တချို့ စစ်သူကြီးတွေက မရှိကို အရှိဖြစ်အောင် ဟိတ်ဟန်အတွက် ဥာဏ်ကောင်းကြတယ်လေ ။
ရရှိကြောင်းပါတဲ့
=================
မနေ့က တင်လိုက်တဲ့ နမခစစ်တိုင်းထဲက ရိက္ခာမရတဲ့ ပြဿနာ ၄ ခုထဲက နံပါတ် ၂ ပေါက်မြို့တောင်ပိုင်းက ကျေးရွာ ၅ ရွာအတွက် Ari drop ချပေးသွားကြောင်း သတင်းကောင်း ကြားသိရပါတယ် ။
လုပ်မပေးတာ တင်ပြသလို လုပ်ပေးတာလည်း သတင်းပြန်တင်ပေးလိုက်ရပါတယ် ။ ကျန်ဒေသများကိုလည်း အမြန်ဆုံး ကူညီနိုင်ကြလိမ့်မယ်လို့ ယုံကြည်ချင်နေကြပါတယ် ။ ရာနှုံးပြည့်တော့မယုံရဲကြသေးပါဘူး ။ ခွဲမကုန်တဲ့ ဖရဲခင်းကြီးက ကြီးမားများပြားလွန်းလို့လေ ။
ကိုရွှေမျိုးဝင်း

ပြန်နွေးအုံးမယ်
==============
တပ်ချုပ်ကြီး ရုရှားသွားတာကို ဝယ်ထားတဲ့ ကိုယ်ပိုင်လေယာဥ်နဲ့ သွားတယ် ဘာဘာညာညာ နဲ့ အော်နေသံ ကြားနေရပေမယ့် ပေါက်ကရတွေမို့ ဂရုမစိုက်ခဲ့ပါဘူး ။ သို့သော် ပန်ဆယ်လိုသူခိုးမက ဂယောင်ခြောက်ခြားနဲ့ ဒေါ်စုကြည်ကို ရဟတ်ယာဥ်ဝယ်ခဲ့လို့ တရားစွဲတဲ့ ကိစ္စနဲ့ ဆက်နွယ် တိုက်ခိုက်နေလို့ ပြောချင်လာပြန်ပါတယ် ။
ရဟတ်ယာဥ်ကို လူကယ်ပြန် ခေါင်းစဥ် နဲ့ လွှတ်တော်လည်း မတင်ပြပဲ သူ့သဘောနဲ့သူ ဝယ်ပြီးမှ မခိုးမခန့် အကြောင်းကြားလာတယ် ။ အစိုးရအဖွဲ့ ( သူတို့ပဲ) တွင်း ဆွေးနွေးထားတဲ့ အစည်းအဝေးမှတ်တမ်းတောင် မရှိဘူး ။
နောက်ပြီး လေထဲပျံသန်းမယ့်ရဟတ်ယာဥ် ( စစ်ဆေးရခက်ခဲ) ဝယ်ယူဖို့ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဘောတူညီချက် မဖြစ်မနေ တောင်းရမယ် ။ ဒါလည်း ဂရုမစိုက်ဖူး လုပ်ချင်သလို လုပ်ခဲ့ကြတယ် ။
ဝယ်ယူတဲ့ တန်ကြေးကြည့်အုံး ဒေါ်လာ ၁၄ သန်းကျော် ( ကျပ်သန်းပေါင်း ၂၃၀၄၈ သန်း) တဲ့ ။ ဒါပဲလား မဟုတ်သေးဘူး ငွေမချေခင် ငှားသုံးခဲ့တဲ့ ကုန်ကျစရိတ်က ဒေါ်လာ 3.5 သန်း တဲ့ ။
ကယ်ဆယ်ရေး အကြောင်းပြပြီး ဇိမ်ခံရဟတ်ယာဥ်ကြီးကို ပြည်သူ့ငွေနဲ့ ကလေးကစားစရာ အရုပ်တရုပ်လို ဝယ်ချလာတာလေ ။ ဘဏ္ဍာရေးစည်းမျဥ်းဆိုတာ ပြဌာန်းပြီးသား ဗျ ။ အစိုးရငွေကို ဘဏ်မအပ်ပဲ သတ်မှတ်ချိန်ထက် ကျော်လွန် ထိမ်းသိမ်းထားရင်တောင် ယာယီအလွဲသုံးစား နဲ့ တရားစွဲ ထောင်ချပါတယ် OK ။
တကယ်တမ်း ကယ်ဆယ်ရေး ရဟတ်ယာဥ်စျေးနှုံးက ဒေါ်လာ ၁ သန်းတန်ဆို အသုံးတဲ့လှပါပြီ ။ အမေရိကန်တောင် အခုထိ သုံးနေကြတုန်းပဲ ။ ဗီယက်နမ်စစ်ပွဲသုံး ဘဲလ် ရဟတ်ယာဥ်တွေလေ ။ ပြည်သူကို ကယ်ချင်ရင် ဘဲလ်ရဟတ်ယာဥ် ၁၈ စီးလောက် ဝယ်လို့ရတဲ့ ပမာဏကို ဖင်ဇိမ်ခံဖို့ တစီးထဲ သုံးပစ်တာ မြင်အောင်ကြည့် ။
အဲသလို ပြည်သူ့ငွေကို ဥပဒေမဲ့ ပေါက်ပန်းသေးလုပ်ရပ်တွေကြောင့် ဒေါ်စုကြည် ၊ ဦးဝင်းမြင့် နဲ့ ဝင်းမြတ်အေးတို့ ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မ ၅၅ နဲ့ ကမ္ဘာသိ တရားစွဲခဲ့တာပါ ။
အာဏာမရခင်က....
