Ko Myo Win
24.9K subscribers
294 photos
6 videos
12 links
comment box
Download Telegram
မဲသဝေါမှာ ထိုးစစ်အကြီးကြီးတွေ ဆင်နွဲကြပါတယ် ။

မြန်မာ့တပ်မတော်ဟာ တရုတ်ရဲ့ အကူအညီနဲ့ ခေတ်မှီလက်ခဲယမ်းများအား ဖောချင်းသောချင်း သုံးပြီး မိုင်းယန်းကို တိုက်ခိုက်နေတဲ့ ဗကပ များနဲ့ အနောက်အုပ်စုရဲ့ ထောက်ပံ့မှုများနဲ့ ပေါများနေတဲ့ ခေတ်မှီလက်နက်ခဲယမ်းတွေကို အလျှံပယ်သုံးနေသော KNU တို့ ကို အပြင်းအထန် ကာကွယ်နေရပါတယ် ။

နိုင်ငံရဲ့ မြေပုံ ပြောင်းလဲသွားနိုင်တဲ့ အဆိုပါ တိုက်ပွဲကြီးများအတွက် မြန်မာ့တပ်မတော်မှာ လက်နက်ငယ်တွေ ပဲ ပြည်တွင်းထုတ်မို့ အလုံလောက်ရှိခဲ့ပေမယ့် လက်နက်ကြီး ခဲယမ်းတွေက ကုန်သလောက် ရှိသွားပါပြီ ။

အဲဒါကို သိသွားတဲ့ မစ္စချန်ဘောင်လီဟာ စင်္ကာပူကို ချက်ခြင်းသွားပြီး လီကွမ်ယူနဲ့ ညှိနှိုင်းကာ ရက်လွန် ခဲယမ်းများအား ဖျက်ဆီးရန် မြန်မာအား ကံထရိုက်ပေးလိုက်သည် ဆိုပြီး 81 mm ဗုံးသီး တသိန်း နဲ့ ဖျက်ဆီးခ ဒေါ်လာ တသိန်းကို အမြန်ပေးပို့လိုက်ပါတယ် ။

အချိန်မှီရောက်လာတဲ့ စင်္ကာပူ 81 mm များနဲ့ ဗုံးမိုးရွာခဲ့ရာ ဗကပရော KNU ရော ဆုတ်ခွါသွားကြရပါတယ် ။ မြန်မာပြည်မြေပုံ အပျိုစင်အတိုင်းကျန်နေသေးတာ လီကွမ်ယူ နဲ့ မစ္စချန်ဘောင်လူတို့ ကျေးဇူးကြောင့်ပါပဲ ။

တပ်မတော်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်းကို စင်္ကာပူဟာ နောက်ထပ်ကြီးမားတဲ့ အထောက်အကူများနဲ့ သက်သေပြခဲ့ကြပြန်ပါတယ် ။ အဲဒီလုပ်ဆောင်ချက်တွေကတော့.............?

ကိုရွှေမျိုးဝင်း
လက်နက်ရဖို့ လွယ်ခဲ့သလား (4)
============================

1990 မှာ ရွေးကောက်ပွဲ နဲ့ ပါတ်သက်ပြီး ဆွီဒင်က ဦးဆောင်ကာ မြန်မာနိုင်ငံကို အပြင်းအထန် ရှုံ့ချရန် ကုလသမဂ္ဂသို့ အဆိုမူကြမ်းတင်သွင်းရေးဆွဲရာတွင် စင်္ကကာပူက မြန်မာ့ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရန် ပြင်းပြင်းထန်ထန် ကန့်ကွက်ပေးခဲ့ပါတယ် ။

ထို့အပြင် လီကွမ်ယူက ဒေါ်စုကြည်ရဲ့ အရည်အချင်းနဲ့ မြန်မာနိုင်ငံကို နိုင်နင်းအောင် ကိုင်တွယ်နိုင်စွမ်းမရှိသဖြင့် ဒီမိုကရေစီရဲ့ ပြယုတ်အနေနဲ့သာ နေသင့်ကြောင်း ပြင်းထန်မှန်ကန် တိကျစွာ ဝေဖန်ခဲ့ပါတယ် ။

1991 မှာ တရုတ်ထံမှ ဝယ်ယူခဲ့တဲ့ လက်နက်ဖိုး US$ 400 သန်းအား စင်္ကာပူဘဏ်မှ တဆင့် ပေးချေခဲ့ပါတယ် ။ ဒါကြောင့် ဥရောပနိုင်ငံများမှ စင်္ကာပူသည် မြန်မာအား လက်နက်များ တိုက်ရိုက်ရောင်းချပေးရုံ မကဘူး တဆင့်ခံ Gray Maret အဖြစ်ပါ ဆောင်ရွက်ပေးနေတယ်လို့ ဝေဖန်ခဲ့ပေမယ့် ဇီးရွက်လောက် စင်္ကာပူက သောက်ရေးတောင် မလုပ်ခဲ့ပါဘူး ။

၈၈ နောက်ပိုင်း စျေးကွက်စီးပွါးရေးစနစ် ပြောင်းလဲကျင့်သုံးခဲ့ရာမှာ ပြည်ပ ရငျူနှီးမွှပျမှုမြား အလုံးအရင်း နဲ့ ဝင်လာကြရာ တိုင်းပြည်လည်း ချက်ခြင်းဖွံ့ဖြိုးလာပါတယ် ။

ပြည်သူတွေအတွက် အလုပ်အကိုင် ဝင်ငွေ များပြားလာပြီး လူသုံးကုန်ပစ္စည်းများ ပေါများလာခြင်းတို့ကြောင့် အာဏာသိမ်း စစ်အစိုးရ ၊ 1990 ရွေးကောက်ပွဲကို အာဏာမလွှဲတဲ့ စစ်အစိုးရဆိုတဲ့ အမြင်တွေ မရှိကြတော့ပါဘူး ။

ရိုးသားတဲ့ ပြည်သူတွေ တိုးတက်ပျော်ရွှင်နေကြပြီး စစ်အစိုးရကို အပြစ်မမြင်တော့တာကို မရှုစိမ့်တဲ့ ဒေါ်စုကြည်ဟာ မြန်မာပြည်ကို စီးပွါးရေး ပိတ်ဆို့ပေးဖို့ ယုတ်မာစွာ တောင်းဆိုလိုက်ပါတယ် ။ အညွှန့်တလူလူ တက်နေတဲ့ မြန်မာ့စီးပွါးရေးဟာ ဒေါ်စုကြည်ရဲ့ ယုတ်မာမှုကြောင့် ပြန်လည်ရုတ်သိမ်းသွားတဲ့ စက်ရုံလုပ်ရုံတွေနဲ့ အတူ လျောကျနိမ့်ဆင်း သွားရပြန်ပါတယ် ။ ဗိုလ်ချုပ်တွေ ခိုးလို့ တိုင်းပြည်ဆင်းရဲနေတာထက် ဒေါ်စုကြည် ယုတ်မာလို့ ပိုပြီးဆင်းရဲခဲ့ရတာပါ ။

စီးပွါးရေး ပိတ်ဆို့လိုက်လို့ မြန်မာတွေ ရုတ်ချည်း အခြေပျက်သွားချိန်မှာ စင်္ကာပူဟာ 1997 မှာ US$ 11 ဘီလီယံ ရင်းနှီးမြှပ်နှံပြီး မြန်မာ့စီးပွါးရေးကို ကျားကန်ပေးခဲ့ပါတယ် ။

ပရောဂျက်ပေါင်း 50 ကျော်အနက် ဒေါ်လာ 166 သန်း ရင်းနှီးမြှပ်နှံခဲ့တဲ့ သံလျှင် ကျောက်တန်း စက်မှုဇုံစီမံကိန်း နဲ့ ဒေါ်လာ သန်း 50 ရင်နှီးမြှပ်နှံခဲ့တဲ့ သီလဝါဆိပ်ကမ်း တည်ဆောက်ရေးတို့ဟာ ထင်ရှားလှပါတယ် ။

ဥရောပ အုပ်စုက ပိတ်ဆို့ထားတဲ့ လက်နက်ရောင်းဝယ်မှုကို မြန်မာက စင်္ကာပူကတဆင့် ရရှိအောင် ဆောင်ရွက်ခဲ့ရာမှာ တဆင့်ခံဖြစ်နေလို့ စျေးနှုံးမြင့်မားကောင်း မြင့်မားနေမှာ ဖြစ်ပေမယ့် မြန်မာ့တပ်မတော်အတွက် မရှိမဖြစ် လိုအပ်လှတဲ့ လက်နက်ခဲယမ်း ကွင်းဆက်ပျက်မသွားအောင် စီမံနိုင်တာကိုက ချီးမွှမ်းဖို့ ထိာက်တန်ပါတယ် ။

ထိုအချိန်က စင်္ကာပူမှတဆင့် အရေးကြီးလက်နက်တွေ အဖြစ် M 16 နဲ့ 762 ကျည်ဆံများ ၊ ဆက်သွယ်ရေးကရိယာများ ၊ 120 mm ၊ 81 mm ၊ 60 mm တို့လို အကြီးစား အလတ်စား အပေါ့စား မော်တာများ နဲ့ ကျည်ဆံများ ၊ မြေမြှပ်မိုင်းများ ၊ တင့်ဖျက်မိုင်းများ တဆင့်ခံ ဝယ်ခဲ့ရပါတယ် ။

1991 ထုတ် Asian Aviation ဂျာနယ်ကတော့ စင်္ကာပူကနေ BAe ဒိုင်းနမိုက် Bloodhound MK 2 SUM မြေပြင်မှဝေဟင်ပစ်လက်နက် အများအပြားနဲ့ ဒုံးပျံပစ်မှတ်များကို အထောက်အကူပြု ထင်ရှားစေသော စကော်ပီယွန် ရေဒါ ၃ ခုကို ပေးခဲ့တယ် လို့ ဖော်ပြထားပါတယ် ။

ထောက်လှမ်းရေးနည်းပညာများ ၊ အထူးစစ်ရေးလေ့ကျင့်မှုများ ၊ ကာကွယယ်ရေးနည်းပညာများ ကူညီပေးခဲ့ပါတယ် ။ ဒီ့အပြင် Bilateral ဆက်ဆံရေးမျိုး တည်ဆောက်ပြီး စင်္ကာပူစစ်တက္ကသိုလ်မှာ မြန်မာအရာရှိတွေ သင်တန်းတက်ခွင့်ပေးခဲ့ပါတယ် ။

လေတပ်အရာရှိများ နဲ့ လေထီးတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးခဲ့ပါတယ် ။ ထို့နောက် မြန်မာပြည်သို့ စင်္ကာပူ စသ်တက္ကသိုလ်မှ နည်းပြများလာရောက်ပြီး မြန်မာ့အမြှောက်တပ်ကို ပစ်ခတ်လေ့ကျင့်မှုများ ပေးကြရာမှာတော့ မြန်မာ့အမြောက်တပ်ရဲ့ အတွေ့အကြုံ နဲ့ စွမ်းရည်ကို စင်္ကာပူတွေ လေးစားသွားကြပါတယ် ။

စင်္ကာပူဟာ ဖော်ကာ 50 သို့မဟုတ် C 130 လေယာဉ်တွေနဲ့ မြန်မာပြည်ကို ပုံမှန်လာရောက်ပြီး Navigationcl training နဲ့ လှို့ဝှက်သတင်းအချက်အလက် စုဆောင်းခြင်း Intelligence Collection များ ပုံမှန်ဆောင်ရွက်ခဲ့ကြပါတယ် ။

အဲဒီနောက် စင်္ကာပူဟာ ကာကွယ်ရေးဝန်ပြီးဌာနရဲ့ ကွန်ပြူတာများကို အဆင့်မြှင့်တင်ပေးပြီး Regional Military Command 12 ခုကို အဆင့်မြင့် ဆက်သွယ်ရေးစနစ်များနဲ့ လဲလှယ် တပ်ဆင်ပေးခဲ့ပါတယ် ။

တပ်မတော်အတွက် သူတို့ အကျွမ်းကျင်ဆုံးနယ်ပယ်ဖြစ်တဲ့ Ministary 's Cyber War Center ကို ဖွင့်လှစ်ပေးခဲ့ပါတယ် ။ ဒီတော့ သောင်းကျန်းသူတွေ ရဲ့ အချင်းချင်း ဆက်သွယ်မှုတွေကို ထောက်လှမ်းသိရှိနိုင်ခဲ့ပါတယ် ။
ဒီလိုနဲ့ ခေတ်မမှီတော့တဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စနစ်ဟောင်းများကို ပြောင်းပြန်လှန်ပြီး စနစ်သစ်နဲ့ လဲလှယ်ပေးလိုက်တဲ့ စင်္ကာပူရဲ့ ကူညီမှုကြောင့် ကာကွယ်ရေးဝန်ကြီး ဌာနဟာ ကီးပတ်ဖုန်း ကနေ နောက်ဆုံးပေါ် I phone ပြောင်းကိုင်ရသလို ပြောင်းလဲ တိုးတက်သွားပါတယ် ။

ဦးသန်းရွှေက ဦးနေဝင်းရဲ့ မိတ်ဆွေကောင်း Fritz Wsrner နေရာမှာ စင်္ကာပူကိုရွေးချယ်နိုင်ခဲ့ကြတာဟာ အလွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ကြောင်း ချီးကျူးကြရမှာဖြစ်ပါတယ် ။

1997 မှာ စင်္ကာပူဟာ မြန်မာအတွက် အင်မတန် အဖိုးတန်တဲ့ လက်ဆောင်မွန်တခု ပေးပ်ဖို့ စီစဉ်ခဲ့ပါတယ် ။ စင်္ကာပူနိုင်ငံပိုင် Chartered Industries Of Singapore ကုမ္ပဏီက အစ္စရေးပညာရှင်များ အကူအညီနဲ့ ထုတ်လုပ်ရန် အသင့်ဖြစ်နေတဲ့ လက်နက်စက်ရုံ အသစ်တခုကို တည်ဆောက်ခဲ့ပါတယ် ။ စင်္ကာပူမှာ လက်နက်စက်ရုံ သစ်ကို စမ်းသပ်လည်ပတ်ပြီး 37mm Calibre လက်နက်နဲ့ ခဲယမ်းတွေကို ထုတ်လုပ်ပါတယ် ။ အားလုံးအဆင်ပြေပြီ ဆိုတာ နဲ့ စက်ရုံကို အလုံးလိုက် မြန်မာပြည်ကို ရွှေ့ပြောင်းပြီး လွှဲအပ်လိုက်ပါတော့တယ် ။

မြန်မာ့တပ်မတော်တွက်တော့ Modular စက်ရုံ အသစ်စက်စက်ကို လက်ခံရရှိလိုက်တာဟာ အနာဂါတ် အတွက် လက်နက်ကြီးများ ကိုယ်ပိုင်ထုတ်လုပ်ရန် အတွက် အရေးပါတဲ့ အထောက်အကူကြီး ဖြစ်ခဲ့ရပါတယ် ။

ဒါတင်မကပါဘူး မေမြို့ရှိ ကာကွယ်ရေးနည်းပညာတက္ကသိုလ်အတွက် ခေတ်မှီစက်ကရိယာများ ပံ့ပိုးပေးပြီး အနာဂါတ် ခဲယမ်းကျွမ်းကျင်သူများ မွေးထုတ်နိုင်ရန် ထောက်ပံ့ခဲ့ပါတယ် ။

အနောက်နိုင်ငံများရဲ့ ဝေဖန်မှုတွေကို ဆတ်ဆတ်ထိမခံ တုန့်ပြန်တတ်တဲ့ စင်္ကာပူရဲ့ သတ္တိကတော့ နေရာတကာခေါင်းငုံ့ခံနေရတဲ့ လက်ရှိမြန်မာအစိုးရအတွက် ရှက်စရာပါပဲ ။

စစ်အစိုးရဟာ အချိန်နဲ့အမျှ အင်အားတည်ဆောက်ခဲ့ရာ ၈၈ မတိုင်မှီက အင်အားတသိန်းရှစ်သောင်း ရှိရာမှ ၁၉၉၇ မှာ အင်အား လေးသိန်း ကျော်ရှိလာပြီး ငါးသိန်းအထိ တိုးချဲ့ဖို့ ဆောင်ရွက်နေပါတယ် ။

စစ်လေယာဉ် ၁၄၀ ၊ ရေယာဉ် ၃၀ ၊ တင့်ကားအများအပြား ၊ သံချပ်ကာ အများအပြား ၊ Multiple Lanch ရော့ကတ်များ ၊ အမြောက်ကြီးများ ကို ကိုယ်တိုင် ထုတ်နိုင်လာပါပြီ ။

အခက်အခဲများ ကြားထဲကနေ တပ်မတော်ဟာ ကြည်း ရေ လေ အင်အားစုတွေကို တိုးတက်လာအောင် ကျားကုတ်ကျားခဲ ဆောင်ရွက်လာခဲ့ရာမှ စစ်အင်အား လက်နက်အင်အားဟာ ထိုက်အလျှောက် ဖြစ်ထွန်းလာခဲ့ရပါပြီ ။

စင်္ကာပူဟာ မြန်မာကို တရုတ်လက်အောက်ခိုဝင်မှာ မလိုလားသလို သူနဲ့ ဆက်ဆံတဲ့နေရာမှာ မည်သည့် နိုင်ငံရေးဖိအား စီးပွါးရေးဖိအားကြောင့်မှ မဟုတ်ပဲ မိတ်ဆွေပီသစွာ ကူညီခြင်းဖြစ်ကြောင်း သိစေလိုဟန် ရှိပါတယ် ။

စင်္ကာပူ တွက်ဆတာကလည်း မြန်မာသည် တနေ့နေ့ တချိန်ချိန်မှာ အရှေ့တောင်အာရှရဲ့ စစ်အင်အားကြီး နိုင်ငံတခု မလွဲမသေ ဖြစ်လာမှာပဲ လို့ တွက်ဆထားပါတယ် ။ ဒါကြောင့် မြန်မာနဲ့ ကျောခြင်းကပ်ပြီး မိတ်ဆွေကောင်းလုပ်ထားရင် အခြေအနေကောင်းနိုင်ကြောင်း ယူဆခဲ့ပါတယ် ။

မြန်မာကတော့ စင်္ကာပူရဲ့ ကူညီမှုအတွက် တရုတ်နဲ့တန်းတူသဘောထားပြီး အထူးအလေးပေး ဆက်ဆံခဲ့ကြပါတယ် ။ ဒါပေမယ့် ဦးသန်းရွှေရဲ့ မျှော်မှန်းချက်ဟာ အဆမတန်မြင့်မားလွန်းလှပါတယ် ။


မိတ်ဆွေ စင်္ကာပူရဲ့ ကူညီနိုင်စွမ်းဟာ အစွမ်းကုန်နေပါပြီ ။ ဦးသန်းရွှေက ဒီထက်မက အဆင့်မြှင့်ဖို့ ရည်ရွယ်ထားတော့ နောက်ထပ် မိတ်ဆွေကောင်း ရွေးချယ်ပြန်ရပါတယ် ။ ဦးသန်းရွှေ နောက်ထပ် ရွေးချယ်တဲ့ မိတ်ဆွေက မြောက်ကိုးရီးယားလို့ မပြောနဲ့နော် မဟုတ်ဖူးဗျ သူရွေးလိုက်တာက ......?

