Ko Myo Win
24.7K subscribers
284 photos
6 videos
12 links
comment box
Download Telegram
Tiktok ကို ဘလိန်းအုံးမယ်
=========================

ကျနော်ကျောင်းဆရာ ဘဝတုန်းက ကျောင်းဝန်းထဲမှာ ဆေးလိပ်သောက် ၊ ကွမ်းစားတဲ့ ကျောင်းသားဆို အသေဆော်တယ် ။ ဒီကောင်တွေ လက်ဖက်ရည်ဆိုင်ထဲ ဆေးလိပ်ခိုးသောက်နေတာ ကျနော့်ကို မြင်တော့ လက်အပူခံပြီး စီးကရက်ကို လက်ထဲတင် လုံးခြေမီးသတ်လိုက်တာ မြင်ဖူးတယ် ။ မသိချင်ယောင် ဟန်ဆောင်နေခဲ့တာပါပဲ ။

ရည်ရွယ်ချက်ကိုလည်း မရိုက်ခင်က ရှင်းပြထားပါတယ် ။ မင်းတို့ ဆေးလိပ်သောက် ကွမ်းစားတာ အရေးမကြီးဘူး ။ အငယ်တွေက မင်းတို့ကို အတုခိုးပြီး အဲဒါတွေ လိုက်လုပ်မှာစိုးလို့ ရိုက်တာကွ ဆိုပြီး ဆော်ပစ်တာပဲ ။ ဆရာ့ကျင့်ဝတ်ထဲက မကောင်းတာ တားမြစ်ရမယ့် တာဝန်ရှိတယ်လေ ။

အခုလည်း Tiktok မှာ တက်လာသမျှ အဖိုးမတန်တာတွေရော အဖိုးတန်တာတွေရော တွေ့နေရပါတယ် ။ ကျနော် အူယားအောင် ဖြစ်နေတဲ့ ကိစ္စလေးတွေ ပြောချင်တာလို့ပါ ။

၁ ။ ဓားမကြီး ဆိုတဲ့ ထင်းခွဲသမား အားကောင်းမောင်းသန် ခွဲပြနေတယ် ။ ပုဆိန်ကြီးဆိုလား ပြန်စိန်ခေါ်တယ် ။ ဘေးက Tiktok ရိုက်ပေးတဲ့သူတွေက မြှောက်ပေးကြတယ် ။ သူများတွေက ထင်းတုံးကြီးကို နောက်ကနေ မော်တာနဲ့တွန်းတယ် ရှေ့က ပုဆိန်သွားလိုမျိုး ခံထားတယ် ။ ဖျက်ကနဲ ဖျက်ကနဲ ထင်းခွဲခြမ်းတွေ သက်တောင့်သက်သာလုပ်ပြနေတယ် ။

ဒီမှာက ရူးကြောင်ကြောင် နဲ့ အီးအား ဆိုပြီး ဖင်ထဲက လိပ်ခေါင်းထွက်အောင် ကျောက်ခေတ်လူသားတွေလို လုပ်ပြရင်း ဂုဏ်ဆာနေကြလေရဲ့ ။ ဒီလို ပေါကြောင်ကြောင်လုပ်ရပ်ကို တခါတရံမဟုတ်ဖူး မကြာမကြာ လုပ်ပြနေတာ သောက်လုံးနောက်လာပြီလေ ။

၂ ။ ကွမ်းဘုရင် ဆိုပြီး ကွမ်းယာအရွက် ၂၀ / ၃၀ လောက်ကို တခါတည်းစားပြတယ် ။ ကွမ်း ၃ သောင်းဖိုး တညတည်းစားတာ မလောက်ဖူး နဲ့ ပေါတောတောတွေ လုပ်ပြနေတယ် ။ ကွမ်းစားတာ လူလို မစားပဲ ပြိတ္တာတိရိစ္ဆာန်လို စားပြတာကို ဂုဏ်ယူပြီး ဆိုရှယ်မီဒီယာမှာ စားပြနေတာ ဘာအကျိုးရှိနေပါလိမ့် ။ ကွမ်းပြိုင်စားသေးသတဲ့ သင်္ချိုင်းဆီ အပြေးပြိုင်နေတာ လိုင်းပေါ်တင်သတဲ့ ။

၃ ။ အရက်သောက်တာ ၊ ကြက်တိုက်တာ လိုင်းပေါ်တင် ဂုဏ်ယူနေကြတာတွေကလည်း အံ့သြစရာပါပဲ ။ နောက် သရုပ်ဆောင် အမျိုးသမီးတွေ ဝိုင်သောက်ပြ ၊ ထန်းရေသောက်ပြ ၊ ဘီယာသောက်ပြနဲ့ လုပ်တော့ ဆယ်လီရူးတွေ လိုက်လုပ်ကြ ၊ မူးပြ ရူးပြကြနဲ့ လုပ်ကြပေါ့ မြန်မာပြည်က နဂိုကမှ အရက်သမားတိုင်းပြည် ဖြစ်လို့ ဘဝပျက်နေကြတာ လေ ။

၄ ။ နောက်ထပ် ဘလိန်းချင်တာက တပွဲ ၂၅၀၀ / ၃၀၀၀ လောက်တန်မယ့် မုန့်ဟင်းခါးကို တပွဲ ၁၀၀၀၀ နဲ့ ရောင်းနေတဲ့ ကိစ္စ ။ သူ့ဘာသာ စားနိုင်တဲ့ သူဌေးတွေ စားဖို့ ရောင်းနေကြတာ မှန်ပါတယ် ။ ကိတ်မုန့်တခု ၄၅၀၀၀ တို့ မတ်ပဲကျော် ၅ ခု ၇၀၀၀ တို့ ကြုံဖူးပါတယ် ။

အဲသလို စျေးနှုံး မြင့်မားစွာ ရောင်းကြတဲ့ ဆိုင်တွေ အများကြီးပါ ၊ သူ့အတန်းနဲ့သူ စားကြတာလည်း ရိုးနေပါပြီ ။ ပြောချင်တာက စျေးနှုံးမဟုတ်ဖူး ။ အရောင်းမြှင့်တင်မှုပုံစံကို ပြောချင်တာပါ ။

ယောကျာ်းလေး ငယ်ငယ်ချောချောလေးတွေ အင်္ကျီချွတ် ( အပေါ်ပိုင်း ဗလာနဲ့) စားပွဲထိုးကြတယ် ။ က ပြကြတယ်.. ကြည့်ဖူးတယ်မဟုတ်လား နိုင်ငံခြားက ယောကျာ်းဖာသည်တွေ ကသလိုမျိုး လေ ။

အဲဒါကို လူဂုဏ်ထံအမျိုးသမီးတွေ သားရေတမြှားမြှားနဲ့ သောက်ရှက်မရှိ လိုင်းပေါ်တင် ဂုဏ်ဆာပြနေတာကို မျက်စေ့နောက်လှပါပြီ ။ နာမည်ကြီးလို့ စားဖူးချင်လို့ တခါတရံ စားသောက်သူများကို မဆိုလိုပါဘူး ။ ဆိုရှယ်မီဒီယာမှာ သွားရေတမျှားမျှား တင်နေကြသူများကို ပြောချင်တာပါ ။

သဘာဝတရားကို နားလည်ပါတယ် ။ မ နဲ့ ဖို အပြန်အလှန်တပ်မက်ကြတာကို သဘောကျတယ် ။ ကျုပ်တို့လည်း သင်ဇာဝင့်ကျော်တို့ ၊ အေးမြတ်သူတို့ကို မထော်မနန်းပုံနဲ့ မြင်ရင် ကျိတ်ချင်ကြတာပဲ ။ သို့သော် ဆန္ဒကို သိက္ခာနဲ့ထိမ်းကြရတာပဲလေ ။ သောက်ရှက်မရှိ လူကြားသူကြား ပြောလို့မှ မသင့်တော်တာပဲ ။

အခုဟာက တသောင်းတန် မုန့်ဟင်းခါး စားနိုင်တာ ကြွားချင်လို့ကတမျိုး ၊ အစင်လေးတွေ ဒီလိုငမ်းနေတာ ဆိုပြီး ကိုယ် နှာဗူးထတာကို အရှက်မရှိကြေညာနေတာ တမျိုးနဲ့ မြန်မာ့ယဥ်ကျေးမှုကို ဖျက်ဆီးနေကြသလိုပါပဲ ။

ငွေကြေးပြည့်စုံပြီး အဲသလောက် ရွပိုးထိုးနေကြရင်လည်း ငွေလည်း မကုန် သိက္ခာလည်းမကျ လူလည်း မသိအောင် နှာဗူးထရမယ့် နည်းလမ်း အကြံပေးချင်ပါတယ် ။ အဲဒီ မုန့်ဟင်းခါးဆိုင်နဲ့ မျက်နှာခြင်းဆိုင်က အင်လျားကန်ဘောင်ကိုသွားပါ ။ ထမီ / စကပ် ဖင်ပေါ်ဆွဲလှန်ပြီး လေးဘက်ထောက်ပေးထားလိုက် ဖင်မှာ အလကားပါလို့ စာတမ်းချိတ် OK ပဲ ။

ကိုရွှေမျိုးဝင်း
ကျင့်ကြံရမယ့် အာသေဝန
========================

ထပ်ခါ ထပ်ခါ လေ့ကျင့်နေရင် ရုပ်တရားသာမက နာမ်တရားတွေပါ နောက်ထပ်အကြိမ်ကြိမ်ဖြစ်စေ၍ အလေ့အကျင့် ရလာပြီး အင်အားကောင်းစေပါတယ် ။ ဒါကိုပဲ ပါရမီလို့ ဆိုကြမယ်ဗျ ။ လေ့ကျင့်မှု အထုံအရ ဘဝခြားပြီးတောင် သင်ယူလွယ် တတ်မြောက်လွယ်အောင် အာသေဝန ပစ္စည်းက လိုက်ပြီး ကျေးဇူးပြုတာမျိုးပါ ။

ရှေ့ ရှေ့ က ကောင်းမှုကုသိုလ်လုပ်လာရင် နောက်က ထပ်လုပ်မယ့် ကုသိုလ်တရားကို အာသေဝန ဂုဏ်သတ္တိ နဲ့ ကျေးဇူးပြုသတဲ့ ။ ငလျင်ဘေးမှာ ငွေကြေး လှူဒါန်းသူတွေ ၊ လုပ်အားလှူဒါန်းသူတွေကို ကြည့်လိုက်ပါ အရင် ရေဘေး ၊ မီးဘေးတွေ တုန်းကလည်း သူတို့ပဲ အများစုဆိုတာ တွေ့ရပါလိမ့်မယ် ။

အဲဒါ အရင်က ဒါမျိုးဒုက္ခရောက်ရင် ဒီလိုငွေကြေးစုကြရမယ် ၊ ဒီလိုခွဲဝေမျှတလှူဒါန်းရမယ် ၊ ဒီလို လူစုရမယ် ဆိုတဲ့ ရှေ့ကပြုခဲ့တဲ့ ကုသိုလ်ရဲ့ စေ့ဆော်မှု ( အာသေဝန သတ္တိ) ကြောင့် နောက်ထပ်ကုသိုလ်တွေ လုပ်နေကြတာပါ ။

အကုသိုလ်ကလည်း ထိုနည်းလည်းကောင်းပဲ ခင်ဗျ ။ ရှေ့က အရေးအခင်းအစမှာ တော်လှန်ရေး မလုပ်သူတွေကို နှုတ်နဲ့ အရှက်ခွဲ လှောင်ပြောင်တယ် ၊ နောက် ကိုယ်ထိလက်ရောက် ကတုံးတုံးပစ်တာ ၊ တက်တူးထိုးတာ လုပ်ကြတယ် ။


ကြာလာတော့ ခပ်တင်းတင်း ယောကျာ်းတွေကို သတ်ပစ်ကြတယ် ။ နောက် မိန်းမရော ကလေးကော သတ်လာပြီ ။ နောက်ဆုံး ရဟန်းသံဃာပါ မချန်တော့ဘူး အကုန်သတ်တယ် ။ သတ်ရင်းလက်ယဥ်လာတော့ အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်ကြတယ် ။ အရှင်လတ်လတ် မီးရှို့သတ်ကြတယ် ။ အဲဒါ ရှေ့ကလုပ်ခဲ့တဲ့ အကုသိုလ်ရဲ့ နောက်လုပ်မယ့်အကုသိုလ်ကို အာသေဝန သတ္တိနဲ့ ကျေးဇူးပြုနေလို့ပဲ ။