'' ပြည်သူတွေ ဆင်းရဲနေချိန်မှာ ကားအကောင်းစားကြီး စီးရမှာ ကျမရှက်တယ် ''
ဆိုတဲ့ ဒေါ်စုကြည်လေ 😂😂😂 အဲဒီစကားပြောတုန်းက သူက သူများငှားပေးထားတဲ့ ကားစုတ်လေးပေါ်ကနေ တရာဖိုး ၃ ခုလောက် ရတဲ့ မိုက်အစုတ်လေးနဲ့ တရားလှည့်ဟော သောက်တင်းတုတ်နေရတဲ့ ဘဝ ကိုးဗျ ။ မနာလိုစိတ်နဲ့ ပြောခဲ့တာ အသိသာကြီး ။
သူကသာ သောက်တင်းတုတ်နေတာပါ အဲဒီ အချိန်တုန်းက ဝန်ကြီးတွေဆို သာမန်ဇိမ်ခံကား ဆေးနက်သုတ် စီးနေကြရတာပါ ။ မာစီးဒီးတွေ အစီး တထောင်ကျော် ဝယ်ထားပြီး နိုင်ငံတကာက ဧည့်သည်တွေအတွက် သိမ်းထားကြတယ်လေ ။
မိမိတိုင်းပြည်နဲ့လူမျိုးကို အထင်သေးမှာ စိုးလို့ ကားအကောင်းစားတွေ ဥ ထားပြီး ကိုယ်တိုင်ကားစုတ်စီးနေတဲ့ ဦးသိန်းစိန်တို့ကြတော့ ပြောလိုက်ကြတာ ရစရာမရှိဘူး ။
2016 ဒေါ်စုကြည်လည်း အာဏာရကော တိုင်းပြည်အတွက် အသစ်ဝယ်ယူအားဖြည့်ဖို့ အသာထား ဦးသိန်းစိန် ဥ ထားတဲ့ မာစီးဒီးတွေပါ ဝေငှစီးကြပါရောလား.. ။ ကိုင်း ပြည်သူတွေ ဆင်းရဲချိန် ကျမကားအကောင်းစားကြီး စီးရမှာ ရှက်တယ်ဆိုတာ ကြည့်ထားနော် ။ 2016 မှာ ပြည်သူတွေ ချမ်းသာကုန်ပြီလား မေးလိုက်ပါရစေ ။
ဒါတွေက ဘာမှ မကြာသေးပါဘူး အားလုံးသိပြီးသားတွေပါ ။ နီတုံးလေးတွေ နဲနဲမှ စပ်ချင် စပ်ကြပါစေဆိုပြီး ပြန်နွေးပြလိုက်တာပါ ။

ကဲ..ကဲ..လူတော်ကြီးတွေ လုပ်ရပ်
===========================
ဦးမျိုးရေ..ဦးမျိုးရဲ့ဓာတ်ခွဲ၃အတွက်တင်တဲ့ပိုစ့်ကြောင့်ခုဓာတ်ခွဲတွေကိုဒုလယ်ပြပြောင်းပေးမယ်လေသံထွက်လာပါပြီ..ဒါပေမဲ့ထီပေါက်ပြီးထီလက်မှတ်ပျောက်နေပါတယ်..ဆရာဖြစ်သင်တန်းပြီးရမယ်တဲ့ဘယ်တုန်းကမှတက်ခွင့်မပေးခဲ့တဲ့မဆယ..လဆယနဲ့ပြန်ပိတ်ထားပြန်ပြီ.တကယ်စေတနာရှိရင်ဒုလယ်ပြအရင်ပြောင်းပေး..ပြီးမှမဆယ.လဆယတက်ခိုင်းလို့ရတာကို..ရက်စက်လွန်းပါတယ်ဗျာ..ဓာတ်ခွဲဘယ်သူမှသင်တန်းမရှိတာကို.အဲလိုခေါ်တယ်တဲ့ဆရာကျလွန်းပါတယ်ဗျာကူညီပြောပေးပါဦး🙏
--------------------------------------------------------------
ကျနော့်ကို လာမန့်ထားတာလေးပါ ။ အဲသလို ပေးကားပေး၏ မရ ဆိုသလို ဖြစ်နေအောင် တမင်လုပ်နေကြတာ ပညာရေးလောကရဲ့ ထုံးစံပဲ ။ တိုးပြောင်း ကိစ္စမပြောနဲ့ ဒီလိုမျိုး သာမန်အခွင့်အရေးလေးကိုတောင် ထွက်မရအောင် ပိတ်ဆို့ပြီးမှ တိုးထွက်ခဲ့တော့ဆိုတဲ့ လုပ်ပေါက်တွေကို မြင်ကြရဲ့လားဗျ ။
တနေ့က မိတ်ဆွေတယောက် မန့်ထားပါတယ် ။ G 12 ပြန်ဖြေကိစ္စနဲ့ ပတ်သက်ပြီး ပညာတတ်ကြီးတွေ စီမံနေတာ မဝေဖန်ပါနဲ့တဲ့ ။ သူတို့က ထိုက်တန်လို့ ခင်ဗျားထက် တော်လို့ ဒီနေရာ ရထားကြတာ ဆိုပဲ ။
ထားတော့ လက်ခံပါတယ် သူတို့တွေ စာကြိုးစားခဲ့ကြတာ တော်ခဲ့ကြတာတွေကို ။ သို့သော် ကျုပ်တို့ ရေးနေ အော်နေကြတာတွေက အဲသလို ပညာ တော်ခြင်း ညံ့ခြင်းကြောင့် မဟုတ်ဖူးမိတ်ဆွေကြီးရေ ။
တရားခြင်း မတရားခြင်း ၊ မျှတခြင်း မမျှတခြင်း အတွက် လူမုန်းခံ အော်နေကြရတာဗျ ။ G 12 ကိစ္စ ပြန်ကြည့် အဆင့်အတန်းတွေ အမှတ်တွေ အကြောင်းပြတယ် ၊ ဟုတ်မှာပါ အခြားနည်းမှ မစဥ်းစားတတ်ကြတာပဲလေ 😂
အခု လုပ်ပေးနေတာတွေ ထောက်ပံ့နေတာတွေ စခန်းသွင်းလေ့ကျင့်နေတာ ၊ ပါမောက္ခတွေ လာသင်နေတာ ကျွေးမွေးနေတာ အစရှိသည်တွေပေါ့ ။ အဲဒါတွေ ဘာကြောင့် လုပ်ပေးနေသလဲ သိလားဗျ ။ မီဒီယာတွေကနေ ကလေးတွေနဲ့ မိဘတွေရဲ့ အခက်အခဲတွေကို ဝိုင်းအော်ပေးနေလို့ လုပ်ပေးနေကြရတာ ။
ဖြစ်သင့်တာက စာမေးပွဲ ပြန်ဖြေဖို့ ပညာရေးဝန်ကြီးဌာနကနေ ဒါတွေ စီစဥ်ကူညီပေးပါ့မယ် ၊ ပြန်မဖြေရင် ဆိုးကျိုးက ဒီလို ၊ ပြန်ဖြေရင် ကောင်းကျိုးက ဒါမျိုးဆိုတာကို ပြည်သူအား အရင်ဆုံး လူရာသွင်း ရှင်းပြကြရမှာ မဟုတ်လား ဗျ ။
ထားပါလေ ပြီးပြီသား ကိစ္စ ။ ပညာတတ်ပါတယ်ဆိုတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဖိနှိပ်မှုတွေ ၊ နိုင်စားမှုတွေ ၊ လာဘ်စားမှုတွေ အများကြီးပဲ ။ တနိုင်ငံလုံးက ဆရာ ဆရာမတွေ အသံနားထောင်ကြည့်ပေတော့ ။
အဲဒီ ပညာတတ် စာတော်သူကြီးတွေ ဘယ်လောက် လုပ်စားနေကြလဲ ဥပမာပြောအုံးမယ် ။ ကျောင်းဝတ်စုံကို ရှမ်းကန်သား နဲ့ ချုပ်ဝတ်ရမယ် ၊ တော်ကြာ ချည်သားနဲ့ပဲ ချုပ်ရမယ်ဆိုပြီး ကျောင်းအုပ်တွေက သတ်မှတ်နေသတဲ့ ။
လာမန့်ထားတာ ၂ ယောက် တွေ့ရပါတယ် ။ ဘယ်မြို့ ဘယ်ရွာ မပါဘူး ၊ အထက်ဝန်ကြီးဌာနကအမိန့်လား တနိုင်ငံလုံး အကြုံးဝင်လား မသိဘူး ။ ( လာပြီး ရေးခိုင်းနေတဲ့ မန့်ပိုင်ရှင်များရေ တိတိကျကျ လုပ်ကြပါ ဒါမှ တာဝန်ရှိသူကို By name နဲ့ ထုတ်ဖော်နိုင်ပါ့မယ်)
ဒီလို ပြဿနာကတော့ အခုဝန်ကြီးလက်ထက်မှ ကြားဖူးတာပဲ ။ ဝန်ကြီးမသိပါဘူးဆိုလည်း အဲဒီမထော်မနန်း စည်းမျဥ်းထုတ်နေတဲ့ ကျောင်းအုပ်တွေအတွက် တာဝန်ခံရမှာပါပဲ သူက ဝန်ကြီးလေ တာဝန်အရှိဆုံးလူကြီးပဲ ။
အဖြူအစိမ်းပါဆို ဘယ်ပိတ်စနဲ့ချုပ်ချုပ် အဖြူ အစိမ်း ဖြစ်နေဖို့ လိုရင်းမဟုတ်ဖူးလား ။ အခုဟာက အထည်သည်နဲ့ ပေါင်းပြီး လုပ်စားနေကြတာလေ ။
လူတော်တွေ ညစ်ပြီဆိုရင် ပိုဆိုးသဗျ ။ ပညာရှိ ယုတ်မာမှုမျိုးနဲ့ လုပ်တတ်ကြတာကိုး ။ ကျုပ်ထက် တော်တဲ့ တတ်တဲ့သူတွေ နေရာရထားကြတာလည်း လက်ခံပါတယ် ။ သေချာတာက အခုလိုတွေ ရေးနေရတာက..
