Ko Myo Win
24.8K subscribers
284 photos
6 videos
12 links
comment box
Download Telegram
'' ငမျိုးရေ တို့ပြည်သူတွေ လတ်တလော လိုချင်တာ နဲ့ နစက ရဲ့ လုပ်ပေးနိုင်စွမ်းကို သရုပ်ဖော်ပုံလေး တပုံနဲ့ ဥပမာပြအုံးကွ ''

                 ကွီးစိုး

'' ရော့ ကိုယ့်ဘာသာ အဓိပ္ပါယ်ဖွင့် ''

           ကွီးမျိုး
'' ငမျိုး တို့တိုင်းပြည်ကြီး ဒီလောက် စုတ်ပြတ်နေအောင် ဖြစ်သွားရတာ တပ်ချုပ်ကြီး နဲ့ ဒေါ်စုကြည်ကြောင့်လား အခြားဘယ်အချက်တွေ ပါသေးလည်း တဲ့တဲ့ ပြောကြည့် ''

ကွီးစိုး

'' ဒီလိုမျိုး စီးပွားရေးပဲလုပ်ဖို့ အားထုတ်နေကြတဲ့ တာဝန်မဲ့ ဒါမျိုးကြီးတွေကြောင့်လည်း ပါတာပေါ့ဗျာ ''

ကွီးမျိုး

ကိုရွှေမျိုးဝင်း
Ko Myo Win pinned «သဘောကျတဲ့ မန့် ================== ( မနေ့က မန့် တခု သဘောကျလို့ rp အရှည်ကြီး ပြန်တယ် သဘောထားပြီး ဖတ်ကြည့်ပါ) - ဒေါ်စုကြည်လက်ထက်မှာ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ အတတ်ပညာတတ်ကျွမ်းတဲ့ သူတွေမြန်မာပြည်ပြန်လာခဲ့ကြတယ်ဗျ မြန်မာနိုင်ငံမှာအခွင့်အလမ်းတွေပေါ်လာမယ်ဆိုပ…»
အတွေ့အကြုံ တချို့
===================

13 - 4 - 2025 နေ့မှာ မန္တလေးကို ခရီးထွက်ခဲ့ကြပါတယ် ။ ကျောက်ဆည် ရွှေသိမ်တော်ဘုရားကို ဝင်ဖူးကြပါတယ် ။ အမှန်တိုင်းပြောရရင်တော့ ကြားဖူးပြီး မရောက်ဖူးသေးပါဘူး ။

ထူးဆန်းအံ့ဖွယ် စတွေ့ရတာက ရွှေသိမ်တော်မှာ ကပ်နေကြတဲ့ ကန်တော့ပွဲတွေပါပဲ ။ သုံးဖီး ပွဲ ကနေ ၁၀၈ ဖီး ပွဲအထိ ရှိသတဲ့ ။ ကျနော်ညံ့ချက်ကတော့ ၃ ဖီး နဲ့ ၅ ဖီးပဲ တွေ့ဖူးတဲ့ အချက်ပါပဲ 😁😁

ပါလာတဲ့ မိတ်ဆွေတွေက ကန်တော့ပွဲထိုးပြီး လုပ်စရာရှိတာ လုပ်နေကြချိန် လျှောက်ပြီးလေ့လာမိပါတယ် ။ အံမယ် စီစဥ်ထားပုံက မဆိုးဘူးဗျ ကန်တော့ပွဲ စျေးနှုံးတွေကို စနစ်တကျ သတ်မှတ်ထားလေရဲ့ ။ ပိုရောင်းမရအောင် သတ်မှတ်ထားတာပါ ။ ရိုက်စားလုပ်မရတော့ဘူးပေါ့ဗျာ ။ နစက ထက် တော်တဲ့ စားသုံးသူကာကွယ်ရေး စနစ်ပေါ့ဗျာ 😂😂

စာမေးပွဲ ရာသီဆိုရင် ကန်တော့ပွဲတွေက လျှောက်လမ်းတွေထိ များပြားသတဲ့ဗျာ ။ ပါလာတဲ့ တယောက်က ဒါမျိုးလုပ်နေတာ ထေရဝါဒနဲ့ ညီသလားတဲ့ ။ ပြန်ပြောလိုက်ပါတယ် ဘုရားဟောထဲမှာ သူတပါးအား မထိခိုက် မနစ်နာစေသော မိရိုးဖလာ ကိုးကွယ်မှုများအား ဆောင်ရွက်သော်လည်း အကုသိုလ်မဟုတ်လို့ ဆိုထားပါကြောင်း ပြောပြလိုက်ပါတယ် ။

အဲဒီနောက် ဗဟုသုတအဖြစ် ကန်တော့ပွဲမှာ အုန်းသီးနဲ့ ငှက်ပျောသီး ဘာကြောင့် သုံးစွဲနေကြကြောင်း ပြောဖြစ်ပါတယ် ။ မသိသေးတဲ့ သူများလည်း သိနိုင်ပါရန် မျှဝေချင်ပါတယ် ။

ကမ္ဘာလောကကြီးမှာ ပထမဆုံး သီးပင်စားပင်များ စတင်ပေါက်ကြရာမှာ အုန်းပင် ၊ ထန်းပင် ၊ ပေပင် ၊ ကွမ်းသီးပင်တို့ ၄ မျိုးက စတင်ပေါက်ခဲ့ကြပါတယ် ။ အဲဒါကြောင့် ကမ္ဘာဦး သစ်သီး အဖြစ် ဘုရားရှင်အား ကပ်လှူရာမှာ လှပသေသပ်စွာ ပြင်ဆင်လို့ကောင်းတဲ့ အုန်းသီးကို အဓိကထားပြီး ကပ်လှူကြသတဲ့ ။


ကမ္ဘာဦး အသီးအနှံမဟုတ်တဲ့ ငှက်ပျောသီးကတော့ အသီးအနှံအဖြစ်ထက် ဘုရားရှင်အား အုန်းသီးဖြင့် ကပ်လှူရာတွင် လှူဒါန်းသူ၏ လက်နေရာအား အသွင်တူသီးနှံဖြင့် အစားထိုး၍ ကပ်လှူခြင်းကြောင့် ပါဝင်နေခြင်းလို့ သိမှတ်ခဲ့ဖူးပါတယ် ။

မန္တလေး ငလျင်ဒဏ်ခံနေရာများမှ သွားလို့ရတဲ့နေရာ အတော်များများ ၊ စစ်ကိုင်း ၊ ကျောက်ဆည် ၊ ပျော်ဘွယ် ၊ ရမည်းသင်း ၊ ပျဥ်းမနား ၊ နေပြည်တော် တတ်နိုင်သလောက် သွားရောက် စပ်စုခဲ့ကြပါတယ် ။ နာမည်ကျော် လှေခွင်းတောင်လည်း ဝင်ကြပါသေးတယ် ။ မိတ္ထီလာမှ ကူညီခဲ့သော မိတ်ဆွေကြီးကိုလည်း ကျေးဇူးတင်ပါတယ် ။

ငလျင်အပြိုအပျက် အချို့ရဲ့ တွေ့မြင်ရပုံများပိုလည်း နောက်ထပ် တင်ပြပေးပါ့မယ် ။

ကိုရွှေမျိုးဝင်း
မြင်ခဲ့ရသလောက်
=================

မန္တလေးမြို့ထဲက ငလျင်ဒဏ်ခံရတဲ့ နေရာတော်တော်များများကို လျှောက်ကြည့်ကြပါတယ် ။ နာမည်ကြီး စကိုင်းဗီလာဆိုရင် သူ့ဘေးနားမှာ ပြိုကျနေတာ မမြင်ရသလောက်ပါပဲ ။ အဆောက်အဦး အနိမ့်တွေကြောင့် မပြိုတာလည်း ဖြစ်မယ်ထင်ပါတယ် ။

တချို့နေရာတွေမှာ ဘေးနားက တိုက်တွေ ဘာမှ မဖြစ်ပဲ တိုက်တလုံးတည်း ယိုင်ရွဲ့ပြိုကျနေတာလည်း တွေ့ရပါတယ် ။ ဒါမျိုး ပျောက်တိပျောက်ကြား ပြိုကျနေတာ မြို့သစ်ဘက် များပါတယ် ။ ၆၂ လမ်းမကြီး တလျှောက် အတွင်းပိုင်းတွေ မမြင်ရပေမယ့် အပြင်ဖက်ကတော့ ပြိုကျတဲ့ အဆင့် နည်းပါတယ် ။

နောက် ၈၀ ၊ ၈၁ ၊ ၈၂ ၊ ၈၃ ၊ ၈၄ တကျောမှာတော့ လမ်းရဲ့ ဒေါင့်တိုက်တွေ ပြိုကျနေတာ များပါတယ် ။ ကြားထဲမှာ တလုံးထဲပြိုကျနေတာမျိုးဆိုရင် တိုက်အိုတိုက်ဟောင်းတွေ များပါတယ် ။

တွေ့ခဲ့ရတာကတော့ ပြိုကျတဲ့တိုက် ၁၀ လုံးဆိုရင် ၇ လုံးက လမ်းဒေါင့်မှာ တည်ထားတဲ့ တိုက်တွေဖြစ်ပါတယ် ။ လဲပြိုကျတဲ့ အကြောင်းရင်း တချက်က တိုက်အမိုးပေါ်က အုတ်ရေကန်ကြီးတွေ ရဲ့ ရေဘောင်ဘင်ခတ်ပြီး ဆွဲလှဲသလို ဖြစ်ရတဲ့ အချက်ကြောင့်လည်း ပါမယ်လို့ တွက်ဆကြပါတယ် ။

နောက်တချက်က ပြိုလဲမှု အနေအထားအရ လှေကားရှိရာ အခြမ်းဘက်ဆီသို့ ငိုက်ကျလဲပြိုတာတွေလည်း တွေ့ရပါတယ် ။ လှေခါးဝိတ်က ဆွဲလှဲသလား တွေးစရာတွေပါ ။ အပြင်ပန်းက တွေ့ရသလောက် လုံးဝလဲပြိုနေတဲ့ အရေအတွက်က နည်းပါတယ် ။ သူ့ဘေးမှာ မလဲပြိုပဲ လူနေထိုင်လျှက်ရှိတဲ့ တိုက်တွေ တသီတတန်းကြီးလည်း ရှိနေပါတယ် ။