ကောင်းတာတွေ ထပ်ချည်းတလဲလဲ လုပ်နေရင် ကုသိုလ်အကျိုးတွေ ထပ်ခါထပ်ခါ လုပ်မိဖို့ အာသေဝနက တာဝန်ယူပါတယ် ။

ထို့အတူ ရှေ့က အကုသိုလ်လုပ်ရပ်ကို သားကြောမဖြတ်နိုင်ရင် နောက်ထပ် အကုသိုလ်တွေ ထပ်ခါထပ်ခါလုပ်မိဖို့ အာသေဝနကပဲ တာဝန်ထပ်ယူပါလိမ့်မယ် ။ ဆင်ခြင်နိုင်ဖို့ပါပဲ ။

ဒီ အာသေဝနမှာ မြတ်စွာဘုရားကို ပိုမိုကြည်ညိုစေတဲ့ အချက်ရှိပါတယ် ။ ရှေ့က အနန္တရပစ္စည်း တို့ နိဿယပစ္စည်းတို့မှာ ကုသိုလ် ၊ အကုသိုလ် နဲ့ ကုသိုလ်မဟုတ် အကုသိုလ်မဟုတ် ( အဗျာကထာ) ကို သုံးစွဲခဲ့ပါတယ် ။

သို့သော် ဒီ အာသေဝန ပစ္စည်းကြတော့ ကုသိုလ် ၊ အကုသိုလ် ဆိုတာကို ကိရိယာဗျာကထာ နဲ့ တွဲဖက်သုံးထားပါတယ် ။ ကိုယ်တွေကလည်း သာမန်ပုတုဇဥ် ဖွတ်ကြားအဆင့်ဆိုတော့ ကိရိယာဗျာကထာ ဆိုတာ သိချင်လို့ မနည်းလိုက်ရှာရပြန်ပါတယ် ။

ဒီတော့မှ ကိရိယာဗျာကထာဆိုတာ ကုသိုလ်ကံ အကျိုးမပေးတော့တဲ့ စိတ် (ဘုရား ၊ ရဟန္တာတို့မှာသာ ရှိအပ်တဲ့) လို့ သိလိုက်ရပါတယ် ။ ဘုရား ရဟန္တာတို့သည် အကုသိုလ်မလုပ်တော့ပါဘူး ။ လုပ်သမျှသည် ကုသိုလ်စိတ်ချည်း ဖြစ်ပါတယ် ။ သို့သော် နောက်ဘဝမရှိတော့တဲ့ အတွက် ကုသိုလ်အကျိုးပေးဖို့ကလည်း မရှိတော့ပါဘူး ။ အဲဒီ စိတ်ကို ကိရိယာဗျာကထာလို့ သုံးစွဲထားတာပါ ။

ဟုတ်တာပေါ့ဗျာ အဗျာကထာဆိုတာ ကုသိုလ်မှန်းမသိ အကုသိုလ်မှန်းမသိ လုပ်မိလုပ်ရာ လုပ်တဲ့အရာဆိုတော့ အမြဲ လုပ်နေမှာ မဟုတ်ဖူးလေ ။ အမြဲမလုပ်ရင် အာသေဝနက ဘယ်လိုလုပ် အကျိုးပေးပါ့မလဲဗျာ ။


အကျိုးမပေးတော့သော်လည်း ကုသိုလ်စိတ်ချည်း လုပ်နေမယ့် ဘုရား ရဟန္တာတို့သာ အမြဲကျင့်ကြံနေလို့ အာသေဝနက ထပ်ခါထပ်ခါ လုပ်ဖို့ ကျေးဇူးပြုမှာကိုး ။ အဲသလို ပိုင်းခြားသိလိုက်ရတော့ ဘုရားရှင်ရဲ့ ဥာဏ်တော်ကြီးကို ပိုပြီး ကြည်ညိုတတ်လာရပြန်ရောဗျာ ။

ဒါကို စာသင်သား ဓမ္မကထိက ကိုယ်တော်တွေ အလွယ်တကူ သိနိုင်ပေမယ့် သာမန် ဘာသိဘာသာလူတွေ သိဖို့ ခက်လိမ့်မယ်ဗျ ။ ကိုယ်လည်း တချိန်က မသိခဲ့သလို အခုချိန်ထိ မသိသေးသူတွေလည်း ရှိနေမယ် ထင်ပါတယ် ။ အခြင်းခြင်း အသိဖလှယ် မျှဝေတယ်လို့ သဘောထားပါခင်ဗျာ ။ ဆရာကြီးများ ရီနေမှာစိုးလို့ ကြိုပြောထားတာပါ ။

ကဲ မိတ်ဆွေတို့ရေ ကိရိယာဗျာကထာ အဆင့် မဟုတ်ကြပေမယ့် ကုသိုလ်အဆင့် နဲ့ အာသေဝနပစ္စည်းရဲ့ ဂုဏ်သတ္တိယူပြီး အထက်သို့ တက်လှမ်းနိုင်ကြပါစေဗျာ ။

ကိုရွှေမျိုးဝင်း
'' ငမျိုး နမခ တိုင်းမှူးကြီးနဲ့ သူ့တပည့်တွေရဲ့ တိုက်စွမ်းရည်ကို အတိုဆုံး သရုပ်ဖော်ပုံ နဲ့ တင်စားပြစမ်း ကွာ ''
ကွီးစိုး

'' ရော့ ဒီပုံသာကြည့် ''

ကွီးမျိုး
စစ်သား ဂုဏ်ရည်
===================

၁ ။ ။ ၁၇ ရာစုတုန်းက အင်ဒိုနီးရှားကို ဒတ်ချ် ( ယခု ဟော်လန်) ဝင်တိုက်ပြီး သိမ်းပိုက်ကြတယ် ။ ကျွန်းကြီးတကျွန်းပေါ်က လူမျိုးစုက ကလေးသူငယ်က အစ အဖိုးကြီး အဖွားကြီးတွေထိ ပြင်းပြင်းထန်ထန် ရွတ်ရွတ်ချွန်ချွန် ခုခံ တိုက်ခိုက်ခဲ့ကြတယ် ။

အဲဒါကို မြင်ရတဲ့ ဒတ်ချ် စစ်သူကြီးက ကလေးတွေ နဲ့ အမျိုးသမီးတွေရယ် အသက်ကြီးသူတွေရယ် အားလုံးကို မသတ်ရက်တော့ပဲ အသက်ချမ်းသာပေးပြီး သူတို့လူမျိုးစုရဲ့ သူရသတ္တိကို အသိအမှတ်ပြုခဲ့တယ် ။ အဲဒီကျွန်းက လူမျိုးစုကိုလည်း သီးခြားဥပဒေနဲ့ အုပ်ချုပ်ခဲ့ပြီး အခွင့်အရေးတွေ အများကြီးထပ်မံ ပေးခဲ့သတဲ့ ။

၂ ။ ။ နာမည်ကျော် 300 ဆိုတဲ့ ရောမကား ကြည့်ဖူးကြမှာပါ ။ အဲလို သူရဲကောင်းတွေက သမိုင်းမသေဘူး လူတွေရဲ့ ရင်ထဲမှာ အမြဲရှင်သန်နေကြောင်း အဲဒီ ဇာတ်ကားက သက်သေပြနေလေရဲ့ ။

၃ ။ ။ စစ်သူကြီး မဟာဗန္ဓုလ ကို အားလုံး သိကြပါတယ် ။ သူက ဗမာတွေရဲ့ ရင်ထဲက ထာဝရသူရဲကောင်းကြီးပေါ့ဗျာ ။ ဒါနဲ့ သူ့သားကို သိကြသလား .....? စဥ်းစားမရသူတွေ အတွက် ပြောပြအုံးမယ်ဗျာ ။


ဗန္ဓုလ သားက မောင်ကြီးတဲ့ ။ ဒီပဲယင်းမြို့စားအဖြစ် ချီးမြှင့်ပြီး စစ်သည် ၂၀၀၀၀ နဲ့ အတူ ရန်သူကို တိုက်ဖို့ အမိန့်ပေးလိုက်တယ် ။ ရန်သူကို မတိုက်ပဲ အလံဖြူထောင် လက်နက်ချခဲ့တဲ့ ငကြောက်စစ်သူကြီးပေါ့ဗျာ ။ ဒီလို ကျက်သရေမရှိတဲ့ စစ်သူကြီး ဘယ်သူကမှ ရင်ထဲမထားလို့ လူမသေခင် နာမည်သေသွားရတယ် ။ လူသေပြီး အရိုးကျနေလည်း သူ့အပုပ်နံ့က ရနေဆဲပဲ ။

ကဲ ဒီလောက်ဆိုရင် စစ်သားတယောက်အတွက် ဂုဏ်ရည်ဆိုတာ ဘာလဲ သဘောပေါက်လောက်ပါပြီ ။ တပ်ချုပ်ကြီး မိန့်ခွန်းပြောလေ့ရှိတယ် '' လူ့အသက်ထက် ဘာမှ အရေးမကြီးဘူး '' ဆိုတဲ့ စကားက ပြည်သူတွေ အတွက် ရည်ညွှန်းတာ ခင်ဗျ ။

စစ်သည်ရဲမက်အတွက် အသက်ထက် အရေးကြီးတာ အရှက်ဗျ ။ စွမ်းရည်သတ္တိမရှိတာ ၊ ကြံရည်ဖန်ရည် ကင်းမဲ့တာ ၊ သေရမှာကို အလွန်အမင်းကြောက်ရွံတာမျိုးက သိပ်ရှက်စရာကောင်းတဲ့ အသက်ထက် အရေးကြီးတဲ့ အရာပဲ ။

စစ်သားဖြစ်လာပြီး သေရမှာ ကြောက်နေရင် ဘာလို့ စစ်ထဲဝင်လာကြတာလဲ... ? ပြည်သူ့စစ်မှုထမ်း ကလေးတွေလို မဖြစ်မနေ လိုက်ပါရတာမျိုးက ကြားလို့ကောင်းပါသေးတယ် ။ ကြားလိုက်ရရင် စစ်သားရင့်မာ အခြောက်တွေအကြောင်းပဲ ကြားနေရတာ ရင်နာမိပါရဲ့ ။

အနေချောင် ၊ အစားချောင် အချိန်တန်ရင် အရပ်ဘက်ဌာနဆိုင်ရာမှာ ဗိုလ်လုပ် လာဘ်စား ချမ်းသာ ဆိုတဲ့ ကလန်ဒါကျကြီးကို မျှော်မှန်းပြီး စစ်ဗိုလ်ဖြစ်အောင်လုပ်မယ် ။ ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ အထက်ဖားအောက်ဖိပြီး ရာထူးတက်အောင် နည်းမျိုးစုံနဲ့ မဟုတ်မဟတ် လုပ်မယ် ။

မိုးထဲရေထဲကျတော့ ဖင်သနီလန်အောင် ပြေးမယ် ။ အလံဖြူထောင် လက်နက်ချမယ် ။ မြန်မာ့တပ်မတော် သမိုင်းမှာ ကြားတောင် မကြားဖူးဘူး တဲ့ စစ်ခြောက်တွေ အများဆုံး တွေ့နေရတဲ့ ကာလကတော့ ဒီနေ့ကာလပါပဲ ။

အင်းတော်ဖြစ်စဥ် အသံထွက်လာပြီ ။ တမင်ညှိပြီး လက်နက်တွေ ထားခဲ့ကြသတဲ့ ။ ထွက်ပြေးမယ် ရန်မလုပ်နဲ့ဆိုတဲ့ အပေးအယူပေါ့ ။ ရန်သူကတိကို ယုံစားပြီး ထွက်ပြေးလာတဲ့ အချိန် လမ်းတဝက်မှာ ကြက်ကလေး ငှက်ကလေးလို ဖမ်းလိုက်တယ် ။ စောက်ရှက်ခွဲတယ် မင်းတို့ တပ်မတော်ဆိုလား ဒါလားပေါ့ ။


ဖြစ်စဥ်မှန် မမှန်ကတော့ တာဝန်ရှိသူတွေ စုံစမ်းပေါ့လေ ။ မလိုသူတွေ ပြောတာလည်း ဖြစ်ချင်ဖြစ်နိုင်ပေမယ့် ဖြစ်သွားနဲ့ ကြားရတာနဲ့တော့ ကိုက်ညီနေလေရဲ့ ။ ကျက်သရေမရှိတဲ့ တိုင်းမှူးတွေ ၊ ဗျူဟာမှူးတွေ စကား နားထောင်ပြီး ယုံကြည်နေရင်တော့ ထပ်ဖြစ်နေအုံးမှာပဲ ။

ကျက်သရေမရှိတဲ့ တိုင်းမှူး ၊ ဗျူဟာမှူးကို ဘယ်ပေတံနဲ့ ရွေးထုတ်တိုင်းထွာမလဲဆိုရင် PDF နဲ့ သူပုန် ကင်းစင်တဲ့ နေရာအကျယ်အဝန်းနဲ့သာ တိုင်းကြည့် ဘယ်မအေလိုး ဘာဆိုတာ ထင်းကနဲ ထင်းကနဲ......