ကိုရွှေမျိုးဝင်း
ဘယ် အုပ်စုထဲပါနေသလဲ...?
=========================

G 12 ပြန်ဖြေ ပြဿနာမှာ ထုံးစံအတိုင်း ရပ်တည်ချက် အမျိုးမျိုး ၊ အမြင်အမျိုးမျိုးနဲ့ ထောက်ခံခြင်း ကန့်ကွက်ခြင်းတွေ များစွာတွေ့မြင်နေရပါတယ် ။

မနှစ်က 220843 စာရင်းသွင်းတယ် ။ 208659 လာဖြေပါတယ် ။ 12148 ဦးက အကြောင်းအမျိုးမျိုးကြောင့် မဖြေခဲ့ကြရပါဘူး ။ မီးလောင်သွားတာ 62900 ကျော်တယ် ။

ဟို ယခင်ကာလများတုန်းက 2019-2020 ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း အတွက် 971407 ဦး ဖြေဆိုခဲ့ဖူးပါတယ် ။ ရန်ကုန်တိုင်းမှာ ပျဥ်းမျှ 31.44 % အောင်မြင်ပါတယ် ။ တနိုင်ငံလုံး 30 % ပဲ ထားပါ ။ အောင်မြင်သူ 291442 ဦး ရှိပါတယ် ။ ( ဒီတော့ တက္ကသိုလ်တွေ ဆရာ / ဆရာမ တွေသည် ကျောင်းသား ၃ သိန်းနီးပါး သင်ကြားပေးဖို့ ရှိနေပြီးလို့ သတ်မှတ်လို့ရပါတယ်)

ပြောချင်တာက ယခုလိုကာလမှာ တနိုင်ငံလုံး ဖြေဆိုသူ 208695 လုံး တက္ကသိုလ်ရောက်လာရင်တောင် တသိန်းစာလောက် ချောင်ချိနေအုံးမှာ သိဖို့ ။ ယခု မီးလောင်ကျောင်းတွေ ဖြေဆိုသူ 62900 ကျော်အနက် သူ့စကေးအရ အမှန် အောင်ရမယ့်သူ ၂ သောင်းကျော် ၊ ကျဆုံးနိုင်သူ ၄ သောင်းကျော် ပဲရှိပါတယ် ။

တက္ကသိုလ်သို့ အမှန်တကယ် ရောက်သင့်သူအချိုးအရ 35 % ဆိုရင် 73030 ဦးပဲ ရှိပါတယ် ။ ယခု မီးလောင်သွားလို့ အအောင်ပေးလိုက်ရင်တောင် ကျောင်းသား ၄၀၀၀၀ ကျော်ပဲ ထပ်တိုးပြီး စုစုပေါင်း တသိန်းကျော်ပဲ ရှိနေမှာပါ ။ တက္ကသိုလ်တွေက လက်ခံနိုင်စွမ်းရဲ့ သုံးပုံ တစ်ပုံ ပဲမို့ စာသင်ခန်းနေရာ ၊ ဆရာဦးရေ ပြဿနာ လုံးဝမရှိနိုင်ပါဘူး ။

အရမ်းကြီး ကြီးကြီးကျယ်ကျယ် ပြောနေကြသော အရည်အသွေး ကိစ္စ ။ နိုင်ငံခြား ပညာသွားသင်ရင် အရှက်ကွဲမတဲ့ ။ နတ်ဖြစ်မယ့်သူက အချွန်လေးနဲ့ ပါဗျာ ။ တော်တဲ့ကလေးက တော်သလို ထပ်မံလေ့လာကြရတာပါ ။

ဆယ်တန်းဘာသာစုံ ဂုဏ်ထူးပါမှ ဆေးကျောင်းတက်ဆိုတဲ့ မူအရသာ ဖင်ခေါင်းကျယ်နေတာပါ အရပ်ထဲက ရမ်းကုတွေ ၊ သာမန်ကျောက်ဆေးထိုးဆရာတွေ ၊ ကျန်းမာရေးမှူးတွေ ၊ သူနာပြုတွေလည်း တော်ရုံကုနေကြတာပါပဲ ။ သင်ရင် တတ်တယ်ဆိုတာ ပြောချင်တာနော် ။ ရောဂါပေါင်းစုံကို သွေးမစစ် ၊ ဆီးမစစ် ၊ ဓာတ်မခွဲခိုင်းပဲ ကုသပေးနိုင်တဲ့ ပါရဂူရှိရင် လာပြော ။

သာမန် ဘွဲ့ အတွက်တော့ ပြောမနေနဲ့တော့နဲ့ ။ သင်ရင် တတ်တဲ့ ဘွဲ့ချည်းပဲ ။ မထိုက်တန်လို့ ပထမနှစ် ၊ ဒုတိယနှစ်ကနေ တဖုန်းဖုန်းကျ ထွက်သွားကြရသူတွေ ဒု နဲ့ ဒေး ။ ဒီတော့ မီးလောင်အဖြေရှင်တွေလည်း တက္ကသိုလ်မှာ မထိုက်တန်ရင် ထွက်သွားရလိမ့်မယ် ။ ဘာအရည်အချင်းတွေ အရည်အသွေးတွေနဲ့ ဂယောင်ဖက်နေရမလဲဗျာ ။ မတန်ရင် သူ့ဘာသာ တက္ကသိုလ်ကျမှ ကန်ထုတ် ရှင်းရှင်းလေးပဲ ။

လေကြီးမိုးကြီးနဲ့ အရည်အသွေးတဲ့ ။ လက်ရှိ မြန်မာပြည်က...

- ရူပဗေဒ ပညာရှင်တွေ ဘာတွေတီထွင်ပြနေသလဲ...လူချင်းတူတဲ့ ဘက္ထရီအိုး ဆိုလာပြားထုတ်နိုင်ပြီလား... ?

- ဓာတုဗေဒ ပါမောက္ခကြီးတွေ လူသားတွေအတွက် ဘာတွေများ တီထွင်ထားပြီလဲ...?

- စိုက်ပျိုးရေး ပါရဂူကြီးတွေ ကိုယ်တိုင်းပြည် တဝက်လောက်ရှိတဲ့ ဗီယက်နမ်က စိုက်ပျိုးရေးထုတ်ကုန် ကိုယ့်ထက် ၂ ဆ ထွက်နေတာ အမှီလိုက်နိုင်ဖို့ ဘာတွေ သုတေသနလုပ်နေကြပါသလဲ... ?

ဒါတွေက လက်တွေ့နယ်ပယ်အတွက် အကျိုးရှိအောင် လုပ်မပြနိုင်သေးတဲ့ ပညာရှင်ကြီးတွေ ဘယ်လောက်များနေ ဝါးနေသလဲဆိုတာ ထုတ်ပြတာ ။ အရမ်းဖင်ခေါင်းကျယ်ပြီး ကွာလ်တီ ပြောနေကြလွန်းလို့ ။

ပွင့်ပွင့်လင်းလင်းပြောရရင် G 12 ပြန်ဖြေဖို့ ထောက်ခံသူတွေကို အုပ်စုခွဲကြည့်ရင်..

- လူသားများအတွက် လက်တွေ့အကျိုးမပါသော ၊ သူများရေးထားတာ ဖတ်မှတ် ပြန်ပြောအဆင့်နဲ့ ဆရာကြီးဖြစ်နေကြသောသူများ...

- အမှန်တကယ် စာကျိုးစားခဲ့သော ရှားပါးလူတော်ကျောင်းသားများ ( အဲသလို ကျောင်းသားတွေမှာ ကိုယ်သိသလို သူများသိမယ်ထင်နေကြပြီး အတ္တအတန်ကြီးတတ်ကြတဲ့ စရိုက်ရှိကြပါတယ် တနည်း စာနာစိတ်နည်းကြတယ်)

- နောက်ဆုံး အုပ်စုကတော့ အစိုးရ ဘာလုပ်လုပ် မှန်တယ် ။ ဆန့်ကျင်တဲ့သူတွေ မှန်သမျှ လူပိန်းတွေ ၊ ပညာမဲ့တွေ ဆိုပြီး ဘောငုံ ပြောနေကြတဲ့ အုပ်စုဆိုပြီး ကွဲပါလိမ့်မယ် ။

မဖြေသင့်ဘူး ဆိုသူတွေကတော့ ရှင်းပါတယ် ။ မင်းတို့ စောက်သုံးမကျလို့ မီးလောင်ကုန်တာ ( သဘာဝဘေးဟု ဆိုသော်ငြား မီးဘေး ရေဘေး ကြိုတင်ကာကွယ်ရန် စီမံထားသင့်ပါလျှက် လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်း) မင်းတို့မှာပဲ တာဝန်ရှိတယ် ။

ဖြေဆိုခဲ့တဲ့ ကလေးတွေမှာ တာဝန်ကျေပြီးဖြစ်တယ် ။ ဒါကြောင့် ကလေးတွေကို ဒုက္ခထပ်မပေးနဲ့ လို့ ရှင်းရှင်းပြတ်ပြတ် မြင်သူတွေ အများစု ပဲ ။ စာမေးပွဲဒုက္ခအဖြစ် အခုချိန်ထိ အိပ်မက်ထဲမှာ စာမေးပွဲ ဖြေရင်း အချိန်မမှီတာ ၊ မဖြေနိုင်တာ ၊ ဘောပင်ပျောက်တာ ၊ အဖြေစာရွက်ရေစိုကုန်တာ အစရှိတဲ့ ခြောက်အိပ်မက်တွေ နဲ့ စိတ်ဖိစီးမှုခံနေရကြတာ သေခါနီးထိပဲ ။ ဟုတ်မဟုတ် ပြန်တွေးကြည့်ပေတော့ ။
ဖြေရှင်းဖို့ အခြားနည်းလမ်းတွေ အများကြီးရှိတယ် ။ မဖြေရှင်းဘူး ဒုက္ခသည် ကျောင်းသားအပေါင်းကိုပဲ သုံးစားမရတဲ့ ကွာလ်တီ အကြောင်းပြလိုက် ၊ ဟိုဝင်ခွင့် ဒီဝင်ခွင့် အကြောင်းပြလိုက်နဲ့ တမင်ယုတ်မာတဲ့ အစီအစဥ် လုပ်ဆောင်မှုအပေါ် ထောက်ခံသူတွေ နဲ့ ကန့်ကွက်သူတွေကြားမှာ ခြားနားမှု တခုပဲ ရှိတယ် ။

အဲဒီ ခြားနားမှုက လူပီသတဲ့ လူသားတွေမှာပဲ ရှိတတ်တဲ့ '' စာနာမှု '' ပဲ ။


လူပိန်းကြိုက်ပါလို့ စွတ်စွဲနေရင် ကိုယ့်ဘာသာ ပြန်ကြည့် ငါ တကယ့်ကို လူသားအကျိုးပြု ပညာတတ်ကြီးလား ( စာတတ်ရုံအဆင့်မဟုတ်) ၊ ငါကျောင်းသားဘဝ တုန်းက ရှားပါးတဲ့ထူးချွန်သူလား ( သူတို့က စာနာစိတ်နည်းတယ်) ၊ သို့တည်းမဟုတ် ငါက အစိုးရလော်ဘီ မို့ အစိုးရဘာလုပ်လုပ် ကောင်းပါတယ် အော်နေရတဲ့ ဘဝ လားဆိုတာကိုပေါ့ ။

ကဲ ခင်ဗျား ဘယ်အုပ်စုမှာ ပါနေပြီလဲ... ?

ကိုရွှေမျိုးဝင်း
စိမ့်ဝင်နေတဲ့ PDF
================

မြင်းခြံမြို့ မီးသတ်စခန်း နဲ့ တောင်စျေးကြား လမ်းအနောက်ဘက် လမ်းဒေါင့်မှာ မြင့်မြင့်ဝေ ဆိုတဲ့ ဖိနပ်ဆိုင်ကြီး ရှိပါတယ် ။ အဲဒီဆိုင်ကို 23 - 4 - 2025 နေ့မှာ ဒါးမြ တိုက်ကြတယ် ။ လူ ၆ ယောက်ပါသတဲ့ ။

ဘာပစ္စည်းမှ မရကြပဲ ထွက်ပြေးခဲ့ကြရတယ် ။ ဆိုင်ရဲ့ မြောက်ဘက်ကို ထွက်ပြေးကြတဲ့ ဒါးပြတွေကို ဖမ်းမိကြပါတယ် ။ ၃ ယောက်မိပြီး ၃ ယောက် လွတ်သွားပါတယ် ။

အဲဒီ ည မှာပဲ ဖိနပ်ဆိုင်ပိုင်ရှင်ရဲ့ အိမ်ကို PDF အချို့ရောက်လာပြီး ဆိုင်ရှင်ကို CCTV ဖျက်ပေးဖို့ ခြိမ်းခြောက်လို့ ဖျက်ပေးလိုက်ရတယ်လို့ ကြားပါတယ် ။ မြင့်မြင့်ဝေ ဖိနပ်ဆိုင်ကလည်း ရဲရဲတောက်လို့ သတင်းကြားပါတယ် ။

ဒီဖြစ်စဥ်အရ မြင်းခြံမြို့တွင်းမှာ စိမ့်ဝင် PDF တွေ ရှိနေတာ သိသာနေပါပြီ ။ ယခု အချုပ်ထဲရောက်နေတဲ့ ဒါးမြတွေကို စနစ်တကျ စစ်ဆေးနိုင်ဖို့ အရေးကြီးပါတယ် ။ CCTV ဖျက်ပစ်ထားသလား အတိအကျ စစ်ဆေးသင့်ပါတယ် ။

ဒါမှသာ မြို့တွင်း စိမ့်ဝင်နေတဲ့ PDF တွေကို ဖော်ထုတ်နိုင်မှာပါ ။ ဘူတာရုံ အနီး ဒါးမြတိုက်မှု ၊ မကြာခင်က ဖြစ်ခဲ့တဲ့ အမှတ် ၁၈ ရပ်ကွက် ဒါးမြတိုက်မှု ၊ စွန်းလွန်းပြန်ပြေးမှု ဒါတွေ ပြန်ချိတ်ကြည့်ရင် အံ့သြစရာ တူနေတာက ခံကြရသူတွေက နီတုံးတွေချည်းပဲ ။

ကဲ ကိုလှရွှေတို့ ဘာလုပ်သင့်လည်း စဥ်းစားကြပါဗျာ ။ သာမန် ဒါးမြမှုထက် ပိုနေတာလို့ သိစေချင်ပါတယ် ။

ကိုရွှေမျိုးဝင်း
သတင်းမဟုတ်တဲ့ သတင်း
=====================

မနေ့ညက မြင်းခြံက ဖုန်းဆက်လာတယ် ။ ဂွေးကုန်း ဂိတ်က ချောဆွဲ ငွေတောင်းနေတဲ့ သတင်းကို မြင်းခြံဂိတ်က ထင်ပြီး အထက်က စစ်ဆေးမေးမြန်းနေလို့တဲ့ ။ အဲဒီ သတင်းလေး ဖြုတ်ချပေးပါတဲ့ ။

အဲဒီ ပို့စ်သည် မိတ္ထီလာဂိတ်က ယဥ်ကျေးပျူဌာစွာ ၊ စေ့စေ့စပ်စပ် စစ်ဆေးရှာဖွေပုံ ၊ ငွေကြေးအကြံအဖန် မလုပ်ပုံတွေ ၊ ZERO မိုင်ကလည်း အဲလို တာဝန်ကျေကျေ ဆောင်ရွက်နေပုံတွေကို ရှေ့မှာ ရေးခဲ့ပြီး ဂွေးကုန်းဂိတ်ကတော့ ချော အဆွဲပြပြီး ငွေတောင်းနေကြောင်း မြင်းခြံက မိတ်ဆွေတွေ သတင်းပေးကြတယ်လို့ ရေးထားတာ ။

