သဘောကျတဲ့ မန့်
==================
( မနေ့က မန့် တခု သဘောကျလို့ rp အရှည်ကြီး ပြန်တယ် သဘောထားပြီး ဖတ်ကြည့်ပါ)
- ဒေါ်စုကြည်လက်ထက်မှာ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ အတတ်ပညာတတ်ကျွမ်းတဲ့ သူတွေမြန်မာပြည်ပြန်လာခဲ့ကြတယ်ဗျ မြန်မာနိုင်ငံမှာအခွင့်အလမ်းတွေပေါ်လာမယ်ဆိုပြီးယူဆပြီးမြန်မာနိုင်ငံမှာပဲခြေချမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ် ။
( ခင်ဗျားပြောတဲ့ နိုင်ငံခြားကပြန်လာတယ်ဆိုတဲ့ ပုဂ္ဂိုလ် ၉၀ % က ဦးသိန်းစိန် လက်ထက်ကတည်းက ပြန်ရောက်နေကြတာပါ ၊ သူ့လက်ထက် ၁၀ % ဆိုတာ အားနာလို့ ချန်ခဲ့တာ သူက သူ့အကိုဝမ်းကွဲ ပြည်ပြေး စိန်ဝင်းကိုတောင် လာပါရစေ ခွင့်တောင်းတာ ခွင့်မပြုခဲ့ပါဘူး လေ့လာပါဗျာ)
- အာဏာလည်းသိမ်းပြီးကော တော်တော်များများ နိုင်ငံခြားပြန်ထွက်သွားကြတယ် နောင်စစ်မှုထမ်းဥပဒေလည်းထွက်တော့ပိုဆိုးကော ။
( ကောင်းပြီ ပြည်ပထွက်ပြေးတဲ့ အများစုက နိုင်ငံရေးနဲ့ မှီပြီး လိပ်ပြာမလုံကြလို့ ထွက်ပြေးကြတယ်ဆိုရင် ခင်ဗျားငြင်းမလား ၊ နောက်တချက် သူတို့က တိုင်းပြည်အတွက် ပြန်လာကြတာ မဟုတ်ပဲ ပါတီအတွက် ပြန်လာသူအချို့ ထွက်ပြေးကြတယ်လို့ စွပ်စွဲပြီး ပါတီလက်စွဲတွေလို့ ပြောရင် ငြင်းမလား...တိုင်းပြည်ကာကွယ်ဖို့ စစ်မှုမထမ်းချင်လို့ ပြည်ပပြေးသတဲ့လား...? ကဲ မှန်းဆကြည့်ပါအုံး 0.001 % ရှိနိုင်မလား 2024 ကာလရဲ့ ပြည်ထွက် မှတ်တမ်း အသက်အပိုင်းအခြား / ကာလရှည် ပညာတော်သင်ဦးရေနှုတ်ကြည့် ကဲ ခင်ဗျားဘာငြင်းအုံးမလဲ)
- ITပိုင်းနဲ့ပတ်သက်ပြီးပြောရရင်NLDလက်ထက်က မြန်မာနိုင်ငံကိုYoutubeကနေ monetization ရအောင်ကြိုးစားနေတဲ့ Companyတစ်ခုရဲ့ Projectဆိုလည်း အာဏာသိမ်းပြီးနောက်ပိုင်း Cancelဖြစ်သွားတယ် အဲ့Projectသာအောင်မြင်ရင် နိုင်ငံတော်က နိုင်ငံခြားဝင်ငွေရရှိနိုင်မယ့်အပြင်မြန်မာနိုင်ငံသားတိုင်းအတွက် အပိုဝင်ငွေအပြင် အသက်မွေးဝမ်းကြောင်းပါပြုလို့နိုင်မယ့်အခွင်အရေးပါ ။
( IT ကတော့ ကျုပ်လည်း မကျွမ်းကြင်ဘူး ခင်ဗျားပြောတဲ့ Youtube ကနေ ဝင်ငွေရအောင်ဆိုတာကလည်း မြန်မာပြည်ကနေ ဂျပန်အကောင့် ယိုးဒယားအကောင့်တွေကနေ ရသူတွေ ရှိတယ်လို့ သိထားပါတယ် ၊ သို့သော် ထင်သလောက် မရဘူးလို့ တင်နေသူတွေလည်း ရှိပါရဲ့ ၊ ဒါ့ထက်နေပါအုံး အဲဒီ ကုမ္ပဏီက တိုင်းပြည်အတွက် ပြည်သူအကျိုးအတွက် လုပ်ပေးမှာလား ပါတီနာမည်ရဖို့ လုပ်နေတာလား မကွဲဘူး မေးပေးစမ်းပါအုံး)
- ကွန်ပျူတာတက္ကသိုလ်က ပါမောက္ခအငြိမ်းစားတစ်ဦး ဦးဆောင်တဲ့ ကွန်ပျူတာကျောင်းသား 50ကျော်ပါဝင်ပြီး AIကို Trainနေတဲ့ Projectလည်းရပ်သွားရတယ် ။
( ဘာလဲ အဲဒီ ပရောဂျက်ကို NLD အစိုးရက တရားဝင်ထောက်ပံ့နေတာ နစက အနေနဲ့ ထောက်ပံ့ကြေးဖြတ်လိုက်လို့လား.. ? ဒါမှ မဟုတ် NLD မအုပ်ချုပ်ရလို့ ဆက်မလုပ်ဘူးကွ ဆိုပြီး ရပ်ပစ်တာလား..? ဒုတိယအဖြေဆိုရင်တော့ အဲသလို ပညာရှင်တွေ လပြွတ်မှ မလိုချင်ဘူး ပါတီကျွန်သက်သက်မို့ ပြည်သူ့ အကျိုးထက် ပါတီအတွက်ပဲလုပ်မယ့် ငတိတွေမို့လို့ပဲ)
- ဒေါ်စုကြည်ကိုထောက်ခံတဲ့သူများတာက ဘာဆေးအစီအရင်နဲ့မှလုပ်ထားတာမဟုတ်ပါဘူးဗျာ သူ့လက်ထက်မှာ နယ်မြေအများစုအေးချမ်းစွာနေခဲ့ရတာရယ် သူ့ကိုနကိုတည်းကချစ်ခင်ကြတာရယ်ကြောင့်ပါ ။
( မှန်တယ် ကျုပ်လည်း ဆေးတွေ အစီရင်တွေ လက်မခံဘူး ၊ အမှန်က ကိုယ်သောက်သုံးမကျလို့ ပျင်းလို့ အဆင်မပြေဖြစ်ကြရတဲ့ ဘဝတွေအတွက် အစိုးရကို လက်ညှိုးထိုး ၊ တပ်မတော်ကို လွှဲချ ရန်တိုက်ပေးနေတဲ့ နိုင်ငံရေးသမားတွေနဲ့ စာရေးဆရာလူယုတ်မာတွေကြောင့် ဒေါ်စုကြည်ကို ထောက်ခံခဲ့ကြတာပဲ ၊၊ နောက်တချက် ဒေါ်စုလက်ထက် ငြိမ်းချမ်းတယ်ဆိုတာ ရှေ့က အာဏာလက်လွတ်သွားတဲ့ တပ်မတော်ရော ပြည်ခိုင်ဖြိုး ပါတီကော အာဏာရူးတွေ မဟုတ်ပဲ ဥပဒေဘောင်အတွင်းမှာ နေခဲ့ကြလို့ပဲ ဆိုရင် ခင်ဗျား ငြင်းအုံးမလား.. ?)