- သိပ်တော်တဲ့သူတွေ တာဝန်မဲ့နေကြတာ ( သိပြီး မပြောရဲတဲ့ ပညာတတ်အကြီးစားများ နှုတ်ဆိတ်နေတယ်လေ)
- ဝန်ထမ်းငယ်တွေ မချိမဆန့် အနိုင်ကျင့်ခံနေကြလို့...
- ကျုပ်ကိုယ်တိုင်ကလည်း မတရားမှုကို ချီးထက်ရွံလို့..
လူမိုက်ရှားတဲ့ လောကကြီးမှာ လိုအပ်နေတဲ့ ကွက်လပ်ကို တတ်နိုင်တဲ့ဘက်ကနေ ဖြည့်ပေးရင်း လူမိုက်လုပ်နေရတာလေ ။
ကျုပ်လူမိုက်လုပ်လို့ မဟုတ်တဲ့သူတွေ မုန်းကြမလား..? သောက်ဂရုမစိုက်ဘူးဆိုတာ ယုံ...
ကျုပ် လူမိုက်လုပ်လို့ နစ်နာနေသူတွေ အဆင်ပြေသွားသလား.. တယောက်အဆင်ပြေရင် တယောက်စာ ၊ တရာအဆင်ပြေရင် တရာစာ ပီတိဖြစ်ရတယ် ။ ဒီလို ပီတိက ဘာနဲ့မှ မလဲနိုင်ဘူး ။ လူတိုင်းက ကိုယ့်သမိုင်းကိုယ် ရေးနေကြတာပါပဲ လေ ။

မဆုံးနိုင်တဲ့ ပြုပြင်စရာများ
========================
ဖတ်ရသူတွေ စိတ်ပျက်စေမယ့် ကိစ္စတွေ မရေးချင်ပေမယ့် အနာဂါတ် တပ်မတော်အတွက် မဖြစ်မနေ ပြင်ဆင်သင့်တဲ့ ကိစ္စတွေမို့ ရေးပြပါအုံးမယ် ။
လွန်ခဲ့တဲ့ နှစ်များစွာတုန်းက စပြီး ကြားခဲ့မိတာပါ ။ ငါ့ညီရေ ပြောရင် မင်းယုံမှာတောင် မဟုတ်ဖူး ငါတို့ စစ်တပ်က ရှေ့တန်းထွက်ဖို့ လက်နက် ခဲယမ်း သွားထုတ်ရင်ကို လာဘ်ပေး လာဘ်ယူ လုပ်နိုင်မှ ကောင်းကောင်းကန်းကန်း ရှောရှောရှူရှူ ထုတ်လို့ ရတာဗျာ တဲ့ ။
ပင်စင်စား စစ်သားကြီးက အဲသလို ပြောခဲ့ပေမယ့် ကျနော်မယုံကြည်ခဲ့ပါဘူး ။ ယုံစရာမှ မဟုတ်တာလေဗျာ ဘယ်တိုင်းပြည်ရဲ့ တပ်မတော်မှာမှ မကြားဖူးတဲ့ ကိစ္စကြီးလေ ။
အဲဒါ တနေ့ကမှ ဒီစကားပြန်ကြားရပြီး အံ့သြလွန်းလို့ ပြောပြချင်မိလာပြန်တယ် ။ ဒီတခါ ကကနက် နဲ့ စကားများရအုံးမယ် ထင်ပါရဲ့ ။
ကကနက် ဆိုတာ ကပစ တွေဆီက လက်နက်အသစ်တွေ ခဲယမ်းအသစ်တွေ လက်ခံမယ် ။ တိုက်ခိုက်ရေး တပ်တွေကို ပြန်လည်ဖြန့်ဝေပေးရတဲ့ အလုပ် လုပ်ကြရတယ်ပေါ့ဗျာ ။
ပထမဆုံး ကကထုတ် ( ကပစ) တွေ လက်နက်လာအပ်ရင် လက်ခံတယ် ။ အဲဒီ အဆင့်မှာ ချောချောမွေ့မွေ့ လက်ခံဖို့ ( မရစ်ဖို့) သူတို့မှာတာ လက်ဆောင်စပေးရပါပြီ ။ အနည်းဆုံး ညီလေးရေ အထပ်သား ၁၀ ချပ်လောက်ကွာ ဆိုတဲ့ တောင်းဆိုချက်က စတတ်ပါတယ် ။
ကပစ တွေက အပ်နှံတဲ့ လက်နက်အတွက် အပြည့်အစုံ အပ်နှံပေးကြပါတယ် ။ ဥပမာ သေနတ် ၅ လက်ဆိုရင် သေနတ်ထည့်တဲ့ သေတ္တာ ၁ လုံးနှုံးရယ် ၊ သေနတ်တလက်ခြင်း အတွက် သန့်ရှင်းရေးလုပ်ရမယ့် ရေနံဆီ ဘာညာ အစ ပြည့်စုံအောင် ပူးတွဲထည့်ပေးရပါတယ် ။
ကဲ လာပါပြီ တိုက်ခိုက်ရေးတပ်တွေ လက်နက်ထုတ်မယ့် အလှည့် ။ သေနတ်ကို သေတ္တာနဲ့ ကျကျနန အထိအခိုက်မရှိ လိုချင်သလား လာထား သေတ္တာတလုံး ၂၀၀၀၀ ( ဥပမာ) ၊ သေနတ်အတွက် သန့်ရှင်းရေးပစ္စည်း အကုန်လိုချင်လား လာထား ၂၀၀၀၀ ( ဥပမာ) ။
လာပြီးထုတ်တဲ့ တာဝန်ခံရဲဘော်ခမျှာ ဘယ်ကပိုကိဆံအပို ပါမလဲလေ ။ ဒီတော့ သေနတ်သေတ္တာမယူတော့ဘူး ၊ ပါလာတဲ့ ပုဆိုးနဲ့ ထုပ်ယူမယ် ။ သန့်ရှင်းရေးအတွက် အပျိုပစ်စညျး ၅ လက်စာကို ၂ လက်အတွက်ပဲ ပေးလည်း ယူလာရတာပဲ ။
ဒီတော့ ဘာဖြစ်သလဲ နောက်ဆက်တွဲဆိုးကျိုးကြည့်ပါ ။ သေတ္တာနဲ့ စနစ်တကျ သယ်ရမယ့် သေနတ်က ပုဆိုးနဲ့ စုထုပ်သယ်လာတော့ တခုနဲ့တခု ဖိမိ ထိမိ တိုးမိပြီး ကျည်ဘောက်တွေ၊ သေနတ်က ကျည်ဘောက်အိမ်တွေ ရွဲ့စောင်း ပိန်လိန်သွားနိုင်ပါတယ် ။ မိုးထဲရေထဲ ကျည်ဘောက် ချောင်တာ ကြပ်တာ ဖြစ်ပြီး သောက်ကျိုးနည်းရပါလိမ့်မယ် ။