စစ်သားဂုဏ်ရည် နဲ့ ပြည့်ဝနေတဲ့ စစ်သားတွေကိုပဲ မြတ်နိုးတန်ဖိုးထားပါတယ် ။

ကိုရွှေမျိုးဝင်း
မိုမို
======

ကိုကြီးစိုးဆီက ဖုန်းဝင်လာတယ် ။

'' ငမျိုးရေ မင်းရေးတဲ့ စာတွေ ဖက်ကြည့်ပြီး မေးစရာ ပေါ်လာလို့ ကွ ''

'' ကဲ ကဲ အချွန်နဲ့ ဘယ်လို မ မှာလဲ ပြောဗျာ''

'' အချွန် နဲ့ မ စရာလားကွ အခု သတင်းတွေအရ ဆိုရင် မြေပြင်က တပ်မှူးတွေ အလုပ်မလုပ်ကြတာ ထင်ရှားနေပြီကွာ အဲဒါကို ကစထမှူးများတို့ ၊ ညှိကွပ်တို့ ကနေ နစက အထိ ဘာမှ မလုပ်ကြဘူးလား ကွ အဲဒီ အဆင့်တွေ အဲသလောက် တုံးရသလား ဖြေစမ်းကွာ ''

'' လာပြီ အချွန် နဲ့ မပါပြီ ဗျာ ။ ကဲ ခင်ဗျားကို တိရိစ္ဆာန်ဥယျာဥ်ထဲက ဖြစ်ရပ်မှန်တခု ပြောပြမယ် ''

'' လုပ်စမ်း ကွ ပေါက်တီး ပေါက်ရှာ ''

'' ဆင်လိမ္မာလေး မိုမို ဆိုတာ ကျုပ်တို့ကလေးဘဝကတည်းကနေ အခုထိ သက်ရှိထင်ရှား ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်ကြီးရဲ့ Image ကြီးနော် ''

'' အေးပါ ကလေးတောင် သိတယ်ကွာ အဲဒီ မိုမို ဘာဖြစ်လဲ ''

'' မိုမိုက သူ့ကို ဝန်ထမ်းတွေကအစ ဦးစားပေးတာလည်း သိသဗျ ၊ နေတာကြာလာတော့ ထူးကြိုးလည်း ဖြုတ်တတ်တယ် ''

'' အင်း..''

'' တနေ့ညကြီးမှာ သူ့ဘာသာ ထူးကြိုးဖြုတ်ပြီး ဆင်ခြံရှေ့က ကြံဆိုင်ထဲက ကြံတွေခိုးစားတယ် ပြီးတော့ တိတ်တိတ်လေးပြန်လာပြီး ကျန်တဲ့ တောသားဆင်တွေကို ထူးဖြုတ်ပေးတယ် ၊ ဟိုကောင်တွေက ထူးကြိုးလည်း ပြုတ်ရော ကြံဆိုင်ထဲသွားပြီး ဝူးဝူးဝါးဝါး စားကြပါရော ''

'' ဟိုက်..အစောင့်တွေ မရှိဘူးလား ကွ ''

'' ခပ်ဝေးဝေးမှာ ရှိတဲ့ အစောင့်တွေ ပြေးလာပြီး ဆင်တွေ ထူးပြန်ခတ်ဘာညာလုပ်ကြချိန်မှာတော့ တရားခံ မိုမိုက သူ့နေရာလေးမှာ မျက်လွှာလေးချ ငြိမ်သက်နေလေရဲ့ ''

'' ဟိုက်...ဆင်ထိန်းတွေက မိုမိုပဲ လိမ္မာတယ် ဖြစ်ရောဆိုပါစို့ ''

'' ဟုတ်ပါ့ သူက ဗိုက်ဝအောင် အရင်ဆုံး စားပြီးပြီလေ ။ နောက်တခါ ရှိသေးတယ် ဗျ မိုမို ဆင်လည်ကျပုံက... ''

'' အေး လုပ်စမ်းပါအုံး ''

'' တိရိစ္ဆာန်ဥယျာဥ်ထဲမှာ မြေလာပို့တဲ့ ထော်လာဂျီတစီးက အမှိုက်ကန်ထဲ ကျပြီး မတတ်နိုင်ဖြစ်နေပါရော ''

'' ဒီတော့.... ''

'' ဆင်ထိန်းတွေက မိုမိုကို ခေါ်လာပြီး ဆွဲတင်ပါရော ''

'' ထော်လာဂျီလောက်တော့ ဆင်က အသာလေး ဆွဲတင်လိုက်မှာပေါ့ ''

'' ရမ်း ဖြီးချမနေနဲ့ မိုမိုခမျှာ အင်း..အီးးး နဲ့ ညှစ်ရုန်းနေတာတောင် တုပ်တုပ်မလှုပ်ဘူး ''

'' ဟ ထော်လာဂျီပေါ် သံတွေတင်လာလို့လား ကွ ''

'' ဘာမှ မပါတဲ့ အလွတ်ကြီး အဲဒါကို ဝါရင့် ဆင်ထိန်းကြီး တွေ့သွားတော့ သု့တပည်တွေကို ငေါက်တယ် မအေပေးတွေ တခြားတောသားဆင်တကောင် ခေါ်ခဲ့ မိုမို သမီးလာ ဆိုပြီး ဆင်ခြင်းလဲ ဆွဲတင်ခိုင်းတယ် ''

'' ဒီတော့...''

'' တခြားဆင် ဆွဲတင်လိုက်တာ တခါတည်းနဲ့ ထော်လာဂျီ ကျင်းပေါ် ရောက်လာတာပဲ ''

'' ဘယ်လို ဖြစ်တာလဲကွ မိုမိုက အားမရှိလို့လား ''

'' မဟုတ်ဖူး ဘာမှမလုပ်ရပဲ ဇိမ်ခံနေတာလည်း ကြာပြီ ။ လူရိပ်လူကဲလည်းသိတယ် အပင်ပန်းလည်း မခံချင်လို့ ဟန်ဆောင်ရုန်းပြနေတာလေ ဒါကို ဝါရင့်ဆင်ထိန်းကြီးက သိလို့ ဆင်ခြင်းလဲ ဆွဲခိုင်းမှ အလုပ်ဖြစ်သွားတာ ''

'' သြော် မိုမို လူလည်ကျတာကလည်း ချစ်စရာပါလား ကွ ၊ ကဲ ဆင်ကြောင်းသိပြီ ငါမေးတာ ဖြေပေတော့ ''

'' ခင်ဗျားမေးခွန်းကို မြေပြင်တပ်မှူးတွေနေရာ မိုမိုထားလိုက် ၊ အထက်က ဆင်ခြင်းလဲရမယ့် ဆင်ထိန်းနေရာ လူကြီးတွေထားလိုက် အဖြေကိုယ့်ဘာသာ ကြိုက်သလို ထုတ်ပေတော့ ခင်ဗျားအဖြေ ကျုပ်နဲ့ မဆိုင်ဘူး နော် ''

'' အေးကွ မိုမိုလူလည်ကျတာ ချစ်စရာကောင်းပေမယ့် မြေပြင်တပ်မှူးတွေ လူလည်ကျ အပါးခိုတာ ရွံစရာကွာ ၊ နောက်ပြီး တိရိစ္ဆာန်ဥယျာဥ်က ဝါရင့်ဆင်ထိန်း ဆုံးဖြတ်ချက် မှန်သလောက် လူကြီးတွေက..........ဟေ့ကောင် ငါလည်း မတွေးတတ်တော့ဘူး...မင်း fan တွေ မေးကြည့်အုံး ဖုန်းချ ပြေးပြီဟေ့ ''

ကိုရွှေမျိုးဝင်း
လျှို့ဝှက် အထောက်တော် ဟူသည်
=============================

ဦးနေဝင်းရဲ့ အုပ်ချုပ်ပုံတွေထဲကမှ အင်မတန်အတုယူဖွယ်ကောင်းတဲ့ အုပ်ချုပ်ပုံ စနစ် တခုရှိပါတယ် ။ ဦးနေဝင်းဆီမှာ သူယုံကြည်ပါတယ်ဆိုတဲ့ ထောက်လှမ်းရေး ညွှန်မှူးတွေ ရှိခဲ့ပါတယ် ။ ပထမဆုံးက နာမည်ကျော် နှုတ်ခမ်းမွှေးကြီး မောင်လွင်ပါပဲ ။

သူကလည်း အင်မတန်လက်စောင်းထက်လှပါတယ် ။ သူ့လက်ထက်မှာ ဗိုလ်မှူးချုပ်မောင်မောင် တို့ အုပ်စုက ဦးနုလက်ထဲကနေ အာဏာသိမ်းမယ် ။ လိုအပ်ရင် ဦးနေဝင်းပါ ဖမ်းထားမယ်ဆိုပြီး ကြံစည်ပါတယ် ။

ဦးနေဝင်းဆီ သတင်းပေါက်ပြီး အဖမ်းခံကြရတယ် ။ ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ နောက်ကြောင်းကို နှုတ်ခမ်းမွှေးကြီးအား မလိုက်ခိုင်းပဲ ဦးနေဝင်းက သူ့ရဲ့ သီးသန့် စပယ်ရှယ် အရာရှိတဦးကို လိုက်ခိုင်းပါတယ် ။ အထောက်အထားစုံတော့ တပ်ကထုတ်ပစ်ခဲ့ပါတယ် ။

နောက်တခါ ဦးနေဝင်းက သူ့အတွက် PSO ရှာခိုင်းလို့ နှုတ်ခမ်းမွှေးကြီးက သူ့တပည့် ဗိုလ်ကြီးကျော်စွာမြင့်ကို တာဝန်ပေးတယ် ။ ဗိုလ်ကြီးကျော်စွာမြင့်က ရှမ်း ဗမာ ကပြား ။ ရှမ်းသူပုန်တွေနဲ့ အဆက်အသွယ်ရှိတယ် ။ အဲဒီကတဆင့် ယိုးဒယားနဲ့ ချိတ်ဆက်ပြီး သစ္စာဖောက်တယ် ။

ဧည့်ခံပွဲ တခုမှာ လျှို့ဝှက် စာတမ်းတခုကို ဒေါ်လာ 35000 နဲ့ ယိုးဒယားဆီ ရောင်းစားတယ် ။ သို့သော် နာရီပိုင်းအတွင်း သိသွားပြီး ဗိုလ်ကြီးကျော်စွာမြင့် ထွက်ပြေးရတယ် ။ ယိုးဒယားထိလိုက်ပြီး ဒါးနဲ့ထိုးတာ ဒဏ်ရာပြင်းထန်စွာ ရရှိပေမယ့် မသေဘူး ။ သြစတေးလျားကို ထပ်ပြေးရတယ် ။