အတွင်းပိုင်း အနာအဆာများတော့ မြင်ခွင့်မရလို့ မသိပါဘူး ။ နောက် စစ်ကိုင်းမှာလည်း ဒီလိုပါပဲ ။ စစ်ကိုင်းမြို့ပေါ်မှာ လူ ၂၀၀ ကျော် သေမယ်လို့ ပြောကြပါတယ် ။ ဗလီပြိုတဲ့နား မေးကြည့်တော့ ဗလီ ၃ လုံး နဲ့ အဲဒီ ရပ်ကွက်ထဲက သေခဲ့ရတဲ့ မွတ်ဆလင်ဘာသာဝင်က ၁၇၀ ကျော်တယ်လို့ သိရပါတယ် ။

ပြန်လာတော့မှ ကျောက်ဆည်ကို ဝင်ကြည့်ပါတယ် ။ ကားလမ်းမတလျှောက် ပြိုကျနေတာ မနည်းလှပါဘူး ။ ဇလုတ်တိုက် ပြိုကျနေတာတော့ မဟုတ်ပါဘူး ဟိုနားတလုံး ဒီနားတလုံးပေါ့ ။

ကူမဲမှာတော့ အပြိုအပျက် သိပ်ပြီး မမြင်ရပါဘူး ။ အဆောက်အဦးတွေကလည်း အမြင့်သိပ်မရှိလို့ ဖြစ်ပါမယ် ။ ထိခိုက်မှု နည်းပါတယ် ။

နာမည်ကျော် ပျော်ဘွယ်ကတော့ ကားလမ်း အရှေ့ဘက်ခြမ်းမှာ စျေးပတ်ချာလည် အပြိုအပျက်များစွာ တွေ့ရပါတယ် ။ အားလုံးနီးပါး ဖြိုချပြီးနေပါပြီ ။ ကားလမ်းမ အနောက်ဘက်ခြမ်းကတော့ အပျက်အစီး အနည်းငယ်ပဲ တွေ့ရပါတယ် ။

ဝမ်းတွင်းမြို့မှာလည်း လမ်းမတလျှောက် အပျက်အဆီး တချို့ မြင်ခဲ့ရပါတယ် ။ ပျဥ်းမနားမြို့ကတော့ အတော်လေး ပျက်ဆီးပါတယ် ။ ရှမ်းကန်ကနေ အရှေ့ဖက် စျေးအနီး ပတ်ချာလည် ပြိုကျနေတာ များစွာ တွေ့ရပါတယ် ။ သူပြိုကျတဲ့ စကေးက မန္တလေးထက် များပါတယ် ။

မန္တလေးက ဘလော့တခုကို တိုက် ၃ / ၄ လုံး ပြိုကျရင် သူက ဘလော့တခုလုံး နီးပါး ပြိုကျခြင်းဖြစ်ပါတယ် ။ လူထူထပ်ရာ စျေးအနီးမို့ ပျော်ဘွယ်လိုပဲ သူလည်း အထိအခိုက်များပါတယ် ။

နေပြည်တော်မှာတော့ သပြေကုန်းစျေး အပျက်အဆီး ပဲ မြင်ခဲ့ရပါတယ် ။ ဝန်ထမ်းလိုင်းခန်းများသို့ မသွားတော့ပဲ မာရဝိဇိယ ဘုရားသွားကြပါတယ် ။ အပြင်ဘက် အုတ်တံတိုင်း အနည်းငယ် အက်နေပါတယ် ။ အတွင်းဘက်မှာတော့ ကတ္တရာလမ်း အချို့နေရာတွေမှာ အက်ရာအချို့ တွေ့ရပါတယ် ။

ဆင်းတုတော်နဲ့ အဆောက်အအုံများ ဘာမှ မဖြစ်ကြပါဘူး ။ နေပြည်တော်ကနေ အမြန်လမ်းတက်ပြီး ပြန်ခဲ့ကြပါတယ် ။ အမြန်လမ်းက မောင်းလို့ရနေပေမယ့် မချောမွေ့သေးပါဘူး ။

တွေ့ခဲ့ရသလောက်ကတော့ မန္တလေးမြို့ကြီး ဗုံးဗုံးလဲပြီ ဘာညာ ဆိုတာ မဟုတ်ပါဘူးဗျာ ။ ဒီပုံစံလောက်ကတော့ နောက် ၃ နှစ်မကြာပါဘူး ပုံမှန်ဖြစ်သွားမှာပါ ။ မန်းသားတို့ အဲသလောက် မညံ့ပါဘူး ။
ဦးကျားကြီးမီး ဆိုတာ တချိန်တုန်းက မြို့နေရာ အတော်များများကို ပြာချပစ်ခဲ့တာပဲလေ ။ ဒါလည်း အချိန်တန်တော့ ပြန်ထလာတာပါပဲ ။

စေတီ ဘုရား ကျောင်းကန်တွေ အတွက်လည်း အချိန်တန်ရင် ပြုပြင်မွမ်းမံ ပူဇော်ကြရင်း ပြန်လည်ကောင်းမွန်သွားကြရမှာပါပဲ ။ သားစဥ်မြေးဆက် ဒီလိုပဲ ပြိုကျလိုက် ပြန်တည်ဆောက်လိုက် လုပ်လာခဲ့ကြလို့ ရွှေတိဂုံ တို့ ရွှေမောဓောတို့ တဆင့်ပြီး တဆင့် ကြည်ညိုဖွယ် တိုးလာကြရတာ မျက်မြင်ပဲလေ ။

လှေခွင်းတောင် မြင်ကွင်း နဲ့ နေပြည်တော် လမ်းလျှောက်သင်္ကြန်ကိုတော့ နောက်တပုဒ်ပေါ့ဗျာ ။

ကိုရွှေမျိုးဝင်း
'' ငမျိုးရေ လူကြီးတွေ လုပ်ခိုင်းနေတာကတော့ ကောင်းတာချည်းပဲ ကွ ၊ မြေပြင်မှာ သောက်တလွဲ ဖြစ်နေကြတာ ဘာကြောင့်လဲ သရုပ်ဖော်ပြအုံးကွ ''

ကွီးစိုး

'' အာရုံက တခြားရောက်နေကြတာလေ လောဘ ရမ္မက်တွေ ကြောင့်ပေါ့ ''

ကွီးမျိုး
စိတ်ဓာတ်သည်သာ
===================

စစ်ရေး နိုင်ငံရေး အားပြိုင်မှု အသီးသီးမှာ မာကျောသိပ်သည်းတဲ့ စိတ်ဓာတ်သည်သာ အရေးကြီးဆုံးပါပဲ ။ စိတ်ဓာတ်ကောင်းတွေ ကျစ်လစ်မာကျော သန်စွမ်းလာဖို့ဆိုတာက စိတ်ဓာတ်စစ်ဆင်ရေးလို့ ခေါ်နေကြတဲ့ မီဒီယာကဏ္ဍက အရေးပါလှပါတယ် ။

မီဒီယာကဏ္ဍမှာ ဝင်ကစားပြီဆိုရင် အကင်းအညှာပါးနပ်ဖို့ အလွန်အရေးကြီးပါတယ် ။ ပထမဆုံး မိမိရဲ့ အမည်ဂုဏ်သိက္ခာအတွက် ခိုင်မာအောင် တည်ဆောက်ကြရပါတယ် ။ လူထုယုံကြည်လာဖို့ အင်မတန်အရေးကြီးပါတယ် ။

ကျနော်တို့ တပ်မတော်ထောက်ခံသူ အချို့ဟာ အကင်းအညှာ ပါးနပ်မှု အားနည်းနေကြပါတယ် ။ စိတ်ခံစားမှု အလွန်အမင်း ဦးစားပေးလေ့ရှိကြပါတယ် ။ တပ်မတော်ကို သိပ်ချစ်လွန်းတော့ တပ်မတော် ခံရပြီ ဆိုတာနဲ့ ရင်နဲ့အမျှ မချိအောင် နာတတ်ကြပါတယ် ။

ဒီနေရာမှာ တာဝန်ရှိသူတွေကို ထိပ်ဆုံးအထိ အမည်တပ် ပေါက်ကွဲ ဆဲဆို ပြစ်တင်ကြတာလည်း အများကြီးပါပဲ ။ ဒါမျိုးက ချစ်လွန်းလို့ ဆဲတယ်လို့ မှတ်ယူရမှာ ဖြစ်ပေမယ့် ဂိတ်ကုန်သွားအောင် လုပ်လို့ မရဘူး ဆိုတာလောက်တော့ သတိထားသင့်ပါတယ် ။

( ထိပ်ဆုံးထိ တက်ဆဲထားတော့ ဘယ်သူက အဲဒီအမှားကို ပြင်ဆင်ဖို့ အမိန့်ပေးတော့မလဲ ဆိုတာ အနုစိတ်စဥ်းစားကြည့်ပေတော့ ။ နတ်နေကိုင်း ချန်ထားရတယ်ဆိုတာ အဲဒီသဘောပါပဲ)

နောက်တမျိုးကတော့ အဘလုပ်သမျှ အကုန်မှန်တယ် ဆိုတဲ့ အုပ်စုပေါ့ ။ သူတို့ကြတော့ ပြည်သူကိုက အရမ်းမယုံရဲတော့ဘူး ။ ပေါက်ကရလုပ်ထားမိလို့ တိုင်းပြည်ပျက်မတတ်ဖြစ်နေကြရတာကို ဇွတ်ဖာနေကြတော့ ဦးဏှောက်ရှိသူတွေက ဘယ်ယုံကြည်ကြပါ့မလဲဗျာ ။ ဒီလို ချန်နယ်ကြတော့ သြဇာမရှိတော့ပြန်ဘူး ။

ဒီကြားထဲမှာ ဆဲစရာရှိရင် ပြတ်ပြတ်သားသားဆဲ ၊ မိမိတတ်စွမ်းသမျှ အကြံဥာဏ်ပေး ၊ ချီးမွှမ်းစရာရှိလည်း လက်မနှေးပဲ ချီးမွှမ်း ၊ ရန်သူကိုတော့ ခေါင်းမဖော်နိုင်အောင် အမြဲဆော်နေရမယ် ။ မိမိအားသာချက်တွေကို ဖော်ထုတ်ပြီး ရန်သူ့စိတ်ဓာတ်ရိုက်ချိုးရမယ် ။ ဒါမျိုးဆိုရင် ပြည်သူ့ယုံကြည်မှုရပြီး မိမိဆောင်ရွက်ချက် အရာထင်ပါလိမ့်မယ် ။