ဒီလောက် အနုစိတ် အသေးစား ပြဿနာတွေ ( တကယ်တမ်းကျတော့ အင်မတန်ကြီးမားတဲ့ ပြဿနာပါ) ကို ဟိုးးးအပေါ်ကလူတွေ မသိနိုင်လောက်ဘူးဗျ ။ တပ်ထဲမှာ အထပ်သားတောင်းတာ နဲ့ သောင်းဂဏန်းလောက် တောင်းတာ အသေးအဖွဲလို့ ယူဆနေကြဟန်ပါပဲ ။ အောက်မှာပဲ အလွယ်တကူ ဖျောက်ဖျက်ထားကြလို့ အသံသိပ်မထွက်တာခင်ဗျ ။
ရိက္ခာ ထောက်ပံ့ရေး ပြဿနာလိုပဲ လက်နက်ထောက်ပံ့ရေး ပြဿနာကလည်း အင်မတန် အရေးကြီးပါတယ် ။ ရိက္ခာ ထုတ်လုပ်ရေး / ဖြန့်ချီရေး ၊ လက်နက် ခဲယမ်း ထုတ်လုပ်ရေး / ဖြန့်ချီရေး ဆိုတာ တပ်မတော်တရပ်အတွက် အသက်ပါပဲ ။
စတန်းဒက် Army အတွက် ကကြီး ခခွေး အဆင့် ဒီ ၂ ဆင့်ကိုပဲ အမြန်ဆုံး စတင် ပြုပြင်ပြောင်းလဲသင့်ပါကြောင်း......

ဖြစ်သင့် ဖြစ်ထိုက်တာက...
=======================
ဟိုတနေ့တုန်းက ကျနော့်ထဲကို ရဲ ဝန်ထမ်းတယောက် မန့်ထားတာ တွေ့ပြီး အံ့သြခဲ့ရပါတယ် ။ သူမန့်ထားတာက ဒီနေ့ နေရာအသီးသီးမှာ ရဲ တွေလည်း တိုက်ပွဲဝင်နေကြသူတွေ အများကြီးပါတဲ့ ။
ရှေ့တန်းမှာ တိုက်ပွဲကျခဲ့ရင် လုပ်သက် ၁၀ နှစ် မပြည့်သူဆိုရင် နစ်နာကြေး မပေးတဲ့ အတွက် အင်မတန် မမျှတတဲ့ စည်းကမ်းဥပဒေ ဖြစ်နေလို့ လူကြီးတွေ သိအောင် ကူညီပေးပါတဲ့ ။
ရဲ/ စည်း ကို ကျနော်တို့လို အရပ်သားတွေ လုံးဝမသိပါဘူး ။ အဲဒီ မန့်အရ တိုက်ပွဲကျတဲ့ ရဲတွေကို လုပ်သက် ၁၀ နှစ် မပြည့်လို့ နစ်နာကြေး မပေးဘူးဆိုတဲ့ ဥပဒေရှိနေတယ် ဆိုရင်ဖြင့် ယာယီသဘောဖြစ်စေ ပယ်ဖျက် ပြင်ဆင်သင့်ပါပြီ ။
မြို့ပြအုပ်ချုပ်ရေးအတွက် သီးသန့် တာဝန်ပေးထားစဥ်ကာလအတွက်တော့ သဘာဝကျချင် ကျပါလိမ့်မယ် ( ဒါက လျော့တွေးတာ လူဆိုးလူမိုက်တွေနဲ့ ရံဖန်ရံခါ အသက်လု တိုက်ခိုက်ကြရတာတွေလည်း မနည်းဘူးလေ )
ဒီလို ခေတ်ပျက်ကြီးမှာ ရန်သူနဲ့ တိုက်ခိုက်ရင်း ကျဆုံးသွားရင်တော့ စစ်သည်ရယ် ရဲရယ် ဆိုပြီး ခွဲခြားမနေသင့်တော့ပါဘူး ။ ရဲကိုလည်း စစ်သည်တွေလိုပဲ နစ်နာကြေး တန်းတူပေးသင့်ပါပြီ ။ အချင်းချင်း စည်းလုံးညီညွှတ်ဖို့ ၊ သာတူညီမျှ ဖြစ်ကြဖို့ စဥ်းစားဆောင်ရွက်စေချင်ပါတယ် ။
စစ်ထွက်စရိတ် ခေါ်မလားဗျာ စစ်သည် တလ တသိန်း ၊ ရဲ ၅၀၀၀၀ ဆိုတာလည်း ကြားရတာ တမျိုးကြီးပါဗျာ ။ ရှေ့တန်းမှာ ဆင်းရဲခံ အသေခံတိုက်နေရတဲ့ ရဲတွေ အများကြီး ။
တချို့ဆို ၃ နှစ်ကျော်ပြီ ၊ ဒါမျိုးကြ လူစားလဲပေးဖို့လည်း မစဥ်းစား ငါ့တပည့်တွေ အဆင်ပြေဖို့ ပံ့ပိုးဖို့လည်း မစဥ်းစားနဲ့ မှေးမနေသင့်တော့ပါဘူးဗျာ ။
အစိုးရက တသိန်းမပေးလည်း လိုနေတဲ့ ၅၀၀၀၀ ကို ပြည်ထဲရေးက ဖြည့်ပေးသင့်ပါပြီ ။ မြို့ပေါ်ကနေ နည်းမျိုးစုံနဲ့ လာဘ်စားနေတဲ့ ရဲတွေဆီက ခွဲတမ်းထပ်တောင်းပြီး ထောက်ပံ့လို့ရပါ့ဗျာ ။
ဥပဒေအကြောင်းပြုပြီး ကောင်းမှုပြုလုပ်ဖို့ လက်တွန့်မနေကြပါနဲ့ဗျာ ဥပဒေဆိုတာ ပြင်ချင်ခဏလေး မပြင်ချင် တသက်ဝေးပါဗျ ။
ကိုရွှေမျိုးဝင်း
( မန့် ထားတဲ့အတိုင်း မှန်ခဲ့ရင် ပြန်လည်သုံးသပ် ဖြည့်ဆီးသင့်တဲ့ ကိစ္စမို့ နစ်နာသူ ရဲ ဝန်ထမ်းများ ကိုယ်စား တင်ပြပေးလိုက်ရပါတယ်)

ဝမ်းသာပါတယ်
===============
တနေ့တုန်းက နမခ အကြောင်း ရေးတင်လိုက်ပါတယ် ။ တိုင်းမှူးနဲ့အထက်လူကြီးတွေ သိသွားပုံပါပဲ ။
- ပေါက်မြို့တောင်ပိုင်း ရိက္ခာရပါပြီ ။
- ယနေ့ 11 - 5 - 2025 မှာ နှစ်ချီ ပစ်ထားတဲ့ ပျဥ်ထောင်ရွာလေးဆီ ရိက္ခာချပါပြီ ။
- ရေလမ်း ကုန်းလမ်း ပိတ်ဆို့ခံထားရတဲ့ ဖောင်းပြင်မြို့အတွက် PDF ဂိတ်ထိုင်ထားတဲ့ ရေကြောင်းနေရာအချို့ကို ဗုံးကြဲတိုက်ခိုက်ပါတယ် ။