နောက်တပိုဒ်မှာ မြင်းခြံ ဒါးမြတိုက်တဲ့ ကိစ္စရေးတယ် ။ နယ်မြေစိုးမိုးနိုင်မှု အားနည်းနေတာ ဝေဖန်ခဲ့တယ် ။

ဒါကို အထက်က ဂွေးကုန်းဂိတ်သည် မြင်းခြံ အပိုင်လို့ ယူဆပြီး မြင်းခြံတာဝန်ရှိသူတွေကို မေးမြန်းနေတယ်လို့ ပြောလာကြတယ် ။

အဲဒါကြောင့် အဲဒီ ပို့စ် ကို ဖြုတ်ပေးပါတဲ့ ။ ပို့စ် ဖြုတ်ခိုင်းရင် စိတ်ဆိုးတတ်လို့ ကျုပ်ရေးတဲ့ သတင်း မမှန်လို့ ဖြုတ်ပေးရမှာလား ဆိုတော့ မဟုတ်ဖူး မြင်းခြံမှာ မဆီမဆိုင် ပြဿနာရှင်းနေရလို့တဲ့ စကားတွေ အများကြီး ပြောခဲ့ရတယ် ။


အဲဒါကြောင့် ဒီ ပို့စ် တင်လိုက်တာပါ ။ ဂွေးကုန်းဂိတ်သည် မြင်းခြံ နဲ့ မဆိုင်ပါဘူး မြို့သာရဲ့ မြောက်ဖက် ကျောက်ဆည်တပ်နယ်က တာဝန်ယူရတယ်လို့ သိထားပါတယ် ။

ဘာပဲ ပြောပြော စစ်ဆေးမေးမြန်းတဲ့ အထက်လူကြီးတွေရဲ့ တာဝန်ကျေပွန်မှုကိုလည်း ကျေးဇူးတင်ပါတယ် ။ ကျနော့်ရဲ့ တိုတိုထွာထွာ သတင်းကြောင့် ရောထွေးပြီး မဆီမဆိုင် ဖြေရှင်းနေရတဲ့ မြင်းခြံတာဝန်ရှိသူများအတွက်လည်း စိတ်မကောင်းပါဘူး ။ ဒါကြောင့် အခုလို သတင်းမဟုတ်တဲ့ သတင်းကို တင်ပြလိုက်ရတာပါ ။

တဆက်တည်း နိုင်ငံတော်က အပစ်ရပ်ထားချိန်မှာ မြင်းခြံမြို့ကို ပစ်ခတ်နှောက်ယှက်နေတဲ့ PDF အခြေပြု နတ်ထားရွာကို ဒီနေ့မနက် ဝင်ရောက်ရှင်းလင်းနေကြောင်း သတင်းရရှိပါတယ် ။

ကိုရွှေမျိုးဝင်း
လက်နက်ရဖို့ လွယ်ခဲ့သလား (5)
===========================

ဦးသန်းရွှေရဲ့ စစ်ဘက်မိတ်ဆွေ ရှာဖွေတဲ့ နေရာမှာ အင်မတန်ဆရာကျလှတာကို တွေ့ရပါပြီ ။ အများထင်ထားတဲ့ ရုရှားမဟုတ်ပါဘူး ။ အဲဒီအချိန်က ရုရှားကို ပညာတော်သင်များ အုပ်စုလိုက် တသုတ်ပြီး တသုတ် စေလွှတ်ပေးခဲ့တာ မှန်ပေမယ့် ဦးသန်းရေ ဒီအဆင့် တိုးမြှင့်ရေးလောက်ကို မျှော်မှန်းပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး ။

ယခု ဦးနေဝင်းလွန်ကာလ အတွက် ကြိုးပမ်းနေတာက လက်နက်ကြီး အများအပြား ထုတ်လုပ်ပိုငိဆိုင်နိုင်ပဲ ဖြစ်ပါတယ် ။ ရုရှားကို စေလွှတ်ရတာက ဒီထက် ကြီးမားလှတဲ့ ရည်မှန်းချက်ကြီး အတွက် စေလွှတ်ထားခဲ့တာပါ ။ ဆင်ကို လယ်ထွန်ခိုင်းဖို့ ဦးသန်းရွှေ စိတ်ကူးမှာ မဟုတ်ပါဘူး ဗျာ ။

ဦးသန်းရွှေ ရွေးချယ်လိုက်တဲ့ တတိယမြောက် ပါတနာကတော့ မြန်မာရဲ့ အဓိကရန်သူ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးပဲ ဖြစ်ပါတယ် ။ အစ္စရေးကို ဦးသန်းရွှေ ဘာကြောင့် ရွေးခဲ့ရသလဲ ဆိုတော့ အစ္စရေး နဲ့ မြန်မာတို့ရဲ့ လှပရဲ့ အတိတ်ဇာတ်လမ်း နဲ့ ကျေးဇူးခံ ကျေးဇူးစား ရှိခဲ့လို့ပါပဲ ။

ဒီနေရာမှာ အစ္စရေးရဲ့ အတိတ်သမိုင်းကြောင်းကို အကျဉ်းမျှ သိထားမှသာ နာလည်ကြမှာဖြစ်လို့ မသိသေးသူများ အတွက် ရေးခွင့်ပြုပါဗျာ ။ သိပြီးသားဆရာများ အတွက် တောင်းပန်ပါတယ် ။

အစ္စရေးလို့ ခေါ်တဲ့ ဂျူးလူမျိုးတွေဟာ မူလတုန်းက ယခု ဂျေရုဆလင်မှာ နေခဲ့ကြတဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ် ။ ခရစ်တော်ပေါ်လာတော့ ခရစ်တော်ကို အရေးယူဖို့ လိုက်ရှာကြတဲ့ စစ်သားတွေက ခရစ်တော်ကို မမြင်ဖူးတော့ ဖမ်းမရဖြစ်နေခဲ့ပါတယ် ။

ဂျူးလူမျိုးတယောက်က သူ့ကို ပြား ၆၀ ပေးရင် ခရစ်တော်ကို လိုက်ပြမယ်ဆိုပြီး ခရစ်ယန်ဘုရား ကို ဂျူးလူမျိုးက ပြား ၆၀ နဲ့ ရောင်းစားသတဲ့ ။ အဲဒီအကုသိုလ်ကံကြောင့်ပဲလား မသိဘူး သူတို့ရဲ့ ဂျေရုဆလင်ကို အာရပ် (ပါလက်စတိုင်း) တွေက သိမ်းပိုက်ပြီး နှင်ထုတ်လိုက်တော့ ဂျူးတွေဟာ ဥရောပတိုက်မှာ ခြေသလုံးအိမ်တိုင် နိုင်ငံမဲ့တွေ အဖြစ် နေခဲ့ရပါတယ် ။

ဂျေရုဆလင်ကိုတော့ အာရပ် (ပါလက်စတိုင်း) တွေလက်ထဲကနေ အင်္ဂလိပ်က သိမ်းပိုက်ထားပြန်ပါတယ် ။

ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဟစ်တလာမသတ်နိုင်လို့ ကျန်နေတဲ့ ဥရောပက ဂျူးတွေကို စုပေါင်းပြီး အင်္ဂလိပ်တွေက သူတို့ သိမ်းထားတဲ့ ဂျူးတွေရဲ့ မူလဇာတိ ဂျေရုဆလင်မှာ နေရာချထားပေးခဲ့ပါတယ် ။

အာရပ်တွေက ပူညံပူညံလုပ်နေကြပေမယ့် အင်္ဂလိပ် အရှိန်အဝါကြောင့် ရန်မပြုနိုင်သေးပါဘူး ။ အတ္တလန်တာ ချာတာ စာချုပ်အရ ကိုလိုနီ နယ်တွေကို လွတ်လပ်ရေး ပေးတော့ အင်္ဂလိပ်တွေက ဂျေရုဆလင်ကို ဘယ်သူ့ပေးရမှန်း မသိဘူး ဖြစ်ပုံရပါတယ် ။ ဒီတော့ နိုင်တဲ့ကောင် နေပေတော့ ဆိုပြီး ဒီအတိုင်း ထားသွားတယ် ဗျာ ။

အဲဒီမှာပဲ ပါလက်စတိုင်း နဲ့ အစ္စရေး စစ်ပွဲတွေဖြစ်နေခဲ့တာ အခုထိပဲ ။ လူဦးရေ ၃ သန်းလောက်ရှိတဲ့ အစ္စရေးကို လူဦးရေသန်း ၁၀၀၀ လောက်ရှိတဲ့ အာရပ်တွေက အစိမ်းလိုက်ဝါးစားဖို့ ကြိုးစားကြပေမယ့် သူတို့ပဲ သေခြင်းဆိုးနဲ့ သေကုန်ရတဲ့အထိ အစ္စရေးက အံ့မခန်းတိုက်ခိုက်ပြီး ခုခံနိုင်ခဲ့ပါတယ် ။

ဒီလိုနဲ့ 7-12-1949 မှာ အစ္စရေး နိုင်ငံထူထောင်ကြောင်း ကြေငြာတော့ ပါလက်စတိုင်းနဲ့ အာရပ်နိုင်ငံများက ကန့်ကွက်ကြပါတယ် ။ ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်တဲ့ အဆင့်ရောက်လာတော့ အစ္စရေးအတွက် အာရှတိုက်က မဲ မမျှော်လင့်ရဲတဲ့ အနေအထား ရှိနေလို့ စိုးရိမ်ဖွယ် ဖြစ်ခဲ့ရပါတယ် ။

အဲဒီမဲပေးပွဲမှာ အစ္စရေးနိုင်ငံထူထောင်နိုင်ဖို့ အရေးပါတဲ့ အာရှတိုက်ရဲ့ ပထမဆုံးထောက်ခံမဲကို မြန်မာက စပြီးပေးလိုက်ပါတယ် ( ယခင်ကတော့ နောက်ဆုံး ဆုံးဖြတ်ပေးမယ့် မဲ လို့ ကြားဖူးပါတယ်) ။ အစ္စရေးအတွက်တော့ မြန်မာပြည်ဟာ သူ့အတွက် အလွန်ရေးပါတဲ့ မိတ်ဆွေအဖြစ် ရင်ထဲ ထည့်သွင်းသွားပြီ ဖြစ်ပါတယ် ။

နောက် အစ္စရေးနဲ့မြန်မာတို့ရဲ့ သံတမန် ဆက်ဆံရေးကို 1953 မှာ ထူထောင်လိုက်တော့ မိတ်ဆွေစစ်ငတ်နေရှာတဲ့ အစ္စရေးအတွက် လွန်စွာ အားတက်ဖွယ် နိုင်ငံရေးအားဆေးကြီး ဖြစ်သွားပါတော့တယ် ။ အစ္စရေးရှိ လမ်းတခုအား Burma Road ဆိုပြီး မှည့်ခေါ်တဲ့အထိ ဂုဏ်ပြုခဲ့ကြပါတယ် ။

1954 မှာ မြန်မာတို့ရဲ့ စစ်မစ်ရှင်တဖွဲ့ဟာ အစ္စရေးသို့ သွားရောက်ပြီး ကာကွယ်ရေးဗျူဟာများနဲ့ အရံတပ်များ ဖွဲ့စည်းပုံ အမျိုးသမီးစစ်သည်များ အကြောင်း လေ့လာခဲ့ကြပါတယ် ။ အစ္စရေးတွေကလည်း မြန်မာတို့ သိလိုတဲ့ အကြောင်းတွေကို ဝမ်းသားအားရ ရှင်းပြခဲ့ကြပါတယ် ။

ရှမ်းပြည်တောင်ပိုင်း အင်တောကျောက်ဂူ ဒေသရှိ ဘသိန်းတင်တို့ရဲ့ ဗကပ အခြေခံစခန်းများအား ပြည်သူ့စစ်များနဲ့ ဝန်းရံပိတ်ဆို့ ချေမှုန်းခြင်း ၊ ဧရာဝတီတိုင်း၌ ပြည်သူစစ်ဗျူဟာ နဲ့ ဖြတ်လေးဖြတ် စနစ်သုံးကာ အမြစ်ဖြတ်နိုင်ခဲ့ခြင်းတွေဟာ အစ္စရေးဆီက ဗျူဟာတွေနဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ် ။

1954 မှာပဲ အစ္စရေးက အင်အားနည်းနေတဲ့ မြန်မာ့လေတပ်အတွက် စပစ်ဖိုင်းယား တပတ်ရစ်တွေကို လက်နက်ခဲယမ်းများ ၊ အင်ဂျင်အပိုများနဲ့ အစီးရေ ၃၀ ရောင်းချပေးခဲ့ပါတယ် ။ မြန်မာလေယာဉ်မှူး ၆ ဦးကိုလည်း အစ္စရေးမှာပဲ လေ့ကျင့်ပေးခဲ့ပါတယ် ။
1955 မှာတော့ ဖြစ်တည်စ အစ္စရေးနိုင်ငံအတွက် သမိုင်းသစ်တခု ဦးနုက ရေးထိုးခဲ့ပြန်ပါတယ် ။ ဦးနုဟာ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူး နဲ့ အစ္စရေးကို လည်သွားခဲ့ပါတယ် ။ အစ္စရေးနိုင်ငံကို တရားဝင်ဝန်ကြီးချုပ်တယောက်က တရားဝင်အလည်အပတ် လာခဲ့တာဟာ ကမ္ဘာမှာ ဦးနုက ပထမဆုံးပါပဲ ။

အစ္စရေး နိုင်ငံကို အသိအမှတ်မပြုဖို့ ကြိုးစားနေကြတဲ့ အာရပ်ကမ္ဘာအတွက် ကျိတ်မနိုင် ခဲမရ ဖြစ်ရသလောက် အစ္စရေးအတွက်တော့ ဦးနုဟာ တန်ဖိုးဖြတ်မရတဲ့ လူတယောက်ဖြစ်ခဲ့ရပါပြီ ။ စီးပွါးရေးစာချုပ် အများအပြား ရေးထိုးနိုင်ခဲ့ပါတယ် ။ အစ္စရေးတို့ရဲ့ စိုက်ပျိုးရေး နည်းစနစ်များ နဲ့ သမဝါယမ ဘုံ လယ်ယာစနစ်တွေကို လေ့လာပြီး မြန်မာပြည်မှာ စမ်းသပ်စိုက်ပျိုးခဲ့ကြပါတယ် ။

မြန်မာ့တပ်မတော်ကတော့ ပြည်သူစစ်မဟာချမှတ်ခြင်း ၊ အမျိုးသမီးစစ်သည်များ ဖွဲ့စည်းခြင်း တို့ကို အစ္စရေးပုံစံအတိုင်း ဆောင်ရွက်ခဲ့ပါတယ် ။ တပ်မတော်အတွက် 1951 ကတည်းက ကာကွယ်ရေးဘက်ဂျက်ကို ဖြည့်စွက်နိုင်ရန် ရည်ရွယ်ပြီး Defence Services Institute (DSI) ကို ဖွဲ့စည်းပြီးဖြစ်ပါတယ် ။
( ယနေ့ နိုင်ငံရေး သမားများ ရန်ရှာနေသော ဦးပိုင် နဲ့ MEC ရဲ့ မူရင်း အဖွဲ့ကြီးကို ဒီမိုကရေစီခေတ် 1951 ကတည်းက ထူထောင်ခဲ့တာကို ဘယ်နိုင်ငံရေးသမား အချောင်သမားတွေကမှ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး)

အစ္စရေး ဆောက်လုပ်ရေး ကုမ္ပဏီများနဲ့ တပ်မတော်ရဲ့ DSI တို့ ပူးပေါင်းပြီး ဆောက်လုပ်ရေး ပရောဂျက်များစွာကို တည်ဆောက်ခဲ့ကြပါတယ် ။

အစ္စရေးဟာ မြန်မာ့တပ်မတော်အတွက် လိုအပ်နေတဲ့ ရိုင်ဖယ် အလက် ငါးသောင်းကို ရောင်းချပေးခဲ့ပါတယ် ။ တပ်မတော်ထောက်လှမ်းရေး အဖွဲ့ကိုလည်း မော့ဆက်က နည်းပညာနဲ့ အကူညီများပေးခဲ့တယ်လို့ ဆိုပါတယ် ။

ဒါတွေအပြင် မြန်မာ့တပ်မတော် ဗိုလ်သင်တန်းအား နည်းပညာများ မျှဝေပေးနိုင်ရန် အစ္စရေး ဗိုလ်သင်တန်းကျောင်းမှ ပညာရှင်များအား စေလွှတ်၍ ကူညီစေခဲ့ပြန်ပါတယ် ။

. နှစ်နိုင်ငံ တပ်မတော်ခြင်း ဆက်ဆံရေးဟာ အင်မတန် အဆင်ပြေလှတဲ့ အတွက် အစ္စရေးရဲ့ ကမ္ဘာကျော် စစ်ဦးစီးချုပ် မိုရှေဒါယမ်း နဲ့ ကာကွယယ်ရေး ဝန်ကြီး ရှီမွန်ပီယက်တို့ မြန်မာပြည်ကို ဦးနေဝင်းက အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူထားရတဲ့ 1958 မှာ အလည်ရောက်လာခဲ့ပါတယ် ။

1958 မှာပဲ ဦးနေဝင်းဟာ အိမ်စောင့်အစိုးရရဲ့ ခေါင်းဆောင်အနေနဲ့ အစ္စရေးကို သွားရောက် လည်ပတ်ခဲ့ပြီး 1959 မှာ အစ္စရေး သမ္မတ ယက်ဇစ်ဗန်ဇီဗီ အလည်ထပ်လာပါတယ် ။

ဦးနုလက်ထက် 1961 မှာ အစ္စရေး ဝန်င်္ကြးချုပ် ဒေးဗစ်ဘင်ဂူရီယံ အလည်လာပါတယ် ။ အစ္စရေးတွေကတော့ "အစ္စရေးအတွက် မြန်မာနဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့တာဟာ သူ့ရဲ့ အိပ်မက်တခု ကောင်အထည်ပေါ်လာတာ ဖြစ်ပြီး အာရပ်အသိုင်းအဝိုင်းကို ကျော်လွန်ကာ တတိယကမ္ဘာရဲ့ လက်ခံမှုကို ရရှိခြင်း ဖြစ်ပါတယ် " လို့ ပြောကြပါတယ် ။

အဲဒီလို သမိုင်းနဲ့ချီပြီး ဆက်ဆံရေးကောင်းခဲ့တဲ့ အစ္စရေးဟာ သူ့ရဲ့ အဓိက မဟာမိတ် အမေရိကန်ရဲ့ သဘောထားကြောင့် မြန်မာကို ခပ်လှမ်းလှမ်းကသာ စောင့်ကြည့်နေရတဲ့ အခြေအနေ တခုဖြစ်ပေါ်ခဲ့ရပါတယ် ။

မြန်မာပြည်အတွက် အလွန်အမင်း အကျပ်အတည်း ကြုံခဲ့ရတဲ့ ၈၈ အရေးအခင်း အပြီး မိုင်းယမ်း မဲသဝေါ တိုက်ပွဲများ ဖြစ်နေတော့ မိတ်ဆွေအစ္စရေးတို့ဟာ လက်ပိုက်ကြည့် မနေနိုင်တော့ပဲ သူ့မိတ်ဆွေ အမေရိကန် နဲ့ ကမ္ဘာကို လှည့်စားပြီး မြန်မာပြည်ကို ကူညီမှု အကြီးကြီး ပေးခဲ့ပြန်ပါတယ် ။

အစ္စရေးတွေကူညီခဲ့တာကတော့.......?

