မြင်းခြံခရိုင် 15 - 5 - 2025
တောင်သာမြို့နယ် ထနောင်းကုန်း ၊ ငန်းဇွန်မြို့နယ် ငန်းမြှာကြီး ၊ နွားထိုးကြီးမြို့နယ် ထန်းဇင် ၊ မြင်းခြံမြို့နယ် အမှတ် ၁၈ အရှေ့ဖျား ၊ ကျောက်ပြုတ်ရွာ တို့မှာ PDF တို့ တိုက်ပွဲဖော်ဆောင်ကြပါတယ် ။
ကျောက်ပြုတ်ရွာ ပြည်သူ့စစ်စခန်းအား PDF တို့ တိုက်ခိုက်ရာမှ အကြမ်းဖက် PDF ၃ လောင်း နှင့် သေနတ် ၂ လက် အား ရရှိခဲ့ကြောင်း သတင်းရရှိပါတယ် ။
ကိုရွှေမျိုးဝင်း

ပြဿနာ ပေါင်းစုံနဲ့ ယနေ့ထိ အပုပ်ချ ခံနေရဆဲ ၁၉၉၀ ရွေးကောက်ပွဲ အပြီး အာဏာလွှဲမပေးခဲ့ရတဲ့ အကြောင်းရင်း......မဖတ်ဖူးသူတွေအတွက်....
{အတိတ်က ဇာတ်လမ်းလေး}
=========================
နဝတအစိုးရဟာ ၁၉၇၄ ခြေ / ဥ ကို ဖျက်သိမ်းလိုက်တော့ သူ့ဆီမှာ ကိုးကားစရာ အခြေခံဥပဒေ မရှိတော့ပါဘူး ။ ဒီတော့ မာရှယ်လောအရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များနဲ့ ထုတ်ပြန် အုပ်ချုပ်ခဲ့ရပါတယ် ။
၁၉၈၉ ခုနှစ်မှာ
"ပြည်သူ့ရွေးကောက်ပွဲ ဥပဒေ "
ကို အမိန့် အမှတ် ၁၄ / ၈၉ နဲ့ ထုတ်ပြန်လိုက်ပါတယ် ။ ဤရွေးကောက်ပွဲသည်
"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ရွေးကောက်တင်မြှောက်နိုင်ရန်သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း "
ဥပဒေအဖွင့်မှာ ရှင်းလင်းစွာ ရေးသားခဲ့ပါတယ် ။
( အလုံးစုံသော အာဏာ ၃ ရပ်အား လွှဲပြောင်းပေးအပ်ရန် မဟုတ်သေး လို့ အဓိပ်ပါယျရပါတယျ)
အဲဒီ အဖွင့်ကြောင့် ရွေးကောက်ပွဲ မကျင်းပခင်မှာပဲ Asiaweek မဂ္ဂဇင်းက အင်တာဗျူးမှာ ဒေါ်စုကြည်ကို ဒီဖွင့်ဆိုချက်ရဲ့ အဓိပ္ပါယ်ကို သိပါသလားလို့ မေးမြန်းခဲ့ပါတယ် ။ ဒေါ်စုကြည်တယောက် ၁၄ / ၈၉ ရဲ့ ဆိုလိုချက်ကို တိတိကျကျ မသိသေးကြောင်း သူ့ရဲ့ ဝေ့လည်ကြောင်ပတ် အဖြေတွေက သက်သေခံနေပါတယ် ။
၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးနောက် တပ်မတော်ကို ခေါင်းဖြတ်ပြီးကိုယ်ပဲယူမယ် ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရတော့ Asiaweek မဂ္ဂဇင်းကပဲ ဦးကြည်မောင် နဲ့ အင်တာဗျူးမှာ တပ်မတော်အပေါ် ဘယ်လိုသဘောထားမလဲ မေးကြည့်ပါတယ် ။
"ခင်ညွှန့်လိုလူကတော့ ဒီ နုရင်ဘတ်ခုံရုံးလို အသံတွေကြားရင် သူ့နောက်ကျောသူ ဘယ်လုံမလဲ"
ဆိုပြီးဖြေခဲ့ပါတယ် ။
(ယခု အပုပ်ချနေတဲ့ နောက်ကြောင်း မပြန်ရ ဥပဒေ ပုဒ်မ ၄၄၅ ဆိုတာ အဲလိုအသံတွေကြောင့် ပါဝင်ခဲ့တာပါ)
အဲဒီ အင်တာဗျူး တွေ့ပြီး နောက် ၂ ပတ်လောက် 27-7-1990 မှာပဲ နဝတကနေ အမိန့် အမှတ် ၁/၉၀ ကို ထုတ်ပြန်ခဲ့ပါတယ် ။ အဲဒီ အမိန့်စာထဲမှာ ၁၄ / ၈၉ ရဲ့ ထုတ်ပြန်ချက် အဓိပ္ပါယ်တွေကို ထပ်မံ ရှင်းပြခဲ့ပါတယ် ။
- ၁၉၉၀ ရွေးကောက်ပွဲ ရည်ရွယ်ချက်သည် ခြေ/ဥ ရေးဆွဲနိုင်ရန် ကိုယ်စားလှယ်ရွေးသည့် သဘောသာ ရည်ရွယ်ကြောင်း
(ယင်းကိုလည်း ၁၄/၈၉ နိဒါန်းမှာ ရှင်းလင်းစွာ ပြဌာန်းထားကြောင်း)
- ယင်းလွှတ်တော်မှ အခြေခံဥပဒေရေးဆွဲအတည်ပြုပြီးမှသာ အလုံးစုံသော အာဏာကို လွှဲပြောင်းပေးမည် ဖြစ်ကြောင်း
- ယာယီအခြေခံဥပဒေဖြင့် အာဏာမလွှဲပေးနိုင်ကြောင်း
အတိအလင်း ထပ်မံရှင်းလင်း ထုတ်ပြန်ခဲ့ပါတယ် ။ အဲဒီလို အခြေအနေအရ NLD ပါတီဟာ ဥပဒကြောင်း အရသော်လည်းကောင်း ၊ အင်အားအရာအရသော် လည်းကောင်း နဝတ ရဲ့ အစီအမံကို မလှန်နိုင်ပဲ ခြေ / ဥ ရေးဆွဲရာမှာ ပါဝင်ခဲ့ရပါတယ် ။
NLD အမတ် ၈၀ ကျော်ဟာ ယခု ၂၀၀၈ ခြေ / ဥ ရဲ့ ပထမဆုံး အခန်းကြီး ၃ ခန်း နဲ့ ဒုတိယခန်း ၃ ခန်းရဲ့ တဝက်ခန့် အထိ ပါဝင်ဆွေးနွေး သဘောတူပြီး ဖြစ်ပါတယ် ။
ဒါပေမယ့်
" မြန်မာ့မြေပေါ်မှာ မည်သည့်နိုင်ငံခြားတပ်ကိုမျှ အခြေချတပ်စွဲခွင့် မပြုရ"
ဆိုတဲ့ ပုဒ်မကို အတည်ပြုပြီးချိန်မှာ အမေရိကန်က နိုင်ငံခြားရေးဝန်ကြီး မက္ဘရင်းအောဘရိုက် ချက်ခြင်း ပြေးလာပြီး ဒေါ်စုကြည် နဲ့ ၂ ကိုယ်ကြား ဆွေးနွေးပြီးနောက် NLD ပါတီဟာ ခြေ / ဥ ရေးဆွဲရာကနေ ထွက်ခွါသွားပါတယ်
( အသေးစိတ် ပို့စ် တင်ဖူးပါတယ်)
ကဲ အဲဒါတွေကတော့ ၁၉၉၀ ရွေးကောက်ပွဲရဲ့ သရုပ်မှန်တွေပါပဲ ။ ကျနော်တို့ ရေးနေတာတွေဟာ အထောက်အထား မပါပဲ ရေးနေတာ မဟုတ်ပါဘူး ။ နဝတရဲ့ ၁၄/၈၉ တို့ ၁/၉၀ တို့ကို ပြန်ကြည့်မယ်ဆိုရင် အမှန်တရားကို မြင်တွေ့နိုင်ပါတယ် ။
တပ်မတော် နဲ့ ပြည်သူ စိတ်ဝမ်းမကွဲစေဖို့ အမှန်တရားကို တတ်စွမ်းသရွှေ့ ဖော်ထုတ်နေခြင်းသာ ဖြစ်ပါတယ် ။ ကလိမ်ကကျစ် နိုင်ငံရေးသမားများရဲ့ အောက်တန်းစား အပုပ်ချမှုများမှ ပြည်သူအပေါင်း လွတ်မြောက်၍ အမှန်တရားကို သိမြင်လာကြပါစေဗျာ ။

ရွေးကောက်ပွဲသံတွေ ကြားလာရတော့ အသစ် အသစ်သော အစိုးရများအတွက်.....