ဒီဖြစ်စဥ်မှာ နှုတ်ခမ်းမွှေးကြီး ပါ မပါကို ဦးနေဝင်းရဲ့ အထူးထောက်လှမ်းရေး အရာကြီးက လိုက်ရပြန်တယ် ။ နှုတ်ခမ်းမွှေးကြီး မပါကြောင်း သိရတယ် ။ ဒါပေမယ့် သူ့တပည့်ကြောင့် နှုတ်ခမ်းမွှေးကြီးကို ရာထူးက ပယ်ဖျက်ပြီး ဂျာမဏီသံအမတ်အဖြစ် ပို့လိုက်ကြတယ် ။ နှုတ်ခမ်းမွှေးကြီးက 1959 မှ 1969 ထိ ကြာမြင့်ပါတယ် ။

နှုတ်ခမ်းမွှေးကြီး မရှိတော့ ထောက်လှမ်းရေးကို ဗိုလ်မှူးကြီးချစ်ခင်ကိုင်တယ် ။ သူ အနားယူရတဲ့ သမိုင်းကြောင်းတော့ အသက်အရွယ်အရ ပင်စင်ယူခဲ့တာပါပဲ ။ ဗိုလ်မှူးကြီးချစ်ခင်က 1969 မှ 1977 ထိ ကိုင်တွယ်ခဲ့ပါတယ် ။ ဗိုလ်မှူးကြီးချစ်ခင်နောက် ဆက်ခံသူက နာမည်ကျော် မျက်မှန်ကြီးတင်ဦးပါပဲ ။

မျက်မှန်ကြီးကလည်း အကြံကြီးတယ် ။ မွန်တွေ တနေ့ မြန်မာပြည်ကို အုပ်ချုပ်မယ်ဆိုတဲ့ အကြံနဲ့ ကြိတ်လုပ်နေတယ် ။ သူ့ကို ဦးနေဝင်းက အယုံကြည်ဆုံးလို့ ယူဆထားတယ် ။ အဲဒါ တက်တက်စင် လွဲနေတာ သူမသိဘူး ။

ဦးနေဝင်း အယုံကြည်ဆုံးက လူမသိ သူမသိ နာမည်မထွက်တဲ့ တကိုယ်တော် အရာရှိကြီးပဲ ။ မျက်မှန်ကြီးရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်ထောက်လှမ်းနေတာ သူမသိဘူး ။

ဦးနေဝင်းက သူ့အရိုက်အရာ မှန်းဆလို့ရတဲ့ ရာထူးကို ဗိုလ်မှူးကြီးသောင်းကြည်ကို ပေးမယ်လို့ သတင်းထွက်အောင် လုပ်လိုက်တယ် ။ အဲဒီ အိမ်ရှေ့မင်းသားနေရာ မှန်းနေတဲ့ မျက်မှန်ကြီးက နန်းလုဖို့ ကြံတယ် ။ ဦးသောင်းကြည်ဂေါက်ရိုက်ပြီး သောက်နေကြ အအေးထဲကို အဆိပ်ခတ်ထားတယ် ။

ဦးသောင်းကြည်ဂေါက်ကွင်းထဲတင် သေသွားရတယ် ။ အလောင်းကို ကျကျနန စစ်ဆေးတော့ အဲဒီခေတ်က ထောက်လှမ်းရေးသုံး အဆင့်မြင့် အဆိပ်ဆိုတာ ပေါ်လွင်လာတယ် ။ လူလည်ဦးနေဝင်း သာမန် နှလုံးရောဂါအဖြစ် ကြေညာခိုင်းပြီး သိရှိသူ ဆရာဝန်ကြီး နဲ့ သူ့ရဲ့ အယုံကြည်ရဆုံး အရာရှိကို လျှို့ဝှက်ထားဖို့ မှာကြားတယ် ။

နောက် ထုံးစံအတိုင် သူ့ကိုယ်ပိုင် တကိုယ်တော် ထောက်လှမ်းရေးအရာရှိကို စုံစမ်းခိုင်းတယ် ။ မျက်မှန်ကြီးရဲ့ နောက်ကြောင်းတွေ ၊ အဆက်အသွယ်တွေ ၊ လုပ်ဆောင်ချက်တွေ အကုန်ပေါ်တယ် ။ ဒီတော့ သူ့ကို ထောင်ပါချပစ်လိုက်တယ် ။ နှုတ်ခမ်းမွှေးကြီးက 1977 ကနေ 1984 ထိ တန်ခိုးထွားခဲ့တယ် ။

ဦးနေဝင်းက နောက်ထပ် ထောက်လှမ်းရေးညွှန်မှူး အသစ် ထပ်ရှာတော့ ဦးခင်ညွှန့်ကို ရခဲ့တယ် ။ သူက 1984 ကနေ 2004 ထိ တန်ခိုးထွားခဲ့တယ် ။

ဦးနေဝင်းရဲ့ လူယုံတော်ကို သိသူအလွန်နည်းတယ် ။ တပ်ထဲမှာလည်း နာမည်သိပ်မကြီးပါဘူး ။ အပြင်လူတွေဆို သူ့အရှိန်အဝါကို ဘယ်သူမှ မသိကြဘူး ။ အဲဒီ အရာရှိကြီးက ဗိုလ်မှူးကြီး ခင်ညို တဲ့ ။ သူက 1958 - ကနေ မျက်မှန်ကြီးပြုတ်ပြီးတဲ့အထိ သူ့လက်ရာတွေ တွေ့ရပါတယ် ။ အဲဒီ သက်တော်ရှည် စပိုင်ကြီးက ဦးနေဝင်းရဲ့ လူသူမသိလှတဲ့ လူယုံတော် အပျံစား စပိုင်ကြီးပါပဲ ။

အဲလို စပိုင်မျိုး မွေးမထားနိုင်တဲ့ တိုင်းပြည်ခေါင်းဆောင်ကတော့ အရာရှိ အဆင့်ဆင့်ရဲ့ အလိမ်အညာတွေ အောက်မှာ သမိုင်းမလှ ဖြစ်နေမှာပါပဲ ။ သမိုင်းထဲမှာက ယူတတ်ရင် ပညာချည်းပဲဗျ ။

သူတပါးအမှားက သင်ခန်းစာယူတတ်ရင် လူလိမ္မာ ၊ ကိုယ်တိုင်မှားမှ သင်ခန်းစာယူရင် လူမိုက် ၊ ကိုယ်တိုင်မှားလည်း သင်ခန်းစာမယူနိုင်က ပို၍မိုက်သောသူ တဲ့ ။ တိုင်းပြည်အတွက် လူလိမ္မာခေါင်းဆောင်များ ထွန်းကားပါစေဗျာ ။

ကိုရွှေမျိုးဝင်း
သတင်းကောင်း / ဆိုး
====================

ရွှေဘိုတပ်နယ်မှူး ဦးအောင်အောင် ၊ ဗိုလ်မှူး ကျော်နိုင်မိုး နဲ့ ဗိုလ်ကြီး အေးကျော်မျိုးတို့ အပြောင်းအရွှေ့ထွက် ။ ရန်ကုန်သို့ ပြောင်းရမယ်လို့ ကြားသိရပါတယ် ။

ရွှေဘို တပ်နယ်ရှိ ဂိတ်ပေါင်းစုံမှ တလဝင်ငွေ သိန်း ၂၀၀၀၀ ခန့် လာဘ်ရယူနိုင်ခဲ့ပြီး ယခုအခါ ရန်ကုန်မှာ အိမ် ခြံ မြေ ဝယ်ယူပြီး ဖြစ်နေလို့ ဘယ်ကောင် ဘယ်လောက်အော်အော် စောက်ရေးမလုပ်ဖူး ကွ ဆိုပြီး ကြွေးကြော်နေကြောင်းလည်း ကြားသိရပါတယ် ။

နစက အနေနဲ့ ဒေသခံ ပြည်သူတွေရဲ့ အသံကို ဂရုစိုက်နားထောင်ပေးပြီး သတင်းမှန်ကန်နေလို့ အရေးယူခဲ့တာကို ကျေးဇူးတင်ပါတယ် ။ သို့သော် နေရာပြောင်း စားခိုင်းသလို ဖြစ်နေမှာလည်း တွက်ဆမိပြီး တိုင်းပြည်အတွက် ရင်လေးမိပါတယ် ။

ကြိုက်သလောက် စား ၊ စည်းစိမ်အပြည်နဲ့ အလုပ်ပြုတ်ရုံ အဆင့်တောင် မကြောက်ကြတာ အခုလောက် ပြစ်ဒဏ်ကတော့ ဖင်ဆောင့်ရီနေမှာပါပဲ ။ နောက်လူတွေ အတုခိုးနေမှဖြင့် ခက်ပေါ့လေ ။

ဘာပဲပြောပြော ပြည်သူ့အသံ နားစွင့် အရေးယူမှု တွေ့ရတာကိုကလည်း ဝမ်းသာစရာသတင်းကောင်းပါပဲ ။ အရေးယူမှု ပေါ့တန်နေတာကတော့ သတင်းဆိုးပေါ့ဗျာ ။

ကိုရွှေမျိုးဝင်း
အမှားပြင်ဆင်ချက်
===================

မနေ့က ရွှေဘိုတပ်နယ်မှူးသတင်းက အနည်းငယ် လွဲမှားနေပါတယ် ။ တပ်နယ်မှူး မပြောင်းရသေးပါဘူး သူ့ရဲ့ အောက်က ဗိုလ်မှူးနဲ့ ဗိုလ်ကြီးသာ ပြောင်းမိန့်ကျတာပါတဲ့ ။ သူက ကစထမှူးတပည့်မို့ လို့ သတင်းပေးလာပါတယ် ။ ကျနော် စာဖတ်လျှမ်းသွားတာပါ တောင်းပန်ပါတယ် ။ အခုသတင်းက ပိုဆိုးနေပုံပါပဲ စိတ်မကောင်းပါဘူး ။ တလ သိန်းပေါင်း ၂၀၀၀၀ လောက် လာဘ်စားနေရတော့လည်း ကောင်းကောင်း ဂါနိုင်မှာပေါ့လေ ။

ကိုရွှေမျိုးဝင်း
အမြန်ဆုံး စစ်ဆေးသင့်တဲ့ပြဿနာ
=============================

မင်္ဂလာပါကိုကြီးမျိုး

ကျွန်တော်Fb accအများကြီးပျက်ပျက်ကိုကြီးမျိုးအကောင့်ရအောင်ရှာနေတဲ့သူပါ အဓိကပြောစရာလေး တင်ပြစရာလေးတငိပြပါရစေဗျ
မန်းလေးတိုင်းမန်းလေးမြို့ ၁၉လမ်းကုန်းတန်းလေးရပ်ကွက်ကဆယ်အိမ်မှုးနောင်နောင်ဆိုသူသည် ပြည်သူများအားစစ်မှုထမိးအတွက်၁သောင်းကောက်ခံနေပါတယ် မိမိအိမ်မိမိနေတဲ့သူတွေလဲသန်းခေါင်စာရင်းတိုင်ခိုင်းပါတယ် မန်းလေးကအမကကူညီပေးပါဆိုလို့ပါကိုကြီးမျိုး စားဝတ်နေရေးရုန်းကန်ကြိုးစားနေကြရတဲ့ပြည်သူတွေအတွက်လက်လှမ်းမှီသလောက်ကူညီပေးပါနော် ကိုကြီးမျိုး

မိမိအိမ်နေတဲ့သူတွေဧည့်စာရင်းတိုင်ရပါတယ် အဲဒီအခါ၁၀၀၀ပေးရပါတယ် ဒီနေ့တအိမ်၁သောင်းကောက်ပါတယ် အိမ်တွေပြိုအလုပ်မသွားရ သုံးစရာကမရှိကြ လူတွေဒုက္ခရောက်နေကြပါပြီကိုကြီး

ငလျင်ဘေးကူညီထောက်ပံ့မှုမှာဆယ်အိမ်မှုးနောင်နောင်သည်သူနှင့်နီးစပ်သောသူများ ဆှမြေိုးမြားသာပေးဝပေါကွောငျးကျုကွီးမြိုး
-------------------------------------------------------------