- ရွှေဘိုအနီး ဝက်လက် PDF စခန်းတွေ နယ်မြေရှင်းနေကြတယ် ။
- မြိုင်နယ်ဖက်ကိုလည်း စစ်ကြောင်းထိုးသတဲ့ ။
တကယ်လုပ်ဖို့ပဲ လိုပါတယ် ။ တကယ် စနစ်တကျ နယ်မြေရှင်းရင် ဘယ် PDF မှ တောင့်မခံနိုင်ပါဘူးဗျာ ။
ဘာပဲပြောပြော နမခ နယ်မြေအတွက် လတ်တလော လှုပ်ရှားမှုများကတော့ ဝမ်းသာစရာတွေပါပဲ ။ ဘာမှ မလုပ်တုန်းက ကလော်တုတ်ခဲ့သလို လုပ်နေပြီ ဆိုတော့လည်း ချီးမွမ်းပါတယ် ။ ဌာနေ ဒေသခံ ပြည်သူ့စစ်ရွာများအတွက် ဝမ်းသာပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် ။

၈၈ တုန်းက အောင်လွင် ကွက်
=========================
လိုင်းပေါ်မှာ ဂျင်းထည့်နေတဲ့ ဒီပဲယင်းမြို့ အိုးထိမ်းရွာ မှာ CDM ဆရာမ ၂ ဦး နဲ့ ကျောင်းသူ / ကျောင်းသား ၂၀ ဦး ဗုံးကြဲခံရပြီး သေဆုံးရဆိုတဲ့ မျက်ရေချူသတင်း ပွထနေတာ မြင်မကောင်းဘူး ။
အမယ် မသာလောင်းလေးတွေပါဆိုပြီး ညီညီညာညာ ချပြထားလေတော့ အဖြူ အစိမ်းလေးတွေနဲ့ ဗျ ။ ထူးဆန်းတာက ခါတိုင်း လေယာဥ်ဗုံးကြဲလို့ သေပြီဆိုရင် တက်လာတဲ့ ပုံတွေက တတုံးတတစ် ၊ ခေါင်းတခြား ကိုယ်တခြား ၊ ခြေပြတ် လက်ပြတ်တွေ အများကြီးဗျ ။
ဟော အိုးထိမ်းရွာကျမှ သေနေတဲ့ အဖြူအစိမ်းလေးတွေ ခမျှာ အလောင်းလှချက် ။ ဒဏ်ရာတောင်မရှိတဲ့ ခြေလက်အင်္ဂါ အစုံအလင်နဲ့လေ ။ ပိုပြီး ထူးဆန်းတာက လူသေအောင် ပေါက်ကွဲသွားတဲ့ ဗုံးဆံက ကလေးတွေရဲ့ လွယ်အိတ် နဲ့ အထဲက မီးလောင်လွယ်တဲ့ စာအုပ်တွေ မီးခိုးငွေ့တောင် မသန်းဘူးဗျို့ ။
နောက်ထပ်ရှိသေးတယ် လူပေါင်း ၂၂ ယောက် သေဆုံးခဲ့ရတဲ့ လေယာဥ်ပျံ ဗုံးသီးကြီးက စာသင်ခုံ တခုံမှ နေရာမရွေ့အောင် ပေါက်ကွဲသဗျ ။ ကျောင်းနံရံတွေ ၊ အောက်ခံအခင်းတွေ ပေါက်ပြဲမသွားဘူးဗျာ သူတို့ပြောပြောနေတဲ့ ဓာတု ၊ ရူပ ဗုံးတွေလား မသိဘူး 😂😂
ကျောင်းမတက်နဲ့ကျောင်းထွက် အော်နေတဲ့ PDF ရွာတွေက နွေရာသီ ကျောင်းပိတ်ရက်ကြီး အဖြူအစိမ်း နဲ့ ကျိုးစားပမ်းစား စာသင်နေတာ ဘာလဲ ဘောမတွေလား ၊ ဒလံတွေလား မကွဲပြားတဲ့ အချက်ကလည်း ရှိသေးသဗျ 😂
ဒီလို ကလိမ်စေ့ငြမ်းဆင် အကွက် ပြန်မြင်ရတော့ ၈၈ တုန်း က ဦးအောင်လွင် နဲ့ ဖြိုးမင်းသိန်းယောက္ဖ ဌေးကြွယ်တို့ကိုတောင် သတိပြန်ရလာပြီ ။
ရုပ်ရှင်မင်းသားအောင်လွင်ကြီးက သူ့သမီးအရင်းကို တပ်ထိန်းတွေက မုဒိန်းကျင့်ပါတယ် ဆိုပြီး လိမ်ပြောခိုင်းတယ် ။ ဌေးကြွယ်က BBC သတင်းထောက် ခေါ်လာပြီး အင်တာဗျူးတယ် ။ အောင်လွင်သမီးက ပလီပလာ နဲ့ မုဒိန်းကျင့်ခံရကြောင်း အပျိုလေးတန်မဲ့ လိမ်ပြောခဲ့တယ် ။ သူတို့ကိုယ်တိုင် ဝန်ခံထားကြပြီးသားနော် မသေကြသေးပါဘူး မေးကြည့်ကြပေါ့ ။
ကလိမ်ကကျစ်ဇတ်လမ်းကြီး ပေါ်သွားပြီး ထောင်ကျကုန်တာပဲ ။ အောင်လွင်ကြီး ပြန်လွတ်လာတော့ ခင်ဗျား ကိုယ့်သမီးအရင်းအပျိုလေးကို ဘာလို့ နာမည်ပျက်အောင် လိမ်ခိုင်းသလဲ မေးတော့ '' ဒါ နိုင်ငံရေး လုပ်တာကွ '' တဲ့ ။
ကိုင်း အခုလည်း လာပြန်ပြီ အိုးထိမ်းရွာ ကလေးတွေအကြောင်းပြုပြီး နိုင်ငံတကာကို မျက်ရည်ချူနေတာလေ ။ ၈၈ မဟုတ်တော့ဘူး ကြွေးကြော်နေတဲ့ ငတိတွေက ၈၈ အကွက် ပြန်သုံးနေလေရဲ့ ။
သူတို့ရဲ့ ရက်စက်ယုတ်မာ အောက်တမ်းကျမှုတွေက ဖုံးမရ ဖိမရ ဖြစ်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဥပေက္ခာပြုထားတာ ကြာပါပြီ ။ ကြံရာမရတော့ အခုလို ၈၈ အောင်လွင်ကွက် ပြန်သုံးနေရရှာတာပါ ။