အသဲကွဲချိုချဉ် နဲ့ သူခိုးများအကြောင်း
=============================
လစာနဲ့ နှိုင်းမရအောင် ချမ်းသာသွားကြတဲ့ ဗိုလ်ချုပ်ကြီးတွေကို အကြောင်းပြုပြီး သူခိုးတွေ ဆိုပြီး တိုက်ခိုက် ပြောဆိုနေကြတဲ့ အကြောင်း လေ့လာကြပါစို့ ။
စစ်အစိုးရ ခေတ်မှာ စီးပွားရေး အပြောင်းအလဲ လုပ်လာကြပါတယ် ။စျေးကွက်စီးပွားရေး ဖွင့်လိုက်တယ် ။ တည်ဆောက်ရေး လုပ်ငန်းတွေ သန်းနဲ့ ချီပြီး လုပ်ကိုင်ခဲ့ရတယ် ။
ခွင့်ပြုချက်ပေးနိုင်တဲ့ ဗိုလ်ချုပ်တွေရဲ့ အိတ်ထဲကို ကံထရိုက်လုပ်ငန်းရှင်တွေက သူ့ထက်ငါ အလုအယက် ဝင်ထွက်ပြီးအပေးအယူ လုပ်ကြရပါတယ် ။
အနည်းဆုံး ပရောဂျက်ရဲ့ 10 % ပေးကြပါတယ် ။ သိန်း တသောင်းတန် ပရောဂျက် အတွက် သိန်း တထောင်ဟာ ဗိုလ်ချုပ်တွေရဲ့ အိမ်တော်တွေဆီကို နည်းမျိုးစုံနဲ့ ဝင်သွားကြပါတယ် ။ မူလတုန်းက ပြောင်ပြောင်တင်းတင်း ယူခဲ့ကြတဲ့ စီနီယာဗိုလ်ချုပ်ကြီးတွေဟာ အစုလိုက် အပြုံလိုက် ဦးခင်ညွှန့် လက်စာ မိသွားကြပါတယ် ။
ဂျူနီယာများ အလှည့်မှာတော့ ပညာပါလာပါပြီ ။ အလှူအတန်းတွေ မင်္ဂလာဆောင်တွေ မှာ ကူငွေ နဲ့ လက်ဖွဲ့ငွေများ အဖြစ် ပုံစံပြောင်းပြီး ရယူခဲ့ကြပါတယ် ။ နောက် ဗိုလ်ချုပ်တွေပိုင်တဲ့ တန်ဖိုးနည်း ပစ္စည်းကို မတန်တဆစျေး နဲ့ ပေးဝယ်ကြတာမျိုး လှည့်စားလာကြပါတယ် ။
အဲလိုနဲ့ ခရိုနီတွေနဲ့ ဗိုလ်ချုပ်တွေ ချမ်းသာလာကြပါတယ် ။ နောက်ပိုင်းမှာ ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ အမျိုးတွေကိုယ်တိုင် ကုမ္ပဏီထောင်ပြီး ၂ သီးစား လုပ်ကြရင်း ပိုမို ချမ်းသာလာကြပါတယ် ။
အဲလိုလုပ်လို့ ဘယ်လောက်ချမ်းသာမလဲ ဆိုတာ လေ့လာကြည့်ပါ ။ သန်းပေါင်း သိန်းနဲ့ ချီပြီး ကုန်ကျခဲ့တဲ့ တည်ဆောက်မှုတွေ ဘယ်လောက် များနေပါသလဲဆိုတာကို ပါ ။ နေပြည်တော် တခုတည်းကိုပဲ တွက်ဆမရပါဘူး ။
ဟုတ်ကဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အဲလိုနည်း နဲ့ ချမ်းသာကုန်ပါတယ် ။ အဲလို လုပ်ပိုင်ခွင့်ရဖို့ကလည်း ရာထူးအဆင့်ဆင့် ဖြတ်သန်းလာရတာ နှစ် ၃၀ လောက် အသက်စွန့် လုပ်ခဲ့ရပြီး မသေမပြတ် မှ ပြစ်မှုကင်းမှ ရနိုင်တာပါ ။
ယခု NLD ပါတီက လူကြီးမင်းများ ချမ်းသာကုန်တာကလည်း ဒီနည်းထက်မလျော့ဘူးခင်ဗျ ။ ဥပမာ မွန်ကြီးချုပ် ဒေါက်တာအေးဇံဟာ အောင်သပြေကားလမ်း အမှတ် ၂ ဖောက်လိုက်တာ တင်ဒါမခေါ်ဘူးဗျ ။ တန်ဖိုးက သန်း တထောင်ပါ ။ သူ့အတွက် အနည်းဆုံး သိန်းတထောင် နည်းပေါင်းစုံနဲ့ ရနိုင်ပါတယ် ။ NLD. ဆိုတော့ ရိုးသားပြီး ယူမယ်မထင်ပါဘူးလေ😁😁😁😁😁😁😁
လေယာဉ်ခြုံရှင်းခ တို့ ကွီးဖြိုးရဲ့ မြို့သစ်စီမံချက်တို့ ၊ YP ဓါတ်ဆီဆိုင်နေရာတွေကို အလကား နီးပါး စျေးနဲ့ ရောင်းခဲ့တာတွေဟာ ပြည်သူတွေ အတွက် ဖြစ်မှာပါလို့ ယုံကြည်ကြပါသလား ?
နောက်တချက် ပါတီရုံး မြေနေရာတွေ ယူကြတဲ့ ကိစ္စပြောချင်ပါတယ် ။ ကြံ့ခိုင်ရေးက စပါတယ် ။ မြို့တိုင်းမှာ ပလပ်မြေဆိုတာ ရှိပါတယ် ။ အဲဒီမြေတွေကို တရားဝင် လျှောက်ပြီး ရယူခွင့်ရှိပါတယ် ။ ပေးခြင်း မပေးခြင်းကတော့ သက်ဆိုင်ရာ ဌာနတွေရဲ့ သဘောပါပဲ ။
အာဏာရ အစိုးရရဲ့ လျှောက်ထားမှုကို ဘယ်ဌာနက ငြင်းမလဲ ? အဲလိုနဲ့ ပိုင်ဆိုင်သွားကြပါတယ် ။
င်္ဒတော့ အာဏာပိုင် အစိုးရများဟာ မိမိရရှိထားတဲ့ အာဏာသက်တမ်းအတွင်း မိမိပါတီအတွက် ရသမျှအခွင့်အလမ်း အကုန်ယူနေကြပါတယ် ။ အစိမ်းရော အနီရော အတူတူပါပဲ ။
ကျနော် အဖြစ်မှန်လေး တခု ပြန်ပြောပြပါမယ် ။ မန္တလေးမှာ ကျောင်းတက်နေစဉ်ကပါ ။ ကျနော်နဲ့ အခန်းဖော် ၂ ယောက်ရှိပါတယ် ။ တယောက်က ဇော်ဦးတဲ့ တယောက်က အောင်နိုင်ဦးတဲ့ ။ အောင်နိုင်ဦးက ကောင်မလေး တယောက်ကို ကြိုက်နေတော့ အဲဒီမိန်းကလေး အဆောင်ကို ခဏခဏသွားကြပါတယ် ။
အားလုံးကလည်း ရင်းနှီးပြီးသားတွေပါ ။ တနေ့ ကျနော်တို့ ၃ ယောက် အဲဒီမိန်းကလေး အဆောင် သွားလည်ကြတော့ အပြန်မှာ အောင်နိုင်ဦးရဲ့ ကောင်မလေးက ချိုချဉ်အထုပ်ကြီး တထုပ်ကို ကိုမျိုးတို့ စားဖို့ ဆိုပြီး ပေးလိုက်ပါတယ် ။
အောင်နိုင်ဦးက ချိုချဉ်ထုပ်ကြီး ယူထားပြီး အဆောင်ရောက်တော့ ကျနော် နဲ့ ဇော်ဦးကို တယောက် ၅ လုံးဆီပေးပါတယ် ။ နောက်ပြီးတော့ သူ့သေတ္တာထဲ ထည့်ထားတယ်ဗျ ။ ကျနော်တို့က ဘယ်ကျေနပ်မလဲ ဟိုက အားလုံးစားကြဆိုပြီး ပေးလိုက်တာကိုး ဗျ ။
ဇော်ဦး နဲ့ တိုင်ပင်ပြီး ညကျမအိပ်သေးပဲ စောင့်နေကြပါတယ် ။ အောင်နိုင်ဦးအိပ်သွားမှ သူ့ဆီက ချိုချဉ်ထုပ်ကြီး ပြန်ခိုးယူပြီး ထပ်ယူကြပါတယ် ။ ဇော်ဦးက အလုံး ၂၀ လောက် ယူပါတယ် ။ ကျနော် သွန်ချလိုက်တော့ ၂၃ လုံးလောက် ဖြစ်သွားပါတယ် ။
ဇော်ဦးက မင်းများတယ်ဆိုပြီး ၅ လုံးထပ်ယူပါတယ် ။ သူက ကျနော်ထက်များတော့ ကျနော်က ထပ်ယူပါတယ် ။ ဒီလိုနဲ့ အိတ်ကြီးထဲမှာ ချိုချဉ် ၂၀ လောက်ပဲ ကျန်မှ လက်စ သပ်ရပါတယ် ။
မနက်လင်းတော့ အောင်နိုင်ဦးက ချိုချဉ်တွေ ပျောက်လို့ ဆူပွဆူပွပြောတာပေါ့ ။ ၃ ယောက်ထဲရှိတော့ ငြင်းမရဘူးလေ အေးကွ မင်းက လူလည်လုပ်ပြီး ငါတို့ကို ၅ လုံးဆီပဲ ပေးလို့ ခိုးစားကြတာ လို့ ပြောတော့မှ သူက ပြန်ပြောတယ် ။

တကယ်တန်းကျတော့ အဲဒီချိုချဉ်က သူ့ချိုချဉ်ထုပ်ကြီးပါတဲ့ ။ သူကြိုက်နေတဲ့ ကောင်မလေးကို ပေးလိုက်ပြီး ညနေကြတော့ သူ့ကို ပြန်ချစ်ရင် သူ့ရှေ့မှာစားပြပါလို့ တောင်းဆိုထားတာတဲ့ ။ အဲဒါ ကောင်မလေးက မချစ်ဖူးဆိုတဲ့ သင်္ကေတနဲ့ အထုပ်လိုက်ကြီး ပြန်ပေးလိုက်လို့ အသဲကွဲလာရတာတဲ့ ။
အဲဒါကြောင့် သူ့ရဲ့ အသဲကွဲချိုချဉ်မို့ ကျနော်တို့ကို ၅ လုံးဆီပဲ ပေးတာပါတဲ့ ။ သိဘူးလေ သူခိုးကတော့ စားဖို့ သိတာပဲ 😁😁😁😁
ဟဲ ဟဲ ဟဲ ဇော်ဦး နဲ့ မျိုးဝင်း အသဲကွဲချိုချဉ်ကို အပြိုင်အဆိုင် ခိုးကြသလို အာဏာရပါတီများလည်း ပြည်သူ့မြေတွေ အပြိုင်ခိုးနေကြတာ ကုန်သလောက်ပါပဲ ။
ပြောချင်တာက လုပ်ပိုင်ခွင့်ထဲကနေ နည်းမျိုးစုံနဲ့ ခိုးနေကြတာ အားလုံး အတူတူပဲ ။ သယံဇာတတွေ ရောင်းစားနေကြတာ အားလုံးအတူတူပဲ ။
- တိုင်းပြည်ဖွံ့ဖြိုးအောင် ဘယ်သူပိုလုပ်နိုင်သလဲ ?