- သူ့သာအသုံးမကျခဲ့ရင် မဲနိုင်ခဲ့မှာမဟုတ်ပါဘူး ။
( အသုံးမကျလို့ မနိုင်လောက်တဲ့ အတွက် မချိမဆန့် မဲခိုးခဲ့လို့ နိုင်တာလေ ။ ဘာလို့ ခိုးသလဲ သိလား..? NLD လက်ထက် ၂ နှစ်အကြာမှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ကြရတယ် ။ သူတို့ ၁၉၉၀ ကတည်းက နိုင်နေကြနေရာ 46.6 % ရှုံးနိမ့်သွားတယ် ။ ဆိပ်ကမ်းမြို့နယ်ကို မဲဆန္ဒနယ်အဖြစ်က ပယ်ဖျက်ခဲ့တဲ့အထိ ယုတ်မာခဲ့တာ သမိုင်းတွေနော် ပြန်ကြည့်အုံး ၊ ထောက်ခံမှု 46.6 % နည်းသွားတာ သွေးပျက်လောက်တဲ့ ပမာဏဆိုတာ နိုင်ငံရေးနားလည်သူတွေ သိပါတယ် ။ အဲဒါကြောင့် ၂၀၂၀ မှာ မဲခိုးကြတာပဲ)
- ဦးမင်းအောင်လှိုင်ကိုမကြိုက်ကျတာက အဓိကက အာဏာသိမ်းလိုက်လို့ပါပဲ ။
( ဦးမင်းအောင်လှိုင်မှ မဟုတ်ဖူး တပ်မတော်ခေါင်းဆောင်ဆိုရင် ဦးနေဝင်း ၊ ဦးစောမောင် ၊ ဦးသန်းရွှေ ခင်ဗျားတို့ ဘယ်တုန်းကမှ မကြိုက်ခဲ့ကြပါဘူး ။ အမှန်က တပ်မတော်ကို အူထဲက မုန်းနေကြတာဗျာ ၊ အာဏာမသိမ်းလဲ တူးတူးခါးခါး မုန်းတီးနေကြလို့ အခွင့်သင့်တိုင်း အပုပ်ချနေကြတာ တိုင်းပြည်တခုလုံး အသိပါ)
- မဲခိုးခဲ့တယ်ဆိုရင်တောင် အာဏာမသိမ်းပဲ NLDကိုပေးအုပ်ချုပ်ခိုင်းကြည့်ပါ ဒီလိုမျိုးတိုင်းပြည်လည်းမပြိုကွဲသလို မြန်မာပြည်သူပြည်သားတွေလည်းသေဆုံးခဲ့ရမှာမဟုတ်ပါဘူး ။

( ရီစရာပြောပြန်ပြီ ။ NLD ကို မဲခိုးလည်း အာဏာပေးလိုက်ပါ ဟုတ်လား..? မခိုးဘူးလို့ ငြင်းမရတော့ဘူးထင်ပါ့ 😂 ။ ကဲ NLD နောက် ၅ နှစ် အုပ်ချုပ်ရင် တိုင်းပြည်မပြိုကွဲဘူးတဲ့ ။ အခု ဖြစ်နေတာက အချိန်တန်ရင် ပြန်ကောင်းလာမှာ သေချာတယ် NLD အုပ်ချုပ်ရင် တိုင်းပြည်နဲ့လူမျိုးပါ စုပေါင်းစပ်ပေါင်းတွေဖြစ်ပြီး လူမျိုးပေါင်းစုံ နိုင်ငံတော် ဖြစ်သွားမှာရမှာ အလွန်သေချာနေတယ် ဗျ)
- NLD စောက်သုံးမကျရင် နောက်ခါမဲပေးချိန်ကျရင် ပြည်သူတွေNLDကိုမဲထည့်ကျမည်ဟု မထင်ပါ ။
( ပြောလေ ခက်လေပဲဗျ ၊ ပြည်သူတွေ မဲထည့်ခြင်း မထည့်ခြင်းကိုက အရေးမကြီးတော့ဘူး ၊ မဲခိုးတာ အာဏာထပ်ပေးကတည်းက လာသမျှ ရွေးကောက်ပွဲ ထာဝရမဲခိုးနေတော့မှာလေ မတွေးတတ်တော့ဘူးလား 😂ဒါကြောင့်လဲ နီတုံး ဖြစ်နေတာကိုးဗျ 😂😂)
- NLDကို အာဏာမပေးစေချင်ရင်တောင် အာဏာမသိမ်းဘဲ ဖြေရှင်းလို့ရတဲ့နည်းတွေရှိပါတယ် ။
( မသိမ်းချင်လို့ပဲ အချိန် ၃ လကျော် ၊ အကြိမ်ရေပေါင်း ၃၀ ကျော် မဲ စာရင်းရှင်းပါလို့ တောင်းဆိုခဲ့တယ် ။ စောက်ရေးမလုပ်ဖူး ။ လွှတ်တော်သက်တမ်း ကျန်သေးလို့ လွှတ်တော်ခေါ်ပြီး ရှင်းဖို့ ကျိုးစားတယ် ခပ်ပြောင်ပြောင်ပဲ မခေါ်ဘူး ။ နောက်ဆုံး တပ်ချုပ်ကိုယ်တိုင် လက်ရေးမူနဲ့ ဖြေရှင်းပေးဖို့ ဒေါ်စုကြည်ဆီကို တိုက်ရိုက်တောင်းဆိုတယ် ၊ သိမ်းချင် အမှိုက်သိမ်းတို့ ၊ ဘာရမလဲ သာဝရယ်တို့ နဲ့ လှောင်ပြောင်ကြတယ် ။ ဒီတော့ ဥပဒေအရလည်း ဖြေရှင်းမပေးတာ NLD ၊ ပုဂ္ဂိုလ်ရေးအရလည်း သောက်ရေးမလုပ်တာ NLD မို့ အားလုံးကို ဂုတ်ဆွဲပြီး ထောင်ထဲထည့်ခဲ့တာ တပ်မတော် လွန်သလား တွေးကြည့် ။ ဒီလိုမျိုး အစောကြီးက လုပ်ရမှာ ၂၀၁၇ ကတည်းက လုပ်ပစ်ရင် ဒါမျိုးဖြစ်မလာဘူးလို့တောင် တွေးမိသေးတယ်)
ကဲ နီတုံးတို့ရဲ့ စိတ်ကူးယဥ် ကောင်းကွက်လေးတွေကို အခုလို ပြောပြရတာ နောင်လာမယ့် လူငယ်တွေ ချင့်ချိန်နိုင်ဖို့ပါပဲ ။ ကျနော်ပြောခဲ့တာတွေ ဟုတ်မဟုတ်ကတော့ ကိုယ့်ဘာသာပြန်လေ့လာပေတော့ဗျာ ။
ကိုရွှေမျိုးဝင်း

နီတုံး တို့ရဲ့ သင်္ချာစွမ်းရည်
======================
ဒီလို အရူးတွေ မြှောက်ပေးတာ အဟုတ်မှတ်နေတဲ့ နီတုံးတွေရဲ့ ပိန်းချက်ကလည်း 9 ++++ ပါ ပဲကွာ ။ စောက်တုံးရေ ဒေါ်လာ 136.88 သန်း ကို တယောက် ၁ သန်း ဝေပေးရင် 137( အနီးစပ်ဆုံး) ယောက်ပဲ ရမှာပေါ့ဟ ၊ နင့်မေလွှား လူဦးရေ သန်း ၅၀ ဘယ်လိုဝေမလဲ သောက်ရူးရဲ့ 😂😂😂😂
ဒါနဲ့များ မျိုးချစ်အုပ်စုကို စာမတတ် ပေမတတ်တဲ့ 😁😁😁

လိမ်လည်မှုဖြင့် ကြွားဝါခြင်းကသာ....?
===============================
ဒီနေ့ တပ်ချုပ်ကြီးကတော် ငလျင်ဒဏ်ခံပြည်သူတွေကို တွေ့ဆုံအားပေးစကားပြောတဲ့ သတင်းကြည့်လိုက်ရပါတယ် ။ ကိုယ်တွေကသာ သာမန်သတင်းအနေနဲ့ ကြည့်မိတာဗျ နီတုံးတွေက အသေးစိတ်ကြည့်တာဗျားးး
တပ်ချုပ်ကြီးကတော် ဘာတွေဝတ်တယ် ၊ ဘယ်အိတ်တွေ ကိုင်တယ် ၊ ဘယ်ဖိနပ်စီးတယ်ကအစ သိနေကြတာကိုးဗျ ။ ဘယ်လောက်တန်တယ် ဘာညာနဲ့ ဖောင်းထုနေကြတာလည်း မြင်မကောင်းဘူးဗျို့ ။
သူက နိုင်ငံတော်ခေါင်းဆောင်ကြီးရဲ့ ဇနီးလေဗျာ ။ အဆင့်အတန်းရှိတဲ့ အသုံးအဆောင်ပဲ ကိုင်တာ ဆန်းသလားဗျ ။
သူ့ထက် ဆန်းတဲ့သူရှိတာ နီတုံးလေးတွေ မေ့နေလေရဲ့ ။ မြန်မာပြည်လာတုန်းက အထုပ်စုတ်လေး နဲ့ ဘာလေးပဲ ပါတယ်ဆိုလား သိခဲ့ရပါတယ် ။ အာဏာလည်း ရသွားရော ဘယ်လောက်တောင် ပိုင်ဆိုင်မှုတွေ များသွားသလဲ လေ့လာသာကြည့်ပေတော့...။
အဲဒါ လူတိုင်းသိကြပြီးသားထားလိုက်တော့ ။ လူတိုင်းမသိတဲ့ လျှို့ဝှက်ချက်တခု ပြောပြမယ် ။ ဒေါ်စုကြည် မိုးကောင်းတုန်းက လည်ပင်းမှာ ဆွဲပြထားတဲ့ သိန်းပေါင်း သောင်းကြီးဂဏန်း တန်ဖိုးရှိတဲ့ လည်ဆွဲကြီးတွေ မြင်ဖူးကြမှာပါ ။
အဲဒီထဲက အချို့လည်ဆွဲတွေရဲ့ ပိုင်ရှင်တယောက်အကြောင်း ပြောပြမယ် ။ အဲဒီ သူဌေးက ပျူခေတ် လက်ဝတ်ရတနာတွေ အများကြီး ပိုင်ဆိုင်တဲ့ သူဌေးပဲ ။ သူကလည်း သူ့အကွက်နဲ့သူ ဒေါ်စုကြည်ကို ခေတ္တဌားရမ်း ပေးဆွဲလိုက်မယ် ။
ဒေါ်စုကြည် ဘယ်ပွဲမှာ ဝတ်ခဲ့တဲ့ ပစ္စည်းဆိုပြီး image တပ်ပြီး အဲဒီ လည်ဆွဲကို ပြန်ရောင်းရင် စျေးနှုံးအမြင့်စားနဲ့ ပြန်ရောင်းစားမယ်ပေါ့ ။ အဲသလိုကြံစည်ပြီး သူပိုင် ရှားပါးပစ္စည်းလေးတွေ ထုတ်ဆင်တာပေါ့ ( ငှားရမ်းတာနော် အပိုင် လက်ဆောင်ပေးတာ မဟုတ်ဘူး ၊ ဥပဒေအရလည်း ပေးလို့မရဘူး)
ဒေါ်စုကြည်ကလည်း ကလေးကလားကြွားစိန်ဆိုတော့ အကုန်ယူတယ် ဆွဲတယ် ။ အံ့သြစရာကောင်းတာက တခုမှ ပြန်မပေးဘူး ။ ပိုင်ရှင်ကလည်း ပေးနိုး ပေးနိုးနဲ့ ပြန်လည်းမတောင်းရဲဘူး ။ ဟိုပွဲ ဝတ်အုံးမှာ ဒီပွဲဆွဲအုံးမှာနဲ့ အကြောင်းပြပြီး ပြန်မပေးတာဗျာ ။
ဒီလိုနဲ့ အဖမ်းသာခံလိုက်ရတယ် ပိုင်ရှင်ခမျှာ သူ့ပစ္စည်းတွေ ပြန်မရတော့ပါဘူး ။ အခုတော့ အဲဒီစိတ်နဲ့ ဘယ်ပွဲမှလည်း မတက်နိုင်တော့ပဲ အိမ်တွင်းပုန်းနေရလေရဲ့ ။
ကဲ တပ်ချုပ်ကြီးကတော် ကိုင်ထားတဲ့ အိတ်က ဒေါ်လာ ၅၀၀၀ တန်လား ၁၀၀၀၀ တန်လားတော့ မသိဘူးနော် ။ အဲဒါက လုပ်သက် နှစ် ၄၀ ကျော် သူ့ယောက်ျားလစာနဲ့ စုဝယ်ရင်တောင် ရနိုင်တယ်လေ ။
ကဲ ကိုယ်ပိုင်မဟုတ်ပဲ ဒေါ်လာ သိန်း / သန်း ချီ တန်ကြေးရှိတဲ့ လည်ဆွဲကြီးတွေကို အပျောက်ရိုက်ထားတဲ့ သောက်ကြွားထူကြီးကိုရော မေ့နေပြီလားလို့ တန်ပြန်မေးလိုက်ချင်ပါရဲ့ ဗျာ ။
( လည်ဆွဲပိုင်ရှင်ကို ရန်ကုန်မြို့က ဒိတ်ဒိတ်ကြဲ သူဌေးအသိုင်းအဝိုင်းက အကုန်သိကြပါတယ် ။ မင်းရေးတာ ယုတ္တိမရှိဘူးဆိုပြီး ကျူးတဲကနေ ထမင်းနပ်မမှန်သူတွေ လာပြောရင်တော့ ရီပဲ ရီနေလိုက်တော့မယ်နော....)