AI ခေတ်မှာ အပေါစား လုပ်ကွက်တွေနဲ့ နစကအပေါ် အမည်ဖျက် တိုက်ခိုက်နေပေမယ့် လူရီစရာ အကွက်ဖြစ်ရတာပဲ အဖတ်တင်နေရပါတယ် ။ မြန်မာပေါကား အကွက်တွေက အပိန်းလွန် နီတုံးတွေပဲ လက်ခံမှာပါကွာ ။

ယုံကြည်မှု
===========
{ မင်းရေးမှ သိတာဆိုတော့ နမခတိုင်းမှူးနဲ့ သက်ဆိုင်ရာတွေက မင်းထက်ညံတာလို့ ပြောနေတာပဲ။ မင်းနဲ့ဇော်ဘုန်းဟိန်းကတူတူပဲ အထက်နဲ့အောက်ကို သွေးခွဲလိုက် စစ်တပ်ကအထက်လူကြီးတွေကိုသူခိုးလို့ပြောလို့ပြော၊ အောက်လက်ငယ်သားကို သူတောင်းစားလို့ပြောလို့ပြော ပြီးတော့ဝန်ထမ်းတွေကိုဖောင်းထုလိုက် ဟုတ်နေတာပဲ }
( ဝမ်းသာပါတယ် ပို့စ် အောက်က မန့် လေး)
---------------------------------------------------------
'' Trust '' ဆိုတဲ့ ယုံကြည်မှုက လူပုဂ္ဂိုလ်အပေါ် ယုံကြည်မှုမျိုးပါ ။ '' Belief '' ဆိုတဲ့ ယုံကြည်မှုက အသင်းအဖွဲ့ ၊ အတွေးအမြင် ၊ ဘာသာရေး ဆိုင်ရာ ယုံကြည်မှုကို ကိုယ်စားပြုတယ်လို့ မှတ်သားဖူးပါတယ် ။
ဒီနေရာမှာ ယုံကြည်မှု ၂ မျိုးကို ကွဲကွဲပြားပြား သိထားမှ လိုရင်းကို နားရှင်းမယ်ထင်ပါတယ် ။ တပ်မတော်ကို ယုံကြည်တယ်ဆိုတာ Belief အမျိုးအစားနော် ။ သစ္စာဖောက် လောက်ကောင် တပ်မတော်အရာရှိ အချို့ကို မယုံကြည်ဘူးဆိုတာ Trust အမျိုးအစားဗျ ။
ဒီတော့ ပြည်သူတွေက လူပုဂ္ဂိုလ် ယုံကြည်မှု Trust အမျိုးအစား ပျောက်နေရတဲ့ ကာလမို့ သူတို့ ယုံကြည်ရမယ့်သူ ( Trust) လိုက်ရှာကြရပြီ ။ အဲဒီမှာ မီဒီယာလောကထဲက ပြောရဲဆိုရဲ ရှိသူ ၊ လူကြီးတွေထိ သိရှိအောင် သတင်းပို့နိုင်သူလို့ ယူဆရတဲ့ လူတွေကို အားကိုးလာကြတယ် ။
ဒီလိုနဲ့ သတင်းပေါင်းစုံ ၊ အကူညီတောင်းခံမှု ပေါင်းစုံဟာ ဆိုရှယ်မီဒီယာမှာ ပြည်သူ့ဟစ်တိုင် အဖြစ် ပေါ်လာရတော့တာပဲ ။ ဆိုရှယ်မီဒီယာပေါ်မှာ တင်ပြတဲ့အခါ ပြစ်တင်မှု ရှုံ့ချမှုတွေ ဖော်ထုတ်တင်ပြကြရသလို ဖြည့်ဆီးဆောင်ရွက်ပေးမှုတွေကို ပြန်လည် တင်ပြပေးကြရပါတယ် ။
ဒါမှသာ နစက အနေနဲ့ ပြည်သူ့အခက်အခဲကို သူတို့ကြားတာနဲ့ တတ်နိုင်သမျှတော့ လုပ်ပေးရှာသားပဲ ဆိုတဲ့ အစိုးရ နဲ့ ပြည်သူကြား နားလည်မှု ခိုင်မာလာမှာပါ ။ အဲသလို ရိုးရှင်းတဲ့ သဘောသဘာဝကိုတောင် နားမလည်ပဲ လာမန့်ထားတာ အပေါ်က ဖော်ပြထားတဲ့ မန့် ပါပဲ ။
သတင်းစီးဆင်းမှု အဆင့်ဆင့်ရယ် ၊ ပြည်သူတွေရဲ့ လူပုဂ္ဂိုလ် ယုံကြည်မှု ( Trust) ရယ် ၊ ဆက်သွယ်ရလွယ်ကူမှု ဆိုတဲ့ အချက်တွေရယ် ပေါင်းကြည့်ရင် တိုင်းမှူးလည်း တချို့အချက်အလက်တွေ သတင်းတွေ ငါတို့လောက် မရနိုင်တာ တွက်ကြည့်လို့ရပါတယ် ။
ဒါက ညံ့တာ တော်တာနဲ့ ဘာမှ မဆိုင်ဘူး ။ တိုင်းမှူးသိထားတဲ့ အဆင့်မြင့်သတင်းတွေ ငါတို့ မသိနိုင်သလို ပြည်သူကြားထဲက သတင်းတွေလည်း တခါတရံ ငါတို့က ပိုရတတ်တာ သဘာဝပဲ ။ သတင်းပေါင်းစည်းပြီး အကျိုးရှိအောင် လုပ်ဖို့ အဓိကလေ ။ မန့်တဲ့သူက အောက်တန်းကျစွာ ရန်တိုက်နေတာ ။ (သူမန့်ထားမှ တိုင်းမှူးက သိထားရက်နဲ့ တမင်လုပ်မပေးသလိုလို ဘာလိုလို အဓိပ္ပါယ်ပေါက်နေရော 😂)
(မင်း နဲ့ ဇော်ဖုန်းဟိန်းက အတူတူပဲ အထက်အောက် သွေးခွဲနေတာ) တဲ့ ။ ငါသိရသလောက်တော့ ဇော်ဘုန်းဟိန်းလည်း ပြောစရာရှိရင် နာမည် ရာထူးတပ်ပြီး ပြောသလို ငါလည်း အဲသလိုပဲ ယောကျာ်းပီပီ ဆော်တာလေ ။
ဘယ်မလဲ အထက်အောက် သွေးကွဲစရာ... ? မင်းမန့် ကမှ တပ်မတော် နဲ့ ထောက်ခံသူကို သွေးခွဲနေတာလေ ။ တို့လို ကိုယ်ကျိုးမပါပဲ အမိုက်ခံ အမုန်းခံ ပြောရဲတဲ့ မီဒီယာသမား လိုက်ရှာကြည့် လူဦးရေ ၅၅ သန်း ရှိတယ် ဘယ်နှစ်ယောက်ရှိမလဲ.... ?