ကိုရွှေမျိုးဝင်း
ကမ္မပစ္စယော
==============

(က) ကုသိုလ်ကံ အကုသိုလ်ကံသည် ဝိပါကခန္ဓာ နှင့် ကမ္မဇရုပ်တို့အား ကမ္မသတ္တိဖြင့် ကျေးဇူးပြု၏ ။
( ခ) စေတနာတရားသည် ယှဥ်ဖက်ဖြစ်တဲ့ စိတ် စေတသိတ်တရားများနှင့် စိတ္တဇရုပ် ( ပဋိသန္ဓေ ကမ္မဇရုပ်) တို့အား ကမ္မသတ္တိဖြင့် ကျေးဇူးပြု၏ ။

အနှစ်ချုပ်လောက် ဖတ်ရုံမျှဖြင့် နားမလည်နိုင်ပါဘူး ။ ရှင်းပြရခက်ခဲတဲ့ အရာထဲမှာ ကံ ဆိုတာ ထိပ်ဆုံးကပါတယ်လေ ။ အကြမ်းဖျင်းမျှ သိနိုင်ဖို့ သံပတ္တိ နဲ့ ဝိပတ္တိ အကြောင်း သိကြရပါမယ် ။

ဝိပတ္တိ ၄ မျိုး...
- ကာလဝိပတ္တိ ( ခေတ်ကာလ မကောင်း)
- ဥပဓိဝိပတ္တိ ( ရုပ်ဆင်းအင်္ဂါ ညံ့ဖျင်း)
- ဂတိဝိပတ္တိ ( မသင့်တော်တဲ့နေရာ )
- ပယောဂဝိပတ္တိ ( လုံ့လ ဝိရိယ မရှိ)

ဒါက အဆိုးတရားတွေပေါ့ ။ သံပတ္တိ ၄ ပါးဆိုတဲ့ အကောင်းတရားတွေက အခု ၄ ပါး နဲ့ ဆန့်ကျင်ဘက်ဆို သိကြပါပြီ ။ အဲဒီ ၄ ပါး ၂ မျိုးကိုပဲ ကံလို့ ပြောကြရမယ်ထင်ပါတယ် ။ ကောင်းတဲ့ ကံ နဲ့ ဆိုးတဲ့ကံတွေဆိုတာ ဒီ ၈ မျိုးသော အခြေခံအကြောင်းတရားတွေကြောင့်သာ အကျိုးအဖြစ် ထွက်ပေါ်လာကြရတာပါ ။

၁ ။ ကာလဝိပတ္တိ ဆိုတဲ့ ခေတ်ပျက်ခေတ်ဆိုးထဲမှာ ကျရောက်နေပြီဆိုရင် ခင်ဗျားအတွက် ကုသိုလ်ကံကောင်းမှုတွေ အကျိုးပေးဖို့ ခက်ခဲလှပါတယ် ။


စစ်ပွဲအတွင်း တဲ့တဲ့ရောက်ပြီ ဆိုပါစို့ ခင်ဗျား ပြေးမိအောင်ပြေးပေတော့ ကုသိုလ်ကံ အကျိုးမပေးနိုင်ဘူး ။ ဥပမာ လားရှိုး ၊
lဗန်းမော် ၊ အမ်း ၊ မိုးကုတ် ၊ ဖားကန့် အစရှိတဲ့ နေရာတွေကြည့်ပါ ကာလဝိပတ္တိကြောင့် အဲဒီဒေသကလူတွေ အားလုံး ဒုက္ခကို အနည်းအများပဲ ကွာမယ် ရောက်ရတဲ့သူချည်းပဲ ။


အေးချမ်းတဲ့ဒေသတွေမှာတော့ ဘာပဲပြောပြော သံပတ္တိအကျိုး ခံစားနေကြရပါသေးတယ် ။ ခေတ်မပျက်သေးဘူးပေါ့ဗျာ ။ ရန်ကုန် ၊ တောင်ကြီး ၊ မန္တလေး ၊ နေပြည်တော် အစရှိသည်ပေါ့ ။ ငလျှင်ဘေးကြောင့် ဒုက္ခရောက်ကြရတာ အကန့်အသပ် ရှိပါသေးတယ် ။ ဒီလို ကာလဝိပတ္တိမျိုးကို မိမိတဦးတယောက်တည်း အစွမ်းဖြင့် ပြုပြင်ဖို့ ခက်ခဲလှပါတယ် ။

၂ ။ ဥပဓိဝိပတ္တိ / ဥပတ္တိသံပတ္တိ ၂ မျိုး ပေါင်းလေ့လာကြည့်ကြပါစို့ ။ ရုပ်ဆင်းအင်္ဂါ ပြည့်စုံလှပခြင်းဟာလည်း ကံ ပါပဲတဲ့ ။ ရုပ်ချောပြီး အင်္ဂါစုံ ပြေပြစ်ရင် ကံကောင်းသတဲ့ ။ ထက်ထက်မိုးဦးတို့ နန္ဒာလှိုင်တို့ ၊ နေတိုးတို့ ကို ဥပဓိကြောင့် ချစ်ခင်သူများပြားပြီး ကံကောင်းကြသူတွေလို့ နမူနာပြချင်ပါတယ် ။

ထို့အတူ အင်္ဂါမစုံလို့ ဘုရင့်သားဖြစ်ပြီး ထီးနန်းမရခဲ့တဲ့ မင်းသားတွေ အကြောင်းကြားဖူးမှာပါ ။ မြေးခြင်းအတူတူ ရှင်းသန့် လှပနေတဲ့ မြေးကို ပိုချစ်ရတဲ့ အဖိုး အဘွားတွေ တွေ့ဖူးကြမှာပါ ။ အဲဒါ ဥပဓိဝိပတ္တိ နဲ့ ဥပတိသံပတ္တိ တို့ရဲ့ ကံတရားအထောက်အပံ့ကြောင့်ပါပဲ ။

ဒီနေရာမှာ အလှကို ထပ်မံခွဲခြားရပါအုံးမယ် ။ ရုပ်အလှ နဲ့ စိတ်အလှဆိုပြီး ထပ်မံသိနားလည်ကြဖို့ လိုလာပြန်ပါပြီ ။ အချို့ ရုပ်လှပပြီး လူမုန်းများသူတွေ ( ကူသူ ကယ်သူ မဲ့နေရတာမျိုး) ၊ ရုပ်ဆိုးပြီး လူချစ်လူခင်များကာ ( ကူညီသူ မစသူ များပြားနေတာ) ပြောင်းပြန်ဖြစ်နေတာလည်း တွေ့ဖူးကြမှပါပဲ ။

အဲဒါ စိတ်အလှတွေကြောင့် ဝိပတ္တိအကျိုးပေး ပြောင်းပြန်ဖြစ်သွားရတာပါပဲ ။ ကိုယ့်ရဲ့ ကံကြောင့် ဖြစ်ပေါ်လာရသော ကမ္မဇရုပ်သည် ချို့ယွင်းချက် အားနည်းချက်များ ရှိနေပြီ ဆိုပါစို့ ။ မိမိအနေနဲ့ ကမ္မဇရုပ်သွင်အား ပြောင်းလဲဖို့ မတတ်နိုင်ပါဘူး ။ သို့သော် စိတ်ကြောင့် ဖြစ်ရတဲ့ စိတ္တဇရုပ်သွင်ကိုတော့ ပြောင်းလဲလို့ ရနေပါတယ် ။

မိမိရဲ့ စိတ်နေသဘောထားကို ကောင်းအောင်မွေးမြူကြရပါမယ် ။ စိတ်ထားကောင်းသူ ၊ စာနာတတ်သူ ၊ ကူညီတတ်သူ အဖြစ် လူသိများလာတာနဲ့ အမျှ ကူညီထောက်ပံ့ပေးမယ်သူ ၊ လက်တွဲဖေးမမယ့်သူတွေ အလိုလို ပေါများလာပါလိမ့်မယ် ။

ဒီအတွက် ဥပမာကောင်းကတော့ ဖြူဖြူထွေးကို ပြကြရပါလိမ့်မယ် ။ နိုင်ငံကျော်နေတဲ့ ဖြူဖြူထွေးရဲ့ ကမ္မဇဥပတိရုပ်ဟာ သာမန်ရုပ်ရည် အဆင့်ပဲ ဖြစ်ပါတယ် ။ အိချောပိုတို့လို ၊ သင်ဇာဝင့်ကျော်တို့လို ကျော့ရှင်းလှပသူတွေ နဲ့ နှိုင်းယှဥ်ကြည့်ပါ ။ သူမကို နှိမ့်ချတာ မဟုတ်ပါဘူး ရွက်ကြမ်းရေကြို အဆင့်ဆိုတာ မြင်စေချင်လို့ပါပဲ ။

အဲသလို ဥပဓိက ဘာကြောင့် လူချစ်လူခင် ဒီလောက်များနေရသလဲ ဆိုရင် သူမရဲ့ စိတ္တဇဥပဓိရုပ်က အလွန်လှပနေလို့ပါပဲ ။ နာမည်အသင့်အတင့် ရလာချိန်မှာပဲ လူမူရေးကူညီမှုတွေကို သူမ လုပ်လာရင်း ချစ်ခင်သဘောကျသူတွေ များပြားလာပါတယ် ။

မုန်းသူ မကြိုက်သူတွေ ရှိနေပေမယ့် ချစ်ခင်သူကတော့ အဆပေါင်း ရာထောင်ချီအောင် သာလွန် ပေါများလှပါတယ် ။ မှတ်မိကြအုံးမှာပါ မြန်မာပြည်မှာ ဒေါ်စုကြည် လျှမ်းလျှမ်းတောက်နေချိန် fb စသုံးတော့ fllowers ဘယ်လောက်ဆိုပြီး ကြွားဝါကြပါတယ် ။ မှန်ပါတယ် အင်မတန်များပြားခဲ့တာ တွေ့ကြရပါတယ် ။ ထူးဆန်းတာက ဖြူဖြူထွေးရဲ့ fllowers ကို မကျော်လွှားနိုင်ခဲ့တာလည်း မှတ်တမ်းတခုပါပဲ ။
ဒီတော့ ဥပဓိ ကံ အကြောင်းတရားကို ပြန်ကြည့်ပါ ။ ရုပ်ဆင်းအင်္ဂါအလှထက် စိတ်အလှက ပိုပြီး တန်ဖိုးကြီးနေတာ တွေ့ရပါလိမ့်မယ် ။ သိပ်လှပတဲ့ မင်းသမီး ၊ မင်းသားတွေ စန်းဇာတာ အလွန်တက်ရင် သက်တမ်း ထက်ဝက်ပါပဲ ။ နှစ်ပေါင်း ၃၀ ထက်ပိုပြီး သံပတ္တိကံက အကျိုးပေးလေ့ မရှိဘူးလို့ ယေဘူယျသတ်မှတ်ရပါလိမ့်မယ် ။

စိတ်အလှကြတော့ အိုမင်းရွတ်တ လူလုံးမလှ ဖြစ်နေလေ တန်ဖိုးတက်လာလေ ဖြစ်တတ်ပါတယ် ။ မာသာထရီဇာလို အဖွားကြီးသေတော့ တကမ္ဘာလုံး ငိုကြွေးပူဆွေးခဲ့ကြရတာ သူမရဲ့ ရုပ်လှကြောင့်မဟုတ်ပါဘူး စိတ်အလှကြောင့်ပါ ။

ကံတရား အကျိုးပေးလို့ အရမ်းလှနေသူတွေအတွက် စိတ်အလှပါ ထပ်ဆောင်းလိုက်မယ်ဆိုရင် မိမိရဲ့ သံပတ္တိအကျိုးက သံသရာထိ လိုက်ပါလာနိုင်ပါလိမ့်မယ် ။

အတိတ်က ကံတရားကြောင့် ဝိပတ္တိကံတရားအရ ရုပ်ဆင်းအင်္ဂါ မပြည့်စုံသူများ အနေနဲ့လည်း စိတ္တဇကမ္မရုပ် လှပအောင် အားထည့်ကျိုးစားကြရင် မိမိရဲ့ အတိတ်ကံအားနည်းချက်ကို ပြန်လည် ကုစားလို့ ရနိုင်ပါတယ် ။

ထို့ကြောင့် သံပတ္တိကံကောင်းသူများရော ဝိပတ္တိကံအကျိုးပေးသူများကော ပစ္စုပ္ပန်မှာ စိတ်ထားလှလှ ထားကြရင်း မကောင်းတဲ့ အကျိုးပေးများမှ ရှောင်လွှဲ၍ ရနိုင်ပါကြောင်း နဲ့ ရထားတဲ့ကံကောင်းခြင်း သက်တမ်းများ ဆွဲဆန့်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ချင်ပါတယ် ။

ကမ္မပစ္စယောသည် စာပိုဒ်တိုလေး ၂ ခုသာ ပါသော်လည်း အင်မတန် ကျယ်ဝန်းလှပါတယ် ။ ကျန်တဲ့ အပိုင်းကို နောက်တပုဒ်မှ ထပ်မံဆွေးနွေးကြည့်ကြပါစို့ ဗျာ ။

ကိုရွှေမျိုးဝင်း
လက်နက်ရဖို့ လွယ်ခဲ့သလား (6)
==========================

အစ္စရေးတို့ဟာ မြန်မာကို ကူညီဖို့ အတွက် စဉ်းစားတဲ့ နေရာမှာ သူတို့စက်ရုံတွေ လက်နက်ခဲယမ်းတွေ နဲ့ ကူညီမယ် ဆိုရင် အမေရိကန် နဲ့ ဥရောပက ကန့်ကွက်ကြမှာကို သိနေပါတယ် ။

ဒါပေမယ့် မြန်မာအတွက် ရေကန်အသင့် ကြာအသင့် ဖြစ်နေတာ တခုလည်း ရှိနေပါတယ် ။ အဲဒါကတော့ အစ္စရေး နဲ့ လက်ဘနွန်တိုက်ပွဲ ဖြစ်သွားပြီးနောက် အစ္စရေးတို့ လက်ရသိမ်းပိုက်မိထားတဲ့ လက်နက်ခဲယမ်းတွေ အများအပြား ရှိနေခြင်းပဲ ဖြစ်ပါတယ် ။

အဲဒီလက်နက်ခဲယမ်းတွေကို စင်္ကာပူသို့ လိပ်မူပြီး စင်္ကာပူမှ တဆင့် မြန်မာသို့ အခပေးဖျက်ဆီးရန် အကြောင်းပြချက်နဲ့ ပေးပို့ခဲ့တဲ့ 81 mm များနဲ့ ရောနှောပြီး အရောက်ပို့ပေးခဲ့ပါတယ် ။

ပြည်တွင်း နိုင်ငံရေး စစ်ရေးပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး အားအင်ချိနဲ့နေတဲ့ တပ်မတော်အတွက် စင်္ကာပူ နဲ့ အစ္စရေးတို့ ပေးပို့လိုက်တဲ့ လက်နက်ခဲယမ်းများဟာ ငှက်သိုက် နဲ့ ကျောက်သွေး ရောတိုက်လိုက်သလို အားအင်ပြည့်ဖြိုးလာခဲ့ရပါတယ် ။

ဘာတေးလစ်တနာက လက်ဘနွန်စစ်ပွဲရဲ့ လက်နက်ခဲယမ်း မှောင်ခိုစျေးကွက်ကြီးဟာ ကြီးမားများပြားသလောက် အဆုံးသတ်ပန်းတိုင်ဟာ မြန်မာနိုင်ငံဖြစ်နေပါလား ဆိုပြီး ရေးသားခဲ့ပါသေးတယ် ။