သိလေ ကျေနပ်လေ အေးချမ်းလေ
=============================
အားကြီး၍မှီရာဖြစ်သော ဥပနိဿယပစ္စယော အကြောင်း '' ကုသိုလ် အကုသိုလ်'' ဆိုတဲ့ ပို့စ် မှာ အနည်းငယ်ရေးသားခဲ့ပါတယ် ။ တိုက်ဆိုင်လာလို့ နောက်ထပ်အကြောင်းအရာ တခု ထပ်မံ ပြောချင်လာပြန်ပါတယ် ။
မနေ့က လက်ကိုင်အိတ်အကြောင်း ဖွနေကြလို့ ရေးလိုက်တဲ့ ပို့စ် နဲ့ ပက်သက်ပြီး မန့်အချို့ကြောင့် ဒီအကြောင်းကို အဖြေရှာမိတာပေါ့ဗျာ ။ အဖြေအတော်များများက ရှာတတ်ရင် ၂၄ ပစ္စည်းမှာသာရှာ အကုန်တွေ့တယ်ဗျ ။ ကဲ ဥပနိဿယပစ္စည်းမှာ ဘာပြောထားသလဲဆိုတော့....
၁ ။ ဥတု ဘောဇနံပိ ( ရာသီဥတု နဲ့ စားစရာ)
၂ ။ ပုဂ္ဂလောပိ ( လူပုဂ္ဂိုလ်)
၃ ။ သေနာသနံပိ ( နေရာဌာန)
အဲဒီ ၃ မျိုးသည်လည်း ကုသိုလ် ၊ အကုသိုလ် ဖြစ်စေဖို့ အားကြီးသော မှီရာတွေ အဖြစ် တည်ရှိနေတယ်တဲ့ ။
၁ ။ ရာသီဥတုကြောင့် အကောင်းရော အဆိုးပါ ဖြစ်စေတာ အထူးပြောစရာမလိုပါဘူး ၊ စိုက်ပျိုးရေးနိုင်ငံကိုးဗျ ။ အစားအစာကြောင့် အဆိုးရော အကောင်းရော ဖြစ်နိုင်တာလည်း ပြောစရာကို မလိုတော့ဘူး ရောဂါပေါင်းစုံရဲ့ ဇစ်မြစ်ကအစက အစားအစာကြောင့်ပဲကိုးဗျ ။ ဒါကြောင့် ရာသီဥတု နဲ့ အစားအစာသည် သက်ရှိ သက်မဲ့တို့အတွက် အားကြီးသော မှီရာဖြစ်တယ်လို့ ဆိုထားတာပါ ။
၂ ။ လူပုဂ္ဂိုလ်သည်လည်း အားကြီးသော မှီရာဖြစ်၏ တဲ့ ။ သေဒဏ်ပေးခံရတဲ့သူ သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာ ပေးလို့ရနေတာ သမ္မတဆိုတဲ့ အားကြီးတဲ့ ပုဂ္ဂိုလ်ကြောင့်ပါပဲ ။ ဒီကနေ့ မြန်မာပြည်ရဲ့ ပျက်ဆီးနေရတဲ့ အကြောင်းရင်းက ဒီအချက်ကို မသိကြလို့ပါပဲ ။
တချိန်က လူကြီးတွေရဲ့ မိသားစုတွေထဲမှာ စီးပွားရေး လုပ်ဆောင်ကြတဲ့ လူတွေပါဝင်ခဲ့ပါတယ် ။ ဝန်ကြီးတယောက်ရဲ့ သားက ဆောက်လုပ်ရေးလုပ်ပြီဆိုပါစို့ ။ သူနဲ့ ပက်သက်ရာပက်သက်ကြောင်း လုပ်ငန်းတွေကို သူရသွားမှာပါပဲ ။ ဝန်ကြီးဆိုတဲ့ အားကြီးသော ပုဂ္ဂိုလ်ကိုအမှီပြုပြီး အဲဒီလုပ်ငန်း သူပဲရမှာပါပဲ ။
လုပ်ငန်းအပေါ် စေတနာမရှိဘူး ခိုကပ်မယ် ခိုးမယ် ဝှက်မယ်ဆိုရင်လည်း အဲဒီ အကုသိုလ်တရားကြီးက သံသယာတလျှောက်လုံး သူ့နောက်လိုက်ပြီး အကုသိုလ်အကျိုးပေးနေမှာပါ ။ ဒါကလည်း ပုဂ္ဂိုလ်ကို မှီပြီး ဖြစ်ရတဲ့ တရားသဘောပေါ့ဗျာ ။
အဲဒီ အပေါ်မှာ မနာလိုစိတ်နဲ့ ပြန်ဖွကြတာ လုပ်ငန်းရှင် လူနည်းစု နဲ့ နိုင်ငံရေးသမားတွေပါပဲ ။ စာရေးဆရာတွေကတော့ အရက်လေးတမြမြနဲ့ မစို့မပို့ လာဘ်လာဘရနေတာနဲ့ ဖင်ပြဲအောင် အော်ကြတာပေါ့ဗျာ ။ သာမန် အရပ်သားတွေက အဲလို အခွင့်အရေးမျိုး ပေးခဲ့တောင် မလုပ်နိုင်ကြပါဘူးဗျာ ။ နားလည်း မလည်ကြပါဘူး ။
ဥပမာ သစ်တောလုပ်ကွက် ချပေးတဲ့ ကိစ္စတခုကိုကြည့်ပါ ။ တဧကကို အဲဒီခေတ်က ၅၀၀၀ ကျပ်ပဲ သွင်းရတယ် ။ ဧက တသောင်း ပေးလိုက်ပါပြီ ။ ကနဦး သိန်း ၅၀၀ ရင်းရပြီ ။ သစ်ထုတ်မယ်ဆိုတော့ ခုတ် ၊ ဆွဲ ၊ စုပုံ ကုန်ကျစရိတ် တန် တသောင်းမှာ သိန်း ၃၅၀ ၊ အတင်အချ နဲ့ သယ်ယူစရိတ် သိန်းပေါင်း ၄၂၀၀ ခန့် ကုန်မယ် ။ အလုပ်သမားခ အထွေထွေ ကုန်ကျစရိတ် အနည်းဆုံး သိန်း ၆၀၀၀ လောက် ရင်းရမယ် ။
ရွှေတကျပ်သား ၆ သိန်းခေတ်က ငွေကြေးနော် ။ ကဲ မြန်မာပြည်မှာ အဲသလောက် ရင်းနိုင်တဲ့ သာမန်ပြည်သူ ဘယ်လောက်ရှိနေမယ်ထင်လဲဗျ ။ ပြောချင်တာက ကိုယ်လဲ မလုပ်နိုင်ပါပဲ သွေးထိုးစကားတွေနဲ့ လမ်းဆုံးပြီး မနာလိုစိတ်အခြေခံကာ တော်လှန်နေကြတာကို မြင်တတ်ကြဖို့ပါပဲ ။
ဒီနေ့ တပ်ချုပ်ကြီး သား / သမီး တွေ စီးပွားရေးလုပ်ကြတယ် ။ အခွင့်အရေး သူတို့ ပိုရကြမှာပဲ ။ ကိုယ့်ဘာသာ ရိုးရိုးသားသားတွေးကြည့် ခင်ဗျားတို့ လက်ထဲလုပ်ပိုင်ခွင့်ရထားပြီးရင် တစိမ်း တယောက်နဲ့ ကိုယ့်သားသမီး ဘယ်သူ့ကို ဦးစားပေးမလဲ ဆိုတာ အရိုးသားဆုံး မေးကြည့်ကြလေ ။
ဆိုတော့ကား..ဘဝမှာ ကြီးမားတဲ့ မှီရာပုဂ္ဂိုလ်ရထားတဲ့ သူတွေသည် အဲဒီ ပုဂ္ဂိုလ်ရဲ့ အားကြီးတဲ့ ဥပနိဿယပစ္စည်း သတ္တိကို ရနေကြမှာပါပဲ ။ သူတို့ရဲ့ ပြုမူနေတဲ့ အပြုအမူ အလုပ်အကိုင်တွေကသာလျှင် ကောင်းခြင်း ဆိုးခြင်းအပေါ် မူတည်ပြီး ကုသိုလ် အကုသိုလ် ကံကသာ သူတို့ကို ပြန်ပြီး အကျိုးပေးကြမှာပါပဲ ။
နောက်ဥပမာကြည့်လေ ဇော်ဝေစိုး ၊ ပန်ဆယ်လို ၊ သရဝဏ် (ပြည်) ၊ မင်းကိုနိုင် ၊ မျိုးရန်နောင်သိမ်း တို့ နမူကြည့် ပါ ။ သူတို့ သားမယားတွေ အကုန်လုံး ပြည်ပမှာလေ ။ အေးအေးဆေးဆေး ပညာသင်လိုက် ပျော်လိုက်ပါးလိုက် နေ နေကြရတာလေ ။ ဒီမှာက ခြေပြတ် လက်ပြတ် ခေါင်းတခြား ကိုယ်တခြား ဖြစ်နေကြရတာ အညာတောပိန်းသီး ထန်းရေသောက် မြက်ခြောက်စားနေရတဲ့ လူအ လူမွဲတွေချည်းပဲ ။ အဲဒါ ပုဂ္ဂလောပိ ကွာသွားလို့ပဲ ။