ဒီလိုမျိုး အကင်းပါးပါး ရေးသူ ၊ ပြောသူတွေ အတွက်ကြတော့လည်း ပူးသတ်တံဆိပ်ကပ်ပြီး အခြင်းခြင်း ဖမ်းပါလား ဆီးပါလား နဲ့ ခြောက်တွန်းသူတွေ ပေါ်လာမယ် ၊ မဟုတ်တာလုပ်စားနေတဲ့ အရာရှိတွေ အငြိုးထားပြီး ဒုက္ခပေးကြပါလိမ့်မယ် ။

မြင်သလောက်ပြောရရင် တပ်မတော်ခေါင်းဆောင်တွေကို ဆဲမှ ၊ တပ်မတော်လုပ်သမျှ အားမရ မယုံကြည်ဘူးဆိုတဲ့ မျိုးချစ်တွေက စိတ်ဓာတ်မခိုင်မာမှုကို ပြနေတာလို့ ယူဆမိပါတယ် ။ အများစုက လားရှိုးကိစ္စကတည်းက တပ်မတော်အပေါ် ယုံကြည်မှု ပျက်ပြားသွားကြတာ ခုချိန်ထိပဲ ။

ဒါကလည်း သူတို့ အပြစ်မဟုတ်ပါဘူး ။ တပ်မတော်ကိုကလည်း စုတ်ပြတ်နေအောင် ညံ့ဖျင်းခဲ့ကြတာကို အမ်း နဲ့ နခခ ၅ လို အဖြစ်အပျက်တွေက သက်သေခံထားကြတာကိုးဗျ ။

ပြုပြင်နေတဲ့ တပ်တွင်းကိစ္စတွေ ၊ ပြန်လည်ဖြည့်တင်းနေတဲ့ အင်အားတွေ ၊ ငွေကြေး ၊ လက်နက်ခဲယမ်း ၊ နည်းပညာ ၊ နောက်ခံထောက်ပံ့တိုင်းပြည်များ ၊ အရေးကြီးဆုံးဖြစ်တဲ့ တပ်ဖွဲ့စည်းပုံ နဲ့ စုစည်းမှု ဒီအရာတွေမှာ တပ်မတော်ကသာ အစစ အရာရာ သာလွန်နေတာမို့ အချိန်တန်ရင် အောင်ပွဲဆင်မှာပဲ ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက် ရှိနိုင်ဖို့ ဆိုတာကလည်း လေ့လာနိုင်မှ လေ ။

တပ်မတော်အနေနဲ့ ဆုံးရှုဲးထားတာတှကေို ပြန်ရဖို့ အားထည့်နေမှာပါ ။ အရေးကြီးဆုံးက အောင်မြေ မချဲ့နိုင်တဲ့ မြေပြင် တပ်မှူးတွေကို ရဲရဲအပြစ်ပေး ၊ ရဲရဲထုတ်ပယ်ပစ်ဖို့ပဲ လိုအပ်နေတာပါ ။

စီမံခွင့်ရှိသူဆိုရင်တော့ အင်အားအပြည့် ၁၀၀၀၀ လောက် စုဖွဲ့ထားတဲ့ စစ်ကြောင်းကြီးတွေနဲ့ ( နယ်ခံတပ်တွေ မသုံးဘူး) ဌာနေ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး မြေပြန့်ကို ထိုးစစ်ဆင်မယ် ။ လေကြောင်းအင်အားအပြည့် ၊ ဒရုန်း ၊ တင့် ၊ သံချပ်ကာ သုံးပြီး ရှင်းရှင်းပြတ်ပြတ် နယ်မြေရှင်းမယ် ။

PDF မှန်ရင် အစိတ်သားတောင် မချန်နဲ့ ။ ဗမာအချင်းချင်း လုပ်မနေနဲ့ အဲဒီမအေလိုးတွေ ပတ်ပြီး ဒုက္ခပေးနေတာ ။ ဒေသခံ မြေပြင်တပ်မှုးတွေ စောက်သုံးမကျ အလုပ် မလုပ်လို့ နှိမ်နင်းမရတာပါ ။ တကယ်တိုက်ရင် ဒီကောင်တွေ သီတာယုမွန်ရဲ့ အထက်ဆင်တောင် ကြောက်နေတာပါ ။

အဲလို သောင်းချီစုဖွဲ့ နယ်မြေရှင်းပြီးတာနဲ့ နယ်ခံတပ်တွေကို ရှင်းပြီးသားနယ်မြေ စိုးမိုးခိုင်း ။ PDF ပြန်ထသံကြားတာနဲ့ တပ်နယ်မှူးပါ စည်းစိမ်သိမ်း သေဒဏ်ပေးလိုက်တော့ ။ ဒါမျိုးဆို မြေပြန့်မှာ ပွဲ အမြန်သိမ်းသွားလိမ့်မယ် ။

တိုင်းရင်းသား သူပုန်အတွက် အင်အားရင်းမြစ် ပြတ်တောက်သွားပြီ ဆိုတာနဲ့ အဲဒီ စစ်ကြောင်းကြီးနဲ့ပဲ အင်အားအပြည့် ဝင်ဆောင့်စမ်းပါ ဘယ်မအေလိုးမှ တောင့်မခံနိုင်ပါဘူး ။ အခုဟာက အဲသလို စစ်ဆင်ရေးကို စနစ်တကျ မဆောင်ရွက်ပဲ ငါး ပွက်ရာ ငါးစာချ ဗျူဟာ အစုတ်အပြတ် နဲ့ လုပ်ချင်ယောင်ဆောင်နေလို့ မဖြစ်မြောက်တာပါ ။

ဒီလိုတွေ စိတ်ထဲရှိတာ ရေးနေတော့ စိတ်ဓာတ်မခိုင်တဲ့ သူတွေက လာမန့်ကြပါလိမ့်မယ် ။ '' မထင် '' တို့ '' ဘယ်တော့မှ မလုပ်ဖူး '' တို့ ။
ပါးစပ်ပြည့် ဘောငုံတွေက ပြောလိမ့်မယ် '' မင်း ဝင်တိုက်ပါလား '' တို့ '' သတ္တိရှိရင် သီတာယုမွန် နဲ့ ပေါင်းတိုက်ပါလား '' တို့ ။

စစ်ခြောက်တွေက မန့် လိမ့်မယ် ။ ''လက်တွေ့တိုက်ကြည့်ပါလား '' တို့ '' မင်းက ဘယ်လောက် နားလည်လို့လဲ '' တို့ ။ အဲသလို စစ်ခြောက်တွေကို ပြန်ပြောချင်သဗျ ။ စစ်ကိုသာ နိုင်အောင်တိုက်ကြပါ ကျုပ်တို့လို အရပ်သားတွေ ဘယ်ဝင်ပြောစရာလိုပါ့မလဲ ။ ခင်ဗျားတို့ စောက်သုံးမကျလို့သာ ဒီလိုတွေ ပြောနေရတယ်ဆိုတာ သိဖို့ 😎

- မျိုးချစ်တွေကို ပြောချင်တာက စိတ်ဓာတ်ခိုင်ခိုင်ထားကြပါ အချိန်တန်ရင် တပ်မတော်ကပဲ အောင်ပွဲရပါလိမ့်မယ် ။

- မီဒီယာဆရာများ အကင်းပါးကြပါ ၊ ဘောမ လွန်းရင် ပြည်သူမယုံဘူး ၊ အခြင်းခြင်း ချောက်မတွန်းပါနဲ့

- ဖြဲပြီး လာမန့်နေတဲ့ စစ်ခြောက်ကြီးများ ရန်သူ့အပေါ် ခံချင်နေသလောက် ကိုယ့်ဖက်က ပြည်သူ့အပေါ် မခံချင်ရင် စစ်ကို နိုင်အောင်တိုက်ကြပါ ။

ကိုရွှေမျိုးဝင်း
ပြည်ကြီး ကျက်သရေ
====================

ပထမသတင်းက ရခိုင်သတင်း ။ အများသိပြီးသားမို့ မရေးချင်ပေမယ့် ဇွတ်တောင်းဆိုနေလို့ ရေးပါပြီ ။ ဘင်္ဂလားကတော့ နစက ကို ပေါ်တင်နားရွက် တံတွေးဆွတ်လိုက်ပါပြီ ။ နစက ဘယ်လို တုန့်ပြန်မလဲဆိုတာ နားစွင့်နေရုံပါပဲ ။

ဘင်္ဂလားအစိုးရက အနောက်ကျွန် အစိုးရဖြစ်နေပြီဆိုတာ သတိပြုရပါ့မယ် ။ ဒီလိုမျိုးရန်စခံရတာက ကိုယ့်ဖက်က ရခိုင်အရေးနဲ့ပက်သက်ရင် အခုချိန်ထိ ပျော့စိ ပျော့စိ လုပ်ပြနေတဲ့ သုံးစားမရတဲ့ ပေါ်လစီကြောင့်ပါ ။


ဒါကြောင့် လူမလေး ခွေးမခန့် ဖြစ်နေတာ ကိုယ်စောက်သုံးမကျလို့ ညံ့လို့ဆိုတာကို ရှင်းရှင်းပြတ်ပြတ် လက်ခံလိုက်ပါ ။ ကိုယ့်အားနည်းချက် ပြင်ဆင်ဖို့ အသိဝင်ပါတော့လို့ပဲ အကြံပြုချင်ပါတယ် ။

မခံချင်စိတ်နဲ့ ရခိုင်ကို ပြင်းပြင်းထန်ထန် တိုက်ကြမလား ( အနည်းဆုံး ဆယ်ဂဏန်းမျှသော လေကြောင်းချီ ဗုံးကြဲခြင်းမျိုးအား အဆက်မပျက် ဆောင်ရွက်စေခြင်း) ။ ခံလက်စနဲ့ စောက်တုံးဗျူဟာကြီးအတိုင်း ကုန်းခံနေရင်း တိုင်းပြည်အပဲ့ ခံမလား ဆိုတာ နစက အနေနဲ့ သူ့သမိုင်းသူရေးရမယ့် အချိန်ပါပဲ ။