- တရားဥပဒေစိုးမိုးအောင် ဘယ်သူ ပိုလုပ်ပေးနိုင်သလဲ ?
- အမျိုးသား အကျိုးစီးပွားအတွက် ဘယ်သူက ပိုလုပ်ပေးနိုင်မလဲ ?
- အမျိုး ဘာသာ သာသနာ အတွက် ဘယ်သူက ပိုပြီး စောင့်ရှောက်ကူညီနိုင်မလဲ ?
- စစ်မှန်ပြီး မိမိယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့် ပညာရေး ဘယ်သူပိုပြီး ပြဌာန်းမလဲ ?
- အရေးပေါ်ကာလမှာ ဘယ်သူက ပြည်သူကို စနစ်တကျ ကူညီထောက်ပံ့နိုင်မလဲ ?
- အချုပ်အခြာအာဏာပိုင်စိုးသော နိုင်ငံအစစ်အမှန်အဖြစ် ဘယ်သူကတည်ဆောက်နိုင်မလဲ ?
အဲဒီအချက် အဲဒီ ပေတံတွေနဲ့ တိုင်းထွာပြီး အစိုးရကောင်း ရွေးချယ်ကြပါစို့ ။ လောလောဆယ်တော့ အစိမ်းရော အနီရော လုပ်ပိုင်ခွင့်သုံးပြီး ငွေရှာတယ် မြေရှာတယ် အတူတူပါပဲဗျာ ။
ကြာရင် အသဲကွဲချိုချဉ် အိတ်ခွံပဲ ကျန်ပါတော့မယ် ။

မတွေးတတ်တဲ့ စာတစောင်
========================
စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် ကင်မွန်းတော် ပြည်သူ့စစ်ရွာက အကူညီတောင်းလာကြပြန်တယ် ။ မုံရွာ နဲ့ ချောင်းဦးက ၁၄ မိုင် တဲ့ ။ ချောင်းဦးနဲ့ ကင်မွန်းတော်က ၃ မိုင် ပဲ ဝေးသတဲ့ ။
ချောင်းဦးမြို့နယ်ထဲမှာ ရွာပေါင်း ၈၀ ရှိပြီး ပြည်သူ့စစ်ရွာ ၃ ရွာပဲ ရှိသတဲ့ ။ ကံဇီးရွာကတော့ 19-9-2024 ကတည်းက ပြာကျသွားပြီတဲ့ ။ ကင်မွန်းတော်ရွာကို လာပေါင်းပြီး ငတ်နေကြသတဲ့ ။
အဲဒီ ငတ်နေရတဲ့ ရွာ ၂ ရွာက သူတို့ငွေတွေနဲ့ ဝယ်ထားတဲ့ ရိက္ခာ သိန်း ၃၀၀၀ ဖိုး ချောင်းဦးမြို့မှာ ရှိသတဲ့ ။ တနှစ်ကျော်ထိ လာမပို့နိုင်ဘူးတဲ့ ၃ မိုင်ပဲ ဝေးတာနော် ( အခုလောက်ဆို ပုပ်သိုးကုန်တာ များနေလောက်ပြီ) ။ အဲဒီအကြောင်း စစ်ကိုင်း ဝန်ကြီးချုပ်ဆီ စာတင်ထားသတဲ့ ။
ဗလာစာအုပ်လေးထဲ ရေးထားတဲ့ စာလေးကို ဓာတ်ပုံရိုက်ပြီး ကျနော့်ဆီ ပူးတွဲ ပေးပို့ အကူညီ တောင်းခံလာပါတယ် ။ ကျနော်လည်း အတော် စဥ်းစားရ ကြပ်သွားပါတယ် ။ တောသားတွေက လက်မှတ်လည်း ထိုးမထားကြဘူးလေ ရွာအမည်ပဲ ရေးထားကြတာ တောသားတွေဆိုတော့ နားမလည်တာလား ဘာလား ပေါ့ ။
ဘာကြောင့်လည်း ဆိုတော့ မုံရွာနဲ့ ၁၄ မိုင်အကွာက ချောင်းဦး နောက်ထပ် ၃ မိုင်အကွာက ကင်းမွန်းတော် ဆိုတော့ တိုင်းစစ်ဌာနချုပ်ကြီးနဲ့ ၁၇ မိုင်အကွာ ( အမြှောက်တကမ်းတောင် မကွာတဲ့ ခရီး) ဘယ်နယ့် ပြည်သူ့စစ်ရွာ ရိက္ခာ နှစ်ချီပြတ်ရမယ်လို့.....
ဟာ..အရင်က ဖရဲသီးတွေကြောင့် ဆိုလည်း ဖြစ်နိုင်တာပဲဗျ ။ ဒါပေမယ့် လက်ရှိ တိုင်းမှူးအသစ် လက်ထက်မှာတော့ ပြည်သူ့စစ်ရွာတွေကို ရိက္ခာချပေးသတဲ့ ။ မုံရွာဝန်းကျင်မှာလည်း PDF မရှိတော့ဘူးလို့ နိုင်ငံကျော် ဆယ်လီဆရာတွေ ရဲရဲတင်းတင်း ပြောနေကြလေရဲ့.....
( လက်တွေ့ မြေပြင် ရောက်အောင်သွားပြီး လေ့လာပြောဆိုနေခဲ့ကြတော့လည်း သူတို့စကား မယုံလို့မရဘူးလေ)
ဒီတော့ကား မုံရွာမြို့ကြီးနဲ့ ၁၇ မိုင် အကွာက ကင်းမွန်တော်ပြည်သူ့စစ်ရွာက ( ကံဇီး အပါဆို ၂ ရွာပေါ့) ရိက္ခာတွေ ပြတ်နေတာ PDF တွေ ဝိုင်းထားပါတယ်ဆိုတဲ့ သတင်းက ဂျင်းလား စဥ်းစားရပြီလေ ။
- နမခ ကို နာမည်ဖျက်ချင်လို့ တမင်လာပြောသလား...?
- အမှန်တကယ် ရိက္ခာပြတ်လပ်နေသလား....?
- သိန်း ၃၀၀၀ ဖိုး ဝယ်ထားပြီး ချောင်းဦးမြို့မှာ သိမ်းဆည်းထားကြရတာ မှန်သလား...?
- မုံရွာဝန်းကျင် PDF မရှိတော့ဘူး အေးချမ်းနေပြီ ဆိုတဲ့ ဆယ်လီကြီးတွေ သတင်းက ခိုင်မာသလား....?
ဒါတွေ ဘယ်လိုမှ မတွေးတတ်တော့လို့ ကင်မွန်းတော်ရွာက တကယ်ဒုက္ခရောက်နေတုန်းလား ။ လိမ်ညာပြီး နမခကို သိက္ခာကျအောင် လုပ်နေသလား ( တွေးကြည့်လေ ၁၅၅ မမ တကမ်းတောင်မဝေးတဲ့ တိုင်းစစ်ဌာနချုပ်ကြီးရဲ့ အနီးအနားက ရွာလေ) မစဥ်းတတ်ဘူး ။
ဒါကြောင့် နစက လူကြီးတွေဆီ လက်ရေးမူလေးကို ပေးပို့လိုက်ပါတယ်ဗျာ ။ ကင်မွန်းတော်ရွာက စာကို မူလက ပူးတွဲ တင်ပြမလို့ပါပဲ ဒါပေမယ့် အင်အားတွေပါ ပါရှိနေလို့ ချန်လှပ်ထားလိုက်ရတာ နားလည်ပေးပါဗျာ ။

အမှန် အမှား ပြန်ကြားနိုင်ပါစေ
=========================
16 - 5 - 2025 တုန်းက မိတ္ထီလာက မိတ်ဆွေဆီက ဖုန်းဝင်လာတယ် ။ ကိုယ်တွေက မန္တလေးကနေ ပြန်လာနေချိန်မှာပေါ့ ။ မန္တလေးကနေ ရန်ကုန်ကို ပြန်လာနေပြီ ဆိုတော့ မိတ္ထီလာကို အချိန်ရရင် ဝင်ပေးပါအုံး အရေးကြီးတဲ့ အကူအညီ လိုနေလို့ပါတဲ့ ။
ကိုယ့်မိတ်ဆွေ ဆိုတော့ မိတ္ထီလာကို ဝင်ခဲ့ပါတယ် ။ တွေ့ကြတော့ အကြောင်းစုံပြောပြကြပါတယ် ။ မိတ်ဆွေနဲ့အတူ ပြည်သူ့စစ် ဒု ခေါင်းဆောင်ရယ် ၊ အခြားပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း ပါလာကြပါတယ် ။