အဲသလို ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယောကို သဘောပေါက်ထားရင် ရင်ထဲက မနာလိုစိတ်တွေ ၊ မကျေနပ်စိတ်တွေ လျော့ပါးသွားပြီး ပေါ့ပါးကြည်လင်လာပါလိမ့်မယ် ။
၃ ။ သေနာသနံပိ ဆိုရာ နေရာအရပ်ကို ပြောတာပါ ။ မိမိနေထိုင်ရာ နေရာအရပ်သည်လည်း အားကြီးသော မှီရာအဖြစ် တည်ရှိပေးနေတယ်လို့ ဆိုပါတယ် ။ ဒါကတော့ ရှင်းပါတယ် ခင်ဗျား ကိုယ့်အိမ်ကနေ တခြားသွားကြည့်ရင်ပဲ သိနေပါပြီ ။ ကိုယ့်ရွာမှာ ကြက်ဖ ၊ သူများရွာမှာ ကြက်မ တို့ ဘီလုံးငှက်ရဲ့ ထယ်ဆံခဲကြားက နေရာတို့ ဆိုတာတွေက

အများသိပြီးသားပါ ။ အဲဒါအားလုံးကို သေနာသနံပိ လို့ ဆိုလိုတာပါ ။
တရားသဘောတွေက. နဲနဲသိရင် နဲနဲကျေနပ်မယ် များများသိရင် များများကျေနပ်ကြရတယ် ဗျ ။ သာမန်လူတွေအတွက် ပိဋကတ် ၃ ပုံအထိ မလိုပါဘူးဗျာ ။ ဓမ္မစင်္ကြာ ၊ အနတ္တလက္ခဏသုတ် နဲ့ ပဌာန်း ၂၄ ပစ္စည်း ကို သဘောပေါက်ရင်ပဲ နှလုံးစိတ်ဝမ်း အေးချမ်းအောင် နေတတ်သွားပါလိမ့်မယ် ။

လဲရင်ပြန်ထ ကျရင်ပြန်တိုက်
=========================
ဆိုင်ကယ်စီး စသင်တော့ ပထမဆုံး ကုန်းထိပ်ကနေ စက်မဖွင့်ပဲ လှိမ့်ချပြီး အကဲစမ်းတယ် ။ လက်ကိုင်သဘောကို သိသွားပြီ ( စက်ဘီးသူရဲလေ လွယ်ပါတယ်) ၊ ဘရိတ်သဘောသိသွားပြီ OK ။ ပြီးတော့ စက်နှိုးနည်း ဂီယာထည့်နည်း သင်တယ် ။
သင်နေရင်း သင်ပေးတဲ့လူကမေးတယ် ဆိုင်ကယ်လဲရင် ဘာလုပ်မလဲတဲ့ ။ မသေဘူး မကျိုးဘူးဆို ပြန်ထပြီး ထပ်စီးမှာပေါ့ကွ ဆိုတော့ အဲဒီစိတ်ဓာတ် နဲ့ ခင်ဗျား သေချာပေါက် စီးတတ်ပြီတဲ့ ။ ၅ မိနစ်အတွင်း ကောင်းကောင်းစီးတန်ခဲ့ပါတယ် ။
ဒီကနေ့ ငလျင်အရေး အကြောင်းပြုပြီး တပ်မတော်က အပစ်ရပ် ကြေညာတယ် ။ ညောင်ကျိုး ၊ ဖလမ်း ၊ အင်းတော် ကို ဝင်တိုက်ကြတယ် ။ ရက်ပေါင်းများစွာ ခုခံခဲ့ကြပေမယ့် ဒီတကြိမ်တော့ အလွယ်တကူပဲ ကျဆုံးကုန်တယ် ။
ဒီသတင်းတွေကို ရေးချင်ပေမယ့် ကိုယ့် သတင်းအမှီပြုပြီး ဆဲကြဆိုကြ နဲ့ လူမြင်မကောင်းလို့ မရေးခဲ့ပါဘူး ။ စစ်ပွဲဆိုတာ ဒီလိုပါပဲ ညံ့ရင်ခံပေါ့ဗျာ ။ ရန်သူကို ယုံကြည်မိလို့ပဲ ဖြစ်ဖြစ် ၊ မြေပြင်တပ်မှူးတွေ ညံ့ဖျင်းလို့ပဲ ဖြစ်ဖြစ် ၊ ထောက်ပံ့မှု မကောင်းဘူးပဲ ဆိုဆို တိုက်ပွဲဖြစ်မှတော့ အနိုင်နဲ့အရှုံးဆိုတာ ခေါင်းနဲ့ပန်းအလားပါပဲ ။
အဓိကကျတာ တိုက်ချင် ခိုက်ချင်စိတ် ပျောက်မသွားဖို့ပဲ အရေးကြီးပါတယ် ။ မြေပြင်မှာ အလုပ် မလုပ်ပဲ ရန်သူအားပေး ငွေရှာနေတဲ့ လောက်ကောင်တွေကို အမြန်ရှင်းပစ်ရပါမယ် ။ မိမိရဲဘော်များ စိတ်ဓာတ်နိုးကြားလာစေရန် အဆိုပါ တာဝန်မကျေသော ၊ အရည်အချင်းမရှိသော တပ်မှူးတွေကို ပြင်းပြင်းထန်ထန် အရေးယူပြဖို့ လိုအပ်နေပါပြီ ။
မတရားသဖြင့် ရှာဖွေထားကြတဲ့ စည်းစိမ်တွေကိုပါ အမြစ်ပြတ်သိမ်းဆည်းတဲ့ ပြစ်ဒဏ်လည်း လူသိထင်ရှား ချမှတ်ပြဖို့ လိုအပ်ပါတယ် ။
မကြာခဏ ပြောနေရတဲ့ တပ်တွင်း အခြောက် နဲ့ လောက် ဖယ်ရှားရေးအတွက် အဟန့်အတား ဖြစ်နေဟန်တူတဲ့ ဖာပေး ကာပေး နေသော အထက်အရာရှိ ဖာသည်အရာရှိကြီးတွေကိုလည်း အရေးယူဖို့ လိုအပ်ပါက ယူသင့်ပါပြီ ။
နားတပေါက် စစ်ဆေးမှုများကြောင့် တပ်မတော်ကြီး ပြိုကွဲသွားနိုင်ပါတယ် ။ ဒီပုံစံမျိုး ဇီးကွက် ပြစ်မှုကျူးလွန်တာကို ဒီးဒုတ်အား စစ်ဆေးခိုင်းပါက တကိုင်းတည်း နားပြီး ညမှ ထွက်ကြတဲ့ သတ္တဝါခြင်းမို့ ဖာ ဖုံး ဖိ အစီရင်ခံစာသာ ထွက်နေမှာပါ ။ ဒီတော့ အမှန်တရားတွေလည်း ကွယ်ပျောက်နေအုံးမှာပါပဲ ။
လဲရင် ပြန်ထမယ့် စိတ်ဓာတ် ၊ ကျရင် ပြန်ချမယ့် စစ်သည်တွေ ရှိနေသရွေ့ ပြတ်သားတဲ့ အမိန့်သာပေးကြပါ ။ အောင်မြင်မှုဆိုတာ မလွဲမသွေ ရလာကြရမှာပါ ။

Tiktok ကို ဘလိန်းအုံးမယ်
=========================
ကျနော်ကျောင်းဆရာ ဘဝတုန်းက ကျောင်းဝန်းထဲမှာ ဆေးလိပ်သောက် ၊ ကွမ်းစားတဲ့ ကျောင်းသားဆို အသေဆော်တယ် ။ ဒီကောင်တွေ လက်ဖက်ရည်ဆိုင်ထဲ ဆေးလိပ်ခိုးသောက်နေတာ ကျနော့်ကို မြင်တော့ လက်အပူခံပြီး စီးကရက်ကို လက်ထဲတင် လုံးခြေမီးသတ်လိုက်တာ မြင်ဖူးတယ် ။ မသိချင်ယောင် ဟန်ဆောင်နေခဲ့တာပါပဲ ။
ရည်ရွယ်ချက်ကိုလည်း မရိုက်ခင်က ရှင်းပြထားပါတယ် ။ မင်းတို့ ဆေးလိပ်သောက် ကွမ်းစားတာ အရေးမကြီးဘူး ။ အငယ်တွေက မင်းတို့ကို အတုခိုးပြီး အဲဒါတွေ လိုက်လုပ်မှာစိုးလို့ ရိုက်တာကွ ဆိုပြီး ဆော်ပစ်တာပဲ ။ ဆရာ့ကျင့်ဝတ်ထဲက မကောင်းတာ တားမြစ်ရမယ့် တာဝန်ရှိတယ်လေ ။
အခုလည်း Tiktok မှာ တက်လာသမျှ အဖိုးမတန်တာတွေရော အဖိုးတန်တာတွေရော တွေ့နေရပါတယ် ။ ကျနော် အူယားအောင် ဖြစ်နေတဲ့ ကိစ္စလေးတွေ ပြောချင်တာလို့ပါ ။
၁ ။ ဓားမကြီး ဆိုတဲ့ ထင်းခွဲသမား အားကောင်းမောင်းသန် ခွဲပြနေတယ် ။ ပုဆိန်ကြီးဆိုလား ပြန်စိန်ခေါ်တယ် ။ ဘေးက Tiktok ရိုက်ပေးတဲ့သူတွေက မြှောက်ပေးကြတယ် ။ သူများတွေက ထင်းတုံးကြီးကို နောက်ကနေ မော်တာနဲ့တွန်းတယ် ရှေ့က ပုဆိန်သွားလိုမျိုး ခံထားတယ် ။ ဖျက်ကနဲ ဖျက်ကနဲ ထင်းခွဲခြမ်းတွေ သက်တောင့်သက်သာလုပ်ပြနေတယ် ။