နောက်ထပ်သတင်းက လားရှိုးသတင်း ။ မြန်မာ့တပ်မတော် လာရှိုးကို နေရာယူပြီ ဘာညာ ပေါ့ ။ ကောင်းပါတယ် အသေအပျောက်မရှိ ပြန်ရတာကတော့ ။ သို့သော် နစကဘက်က သတင်းမထုတ်ပြန်ရဲလောက်အောင် နှုတ်ပိတ်နေတဲ့ အချက်ကဖြင့် ဘဝင်မကျပါဘူး ။ ပြည်သူမသိရတဲ့ မထော်မနန်း အပေးအယူက ဘာလဲပေါ့ ။

တရုတ်ကြောင့် ပြန်ရတယ်လို့ သမိုင်းမှတ်တမ်းတင်ကြရင်း တပ်မတော်ကို ဘောမမယ့် မီဒီယာများက တပ်ချုပ်ကြီးရဲ့ နိုင်ငံရေးစွမ်းရည်ကို ဘောမကြပြီး ၊ ယောကျာ်းစိတ်အပြည့်ရှိသူ အများစုကတော့ တိုက်မယူပဲ မကြေညာရဲတဲ့ အပေးအယူကြောင့် ဘဝင်မကျဖြစ်နေမှာ သေချာပါတယ် ။

ဒီသတင်း ၂ ခုလုံးမှာ နစကရဲ့ အုပ်ချုပ်ရေးစွမ်းရည် ၊ စစ်ရေးစွမ်းရည် ဘယ်လောက်နိမ့်ကျနေကြောင်း ပြသနေပါတယ် ။ နိုင်ငံရေးစွမ်းရည်ကတော့ လာရှိုးဆိုတဲ့ ပြည်ပန်းညိုဟင်းချိုမှာ ဘာမှ မသိရသေးတဲ့ အပေးအယူ သဘောတူညီချက်က ဆားလိုဖျက်နေပါတယ် ။

ဒီတော့ ကျနော့်ရဲ့ ပုဂ္ဂိလိက အမြင်ပြောရမယ်ဆိုရင်တော့ ရခိုင်သတင်း နဲ့ လားရှိုးသတင်း ၂ ခုအတွက် ပြည်ကြီးကြက်သရေယုတ်နိမ့်နေတဲ့ အပိုင်းက များနေပါတယ်လို့ ရှင်းရှင်းပြတ်ပြတ် ပြောချင်ပါတယ် ။

အချိန်မှီချုပ် အစုတ်သက်သာ ဆိုပေမယ့် အစစ အရာရာ ဖင်လေးတဲ့ နစကမို့ မျှော်လင့်ချက်ကြီးကြီးလည်း မထားရဲပေါင် ။

ကိုရွှေမျိုးဝင်း
တာဝန် လုပ်ပိုင်ခွင့် နဲ့ လူစိတ်
==========================

          လမ်းဟောင်းကနေ မန္တလေးမှ ပြန်လာတော့ မိတ္ထီလာအဝင်မှာ စစ်ဆေးရေးဂိတ်က တားတယ် ။ ယဥ်ကျေးစွာပဲ စစ်ဆေးခွင့်တောင်းတယ် ။ ကားနောက်ဖုံးလှပ်ပေးတော့ အိတ်လေးတွေ ဖွင့်ပြပါခင်ဗျာ တဲ့ ။ ဖွင့်ပြလိုက်တော့ အသေအချာစစ်ဆေးပြီး ရပါပြီခင်ဗျာ တာဝန်အရ စစ်ဆေးရတာမို့ ခွင့်လွှတ်ပါလို့ ပြောနေသေးတယ် ။

            ကိုယ်တွေကလည်း ကြိုက်တယ် ငါ့တူတို့ အဲသလို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး လုံခြုံရေးယူနေတာကို ကျေနပ်တယ် ။ ဒါမှ တို့လည်း လုံခြုံတယ်လို့ ခံစားရတယ် ဆိုတော့ ဟုတ်ကဲ့ပါတဲ့ ။ မိတ္ထီလာမှာ အဲသလို ကျကျနန စစ်ဆေးတဲ့ ဂိတ် ၂ ခု တွေ့ခဲ့တယ် ။

           အကြံအဖန်မလုပ်ဘူး မရစ်ဘူး မကျစ်ဘူး ယဥ်ကျေးတယ် ။ အဲသလို တာဝန်ကျရဲဘော်တွေကို ချီးကျူးပါတယ် ။

           Zero မိုင်မှာလည်း အဲသလိုစစ်ဆေးရေး ဆောင်ရွက်နေပါတယ် ။ ထူးခြားတာက ရဲဘော်လေးတွေ တန်းစီ ရပ်နေရင်း သတင်းရထားတဲ့ ကားရှာနေကြဟန်ပါပဲ ။ ဘယ်ကလာလည်း မေးပြီးသွားခိုင်းပါတယ် ။ မရစ်ပါဘူး မကျစ်ပါဘူး ။

                အဲဒါလေးတွေ တွေ့ခဲ့ရပြီး စိတ်ချမ်းသာနေတုန်း မြင်းခြံက ဖုန်းဝင်လာတယ် ။ ကိုမျိုးရေ ဂွေးကုန်းရွာက တပ်မတော် စစ်ဆေးရေးဂိတ်က လာတဲ့ ကားတွေ ချောဆွဲသတဲ့ ။ ပြီးတော့ ငွေ ၄ သိန်း / ၅ သိန်း တောင်းနေကြသတဲ့ ။

             ကဲ မြင်းခြံက လုံခြုံရေးတာဝန်ကျများခင်ဗျ တနေ့က အမှတ် ၁၈ ရက်ကွက်ထဲမှာ PDF က ဒါးမြတိုက်သွားတယ် ။ မြို့အစွန်မဟုတ်ဘူးနော် ၊ ရပ်ကွက်အတွင်းပိုင်း အမှတ် ၁၇ အစပ်နားထိ လာတိုက်သွားတာ ။

            သင်္ကြန်တွင်းကလည်း ဇီးခြံ ၊ ကျောက်ရံ လာတိုက်ကြလို့ ၄၅ မိနစ်လောက် တိုက်ပွဲဖြစ်ခဲ့ကြရတယ် မဟုတ်လား ။ ကိုယ့်စောက်လုပ် ကိုယ့်တာဝန်ကြတော့ ကျေပွန်အောင် မလုပ်ကြဘူး ။ ဒါးမြဆန်ဆန် လုပ်ရပ်တွေကြတော့ လက်ရဲဇတ်ရဲ လုပ်နေကြတယ်နော် ။

             မြို့ပတ်ချာလည် တမိုင်တောင် မရှင်းနိုင်တဲ့ လူညံ့တွေလို့ ခဏခဏ ပြောလည်း စောက်ရှက်မရှိကြဘူး ။ ဒါမျိုးပြည်သူကို နှိပ်စက်နေတာကြတော့လည်း မထိမ်းသိမ်းဘူး ဝေစုမှိန်းယူပြီး မသိဟန်ဆောင်နေကြတဲ့ စစ်ပဲ့တွေ အကြောင်း ကြားရတာကတော့ အကုသိုလ်ပဲ ။

              မိတ္ထီလာအဝင်ဂိတ် နဲ့  Zero မိုင်က တွေ့ခဲ့ရသော ရဲဘော်တွေဆီမှာ လူစိတ် တာဝန်သိစိတ် အပြည့်ရှိနေပါတယ် ။ မြင်းခြံတပ်က အေးဒါးမြတွေဆီကတော့ ခွေးစိတ်ပေါက်နေတာပဲ ကြားသိရကြောင်း မျှဝေလိုက်ရပါတယ် ။

                  ကိုရွှေမျိုးဝင်း
တခါတလေတော့လည်း လုပ်ပေးသားပဲ 😁 စောက်သုံးမကျတဲ့ ဗျူဟာမှူးတွေတော့ မထိရဲဘူး😂😂
" ငမျိုး မျှမျှတတ ဖြစ်အောင် NUG နဲ့ PDF လေးတွေ အတွက် အားဆေး သရုပ်ဖော်ပုံ တပုံလောက် ''

ကွီးစိုး

'' ရော့ ဒါ သူတို့အတွက် အနာဂါတ် မျှော်လင့်ချက် ''

ကိုရွှေမျိုးဝင်း
စဥ်းစဥ်းစားစား ချင့်ချင့်ချိန်ချိန်
==========================

တနေ့တုန်းက ရခိုင်အရေး နဲ့ လားရှိုးကိစ္စကို သွေးအေးနေမှာ စိုးလို့ မီးစနဲ့ နဲနဲထိုးလိုက်ပါတယ် ။ အခုချိန်ထိ ရခိုင်ကိစ္စအပေါ် စိုးရိမ်တကြီး ပို့စ်တွေ အဆက်မပျက် တွေ့နေရသေးသလို ကျနော့်ကိုလည်း ထပ်မံရေးသားဖို့ တိုက်တွန်းနေလေရဲ့ ။

ပေါ့ဆလို့ မရတဲ့ ကိစ္စဆိုပေမယ့် နစက လည်း နိုင်ငံရေးအပါးကတော့ ဝ ပြီးသားပါ ။ ဘင်္ဂလားလို နိုင်ငံကလည်း မြန်မာကို လွယ်လွယ်လေး စစ်တပ်တွေလွှတ်ပြီး AA ကို ကူတိုက်လိမ့်မယ် ဆိုတာမျိုးက ဖြစ်နိုင်ခြေ သိပ်မရှိလှပါဘူး ။

နောက်ခံတိုင်းပြည်တွေရဲ့ အားကိုတော့ ဘယ်လိုသူပဲ ဖြစ်ဖြစ် ထည့်သွင်းစဥ်းစားကြတာပါပဲ ။ အမေရိကန် နောက်ခံနဲ့ ဘင်္ဂလားက ရန်စလာရင် သူ့နောက်ကျောလုံဖို့ တရုတ်က လက်ပိုက်ကြည့်နေမလား.... ? စစ်ရေးမဟာမိတ် အင်အားကြီး ရုရှားကရော ငုတ်တုတ်ထိုင်ကြည့်နေမလား တွေးကြည့်လေ ။