ကဲ ဖတ်သာကြည့်ပေတော့ ။ လူနာမည် ၊ နေရပ်လိပ်စာ ၊ လုပ်ပိုင်ခွင့်က ဆယ်အိမ်ခေါင်း ( နဲတဲ့ ရာထူးကြီးမဟုတ်ဖူး) အတိအကျပါတယ် ။

ဟုတ် မဟုတ်ကတော့ ချက်ခြင်းစုံစမ်းလို့ရပါ့ ။ ရပ်ကွက်ထဲက လူတွေဆီ တယောက်ခြင်း ခေါ်မေးကြည့် ၊ အဖြေမှန်ပေါ်လိမ့်မယ် ။ သူတို့ခမျှာ ဘယ်သူ့ဖအေခေါ်ရမှန်း မသိရှာလို့ ကျနော်တို့လို ဘာမှ မဟုတ်တဲ့သူတွေဆီ အကူညီလာတောင်းနေရှာတာ ။

ငလျင်ဘေးထိနေတာတောင် ဒီလို ရက်စက်နေတာ မှန်ရင်တော့ လူစိတ်မရှိလို့ပဲ ။ တိုင်သူကပဲ ရန်ငြိုးနဲ့ တိုင်သလား ၊ လုပ်သူကပဲ မတော်မတရား လုပ်နေတာ အမှန်လားဆိုတာကတော့ အမှန်အတိုင်း တာဝန်ရှိသူတွေ စစ်ဆေးကြည့်မှ သိရမှာပါပဲ ။

ငလျင်ကိစ္စပါတယ် ၊ စစ်မှုထမ်းကိစ္စပါတယ် ကဲ အမြန်ဆုံး စစ်ဆေးသင့်တဲ့ ပြဿနာလို့ ရှုမြင်ပြီး တင်ပေးလိုက်ပါတယ် ။

ကိုရွှေမျိုးဝင်း
သို့ / တပ်ချုပ်ကြီးခင်ဗျား
=========================

အကိုမျိုးဝင်း ခင်ဗျာ အကြီးစားလှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြီးရဲ့ဒဏ်ကြောင့် မန်းလေးမြို့အနီးတဝိုက်က အဆောက်အဦများ တော်တော်များများထိခိုက်ခံကြရတာပါ ထိုနည်းတူ ရတနာပုံတက္ကသိုလ်သည်လဲ မိန်းတက္ကသိုလ်လောက်မဆိုးရွားပေမဲ့ အဆောက်ဦးများတော်တော်ထိခိုက်ခံရပါတယ် အချို့ပြိုကျပါတယ် ။

ပြိုကျတာကတော့ရှင်းပါတယ် နေထိုင်လို့မရတော့ပါ မရှင်းတာက မပြိုကျပေမဲ့ အောက်ခြေထပ်တွေမှစပြီး အက်ကွဲသွားကြတဲ့အဆောက်ဦးတွေပါ အဲ့ဒီအထဲမှာ တက္ကသိုလ်ဆရာ /ဆရာမ အိမ်ထောင်သည် ဝန်ထမ်းအိမ်ယာများကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိ လူကြီးမင်းများက အင်ဂျင်နီယာများခေါ်စစ်ဆေးစေပြီး ဘာမှမဖြစ်ပါဘူး ပြန်နေလို့ရပါတယ်ဆိုပြီး မိန့်ကြားသည်ဟုသိရပါတယ် ။

အောက်ဆုံးအထပ်က ကျောက်ထုပ်များ အက်ကွဲနေတာကို ဘာမှမဖြစ်ဘူးဆိုပြီး ပြန်နေခိုင်းခြင်းသည် အလှနျအဓိပ်ပါယျမဲ့ တာဝန်မဲ့လုပ်ရပ်မျိုးပါ သူတို့ကို နေခိုင်းရင် နေမလားဟုမေးချင်ပါတယ် ။


ငလျှင်ဇုံကြီးထဲတည်ရှိနေပြီး ခုချိန်ထိ မရပ်သေးပဲ လှုပ်နေသေးသော ငလျှင်များကြားမှာ အက်ကွဲနေသော အဆောက်ဦးပေါ် မည်သို့သော သူရဲကောင်းများက စိတ်ချလက်ချတက်နေရဲကြပါမည်နည်း ။

အဆောက်ဦးထဲမှ ပျက်စီးသွားသော ရေပိုက်လိုင်းများ ရေကန်များမီးကြီုးလိုင်းများကိုလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပြန်ပြင်ခိုင်းနေပါသတဲ့ ။ ရေနစ်နေကြသူများကို ဝါးနဲ့ကူထိုးနေသလိုလုပ်ရပ်ပါ နိုင်ငံပိုင်အဆောက်အဦးကို ဝန်ထမ်းက ကိုယ့်စားရိတ်နဲ့ကိုယ်ပြင်ပြီးနေကြရမတဲ့ ။


ချမ်းသာသူများက ဘာမှမဖြစ်ပေမဲ့ ချို့တဲ့တဲ့ဝန်ထမ်းများက ဘယ်လိုလုပ်ကြပါမည်လဲ အဆမတန်တက်နေတဲ့ ကုန်ဈေးနှုန်း ကြီးကြောင့် စားဝတ်နေရေးတောင် မလောက်ငှကြသော ဝန်ထမ်းများရဲ့ဘဝကို မစာနာသော လူယုတ်မာလူကြီးတွေကို အထက်ကသိအောင် တင်ပြပေးပါခင်ဗျာ ။


(တပ်ချုပ်ကြီးရဲ့မိန့်ခွန်းမှာ အက်ကွဲရာအနည်းငယ်ရှိရင်တောင် အကြီးစားပြင်ဆင်မှုများလုပ်ကြပြီးမှသာ ဝန်ထမ်းများနေထိုင်စေဖို့ ပြောကြားထားတာတွေ့လိုက်ရပါတယ်)

ခွင့်စေ့တဲ့အချိန် အလုပ်ပြန်တက်ကြရင် သက်သေ ဓါတ်ပုံနဲ့တကွ အကိုမျိုးဝင်းဆီကို ပို့ခဲ့ပါမယ် အားကိုးစွာဖြင့် ဆရာ/ဆရာမ များကိုယ်စားပါ ။
-------------------------------------------------------------
ကဲ တပ်ချုပ်ကြီးရဲ့ ညွှန်ကြားချက်က အင်မတန်လေးစားစရာပါပဲ ။ ကွင်းစ ကွင်းပိတ်ထဲက ညွှန်ကြားချက်ကို ဖတ်ပြီး ဝန်ထမ်းတွေခမျှာ ထိုင်ကန်တော့ချင်စိတ်တောင် ပေါက်လောက်ပါတယ် ။

ဒီနေရာမှာ အာမနာတမ်းဝေဖန်ရမယ်ဆိုရင် တပ်ချုပ်ကြီးဆီမှာ အာဏာသာရှိပြီး သြဇာမရှိတာကို ထင်ထင်ရှားရှား မြင်နေရတာပါပဲ ။ သြဇာ ဘာလို့မရှိရတာဆိုတော့ လက်အောက်ငယ်သားတွေက မလေးစားလို့ပါပဲ ။

လက်အောက်ငယ်သားတွေ ဘာလို့ မလေးစားကြသလဲဆိုရင် တပ်ချုပ်ကြီးက အမိန့်ပေးမှု အတိုင်း တကယ်လုပ် မလုပ် ၊ အောင်မြင်သလား မအောင်မြင်ဘူးလား ၊ လိမ်နေသလား ညာနေသလား ဆိုတာ ဘယ်တော့မှ ပြန်မစစ်ဆေးဘူး အပြစ်ပေးဖို့ ဝေးရော ။

ဒီတော့ ဘယ်ဝန်ထမ်း ၊ ဘယ်ဗိုလ်ချုပ်တွေကမှ တပ်ချုပ်ကြီးကို မကြောက်ကြပါဘူး ။ ငါတို့ လိမ်ရင် လွယ်လွယ်လေးရတဲ့ ခေါင်းဆောင်ပါကွာ ။ ခိုင်းလို့ မလုပ်လဲ ဘာမှ မဖြစ်ဖူး ၊ မအောင်မြင်လည်း သူမသိဘူး လုပ်ချင်ရာလုပ်မယ် ဆိုတဲ့ မလေးစားမှုတွေက တပ်ချုပ်ကြီးရဲ့ အဓိက အားနည်းချက်ကြီးပါပဲ ။

အဲဒီ အားနည်းချက်က ရာဇမာန် ၈ ချက်ထဲက အရေးကြီးတဲ့ ...

'' မင်း ဧကရာဇ်တို့သည် ယမမင်းကဲ့သို့ ကျင့်ရာ၏ ''

ဆိုတဲ့ အချက် ချို့တဲ့နေလို့ပါပဲ ။ ယမမင်းတို့မည်သည် ပြစ်ဒဏ်စီရင်ရာမှာ မျက်နှာကြီးငယ်မရွေး ပြစ်မှု ပြစ်ဒဏ်နဲ့ အညီ စီရင်ကြရပါတယ် ။ တာဝန်မကျေသူ ၊ အမိန့်ညွှန်ကြားချက် မလိုက်နာသူတွေကို ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးဖို့ ( လုံလောက်သော အရေအတွက် ၊ လုံလောက်သောပြစ်ဒဏ်) များစွာ ပျက်ကွက်ခဲ့တာ တွေ့ခဲ့ရပါတယ် ။

ကျနော်ကတော့ ဝေဖန်မိပါပြီ ။ တပ်ဖက်က မလေးမစား ပြုမူမှုများကနေ အခုဆို ပညာရေးဝန်ကြီးဌာနလို အရပ်ဘက်ကပါ အမိန့် ညွှန်ကြားချက်အား အရေးမစိုက် ပစ်ပယ်လာနေပါပြီ ။ တက္ကသိုလ်ဆရာများကဲ့သို့သော အဆင့်မြင့် ပညာတတ်များကိုပင် ဂရုမစိုက် ပဲ တပ်ချုပ်ကြီးရဲ့ ညွှန်ကြားချက်ကို ခြေနဲ့ဖျက်နေတဲ့ တက္ကသိုလ်အာဏာပိုင်များအပေါ် ဘာဆက်လုပ်ကြမလဲ စောင့်ကြည့်ရင်း တပ်ချုပ်ကြီးရဲ့ သြဇာကို လေ့လာနေလျှက်.....

ကိုရွှေမျိုးဝင်း
'' ငမျိုးရေ တို့ပြည်သူတွေ လတ်တလော လိုချင်တာ နဲ့ နစက ရဲ့ လုပ်ပေးနိုင်စွမ်းကို သရုပ်ဖော်ပုံလေး တပုံနဲ့ ဥပမာပြအုံးကွ ''

                 ကွီးစိုး

'' ရော့ ကိုယ့်ဘာသာ အဓိပ္ပါယ်ဖွင့် ''

           ကွီးမျိုး
'' ငမျိုး တို့တိုင်းပြည်ကြီး ဒီလောက် စုတ်ပြတ်နေအောင် ဖြစ်သွားရတာ တပ်ချုပ်ကြီး နဲ့ ဒေါ်စုကြည်ကြောင့်လား အခြားဘယ်အချက်တွေ ပါသေးလည်း တဲ့တဲ့ ပြောကြည့် ''

ကွီးစိုး

'' ဒီလိုမျိုး စီးပွားရေးပဲလုပ်ဖို့ အားထုတ်နေကြတဲ့ တာဝန်မဲ့ ဒါမျိုးကြီးတွေကြောင့်လည်း ပါတာပေါ့ဗျာ ''

ကွီးမျိုး

ကိုရွှေမျိုးဝင်း
Ko Myo Win pinned «သဘောကျတဲ့ မန့် ================== ( မနေ့က မန့် တခု သဘောကျလို့ rp အရှည်ကြီး ပြန်တယ် သဘောထားပြီး ဖတ်ကြည့်ပါ) - ဒေါ်စုကြည်လက်ထက်မှာ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ အတတ်ပညာတတ်ကျွမ်းတဲ့ သူတွေမြန်မာပြည်ပြန်လာခဲ့ကြတယ်ဗျ မြန်မာနိုင်ငံမှာအခွင့်အလမ်းတွေပေါ်လာမယ်ဆိုပ…»
အတွေ့အကြုံ တချို့
===================