ခိုးတဲ့သူကို ခိုးမှန်းသိရင်တော့ သူခိုးလို့ ပြောမှာပဲ ဂိတ်ထိုင်တောင်းစားနေရင်လည်း ဂိတ်နာမည် အတိအကျနဲ့ သူတောင်းစား ပြောမှာပဲ ( မဆိုင်တဲ့ဂိတ်တွေ နာမည်ပျက်မှာစိုးလို့) ဝန်ထမ်းမကောင်း ဝန်ထမ်းပြောရမှာပဲ ။ မင်းက အဲသလို ပြောနေတာကို နာနေတော့ မင်းလည်း မဟုတ်တာ လုပ်စားနေတဲ့ လူယုတ်မာပဲပေါ့ ။
ကဲ မရှင်းရင် ပြန်ဖတ် Trust နဲ့ Belief ဘာကွာသလဲ ဆိုတာကို ။ Trust ဆိုတဲ့ ယုံကြည်မှုမျိုးက ဝယ်ယူလို့ မရဘူး ။ လူဦးရေ သန်းပေါင်းများစွာ စောင့်ကြည့်နေတဲ့ ဆိုရှယ်မီဒီယာကြီးမှာ ကာလရှည် ယုံကြည်မှု( Trust) ရဲ့ တန်ဖိုးကို နားလည်အောင်ကျိုးစားပါအုံး ။

လုပ်သင့် မလုပ်သင့်
==================
ရွှေဘို မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီး၏ ကတ္တရာဗျူဟာလမ်းအတိုင်း ရွှေဘိုမှ ကားပေါင်းစုံများထွက်လာရပါတယ် ။ ကားအားလုံးသည် ရွှေဘို မှ ခင်ဦးနယ်ရှိ အလယ်ရှိုရွာ ရောက်တာနဲ့ PDF တို့ ပိတ်ဆို့ထားပြီး လမ်းလွဲကနေ မောင်းနှင်စေပါတယ် ( လောလောဆယ်ထိ) ။
PDF စိုးမျိုးလမျးကွောငျးအတိုငျး မြေမွန်ရွာ /ပဇီလေးရွာ/သီရီမွန်/မိုးထိသာအောင်/လက်ပံကျွန်း/မှန်နီပင်/လွဲဆိပ် ၄င်းကျေးရွာတွေဆီဖြတ်သန်းစေပါတယ် ။ အဲဒီလမ်းကြောင်းမှာ ဂိတ်ကြေးကောက်ခံခြင်း ၊ လမ်းပိတ်ဆို့ထားပြီး စျေးရောင်းခြင်းများ စိတ်တိုင်းကျ ဆောင်ရွက်ကြပါပြီ ။ PDF များအတွက်တော့ ဝင်ငွေစီးကြောင်းကြီးပါပဲ ။
အဲလို လမ်းလွှဲလိုက်ခြင်းကြောင့် ကန့်ဘလူမြို့နယ်၊ကျွန်းလှမြို့နယ်အတွင်း ကုန်စီးဆင်းမှုမရှိတော့ပါဘူး ။ အကျိုးဆက်က မိမိစိုးမိုးနယ်မြေအတွက် ကုန်စည်ရှားပါးခြင်း ၊ ကားသမားများ၊ခရီးသွားပြည်သူများ အတိဒုက္ခရောက်ခြင်း ၊ ရန်သူအတွက် ဝင်ငွေစီးကြောင်း ခွင့်ပြုရခြင်း ဆိုတဲ့ အချက်တွေကို တွေ့ရပါတယ် ။
မြေပုံကို ကြည့်မယ်ဆိုရင် အလယ်ရှိုရွာကနေ ယမနေ ရွာအထိ စိုးမိုးထားဖို့ လိုပါတယ် ။ မြေပုံပါ လမ်းကြောင်းက မိုးတွင်းသွားရ လာရ ခက်ခဲတဲ့ အတွက် ယခု လမ်းကြောင်းသစ် ဖောက်နေတာ ၁၀ ရက်ကျော်သွားပါပြီ ။
ငွေပေါနေတဲ့ PDF တွေက ယမနေလမ်းဆုံအကျော် မလည် ၊ မြေမွန် အကျော် ပသီကြီး ထန်းတော ခရိုင်ခြင်းဆက်လမ်းဆီ ဂျင်းကျောက်တွေနဲ့ ဖောက်နေကြတာပါ ။
ယခင် ကန့်ဘလူဗျူဟာမှူးဟောင်း လက်ထက်တုန်းက ယင်းလမ်းကြောင်းပေါ်ရှိ PDF ဂိတ်များအား ဒရုန်းဖြင့် ကင်းထောက် နှိမ်နင်းသဖြင့် အခြေပြုမရခဲ့တဲ့ နေရာပါပဲ ။ ယခု တပ်နယ်မှူးလက်ထက်မှာ လှုပ်ရှားမှု သေသွားလို့ ရန်သူစိုးမိုးနေတာလို့ သိရပါတယ် ။
အဆိုပါလမ်းကြောင်းအတွက် ထနောင်းကိုင်း ၊ အလယ်ရှိုရွာ မှ ယမနေထိ လမ်းကြောင်းရှင်းပေးဖို့ အရေးကြီးပါတယ် ။ မန္တလေး ရွှေဘိုဘက်မှ ကုန်စည်စီးကြောင်းဟာ ရန်သူ့လက်ထိုးထည့်ပေးထားသလို ဖြစ်နေပါတယ် ။ ပေးထားရတဲ့ နယ်တွေက ရွှေဘိုတပ်နယ်အပိုင် ခင်ဦးမြို့ပတ်ချာလည်မှာ ဖြစ်နေတာ တွေ့ရပါတယ် ။
ကန့်ဘလူနယ်က သူတို့ နယ်နမိတ်အဆုံး ယမနေထိ တာဝန်ကျေစွာ စိုးမိုးထားနိုင်ပါတယ် ။ တာဝန်မကျေတာ ရွှေဘိုတပ်နယ်ပါပဲ ။ ကားအားလုံးဟာ ရွှေဘိုကိုဖြတ်သန်းလာရတာဖြစ်ပြီး ရွှေဘိုတပ်နယ်ကလည်း ဂိတ်ထိုင်ကောက်တဲ့ အလုပ်ပဲ လုပ်နေပါတယ် ။ နယ်မြေရှင်းခြင်း လုံးဝ မဆောင်ရွက်ပါဘူး ။
ယခုအခါ ယခင်ကတင်ပြထားဖူးသော ရွှေဘိုတပ်နယ်မှ ဗိုလ်ကြီးအေးကျော်မျိုးကို တိုင်းမှူးအမိန့်ဖြင့် အချုပ်ထဲထည့်ထားသောကြောင့် ရွှေဘိုပြည်သူများ များစွာစိတ်ချမ်းသာပျော်ရွှင်လျှက်ရှိနေကြပါတယ် ။ ပြည်သူ့စကားနားထောင်ပေးသော နမခတိုင်းမှူးကြီးအား ကျေးဇူးတင်ရှိကြောင်း သိရပါတယ် ( ရန်ကုန်သို့ ပြောင်းရွှေ့မိန့်ကျပြီးသားပါ ဘယ်ကောင်ရေးရေး သောက်ရေးမလုပ်ဖူးကွလို့ ကြွေးကြော်ထားတဲ့ သူပါ)