ဘင်္ဂလားလည်း အဲသလောက်တော့ တွက်တတ်ပါတယ် ။ အမှန်ကတော့ ဆရာကြီး နေဇင်လတ်ရဲ့ တပ်လှန့်သံကြောင့် အားလုံးစိတ်ပူနေကြရတာပါ ။ ဆရာကြီးက အင်မတန်စိုးရိမ်တတ်ပါတယ် ။ သူပြောခဲ့တာတွေထဲ တတိယကမ္ဘာစစ် ခုပဲ ထဖြစ်မတတ် အကြိမ်ကြိမ်ရေးခဲ့တာတွေ ပြန်ကြည့်ပါ ။ အမေရိကန် နဲ့ အီရန်လည်း ပြာကျနေလောက်ပြီ 😂


အသက်အရွယ်အရ ကြိုတွေး ကြိုစိုးရိမ်မှုတွေ များလာသလားလို့ တွေးဆမိပါတယ် ။ ဘင်္ဂလား - မြန်မာ အဲသလောက် လွယ်လွယ်နဲ့ စစ်မဖြစ်နိုင်ပါဘူး ။ အရမ်းစိုးရိမ်မနေကြပါနဲ့ ။

တဆက်တည်း ချီးမွမ်းရမယ့်သူကိုလည်း ပြောပြချင်ပါတယ် ။ မြင်းခြံ သံမဏိစက်ရုံထဲက အပြင်ထွက်မရှင်းတဲ့ အရာရှိအကြောင်း ဝေဖန်ရေးသားခဲ့ဖူးပါတယ် ။ ရေးပြီးမကြာပါဘူး အဲဒီ အရာရှိလည်း ပြောင်းသွားရပါတယ် ။

သူ့နေရာ ရောက်လာတဲ့ အရာရှိကတော့ အတော်လေး အလုပ်လုပ်တယ်လို့ မင်္ဂလာသတင်း ကြားရပါတယ် ။ စက်ရုံပတ်လည် လုံခြုံရေးရှင်းလင်းတာသာ မကဘူး ပြည်သူ့စစ်တွေကိုလည်း အတော်လေး ကူညီတယ်ဆိုတဲ့ ကောင်းသတင်း ကြားရပါတယ် ။

ရန်သူ့သတင်းကြားရင် ပြည်သူ့စစ်နဲ့ ပူးပေါင်းဆောင်ရွက်သတဲ့ ။ စက်ရုံထဲ လာတဲ့ ကားမှန်သမျှ မှန်ချ လူစစ်ပြီးမှ ဝင်ထွက် ခိုင်းသတဲ့ ။ လုံခြုံရေးသတိ အင်မတန်ကောင်းတယ်ဆိုသော သတင်းများ မွှေးပျံ့နေပါတယ် ။

မျိုးဝင်းက သောက်သုံးမကျတဲ့သူတွေကိုပဲ မီးမောင်းထိုးပြနေတာ မဟုတ်ပါဘူး ချီးမွမ်းဖွယ် ပုဂ္ဂိုလ်များကိုလည်း မဆိုင်းမတွ ချီးမွမ်းတတ်ပါတယ် ဗျာ 😁😁

မနေ့က တောင်သာဖက်က PDF ကားတစီး ကျောက်ပြုတ်ရွာနားမှာ ပျက်သွားတယ် ။ အူကြောင်ကြောင် PDF လေးက ကျောက်ပြုတ်ရွာထဲ ပြည်သူ့စစ်တွေ စခန်းထိုင်ထားတာ မသိပဲ ကားပြင်ဖို့ ပစ္စည်း လာငှားတယ် ။

ကျောက်ပြုတ်က ရွာလုံးကျွတ်အနီ ။ တလောတုန်းက တိုက်ပွဲအပြီး ပြည်သူ့စစ်အထိုင်ချထားတာ လေ ။ အဲဒါ ပြည်သူ့စစ် လူသစ်လေးက ဘယ်ကလဲ ဘာညာ စစ်ဆေးနေတုန်း ထွက်ပြေးသွားလို့ လူတော့ မရလိုက်ဘူး ကားပဲ ရလိုက်သတဲ့ ။

အမှန်က ဒီနေ့ မရေးတော့ဘူးလို့ နေတာပါ ။ ရခိုင်ကိစ္စ အလွန်အမင်း စိတ်ပူနေသူတွေ များနေတာရယ် ၊ နီတုံးလေးတွေ ခိုးဝင်ဖတ်နိုင်အောင်ရယ် ရေးလိုက်တာပါ ။

ကိုရွှေမျိုးဝင်း
ကိုယ့်မျက်ချေးကို ပြန်ကြည့်ချိန်တန်ပြီ
===============================
MA စီးရီးပြဿနာများ
-------------------------------------

MA စီးရီးတွေမှာ ကျည်ဆံခဏခဏ ညှပ်တယ် ။ ကျည်ဘောက်တွေ ပြဿနာရှိတယ် ။ ဥပမာ MA 1 ခြင်း အတူတူ 2002 ထုတ် ကျည်ဘောက်က 2005 ထုတ် MA 1 မှာ တပ်လို့မရတဲ့ ပြဿနာ ။

အာစီယံပြိုင်ပွဲမှာ ကိုယ့်ဆီက MA စီးရီးသေနတ် နဲ့ ကိုယ်ပိုင်ကျည်ဆံ သုံးပြီး ပစ်တာ ကပစ ထုတ် 5.56 ကျည်ဆံဟာ မီတာ ၂၀၀ လောက်ပဲ ထိရောက်တယ် ။ သူများတွေက မီတာ ၅၀၀ အထိ ထိရောက်မှု ရှိတယ် ။ ကိုယ်ကျည်ဆံက မီတာ ၅၀၀ မှန်ဖို့ အသာထား အဲဒီလောက်ကို ကျည်မရောက်ခဲ့ဘူး ။

သေနတ်ညံ့နေတာလားဆိုပြီး ရုရှား ၊ စင်္ကာပူ ၊ မလေးရှားထုတ် 5.56 ကျည်ဆံနဲ့ ကိုယ့်ဆီက MA 1 နဲ့ ပစ်တော့ မီတာ ၅၀၀ ကို ကျည်စုဝင် ထိရောက် သတဲ့ ။ ဒီတော့ ပြိုင်ပွဲခေါင်းဆောင်အရာရှိက ဗထူးစစ်ဦးစီးအစည်းအဝေးမှာ ကျည်ဆံတွေကို အရည်အသွေးမှီတဲ့ ကြေးတွေနဲ့ ထုတ်လုပ်ပေးဖို့ ဆွေးနွေးတော့ ကပစ အရာရှိကြီးတွေနဲ့ အခြေအတင် စကားများကြသတဲ့ ။

ဒါနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးကို တင်ပြကြတယ် ။ အရမ်းတော်တဲ့ ဦးစီးချုပ်ရုံးက ပြိုင်ပွဲဝင်ဖို့ လိုအပ်တဲ့ ကျည်ဆံ ၂၀၀ / ၃၀၀ ကို ပြည်ပက ဝယ်စေတဲ့ '' ထွီ ''။

အရည်အသွေးပြည့်မှီတဲ့ ကြေးအကောင်းစားနဲ့ ထိရောက်မှုရှိတဲ့ ကျည်ဆံထုတ်ဖို့ ကပစကို အမိန့်ပေးရမှာကို ပေါက်ကရ တပွဲတိုး ကလိမ်ကကျစ် လုပ်ခိုင်းလေရဲ့ ။

တိုက်ပွဲဝင်တိုက်ခိုက်ရေးတပ်တွေမှာ ပေးထားတဲ့ MA စီးရီးတွေမှာ ကျည်ညှပ်တာ ၊ ကျည်ဘောက် မကိုက်ညီတာ ၊ simiရပြီး Brustမရတာ Autoမရတာ Autoရပြီး simi ပစ်ခတ်စဥ် မရတာ အဲ့ပြသနာတွေ လုံးထွေး တိုက်ပွဲဝင်နေကြပါတယ် ။

ဒါဆို မြန်မာ့တပ်မတော်ရဲ့ MA စီးရီးတွေ နည်းပညာ ညံ့တာပေါ့လို့ ဝေဖန်မစောနဲ့အုံးခင်ဗျ ။ ရုရှား နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်တုန်းက MA စီးရီးက မီတာ ၅၅၀ ထိ ကျည်စုဝင်သဗျ ။ ကျည်ညှပ်တာ ၊ မောင်းတုန်းညီပ်တာ လုံးဝမဖြစ်ဖူးနော် ။

ဟာ ဒီလောက် ကောင်းတာ တိုက်ပွဲဝင်တိုက်ခိုက်ရေးတပ်တွေ ပေးလိုက်ပါလားမလုပ်နဲ့ တပ်မတော်နေ့ စစ်ရေးပြပွဲမှာပဲ တွေ့လိုက်ရသတဲ့ ။ ရှေ့တန်းက စစ်သည်တွေကတော့ သေနတ်အစုတ် ၊ ပေမမှီ ဒေါက်မမှိ ကျည်ဆံတွေနဲ့ နပန်းလုံးနေရဆဲပါပဲ ။

ဒါတွေကို ခြေလျှင် ခြေမြန် တပ်မှူးတွေ အကြိမ်ကြိမ်တင်ပြခဲ့ကြပါတယ် ။ ကပစ ညွှန်မှူးတွေကတော့ အထက်ကလူတွေနဲ့ ပေါင်းပြီး ခိုးမြဲ ခိုမြဲ လုပ်နေကြဆဲပါပဲ ။ ဟကောင် ကြေးကို ဘယ်လိုခိုးမလဲ သိချင်သလား... ?