ဒီမှာက ရူးကြောင်ကြောင် နဲ့ အီးအား ဆိုပြီး ဖင်ထဲက လိပ်ခေါင်းထွက်အောင် ကျောက်ခေတ်လူသားတွေလို လုပ်ပြရင်း ဂုဏ်ဆာနေကြလေရဲ့ ။ ဒီလို ပေါကြောင်ကြောင်လုပ်ရပ်ကို တခါတရံမဟုတ်ဖူး မကြာမကြာ လုပ်ပြနေတာ သောက်လုံးနောက်လာပြီလေ ။
၂ ။ ကွမ်းဘုရင် ဆိုပြီး ကွမ်းယာအရွက် ၂၀ / ၃၀ လောက်ကို တခါတည်းစားပြတယ် ။ ကွမ်း ၃ သောင်းဖိုး တညတည်းစားတာ မလောက်ဖူး နဲ့ ပေါတောတောတွေ လုပ်ပြနေတယ် ။ ကွမ်းစားတာ လူလို မစားပဲ ပြိတ္တာတိရိစ္ဆာန်လို စားပြတာကို ဂုဏ်ယူပြီး ဆိုရှယ်မီဒီယာမှာ စားပြနေတာ ဘာအကျိုးရှိနေပါလိမ့် ။ ကွမ်းပြိုင်စားသေးသတဲ့ သင်္ချိုင်းဆီ အပြေးပြိုင်နေတာ လိုင်းပေါ်တင်သတဲ့ ။
၃ ။ အရက်သောက်တာ ၊ ကြက်တိုက်တာ လိုင်းပေါ်တင် ဂုဏ်ယူနေကြတာတွေကလည်း အံ့သြစရာပါပဲ ။ နောက် သရုပ်ဆောင် အမျိုးသမီးတွေ ဝိုင်သောက်ပြ ၊ ထန်းရေသောက်ပြ ၊ ဘီယာသောက်ပြနဲ့ လုပ်တော့ ဆယ်လီရူးတွေ လိုက်လုပ်ကြ ၊ မူးပြ ရူးပြကြနဲ့ လုပ်ကြပေါ့ မြန်မာပြည်က နဂိုကမှ အရက်သမားတိုင်းပြည် ဖြစ်လို့ ဘဝပျက်နေကြတာ လေ ။
၄ ။ နောက်ထပ် ဘလိန်းချင်တာက တပွဲ ၂၅၀၀ / ၃၀၀၀ လောက်တန်မယ့် မုန့်ဟင်းခါးကို တပွဲ ၁၀၀၀၀ နဲ့ ရောင်းနေတဲ့ ကိစ္စ ။ သူ့ဘာသာ စားနိုင်တဲ့ သူဌေးတွေ စားဖို့ ရောင်းနေကြတာ မှန်ပါတယ် ။ ကိတ်မုန့်တခု ၄၅၀၀၀ တို့ မတ်ပဲကျော် ၅ ခု ၇၀၀၀ တို့ ကြုံဖူးပါတယ် ။
အဲသလို စျေးနှုံး မြင့်မားစွာ ရောင်းကြတဲ့ ဆိုင်တွေ အများကြီးပါ ၊ သူ့အတန်းနဲ့သူ စားကြတာလည်း ရိုးနေပါပြီ ။ ပြောချင်တာက စျေးနှုံးမဟုတ်ဖူး ။ အရောင်းမြှင့်တင်မှုပုံစံကို ပြောချင်တာပါ ။
ယောကျာ်းလေး ငယ်ငယ်ချောချောလေးတွေ အင်္ကျီချွတ် ( အပေါ်ပိုင်း ဗလာနဲ့) စားပွဲထိုးကြတယ် ။ က ပြကြတယ်.. ကြည့်ဖူးတယ်မဟုတ်လား နိုင်ငံခြားက ယောကျာ်းဖာသည်တွေ ကသလိုမျိုး လေ ။
အဲဒါကို လူဂုဏ်ထံအမျိုးသမီးတွေ သားရေတမြှားမြှားနဲ့ သောက်ရှက်မရှိ လိုင်းပေါ်တင် ဂုဏ်ဆာပြနေတာကို မျက်စေ့နောက်လှပါပြီ ။ နာမည်ကြီးလို့ စားဖူးချင်လို့ တခါတရံ စားသောက်သူများကို မဆိုလိုပါဘူး ။ ဆိုရှယ်မီဒီယာမှာ သွားရေတမျှားမျှား တင်နေကြသူများကို ပြောချင်တာပါ ။
သဘာဝတရားကို နားလည်ပါတယ် ။ မ နဲ့ ဖို အပြန်အလှန်တပ်မက်ကြတာကို သဘောကျတယ် ။ ကျုပ်တို့လည်း သင်ဇာဝင့်ကျော်တို့ ၊ အေးမြတ်သူတို့ကို မထော်မနန်းပုံနဲ့ မြင်ရင် ကျိတ်ချင်ကြတာပဲ ။ သို့သော် ဆန္ဒကို သိက္ခာနဲ့ထိမ်းကြရတာပဲလေ ။ သောက်ရှက်မရှိ လူကြားသူကြား ပြောလို့မှ မသင့်တော်တာပဲ ။
အခုဟာက တသောင်းတန် မုန့်ဟင်းခါး စားနိုင်တာ ကြွားချင်လို့ကတမျိုး ၊ အစင်လေးတွေ ဒီလိုငမ်းနေတာ ဆိုပြီး ကိုယ် နှာဗူးထတာကို အရှက်မရှိကြေညာနေတာ တမျိုးနဲ့ မြန်မာ့ယဥ်ကျေးမှုကို ဖျက်ဆီးနေကြသလိုပါပဲ ။
ငွေကြေးပြည့်စုံပြီး အဲသလောက် ရွပိုးထိုးနေကြရင်လည်း ငွေလည်း မကုန် သိက္ခာလည်းမကျ လူလည်း မသိအောင် နှာဗူးထရမယ့် နည်းလမ်း အကြံပေးချင်ပါတယ် ။ အဲဒီ မုန့်ဟင်းခါးဆိုင်နဲ့ မျက်နှာခြင်းဆိုင်က အင်လျားကန်ဘောင်ကိုသွားပါ ။ ထမီ / စကပ် ဖင်ပေါ်ဆွဲလှန်ပြီး လေးဘက်ထောက်ပေးထားလိုက် ဖင်မှာ အလကားပါလို့ စာတမ်းချိတ် OK ပဲ ။

ကျင့်ကြံရမယ့် အာသေဝန
========================
ထပ်ခါ ထပ်ခါ လေ့ကျင့်နေရင် ရုပ်တရားသာမက နာမ်တရားတွေပါ နောက်ထပ်အကြိမ်ကြိမ်ဖြစ်စေ၍ အလေ့အကျင့် ရလာပြီး အင်အားကောင်းစေပါတယ် ။ ဒါကိုပဲ ပါရမီလို့ ဆိုကြမယ်ဗျ ။ လေ့ကျင့်မှု အထုံအရ ဘဝခြားပြီးတောင် သင်ယူလွယ် တတ်မြောက်လွယ်အောင် အာသေဝန ပစ္စည်းက လိုက်ပြီး ကျေးဇူးပြုတာမျိုးပါ ။
ရှေ့ ရှေ့ က ကောင်းမှုကုသိုလ်လုပ်လာရင် နောက်က ထပ်လုပ်မယ့် ကုသိုလ်တရားကို အာသေဝန ဂုဏ်သတ္တိ နဲ့ ကျေးဇူးပြုသတဲ့ ။ ငလျင်ဘေးမှာ ငွေကြေး လှူဒါန်းသူတွေ ၊ လုပ်အားလှူဒါန်းသူတွေကို ကြည့်လိုက်ပါ အရင် ရေဘေး ၊ မီးဘေးတွေ တုန်းကလည်း သူတို့ပဲ အများစုဆိုတာ တွေ့ရပါလိမ့်မယ် ။
အဲဒါ အရင်က ဒါမျိုးဒုက္ခရောက်ရင် ဒီလိုငွေကြေးစုကြရမယ် ၊ ဒီလိုခွဲဝေမျှတလှူဒါန်းရမယ် ၊ ဒီလို လူစုရမယ် ဆိုတဲ့ ရှေ့ကပြုခဲ့တဲ့ ကုသိုလ်ရဲ့ စေ့ဆော်မှု ( အာသေဝန သတ္တိ) ကြောင့် နောက်ထပ်ကုသိုလ်တွေ လုပ်နေကြတာပါ ။
အကုသိုလ်ကလည်း ထိုနည်းလည်းကောင်းပဲ ခင်ဗျ ။ ရှေ့က အရေးအခင်းအစမှာ တော်လှန်ရေး မလုပ်သူတွေကို နှုတ်နဲ့ အရှက်ခွဲ လှောင်ပြောင်တယ် ၊ နောက် ကိုယ်ထိလက်ရောက် ကတုံးတုံးပစ်တာ ၊ တက်တူးထိုးတာ လုပ်ကြတယ် ။