1991 မှာတော့ အစ္စရေးပညာရှင်တွေ မြန်မာပြည်ကို ရောက်လာပါတယ် ။ မြန်မာ့တပ်မတော် အထူးတပ်ဖွဲ့အတွက် အသုံးပြုမယ့် 9 mm Uzi Submachine guns များ ရောင်းချရန် သို့မဟုတ် ထုတ်လုပ်ရန် အတွက် အကူအညီလာပေးတယ်လို့ ဝေဖန်ခဲ့ကြပါတယ် ။ အစ္စရေးတွေလာပြီး မကြာခင်မှာပဲ BA 94 အမျိုးအစားကို မြန်မာက ထုတ်လုပ်ခဲ့တာ တိုက်ဆိုင်မှုလားတော့ မဆိုနိုင်ပါဘူး ။

Fritz Werner က ထုတ်လုပ်ခဲ့တဲ့ 762 mm ကျည်သုံး G3 G4 အစား 556 mm ကျည်သုံး Infantry Assault Rifle များထုတ်လုပ်နိုင်ရန် အစ္စရေးက ထပ်မံလာရောက်ပြီး ကူညီပံ့ပိုးပေးခဲ့ပါတယ် ။ မြန်မာနဲ့အစ္စရေးတို့က ငြင်းဆိုခြင်း ဝန်ခံခြင်း မပြုပဲ ဦးသန်းရွှေရဲ့ ထုံးစံအတိုင်း ဘာသိဘာသာပဲ နေပြလိုက်ပါတယ် ။

သို့သော် မြန်မာ့တပ်မတော်အတွက် MA စီးရီး လက်နက်ငယ်များ ဝံ့ကြွားစွာ ထွက်ပေါ်လာချိန်မှာတော့ စင်္ကာပူကနေ ဝယ်လာပါတယ်ဆိုတဲ့ လက်နက်စက်ရုံဟာ အစ္စရေးတို့ရဲ့ ကမ္ဘာကျော် Uzi နဲ့ Galil Asault များထုတ်လုပ်တဲ့ Israeli Military Industries (IMI) ရဲ့ နည်းစနစ်တွေ များစွာပါနေတာကို တွေ့ရပါတယ် ။

ဒီလို လက်စလက်နတွေ နဲ့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးသမိုင်းကြောင့် အစ္စရေးသည် မြန်မာ့တပ်မတော်ထောက်လှမ်းရေးကိုလည်း Mossad ရဲ့ အကြံဥာဏ်များ ၊ နည်းပညာများ နဲ့ လျှို့ဝှက်စွာ ထောက်လှမ်းရေးသင်တန်းများ ပေးခဲ့မယ်လို့လဲ ထင်ကြေးပေးသူတွေ မနည်းလှပါဘူး ။

ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ အိပ်မက်ဖြစ်တဲ့ အမြှောက်တပ်ဖွဲ့ ကြီးတွေ ဖွဲ့စည်းဖို့ကိုလည်း အားသွန်ခွန်စိုက် ပြုလုပ်ခဲ့ပါတယ် ။ ဒေသတွင်းမှာ လူရိုသေခန့်ညားလောက်တဲ့ ပမာဏအထိ အမြှောက်တပ်ကြီးကို ခေတိမှီအမြှောက်တွေနဲ့ တပ်ဆင် ဖွဲ့စည်းဖို့ အားထုတ်ပါတယ် ။

ဦးစွာ နိုင်ငံအသီးသီးက အမြှောက်ကုမ္ပဏီ ၃၇ ခုမှ အမြှောက်ကြီးများကို ဝယ်ယူစုဆောင်းပါတယ် ။ ထုတ်လုပ်တဲ့ နိုင်ငံတွေက အမေရိကန် ၊ ဗြိတိန် ၊ အစ္စရေး ၊ ယူကရိန်း ၊ ရုရှား ၊ တရုတ် စတဲ့ နိုင်ငံတွေက နည်းပညာတွေ အားလုံးဝယ်ခဲ့ပါတယ် ။

ယင်းတို့ထဲကမှ အကောင်းဆုံး အားသာချက်များကို ပြန်လည်ပေါင်းစပ်ပြီး မြန်မာတပ်မတော်ကနေ ကိုယ်တိုင် အမြှောက်ကြီးတွေ ထုတ်လုပ်ခဲ့ကြပါတယ် ။

ယခင်က ခနော်လီ ခနော်နဲ့ အမြှောက်များနဲ့ တပ်ရင်း ၇ ရင်းသာ ရှိခဲ့ရာမှ ၁၉၉၈ မှာ အမြှောက်တပ်ရင်းပေါင်း ရာကျော်ထိ တိုးချဲ့နိုင်ခဲ့ပါတယ် ။

ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပြီးနောက် ပြောင်းလဲလာမယ့် စစ်ရေးအခြေအနေအရ သူ့ရဲ့ ပိုမိုကြီးကျယ်ခမ်းနားလှတဲ့ အိပ်မက်ကြီးကို ပထမအဆင့်အနေနဲ့ စတင် အကောင်အထည်ဖော်ခဲ့ပါတယ် ။

အနာဂါတ် စစ်ပွဲများအတွက် တရုတ်လုပ် 122 ဟောင်ဝစ်ဇာများ ၊ တင့်ပစ် အမြှောက်များ ၊ 57 mm ယာဉ်တင်အမြှောက်များ ၊ 37 mm တင့်ပစ်နဲ့ 107 mm ရောကတ်လောင်ချာများ ၊ တရုတ်ကတဆင့် မြောက်ကိုရီးယားရဲ့ 20130 (Soviet 1946 ) တို့ကို ဝယ်ပြီး လေ့လာပြန်ပါတယ် ။

အဲဒီလေါက်နဲ့ အားမရသေးပဲ အစ္စရေး တပ်မတော်သုံး Solton 15 mm နောက်ဆုံးပေါ် အမြှောက် 16 လက်ကို 1998 မှာ ထပ်မံဝယ်ယူပြီး လုံးဝ အသစ်စက်စက် ခေတ်မှီ အမြှောက်တပ်ရင်းအသစ်တခု စတင် ဖွဲ့စည်းခဲ့ပါတယ် ။ ယင်းအမြှောက်တွေအတွက် လိုအပ်တဲ့ ခဲယမ်း နဲ့ ဖော့စ်ပါးရပ် များကိုတော့ ပါကစ္စတန်က ဝယ်ခဲ့ပါတယ် ။

1998 က စပြီး ဦးသန်းရွှေရဲ့ စီမံချက်နဲ့ ခေတ်မှီ အမြှောက်တပ်ကို စတင်ဖွဲ့စည်းခဲ့ပြီး နောက် ထပ်မံဝယ်ယူခြင်း ကိုယ်တိုင်ထုတ်လုပ်ခြင်းများနဲ့ ဒလကြမ်း ဆောင်ရွက်ခဲ့ကြပါတယ် ။ ယခုဆိုလျှင် တချိန်က မြန်မာ့တပ်မတော်ရဲ့ အားကိုးခဲ့ရဆုံး လက်စွဲတော် 105 မြှောက်ကြီးတွေထက် စွမ်းရည်များစွာ သာလွန်နေတဲ့ ခေတ်မှီအမြှောက်တပ်ရင်း ပေါင်း မည်မျှပိုင်ဆိုင်နေပြီလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်အောင် ဖြစ်ထွန်းခဲ့ရပါပြီ ။
မြန်မာ့ လေတပ်အတွက် အစ္စရေးတွေ ကူညီခဲ့တာလည်း အတော်လေး ထိရောက်တာကို တွေ့ရပါတယ် ။ မြန်မာတပ်မတော်ဟာ 1999 မှာ Elhit System အနေနဲ့ တရုတ်ထံမှ F7 နဲ့ FT 7 တို့ကို ဝယ်ခဲ့ကြပါတယ် ။

F7 နဲ့ FT 7 ဆိုတာက ရုရှားတို့ရဲ့ MIG 21 နဲ့ MIG 21 Molgel B အမျိုးအစားတွေရဲ့ ကော်ပီပါ ။ ကော်ပီတောင် ပြည်ပရောင်းဖို့ ထုတ်ထားတာမို့ အဆင့်နိမ့်လှပါတယ် ။ အဲဒါကို သိနေတဲ့ အစ္စရေးတွေက မြန်မာ့လေတပ်အတွက် 350 PL 2 A (Air to Air) ဒုံးကျည် AAM များနဲ့ ပိုမိုကောင်းမွန်သော PL 5 AAM များ များပြားစွာ ထောက်ပံ့ကူညီခဲ့ပါတယ် ။

ထို့အပြင် စျေးပေါတဲ့ F7 များဟာ ကြားဖြတ်တိုက်ခိုက်ရန်သာ ထုတ်ထားတဲ့ အတွက် မြေပြင်ကို တိုက်ခိုက်ရာမှာ အဆင်မပြေကြပါဘူး ။ ဒါကြောင့် F7 36 စင်းကို Elbit မှ Aerostar ကုမ္ပဏီရဲ့ Lancer ပရိုဂရမ် နဲ့ Upgrade လုပ်နိုင်ခဲ့ကြပါတယ် ။

F7 တွေကို Elta E1/M (Air to Air ) Missile များ နဲ့ Laser Designator pods များ ပြောင်းလဲတပ်ဆင်ခဲ့ပြီး လေဆာလမ်းညွှန် ဗုံးများပါ တပ်ဆင်နိုင်ခဲ့ပါတယ် ။

အစ္စရေးတို့ အနေနဲ့လည်း ပိတ်ဆို့မှုတွေကို လှည့်စားရင်း ကြည်းတပ် လေတပ်အတွက် ကူညီပေးခဲ့ရုံမက ရေတပ်အတွက်လည်း ကြီးမားလှသော ကူညီမှုကြီးတွေ ပေးပြီး မြန်မာ့ရေတပ်အတွက် ဂုဏ်ယူနိုင်လောက်တဲ့ ကိစ္စတွေကို အကောင်အထည် ဖော်နိုင်ခဲ့ပြန်ပါတယ် ။

မြန်မာ့ရေတပ်ဟာ ထင်မှတ်မထားနိုင်လောက်အောင်ပဲ ဖရီးဂိတ်သင်္ဘောကို တည်ဆောက်နိုင်တဲ့ အရှေ့တောင်အာရှရဲ့ တခုတည်းသော တပ်မတော်အဖြစ် ဂုဏ်ယူနိုင်ခဲ့ပါတယ် ။

ဖရီးဂိတ်အဆင့် စစ်သင်္ဘောတည်ဆောက်ဖို့ဆို အင်မတန်ခက်ခဲလှပါတယ် ။ နည်းပညာမဆိုထားနဲ့ လိုအပ်တဲ့ အဆင့်မြင့်စနစ် ကရိယာများအား ဝယ်ယူဖို့ပင် မြန်မာအတွက် ခက်ခဲလွန်းလှပါတယယ် ။ လက်နက်ရောင်းဝယ်ခွင့် ပိတ်ပင်ထားလို့ မလွယ်ကူတဲ့ ကြားထဲက အစ္စရေးရဲ့ အကူအညီနဲ့ မြန်မာ့တပ်မတော်ဟာ အဆင့်တခုထိ တက်လှမ်းနိုင်ခဲ့ပါတယ် ။

ဖရီးဂိတ်သင်္ဘောတွေအတွက် အလွန်အရေးကြီးလှတဲ့ မီးထိမ်းစနစ် ၊ အာရုံခံကရိယာများ ၊ စောင့်ကြည့်ထောက်လှမ်းရေးစနစ်များ ၊ ရေကြောင်းထိမ်းသိမ်းရေးစနစ် ၊ လေကြောင်းရန်ရှာဖွေရေးစနစ် ၊ ဆိုနာစနစ် 76mm OTO Melara Compact စနစ် စသည်များကို ပစ္စည်းလည်း ရရှိအောင် ကူညီခဲ့ပြီး နည်းပညာလည်း လိုအပ်သည်ကို ကူညီပေးခဲ့ပါတယ် ။ ဒါနဲ့ မြန်မာ့ရေတပ်မတော်ဟာ ဖရီးဂိတ် ၃ စင်းအထိ ကိုယ်တိုင်ထုတ်လုပ်နိုင်ခဲ့တဲ့ အဆင့်ထိ ဝံ့ကြွားနိုင်ခဲ့ပါတယ် ။

အမေရိကန် နဲ့ ဥရောပနိုင်ငံများဟာ မြန်မာပြည်ကို သူတို့ရဲ့ သြဇာခံ နိုင်ငံအဖြစ် ထားရှိချင်ပေမယ့် နိုင်ငံရေးသမား သစ္စာဖောက်တွေကို အာဏာရအောင် မွေးမြူရတာ လွယ်ပေမယ့် 2008 ခြေ / ဥ အရ တပ်မတော်က အရပ်သား အစိုးရများအနေနဲ့ တိုင်းပြည်ကို စိတ်ထင်တိုင်း ရောင်းမစားနိုင်အောင် ဟန့်တားပိုင်ခွင့် ပေးထားပါတယ် ။

အဲဒါတွေကြောင့် မြန်မာ့တပ်မတော်ကို အမျိုးမျိုး အပုပ်ချပြီး တပ်မတော်နဲ့ပြည်သူကို ရန်တိုက်ပေးခြင်း ၊ တပ်တွင်းစည်းလုံးမှု ပြိုကွဲပြီး တပ်မတော်ပျက်ဆီးစေခြင်း များ အတွက် တစိုက်မတ်မတ် လုပ်ဆောင်လျှက် ရှိနေပါတယ် ။

ဦးသန်းရွှေဟာ အခက်အခဲများကြားထဲကနေ 1999 ထိ တပ်မတော်ကို အခြေခိုင်အောင် တည်ဆောက်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ ဒုတိယ အဆင့် အိပ်မက်ကိုတော့ 2000 ခုနှစ်နောက်ပိုင်းမှာ ရင်သပ်ရှုမောဖွယ် အကောင်အထည်ဖော်ခဲ့ပါတယ် ။

ရေးချင်နေတာတွေက ယနေ့ခေတ်စားနေတဲ့ ဒရုန်း နဲ့ မြန်မာ့တပ်မတော် ၊ MA စီးရီး ၊ ရေတပ်ရဲ့ အိပ်မက် ၊ ရုရှားပြန်တို့ရဲ့ အသီးအပွင့် စတဲ့ အကြောင်းအရာတွေကို စုဆောင်းလိုက်ပါအုံးမယ်ဗျာ ။

ဦးသန်းရွှေ အုတ်မြစ်ချခဲ့တာကို ယခု တပ်ချုပ်ကြီး အကောင်အထည်ဆက်ဖော်နေတာ ဘယ်အဆင့်ရောက်ပြီလဲ ဆိုတာ လေ့လာသိရှိတာနဲ့ သိသင့်သိထိုက်သော ကိစ္စများအား ဆက်လက်တင်ပြပေးပါမယ်ဗျာ ။

အားပေးသူအပေါင်း ချမ်းမြေ့သာယာကြပါစေ ။

ကိုရွှေမျိုးဝင်း
အိန္ဒိယ နဲ့ ပါကစ္စတန်
==================

ပြဿနာနယ်မြေက ကက်ရှ်မီးယားပဲ ။ အိန္ဒိယကို အင်္ဂလိပ်တို့ လွတ်လပ်ရေးပေးတော့ ပါကစ္စတန်ကို သီးခြားလွတ်လပ်ရေးပေးကြရတယ် ။ ဒီတော့ နယ်မြေခွဲဝေရေးအတွက် အင်္ဂလိပ်အရာရှိတဦးကပဲ မြေပုံကြည့်ပြီး မျဥ်းဆွဲ ခွဲဝေပေးခဲ့တယ် ။

မြေပုံပေါ်မှာ မျဥ်းကြောင်းဆွဲ နယ်မြေပိုင်းခြားလိုက်တော့ အချို့ မွတ်ဆလင်ရွာတွေက အိန္ဒိယထဲ ၊ အချို့ ဟိန္ဒူရွာတွေက ပါကစ္စတန်ထဲ ၊ အချို့တော့ တခြမ်းစီပါပြန်ရော ။ အဲဒီကာလတွေမှာ ပြဿနာတွေ ရှုပ်ထွေးလွန်းလို့ မြေပုံဆွဲပေးလိုက်တဲ့ အင်္ဂလိပ်အရာရှိ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရတယ် ။

ပြဿနာနယ်မြေ ဖြစ်နေတဲ့ ကက်ရှ်မီးယား ပြည်နယ်က အိန္ဒူဘာသာဝင် စောဘွားပိုင်မြေဖြစ်တယ် ။ စော်ဘွားက တောင်းဆိုလို့ အိန္ဒိယပိုင်နက်ထဲ ထည့်ဆွဲလိုက်တယ် ။ နယ်စပ်ကနယ်မြေဆိုတော့ မူလကတည်းက မွတ်ဆလင်တွေလည်း အများအပြားရှိနေခဲ့တယ် ။

ဒီတော့ ပါကစ္စတန် နဲ့ ပေါင်းချင်ပါတယ်ဆိုပြီး အမြဲတမ်း ပြဿနာရှာနေတဲ့ နယ်မြေပါပဲ ။ လတ်တလောပြဿနာက အကြမ်းဖက်သမားတွေက ကတ်ရှ်မီးယားနယ်ထဲက ကမ္ဘာလှည့်ခရီးသည် အပါအဝင် ဟိန္ဒူကိုးကွယ်သူ ၂၆ ယောက်ကို သတ်ပစ်လို့ ဖြစ်ကြတာပါ ။