13 - 4 - 2025 နေ့မှာ မန္တလေးကို ခရီးထွက်ခဲ့ကြပါတယ် ။ ကျောက်ဆည် ရွှေသိမ်တော်ဘုရားကို ဝင်ဖူးကြပါတယ် ။ အမှန်တိုင်းပြောရရင်တော့ ကြားဖူးပြီး မရောက်ဖူးသေးပါဘူး ။

ထူးဆန်းအံ့ဖွယ် စတွေ့ရတာက ရွှေသိမ်တော်မှာ ကပ်နေကြတဲ့ ကန်တော့ပွဲတွေပါပဲ ။ သုံးဖီး ပွဲ ကနေ ၁၀၈ ဖီး ပွဲအထိ ရှိသတဲ့ ။ ကျနော်ညံ့ချက်ကတော့ ၃ ဖီး နဲ့ ၅ ဖီးပဲ တွေ့ဖူးတဲ့ အချက်ပါပဲ 😁😁

ပါလာတဲ့ မိတ်ဆွေတွေက ကန်တော့ပွဲထိုးပြီး လုပ်စရာရှိတာ လုပ်နေကြချိန် လျှောက်ပြီးလေ့လာမိပါတယ် ။ အံမယ် စီစဥ်ထားပုံက မဆိုးဘူးဗျ ကန်တော့ပွဲ စျေးနှုံးတွေကို စနစ်တကျ သတ်မှတ်ထားလေရဲ့ ။ ပိုရောင်းမရအောင် သတ်မှတ်ထားတာပါ ။ ရိုက်စားလုပ်မရတော့ဘူးပေါ့ဗျာ ။ နစက ထက် တော်တဲ့ စားသုံးသူကာကွယ်ရေး စနစ်ပေါ့ဗျာ 😂😂

စာမေးပွဲ ရာသီဆိုရင် ကန်တော့ပွဲတွေက လျှောက်လမ်းတွေထိ များပြားသတဲ့ဗျာ ။ ပါလာတဲ့ တယောက်က ဒါမျိုးလုပ်နေတာ ထေရဝါဒနဲ့ ညီသလားတဲ့ ။ ပြန်ပြောလိုက်ပါတယ် ဘုရားဟောထဲမှာ သူတပါးအား မထိခိုက် မနစ်နာစေသော မိရိုးဖလာ ကိုးကွယ်မှုများအား ဆောင်ရွက်သော်လည်း အကုသိုလ်မဟုတ်လို့ ဆိုထားပါကြောင်း ပြောပြလိုက်ပါတယ် ။

အဲဒီနောက် ဗဟုသုတအဖြစ် ကန်တော့ပွဲမှာ အုန်းသီးနဲ့ ငှက်ပျောသီး ဘာကြောင့် သုံးစွဲနေကြကြောင်း ပြောဖြစ်ပါတယ် ။ မသိသေးတဲ့ သူများလည်း သိနိုင်ပါရန် မျှဝေချင်ပါတယ် ။

ကမ္ဘာလောကကြီးမှာ ပထမဆုံး သီးပင်စားပင်များ စတင်ပေါက်ကြရာမှာ အုန်းပင် ၊ ထန်းပင် ၊ ပေပင် ၊ ကွမ်းသီးပင်တို့ ၄ မျိုးက စတင်ပေါက်ခဲ့ကြပါတယ် ။ အဲဒါကြောင့် ကမ္ဘာဦး သစ်သီး အဖြစ် ဘုရားရှင်အား ကပ်လှူရာမှာ လှပသေသပ်စွာ ပြင်ဆင်လို့ကောင်းတဲ့ အုန်းသီးကို အဓိကထားပြီး ကပ်လှူကြသတဲ့ ။


ကမ္ဘာဦး အသီးအနှံမဟုတ်တဲ့ ငှက်ပျောသီးကတော့ အသီးအနှံအဖြစ်ထက် ဘုရားရှင်အား အုန်းသီးဖြင့် ကပ်လှူရာတွင် လှူဒါန်းသူ၏ လက်နေရာအား အသွင်တူသီးနှံဖြင့် အစားထိုး၍ ကပ်လှူခြင်းကြောင့် ပါဝင်နေခြင်းလို့ သိမှတ်ခဲ့ဖူးပါတယ် ။

မန္တလေး ငလျင်ဒဏ်ခံနေရာများမှ သွားလို့ရတဲ့နေရာ အတော်များများ ၊ စစ်ကိုင်း ၊ ကျောက်ဆည် ၊ ပျော်ဘွယ် ၊ ရမည်းသင်း ၊ ပျဥ်းမနား ၊ နေပြည်တော် တတ်နိုင်သလောက် သွားရောက် စပ်စုခဲ့ကြပါတယ် ။ နာမည်ကျော် လှေခွင်းတောင်လည်း ဝင်ကြပါသေးတယ် ။ မိတ္ထီလာမှ ကူညီခဲ့သော မိတ်ဆွေကြီးကိုလည်း ကျေးဇူးတင်ပါတယ် ။

ငလျင်အပြိုအပျက် အချို့ရဲ့ တွေ့မြင်ရပုံများပိုလည်း နောက်ထပ် တင်ပြပေးပါ့မယ် ။

ကိုရွှေမျိုးဝင်း
မြင်ခဲ့ရသလောက်
=================

မန္တလေးမြို့ထဲက ငလျင်ဒဏ်ခံရတဲ့ နေရာတော်တော်များများကို လျှောက်ကြည့်ကြပါတယ် ။ နာမည်ကြီး စကိုင်းဗီလာဆိုရင် သူ့ဘေးနားမှာ ပြိုကျနေတာ မမြင်ရသလောက်ပါပဲ ။ အဆောက်အဦး အနိမ့်တွေကြောင့် မပြိုတာလည်း ဖြစ်မယ်ထင်ပါတယ် ။

တချို့နေရာတွေမှာ ဘေးနားက တိုက်တွေ ဘာမှ မဖြစ်ပဲ တိုက်တလုံးတည်း ယိုင်ရွဲ့ပြိုကျနေတာလည်း တွေ့ရပါတယ် ။ ဒါမျိုး ပျောက်တိပျောက်ကြား ပြိုကျနေတာ မြို့သစ်ဘက် များပါတယ် ။ ၆၂ လမ်းမကြီး တလျှောက် အတွင်းပိုင်းတွေ မမြင်ရပေမယ့် အပြင်ဖက်ကတော့ ပြိုကျတဲ့ အဆင့် နည်းပါတယ် ။

နောက် ၈၀ ၊ ၈၁ ၊ ၈၂ ၊ ၈၃ ၊ ၈၄ တကျောမှာတော့ လမ်းရဲ့ ဒေါင့်တိုက်တွေ ပြိုကျနေတာ များပါတယ် ။ ကြားထဲမှာ တလုံးထဲပြိုကျနေတာမျိုးဆိုရင် တိုက်အိုတိုက်ဟောင်းတွေ များပါတယ် ။

တွေ့ခဲ့ရတာကတော့ ပြိုကျတဲ့တိုက် ၁၀ လုံးဆိုရင် ၇ လုံးက လမ်းဒေါင့်မှာ တည်ထားတဲ့ တိုက်တွေဖြစ်ပါတယ် ။ လဲပြိုကျတဲ့ အကြောင်းရင်း တချက်က တိုက်အမိုးပေါ်က အုတ်ရေကန်ကြီးတွေ ရဲ့ ရေဘောင်ဘင်ခတ်ပြီး ဆွဲလှဲသလို ဖြစ်ရတဲ့ အချက်ကြောင့်လည်း ပါမယ်လို့ တွက်ဆကြပါတယ် ။

နောက်တချက်က ပြိုလဲမှု အနေအထားအရ လှေကားရှိရာ အခြမ်းဘက်ဆီသို့ ငိုက်ကျလဲပြိုတာတွေလည်း တွေ့ရပါတယ် ။ လှေခါးဝိတ်က ဆွဲလှဲသလား တွေးစရာတွေပါ ။ အပြင်ပန်းက တွေ့ရသလောက် လုံးဝလဲပြိုနေတဲ့ အရေအတွက်က နည်းပါတယ် ။ သူ့ဘေးမှာ မလဲပြိုပဲ လူနေထိုင်လျှက်ရှိတဲ့ တိုက်တွေ တသီတတန်းကြီးလည်း ရှိနေပါတယ် ။

အတွင်းပိုင်း အနာအဆာများတော့ မြင်ခွင့်မရလို့ မသိပါဘူး ။ နောက် စစ်ကိုင်းမှာလည်း ဒီလိုပါပဲ ။ စစ်ကိုင်းမြို့ပေါ်မှာ လူ ၂၀၀ ကျော် သေမယ်လို့ ပြောကြပါတယ် ။ ဗလီပြိုတဲ့နား မေးကြည့်တော့ ဗလီ ၃ လုံး နဲ့ အဲဒီ ရပ်ကွက်ထဲက သေခဲ့ရတဲ့ မွတ်ဆလင်ဘာသာဝင်က ၁၇၀ ကျော်တယ်လို့ သိရပါတယ် ။

ပြန်လာတော့မှ ကျောက်ဆည်ကို ဝင်ကြည့်ပါတယ် ။ ကားလမ်းမတလျှောက် ပြိုကျနေတာ မနည်းလှပါဘူး ။ ဇလုတ်တိုက် ပြိုကျနေတာတော့ မဟုတ်ပါဘူး ဟိုနားတလုံး ဒီနားတလုံးပေါ့ ။

ကူမဲမှာတော့ အပြိုအပျက် သိပ်ပြီး မမြင်ရပါဘူး ။ အဆောက်အဦးတွေကလည်း အမြင့်သိပ်မရှိလို့ ဖြစ်ပါမယ် ။ ထိခိုက်မှု နည်းပါတယ် ။

နာမည်ကျော် ပျော်ဘွယ်ကတော့ ကားလမ်း အရှေ့ဘက်ခြမ်းမှာ စျေးပတ်ချာလည် အပြိုအပျက်များစွာ တွေ့ရပါတယ် ။ အားလုံးနီးပါး ဖြိုချပြီးနေပါပြီ ။ ကားလမ်းမ အနောက်ဘက်ခြမ်းကတော့ အပျက်အစီး အနည်းငယ်ပဲ တွေ့ရပါတယ် ။

ဝမ်းတွင်းမြို့မှာလည်း လမ်းမတလျှောက် အပျက်အဆီး တချို့ မြင်ခဲ့ရပါတယ် ။ ပျဥ်းမနားမြို့ကတော့ အတော်လေး ပျက်ဆီးပါတယ် ။ ရှမ်းကန်ကနေ အရှေ့ဖက် စျေးအနီး ပတ်ချာလည် ပြိုကျနေတာ များစွာ တွေ့ရပါတယ် ။ သူပြိုကျတဲ့ စကေးက မန္တလေးထက် များပါတယ် ။

မန္တလေးက ဘလော့တခုကို တိုက် ၃ / ၄ လုံး ပြိုကျရင် သူက ဘလော့တခုလုံး နီးပါး ပြိုကျခြင်းဖြစ်ပါတယ် ။ လူထူထပ်ရာ စျေးအနီးမို့ ပျော်ဘွယ်လိုပဲ သူလည်း အထိအခိုက်များပါတယ် ။

နေပြည်တော်မှာတော့ သပြေကုန်းစျေး အပျက်အဆီး ပဲ မြင်ခဲ့ရပါတယ် ။ ဝန်ထမ်းလိုင်းခန်းများသို့ မသွားတော့ပဲ မာရဝိဇိယ ဘုရားသွားကြပါတယ် ။ အပြင်ဘက် အုတ်တံတိုင်း အနည်းငယ် အက်နေပါတယ် ။ အတွင်းဘက်မှာတော့ ကတ္တရာလမ်း အချို့နေရာတွေမှာ အက်ရာအချို့ တွေ့ရပါတယ် ။

ဆင်းတုတော်နဲ့ အဆောက်အအုံများ ဘာမှ မဖြစ်ကြပါဘူး ။ နေပြည်တော်ကနေ အမြန်လမ်းတက်ပြီး ပြန်ခဲ့ကြပါတယ် ။ အမြန်လမ်းက မောင်းလို့ရနေပေမယ့် မချောမွေ့သေးပါဘူး ။