ကြာလာတော့ ခပ်တင်းတင်း ယောကျာ်းတွေကို သတ်ပစ်ကြတယ် ။ နောက် မိန်းမရော ကလေးကော သတ်လာပြီ ။ နောက်ဆုံး ရဟန်းသံဃာပါ မချန်တော့ဘူး အကုန်သတ်တယ် ။ သတ်ရင်းလက်ယဥ်လာတော့ အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်ကြတယ် ။ အရှင်လတ်လတ် မီးရှို့သတ်ကြတယ် ။ အဲဒါ ရှေ့ကလုပ်ခဲ့တဲ့ အကုသိုလ်ရဲ့ နောက်လုပ်မယ့်အကုသိုလ်ကို အာသေဝန သတ္တိနဲ့ ကျေးဇူးပြုနေလို့ပဲ ။
ကောင်းတာတွေ ထပ်ချည်းတလဲလဲ လုပ်နေရင် ကုသိုလ်အကျိုးတွေ ထပ်ခါထပ်ခါ လုပ်မိဖို့ အာသေဝနက တာဝန်ယူပါတယ် ။
ထို့အတူ ရှေ့က အကုသိုလ်လုပ်ရပ်ကို သားကြောမဖြတ်နိုင်ရင် နောက်ထပ် အကုသိုလ်တွေ ထပ်ခါထပ်ခါလုပ်မိဖို့ အာသေဝနကပဲ တာဝန်ထပ်ယူပါလိမ့်မယ် ။ ဆင်ခြင်နိုင်ဖို့ပါပဲ ။
ဒီ အာသေဝနမှာ မြတ်စွာဘုရားကို ပိုမိုကြည်ညိုစေတဲ့ အချက်ရှိပါတယ် ။ ရှေ့က အနန္တရပစ္စည်း တို့ နိဿယပစ္စည်းတို့မှာ ကုသိုလ် ၊ အကုသိုလ် နဲ့ ကုသိုလ်မဟုတ် အကုသိုလ်မဟုတ် ( အဗျာကထာ) ကို သုံးစွဲခဲ့ပါတယ် ။
သို့သော် ဒီ အာသေဝန ပစ္စည်းကြတော့ ကုသိုလ် ၊ အကုသိုလ် ဆိုတာကို ကိရိယာဗျာကထာ နဲ့ တွဲဖက်သုံးထားပါတယ် ။ ကိုယ်တွေကလည်း သာမန်ပုတုဇဥ် ဖွတ်ကြားအဆင့်ဆိုတော့ ကိရိယာဗျာကထာ ဆိုတာ သိချင်လို့ မနည်းလိုက်ရှာရပြန်ပါတယ် ။
ဒီတော့မှ ကိရိယာဗျာကထာဆိုတာ ကုသိုလ်ကံ အကျိုးမပေးတော့တဲ့ စိတ် (ဘုရား ၊ ရဟန္တာတို့မှာသာ ရှိအပ်တဲ့) လို့ သိလိုက်ရပါတယ် ။ ဘုရား ရဟန္တာတို့သည် အကုသိုလ်မလုပ်တော့ပါဘူး ။ လုပ်သမျှသည် ကုသိုလ်စိတ်ချည်း ဖြစ်ပါတယ် ။ သို့သော် နောက်ဘဝမရှိတော့တဲ့ အတွက် ကုသိုလ်အကျိုးပေးဖို့ကလည်း မရှိတော့ပါဘူး ။ အဲဒီ စိတ်ကို ကိရိယာဗျာကထာလို့ သုံးစွဲထားတာပါ ။
ဟုတ်တာပေါ့ဗျာ အဗျာကထာဆိုတာ ကုသိုလ်မှန်းမသိ အကုသိုလ်မှန်းမသိ လုပ်မိလုပ်ရာ လုပ်တဲ့အရာဆိုတော့ အမြဲ လုပ်နေမှာ မဟုတ်ဖူးလေ ။ အမြဲမလုပ်ရင် အာသေဝနက ဘယ်လိုလုပ် အကျိုးပေးပါ့မလဲဗျာ ။
အကျိုးမပေးတော့သော်လည်း ကုသိုလ်စိတ်ချည်း လုပ်နေမယ့် ဘုရား ရဟန္တာတို့သာ အမြဲကျင့်ကြံနေလို့ အာသေဝနက ထပ်ခါထပ်ခါ လုပ်ဖို့ ကျေးဇူးပြုမှာကိုး ။ အဲသလို ပိုင်းခြားသိလိုက်ရတော့ ဘုရားရှင်ရဲ့ ဥာဏ်တော်ကြီးကို ပိုပြီး ကြည်ညိုတတ်လာရပြန်ရောဗျာ ။
ဒါကို စာသင်သား ဓမ္မကထိက ကိုယ်တော်တွေ အလွယ်တကူ သိနိုင်ပေမယ့် သာမန် ဘာသိဘာသာလူတွေ သိဖို့ ခက်လိမ့်မယ်ဗျ ။ ကိုယ်လည်း တချိန်က မသိခဲ့သလို အခုချိန်ထိ မသိသေးသူတွေလည်း ရှိနေမယ် ထင်ပါတယ် ။ အခြင်းခြင်း အသိဖလှယ် မျှဝေတယ်လို့ သဘောထားပါခင်ဗျာ ။ ဆရာကြီးများ ရီနေမှာစိုးလို့ ကြိုပြောထားတာပါ ။
ကဲ မိတ်ဆွေတို့ရေ ကိရိယာဗျာကထာ အဆင့် မဟုတ်ကြပေမယ့် ကုသိုလ်အဆင့် နဲ့ အာသေဝနပစ္စည်းရဲ့ ဂုဏ်သတ္တိယူပြီး အထက်သို့ တက်လှမ်းနိုင်ကြပါစေဗျာ ။

စစ်သား ဂုဏ်ရည်
===================
၁ ။ ။ ၁၇ ရာစုတုန်းက အင်ဒိုနီးရှားကို ဒတ်ချ် ( ယခု ဟော်လန်) ဝင်တိုက်ပြီး သိမ်းပိုက်ကြတယ် ။ ကျွန်းကြီးတကျွန်းပေါ်က လူမျိုးစုက ကလေးသူငယ်က အစ အဖိုးကြီး အဖွားကြီးတွေထိ ပြင်းပြင်းထန်ထန် ရွတ်ရွတ်ချွန်ချွန် ခုခံ တိုက်ခိုက်ခဲ့ကြတယ် ။
အဲဒါကို မြင်ရတဲ့ ဒတ်ချ် စစ်သူကြီးက ကလေးတွေ နဲ့ အမျိုးသမီးတွေရယ် အသက်ကြီးသူတွေရယ် အားလုံးကို မသတ်ရက်တော့ပဲ အသက်ချမ်းသာပေးပြီး သူတို့လူမျိုးစုရဲ့ သူရသတ္တိကို အသိအမှတ်ပြုခဲ့တယ် ။ အဲဒီကျွန်းက လူမျိုးစုကိုလည်း သီးခြားဥပဒေနဲ့ အုပ်ချုပ်ခဲ့ပြီး အခွင့်အရေးတွေ အများကြီးထပ်မံ ပေးခဲ့သတဲ့ ။
၂ ။ ။ နာမည်ကျော် 300 ဆိုတဲ့ ရောမကား ကြည့်ဖူးကြမှာပါ ။ အဲလို သူရဲကောင်းတွေက သမိုင်းမသေဘူး လူတွေရဲ့ ရင်ထဲမှာ အမြဲရှင်သန်နေကြောင်း အဲဒီ ဇာတ်ကားက သက်သေပြနေလေရဲ့ ။
၃ ။ ။ စစ်သူကြီး မဟာဗန္ဓုလ ကို အားလုံး သိကြပါတယ် ။ သူက ဗမာတွေရဲ့ ရင်ထဲက ထာဝရသူရဲကောင်းကြီးပေါ့ဗျာ ။ ဒါနဲ့ သူ့သားကို သိကြသလား .....? စဥ်းစားမရသူတွေ အတွက် ပြောပြအုံးမယ်ဗျာ ။
ဗန္ဓုလ သားက မောင်ကြီးတဲ့ ။ ဒီပဲယင်းမြို့စားအဖြစ် ချီးမြှင့်ပြီး စစ်သည် ၂၀၀၀၀ နဲ့ အတူ ရန်သူကို တိုက်ဖို့ အမိန့်ပေးလိုက်တယ် ။ ရန်သူကို မတိုက်ပဲ အလံဖြူထောင် လက်နက်ချခဲ့တဲ့ ငကြောက်စစ်သူကြီးပေါ့ဗျာ ။ ဒီလို ကျက်သရေမရှိတဲ့ စစ်သူကြီး ဘယ်သူကမှ ရင်ထဲမထားလို့ လူမသေခင် နာမည်သေသွားရတယ် ။ လူသေပြီး အရိုးကျနေလည်း သူ့အပုပ်နံ့က ရနေဆဲပဲ ။
ကဲ ဒီလောက်ဆိုရင် စစ်သားတယောက်အတွက် ဂုဏ်ရည်ဆိုတာ ဘာလဲ သဘောပေါက်လောက်ပါပြီ ။ တပ်ချုပ်ကြီး မိန့်ခွန်းပြောလေ့ရှိတယ် '' လူ့အသက်ထက် ဘာမှ အရေးမကြီးဘူး '' ဆိုတဲ့ စကားက ပြည်သူတွေ အတွက် ရည်ညွှန်းတာ ခင်ဗျ ။