ကပစ အတွက် အဆင့်မြင့်ကြေး ( 99.9%) တွေကို နိုင်ငံတော်က ထုတ်ပေးလိုက်တယ် ။ ညွှန်မှူးတွေက ရောင်းစားလိုက်ကြတယ် ။ လမ်းဘေးက အရည်အသွေးနိမ့် ကြေးအတိုအစတွေ ပိဿာချိန်နဲ့ ပြန်ဝယ်ပြီး အစားထိုးကာ ကျည်ဆံထုတ်တယ် ။

ကျနော်ဆက်စပ်ပြအုံးမယ် ။ အင်းစိန်ထောင်ထဲကို ဖုန်းတာဝါတိုင်က ဝါယာ ကြိုးတွေ ၊ ထရန်စဖော်မာတွေက ဝါယာ ကြိုးအမဲအတုတ်ကြီးတွေခိုးတဲ့ အဖွဲ့နဲ့ တွေ့ခဲ့တယ် ။ ဘယ်သူတွေဝယ်သလဲ မေးကြည့်တော့ ကပစ စက်ရုံက ဗိုလ်မှူးဝယ်တာတဲ့ ( ဘယ်စက်ရုံလဲ ဘာညာတော့ မေးပေမယ့် သူတို့မသိဘူးတဲ့)


အဲဒီကောင်တွေထဲက ခေါင်းဆောင်က အင်းစိန်ထောင် လူငယ် အိပ်ဆောင် ၃ ထဲမှာ မနှစ်က ၇ လ ပိုင်းထိ ရှိသေးတယ် ။ AIDS ဖြစ်နေလို့ ARV ဆေး သောက်နေတဲ့ သူဆို ရှာရလွယ်ပြီလေ ။ ထပ်စစ်ချင်ရင် ပြောပါတယ် ။

သေနတ်ဆိုတာ စစ်တိုက်ရင် အနိုင်ရအောင် တိုက်ခိုက်နိုင်ဖို့ ထုတ်ကြတာပါ ။ မြန်မာတပ်မတော်ကတော့ စစ်တိုက်ဖို့ထက် ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်နေသလားပဲ မေးစရာဖြစ်လာပါပြီ ။

တောင်ခမ်းလို တိုက်ပွဲကြီးတွေမှာတောင် ရန်သူ့လက်နက် ပြန်သုံးနေရတဲ့အထိ မိမိတပ်မှူးတွေ ကြုံတွေ့နေကြရပါတယ် ။ ကပစ ကို ပြောလည်း ဘာမှ မတိုးတက်လာဘူး ။ ကကကြည်းကို သတင်းပို့လည်း ဘာမှ ထူးမလာဘူး ။ ဒီတော့ နစက လူကြီးတွေ သိဖို့ အရေးကြီးလာပြီလို့ ယူဆမိလို့ ထပ်မံတင်ပြလိုက်ပါတယ် ။

ကပစ ညွှန်မှူးများအား တင်းကြပ်စွာကိုင်တွယ်သင့်ပါပြီ ။ ယခု ကြေးအကောင်းစား ခိုးရောင်း ယမ်းအကောင်းစားခိုးရောင်း စားသောက်နေတဲ့ အဆင့်မဟုတ်တော့ပါဘူး ။ မိမိစစ်သည်တွေရဲ့ အသားကို ဖဲ့စား ၊ သွေးကို သောက်သုံးသလို ဖြစ်နေတာ သိကြပါသလား မေးချင်ပါတယ် ။

နည်းပညာပြဿနာက နည်းနည်း အကောင်းစား ကုန်ကြမ်းခိုးရောင်း ၊ အပေါစားကုန်ကြမ်း အစားထိုးနေတဲ့ ပြဿနာကို ထိပ်ဆုံးက ပုဂ္ဂိုလ်ကြီးများ သိဖို့ကောင်းသလို အမြန်ဆုံး ပြုပြင်ဖို့လည်း လိုအပ်နေပါပြီ ။

ကိုရွှေမျိုးဝင်း
နောင်ချိုစစ်မျက်နှာတွင် မိမိသေနတ်အားနည်းချက်များကြောင့် ရန်သူ့လက်နက်အားပြန်လည်အသုံးချ တိုက်ပွဲဝင်နေရသော ဗမခ နိုင်ဝင်း(Ak Rifel)နှင့်ဗမM-22
ကျက်သရေမရှိတဲ့ သတင်း
========================

ပညာရေးဝန်ကြီးဌာနကနေ မီးလောင်သွားတဲ့ ကချင် ၊ စစ်ကိုင်း ၊ မန္တလေးတိုင်း က Grade 12 စာမေးပွဲကို ပြန်ဖြေရမယ်လို့ ထုတ်ပြန်လိုက်ပါပြီ ( မြို့နယ်အချို့မှ အပ) ။ ယခင် ကောလဟာလ ကြားနေရစဥ် စာမထွက်သေးပါဘူးလို့ ဆိုပြီး ဘာတခုမှ မရေးခဲ့ပါဘူး ။

ယခုတော့ ရေးရပါလိမ့်မယ် ။ ဒီဆုံးဖြတ်ဟာ ပညာရေးဝန်ကြီးရဲ့ စုတ်ပဲ့ညံ့ဖျင်း အောက်တန်းကျတဲ့ စိတ်ကို ဖော်ကျူးနေတာ မြင်ရလို့ပါပဲ ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဆိုတာ ဘယ်လောက်ပင်ပန်းကြီးစွာ အားထုတ်ဖြေဆိုရတယ်ဆိုတာ အားလုံးသိကြပါတယ် ။

ကျောင်းသားဆိုမပြောနဲ့ မိဘတွေပါ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ငွေဆင်းရဲ အားလုံးကြုံခဲ့ကြရတာ အထူးပြောဖွယ်မလိုပါဘူး ။ မိဘတွေရော ကျောင်းသားတွေကော အားလုံးချွေးပြန်အောင် ကြိုးစားပန်းစား တောင်ထိပ်ရောက်အောင် တက်ခဲ့ပြီးပြီ ။

အောက်ပြန်ရောက်ပြီး အမောဖြေနေမှ နောက်တခေါက်ပြန်တက်ကြရမယ် ဆိုတဲ့ ပညာရေးဝန်ကြီးရဲ့ ယုတ်မာမှုက ကမ်းကုန်သွားပေပြီ ။ ငလျင်ကြောင့် မီးလောင်မှုကြောင့် အဖြေလွှာဆုံးရှုံးသွားတာ ရှောင်လွှဲမရတဲ့ သဘာဝဘေးဒဏ်လေ ။ တာဝန်ရှိရင် လုံခြုံစိတ်ချရတဲ့ ( မီးဘေး ၊ ရေဘေး) နေရာမှာ ထိမ်းသိမ်းမထားတဲ့ ပညာရေးဝန်ကြီးဌာနမှာပဲ တာဝန်ရှိနေတာမျိုးလေ ။

အဖြေလွှာချည်း မီးလောင်ကုန်တယ် ထင်သလားဗျ ။ ကျောင်းသားတွေရဲ့ မှတ်စုတွေကရော မီးမလောင်တော့ဘူးလား ၊ တိုက်ပြိုတဲ့အထဲ ပါမလားတော့ဘူးလား ချီးဘရိန်းတွေ... ။ ကျုပ်လိုကျောင်းသားဆို စာမေးပွဲ ပြီးတာနဲ့ ပိဿာချိန် နဲ့ အကုန်ရောင်းပြီးပြီ ။

အခြားနည်းတွေ အများရှိနေပါလျှက် ပြည်သူတွေ ဆူပူလာနိုင်တဲ့ အညံ့ဆုံးနည်းကို တွေးခေါ်ဆုံးဖြတ်ကြတဲ့ အပေါ်မှာတော့ ညံ့မှန်းတော့သိတယ် အဲသလောက် ကျက်သရေ(ဋုန်း)အောင် ညံ့မှန်းမသိဘူး ။

ဖြေရှင်းနည်းတွေ ပြောထားကြတာ တွေ့ရပါတယ် ။

- မီးလောင်တဲ့ အဖြေလွှာရှင်တွေကို အကုန်အောင်တယ်လုပ်ပြီး တက္ကသိုလ်ဝင်ခွင့် ထပ်ဖြေခိုင်းတဲ့ ( ဘာထူးမှာလည်းဗျာ) ၊

- အခြားဒေသက ကြိုးစားထားသူတွေ နစ်နာမတဲ့ 😂( အခြားဒေသက ဆေး / အင်ဂျင်နီယာ မှန်းထားကြတဲ့ မိဘတွေ ဝင်ခွင့် ပြိုင်ဘက်များမှာစိုးလို့ ၊ တချို့က မနာလိုလို့ ပြောနေတာလို့ ယူဆမိပါရဲ့) ၊

- တနိုင်ငံလုံး အအောင်ပေးမှ မျှတ မတဲ့ ( အခြားဒေသတွေမှာ ဖြေဆိုထားတဲ့ ကျဖို့များနေသော သူများရဲ့ ဆန္ဒပေါ့ ၊ ပွဲစားလောက စကားသုံးရရင် မဆီမဆိုင် ဒိုက်ဗင်ထိုးတယ်ပေါ့ဗျာ 😁😁)

ဒီပြောဆို အကြံပြုချက်တွေက မှန်သင့်သလောက်တော့မှန်ပါတယ် ။ သို့သော် ထွက်ပေါက်တွေလည်း ရှိပါတယ်ဗျ ။ တွေးမိတာလေး ဥပမာနဲ့ ပြောချင်ပါတယ် ။ အဲဒီတိုင်းတွေက ကျောင်းသားတွေကို အအောင်ပေးလိုက်ပါ ။ ဆေး နဲ့ အင်ဂျင်နီယာ အတွက် မနှစ်က ဝင်ခွင့်ရခဲ့ကြတဲ့ ကျောင်းသားဦးရေအတိုင်း ခွဲတမ်းပေးလိုက်ပါ ။

ဆေး နဲ့ အင်ဂျီနီယာအတွက် ဝင်ခွင့်ဖြေခိုင်းပါ ( ကိုယ့်ကိုကိုယ်သိတဲ့ ကျောင်းသားတွေပဲ ဖြေပါလိမ့်မယ် ၊ ဖြေတဲ့ထဲက အမှတ်အများဆုံးရသူတွေကို စီနီယာအတိုင်း ဖြတ်ချပြီး ခွဲတမ်းအတိုင်းသင်ကြားခွင့်ပြုလိုက်ပါက အဆင်ပြေနိုင်ပါတယ်)