မိတ္ထီလာမြို့ အဝင်အထွက် ထွန်းညိုလူတိုးဂိတ်ရှိ စစ်ဆေးဂိတ်မှာ စစ်ဆေးနေကြတုန်း လူငယ်တယောက်ရဲ့ မှတ်ပုံတင်က ပြည်သူ့စစ်မှုထမ်း တာဝန်ကျရာကနေ တပ်ပြေးစာရင်းထဲ ပါနေတယ် ။ ဒီတော့ လူငယ်လေးက ပြောသတဲ့ ကျနော့်ကို ငွေပေးရင် ပြန်ရမယ်ဆိုလို့ သိန်း ၇၀ ပေးပြီး ပြန်လွတ်လာတာပါလို့ ထွက်ဆိုသတဲ့ ။
အဲဒီ အကြောင်းကို မိတ္ထီလာ ပြည်သူ့စစ်ခေါင်းဆောင် ဇော်ယုထွန်းက ဆိုရှယ်မီဒီယာမှာ ရေးတင်လိုက်ပါတယ် ။ မိတ္ထီလာနယ်ထဲက ရွာတွေမှာ ငွေကြေးကောက်ခံနေကြပြီး မိမိရွာထဲမှာ စစ်မှုထမ်းဖို့ မဆင့်ခေါ်ကြောင်း အာမခံသော်လည်း တခြားမှာ အဖမ်းခံရရင် အာမမခံဘူးလို့ ဆိုပါတယ် ။
ယခု အခါ အပြင်မှာတွေတဲ့ လူငယ်တွေကို ဖမ်းဆီးပြီး ငွေ မပေးနိုင်ရင် စစ်မှုထမ်းခိုင်းနေတယ်လို့ မိတ္ထီလာ ပြည်သူ့စစ်ခေါင်းဆောင်က မီဒီယာမှာ ဖော်ပြလာပါတယ် ။ တာဝန်ရှိသူတွေ မရိုးမသားလုပ်နေကြောင်း ၊ စစ်မှုထမ်းကိစ္စဟာ ရှောင်လွှဲမရကြောင်း ရေးသားခဲ့ပါတယ် ။
ရေးသားပြီး ၂ ရက်အကြာမှာပဲ ကိုဇော်ယုထွန်းကို ၅၀၅ နဲ့ ဖမ်းဆီး တရားစွဲကြပါတယ် ။ အဲဒါကြောင့် ဌာနေ ပြည်သူ့စစ်များက ရနိုင်သမျှ အဆက်အသွယ်များနဲ့ တရားမျှတမှုအတွက် ကူညီတောင်းခံကြတာပါပဲ ။
ဒီလို ပြဿနာတွေက တနိုင်ငံလုံး ဖြစ်နေတာပါ ။ စစ်မှုထမ်းဗဟိုရဲ့ ကြီးကြပ်မှု အားနည်းခြင်း ၊ ဒု ချုပ်ကိုယ်တိုင် ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ ပက်သက်ပြီး ငွေကြေးတောင်းခံမှုတွေ ကြားသိရကြောင်း အရေးယူမယ် ဘာညာကွိကွ နဲ့ တိုင်းသိပြည်သိ မိန့်ခွန်းပြောခဲ့ပေမယ့် ဗမာ့ထုံးစံအတိုင်း လေထဲကစကား လေထဲမှာ ပျောက်နေလို့ ဒီပြဿနာတွေ ကြားနေရတာပါပဲ ။
ကိုဇော်ယုထွန်းရဲ့ ပြဿနာအတွက် အမှားအမှန်ကတော့ တရားရုံးကပဲ ဆုံးဖြတ်ပါလိမ့်မယ် ။ အဓိကကျတဲ့ သက်သေကတော့ ညိုထွန်းလူဂိတ်မှာ စစ်ဆေးခဲ့တဲ့ ထွက်ချက်ပါပဲ ။
တကယ်တန်းကျတော့ တရားစွဲသူ နဲ့ အစွဲခံရသူ ကိုဇော်ယုထွန်းတို့ဆိုတာ တရင်းတနှီး ပေါင်းနေကြရတဲ့ သူတွေပါပဲ ။ ပြည်သူ့စစ်ဆိုတာ တိုင်းပြည်လိုအပ်ချက်အတွက် ပေါ်လာရတဲ့ သူတွေပါပဲ ။ အချင်းချင်း ညှိနှိုင်းလိုက်ရင် အလွယ်တကူ ပြေလည်သွားရမယ့် ကိစ္စဖြစ်ပါတယ် ။
ဘယ်သူမှားတယ် မှန်တယ် မသိရသေးတဲ့ ပြဿနာမို့ ကျနော်တို့ ဘာမှ ပြောမရသေးပါဘူး ။ ( စစ်ဆေးဂိတ် ကိစ္စ မဟုတ်မှန်ပဲ ကိုဇော်ယုထွန်း ရေးခဲ့ရင် သူမှားပါတယ် ။ ဟုတ်မှန်ခဲ့ရင်တော့ တရားစွဲအဖွဲ့ မရိုးသားတာလား ၊ ဖရဲသီးလား တခုခု ဖြစ်ရပါ့မယ်)
ကျနော့်ကို အကူညီတောင်းတဲ့ မိတ်ဆွေ နဲ့ ပြည်သူ့စစ်များအတွက် ကျနော်ကူညီနိုင်တာကတော့ ညိုထွန်းလူဂိတ်က စစ်ဆေးချက်မှတ်တမ်း ရအောင်ကျိုးစားနေပါတယ် ( ရဖို့ 90 % ) ။ လက်ထဲရောက်လာခဲ့ရင် အဲဒီ စာနဲ့အတူ နစက လူကြီးတွေဆီ ရောက်အောင် ပို့ပေးပါမယ် ။ ကျန်တာကတော့ မိတ္ထီလာပြည်သူ့စစ် ခေါင်းဆောင် ကိုဇော်ယုထွန်းရဲ့ ကံတရားပါပဲ ။
ကိုဇော်ယုထွန်းရဲ့ ပို့စ် မူရင်းကို ပူးတွဲ တင်ပြလိုက်ရပါတယ် ။ မိတ္ထီလာနယ်က ဒေသခံတွေရဲ့ မန့်တွေကနေလည်း အမှန်တရားဖော်ထုတ်နိုင်ဖို့ မျှော်လင့်မိပါတယ် ။

ရေကြည် မြက်နုဖို့ ဆိုတာ
========================
မြန်မာပြည်ရဲ့ လက်တလောပြဿနာအဖြစ် အလုပ်သမားတွေ ဆန္ဒပြနေတဲ့ အရေးကိစ္စကို တွေ့လာရပါပြီ ။ ပထမဆုံး ဝင်ငွေကိစ္စလေ့လာကြည့်ကြပါစို့ ။
အိမ်နီးခြင်း ထိုင်းမှာ အနိမ့်ဆုံး လုပ်အားခ တနေ့ ၃၃၀ ဘတ် ( 50490 ကျပ် 18 - 5 - 2025 ပြင်ပပေါက်စျေး) ။
လာအိုမှာ အနိမ့်ဆုံးလုပ်အားခ တရက် 43000 ကျပ် ။
မြန်မာပြည်မှာ တရက် အနိမ့်ဆုံး လုပ်အားခ ၅၂၀၀ ကျပ် ။
ကွာဟချက်ကတော့ မြင်တဲ့ အတိုင်းပဲ ။ ကုန်စျေးနှုံးတက်နေတဲ့ အရှိန်ကို လုပ်အားခက အလျှင်မှီအောင် လိုက်မရတဲ့အခါ ဒီပြဿနာဖြစ်လာရတာပါပဲ ။
မြန်မာအစိုးရ အဆက်ဆက်ရဲ့ လုပ်အားခစျေးချိုရင် ငါတို့ဆီကို ပြည်ပရင်းနှီးမြှပ်နှံမှုတွေ ဒလဟော လာကောင်းပါရဲ့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်အားခကို ထိုင်းနဲ့ယှဥ်ရင် ၁၀ ဆလောက် သက်သာအောင် သတ်မှတ်ထားတာ တွေ့ရပါတယ် ။
OK အဲသလို လုပ်ထားလို့ လာတဲ့သူတွေလည်း လာကြပါတယ် ။ သို့သော် ၂ ဖက်စလုံး မှန်းချက်နဲ့ နှမ်းထွက် မကိုက်ကြပါဘူး ။ ဘယ်လိုပြဿနာတွေလည်း ဆိုတော့.....