စစ်သည်ရဲမက်အတွက် အသက်ထက် အရေးကြီးတာ အရှက်ဗျ ။ စွမ်းရည်သတ္တိမရှိတာ ၊ ကြံရည်ဖန်ရည် ကင်းမဲ့တာ ၊ သေရမှာကို အလွန်အမင်းကြောက်ရွံတာမျိုးက သိပ်ရှက်စရာကောင်းတဲ့ အသက်ထက် အရေးကြီးတဲ့ အရာပဲ ။
စစ်သားဖြစ်လာပြီး သေရမှာ ကြောက်နေရင် ဘာလို့ စစ်ထဲဝင်လာကြတာလဲ... ? ပြည်သူ့စစ်မှုထမ်း ကလေးတွေလို မဖြစ်မနေ လိုက်ပါရတာမျိုးက ကြားလို့ကောင်းပါသေးတယ် ။ ကြားလိုက်ရရင် စစ်သားရင့်မာ အခြောက်တွေအကြောင်းပဲ ကြားနေရတာ ရင်နာမိပါရဲ့ ။
အနေချောင် ၊ အစားချောင် အချိန်တန်ရင် အရပ်ဘက်ဌာနဆိုင်ရာမှာ ဗိုလ်လုပ် လာဘ်စား ချမ်းသာ ဆိုတဲ့ ကလန်ဒါကျကြီးကို မျှော်မှန်းပြီး စစ်ဗိုလ်ဖြစ်အောင်လုပ်မယ် ။ ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ အထက်ဖားအောက်ဖိပြီး ရာထူးတက်အောင် နည်းမျိုးစုံနဲ့ မဟုတ်မဟတ် လုပ်မယ် ။
မိုးထဲရေထဲကျတော့ ဖင်သနီလန်အောင် ပြေးမယ် ။ အလံဖြူထောင် လက်နက်ချမယ် ။ မြန်မာ့တပ်မတော် သမိုင်းမှာ ကြားတောင် မကြားဖူးဘူး တဲ့ စစ်ခြောက်တွေ အများဆုံး တွေ့နေရတဲ့ ကာလကတော့ ဒီနေ့ကာလပါပဲ ။
အင်းတော်ဖြစ်စဥ် အသံထွက်လာပြီ ။ တမင်ညှိပြီး လက်နက်တွေ ထားခဲ့ကြသတဲ့ ။ ထွက်ပြေးမယ် ရန်မလုပ်နဲ့ဆိုတဲ့ အပေးအယူပေါ့ ။ ရန်သူကတိကို ယုံစားပြီး ထွက်ပြေးလာတဲ့ အချိန် လမ်းတဝက်မှာ ကြက်ကလေး ငှက်ကလေးလို ဖမ်းလိုက်တယ် ။ စောက်ရှက်ခွဲတယ် မင်းတို့ တပ်မတော်ဆိုလား ဒါလားပေါ့ ။
ဖြစ်စဥ်မှန် မမှန်ကတော့ တာဝန်ရှိသူတွေ စုံစမ်းပေါ့လေ ။ မလိုသူတွေ ပြောတာလည်း ဖြစ်ချင်ဖြစ်နိုင်ပေမယ့် ဖြစ်သွားနဲ့ ကြားရတာနဲ့တော့ ကိုက်ညီနေလေရဲ့ ။ ကျက်သရေမရှိတဲ့ တိုင်းမှူးတွေ ၊ ဗျူဟာမှူးတွေ စကား နားထောင်ပြီး ယုံကြည်နေရင်တော့ ထပ်ဖြစ်နေအုံးမှာပဲ ။
ကျက်သရေမရှိတဲ့ တိုင်းမှူး ၊ ဗျူဟာမှူးကို ဘယ်ပေတံနဲ့ ရွေးထုတ်တိုင်းထွာမလဲဆိုရင် PDF နဲ့ သူပုန် ကင်းစင်တဲ့ နေရာအကျယ်အဝန်းနဲ့သာ တိုင်းကြည့် ဘယ်မအေလိုး ဘာဆိုတာ ထင်းကနဲ ထင်းကနဲ......
စစ်သားဂုဏ်ရည် နဲ့ ပြည့်ဝနေတဲ့ စစ်သားတွေကိုပဲ မြတ်နိုးတန်ဖိုးထားပါတယ် ။

မိုမို
======
ကိုကြီးစိုးဆီက ဖုန်းဝင်လာတယ် ။
'' ငမျိုးရေ မင်းရေးတဲ့ စာတွေ ဖက်ကြည့်ပြီး မေးစရာ ပေါ်လာလို့ ကွ ''
'' ကဲ ကဲ အချွန်နဲ့ ဘယ်လို မ မှာလဲ ပြောဗျာ''
'' အချွန် နဲ့ မ စရာလားကွ အခု သတင်းတွေအရ ဆိုရင် မြေပြင်က တပ်မှူးတွေ အလုပ်မလုပ်ကြတာ ထင်ရှားနေပြီကွာ အဲဒါကို ကစထမှူးများတို့ ၊ ညှိကွပ်တို့ ကနေ နစက အထိ ဘာမှ မလုပ်ကြဘူးလား ကွ အဲဒီ အဆင့်တွေ အဲသလောက် တုံးရသလား ဖြေစမ်းကွာ ''
'' လာပြီ အချွန် နဲ့ မပါပြီ ဗျာ ။ ကဲ ခင်ဗျားကို တိရိစ္ဆာန်ဥယျာဥ်ထဲက ဖြစ်ရပ်မှန်တခု ပြောပြမယ် ''
'' လုပ်စမ်း ကွ ပေါက်တီး ပေါက်ရှာ ''
'' ဆင်လိမ္မာလေး မိုမို ဆိုတာ ကျုပ်တို့ကလေးဘဝကတည်းကနေ အခုထိ သက်ရှိထင်ရှား ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်ကြီးရဲ့ Image ကြီးနော် ''
'' အေးပါ ကလေးတောင် သိတယ်ကွာ အဲဒီ မိုမို ဘာဖြစ်လဲ ''
'' မိုမိုက သူ့ကို ဝန်ထမ်းတွေကအစ ဦးစားပေးတာလည်း သိသဗျ ၊ နေတာကြာလာတော့ ထူးကြိုးလည်း ဖြုတ်တတ်တယ် ''
'' အင်း..''
'' တနေ့ညကြီးမှာ သူ့ဘာသာ ထူးကြိုးဖြုတ်ပြီး ဆင်ခြံရှေ့က ကြံဆိုင်ထဲက ကြံတွေခိုးစားတယ် ပြီးတော့ တိတ်တိတ်လေးပြန်လာပြီး ကျန်တဲ့ တောသားဆင်တွေကို ထူးဖြုတ်ပေးတယ် ၊ ဟိုကောင်တွေက ထူးကြိုးလည်း ပြုတ်ရော ကြံဆိုင်ထဲသွားပြီး ဝူးဝူးဝါးဝါး စားကြပါရော ''
'' ဟိုက်..အစောင့်တွေ မရှိဘူးလား ကွ ''
'' ခပ်ဝေးဝေးမှာ ရှိတဲ့ အစောင့်တွေ ပြေးလာပြီး ဆင်တွေ ထူးပြန်ခတ်ဘာညာလုပ်ကြချိန်မှာတော့ တရားခံ မိုမိုက သူ့နေရာလေးမှာ မျက်လွှာလေးချ ငြိမ်သက်နေလေရဲ့ ''
'' ဟိုက်...ဆင်ထိန်းတွေက မိုမိုပဲ လိမ္မာတယ် ဖြစ်ရောဆိုပါစို့ ''
'' ဟုတ်ပါ့ သူက ဗိုက်ဝအောင် အရင်ဆုံး စားပြီးပြီလေ ။ နောက်တခါ ရှိသေးတယ် ဗျ မိုမို ဆင်လည်ကျပုံက... ''
'' အေး လုပ်စမ်းပါအုံး ''
'' တိရိစ္ဆာန်ဥယျာဥ်ထဲမှာ မြေလာပို့တဲ့ ထော်လာဂျီတစီးက အမှိုက်ကန်ထဲ ကျပြီး မတတ်နိုင်ဖြစ်နေပါရော ''
'' ဒီတော့.... ''
'' ဆင်ထိန်းတွေက မိုမိုကို ခေါ်လာပြီး ဆွဲတင်ပါရော ''
'' ထော်လာဂျီလောက်တော့ ဆင်က အသာလေး ဆွဲတင်လိုက်မှာပေါ့ ''
'' ရမ်း ဖြီးချမနေနဲ့ မိုမိုခမျှာ အင်း..အီးးး နဲ့ ညှစ်ရုန်းနေတာတောင် တုပ်တုပ်မလှုပ်ဘူး ''
'' ဟ ထော်လာဂျီပေါ် သံတွေတင်လာလို့လား ကွ ''
'' ဘာမှ မပါတဲ့ အလွတ်ကြီး အဲဒါကို ဝါရင့် ဆင်ထိန်းကြီး တွေ့သွားတော့ သု့တပည်တွေကို ငေါက်တယ် မအေပေးတွေ တခြားတောသားဆင်တကောင် ခေါ်ခဲ့ မိုမို သမီးလာ ဆိုပြီး ဆင်ခြင်းလဲ ဆွဲတင်ခိုင်းတယ် ''
'' ဒီတော့...''