တွေ့တဲ့သူ သတ်သွားတာမျိုးမဟုတ်ပဲ ကိုရမ်ကျမ်းရွတ်ဆိုနိုင်သူ ၊ ဂွေးထိပ်ဖြတ်ထားသူတွေကို စစ်ဆေးပြီး လွတ်ပေးတယ် ။ မွတ်ဆလင်မဟုတ်သူတွေချည်း သတ်သွားလို့ ပြဿနာက ဒီလောက် ကြီးထွားသွားတာပါ ။

ပြဿနာဖြစ်တော့ ပါကစ္စတန်အတွက် အရေးပါတဲ့ အိန္ဒုမြစ်ကို ခွဲဝေသုံးစွဲဖို့ သဘောတူစာချုပ်ဖျက်မယ်လို့ အိန္ဒိယက ကြေညာတယ် ။ အိန္ဒုမြစ်က တရုတ်ကနေ မြစ်ဖျားခံတယ် ၊ အိန္ဒိယကို ဖြတ်ပြီး ပါကစ္စတန်ဆီ စီးဆင်းသွားတယ် ။ ဒီတော့ အိန္ဒိယက ဆည်တွေဆောက်ပြီး မြစ်ကြောင်းပိတ်မယ်လို့ ခြိမ်းခြောက်တာပါ ။

ပါကစ္စတန်ကတော့ မြစ်ကြောင်းပတ်ရင် ပါကစ္စတန်ရဲ့ အနုမြူဗုံး ၁၃၀ က အိန္ဒိယအတွက်ပဲတဲ့ ။ အိန္ဒိယကလည်း သူ့ထက် အနုမြူလက်နက်ပိူများတာပဲ ။ စစ်အင်အားလည်း အများကြီးပိုကောင်းတယ် ။

မြစ်ကိစ္စက အိန္ဒိယအနေနဲ့ စကားအဖြစ်ပဲ ပြောတာပါ ။ မြစ်ဖျားခံနေတာက ပါကစ္စတန် နဲ့ အဆင်ပြေတဲ့ တရုတ်ဆိုတော့ တွေးကြည့်ပေါ့ ။ ဘာဘူကြီးက ဆည် ၁ လုံးဆောက်ရင် ၊ ပေါက်ဖော်ကြီးက ဆည် ၁၀ လုံးနဲ့ ပိတ်မယ့် သဘောရှိတယ် ။ ဒီတော့ အိန္ဒုမြစ် ကိစ္စက ခြိမ်းခြောက်ရုံထက်မပိုပါဘူး ။

နယ်စပ်မှာ ဖောင်းဒိုင်းနေကြတယ် ။ နှစ်နိုင်ငံလုံး လေကျယ်နေကြတယ် ။ အရမ်းပူပန်မနေပါနဲ့ ပြီးတော့လည်း ဟိုလိုလို ဒီလိုလို နဲ့ ပြီးသွားဖို့ များပါတယ် ။ ပါကစ္စတန်ရော အိန္ဒိယကော အနုမြူကိုယ်စီ ကိုင်ထားကြတော့ ၂ ဖက်လုံး ကြေမယ့် ကိစ္စအထိ မမိုက်ပါဘူး ( မြန်မာပြည်က PDF လို ချီး ဘရိန်းတွေမှ မဟုတ်တာ)

မြန်မာပြည်နဲ့ အလှမ်းဝေးတဲ့ နယ်စပ်ပြဿနာပါ ။ နောက်ပြီး စီးပွား ကုန်သွယ်မှုက အိန္ဒိယနဲ့ အနည်းငယ်ရှိပေမယ့် ပါကစ္စတန်နဲ့ မရှိသလောက်ပါပဲ ။ သူတို့ပြဿနာက ကိုယ့်ဆီကြီးကြီးမားမား ရိုက်ခတ်ဖို့ အခွင့်အလန်း နည်းပါးပါတယ် ။

ကိုရွှေမျိုးဝင်း
စစ်ရေး အနာဂါတ် ဖြစ်နိုင်ခြေများ
============================

ကျနော်စစ်ရေး ကိစ္စတွေ မရေးသားတာ ကြာပါပြီ ။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်ချုပ်ကြီး ရုရှားခရီးစဥ်အပြီး လုပ်ခဲ့ ကိုင်ခဲ့ ချုပ်ဆိုခဲ့တဲ့ အကြောင်းအရာများကြောင့် ပြောစရာမလိုတော့ဘူးလို့ ယူဆမိခဲ့မိလို့ပါပဲ ။

ငလျင်ကြောင့် တကမ္ဘာလုံးက အာရုံစိုက်လာချိန်မှာ ရန်သူက ယုံကြည်နိုင်ဖွယ် မရှိသော အပစ်ရပ် ကြေညာချက် စတင်ထုတ်ပြန်ခဲ့ပါတယ် ။ ဒီလိုပါပဲ နစက အနေနဲ့ တုန့်ပြန် ကြေညာခဲ့ရင်း ထိုးစစ်အတွက် အရှိန်သပ်ခဲ့ကြပါတယ် ။

ဒီကာလမှာလည်း ကလိမ်ကကျစ် ရန်သူတို့ရဲ့ အလစ်အငိုက် တိုက်ခိုက်မှုတွေကြောင့်လည်းကောင်း ၊ မိမိတပ်မှူးအချို့ရဲ့ သတ္တိမရှိမှု ၊ အရည်အသွေးညံ့ဖျင်းမှုတို့ကြောင့်လည်းကောင်း မြို့ရွာအချို့ ဆုံးရှုံးခဲ့ရပြန်ပါတယ် ။

အဲဒီ အချိန်မှာပဲ လားရှိုးကိစ္စ ဇယားငြိမ်သွားပြီး 21 - 2 - 2025 ရဲ့ အမိန့်စာ အမှတ် 38/2025 လိုင်းပေါ်ပြန့်လာပါတယ် ။ အဲဒီ အမိန့်စာကို သေချာလေ့လာကြည့်ပါက အရေးကြီးတဲ့ အချက်တွေ တွေ့ရပါမယ် ။

က ။ ဂြိုလ်တုစနစ် တည်ထောင်ဖို့
ခ ။ စနစ်ထိမ်းချုပ်တဲ့ လုပ်ငန်းစဥ်
( ငှါးသုံးမဟုတ်ဖူး)
ဂ ။ ကိုယ်ပိုင် ဂြိုလ်တုအတွက် လုပ်ငန်းစဥ် တင်ပြဖို့
ဃ ။ ပြည်တွင်း ပြည်ပ ပုဂ္ဂလိပညာရှင်များနဲ့ပါ ပူးပေါင်းပြီး အာကာသ နည်းပညာတိုးတက်အောင် လုပ်ဖို့
င ။ ကိုယ်တိုင် စီမံထိမ်းချုပ်ပြီး ပြည်ပနိုင်ငံများသို့ ငှားရမ်းနိုင်သည်ထိ ( ဆိုတော့ကား ရည်မှန်းချက်က ၁ လုံး ၂ လုံး လောက် မဟုတ်ဖူး ဆိုတာ သိသာလာပြီ )
စ ။ နည်းပညာ နဲ့ လုပ်ထုံးလုပ်နည်း ကော်မတီဖွဲ့ရန် ဦးဆောင်ကော်မတီကို တင်ပြပါရန် ( ဖောရှောမလုပ်နဲ့ အမြန်ဆုံးလုပ်ကြဖို့ ညွှန်ကြားထားတာပါ)

ဒီလို ထွက်ပေါ်လာတဲ့ အမိန့်ကြေညာစာနောက်မှာ အဓိပ်ပါယျတှေ အများကြီး မြင်ရသလို အကျိုးသက်ရောက်မှုတွေလည်း များစွာတွေ့မြင်လာရပါတယ် ။ ရန်သူတွေအတွက် စိတ်ဓာတ်ပျက်ပြားလောက်တဲ့ အခင်းအကျင်းဖြစ်ပါတယ် ။

ထုံးစံအတိုင်း လှောင်ပြောင်သရော်လိုသူတွေကတော့ လှောင်ကြ ပြောင်ကြမှာပါပဲ ။ ရေငုပ်သင်္ဘောတွေတုန်းကလည်း ဒီလိုပါပဲ ။ အိန္ဒိယကနေ မြန်မာပိုင်နက်ထိ မြန်မာ့တပ်မတော်သားတွေကိုယ်တိုင် မောင်းယူခဲ့တာပါဆိုမှ ပါးစပ်ပြဲကြရအောင် အံ့သြခဲ့ရတာလေ ။

ဂြိုလ်တုကို ကိုယ့်စိတ်ကြိုက် သုံးလို့ ရပြီဆိုတာနဲ့ ရန်သူကို အပူလှိုင်းကနေ ရှာဖွေ သုတ်သင်နိုင်တော့မှာပါ ။ အဲဒါကြောင့် စစ်ရေးကဏ္ဍကို သိပ်အရေးလုပ်မနေချင်တော့တာပါ ။

လောလောဆယ်ရန်သူတို့ ရင်ခုန်နေရတာက စက်တပ်လေထီး ( Paramotor) အပြင် ပိုကောင်းတဲ့ ဂျိုင်ရိုကော်ပတာ( Gyrocopter) သုံးဖို့လုပ်ဆောင်လာနေတာ တွေ့ရပါတယ် ။ သူက ရဟတ်ယာဥ် အသေးစားပါပဲ ။

အလေးချိန် ၆၀၀ ကီလိုဂရမ် သယ်နိုင်မယ် ၊ တနာရီကို ၉၀ မိုင်နှုံးကနေ ၁၂၀ မိုင်နှုံးအထိ ပျံသန်းနိုင်ပါတယ် ။ ပေပေါင်း ၁၂၀၀၀ အမြင့်ကနေ မိုင် ၂၃၅ မိုင်ထိ ပျံသန်းနိုင်တယ် ။ ပျံသန်းချိန် ၃ နာရီ မှ ၄ နာရီထိ စွမ်းဆောင်နိုင်ပါတယ် ။ တက်ဖို့ပြေးလမ်းက ၂၃၀ ခန့်လိုပြီး အဆင်းကတော့ ပေ ၁၀၀ လောက် လိုမယ်လို့ သိရပါတယ် ။

အဓိက အားသာချက်တခုက မောင်းနှင်သူက နာရီ ၅၀ လေ့ကျင့်ပေးရင်ပဲ မောင်းနှင်နိုင်တဲ့ဆိုတဲ့ အချက်ပါပဲ ။ တရုတ် Gyrocopter တွေကတော့ စစ်သည် ၂ ဦးစီးနင်းပြီး စက်သေနတ် နဲ့ 120 mm ဗုံးသီး ၆ လုံး သယ်နိုင်မယ်လို့ ကြေညာထားပါတယ် ။

တနေ့က ပျက်ကျသွားတဲ့ လေ့ကျင့်နေဆဲ Gyrocopter တစီး PDF တွေရသွားလို့ လိုင်းပေါ်မှာ တင်လာတာ တွေ့ရပါတယ် ။ ၂ ယောက်စီးကို ကော်ပိုက်တွေနဲ့ တည်ဆောက်ထားတာလို့ ထင်ပါတယ် ။ ကော်ပိုက်သုံးထားရင်တော့ ပိုမိုပေါ့ပါးပြီး လက်နက်အလေးချိန် ပိုသယ်ဆောင်နိုင်ခြင်း ရှိလာနိုင်ပါတယ် ။

တပ်မတော်က ကိုယ်တိုင်ထုတ်ပြီး တပ်အင်အားဖြည့်ဖို့ ဆောင်ရွက်နေတာလို့ တွေးမိပါတယ် ။ လတ်တလော သုံးနေတဲ့ ကင်းထောက်ဒရုန်းအဆင့် ၊ ပါရာမော်တာအဆင့် ( Paramotor) အဆင့်တောင် ခေါင်းကိုက်နေရတဲ့ ရန်သူအတွက် သေချင်စော်နံရမယ့် သတင်းတွေ ဖြစ်ပါတယ် ။

အပစ်ရပ်ကာလအတွင်း ထိုးစစ်ထက် ခုခံစစ် ဦးစားပေးနေတဲ့ ကာလမှာတောင် ဗန်းမော် ၊ ကျောက်ဖြူ ၊ တောင်ခမ်း နဲ့ အညာမြေတကျောက ပွက်ပွက်ဆူနေတဲ့ ရန်သူ့ ငိုသံတွေကြားနေရပါတယ် ။

မိမိဘက်က ဆုံးရှုံးမှုများလည်း တွေ့နေကြရပါတယ် ။ စစ်ရဲ့သဘောအရ ဒါမျိုးကတော့ မလွဲမသွေ ကြုံနေကြရမှာပါပဲ ။ ရေရှည်စစ်အတွက် အရေးကြီးတဲ့ ငွေကြေး ၊ စစ်သည်အင်အား ဖြည့်တင်းနိုင်စွမ်း ၊ လက်နက်ယမ်းထုတ်လုပိနိုင်မှု ၊ နည်းပညာ ၊ တသွေးတသံ တမိန့် ( စည်းလုံးခြင်း) ၊ ဒါတွေ သာတဲ့သူက နိုင်မှာပဲ ။

ကဲ ကိုယ့်ဘာသာ ချိန်ဆကြည့်ပေတော့ဗျာ ။ အနာဂါတ် စစ်ပွဲရဲ့ ချိုမြိန်တဲ့ အောင်ပွဲဟာ မြန်မာ့ တပ်မတော်အတွက် ကလွဲလို့ ဘယ်သူမှ မရှိပါဘူးဗျာ ။

ကိုရွှေမျိုးဝင်း
မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (1)
===============================

ပထမဆုံး KNU သမိုင်း ပြောထားမှ ဇတ်ရည်လည်ပါမယ် ။ KNU ဆိုတာ မြန်မာပြည် လွတ်လပ်ရေး မရမှီ 5 - 7 - 1947 ကတည်းက စောစံဖိုးသင် တို့က စတင်ထူထောင်ခဲ့ပါတယ် ။ ဒီလိုနဲ့ လွတ်လပ်ရေး ယူခါနီးမှာ KNU အချို့က ဗမာနဲ့ ပေါင်းမယူပဲ အင်္ဂလိပ်လက်အောက်မှာ နေဖို့ပဲ ကြံစည်ကြပါတယ် ။

ခေါင်းဆောင်တွေ ဖြစ်တဲ့ စောစံဖိုးသင် ၊ မန်းဘခိုင် ၊ မန်းဝင်းမောင်တို့က ဗမာပြည်မ နဲ့ အတူ လွတ်လပ်ရေးယူမယ်ဆိုပြီး ခွဲထွက်ခဲ့လို့ KNU တို့ အင်အားချိနဲ့သွားပါသေးတယ် ။

1948 မတ်လထဲမှာ ဗကပ တောခိုသှားပွနျုပါတယျ ။ အဲဒီ နှစ်ထဲမှာပဲ နောင်တချိန်မှာ KNU ခေါင်းဆောင်ဖြစ်လာမယ့် ဗိုလ်မြလည်း တောခိုသွားပါတယ် ။ အဲဒီတုန်းက ဗိုလ်မြဟာ ရဲမှူးဆပ်ဘတ္တလာရဲ့ လူယုံ ရဲတပ်သားပါ ။ တပ်ကြပ်ကြီးရွှေဆိုင်း နဲ့ အတူ ဖာပွန်ကနေ တောခိုခဲ့တာပါ ။

1950 ကာလတွေမှာတော့ KNU တို့ လက်ရုံးရည် အမြင့်ဆုံးကာလ အင်းစိန်ကို ဝိုင်းထားတဲ့ အထိ အောင်မြင်ခဲ့ပါတယ် ။ ဗိုလ်မြက သူ့ဇာတိ ကျောက်ကြီးမြို့ ထီမူခီးရွာမှာရှိတဲ့ တပ်မဟာ ၄ မှာ တာဝန်ကျပါတယ် ။

တပ်မတော်က ထိုးစစ်ပြန်ဆင်လို့ KNU တို့ တောကြိုအုံကြား ပြန်ရောက်သွားပြီး ကော့ကရိတ် ဒေါနတောင် တိုက်ပွဲမှာ စောစံဖိုးသင် နေရာ ရယူထားတဲ့ စောဘဦး ၊နဲ့ အတူ စောစံကေး ၊ ကပ္ပတိန် ဗီဗီယန်း ( ဂဠုန်ဦးစောကို သေနတ်ထုတ်ပေးသူ) တို့ ကျဆုံးသွား ။

မန်းဘဇံ နဲ့ စောဟံသာမွှေးတို့ ခေါင်းဆောင်ဖြစ်လာတယ် ။ ဗကပ တွေနဲ့ ပူးပေါင်းပြီး မန်း + ဇင် သဘောတူ စာချုပ်ချုပ်ဆိုတယ် ။ ဒါပေမယ့် စစ်တောင်းမြစ် အရှေ့ဖက်က တပ်တွေက မပေါင်းဘူး ။ တပ်မဟာ ၅ က ဗိုလ်လင်းထင်တို့ပေါ့ ။

1954 မှာ တပ်မဟာ ၄ က စောနားမူ အလင်းဝင်လာတော့ ဗိုလ်မြလည်း ပါလာတယ် ။ ၄ / ၅ လ နေပြီး ဗိုလ်မြ တောပြန်ခိုသွားတယ် ။ အဲဒီကာလတွေမှာ ဗကပ တွေက သူတို့နဲ့ ပူးပေါင်းထားတဲ့ KNU တွေကို ဗကပ လမ်းစဥ်အတိုင်း သွားကြဖို့ စည်းရုံးတယ် ။