- မြန်မာလုပ်သား အများစုဟာ စံချိန်စံညွှန်း နဲ့ မလုပ်တတ်ကြပါဘူး ။ စားရုံပဲ ရနေတဲ့ လုပ်အားခအတွက် ကျိုးစားဖို့ ဆိုတာ သူတို့ရင်ထဲ မရောက်ကြပါဘူး ။ ဒီတော့ ကုမ္ပဏီအတွက် သတ်မှတ်အရည်အသွေး ၊ သတ်မှတ်အချိန်မှာ ပြီးစီးရမယ့် အရေအတွက် မပြီးစီးခြင်း ဆိုတဲ့ အခက်အခဲတွေ တွေ့လာရပါတယ် ။
- နောက် တိုင်းပြည် မတည်ငြိမ်လို့ တမျိုး ၊ လျှပ်စစ်ဓာတ်အားပြဿနာ နဲ့ လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး ပြဿနာတွေ က ပြည်ပရင်းနှီးမြှပ်နှံမှုတွေကို ဟန့်တားထားပါတယ် ။
ပြည်ပလုပ်ငန်းရှင်တွေအတွက် အရေးကြီးဆုံး အခက်အခဲတွေ ဖြစ်တဲ့ မြေနေရာ ၊ လမ်းပမ်းဆက်သွယ်ရေး ၊ လျှပ်စစ်ကဏ္ဍ ၊ ရင်းနှီးမြှပ်နှံမှု အခွန်အခများ ၊ ခက်ခဲစွာကျော်ဖြတ်ကြရတဲ့ ကြိုးနီ စနစ်များက အဓိပြုပြင် ဖြည့်ဆီးပေးရမယ့် အချက်တွေပါပဲ ။
မြေနေရာ အလွန်ပေါပါသေးတယ် ၊ ဇုံအသစ်ဖော်ထုတ်ပြီး နှစ် ၃၀ free လုပ်ခွင့်သာပေးလိုက်ပါ ၊ အလကားနေရင်း မြေငှားစားနေတဲ့ လူတွေ ပက်လက်လန်သွားပါ့မယ် ။
လမ်းပန်းဆက်သွယ်ရေးအတွက် ဒီခေတ်မှာ မခက်ခဲတော့ပါဘူး ရက်ပိုင်း လပိုင်းအတွင်း လွယ်လင့်တကူ လုပ်လို့ရနေပါပြီ ။
လျှပ်စစ်ကဏ္ဍအတွက်လည်း တကယ်လုပ်ချင်ရင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစနစ် စက်ရုံကို ၂ လလောက်နဲ့ တပ်ဆင်ထုတ်လုပ်လို့ ရနေပါပြီ ။ လျှပ်စစ်ရှိပြီဆိုရင် ရေ အတွက် ပူစရာမလိုတော့ပါဘူး ။
ပြည်သူတွေ အလုပ်အကိုင် ရရှိရေးအတွက် စေတနာမှန်ရင် အခွန်အခတွေကို ကာလတခု သတ်မှတ်ပြီး ဖြေလျှော့ယူပေးရပါ့မယ် ။
ကြိုးနီစနစ်ရဲ့ စိတ်ပျက်ဖွယ် အဖုအထစ်တွေကို အတတ်နိုင်ဆုံး ဖြေလျော့ပေးရပါ့မယ် ။ ကြိုးနီစနစ်ဆိုတာ တကယ်တန်း လိုအပ်ချက်က နည်းနည်းပါ ဝန်ကြီးဌာနအသီးသီးရဲ့ မိမိဌာန အရေးပါကြောင်း ပြချင်လို့ ရစ်ပြ ထစ်ပြနေကြတာ များများမို့ လုပ်ချင်အလွယ်လေးပါ ။
နောက်လွယ်မလိုနဲ့ ခက်ခဲတာ အလုပ်သမား အရည်အချင်းပဲ ။ မြန်မာတွေ အလုပ် မလုပ်တတ်ကြသေးပါဘူးဆို မနာကြပါနဲ့ ။ မြန်မာလုပ်သား ၁၀၀၀ တနေ့ ( အလုပ်ချိန် ၈ နာရီ) အထည် ၁၀၀၀၀ ပြီးရင် တခြားနိုင်ငံမှာ ၃၀၀၀၀ ပြီးတယ်ဗျ ။
ဒီတော့ ကျနော်တို့ လုပ်သားတွေကို ခြေမြန် လက်မြန် အဆင့်မှီ ကွာလ်တီ ထုတ်လုပ်နိုင်အောင် လေ့ကျင့်ပေးရမယ် ။ တကယ်လုပ်ရင် ဖြစ်ပါတယ် ကိုယ်တိုင် နိုင်ငံခြားမှာ တခြားတိုင်းပြည်က လူတွေနဲ့ အပြိုင် လုပ်ပြနိုင်ခဲ့ပါတယ် ။
လုပ်ငန်းခွင်အတွက် စာချုပ်မချုပ်ဆိုခင် လုပ်ရမယ့် စက်ရုံမှာ စမ်းသပ်အလုပ်ကာလ နှစ်ပတ်လောက် လုပ်ခိုင်းကြည့်ရပါ့မယ် ။ စက်ရုံရဲ့ သတ်မှတ်အရည်အသွေး သတ်မှတ် အရည်အတွက် လုပ်နိုင်၏ မလုပ်နိုင်၏ ပေါ့ ။
လုပ်နိုင်သူဆိုမှ စာချုပ်ချုပ်ရပါ့မယ် ။ လုပ်အားခကိုလည်း အနည်းဆုံး ထိုင်းရဲ့ ထက်ဝက်လောက်တော့ ထည့်သွင်းချုပ်ဆိုသင့်ပါပြီ ။
မလုပ်နိုင်တဲ့ အလုပ်သမားကို သူနဲ့ သင့်တော်မယ့် အခြားစက်ရုံအလုပ်ရုံများထံ အလုပ်ရရှိရေးအတွက် ရှာဖွေပေးရပါ့မယ် ။ ဥပမာ ထုတ်လုပ်မှု လုပ်ငန်းစဥ် မလုပ်နိုင်သူများ အတွက် လုံခြုံရေး ၊ သန့်ရှင်းရေး ၊ ထုပ်ပိုးရေး ၊ သယ်ယူရေး အစရှိတဲ့ လုပ်ငန်းစဥ်များအား ရှာဖွေခန့်ထားနိုင်ရပါ့မယ် ။
မိသားစုများ နဲ့ ချစ်ခင်ရသူများကို ခွဲခွာပြီး သူတပါးတိုင်းပြည်တွေမှာ သွားရောက် လုပ်ကိုင်နေကြရတာဟာ ရေကြည်ရာ မြက်နုရာကို ရွေ့ပြောင်းလုပ်ကိုင်ကြရတဲ့သဘောပါ ။ ဘယ်သူမှ ပျော်လို့ သွားလုပ်နေကြတာ မဟုတ်ပါဘူး ။
ကိုယ့်ဆီမှာ ရေကြည်ပြီး မြက်နုအောင် ဘယ်ပါတီ ဘယ်အစိုးရက လုပ်ပေးနိုင်မလဲ စောင့်ကြည့်ရပါ့မယ် ။ ပြည်သူ့အကျိုးထက် အစိုးရအကျိုး ပါတီအကျိုး ကြည့်နေတဲ့ အစိုးရမျိုး မဲ မထည့်မိဖို့တော့ အရေးကြီးတာပေါ့လေ ။
ကိုရွေမျိုးဝင်း

အဆမတန် ယောင်နေလို့😁😁
=======================
'' ငမျိုးရေ လိုင်းပေါ်မှာ အရမ်း Hot နေတဲ့ လေယာဥ်ပျံပေါ်က သီချင်းသံကိစ္စ ဟာသဖြစ်အောင် လုပ်စမ်းပါအုံး ဟ. သူများတွေ ဟားပြနေတာ သဘောကျစရာတွေကွ ''
'' အမှန်ကတော့ လိမ်ရင်း လိမ်ရင်း နဲ့ လက်လွန် ကြက်သွန် ဖြစ်ကုန်တာဗျ သူတို့အဖြစ်က အရီသန်တဲ့ ဆရာဝန်မလေး ကြုံခဲ့ရတဲ့ လူနာ အဖြစ်ရောက်သွားတာ ''
'' အေး လုပ်စမ်းပါအုံ ဟ ဘယ်လိုကြုံတာလဲ''
'' အရီသန်တဲ့ ဆရာဝန်မလေး ဆီကို အရှက်ကြီးတဲ့ လူပျိုကြီး တယောက်ရောက်လာတယ် ရွာမှာလည်း ဆရာဝန်က အဲဒီ တယောက်ရှိတာကိုး ''
'' အင်း ဒီတော့ ''
'' ဆရာမရယ် ကျနော့်ရောဂါကို သိရင် မရီပါဘူးလို့ ကတိပေးပါ ကျနော်က ရှက်တတ်လို့တဲ့ ''
'' စတွေ့ပြီပေါ့ ဘာရောဂါလဲ ဟ ''
'' ဆရာဝန်မလေးကလည်း မရီပါဘူး ကတိပေးပြီး ရောဂါမေးတော့ လူပျိုကြီးက ရှက်ရှက်နဲ့ သူ့ဟာလေး လှန်ပြပါရော ''
''ဟိုက်.. တကယ်ရောဂါဟေ့ အမျိုးသမီးဆရာဝန်မ နဲ့ တော့ တွေ့ပြီ ''
'' ဆရာဝန်မက သူ့ပစ္စည်းကြည့်ပြီး ရီချင်စိတ်ကို မနည်းထိမ်းထားရသတဲ့ ရီချင်ဆို လူပျိုကြီး ပစ္စည်းက လသားကလေး ဆိုဒ် ပိစိညှောင့်တောင့်လေးကိုး ဗျ ''
'' ဟိုက် ဘာဆက်ဖြစ်လဲ ဟ ''
'' ဆရာဝန်မက ရီချင်တဲ့စိတ်ကို အံကြိတ်ပြီး မနည်းထိမ်းပြီး မေးလိုက်တယ် ရှင့်ဟာက ဘာဖြစ်လို့လဲ တဲ့ ''
'' အင်း...ဘာတဲ့လဲ ''
'' သူ့အဖြေလည်း ကြားရရော မရီပါဘူး ကတိပေးထားတဲ့ ဆရာဝန်မလည်း ဘယ်လိုမှ အောင့်မထားနိုင်ပဲ ဟားတိုက်ရီလိုက်တာ လူပျိုကြီးလည်း ရှက်ပြီး ပြန်ပြေးရပါရောလား ''
'' ဟေ ဘာရောဂါမို့လို့လဲ ကွ ''
'' အဆမတန် ယောင်နေလို့ ဆရာမတဲ့ ''
'' ဟားးးးလခွမ်း ဆရာဝန်မ မပြောနဲ့ ငါတောင် မထိမ်းနိုင်တော့ဘူး ဟ နင့်ဟာက ယောင်လို့သာပဲ မယောင်ရင် မုန့်လက်ဆောင်ဖက်လောက် ရှိမယ်ထင်ပါ့ ကွာ''
'' ဟဲ ဟဲ အဲဒီ လူပျိုကြီးလိုပဲ ပြောလေ ရှက်စရာ ကောင်းလေ ဖြစ်နေရတဲ့ နီတုံးလေးတွေပါဗျာ ထပ်မပြောချင်တော့ပါဘူး ''
'' အေး အေး မပြောချင်လို့သာပဲကွာ မင်းပြောမှ နီတုံးလေးတွေခမျှာ မုန့်လက်ဆောင်ဖက်လောက် နဲ့ လူစဥ်မမှီကို ဖြစ်လို့ ''

အာဏာ လောဘဇော
===================
1988 တုန်းက အရေးအခင်းမှာ ပါတီစုံ ဒီမိုကရေစီ တောင်းဆိုလာကြတယ် ။ OK လုပ်ပေးမယ် ဆိုပြီး အဲဒီ အချိန်က သမ္မတကြီး ဒေါက်တာမောင်မောင်က ကတိပေး လိုက်လျောခဲ့တယ် ။ ရွေးကောက်ပွဲ လုပ်ပေးဖို့တောင် အကြမ်းဖျင်းအချိန် သတ်မှတ်ပေးလိုက်တယ် ။