ပူးတွဲမြေပုံပါ လမ်းကြောင်းအတိုင်း နယ်မြေရှင်းပေးဖို့ အရေးတကြီးလိုအပ်နေပါတယ် ။ ဒီဒေသက PDF တွေကို ပေါ့ပေါ့ဆဆ ရှင်းလို့ မရနိုင်ပါဘူး ။ လက်နက်ကောင်းပြီး ကျည်ဆံ ရိက္ခာ ထောက်ပံ့ရေးအားကောင်းတယ်လို့ သိရပါတယ် ( ဝင်ငွေကောင်းနေတာကိုး) ။
ယင်း ရွှေဘို မြစ်ကြီးနား ကုန်စည်လမ်းကြောင်းအား ပိုင်ပိုင်နိုင်နိုင် ထိမ်းချုပ်နိုင်မှသာလျှင် ကန့်ဘလူ ၊ ကျွန်းလှ ၊ တန်ဆည် ၊ ဇီးကုန်း မြို့များပါ အသက်ရှုချောင်ပါလိမ့်မယ် ။ ရန်သူ့ထံ စီးဝင်နေသော လောင်စာဆီ ၊ လက်နက်ခဲယမ်း ပိတ်ဆို့နိုင်ပါလိမ့်မယ်လို့ ယုံကြည်မိပါတယ် ။

သမိုင်း ပုန်း
============
'' ငမျိုးရေ ငါအခုပဲ နီတုံးတွေနဲ့ ငြင်းပြီး ပြန်လာတာကွ...သူတို့ကပြောတယ် ဒေါ်စုကြည် တသက်မှာ မဲခွဲတိုင်း နိုင်ခဲ့တာချည်းပဲ တဲ့ ငါက မဟုတ်ဖူး တခါရှုံးဖူးတယ် ဆိုတော့ ဘယ်တုန်းက ဘာကိစ္စလဲတဲ့ အဲဒါ ငါမေ့နေလို့ ပြန်ပြောစမ်းပါအုံး ကွ ''
'' ဒေါ်စုကြည် နေအိမ် အကျယ်ချုပ်ကျနေတုန်းကပေါ့ဗျာ ။ သူ့ယောကျာ်း မိုက်ကယ်အဲရစ်လည်း မသေသေးဘူးဗျ အဲဒီ အချိန်ပြဿနာတက်ကြတာပဲ ''
'' အေး ဆက်ပြောအုံး ဟ ''
'' သူက သူ့အိမ်ထဲမှာ ဒေးဗစ်လှမြင့် ဆိုလား အဲဒီလူနဲ့ မူစကူဒူးနေတာ ဦးကြည်မောင် ( ယခင် NLD ဥက္ကဌ ၁၉၉၀) မိန်းမက မြင်ပါရောလား ''
'' အင်း မှတ်မိလာပြီ ဆက်ပြောကွာ ''
'' ဦးကြည်မောင်တို့က မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဆိုတော့ ဒီလိုမျိုး ကိစ္စ ဘယ်လက်ခံမလဲ အဲဒါနဲ့ နောက်နောင် အိမ်ထောင်ရေး မဖောက်ပြန်ဖို့ တားမြစ်ပါရော ''
'' အင်း ဒီတော့.... ''
'' ဘွားတော်က ဘယ်ရမလဲ လူ့အခွင့်အရေး ဘာညာကွိကွ နဲ့ ကတ်ကတ်လန် ရန်တွေ့ပါရောလား ''
'' အေး ရန်တွေ့တော့.... ? ''
'' ဒီကိစ္စအတွက် ဘွားတော်ကို တားမရတော့မှန်း သိတာနဲ့ ပြဿနာကောင် ဒေးဗစ်လှမြင့်ကို အကျယ်ချုပ်ထားတဲ့ အိမ်ကြီးမှာ မထားတော့ပဲ နှင်ထုတ်ဖို့ လုပ်ကြတယ် ''
'' ဟ ဘွားတော်က တားမှာပေါ့ ''
'' မှန်တယ် နှင်မထုတ်ရဘူး တားတော့ NLD CEC အစည်းအဝေးခေါ်ပြီး ဆက်ထားသင့် မထားသင့် မဲ ခွဲဆုံးဖြတ်တဲ့ အဆင့်ထိ ရောက်သွားခဲ့ရတယ် ၊ ဘွားတော်က မဲခွဲလည်း သူပဲနိုင်မယ် ယူဆပြီး သဘောတူခဲ့တယ် ''
'' မဲ ခွဲကြတော့ ''
'' CEC တွေလည်း အိမ်ထောင်ရေးဖောက်ပြန်တာ လက်ခံရဲတဲ့သူတွေ မဟုတ်တော့ နှင်ထုတ်ပစ်ဖို့ပဲ ဆန္ဒမဲ ပေးခဲ့ကြလို့ ဘွားတော် မဲ ရှုံးသွားခဲ့တယ်လေ ''
'' အေးကွ ဘွားတော်က ကြောက်တော့ မကြောက်တတ်ဖူးနော် ''
'' NLD ထဲမှာ သူကြောက်တာ တယောက်ပဲ ရှိတယ် ''
'' ဘယ်သူလဲ ဦးဝင်တင်လား..? ဦးတင်ဦးလား..? ''
'' ဘယ်ကလာ သူကြောက်တာ ဦးဝင်းထိန်ပဲ ၊ ဦးဝင်းထိန်သမီး မင်္ဂလာဆောင်အပြီး ပြဿနာတက်ကြတော့ သြဇီလိုက်သွားပြီး ကိုယ်တွေ့နိုင်ငံရေးအကြောင်း စာအုပ်ရေးတော့မယ်လို့ ဦးဝင်းထိန်က ထပြောလိုက်တာ ဘွားတော်ကိုယ်တိုင် သြဇီထိ လိုက်သွားပြီး ချော့မော့ပြန်ခေါ် မရေးသားဖို့ တောင်းပန်ခဲ့ရတယ်လေ ''
'' အေးကွ ဒီကိစ္စကတော့ လူသိများပါတယ် မဲ ရှုံးတဲ့ ကိစ္စမျိုးကြ လူသိနည်းသေးတယ်ကွ ''
'' အဲဒါ သမိုင်းပုန်းလို့ ခေါ်တယ် ၊ ကာယကံရှင်တွေ ရှိနေပါသေးတယ်လေ မေးလို့ မြန်းလို့ ရနိုင်တဲ့ အဖြစ်အပျက်တွေပါ ''
'' OK ကွာ ငါ နီတုံးတွေသိအောင် ပြန်ပြောရအုံးမယ် ''
'' ပြောမနေနဲ့ ဒီလူတွေက ဖင်ကို ငှက်ပျောရိုးဆို့ပြီး ငြင်းမယ့်သူတွေ ဗျ ''