ကျန်တဲ့ ကျောင်းသားတွေကို ဝါသနာပါရာ တက္ကသိုလ်အသီးသီး ဝင်ခွင့်ပြုလိုက်ပါက အဆင်ပြေနိုင်ပါတယ် ။ ဒါဆိုရင် အခြားဒေသတွေက ဆေး နဲ့ အင်ဂျီနီယာအတွက် ငွေကုန်ခံ ကြိုးစားခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဝေစုလည်း မထိခိုက်သမို့ သူတို့ မကျေမနပ်ဖြစ်ကြမှာ မဟုတ်တော့ပါဘူး ။

အချို့ကတော့ ဟယ်ရီတန်ကို မျှော်မှန်းပြီး တနိုင်ငံလုံး အအောင်ပေးဖို့ စိတ်ကူးနေကြပါတယ် ။ အပေါစားသမိုင်းဝင် စာမေးပွဲကြီး တခု ထပ်ဖြစ်သွားမှာပေါ့ဗျာ ။

စာမေးပွဲ ပြန်ဖြေဖို့ဆိုတဲ့ နည်းလမ်းအစား အခြားသင့်တော်ရာ နည်းတွေ ဖြည့်စွက်စဥ်းစား လုပ်ကိုင်ဖို့ ကောင်းပါတယ် ။ အခုနေတုန်း ပါမောက္ခ ၁၀၀ လောက်ကို Grade 12 စာမေးပွဲ ပြန်ဖြေခိုင်းကြည့်လေ ။ ဘာသာစုံ အောင်မြင်သူ 5 % ရရင်ပဲ ကံကောင်း ။

နိုင်ငံရေးအရ ကိုယ့်ဖက်ကို စည်းရုံးတဲ့ အနေနဲ့ တောပြန် PDF တွေကို ထောက်ပံ့ငွေပေးစည်းရုံးနေရတဲ့ နစက ၊ မြို့ရွာတွေ အသိမ်းခံထားရပြီး စော်ကားခံနေရတဲ့ ကြားထဲက သူပုန်ပေါင်းစုံကို ဆွေးနွေးပါ ညှိနှိုင်းပါ နဲ့ ( နိုင်ငံရေးအရဖြစ်စေ) အော်နေရတဲ့ နစက ။


အဲသလို အခြေအနေမှာ လူယုတ်မာ PDF တွေက ကျောင်းသားသတ် ၊ ဆရာ / ဆရာမသတ် နေတဲ့ ကြားထဲက အသက်စွန့်စာသင်ပြီး ကြိုးစားဖြေထားရတဲ့ အဖြူထည် ကျောင်းသားတွေကြမှ စာမေးပွဲလက်နက် နဲ့ ထပ်မံနှိပ်စက်ပြီး အမုန်းစွဲအောင် လုပ်သင့် မလုပ်သင့်ကတော့ တွေးကြည့်ကြပေါ့ ။

ပညာရေးဝန်ကြီးဌာနကတော့ ဖရဲသီး အပေါဆုံးမို့ ဘာမှတ်ချက်မှ မပေးတော့ပါဘူး ။ နစက အနေနဲ့ကတော့ တိုင်းပြည်ဒီလောက်ဖြစ်နေတာ ဘာကြောင့်ဆိုတာ သိကြပါ ။ တဝမ်းပူနဲ့လည်း မတုံးပါနဲ့တော့ ၊ ဋ သန်လင်းချိတ် နဲ့ လည်း ဋုံးပြဖို့ အချိန် မဟုတ်တော့ပါဘူး ။

ကိုရွှေမျိုးဝင်း
လွှတ်တော် အမေး အဖြေ မဟုတ်ပါ😂
===============================

ရေးပြမှ ရတော့မှာမို့ "ကိုရွှေမျိုးဝင်း"ရေ ---
-(၁)နဝတ ခေတ် ၁၉၉၀ ခုနှစ်မှာလမ်းညွှန်ချက်အရခြေလျင်တပ်သုံးလက်နက်ငယ်များကို7.6251 mm သုံး BA series ကို အစားထိုးဖို့ 5.5645 mm သုံးMA series (gas operated) များကိုစတင်သုတေသနပြု ထုတ်လုပ်ခဲ့ပါတယ်၊ ပိတ်စို့မှုပေါင်းများထဲကComponents များစွာကို နိုင်ငံခြားအကူအညီမပါ အဆင့်ဆင့်စမ်းသပ်ထုတ်လုပ်ခဲ့ရပါတယ်၊ Design, meterials ကအစ ခက်ခဲစွာကျိုးစားခဲ့ပါတယ်၊ နမူနာအဖြစ်အစ္စရေးရဲ့ Galli, yugo ရဲ့ M8 series,တောင်အာဖရိကရဲ့ R4, R5 စသည်တို့ကို အကန့်အသတ်ဖြင့် သုတေသနပြုခဲ့ကြရပါတယ်၊ ယင်းအချိန်တွင် ခဲယမ်းပိုင်းအနေဖြင့် 7.6251 mmထုတ်လုပ်နေသောစက်များကို ပြည်ပနည်းပညာအကူအညီမပါ 5.5645 mm (M193 ball) ကို အခက်အခဲများစွာကြားက ထုတ်လုပ်နိုင်ခဲ့ကြပါတယ်၊ယနေ့ ကမ္ဘာကျော် M16 AR ပင်လျှင်ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်စစ်သားများ၏ အားကိုးယုံကြည်မဲ့စွာ ရန်သူ့လက်နက် ရုရှားထုတ် AK47 AR ကိုအလုအယက်အားကိုးခဲ့ကြပါတယ်၊ Colt ကုမ္ပဏီ အနေဖြင့် ၁၉၈၀ ခုနှစ်နောက်ပိုင်းမှသာDesign, meterials, process များမှန်ကန်လာမှသာ ကမ္ဘာကျော် M16 ARဘဝကိုရောက်ခဲ့ရပါတယ်၊

(၂) ၁၉၉၈ ခုနှစ်မှသာ ခဲယမ်းထုတ်လုပ်မှုအတွက် စင်္ကာပူအကူအညီနဲ့ မတန်မရာသူခိုးဈေး($45သန်း) ပေးပြီး စက်ရုံခုလုံးရခဲ့ပါတယ်၊စက်ရုံနဲ့အတူ အဖိုးမဖြတ်နိုင်တဲ့SAA နည်းပညာများစွာကိုရခဲ့ပါတယ်၊(M193 ball, M196 tracer, ss109 penetrator) ထိုအချိန်တွင် အီရတ်စစ်ပွဲမှာ အမေရိကန်က M16 modulation gun နဲ့အတူ 5.5645 mm (M855 penetrator) ကိုသုံးစွဲနေပါပြီ၊

(၃) ပစ်ခတ်ထိရောက်မှု အကွာအဝေးဆိုတာ လက်နက်/ ခဲယမ်း တွဲဆက်မှုမှန်ကန်မှသာ ထိရောက်မှုရှိသကဲ့သို့သုံးစွဲသူသာ တတ်သိနားလည်ဖို့ကအခရာကျပါသည်။ ဥပမာ-ယနေ့နာမည်ကြီး အစ္စရေးထုတ်UZI ဆိုလျှင် 919 mm ကိုသာသုံးစွဲပါသည်။ ရည်ရွယ်ရင်းက တာတိုပစ်(Stoping power) ကိုအရတည်ဆောက်ထားသကဲ့သို့ ကျည်ထွက်နှုန်း (800/rate of fire) ကိုတည်ဆောက်ထားပါသည် ။

(၄) လက်နက်ငယ်တစ်လက် တည်ဆောက်ရာတွင် အောက်ပါအချက်များဖြင့်ကိုက်ညီအောင် တည်ဆောက်ကြရပါသည်။အလေးချိန်, အရှည်, တိကျမှု,အကြမ်းခံနိုင်မှု, သက်တမ်း, နှစ်သက်လိုဘွယ်အဆင်း, ကျည်ထွက်နှုန်း, ယုံကြည်အားကိုးမှု, စတဲ့အချက်တွေကို နိုင်ငံတကာမှာရော ကပစတွေမှာပါ တည်ဆောက်ထုတ်လုပ်ကြပါတယ်၊

(၅) လက်နက်ငယ်များတွင် ပြောင်းပိုင်တည်ဆောက်မှုနည်းပညာအရပြောင်းရစ်(rifling twist) သတ်မှတ်ချက်များရှိပါသည်။ အီရတ်စစ်ပွဲအတွင်း M16 modulation gunသည် dual used ၉ လက်မ တစ်ပတ်(230 mm per one turn)ကို M855ကျည်ဖြင့်ပစ်မှသား အကွာအဝေး ထိရောက်မှု ဖောက်ထွင်းနိုင်မှုရရှိနိုင်သော်လည်း M193 ball ကျည်ကိုရောထွေးသုံးစွဲခြင်းကြောင့် အရေးယူအပြစ်ပေးခံရသည့်ဖြစ်စဉ်များရှိခဲ့ပါတယ်၊

(၆)ကျည်ထုတ်လုပ်မှုအတွက်သုံးစွဲသည့်ကြေး(MS 72)(MS 90)များကိုကိုယ်တိုင်ကြိုချက်နိုင်တဲ့ နည်းပညာကို၁၉၇၅ ခုနှစ်ကပင်ရရှိပြီးဖြစ်ပါတယ်5.56 mm စက်ရုံနှင့်အတူ ဝယ်ယူရရှိခဲ့သော Brass wire များဖြင့်ထုတ်လုပ်စဉ် ကုန်ကြမ်းသိုလှောင်မှုကာလကြာမြင့်သည်အခါ ဒဏ်အားလျော့ချသည်နည်းစဉ်များဖြင့်ထုတ်လုပ်ခဲ့ကြရပါတယ်၊ ထိုနည်းစဉ်ကို ၂၀၁၅ခုနှစ် လောက်ကိုင်ပထမစစ်ပွဲတွင် ပြောင်းရင်းပေါက်ကွဲမှုဖြစ်စဉ်များကြောင့်သတ္တုဗေဒ ပညာရပ်ရပ်များမှဖော်ထုတ်ခဲ့ရပါတယ်၊
မှတ်ချက်၊
ကိုရွှေမျိုးဝင်းရေ-ထောင်ထဲက စကားကထောင်ထဲမှာပဲထားလိုက်ပါဗျာ၊Armerment technologyဆိုတာ နာရီထုတ်လုပ်တဲ့Tolarence ထက်ပိုပြီး ကျဉ်းကြပ်ပါတယ်ဗျာ၊ technicals, meterials,Design, process, စတာတွေကအရပ်သုံး အတွေးအခေါ်တွေနဲ့လုပ်လိုမရပါဘူးဗျာ၊ယနေ့ခြေလျင်တပ်သုံးလက်နက်ငယ်/ ခဲယမ်းများနှင့်ပတ်သက်ပြီး အဆင့်ဆင့်ကျိုးပန်အားထုတ်ခဲ့ရပါတယ်၊ နိုင်ငံတကာအကူအညီမဲ့ နေချိန်မှာကပစတွေက နေ့မအား၊ ညမနားကိုယ်ခြေထောက်ပေါ် ကိုယ်မတ်တတ်ရပ်နိုင်အောင် ဖိအားပေါင်းများစွာနဲ့ကျိုးစားခဲ့ရသူတွေပါဗျာ၊လက်နက်/ခဲယမ်းအချို့ကို ပြည်ပကကြိုက်လို့ ထုတ်တောင်ရောင်းနေပါပြီဗျာ၊ အရှေ့တောင်အာရှ နိုင်ငံတွေမှာတောင်မရှိသေးတဲ့ နည်းပညာမြင့်တွေရှိနေပါပြီဗျာ၊ မာရဝိဇိယ ဆင်းတုတော်ကြီးက နည်းပညာသက်သေပါပဲဗျာ။လေးစားစွာဖြင့်
--------------------------------------------------------------