အမှန်ဆိုရင် ပွဲပြီးပြီလေ ။ သို့သော် နိုင်ငံရေးအာဏာ ငမ်းဖမ်းပြီး လောဘဇော ငယ်ထိပ် ကပ်နေကြတဲ့ နိုင်ငံရေးသမားတွေက တဆင့်တက်လာကြပြန်တယ် ။ ဘာတဲ့ ကြားဖြတ်အစိုးရ ချက်ခြင်းဖွဲ့ပြီး အာဏာလွှဲပေးရမတဲ့ ။ အကြမ်းဖက်လူသတ် ၊ လုယက် ခြိမ်းခြောက်ပြလာတော့ တပ်မတော်က အာဏာသိမ်းလိုက်တယ် ။
၁၉၉၀ မှာ ရွေးကောက်ပွဲ လုပ်ပေးတယ် ။ ရွေးကောက်ခံတွေ အပါအဝင် ခြေ / ဥ ရေးဆွဲကြပါ ၊ ခြေ / ဥ အသစ် အတည်ပြုပြီးရင် အာဏာလွှဲပေးပါ့မယ် ဆိုတော့လည်း အာဏာအဆိပ်တက်နေတဲ့ NLD က ချက်ခြင်းလွှဲပေးရမယ် လုပ်ပြန်ရော ။ ခြေ / ဥ ကို သူတို့အစိုးရဖြစ်ပြီးမှ ဆွဲမတဲ့ ။
တပ်မတော်က အဲသလို လုပ်လို့ မဖြစ်ဘူး ။ ပါတီတခုထဲက ခြေ / ဥ ကို ရေးဆွဲရင် အဲဒီ ပါတီ ထာဝရ အနိုင်ရအောင် ဥပဒေတွေ ထည့်ဆွဲသွားမယ့် အခြေအနေရှိတယ် ဒါကြောင့် အများသဘောတူမယ့် ခြေ /ဥ ဆွဲပြီးမှ အာဏာလွှဲပေးမယ်လို့ အကြောင်းပြန်တယ် ။
အဲဒါကိုပဲ ချက်ခြင်းမလွှဲလို့ ဆိုပြီး စိတ်ကောက်ပြီး သပိတ်မှောက်ထွက်သွားတယ် ။ ဦးသန်းရွှေက သူ့မူအတိုင်း ခြေ / ဥ ကို အများသဘောတဲ့ အချက်တွေနဲ့ ( NLD က လွဲလို့ပေါ့) ရေးဆွဲခဲ့တယ် ။
အမှန်ဆိုရင် ၁၉၉၀ ကတည်းက ရေးဆွဲခဲ့ကြရင် ၂ နှစ်အကြာ ၁၉၉၂ လောက်မှာ အာဏာရနိုင်ပေမယ့် နိုင်ငံရေးအာဏာ လောဘဇောကြောင့် ၂၀၁၀ ကြမှ အပြောင်းအလဲ ဖြစ်ခဲ့ကြရတယ် ။ ၁၉၈၈ တုန်းက အသာတကြည် ပြောင်းလဲခဲ့ရင် ၂၂ နှစ် စောပြီး ဒီမိုကရေစီ ရခဲ့ကြမှာပါ ။
ကဲ အများဆန္ဒအရ ၂၀၀၈ ခြေ / ဥ အောက်ကနေ ၂၀၁၅ မှာ NLD အာဏာရလာပါပြီ ။ သူတို့ ဦးစီးကျင်းပရမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပိုးစိုးပက်စက် မဲခိုးပြီး အာဏာဆက်ရဖို့ ကြိုးစားကြတယ် ။ ရွေးကော် ဥပဒေကို အကြောင်းပြုပြီး အာဏာထပ်ရဖို့ မရိုးမသားကြံစည်တာပါ ။
Mother Law ဖြစ်တဲ့ ၂၀၀၈ ကို မကြေညက်ပဲ လူလည်ကျတဲ့ NLD ကို တပ်မတော်က ၂၀၀၈ နဲ့ အရပဲ အာဏာထိမ်းပြီး ဆုံးမလိုက်တယ် ။ ခြေ / ဥ အရ ၂ နှစ် အကြာမှာ ရွေးကောက်ပွဲ ကျင်းပပြီး နောက်အစိုးရကို အာဏာလွှဲပေးရမယ် ။
သို့သော် ၂ နှစ်တာ ကာလသည် သာမန် အခြေအနေဟု သတ်မှတ်ထားသော ကြောင့် တိုင်းပြည်မတည်ငြိမ်မှုကို အကြောင်းပြုပြီး အာဏာဆက်ယူထားတဲ့ နစက အနေနဲ့ ( သာမန် အခြေအနေ မဟုတ်ဖူးပေါ့လေ အရေးပေါ် အနေအထားမို့ ဆိုတဲ့ အကြောင်းပြချက်) ၆ အလီပေါင်းများစွာ နဲ့ ၅ နှစ် ပြည့်တဲ့ အထိ အုပ်ချုပ်ပါရော ။
ပြည်သူတွေလည်း PDF က နှိပ်စက် ၊ သူပုန်က ထင်တိုင်းကြဲ ၊ ကုန်စျေးနှုံးထိမ်းမရတဲ့ နစက ၊ ဝန်ထမ်းဆိုးတွေ ရန်က ကာကွယ်မပေးတဲ့ နစက ကြောင့် ဒုက္ခ ပြီး ဒုက္ခ မဆုံးနိုင်တော့ပါဘူး ။
၈၈ က စခဲ့တဲ့ နိုင်ငံရေး လောဘဇော ကြောင့် ၂၂ နှစ် စောင့်ခဲ့ရတယ် ။ ၂၀၂၁ က နိုင်ငံရေးလောဘကြောင့် ၂ နှစ်စောင့်ရမယ့်အစား နောက်ထပ် ဘယ်လောက် စောင့်ကြရမလဲ မသိသေးဘူး ။
စစ်အစိုးရ အုပ်ချုပ်တာ မလိုချင်လို့ တော်လှန်နေပါတယ်ဆိုတဲ့ နလပိန်းတုန်းတွေ နားထောင် ။ တပ်မတော် အသာတကြည် ပေးရင် လက်ခံလိုက် ။ လက်မခံပဲ ဟိုနေ့နိုင်နိုးနိုး ၊ ဒီနေ့ နိုင်နိုးနိုး ဆင့်လီးခွေးမျှော် တော်လှန်ရေး လုပ်မနေနဲ့ ဘယ်တော့မှ မအောင်မြင်ဘူး ။
ပြည်သူ့အတွက်ဆိုရင် အခု ပြည်သူတွေ ဒုက္ခများနေပြီ ။ မင်းတို့ ဘာမှ မလုပ်ရင် ဒီ ဒုက္ခတွေက နောက်နှစ် ဧပြီ / မေ ဆိုရင် အစိုးရသစ်နဲ့အတူ လျော့ပါးသွားရမှာ အမှန်ပဲ ။
အဲလို မဟုတ်ပဲ မွှေမွှေစု အာဏာအတွက် တော်လှန်နေတာပါဆိုရင်လည်း သဘောပဲ ။ ကဲ မင်းတို့ တော်လှန်ရေးဆိုတာ ပြည်သူ့အတွက်လား.... ပါတီယုတ်တခု အတွက်လား ဆိုတာ သမိုင်းမှတ်တမ်းတင်ကြတာပေါ့........

ဗန်းမော် ရဟတ်ယာဥ်
====================
မနေ့က MI 17 ရဟတ်ယာဥ် ပျက်ကျတဲ့ သတင်းနဲ့ ပက်သက်ပြီး တဖက်က ဖုန်ထနေသလို ဒီဘက်က ကြုံးဝါးသံတွေလည်း ကြားနေရပါတယ် ။ ဖြစ်စဥ်အမှန် ဘယ်သူမှ မသိရသေးပဲ အပြိုင်အဆိုင် မှန်းဆရေးသားနေကြတာပါ ။
ညပိုင်းမှာ တပ်မတော်က သယ်ယူပို့ဆောင်ရေးလေယာဥ် တစီး စက်ချို့ယွင်းပြီး ပျက်ကျကြောင်း သတင်းထုတ်ပြန်လာပါတယ် ။ လေ့လာကြည့်တော့ စက်ချို့ယွင်းတာလည်း မှန်သလို ပစ်ချခံရတာလည်း မှန်တယ်လို့ ဆိုပါတယ် ။
ဆိုလိုတာက အပစ်ခံရလို့ ပျံတက်ပြေးရတယ် ( ပစ်ခံရပြီးပြီးချင်း ပျက်မကျခဲ့ဘူး) အတော်ဝေးဝေး မီတာ ၁၄၀၀၀ လောက်ကျမှ ပျက်ကျခဲ့ပုံပါပဲ ။ ကျွမ်းကြင်သူတွေ မှန်းဆချက်အရ ရဟတ်ယာဥ် အင်ဂျင်နားမှာ ဒဏ်ရာတွေ့ရပါတယ် ( တဖက်က ထုတ်ပြန်တဲ့ video အရ) ။
မူလ MI 17 ရဲ့ အနေအထားအရ အဲဒီဒဏ်ရာက အရမ်းမများပေမယ့် ရဟတ်ယာဥ်မှာ ချို့ယွင်းချက်အချို့ရှိနေရင်တော့ ဒီဒဏ်ရာကြောင့် ပေါင်းစပ်ပျက်ကျနိုင်တယ်လို့ ယူဆပါတယ် ။
ပြောချင်တာ လာပါပြီ ။ ရဟတ်ယာဥ် ပျက်ကျတာ မှန်တယ် ။ ရန်သူပြောသလို ၂ စင်းမဟုတ် ၁ စင်းပါ ။ ပေပေါင်း ၁၉၀၀၀ ကျော် ပျံသန်းစဥ် ပစ်ချနိုင်မဟုတ်ပဲ ပစ္စည်းချနေစဥ် ပစ်ခတ်ခံရတာလို့ သတင်းထွက်လာပါတယ် ။ ဓာတ်ပုံမှတ်တမ်းအချို့အရ ဒါလည်း မှန်ပါတယ် ။
မိမိဘက်က အားနည်းချက်အဖြစ် MI 17 ၃ စီးအတွက် ဝေဟင်လုံခြုံရေးအဖြစ် MI 35 အစောင့် လိုက်ပါမှု မရှိခြင်း ။
မြေပြင်ရှင်းလင်းရေး အဖွဲ့များရဲ့ သေချာမှု မရှိတဲ့ လုံခြုံရေး အခြေအနေများအား ထောက်ပြကြရမှာ ဖြစ်ပါတယ် ။ ဤ ဖြစ်စဥ်ကဲ့သို့ အမ်း တိုက်ပွဲမှာ MI 17 များ အပစ်ခံခဲ့ရဖူးပါတယ် ။ မိမိနယ်အတွင်း ပျက်ကျလို့သာ ဘာမှ မဖြစ်ကြရတာပါ ။
ရန်သူများ ဝါဒ ဖြန့်သလို ၂ စင်းမဟုတ်လို သူတို့မီဒီယာများမှ ကျဆုံးစာရင်းများကလည်း ၂၀၂၄ တုန်းက အမည်တွေ ဖြစ်နေပါတယ် ။ သူတို့အတွက်တော့ အသေအကျေ များလွန်းလှတဲ့ ဗန်းမော်တိုက်ပွဲကြီးမှာ ဒီရဟတ်ယာဥ် ကိစ္စက မဟာအောင်ပွဲကြီး အဖြစ် ဝါဒဖြန့်နေကြရရှာမှာပါပဲ ။
မြန်မာ့တပ်မတော်အတွက် MI 17 တစီး နဲ့ လေတပ်စစ်သည်အနည်းငယ်သည် ကင်းခြေများ ခြေသည်းတခု ကျိုးတဲ့ အနေအထားထက် မပိုပါဘူး ။ နောက်နောင် မဖြစ်ရအောင် မြေပြင်နယ်မြေရှင်းလင်းရှင်း စေ့စပ်စွာဆောင်ရွက်ရန် နဲ့ MI 35 တို့ အစောင့်လိုက်ပါနိုင်ဖို့ ဆောင်ရွက်ရန်သာ ရှိပါတယ် ။

ဟိုးးရှေးရှေးတုန်းကပေါ့ ကွယ်
===========================
ရှင်ဘုရင်ကို အချိန်မတော်မှ ပြန်လာတဲ့အတွက် မြို့ထဲအဝင် ကြိုတင်သတင်းပေးမထားလို့ တံခါးဖွင့်မပေးတဲ့ တံခါးမှူးကတော့ မင်းကောင်းမင်းမြတ် မင်းမှန်နဲ့ တွေ့တော့ ရာထူးတိုး ဆုချီးမြှင့်ခံရသတဲ့ ။ အခု Hot နေတဲ့ မိတ္ထီလာ ဂိတ်တာဝန်ကျ ပြည်သူ့စစ်လေး ရာထူးတိုးမလား မသိဘူး ။

သမိုင်းမှန် ဆိုတာ......