စောဟံသာမွှေးက လက်မခံပဲ 1-6-1963 မှာ အလင်းဝင်တယ် ။ သူနဲ့ အတူ ဗိုလ်လင်းထင်ရဲ့ တပ်မဟာ ၅ ကလည်း အလင်းဝင်လာကြတယ် ။ တပ်မဟာ ၄ ကတော့ ဗိုလ်မြ ခေါင်းဆောင်ဖြစ်ပြီး ကျန်ခဲ့တယ် ။ မကြာဘူး မန်းဘဇံလည်း ဗကပ နဲ့ ကွဲလာပြီး ဗိုလ်မြနဲ့ လာပေါင်းတယ် ။

ဗိုလ်မြက စစ်ရေးအားလုံး ချုပ်ကိုင်ထားပြီး မန်းဘဇံကတော့ ရုပ်ပြအဆင့်ပဲ သြဇာရှိတော့တယ် ။ အဲဒီ အချိန်မှာ ဗိုလ်လင်းထင် နဲ့ တပ်မဟာ ၅ က တောခိုပြန်ဖို့ လုပ်ကြတယ် ။ တပ်မတော်က သတင်းရလို့ သွားဝိုင်တော့ ပြန်ပစ်တယ် ။ ဗိုလ်လင်းထင် ကျသွားပြီ ။

သူ့ မိန်းမ နော်လီဇာဘီဆင်က လက်ကျန် တပ်မဟာ ၅ ကို ခေါ်ပြီး တောခိုသွားတယ် ။ တောထဲမှာ သူမ မနေနိုင်လို့ အမေရိကန်ကို ခိုလှုံသွားတယ် ။ ခေါင်းဆောင်မရှိတဲ့ တပ်မဟာ ၅ လည်း ဗိုလ်မြအောက် ရောက်သွားပြီး ဗိုလ်မြ အင်အား ပိုကြီးသွားပါတယ် ။

ဒီလိုနဲ့ ဗိုလ်မြက မဲသဝေါရွာကြီးမှာ မှောင်ခိုစခန်း တည်လိုက်ကြပါတယ် ။ သောင်ရင်းမြစ် အနောက်ဖက် ရှိ မဲသဝေါ နဲ့ အနီးဆုံး ရွာက ရှမ်းရွာသစ်ပဲ ရှိပါတယ် ။ ၁၈ မိုင်လောက် ဝေးပါတယ် ။ တပ်မတော်ရဲ့ ရှေ့တန်းအကျဆုံး စခန်းကနေ သွားရင် ၇ ရက်လောက် သွားရပါတယ် ။

မဲသဝေါရွာကြီးရဲ့ မှောင်ခိုလုပ်ငန်းကြီးက တဖြေးဖြေးကြီးထွားလာပြီး KNU အတွက် အဓိကဝင်ငွေစီးကြောင်းဖြစ်လာပါတယ် ။ ဒီအခြေအနေကြောင့် 28 - 9 - 1980 မှာ တပ်မတော်မှ ၂ ဗျူဟာ ၄ ရင်းနဲ့ စစ်ကြောင်းထိုး သိမ်းပိုက်တိုက်ခိုက်ကြပါတယ် ။ 10 - 10 - 1980 မှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး မဲသဝေါမှောင်ခိုစခန်းကို ဖျက်ဆီးကာ တပ်ပြန်ရုတ်လာကြပါတယ် ။

ဒီတော့ KNU တို့က နောက်တဖန်ပြန်ဟဝင်လာပြီး အခိုင်အမာ ခံစစ်စခန်းကြီး အဖြစ် တည်ဆောက်အခြေပြုကြပြန်ပါတယ် ။ ဒီလိုနဲ့ ပထမအကြိမ် တိုက်ခိုက်ပြီး ၄ နှစ်အကြာမှာ မဲသဝေါ စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်ဖို့ စီစဥ်ခဲ့ကြရပြန်ပါတယ် ။

မဲသဝေါမှာ KNU တပ်မဟာ ၁ ၊ ၄ ၊ ၆ ၊ ၇ နဲ့ အထူးတပ် ၁၀၁ တို့နဲ့ ခုခံကြပါတယ် ။ မြန်မာ့တပ်မတော်ကတော့ တပ်မ ၄၄ မှ ခမရ ၃ ၊ ၇ ၊ ၈ ၊ ၉ တို့အား ဗိုလ်မှူးကြီး တင်အေး ဦးစီးပြီး ထိုးစစ်ဆင်ခဲ့ကြပါတယ် ။ စတင်တိုက်ခိုက်တာက 22 - 1 - 1984 နေ့ပါပဲ ။

KNU တို့လည်း သူတို့ရဲ့ အခိုင်အမာစခန်းကြီးကို လက်မလွတ်တန်း အပြင်းအထန် ခုခံကြသလို မြန်မာ့တပ်မတော်ကလည်း ပေးထားတဲ့ အမိန့်အတိုင်း တာဝန်ကျေအောင် အားထုတ်ကြိုးပမ်း တိုက်ခဲ့ကြပါတယ် ။

KNU တို့ အသေအလဲ ခုခံကြပေမယ့် ပြင်းထန်စနစ်ကျလှတဲ့ တပ်မတော်ထိုးစစ်ကြောင့် 28 - 1 - 1984 မွန်းလွဲ ၂ နာရီ မှာ မဲသဝေါစခန်းကို မြန်မာနိုင်ငံအလံ လွှင့်ထူနိုင်ခဲ့ပါတယ် ။
မိမိဘက်မှ စစ်သည် ၁၁ ဦး ကျဆုံးခဲ့ရပြီး ၆၂ ဦး ဒဏ်ရာရှိခဲ့ပါတယ် ။ ရန်သူ့အလောင်း ၃၄ လောင်း ရရှိခဲ့ပါတယ် ။ အဲဒီနောက် မဲသဝေါမှာ တပ်မတော်မှ အထိုင်စခန်းချထားပြီး KNU တို့ရဲ့ ဝင်ငွေစီးကြောင်းကို အမျှော်အမြင်ကြီးစွာ ပိတ်ဆို့ထားလိုက်ပါတယ် ။ ဒီတော့ KNU ရော ထိုင်းကုန်သည်များအတွက်ပါ လိုင်းပျောက်ကုန်ရပါတယ် ။

အဲလိုနဲ့ မဲသဝေါမှာ ပင်မစခန်း ၊ ကာကင်းကုန်းစခန်းအဖြစ် အံ့ကျော်ကုန်း ၊ ပွှိုင့် ၉၆၂ ၊ ကဆာနဒီ ကုန်းဆိုပြီး တည်ဆောက်ထားပါတယ် ။ ၁၉၈၈ အရေးအခင်း ဖြစ်လာချိန်မှာ KNU တို့က အခွင့်ကောင်းယူပြီး မဲသဝေါကို ( 6 - 9 - 1988) မှာ ပြန်လည်သိမ်းပိုက်ဖို့ လုပ်ဆောင်လာပါတယ် ။

မဲသဝေါမှာ တပ်မတော်က အင်အား ၃၀၀ လောက်ပဲ ရှိပါတယ် ။ ပင်မ စခန်းမှာ တပ်ခွဲ ၁ ခွဲထားပြီး လှုပ်ရှား ၊ ကာကင်းကုန်းတွေမှာ တပ်ဖြန့်ကာကွယ်ထားရပါတယ် ။ KNU အင်အား 2100 နဲ့ 16 - 9 - 1988 မှာ မဲသဝေါကို တရကြမ်းဝင်တိုက်ကြပါပြီ ။


၇ ဆ လောက်များပြားတဲ့ အင်အားနဲ့ တရကြမ်းဝင်တိုက်ကြတာပါ ။ အံ့ကျော်ကုန်းဆို မိမိအင်အား ၂၀ လောက်ကို ရန်သူ ၄၀၀ လောက် ဝင်တိုက်တာ ခံရပါတယ် ။ တပ်မတော်က ခံစစ်အတွက် ခလရ ၇၆ ဒု ဗိုလ်မှူးကြီး သီဟသူရကျော်ညွှန့်က ဦးစီးနေပါတယ် ။

အင်အားခြင်း အဆမတန် ကွာခြားခြင်းကြောင့် မောရဝတီတောင်ကျောပေါ်ကို ပြန်လည်ဆုတ်ခွာပြီး ခံစစ်ပြင်ဆင်ရပါတယ် ။ ရန်သူ့အတွက် မဲသဝေါ ပင်မစခန်း နဲ့ ကာကင်းကုန်း ၃ ခုလုံးကို တရက်ထဲနဲ့ သိမ်းယူနိုင်လို့ နိုင်ကြက်သဖွယ် ဖြစ်နေပါပြီ ။

ဒီတော့ မောရဝတီတောင်ကျောပေါ်က ခံစစ်ကို ဖြိုနိုင်ရင် မဲသဝေါကို အကုန်ရပြီလို့ ဆိုနိုင်မှာ ဖြစ်တဲ့အတွက် KNU တို့ မောရဝတီကို လိုက်စစ်ဆင်ပါပြီ ။.တပ်မတော် ခေါင်းဆောင်များက အင်အားခြင်း မမျှလို့ ခွာစစ်ဆင်လိုက ခွာနိုင်ကြောင်း ပြောဆိုပေမယ့် 1986 ခုနှစ်တုန်းကမှ နာမည်ကျော် စီစီဝမ်တာပန် တိုက်ပွဲကနေ သီဟသူရဘွဲ့ ရရှိထားတဲ့ သူရဲကောင်းတပ်မှူးက မဆုတ်ပဲ ခံတိုက်ပါ့မယ်လို့ သတင်းပို့ခဲ့ပါတယ် ။

ဒီလိုနဲ့ ပွဲကြီးပွဲကောင်း ဆင်နွဲကြရပြန်ပါပြီ ။ တိုက်ပွဲ အနေအထားကို လေ့လာကြည့်မယ်ဆိုရင်.....

ကိုရွှေမျိုးဝင်း

( ရှေးက စွမ်းရည်ထက်မြက်ပါသော သူရဲကောင်း စစ်သည် တပ်မတော်သားများရဲ့ ခုခံစစ် ၊ တိုက်စစ် ၊ အုပ်ချုပ်ထောက်ပံ့မှုစနစ်များအား အတုယူလေ့လာဖွယ် ဖြစ်အောင် တင်ပြလိုက်ရပါတယ်)
မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (2)
===============================

မောရဝတီတောင်ကျောပေါ်က မြန်မာ့တပ်မတော်ရဲ့ ခလရ ၇၆ တပ်ရင်း စုဖွဲ့အင်အားနဲ့ ခံစစ်ပြင်ထားပါတယ် ။ KNU ကတော့ မဲသဝေါပင်မစခန်းထဲက လက်နက် ရိက္ခာ အားလုံး သိမ်းပိုက်ရရှိထားပြီး အင်အားတောင့်တင်းလျှက်ပါပဲ ။

အဲဒါကြောင့် စစ်ကူလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ပိတ်ဆို့ထားပါပြီ ။ ဒီအချိန်မှာ ခလရ ၇၅ က တပ်မတော်သား စစ်သည်များကလည်း တပ်ခွဲ ၃ ခွဲ နဲ့ မိမိညီနောင် ခလရ ၇၆ ရှိရာ မောရဝတီကို အပြင်းချီလာပါတယ် ။

တချိန်တည်းမှာပဲ ခမရ ၃ သည် ဖားအံမှာ စုဖွဲ့ပြီး ရှမ်းရွာသစ်မှ တဆင့် မောရဝတီတောင်ကျောပေါ်သို့ ထိုးဖောက်ပြီး စစ်ကူလာပြန်ပါတယ် ။ KNU တို့ရဲ့ မိုင်းအထပ်ထပ် ၊ ဖြတ်တောက်ပိတ်ဆို့မှု အကြိမ်ကြိမ်ကို ကြိုးစားထိုးဖောက် ဖြတ်ထွက်ကြရင်း တပ်ရင်းမှူးကြီး မိုင်းထိကျဆုံးသွားရပါတယ် ။

ခပ်ညံ့ညံ့မဟုတ်သော တပ်မှူးများဆိုတော့ ဒုတိယ တပ်ရင်းမှူးက ဦးဆောင်ပြီး အမိန့်အတိုင်း တသွေမတိမ်း ညီညာဖျဖျ ချီတက်ကြပြန်ပါတယ် ။ အဲသလို ထိုးဖောက်ရင်း ခလရ ၇၆ ကို ဝန်းပိတ်ထားတဲ့ KNU နဲ့ ခလရ ၇၆ ကြားထိ ခမရ ၃ ရောက်သွားချိန်မှာ စစ်ကြောင်းတခုလုံး စစ်သည် ၅၁ ဦးသာ ကျန်ပါတော့တယ် ။

ဒီလိုနဲ့ ခလရ ၇၆ အတွက်တော့ စိတ်ဓာတ်ခွန်အား များစွာ ဖြစ်စေမယ့် စစ်ကူစစ်ကြောင်း တခု ပူးပေါင်းမိသွားပါတယ် ။ တပ်မတော် အကြီးအကဲတွေ အနေနဲ့လည်း မိမိ သားတပည့်များအပေါ် ပစ်မထားကြပါဘူး ။

ခမရ ၄ ၊ ခမရ ၆ ၊ ခမရ ၇ တို့ကို ဆက်တိုက် စစ်ကူစေလွှတ်ပေးနေပါတယ် ။ မိမိတို့ရဲ့ ရဲဘော်များအတွက် အားသွန်ခွန်စိုက် ချီတက်လာကြတဲ့ အဆိုပါ တပ်ရင်းများသည်လည်း KNU တို့ရဲ့ ဖြတ်တောက် တိုက်ခိုက်ခြင်းကို အပြင်းအထန် ခံခဲ့ကြရတာချည်းပါပဲ ။

သို့သော် ယောကျ်ားပီသသော စစ်သည်များအတွက် မှုစရာမဟုတ် ၊ အမိန့်သည်သာ ဦးထိပ်ပန်ဆင်ရာမို့ သရဲမရဲစီးပြီး အတင်းဝင်တိုးကြရာ မဲသဝေါ ရဲ့ ကာကင်းကုန်း ၃ ကုန်းကို ရင်ဆိုင်ထိမ်းချုပ်နိုင်ခဲ့ပါပြီ ။

အဲဒီအချိန်မှာပဲ မောရဝတီတောင်ကျောကလည်း အသဲအသန် တိုက်ခိုက်ခံနေကြရပါပြီ ။ တောင်ကျောပေါ်က စစ်သည်တွေကို လက်နက်ချဖို့ အကြိမ်ကြိမ် အော်ဟစ်ခြိမ်းခြောက် ပြောနေကြပေမယ့် အခြောက် နဲ့ လောက်ကင်းစင်တဲ့ တပ်မတော်မို့ အလံဖြူထောင်ဖို့ အသာထား ခွန်းတုံပြန် ဆဲဆိုလိုက် ပြန်ပစ်လိုက်နဲ့ အားရစရာပါပဲ ။

အဲသလို ဖြစ်နေချိန်မှာ လူကြီးပိုင်းတွေ ဘာလုပ်နေသလဲ လေ့လာကြည့်ပါစို့ ။ မဲသဝေါ တိုက်ပွဲ လဝက်ကျော်လာတော့ အဲဒီ အချိန်က ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသန်းရွှေက ကစထမှူး ဗိုလ်ချုပ်မောင်လှကို ခေါ်တွေ့ပါတယ် ။

'' ကိုလှ လောလောဆယ် ကျုပ်တို့ တိုက်ပွဲကြီး ၂ ပွဲ နဲ့ ရင်ဆိုင်နေကြရတယ် ။ မိုင်းယမ်း တိုက်ပွဲ နဲ့ မဲသဝေါတိုက်ပွဲပဲ ။ မိုင်းယမ်းတိုက်ပွဲကို ကျနော်ဦးဆောင်တိုက်နေတယ် ။ မဲသဝေါရဲ့ အခြေအနေကလည်း ခုလို ဖြစ်နေတယ် ၊ ဒါကြောင့် မဲသဝေါကို ကိုလှတာဝန်ယူတိုက်ပေးပါ ''

'' စိတ်ချ ဗိုလ်ချုပ်ကြီး ကျနော်တိုက်ပါ့မယ် ''

ကိုင်း စစ်သားစစ်စစ်ကြီး ၂ ယောက် ၂ ခွန်းပြောစရာမလို ကိစ္စပြီးလေ၏ ။ ယောက်ကျာ်းအစစ်ဆိုတာ ဒါပဲလို့ သမိုင်းမော်ကွန်း ထိုးပြလေသော ဗိုလ်ချုပ်မောင်လှ သမိုင်းသည်ကား ထာဝရလှပနေမည်သာတည်း ။ ( ဦးသန်းရွှေ တာဝန်ယူခဲ့သော ဗကပတို့နဲ့တိုက်ပွဲ ဖြစ်သည့် မိုင်းယမ်းသည်လည်း ၂ ပတ်အတွင်း ဗကပများ တပ်လှန် ခွေးပြေး ဝက်ပြေး ထွက်ပြေးခဲ့ရပါတယ် ။ ဘရွှေကား အချဥ်မဟုတ်...)

ဘရွှေရုံးခန်းထဲက ထွက်လာတဲ့ ဗိုလ်ချုပ်မောင်လှက သူ့တပည့်တွေရှေ့ရောက်တော့ မနည်းမနော ကြီးမားလှတဲ့ သူ့ရဲ့ လက်သီးဆုပ်ကြီး ထောင်ပြရင်း...