မနေ့က ကပစ ထုတ် MA စီးရီးရဲ့ တိုက်ခိုက်ရေးသုံး အားနည်းချက်တွေကို ဝေဖန်ထောက်ပြတဲ့ ပို့စ် အပေါ် ပြန်ရှင်းပြထားတာပါ ။ အဖြေတွေက လွှတ်တော် အမေး အဖြေ ကဏ္ဍကိုတောင် သတိရလာစေတဲ့ အထိ တခြားစီ ဖြစ်နေပါတယ် ။

လက်နက်ရဖို့ လွယ်ခဲ့သလား ဆောင်းပါးရှည် နဲ့ ပြုံယမ်းမှ နေပြည်တော် သို့ဆိုတဲ့ တပ်မတော်ရဲ့ အားထုတ်ခဲ့ရမှု ဆောင်းပါးရှည်တွေ ကျနော်လေ့လာရေးသားခဲ့ဖူးပါတယ် ။ ဒီတော့ လူကြီးမင်းရဲ့ အဖြေ နံပါတ် ၁ နဲ့ ၂ ကို မပြောလိုပါဘူး ။
နံပါတ် ၃ က MA 1 သည် မီတာ ၂၀၀ အတွက် ထုတ်ထားတာလား.. ? မီတာ ၅၀၀ အတွက် ထုတ်ထားတာလားလို့ မေးချင်ပါတယ် ။ သုံးစွဲသူ တတ်သိနားလည်ဖို့ လိုတယ်ဆိုတော့ကား တပ်မတော်သား စစ်သည်တွေ မတတ်လို့လား ၊ တိုက်ခိုက်ရေးသင်တန်းကျောင်းကြီး အသုံးမကျလို့လား မေးရမလိုပါပဲ ။ နောက်ဆုံး အာဆီယံပြိုင်ပွဲဝင်တွေတောင် မသုံးတတ်သေးဖူးလို့ ဆိုလိုတာလား ဗျ ။

နောက်ထပ် နံပါတ် ၄ လက်နက်ငယ်တွေ ဘယ်လိုထုတ်ရမလဲ ဆိုတာ ပြောပြလို့ကျေးဇူးပါ 😂အရေးကြီးဆုံးအချက်ဖြစ်တဲ့ ကပစထုတ် MA ကို သုံးစွဲနေကြရတဲ့ စစ်သည်တွေ စိတ်ကျေနပ်မှု ရနေပါသလား...? ယုံကြည်မှု ရှိနေကြပါသလား မေးပါရစေ ။ အဲဒါပြဿနာ အရင်းအမြစ်ပါပဲ ။

ကျည်ဘောက် အံမကျဘူး ၊ ကျည် ကန့်လန့်ခံတယ် ၊ ကျည်ကပ်စပရင်တွေကောင်းကောင်းအလုပ်မလုပ်တာ ချိန်ဆိုဒ်တွေချောင်နေတာ simiရပြီး Brustမရတာ Autoမရတာ Autoရပြီး simiပစ်ခတ်စဥ်မရတာအဲ့ပြသနာတွေ ဖြစ်နေတာကို ခင်ဗျားတို့ ရှေ့တန်းက စစ်သည်တွေ ရင်ဖွင့်ထားကြတာလေ ။ အကြိမ်ကြိမ် တင်ပြထားကြပြီလို့ သိရပါတယ် ။ အဲလို ပြဿနာမရှိပါဘူးလို့ ယခုစာရေးထားတဲ့ ပုဂ္ဂိုလ် ပြောချင်ပါသလား... ?

နံပါတ် ၅ မှာ သေနတ်ပြောင်း ပြဿနာ တင်ပြမှုအတွက် အသုံးပြုသူတွေ သတ်မှတ်ကျည် မသုံးလို့ဆိုသော ပြစ်တင်စကားကြားရပြန်ပါတယ် ။ ရှိကောင်းရှိပါလိမ့်မယ် ။ သေနတ် နဲ့ ဖက်ရှင်ကျတဲ့ အဆင့်မြင့် ကျည်ဘောက် နဲ့ အရည်အသွေးမှီ ကျည်ဆံ လုံလောက်အောင် ထုတ်နိုင်ပြီလား...? ပေးထားသလား ဆိုတဲ့ မေးခွန်းကိုတော့ ကကနက် ဆီ လွှဲချမှာ သေချာပါရဲ့ ။

နံပါတ် ၆ အဖြေမှာ ကျည်ဆံ ထုတ်လုပ်မှု စနစ်ပဲ ပြောသွားပါတယ် ။ ထိရောက်မှုကို ဘာလို့ မပြောတာလည်း နားမလည်ပါဘူး ။ တိုင်းတပါးက ကျည်ဆံနဲ့ MA 1 ကို မီတာ ၅၀၀ ပစ်နိင်ပြီး ကပစ ကျည်ဆံကျတော့ ဒီ MA 1 ကိုပဲ မီတာ ၂၀၀ ပဲ ထိရောက်တဲ့ ပြဿနာကို ဘယ်လို ရှင်းပြမလဲ သိချင်မိပါတယ် ။

ပြင်ပကကြေးဝယ်တာကို မပြောနဲ့ဆိုတော့ မပြောတော့ပါဘူးလေ ။ လက်နက် ခဲယမ်းတွေ ကိုယ်ပိုင်ထုတ်ဖို့ ဘယ်လောက်ကြိုးပမ်းခဲ့ရတယ်ဆိုတာကို သမိုင်းကြောင်းနဲ့တကွ နှိုက်နှိုက်ချွတ်ချွတ် ကိုယ်တိုင်ရေးပြထားသူမို့ သာမန်လူတွေထက် ကျနော်ပိုနားလည်ပါတယ် ။.

လက်နက်ခဲယမ်း အချို့ ပြည်ပက ဝယ်တယ်ဆိုတဲ့ သတင်းအတွက်လည်း ဂုဏ်ယူစွာ ရေးသားခဲ့ဖူးပါတယ် ။ အရှေ့တောင်အာရှမှာ လက်နက် နည်းပညာ အမြင့်ဆုံးဆိုတာလဲ လက်ခံပါတယ် ။

လက်မခံနိုင်တာက ပြည်တွင်းက လက်တွေ တိုက်ပွဲဝင် MA 1 တွေ သုံးစားမရတာ ဘာကြောင့်လည်း သိချင်ပါတယ် ။ ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တုန်းက သုံးခဲ့တဲ့ အဆင်မြင့် MA 1 တွေ ကျည် မအဘူး ၊ ကန့်လန့်မခံဘူး ၊ ကျည်ဘောက်မပြုတ်ဖူး ၊ ချိန်သီးမချောင်ဘူး ၊ ကျည်စုထိချက် မီတာ ၅၅၀ ထိရောက် တယ်လို့ ကြားမိပါတယ် ။

အဲသလောက် အရည်အချင်းရှိတဲ့ ကပစ အနေနဲ့ ဘာကြောင့် သုံးစားမရတဲ့MA 1 တွေကို အပ်ဒိတ်လုပ်မပေးကြတာလဲ သိချင်တယ် ။

ဒါတွေ ဝေဖန်နေတာ ကျနော့်အကျိုးစီးပွား တခုမှ မပါဘူး ။ စစ်တပ်ဆီက ရွှေဖီဦးတခွက်စာ အလကား မသောက်ဖူးဘူး ၊ နို့ဆီတဇွန်း အခမဲ့ မစားဖူးဘူး ။ သို့သော် တပ်မတော်ရှိနေလို့ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေရတဲ့ ကျေးဇူးက အများကြီးပါ ။ ဒါတွေကြောင့် ပြင်သင့်တာ အချိနိမှီ ပြင်ဆင်နိုင်ဖို့ ဝေဖန်ထောက်ပြနေရတာပဲ ဖြစ်ပါတယ် ။

မင်းက မဆီမဆိုင် ဝင်ပြောနေတာလို့ မယူဆပါနဲ့ ။ တပ်မတော်ရဲ့ အဓိက အားနည်းချက်ကြီးက ရာထူးကြီးသွားရင် ငါသာ တကယ်သိ တကယ်တတ်တယ် ဆိုသော ဘဝင်မြင့်ကြတဲ့ အချက်ကြီးရှိပါတယ် ။ အောက်က တပည့်ငယ်သားတွေခမျှာ ရေငုံနှုတ်ပိတ် နေကြရတော့ မပြောရဲ မဆိုရဲမို့ ဝင်ပြောပေးနေခြင်းဖြစ်ပါတယ် ။

ကပစ မှာ နည်းပညာရှိတယ် မရှိတာ ရိုးသားမှုလို့ပဲ မြင်မိတယ် ။ ရိုးသားနိုင်ကြပါစေလို့ မပြည့်တဲ့ဆုတောင်းနဲ့ နှုတ်ဆက်ပါတယ် ။

ကိုရွှေမျိုးဝင်း