့တာချည်းပဲ ။ နောက်ပြီးတော့ ငါက တကိုယ်တော် ဘယ်အဖွဲ့အစည်း ဘယ်လူပုဂ္ဂိုလ်နဲ့ မပက်သက်ဖူး ရှင်းတယ်နော် }

- ခင်ဗျားတို့တကယ်အမှန်တရားကိုမြတိနိူးတာလား ၊ အခုတင်ထားတဲ့သတင်းကိုခင်ဗျားရေးရဲလား ၊ ပါတီကြီးတစ်ခုရဲ့အရိပ်ကိုခိုပြီး မြန်မာငွေကျပ်သိန်းပေါင်း(၆)သောင်းကျော်လိမ်လည်မှု့နော် ၊ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီးခံစားခဲ့ရသူတွေရဲ့အင်တာဗျူတွေကျွန်တော်မှာရှိတယ် ( ဒါကအမြည်းဘဲရှိသေးတယ်) ၊၊

{ အမှန်တရား မြတ်နိုးခြင်း မမြတ်နိုးခြင်းဆိုတာမျိုးကို ငါ ကိုယ့် ငါ တခါမှ ကြွားဝါ မကြွေးကြော်ခဲ့ဖူးဘူး ။ ရေးသားခဲ့တဲ့ စာတွေ နဲ့ လုပ်ဆောင်ချက်တွေ ရပ်တည်ချက်တွေကြည့်ပြီး ပရိတ်သတ်က သူတို့ဘာသာ သူတို့ သတ်မှတ်ကြလိမ့်မယ် ။ ဘယ်အကြောင်းအရာ ဘယ်စာ ရေးမယ်ဆိုတာ ငါ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ ဘာလို့လဲ ဆိုတော့ ငါက ဇက်ကြိုးတန်းလန်းနဲ့ ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ် စေရာသွားနေရတဲ့ ဘဝ မဟုတ်ဖူး အောင်မင်းရေ }

-  ခင်ဗျားရေးချင်တယ်ဆိုကျွန်တော်ကိုဆက်သွယ်လိုက်ပါ ၊၊

{ စိတ်တောင်မကောင်းဘူး မင်းက မင်းကို နိုင်ငံခြားက ငွေကုန်ခံပြီး ပြန်ခေါ်လာရတဲ့ ကိုမုတ်ဆိတ်ကို သတ်ဖို့ကြံစည်တယ် ( ဖွင့်တောင်ပြောလိုက်သေး) ၊ ဇာနည်ထိုက်နဲ့ ပွဲဖြစ်အောင် စီစဥ်ကူညီသူ သူဌေးတယောက်ကို မင်းက မိုက်မိုက်ရိုင်းရိုင်း ဆဲဆို ဆက်ဆံခဲ့တာ ကတော့ ငါ့နားနဲ့ ဆတ်ဆတ်ကြားခဲ့ရတယ် ။  လူတယောက်ကို နေပြည်တော်မှာ သတ်ဖို့ လိုက်ရှာတယ် ( live တောင်လွှင့်လိုက်သေး) ၊ တပ်မတော်ထောက်ခံသူ သတင်းသမား လိပ်စာကို PDF တွေ သတ်နိုင်အောင် လိပ်စာလိုင်းပေါ်တင်တယ် ၊ နေစရာ စားစရာ မရှိလို့ ကြံခိုင်ရေးက ကူညီပေးခဲ့တယ် ၊ ပါတီပုံရိပ်ထိခိုက်အောင် အမျိူးသမားရေး သမားတိုင်းနဲ့ ရန်ဖြစ်တယ် ဒီတော့ နှင်ထုတ်တယ် ၊ နှင်ထုတ်တော့ နှစ်ရက်မခြားဘူး ကျေးဇူးကန်းတော့တာပဲ ဒါတွေကြောင့် မင်းလိုကောင်ရဲ့ ဖုန်းနံပါတ်ကို ဖျက်ပစ်လိုက်ပြီ ။ ကျေးဇူးကန်းတတ်သူဆီမှာ ကောင်းမြတ်တဲ့အရာ ဘာတခုမှမရှိဘူးလို့ ဆိုသကိုးကွ }

-  အဲ့ဒီကိစ္စနဲ့ထဲထဲဝင်ဝင်ပက်သက်နေသူက ခင်ဗျားနဲ့လက်တကမ်းအကွာမှာဘဲရှိတယ် ၊

{ နိုင်ငံကျော် သတင်းထောက်တဲ့ကွာ ငါ့ဘေးမှာ ငါပဲရှိတယ် ဟ ဘယ်လိုများ သတင်းစုံစမ်းပါလိမ့် }

-  ကျွန်တော်ကို ခင်ဗျားကဘာကြောင့်မရေးတာလဲလို့တော့မမေးနဲ့ ရေဘေးကိစ္စနဲ့ပက်သက်ပြီးသတင်းရေးဖို့လုပ်လို့ အဲ့ဒီဝန်းထဲကမောင်းထုတ်ခံရပြီးပြီ ၊ (မှတ်ချက်အနေနဲ့ပြောချင်တာက ဒါတွေကပါတီနဲ့တော့တိုက်ရိုက်မပက်သတ်ဘူး ပါတီပုံရိပ်ကိုအကာအကွယ်ယူပြီးကိုယ်ကျိုးစီးပွါးရှာနေသူတစ်စုကြောင့်ဒါတွေဖြစ်လာတာ)

{ ကိုယ်တိုင် သတ္တိရှိရှိ မရေးရဲပဲ ဘာဆင်ခြေတွေ ပေးနေတာလဲကွ ၊ နှင်ထုတ်လို့ ကျေးဇူးတောင် ကန်းပြီးမှပဲ မင်းမလုပ်ရဲတဲ့ အကုသိုလ် ဘာရှိနေသေးလို့လဲ ယောကျာ်းပဲ ကိုယ်တိုင်ရေးပေါ့ဟ ၊ ခြောက်နေလို့လား ခြောက်နေရင်လည်း တပ်ချုပ်ကြီးနဲ့ လက်ဆွဲနှုတ်ဆက်ပြနေသေးတာပဲ တိုက်ရိုက်သွားတင်ပြလိုက်လေ  .. လခွမ်း မဆီမဆိုင် ငါ့လာပြီး ဆွဲထည့်နေတယ် }

မှတ်ချက် ။       ။ Without အောင်မင်းလို့ ခေါ်တာ စိတ်မဆိုးနဲ့ ( ဆိုးလည်း စောက်ဂရုမစိုက်ဘူး) မင်းက သက်တန်းလွန် ဗီဇာ နဲ့ နေ နေရတဲ့သူမဟုတ်လား... ဒါကြောင့်ခေါ်တာ ? မင်း အလွန်အမင်း ကြွားဝါနေတဲ့ ကျုပ်က တရားဝင် မိီဒီယာဆိုလား.. မီဒီယာဥပဒေကို လေ့လာအုံးမှ နိုင်ငံခြားသားကို မြန်မာနိုင်ငံမှာ တရားဝင်မီဒီယာထူထောင်ခွင့်ပြုထားပြီလားလို့ ။

            ကိုရွှေမျိုးဝင်း