တွေ့ခဲ့ရသလောက်ကတော့ မန္တလေးမြို့ကြီး ဗုံးဗုံးလဲပြီ ဘာညာ ဆိုတာ မဟုတ်ပါဘူးဗျာ ။ ဒီပုံစံလောက်ကတော့ နောက် ၃ နှစ်မကြာပါဘူး ပုံမှန်ဖြစ်သွားမှာပါ ။ မန်းသားတို့ အဲသလောက် မညံ့ပါဘူး ။
ဦးကျားကြီးမီး ဆိုတာ တချိန်တုန်းက မြို့နေရာ အတော်များများကို ပြာချပစ်ခဲ့တာပဲလေ ။ ဒါလည်း အချိန်တန်တော့ ပြန်ထလာတာပါပဲ ။

စေတီ ဘုရား ကျောင်းကန်တွေ အတွက်လည်း အချိန်တန်ရင် ပြုပြင်မွမ်းမံ ပူဇော်ကြရင်း ပြန်လည်ကောင်းမွန်သွားကြရမှာပါပဲ ။ သားစဥ်မြေးဆက် ဒီလိုပဲ ပြိုကျလိုက် ပြန်တည်ဆောက်လိုက် လုပ်လာခဲ့ကြလို့ ရွှေတိဂုံ တို့ ရွှေမောဓောတို့ တဆင့်ပြီး တဆင့် ကြည်ညိုဖွယ် တိုးလာကြရတာ မျက်မြင်ပဲလေ ။

လှေခွင်းတောင် မြင်ကွင်း နဲ့ နေပြည်တော် လမ်းလျှောက်သင်္ကြန်ကိုတော့ နောက်တပုဒ်ပေါ့ဗျာ ။

ကိုရွှေမျိုးဝင်း
'' ငမျိုးရေ လူကြီးတွေ လုပ်ခိုင်းနေတာကတော့ ကောင်းတာချည်းပဲ ကွ ၊ မြေပြင်မှာ သောက်တလွဲ ဖြစ်နေကြတာ ဘာကြောင့်လဲ သရုပ်ဖော်ပြအုံးကွ ''

ကွီးစိုး

'' အာရုံက တခြားရောက်နေကြတာလေ လောဘ ရမ္မက်တွေ ကြောင့်ပေါ့ ''

ကွီးမျိုး
စိတ်ဓာတ်သည်သာ
===================

စစ်ရေး နိုင်ငံရေး အားပြိုင်မှု အသီးသီးမှာ မာကျောသိပ်သည်းတဲ့ စိတ်ဓာတ်သည်သာ အရေးကြီးဆုံးပါပဲ ။ စိတ်ဓာတ်ကောင်းတွေ ကျစ်လစ်မာကျော သန်စွမ်းလာဖို့ဆိုတာက စိတ်ဓာတ်စစ်ဆင်ရေးလို့ ခေါ်နေကြတဲ့ မီဒီယာကဏ္ဍက အရေးပါလှပါတယ် ။

မီဒီယာကဏ္ဍမှာ ဝင်ကစားပြီဆိုရင် အကင်းအညှာပါးနပ်ဖို့ အလွန်အရေးကြီးပါတယ် ။ ပထမဆုံး မိမိရဲ့ အမည်ဂုဏ်သိက္ခာအတွက် ခိုင်မာအောင် တည်ဆောက်ကြရပါတယ် ။ လူထုယုံကြည်လာဖို့ အင်မတန်အရေးကြီးပါတယ် ။

ကျနော်တို့ တပ်မတော်ထောက်ခံသူ အချို့ဟာ အကင်းအညှာ ပါးနပ်မှု အားနည်းနေကြပါတယ် ။ စိတ်ခံစားမှု အလွန်အမင်း ဦးစားပေးလေ့ရှိကြပါတယ် ။ တပ်မတော်ကို သိပ်ချစ်လွန်းတော့ တပ်မတော် ခံရပြီ ဆိုတာနဲ့ ရင်နဲ့အမျှ မချိအောင် နာတတ်ကြပါတယ် ။

ဒီနေရာမှာ တာဝန်ရှိသူတွေကို ထိပ်ဆုံးအထိ အမည်တပ် ပေါက်ကွဲ ဆဲဆို ပြစ်တင်ကြတာလည်း အများကြီးပါပဲ ။ ဒါမျိုးက ချစ်လွန်းလို့ ဆဲတယ်လို့ မှတ်ယူရမှာ ဖြစ်ပေမယ့် ဂိတ်ကုန်သွားအောင် လုပ်လို့ မရဘူး ဆိုတာလောက်တော့ သတိထားသင့်ပါတယ် ။

( ထိပ်ဆုံးထိ တက်ဆဲထားတော့ ဘယ်သူက အဲဒီအမှားကို ပြင်ဆင်ဖို့ အမိန့်ပေးတော့မလဲ ဆိုတာ အနုစိတ်စဥ်းစားကြည့်ပေတော့ ။ နတ်နေကိုင်း ချန်ထားရတယ်ဆိုတာ အဲဒီသဘောပါပဲ)

နောက်တမျိုးကတော့ အဘလုပ်သမျှ အကုန်မှန်တယ် ဆိုတဲ့ အုပ်စုပေါ့ ။ သူတို့ကြတော့ ပြည်သူကိုက အရမ်းမယုံရဲတော့ဘူး ။ ပေါက်ကရလုပ်ထားမိလို့ တိုင်းပြည်ပျက်မတတ်ဖြစ်နေကြရတာကို ဇွတ်ဖာနေကြတော့ ဦးဏှောက်ရှိသူတွေက ဘယ်ယုံကြည်ကြပါ့မလဲဗျာ ။ ဒီလို ချန်နယ်ကြတော့ သြဇာမရှိတော့ပြန်ဘူး ။

ဒီကြားထဲမှာ ဆဲစရာရှိရင် ပြတ်ပြတ်သားသားဆဲ ၊ မိမိတတ်စွမ်းသမျှ အကြံဥာဏ်ပေး ၊ ချီးမွှမ်းစရာရှိလည်း လက်မနှေးပဲ ချီးမွှမ်း ၊ ရန်သူကိုတော့ ခေါင်းမဖော်နိုင်အောင် အမြဲဆော်နေရမယ် ။ မိမိအားသာချက်တွေကို ဖော်ထုတ်ပြီး ရန်သူ့စိတ်ဓာတ်ရိုက်ချိုးရမယ် ။ ဒါမျိုးဆိုရင် ပြည်သူ့ယုံကြည်မှုရပြီး မိမိဆောင်ရွက်ချက် အရာထင်ပါလိမ့်မယ် ။

ဒီလိုမျိုး အကင်းပါးပါး ရေးသူ ၊ ပြောသူတွေ အတွက်ကြတော့လည်း ပူးသတ်တံဆိပ်ကပ်ပြီး အခြင်းခြင်း ဖမ်းပါလား ဆီးပါလား နဲ့ ခြောက်တွန်းသူတွေ ပေါ်လာမယ် ၊ မဟုတ်တာလုပ်စားနေတဲ့ အရာရှိတွေ အငြိုးထားပြီး ဒုက္ခပေးကြပါလိမ့်မယ် ။

မြင်သလောက်ပြောရရင် တပ်မတော်ခေါင်းဆောင်တွေကို ဆဲမှ ၊ တပ်မတော်လုပ်သမျှ အားမရ မယုံကြည်ဘူးဆိုတဲ့ မျိုးချစ်တွေက စိတ်ဓာတ်မခိုင်မာမှုကို ပြနေတာလို့ ယူဆမိပါတယ် ။ အများစုက လားရှိုးကိစ္စကတည်းက တပ်မတော်အပေါ် ယုံကြည်မှု ပျက်ပြားသွားကြတာ ခုချိန်ထိပဲ ။

ဒါကလည်း သူတို့ အပြစ်မဟုတ်ပါဘူး ။ တပ်မတော်ကိုကလည်း စုတ်ပြတ်နေအောင် ညံ့ဖျင်းခဲ့ကြတာကို အမ်း နဲ့ နခခ ၅ လို အဖြစ်အပျက်တွေက သက်သေခံထားကြတာကိုးဗျ ။

ပြုပြင်နေတဲ့ တပ်တွင်းကိစ္စတွေ ၊ ပြန်လည်ဖြည့်တင်းနေတဲ့ အင်အားတွေ ၊ ငွေကြေး ၊ လက်နက်ခဲယမ်း ၊ နည်းပညာ ၊ နောက်ခံထောက်ပံ့တိုင်းပြည်များ ၊ အရေးကြီးဆုံးဖြစ်တဲ့ တပ်ဖွဲ့စည်းပုံ နဲ့ စုစည်းမှု ဒီအရာတွေမှာ တပ်မတော်ကသာ အစစ အရာရာ သာလွန်နေတာမို့ အချိန်တန်ရင် အောင်ပွဲဆင်မှာပဲ ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက် ရှိနိုင်ဖို့ ဆိုတာကလည်း လေ့လာနိုင်မှ လေ ။

တပ်မတော်အနေနဲ့ ဆုံးရှုဲးထားတာတှကေို ပြန်ရဖို့ အားထည့်နေမှာပါ ။ အရေးကြီးဆုံးက အောင်မြေ မချဲ့နိုင်တဲ့ မြေပြင် တပ်မှူးတွေကို ရဲရဲအပြစ်ပေး ၊ ရဲရဲထုတ်ပယ်ပစ်ဖို့ပဲ လိုအပ်နေတာပါ ။

စီမံခွင့်ရှိသူဆိုရင်တော့ အင်အားအပြည့် ၁၀၀၀၀ လောက် စုဖွဲ့ထားတဲ့ စစ်ကြောင်းကြီးတွေနဲ့ ( နယ်ခံတပ်တွေ မသုံးဘူး) ဌာနေ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး မြေပြန့်ကို ထိုးစစ်ဆင်မယ် ။ လေကြောင်းအင်အားအပြည့် ၊ ဒရုန်း ၊ တင့် ၊ သံချပ်ကာ သုံးပြီး ရှင်းရှင်းပြတ်ပြတ် နယ်မြေရှင်းမယ် ။

PDF မှန်ရင် အစိတ်သားတောင် မချန်နဲ့ ။ ဗမာအချင်းချင်း လုပ်မနေနဲ့ အဲဒီမအေလိုးတွေ ပတ်ပြီး ဒုက္ခပေးနေတာ ။ ဒေသခံ မြေပြင်တပ်မှုးတွေ စောက်သုံးမကျ အလုပ် မလုပ်လို့ နှိမ်နင်းမရတာပါ ။ တကယ်တိုက်ရင် ဒီကောင်တွေ သီတာယုမွန်ရဲ့ အထက်ဆင်တောင် ကြောက်နေတာပါ ။

အဲလို သောင်းချီစုဖွဲ့ နယ်မြေရှင်းပြီးတာနဲ့ နယ်ခံတပ်တွေကို ရှင်းပြီးသားနယ်မြေ စိုးမိုးခိုင်း ။ PDF ပြန်ထသံကြားတာနဲ့ တပ်နယ်မှူးပါ စည်းစိမ်သိမ်း သေဒဏ်ပေးလိုက်တော့ ။ ဒါမျိုးဆို မြေပြန့်မှာ ပွဲ အမြန်သိမ်းသွားလိမ့်မယ် ။

တိုင်းရင်းသား သူပုန်အတွက် အင်အားရင်းမြစ် ပြတ်တောက်သွားပြီ ဆိုတာနဲ့ အဲဒီ စစ်ကြောင်းကြီးနဲ့ပဲ အင်အားအပြည့် ဝင်ဆောင့်စမ်းပါ ဘယ်မအေလိုးမှ တောင့်မခံနိုင်ပါဘူး ။ အခုဟာက အဲသလို စစ်ဆင်ရေးကို စနစ်တကျ မဆောင်ရွက်ပဲ ငါး ပွက်ရာ ငါးစာချ ဗျူဟာ အစုတ်အပြတ် နဲ့ လုပ်ချင်ယောင်ဆောင်နေလို့ မဖြစ်မြောက်တာပါ ။