'' ဗိုလ်လှ နဲ့ ဗိုလ်မြ တွေ့ကြပြီပေါ့ကွာ ''

ဆိုပြီး ဝမ်းခေါင်းသံကြီးနဲ့ အားပါးတရ ကြုံးဝါးလိုက်သံဟာ ဒီကနေ့ထိ ပြောစမှတ်တွင်နေပါရောလား ။


ဗိုလ်ချုပ်မောင်လှဟာ တကယ်စစ်တိုက်တတ်သော ဗိုလ်ချုပ်အစစ်ဖြစ်လေတော့ကား ပထမဆုံး စစ်ရေးသုံးသပ်ချက် ပြုလုပ်ပါတယ် ။ ရန်သူရဲ့ စီမံ အုပ်ချုပ်မှု ၊ ထောက်ပံ့မှု LOC သည် မိမိထက် သာလွန်ကောင်းမွန်၏ ။ ဆက်သွယ်ရေး လမ်းကြောင်းတိုတောင်း၏ ။ မိမိရဲ့ LOC လမ်းကြောင်းက ရှည်လျှားနေ၏ ။

ဒီအားနည်းသည် ကြီးမားသော အားနည်းချက်ဖြစ်၏ ။ မြေပြင်ပိုင်နိုင်သော စစ်ဗိုလ်ချုပ်ပီပီ ရှမ်းရွာသစ် အနောက်ဖက် ပွှိုင့် 865 ရှေ့တန်းစခန်းထိ လက်နက် ခဲယမ်း ရိက္ခာ စုပုံရန် စီမံပါတယ် ။ မိုးတွင်းကြီးမို့ လမ်းဖောက်ရန် ခက်ခဲသည့် ကြားမှ ငါလိုးခြင်း မိုးမွန်အောင် ဆဲဆိုပြီး ခိုင်းပါတယ် ။

ဗိုလ်ချုပ်မောင်လှရဲ့ စိတ်ထဲမှာ ငါ့တပည့် လက်အောက်ငယ်သားတွေ ငါတရက်စောရောက်ရင် တယောက် အကျအဆုံး သက်သာမယ် ဆိုတဲ့ အတွေးကလွဲပြီး အခြားအတားအဆီး ဘာတခုမျှ မြင်ဟန်မတူပါဘူး ။


မိုးရွာထဲမှာ ရှေ့က ဒိုဇာထိုး နောက်က ယာဥ်တန်းလိုက်စေပါတယ် ။ ရန်သူတွေ ဖြတ်တောက် တိုက်ခိုက်ရင် လက်မနှေးနဲ့ ချက်ခြင်းပြန်ပစ်ကြ ။
'' မသင်္ကာရင် ပစ်ရှင်း ရှင်းတက် ။ ရန်သူက ခြုံထဲပစ်ရင် ခြုံကိုပစ် ၊ ရွာထဲက ပစ်ရင် ရွာထဲပစ် ၊ ဘုန်းကြီးကျောင်းက ပစ်ရင် ဘုန်းကြီးကျောင်းပစ် ၊ တောင်ကုန်းပေါ်က ပစ်ရင် တောင်ကုန်းပေါ်ပစ် ၊ နောက်ဆုံး မင်းမေစပထဲက ပစ်ရင် မင်းမေစပပါ ပစ် ''
ဆိုတဲ့ အမိန့်တွင်တွင်ကြီး ကြားနေရတဲ့ ကာလပေါ့ ။

အဲသလို လမ်းဖောက် စစ်ကြောင်းထိုးနေသလို ပထမဆုံး စစ်ကူရောက်သွားတဲ့ ခမရ ၃ ကို မှတ်မိမှာပါ ။ စစ်သည် ၅၁ ဦးပဲ ကျန်တဲ့အထိ ဖြစ်ခဲ့လို့ ဖွဲ့စည်းပုံ ပျက်သွားတဲ့ ခမရ ၃ ကို နောက်တန်းသို့ ပြန်ခေါ်ပြီး သူ့နေရာကို ခမရ ၄ အား အစားထိုးပါတယ် ။

ခမရ ၃ အား ပြန်လည်စုဖွဲ့ပြီး အင်အားဖြည့်တင်းကာ ဗိုလ်မှူးကြီးတင်ထွန်းအား တပ်ရင်းမှူးသစ်အဖြစ် တာဝန်ပေးပါတယ် ။ အထက်ပါနည်းနဲ့ ပွှိုင့် 865 ဆီသို့ လိုအပ်သော ရိက္ခာ ၊ လက်နက် ၊ ခဲယမ်း စုပုံပြီးချိန် ရောက်လာတာကတော့ 30 - 11 - 1988 ပါပဲ ။

ပြန်လည်စုဖွဲ့ထားတဲ့ ခမရ ၃ ကို အင်အားအပြည့်နဲ့ H 575241 တောင်ကုန်းကို စျေးဦးပေါက် ပြန်သိမ်းပိုက်ဖို့ စီစဥ်ပါတယ် ။ စစ်ဆင်ရေးခန်းမရှိရာသို့ ခမရ ၃ တပ်ရင်းမှူး ဗိုလ်မှူးကြီးတင်ထွန်းကို ဗိုလ်ချုပ်မောင်လှက ဆင့်ခေါ်ပါတယ် ။

ဗိုလ်ချုပ်မောင်လှလို ကစထမှူးအဆင့် ( တိုင်းမှူး ၃ ဦး အထက်မှ ရာထူး) ထိုင်တဲ့ စစ်ဆင်ရေးခန်းမဆိုတာ ခမရ ၃ ရှေ့တန်းကနေ ၃ မိုင်ပဲ ကွာဝေးသတဲ့ ။ ရှေ့တန်း ၃ မိုင်အကွာထိ ရုံးထိုင်ကွပ်ကဲနေတဲ့ ကစထမှူးဆိုတာ ပုံပြင်မဟုတ်ဖူးနော် ။

တပ်ရင်းမှူးရောက်လာချိန်က မနက် ၉ နာရီ ပါ ။ ဗိုလ်ချုပ်မောင်လှက...

'' အချိန် သိပ်မရှိတော့ဘူး ၊ ထိုးစစ်ဆင်တိုက်ခိုက်ရတော့မယ် ။ ထိုးစစ် အဆင့် တစ် အနေနဲ့ မင်းရင်ဆိုင်ထားရတဲ့ ရန်သူ့ကုန်းကို အရင်တိုက်ရလိမ့်မယ် ။ လက်နက်ငယ် နဲ့ ကျည်ဆံ မင်း လိုသလောက်ထုတ်ယူ ။ ပွှိုင့် 5 တလက်နဲ့ ကျည်ဆံ ၁၀၀၀ ထပ်ပေးမယ် ။ တိုက်ရိုက်ပစ်ကူအဖြစ် 120 mm ၄ လက် ပစ်ကူပေးမယ် ။ 76 mm အမြှောက် နဲ့ ကကကြည်း အရံ 81 mm ၈ လက်က ရန်သူရဲ့ အကူတပ်တွေကို ဦးနှိမ် ပစ်ခတ်ပေးမယ် ။ မင်းအနေနဲ့ မင်းတပ်ရင်းမှာ ရှိနေတဲ့ လက်နက်ကြီးတွေကိုလည်း လိုရင် လိုသလိုထုတ်သုံးလို့ ရတယ် ''

ဒီလို ရှင်းလင်းပြတ်သားတဲ့ တိုက်စစ် စီမံချက်ကို ကြားလိုက်ရတော့ ဗိုလ်မှူးကြီးတင်ထွန်းက သမိုင်းဝင် စကားပြန်ပြောလိုက်လို့ နာမည်ကျော် စစ်သူရဲကောင်း ဗိုလ်ချုပ်မောင်လှတောင် ပခုံးတွန့် ကြက်သီးထသွားရပါတယ် ။ ဗိုလ်မှူးကြီးတင်ထွန်း ပြန်ပြောလိုက်တဲ့ ရဲရဲတောက် စကားကတော့......

ကိုရွှေမျိုးဝင်း
မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (3)
===============================

'' ကျနော့်တပ်ရင်းမှာ ရှိတဲ့ လက်နက်ကြီးနဲ့ပဲ လုံလောက်ပါတယ် ၊ 120 mm ၄ နဲ့ ဆိုင်ပစ်နေရင် ရန်သူ့စခန်းကို ကျနော်သိမ်းပြီးချိန် ဘာပစ္စည်းမှ အကောင်းကျန်နေမှာ မဟုတ်ဖူးလေ ၊ ၂ လက်လောက်ပဲ ပစ်ပါ ဗိုလ်ချုပ် ''
( မိမိတပ် သက်သာရေးထက် ရန်သူ့ဆီက လက်ရသိမ်းမယ့် ပစ္စည်း အပျက်အစီးများမှာစိုးလို့တဲ့ ၊ ထစ်ကနဲရှိ လေယာဥ်လာပါ ဖင်ကုန်းအော်နေတဲ့ စစ်ခြောက်တွေနဲ့ ကွာပါ့)

'' အေး ဒါဆိုလည်း မင်းသိမ်းမယ့် ကုန်းကို ၂ လက်ပဲ ပစ်မယ် ၊ ကျန်တဲ့ ၂ လက်ကို နောက်သိမ်းမယ့် ပစ်မှတ်ကုန်း ၂ ကုန်းကို ကြိုပြီး ပစ်မယ် ''

'' ဟုတ် အဘ တိုက်မယ် ''

'' ဒါဆို မင်း ဘယ်အချိန် စ တိုက်နိုင်မလဲ ''

'' ကျနော် ၁၂ နာရီလောက်ဆို ပြန်ရောက်ပြီ ဒီတော့ ၂ နာရီ စတိုက်မယ် အဘ ''
( စစ်တိုက်ဖို့များ ကျားစီးဖားစီး ဝမ်းသာအားရ ပြောနေတဲ့ သူ့တပ်မှူးကို ဗိုလ်ချုပ်မောင်လှက ပြုံးပြုံးကြီးကြည့်ပြီး....)

'' ဟုတ်ပြီ မင်းလည်း အေးအေးဆေးဆေး စီစဥ်လို့ရအောင် နာရီတိုးပေးမယ် ညနေ ၃ နာရီ စတိုက်ကွာ ၊ မင်းလိုတာ အားလုံးယူသွား ၊ အမြှောက်တပ်ကလည်း မင်းနဲ့ ပစ်ခတ်မှု ညှိနှိုင်းဖို့ စောင့်နေတယ် ဝင်ညှိပြီး စီမံချက်ဆွဲ ကွာ ''

'' ဟုတ် အဘ ''

'' ကဲ ဆက်လုပ်တော့ မင်းက အဖွင့်ပွဲကရမှာမို့ သိပ်အရေးကြီးတယ် ၊ ရန်သူ့စခန်းကို အောင်မြင်စွာ သိမ်းပိုက်တာပဲ လိုချင်တယ် ၊ မအောင်မြင်ရင် မင်းနှုတ်ထွက်တော့ ''

'' ဟုတ် အဘ ''

ရှင်းလင်းပြတ်သားတဲ့ အမိန့် ၊ ပြည့်စုံတဲ့ ထောက်ပံ့မှု ၊ စစ်သားပီသတဲ့ စစ်သားတို့ရဲ့ တိကျပြတ်သားသော အမိန့်ပေး အမိန့်ယူ ကဏ္ဍ ပြီးပြတ်ပေပြီ ။ ဗိုလ်မှူးကြီးတင်ထွန်းလည်း အမြှောက်တပ်မှူးနဲ့ တွေ့ပြီး ညှိနှိုင်းပါတယ် ။

'' ကိုယ်ကတော့ စီမံချက်နဲ့ မပစ်စေချင်ဘူး ၊ အမြှောက်ကို ပစ်နိုင်သမျှ ပစ်ပေး ၊ ကိုယ်က ရပ်ဆိုမှ ရပ်ကွာ ၊ မြေပြင်အခြေအနေ ကြည့်ရအုံးမှာလေ ''

'' ရတယ် အရေးကြီးတာ ဆက်သွယ်ရေး မပျက်ဖို့ပဲ ''

'' OK ကွာ ဒါဆိုရပြီ ''

ဗိုလ်မှူးကြီးတင်ထွန်းလည်း ညှိနှိုင်းအပြီး တောက်လျှောက်ပြန်လာပါတယ် ။ မိမိတည်နေရာရောက်တော့ စခန်းသိမ်းတိုက်ပွဲအတွက် အသေးစိတ်ဆွေးနွေး တာဝန်ပေးတယ် ။ ရန်သူနဲ့ ကိုက် ၂၀၀ လောက်ပဲ ဝေးတဲ့ ဆက်သွယ်ရေး မြောင်းထဲမှာ သေနတ်ကိုယ်စီ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ဗီတာမင်အလုံး ၁၀၀ သောက်ထားတဲ့ ကျားတွေလို ဝုန်းကနဲ ထွက်တိုက်ဖို့ အမိန့်စောင့်နေကြပါပြီ ။

ညနေ သတ်မှတ်ချိန်မှာ လက်နက်ကြီး သံတွေ တဝုန်းဝုန်း ကြားလာပါပြီ ။ မဲသဝေါ တနယ်လုံးကို ဖြန့်ကျက်ပြီး ဝါးလုံးထိုး ပစ်ချလိုက်တဲ့ လက်နက်ကြီးသံတွေက ဟိန်းဟိန်းထနေပါတော့တယ် ။

မိမိစစ်သည်များအတွက် မကြားရတာ ကြာပြီဖြစ်တဲ့ မိမိလက်နက်ကြီးသံများကြောင့် ရင်ဆိုင်ကုန်းအားလုံးရှိ စစ်သည်အပေါင်းတို့ရဲ့ ရင်ထဲကို သတ္တိရင်းမြစ်များ ထိုးထည့်ပေးလိုက်ပါပြီ ။

အမြှောက်သံတွေကြားထဲက ဆက်သွယ်လာတဲ့ အသံကို ဗိုလ်မှူးကြီးတင်ထွန်း ကြားရပါပြီ ။ သတ်မှတ် အမြှောက်ဆံ ၁၀ ဆံသာ ကျန်တော့တယ် ၊ လိုအပ်ရင် ဘယ်လောက်ကုန်ကုန် ထပ်ပစ်မယ် အားမနာနဲ့ ပြော တဲ့ ။ ဒီတော့ တပ်ရင်းမှူးက ရပြီ ဆယ်ချက်ပစ်ပြီး ရပ်တော့လို့ ပြန်ပြောလိုက်ပါတယ် ။


ဆက်သွယ်ရေးမြောင်းထဲကနေ အမြှောက်သံကို ရေတွက်နေပါတယ် ။ ၉ / ၁၀ ပြီးတာနဲ့ ဗိုလ်မှူးကြီးတင်ထွန်းရဲ့.. ''တက် '' ဆိုတဲ့ ရင်ခေါင်းသံကြီးနဲ့ အမိန့်သံအောက်မှာ ခမရ ၃ စစ်သည်တို့ ဝုန်းကနဲ ဆောင့်ထွက် ထိုးတက် ပစ်ခတ်ကြပေပြီ ။


မဲသဝေါ တိုက်ပွဲ စပါပြီ ဆိုကတည်းက ကိုယ့်ဘက်ကချည်း လူအင်အားအသာစီး ၊ ပစ်အားအသာစီး နဲ့ အထက်စီးက တောက်လျှောက် တိုက်ခိုက်ခဲ့ကြတဲ့ KNU တို့ခမျှာ ဗိုလ်ချုပ်မောင်လှ ရောက်လာမှ သူတို့ တခါမျှ မကြုံဖူးတဲ့ လက်နက်ကြီးပစ်အားကြောင့် ခေါင်းမဖော်နိုင်အောင် ဖြစ်နေကြရပါတယ် ။

ဒီအချိန်မှာ ကျားစီး ဖားစီး..
'' ခမရ ၃ ကွ '' '' တက်..တက် '' '' တပ်မတော် ကွ ''

ဆိုတဲ့ အသံနက်ကြီးတွေနဲ့ အော်ဟစ်ကြုံးဝါးပြီး G 3 / G 4 သံ ဟိန်းဟိန်းထအောင် ပစ်ခတ်ကာ အသားဝါးစားမတတ် ပစ်တက် တက်လာသော မြန်မာ့တပ်မတော်သားတို့ကြောင့် အသဲအူပြောင်းပြန်လန်မတတ် ရှော့ဖြစ်သွားကြရပါပြီ ။

ဂယောင်ခြောက်ခြား ပစ်ခတ်ခုခံကြသေးပေမယ့် ရဲရင့်တဲ့ ခြေထောက်တွေကို တားမရတော့ပါဘူး ။ အမြှောက်ဒဏ်ကြောင့် ကုန်းတဖက်ခြမ်းပြေးပုန်းနေရချိန် ဝုန်းကနဲ အုပ်လိုက် ရောက်လာတဲ့ စစ်သည်တွေကြောင့် နောက်ကျတဲ့ဖနောင့် သစ္စာဖောက် ဆိုပြီး ပြေးကြရပါပြီ ။

အလံထူပြီး '' ရပြီအဘ '' ဆိုတဲ့ ဆက်သွယ်ရေးစက်သံထဲက သတင်းပို့သံကြောင့် ရှိသမျှ တပ်မတော်သားအားလုံးရဲ့ ဟေးးးကနဲ ပျော်ရွှင်တက်ကြွစွာ အော်ဟစ်လိုက်သံက နားဝင်ချိုစရာကြီးပါပဲ ။