===================
- အောင်ဆန်း - အက်တလီစာချုပ်အရ
ကြွေး ရွှေဒင်္ဂါး သန်း ၁၄၀၊
- လင်္ကျာ - ဖရီးမင်း စာချုပ်အရ ပေါင်သန်း ၂၉၀ နှင့် ပေါင် ၁၆၀၀၀၀၊
- နု - အက်တလီစာချုပ်အရ ဗြိတိသျှအမှုထမ်းများအတွက် ပင်စင် တနှစ်လျှင် ပေါင် ၁၅ သန်းနှုန်းဖြင့် နှစ် ၃၀ အတွက် ပေါင် ၄၅၀ သန်း တို့ အကြွေးတင်ခဲ့ရပါတယ် ။
လွတ်လပ်ရေးရပြီးစမှာပဲ ပြည်တွင်းစစ်ကြောင့် ဆင်းရဲသွားပြီး 1949 ဖေဖေါ်ဝါရီမှာ နိုင်ငံဝန်ထမ်းများရဲ့ လစာကို 15 % မှ 30 % အထိ လျော့ချခဲ့လို့ အမှုထမ်းသပိတ်ကြီး ဖြစ်ခဲ့ရပါတယ် ။ ချမ်းသာရင် လစာ လျှော့မှာ မဟုတ်တာ သေချာပါတယ် ။
အဖွံ့ဖြိုးဆုံးပါလို့ ပြောခဲ့ပေမယ့် 1962 ခုနှစ်ထိအောင် သံမဏိစက်ရုံ သကြားစက် ဘိလပ်မြေစက် ပန်းကန်စက် ဂုန်နီအိတ်စက်ရုံ အစရှိတဲ့ စက်ရုံ (10) ပဲ ရှိပါသေးတယ် ။
ကုမ္ပဏီပေါင်း 2520 မှာ အကြီးမားဆုံး ကုမ္ပဏီ 380 ကို နိုင်ငံခြားသားတွေ ပိုင်ပါတယ် ။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှာ ကုလားတွေချည်းပဲ ။ လူသုံးကုန် 90% လောက် ပြည်ပက သွင်းကုန်အဖြစ် ပြန်ဝယ်ရပါတယ် ။
1953 မှာ ကိုရီးယားစစ်ဖြစ်လို့ ဆန်စျေးတက်ပြီး အရံငွေ 1260.87 သန်းထိ စုလာနိုင်ပါတယ် ။ ဦးနုရဲ့ ချီးကျူးစရာကောင်းတာက အရံငွေလည်း ရှိလာရော ပြည်တော်သာ စီမံကိန်းဆိုပြီး 7500 သန်း ကုန်မယ့် ပြည်သူ့အကျိုးပြု စီမံကိန်း ထလုပ်ရဲတာကို တွေ့ရပါတယ် ။
ဒါပေမယ့် 1955 မှာ ဆန်စျေးပြန်ကျပြီး အရံငွေ 360 သန်းပဲ ကျန်ပါတော့တယ် ။ 1957-58 ဘဏ္ဍနှစ်မှာ ပြည်ပကြွေး US $ 930 သန်း တင်နေပါပြီ ။ ဦးနုအစိုးရရဲ့ ပြည်တော်သာစီမံကိန်း ချေးငွေ ပေါင် သန်း ၃၈၀၊ အာရှဖွံဖြိုးရေးဘဏ်မှ ချေးငွေဒေါ်လာ၂၃၅ သန်း ။
အဲဒီထဲက အင်္ဂလန်ကို ပေးရမယ့် လျှော်ကြေးကြွေးတွေကို ၁၉၅၂ မှ နှစ် ၂၀ အတွင်း အကြေအပြေပေးအပ်ရန်လို့ ဆိုထားတဲ့အတွက် ၁၉၇၂ မှာ အချိန်စေ့ရောက်ခဲ့ပါတယ် ။
သို့သော် အိမ်စောင့်အစိုးရကာလ(၁၉၅၈-၁၉၆၀) ၂ နှစ်၊ တော်လှန်ရေးကောင်စီကာလ (၁၉၆၂-၁၉၇၄) ကာလ ၁၂ နှစ်၊ ပေါင်း ၁၄ နှစ်ကို ကာလလျော့ သတ်မှတ်လိုက်တဲ့အတွက် ၁၉၈၆ မှာ အချိန်စေ့ရောက်ခဲ့ပါတယ် ။
ဒီအချိန်သည် လမ်းစဉ်ပါတီအစိုးရလက်ထက်ဖြစ်ပါတယ် ။ ဦးနေဝင်း အနေဖြင့်....
- မိမိတို့ မြန်မာအမျိုးသားအစိုးရ၏ အသုံးစရိတ်များ မဟုတ်ခြင်း ၊
- စစ်ဖက်အဆောက်အအုံများမှာ မြန်မာ့မြေပေါ်တွင် တည်ရှိခြင်း ၊
- ဗြိတိသျှစစ်ဖက်ဝန်ထမ်းများကို မြန်မာအစိုးရမှ ပင်စင်ထောက်ပံ့ကြေးပေးရန် အကြောင်းမဆီလျော်ခြင်းတို့ကြောင့် ၁၉၈၅ မှာ ကနဦးခြေလှမ်း စတာလင်ပေါင်ငွေကြေးနိုင်ငံများ အဖွဲ့မှ နှုတ်ထွက်ခဲ့ပါတယ် ။
အင်္ဂလန်ရဲ့ ကြွေးတွေ ပြန်မဆပ်ရဖို့ အဲဒီအချိန်က တခုတည်းသော နည်းလမ်းအဖြစ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(LDC) စာရင်းဝင်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ် ။ စာတတ်မြောက်နှုံး 90 % ကျော်နေလို့ မနည်းအကြံအဖန်လုပ်ခဲ့ကြရပါသေးတယ် ။
ထိုစဥ်ကာလများမှာ မချမ်းသာသော်လည်း ငတ်မွတ်ခေါင်းပါးသူ မရှိသလောက် စား ဝတ် နေရေး အဆင်ပြေနေဆဲပါပဲ ။ ဟုတ်မဟုတ်ကတော့ ၅၀ ပတ်ချာလည်တွေ အသိဆုံးပါပဲ ။
သူတပါးတိုင်းပြည်ကနေ ဆန် ၊ ဆီ ၊ ဆား ၊ ဂျုံ လာလှူမှ စားရတဲ့ အနေအထားမဖြစ်ခဲ့ပါဘူး ။ ဖခင်တယောက်လုပ်ရင် တမိသားစုလုံး စား ဝတ် နေရေး ကျန်းမာရေး ၊ ပညာရေး အစ ထိုက်သင့်သလောက် လုံလောက်နေတဲ့ ကာလများ ဖြစ်ပါတယ် ။
ဘယ်တုန်းကမှ မချမ်းသာခဲ့တဲ့ တိုင်းပြည်ကို နိုင်ငံရေးအောက်လုံးထိုး တပ်မတော်ကို အပုပ်ချဖို့ လိမ်ညာခဲ့ကြတာ သမိုင်းတလျှောက်လုံးပါပဲ ။ ဖော်ပြပါ စာချုပ်တွေ ကိန်း ဂဏန်းတွေဟာ လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူး ။ လေ့လာနိုင်ရင် သိနိုင်တဲ့ အချက်အလက်တွေချည်းပါပဲ ။
ကိုရွှေမျိုးဝင်း
( NLD လက်ထက်တုန်းက ရေးခဲ့ဖူးတဲ့ ပို့စ် အဟောင်းလေး ပြန်တွေ့လို့ အမှတ်တရ ပြန်တင်လိုက်ပါတယ်)

https://t.me/thaethae96969
ရှိသမျှ fb အကောင့်တွေကျနေပြီး အကောင့်သစ်လည်း ဖွင့်မရသေးလို့ စိတ်ညစ်နေတဲ့ မသဲသဲရဲ့ တယ်လီချန်နယ်လေးပါ ။
သူကတော့ ရှိသမျှ တွေ့သမျှ သတင်းပေါင်းစုံကို ပြန်လည်မျှဝေနေသူမို့ ဒီချန်နယ်ကို join ထားတာနဲ့ ပြည်တွင်း ပြည်ပ သတင်းပေါင်းစုံကို အချိန်နဲ့ တပြေးညီ ဖတ်ရှုလေ့လာနိုင်မှာမို့ ကြေညာပေးလိုက်ရပါတယ် ။

Telegram
Thae Thae🇲🇲🇲🇲🇲🇲
Music
ကြားဝင်သင့် မဝင်သင့်
===================