ဒီလိုတွေ စိတ်ထဲရှိတာ ရေးနေတော့ စိတ်ဓာတ်မခိုင်တဲ့ သူတွေက လာမန့်ကြပါလိမ့်မယ် ။ '' မထင် '' တို့ '' ဘယ်တော့မှ မလုပ်ဖူး '' တို့ ။
ပါးစပ်ပြည့် ဘောငုံတွေက ပြောလိမ့်မယ် '' မင်း ဝင်တိုက်ပါလား '' တို့ '' သတ္တိရှိရင် သီတာယုမွန် နဲ့ ပေါင်းတိုက်ပါလား '' တို့ ။

စစ်ခြောက်တွေက မန့် လိမ့်မယ် ။ ''လက်တွေ့တိုက်ကြည့်ပါလား '' တို့ '' မင်းက ဘယ်လောက် နားလည်လို့လဲ '' တို့ ။ အဲသလို စစ်ခြောက်တွေကို ပြန်ပြောချင်သဗျ ။ စစ်ကိုသာ နိုင်အောင်တိုက်ကြပါ ကျုပ်တို့လို အရပ်သားတွေ ဘယ်ဝင်ပြောစရာလိုပါ့မလဲ ။ ခင်ဗျားတို့ စောက်သုံးမကျလို့သာ ဒီလိုတွေ ပြောနေရတယ်ဆိုတာ သိဖို့ 😎

- မျိုးချစ်တွေကို ပြောချင်တာက စိတ်ဓာတ်ခိုင်ခိုင်ထားကြပါ အချိန်တန်ရင် တပ်မတော်ကပဲ အောင်ပွဲရပါလိမ့်မယ် ။

- မီဒီယာဆရာများ အကင်းပါးကြပါ ၊ ဘောမ လွန်းရင် ပြည်သူမယုံဘူး ၊ အခြင်းခြင်း ချောက်မတွန်းပါနဲ့

- ဖြဲပြီး လာမန့်နေတဲ့ စစ်ခြောက်ကြီးများ ရန်သူ့အပေါ် ခံချင်နေသလောက် ကိုယ့်ဖက်က ပြည်သူ့အပေါ် မခံချင်ရင် စစ်ကို နိုင်အောင်တိုက်ကြပါ ။

ကိုရွှေမျိုးဝင်း
ပြည်ကြီး ကျက်သရေ
====================

ပထမသတင်းက ရခိုင်သတင်း ။ အများသိပြီးသားမို့ မရေးချင်ပေမယ့် ဇွတ်တောင်းဆိုနေလို့ ရေးပါပြီ ။ ဘင်္ဂလားကတော့ နစက ကို ပေါ်တင်နားရွက် တံတွေးဆွတ်လိုက်ပါပြီ ။ နစက ဘယ်လို တုန့်ပြန်မလဲဆိုတာ နားစွင့်နေရုံပါပဲ ။

ဘင်္ဂလားအစိုးရက အနောက်ကျွန် အစိုးရဖြစ်နေပြီဆိုတာ သတိပြုရပါ့မယ် ။ ဒီလိုမျိုးရန်စခံရတာက ကိုယ့်ဖက်က ရခိုင်အရေးနဲ့ပက်သက်ရင် အခုချိန်ထိ ပျော့စိ ပျော့စိ လုပ်ပြနေတဲ့ သုံးစားမရတဲ့ ပေါ်လစီကြောင့်ပါ ။


ဒါကြောင့် လူမလေး ခွေးမခန့် ဖြစ်နေတာ ကိုယ်စောက်သုံးမကျလို့ ညံ့လို့ဆိုတာကို ရှင်းရှင်းပြတ်ပြတ် လက်ခံလိုက်ပါ ။ ကိုယ့်အားနည်းချက် ပြင်ဆင်ဖို့ အသိဝင်ပါတော့လို့ပဲ အကြံပြုချင်ပါတယ် ။

မခံချင်စိတ်နဲ့ ရခိုင်ကို ပြင်းပြင်းထန်ထန် တိုက်ကြမလား ( အနည်းဆုံး ဆယ်ဂဏန်းမျှသော လေကြောင်းချီ ဗုံးကြဲခြင်းမျိုးအား အဆက်မပျက် ဆောင်ရွက်စေခြင်း) ။ ခံလက်စနဲ့ စောက်တုံးဗျူဟာကြီးအတိုင်း ကုန်းခံနေရင်း တိုင်းပြည်အပဲ့ ခံမလား ဆိုတာ နစက အနေနဲ့ သူ့သမိုင်းသူရေးရမယ့် အချိန်ပါပဲ ။

နောက်ထပ်သတင်းက လားရှိုးသတင်း ။ မြန်မာ့တပ်မတော် လာရှိုးကို နေရာယူပြီ ဘာညာ ပေါ့ ။ ကောင်းပါတယ် အသေအပျောက်မရှိ ပြန်ရတာကတော့ ။ သို့သော် နစကဘက်က သတင်းမထုတ်ပြန်ရဲလောက်အောင် နှုတ်ပိတ်နေတဲ့ အချက်ကဖြင့် ဘဝင်မကျပါဘူး ။ ပြည်သူမသိရတဲ့ မထော်မနန်း အပေးအယူက ဘာလဲပေါ့ ။

တရုတ်ကြောင့် ပြန်ရတယ်လို့ သမိုင်းမှတ်တမ်းတင်ကြရင်း တပ်မတော်ကို ဘောမမယ့် မီဒီယာများက တပ်ချုပ်ကြီးရဲ့ နိုင်ငံရေးစွမ်းရည်ကို ဘောမကြပြီး ၊ ယောကျာ်းစိတ်အပြည့်ရှိသူ အများစုကတော့ တိုက်မယူပဲ မကြေညာရဲတဲ့ အပေးအယူကြောင့် ဘဝင်မကျဖြစ်နေမှာ သေချာပါတယ် ။

ဒီသတင်း ၂ ခုလုံးမှာ နစကရဲ့ အုပ်ချုပ်ရေးစွမ်းရည် ၊ စစ်ရေးစွမ်းရည် ဘယ်လောက်နိမ့်ကျနေကြောင်း ပြသနေပါတယ် ။ နိုင်ငံရေးစွမ်းရည်ကတော့ လာရှိုးဆိုတဲ့ ပြည်ပန်းညိုဟင်းချိုမှာ ဘာမှ မသိရသေးတဲ့ အပေးအယူ သဘောတူညီချက်က ဆားလိုဖျက်နေပါတယ် ။

ဒီတော့ ကျနော့်ရဲ့ ပုဂ္ဂိလိက အမြင်ပြောရမယ်ဆိုရင်တော့ ရခိုင်သတင်း နဲ့ လားရှိုးသတင်း ၂ ခုအတွက် ပြည်ကြီးကြက်သရေယုတ်နိမ့်နေတဲ့ အပိုင်းက များနေပါတယ်လို့ ရှင်းရှင်းပြတ်ပြတ် ပြောချင်ပါတယ် ။

အချိန်မှီချုပ် အစုတ်သက်သာ ဆိုပေမယ့် အစစ အရာရာ ဖင်လေးတဲ့ နစကမို့ မျှော်လင့်ချက်ကြီးကြီးလည်း မထားရဲပေါင် ။

ကိုရွှေမျိုးဝင်း
တာဝန် လုပ်ပိုင်ခွင့် နဲ့ လူစိတ်
==========================

          လမ်းဟောင်းကနေ မန္တလေးမှ ပြန်လာတော့ မိတ္ထီလာအဝင်မှာ စစ်ဆေးရေးဂိတ်က တားတယ် ။ ယဥ်ကျေးစွာပဲ စစ်ဆေးခွင့်တောင်းတယ် ။ ကားနောက်ဖုံးလှပ်ပေးတော့ အိတ်လေးတွေ ဖွင့်ပြပါခင်ဗျာ တဲ့ ။ ဖွင့်ပြလိုက်တော့ အသေအချာစစ်ဆေးပြီး ရပါပြီခင်ဗျာ တာဝန်အရ စစ်ဆေးရတာမို့ ခွင့်လွှတ်ပါလို့ ပြောနေသေးတယ် ။

            ကိုယ်တွေကလည်း ကြိုက်တယ် ငါ့တူတို့ အဲသလို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး လုံခြုံရေးယူနေတာကို ကျေနပ်တယ် ။ ဒါမှ တို့လည်း လုံခြုံတယ်လို့ ခံစားရတယ် ဆိုတော့ ဟုတ်ကဲ့ပါတဲ့ ။ မိတ္ထီလာမှာ အဲသလို ကျကျနန စစ်ဆေးတဲ့ ဂိတ် ၂ ခု တွေ့ခဲ့တယ် ။

           အကြံအဖန်မလုပ်ဘူး မရစ်ဘူး မကျစ်ဘူး ယဥ်ကျေးတယ် ။ အဲသလို တာဝန်ကျရဲဘော်တွေကို ချီးကျူးပါတယ် ။

           Zero မိုင်မှာလည်း အဲသလိုစစ်ဆေးရေး ဆောင်ရွက်နေပါတယ် ။ ထူးခြားတာက ရဲဘော်လေးတွေ တန်းစီ ရပ်နေရင်း သတင်းရထားတဲ့ ကားရှာနေကြဟန်ပါပဲ ။ ဘယ်ကလာလည်း မေးပြီးသွားခိုင်းပါတယ် ။ မရစ်ပါဘူး မကျစ်ပါဘူး ။

                အဲဒါလေးတွေ တွေ့ခဲ့ရပြီး စိတ်ချမ်းသာနေတုန်း မြင်းခြံက ဖုန်းဝင်လာတယ် ။ ကိုမျိုးရေ ဂွေးကုန်းရွာက တပ်မတော် စစ်ဆေးရေးဂိတ်က လာတဲ့ ကားတွေ ချောဆွဲသတဲ့ ။ ပြီးတော့ ငွေ ၄ သိန်း / ၅ သိန်း တောင်းနေကြသတဲ့ ။

             ကဲ မြင်းခြံက လုံခြုံရေးတာဝန်ကျများခင်ဗျ တနေ့က အမှတ် ၁၈ ရက်ကွက်ထဲမှာ PDF က ဒါးမြတိုက်သွားတယ် ။ မြို့အစွန်မဟုတ်ဘူးနော် ၊ ရပ်ကွက်အတွင်းပိုင်း အမှတ် ၁၇ အစပ်နားထိ လာတိုက်သွားတာ ။

            သင်္ကြန်တွင်းကလည်း ဇီးခြံ ၊ ကျောက်ရံ လာတိုက်ကြလို့ ၄၅ မိနစ်လောက် တိုက်ပွဲဖြစ်ခဲ့ကြရတယ် မဟုတ်လား ။ ကိုယ့်စောက်လုပ် ကိုယ့်တာဝန်ကြတော့ ကျေပွန်အောင် မလုပ်ကြဘူး ။ ဒါးမြဆန်ဆန် လုပ်ရပ်တွေကြတော့ လက်ရဲဇတ်ရဲ လုပ်နေကြတယ်နော် ။

             မြို့ပတ်ချာလည် တမိုင်တောင် မရှင်းနိုင်တဲ့ လူညံ့တွေလို့ ခဏခဏ ပြောလည်း စောက်ရှက်မရှိကြဘူး ။ ဒါမျိုးပြည်သူကို နှိပ်စက်နေတာကြတော့လည်း မထိမ်းသိမ်းဘူး ဝေစုမှိန်းယူပြီး မသိဟန်ဆောင်နေကြတဲ့ စစ်ပဲ့တွေ အကြောင်း ကြားရတာကတော့ အကုသိုလ်ပဲ ။

              မိတ္ထီလာအဝင်ဂိတ် နဲ့  Zero မိုင်က တွေ့ခဲ့ရသော ရဲဘော်တွေဆီမှာ လူစိတ် တာဝန်သိစိတ် အပြည့်ရှိနေပါတယ် ။ မြင်းခြံတပ်က အေးဒါးမြတွေဆီကတော့ ခွေးစိတ်ပေါက်နေတာပဲ ကြားသိရကြောင်း မျှဝေလိုက်ရပါတယ် ။

                  ကိုရွှေမျိုးဝင်း