ဒီနေ့ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေရတဲ့ ပြဿနာက တကယ့်ကို အကြီးမားဆုံး ပြဿနာကြီးပါပဲ ။ ၁၉၄၈ - ၁၉၅၈ လွတ်လပ်ပြီး ၁၀ နှစ် ကာလများတုန်းက ရန်ကုန်အစိုးရလို့ အလှောင်ခံခဲ့ရတဲ့ ကာလများထက် ပိုဆိုးတဲ့ အန္တရာယ်ကို ကြုံတွေနေရတာပါ ။
အဲဒီ အန္တရာယ်က သစ္စာဖောက် အန္တရာယ် ၊ လောဘဆိုး အန္တရာယ်တွေပါပဲ ။ ဒီထက် ဆိုးတာရှိသေးတယ် ကိုယ့်အိမ် ၊ ကိုယ့်ရပ်ရွာ ကိုယ်မြို့ ပျက်ဆီးမှာသာ ကြောက်နေကြတာ ကာကွယ်ဖို့ကြ စိတ်မဝင်စားကြပါဘူး ။
အခု ဖြစ်နေတဲ့ စစ်မှုထမ်းပြဿနာတွေကို လေ့လာကြည့်ရင် အဆင့် အားလုံးမှာ အမှားတွေချည်းပဲ ။
- ပထမ နစက အနေနဲ့ အမိန့်ပေးတယ် ၊ ဥပဒေပြဌာန်းတယ် ၊ ကော်မတီတွေ ဖွဲ့တယ် ။ တကယ်ပဲ ဥပဒေတွေ အတိုင်း လုပ်သလား မလုပ်ဖူးလား.. ? အောင့်မြင်သလား အဆင်ပြေသလား ဘယ်တော့မှ ပြန်မကြည့်ဘူး ။
- ဖွဲ့ထားတဲ့ ဗဟိုကော်မတီ ကရော မိမိအလုပ် အောက်ခြေက တကယ်လုပ်ကြသလား... ? အကြံအဖန်လုပ်မရအောင် ဘယ်လို စီမံမလဲ ဘာတခုမှ အကြံဥာဏ်မထုတ်ဖူး လစာလိမ်စားနေကြတယ် ။
- မြို့နယ် ရပ်ကျေး တွေ ရိုးရိုးသားသား လုပ်ကြသလား... ? အနယ်နယ်အရပ်ရပ်က ထွက်လာတဲ့ အသံတွေ နားထောင်ကြည့်... စစ်မှုထမ်းဥပဒေဗန်းပြပြီး နိုင်ငံတော်အဆင့် လူကုန်ကူးစားနေကြတာတွေ ကြားမကောင်းဘူး.. နားနဲ့မဆန့်ဘူး ။
- ပြည်သူတွေဘက်ကို ကြည့်အုံး ငါ့တာဝန်ကျရင် ငါလိုက်ရမယ် ၊ ငါ့တိုင်းပြည် ငါကာကွယ်ရမယ်ဆိုတဲ့ ပြည်ချစ်သားကောင်း စိတ်ဓာတ်ကင်းမဲ့နေကြတယ် ။ ငွေပေးရွေးရမယ်ဆိုရင် အိမ်ပေါင် ၊ ခြံရောင်း ရတတ်သရွေ့ ချေးငှားပြီး တာဝန်ရှောင်ဖို့ လာဘ်ထိုးကြတယ် ။ ပြီးရင် မီဒီယာသမားတွေကို အပူကပ်ပြီ ပြောပါအုံး လုပ်ပါအုံး နဲ့ ။
ဘယ်ရပ်ရွာပဲ ဖြစ်ဖြစ် ငါ့ရွာ ၆ လ ၂ ယောက် နှုံး ပို့နေမယ်ဆိုရင် ဒီပြဿနာ မဖြစ်ဖူး ။ မြို့နယ် / ရပ်ကျေးတွေ ရိုးသားရင် ဒီပြဿနာမဖြစ်ဖူး ။ ဗဟိုကော်မတီ တိတိကျကျ လုပ်ရင် ( စစ်မှုထမ်းဖို့ တာဝန်ကျ နေရပ်မှန် / လူမှန် ဖြစ်ဖို့ စီစစ်လက်ခံရင်) အောက်က လိမ်ပြီး လုပ်စားဖို့ ခက်မယ် ။ ဘာသောက်လုပ်မှ မလုပ်လို့ အောက်က လာဘ်စား လူစားထိုးလုပ်လို့ရနေတာ ။
နစက အနေနဲ့လည်း ခိုင်းပြီးရင် ပြီးပြီ လုပ်တာ မလုပ်တာ ၊ အဆင်ပြေတာ မပြေတာ လုံးဝဂရုမစိုက်ဖူး ။ လူကြားကောင်းအောင် အရေးယူမယ် မိန့်ခွန်းပြောပြီး မသိချင်ယောင်ဆောင်နေကြတယ် ။ ပြီးရော ဒီတိုင်းပြည်.....
ဒီကြားထဲက လူမှန် မီဒီယာသမားတွေ အူကြောင်ကြောင် နဲ့ ထအော်ကြတယ် ။ ရည်ရွယ်ချက်က....
- နစက အပေါ် ပြည်သူတွေ အကြည်ညိုမဲ့သွားမှာ မလိုလားမှု ( ကြည်ညိုအောင်မှ မလုပ်တတ်တာပဲ ကြားထဲက ဆားသည် ခွေးမောင်းတော့ ခွေးကိုက်ခံရပြီ )
- ပြည်သူတွေ နစ်နာမှာ စိုးရိမ်မှု
( မညှာတမ်း ပြောရရင်တော့ အရမ်းစိုးရိမ်မနေနဲ့ လာဘ်ထိုးနေတာ တိုင်းပြည်မချစ်လို့ ကိုယ်လွတ်ရုန်းနေကြတာ ၊ သတ္တိရှိရင် ကိုယ်တိုင်ရှင်းကြလိမ့်မယ် နစကအထိ နစ်နာသမျှ တက်တိုင်ကြပါစေ နစက ရုံးခန်း နေပြည်တော်မှာ ရှိတယ် ၊ စစ်မှုထမ်းဗဟို ရုံးခန်းလည်းရှိတယ် သိန်းရာချီ လာဘ်ထိုးနိုင်မှတော့ တိုင်ဖို့ တတ်နိုင်သင့်တယ်)
မနေနိုင် မထိုင်နိုင်နဲ့ အားလုံးကောင်းအောင် ဖြစ်စေချင်နေကြတဲ့ ဆန္ဒအရ ကြားဝင်ရင် မိတ္ထီလာက ကိုဇော်ယုထွန်းကို ကြည့်ထားနော် ။.
ဒါက အရမ်း ပြဿနာများနေတဲ့ ပြည်သူ့စစ်ပြဿနာ ။ နောက် ကျနော့်ကို အကူညီလာတောင်းထားတယ် ။ ပွင့်ဖြူနယ် ရေပုပ်ကြီးရွာ ကျောင်းနားက လောင်းကစားဝိုင်း ကိစ္စ ။ ဒီကိစ္စမျိုးက နန်းတော်မီးလောင်နေချိန် ဆေးလိပ်မီးဖွားပေါက်တဲ့ အဆင့်ခင်ဗျ ။
PDF တောင် မရှင်းနိုင်လို့ ကျောင်းမဖွင့်နိုင်တဲ့ ရွာတွေ အများကြီးလေ ။ ရန်ကုန်မြို့လယ်က ဗိုလ်မှူးချုပ် အငြိမ်းစားတောင် အသတ်ခံနေရတာ ခင်ဗျားရွာကျောင်းနားက လောင်းကစားဝိုင်း ဘယ်သူမှ အရေးမလုပ်နိုင်တဲ့ အနေအထားပါ ။ ကိုယ်ထူကိုယ်ထနဲ့သာ ရှင်းဖို့ကြိုးစားပါလို့ အကြံပြုချင်ပါတယ် ။
နိဂုံးချုပ်ရမယ်ဆိုရင်တော့ စစ်မှုထမ်းကိစ္စ လာဘ်စား လူကုန်ကူးနေကြတာ မှန်တဲ့သတင်းဖြစ်တယ် ။ တပ်မတော်မှာ တိုင်းပြည်ကာကွယ်ဖို့ စစ်သည်အင်အား တောင့်တင်းဖို့ လိုနေတာလည်း အမှန်ဖြစ်တယ် ။
တာဝန်ကျ ပြည်သူတွေ စစ်မှုမထမ်းရဖို့ ( တိုင်းပြည်ကို မကာကွယ်ချင်လို့ / တာဝန်မဲ့စိတ် နဲ့) လာဘ်ထိုးနေကြတာလည်း အရှိတရားဖြစ်တယ် ။
အမှား ၂ ဖက်ကြားမှာ ငါ အမှန်တရားကွ သွားမလုပ်ကြပါနဲ့ ။ အကြံပြုချင်တာက စစ်မှုထမ်းဗဟိုမှ တိကျသော နည်းဥပဒေ နဲ့ စနစ်တကျ လုပ်ကိုင်မှသာ ဒီပြဿနာပြေလည်မှာပါ ။ ဒီလို လုပ်ကြဖို့ အမိန့်ပေးနိုင်တာကလည်း နစက ပဲ ရှိပါတယ် ။