'' တခြားဆင် ဆွဲတင်လိုက်တာ တခါတည်းနဲ့ ထော်လာဂျီ ကျင်းပေါ် ရောက်လာတာပဲ ''
'' ဘယ်လို ဖြစ်တာလဲကွ မိုမိုက အားမရှိလို့လား ''
'' မဟုတ်ဖူး ဘာမှမလုပ်ရပဲ ဇိမ်ခံနေတာလည်း ကြာပြီ ။ လူရိပ်လူကဲလည်းသိတယ် အပင်ပန်းလည်း မခံချင်လို့ ဟန်ဆောင်ရုန်းပြနေတာလေ ဒါကို ဝါရင့်ဆင်ထိန်းကြီးက သိလို့ ဆင်ခြင်းလဲ ဆွဲခိုင်းမှ အလုပ်ဖြစ်သွားတာ ''
'' သြော် မိုမို လူလည်ကျတာကလည်း ချစ်စရာပါလား ကွ ၊ ကဲ ဆင်ကြောင်းသိပြီ ငါမေးတာ ဖြေပေတော့ ''
'' ခင်ဗျားမေးခွန်းကို မြေပြင်တပ်မှူးတွေနေရာ မိုမိုထားလိုက် ၊ အထက်က ဆင်ခြင်းလဲရမယ့် ဆင်ထိန်းနေရာ လူကြီးတွေထားလိုက် အဖြေကိုယ့်ဘာသာ ကြိုက်သလို ထုတ်ပေတော့ ခင်ဗျားအဖြေ ကျုပ်နဲ့ မဆိုင်ဘူး နော် ''
'' အေးကွ မိုမိုလူလည်ကျတာ ချစ်စရာကောင်းပေမယ့် မြေပြင်တပ်မှူးတွေ လူလည်ကျ အပါးခိုတာ ရွံစရာကွာ ၊ နောက်ပြီး တိရိစ္ဆာန်ဥယျာဥ်က ဝါရင့်ဆင်ထိန်း ဆုံးဖြတ်ချက် မှန်သလောက် လူကြီးတွေက..........ဟေ့ကောင် ငါလည်း မတွေးတတ်တော့ဘူး...မင်း fan တွေ မေးကြည့်အုံး ဖုန်းချ ပြေးပြီဟေ့ ''

လျှို့ဝှက် အထောက်တော် ဟူသည်
=============================
ဦးနေဝင်းရဲ့ အုပ်ချုပ်ပုံတွေထဲကမှ အင်မတန်အတုယူဖွယ်ကောင်းတဲ့ အုပ်ချုပ်ပုံ စနစ် တခုရှိပါတယ် ။ ဦးနေဝင်းဆီမှာ သူယုံကြည်ပါတယ်ဆိုတဲ့ ထောက်လှမ်းရေး ညွှန်မှူးတွေ ရှိခဲ့ပါတယ် ။ ပထမဆုံးက နာမည်ကျော် နှုတ်ခမ်းမွှေးကြီး မောင်လွင်ပါပဲ ။
သူကလည်း အင်မတန်လက်စောင်းထက်လှပါတယ် ။ သူ့လက်ထက်မှာ ဗိုလ်မှူးချုပ်မောင်မောင် တို့ အုပ်စုက ဦးနုလက်ထဲကနေ အာဏာသိမ်းမယ် ။ လိုအပ်ရင် ဦးနေဝင်းပါ ဖမ်းထားမယ်ဆိုပြီး ကြံစည်ပါတယ် ။
ဦးနေဝင်းဆီ သတင်းပေါက်ပြီး အဖမ်းခံကြရတယ် ။ ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ နောက်ကြောင်းကို နှုတ်ခမ်းမွှေးကြီးအား မလိုက်ခိုင်းပဲ ဦးနေဝင်းက သူ့ရဲ့ သီးသန့် စပယ်ရှယ် အရာရှိတဦးကို လိုက်ခိုင်းပါတယ် ။ အထောက်အထားစုံတော့ တပ်ကထုတ်ပစ်ခဲ့ပါတယ် ။
နောက်တခါ ဦးနေဝင်းက သူ့အတွက် PSO ရှာခိုင်းလို့ နှုတ်ခမ်းမွှေးကြီးက သူ့တပည့် ဗိုလ်ကြီးကျော်စွာမြင့်ကို တာဝန်ပေးတယ် ။ ဗိုလ်ကြီးကျော်စွာမြင့်က ရှမ်း ဗမာ ကပြား ။ ရှမ်းသူပုန်တွေနဲ့ အဆက်အသွယ်ရှိတယ် ။ အဲဒီကတဆင့် ယိုးဒယားနဲ့ ချိတ်ဆက်ပြီး သစ္စာဖောက်တယ် ။
ဧည့်ခံပွဲ တခုမှာ လျှို့ဝှက် စာတမ်းတခုကို ဒေါ်လာ 35000 နဲ့ ယိုးဒယားဆီ ရောင်းစားတယ် ။ သို့သော် နာရီပိုင်းအတွင်း သိသွားပြီး ဗိုလ်ကြီးကျော်စွာမြင့် ထွက်ပြေးရတယ် ။ ယိုးဒယားထိလိုက်ပြီး ဒါးနဲ့ထိုးတာ ဒဏ်ရာပြင်းထန်စွာ ရရှိပေမယ့် မသေဘူး ။ သြစတေးလျားကို ထပ်ပြေးရတယ် ။
ဒီဖြစ်စဥ်မှာ နှုတ်ခမ်းမွှေးကြီး ပါ မပါကို ဦးနေဝင်းရဲ့ အထူးထောက်လှမ်းရေး အရာကြီးက လိုက်ရပြန်တယ် ။ နှုတ်ခမ်းမွှေးကြီး မပါကြောင်း သိရတယ် ။ ဒါပေမယ့် သူ့တပည့်ကြောင့် နှုတ်ခမ်းမွှေးကြီးကို ရာထူးက ပယ်ဖျက်ပြီး ဂျာမဏီသံအမတ်အဖြစ် ပို့လိုက်ကြတယ် ။ နှုတ်ခမ်းမွှေးကြီးက 1959 မှ 1969 ထိ ကြာမြင့်ပါတယ် ။
နှုတ်ခမ်းမွှေးကြီး မရှိတော့ ထောက်လှမ်းရေးကို ဗိုလ်မှူးကြီးချစ်ခင်ကိုင်တယ် ။ သူ အနားယူရတဲ့ သမိုင်းကြောင်းတော့ အသက်အရွယ်အရ ပင်စင်ယူခဲ့တာပါပဲ ။ ဗိုလ်မှူးကြီးချစ်ခင်က 1969 မှ 1977 ထိ ကိုင်တွယ်ခဲ့ပါတယ် ။ ဗိုလ်မှူးကြီးချစ်ခင်နောက် ဆက်ခံသူက နာမည်ကျော် မျက်မှန်ကြီးတင်ဦးပါပဲ ။
မျက်မှန်ကြီးကလည်း အကြံကြီးတယ် ။ မွန်တွေ တနေ့ မြန်မာပြည်ကို အုပ်ချုပ်မယ်ဆိုတဲ့ အကြံနဲ့ ကြိတ်လုပ်နေတယ် ။ သူ့ကို ဦးနေဝင်းက အယုံကြည်ဆုံးလို့ ယူဆထားတယ် ။ အဲဒါ တက်တက်စင် လွဲနေတာ သူမသိဘူး ။
ဦးနေဝင်း အယုံကြည်ဆုံးက လူမသိ သူမသိ နာမည်မထွက်တဲ့ တကိုယ်တော် အရာရှိကြီးပဲ ။ မျက်မှန်ကြီးရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်ထောက်လှမ်းနေတာ သူမသိဘူး ။
ဦးနေဝင်းက သူ့အရိုက်အရာ မှန်းဆလို့ရတဲ့ ရာထူးကို ဗိုလ်မှူးကြီးသောင်းကြည်ကို ပေးမယ်လို့ သတင်းထွက်အောင် လုပ်လိုက်တယ် ။ အဲဒီ အိမ်ရှေ့မင်းသားနေရာ မှန်းနေတဲ့ မျက်မှန်ကြီးက နန်းလုဖို့ ကြံတယ် ။ ဦးသောင်းကြည်ဂေါက်ရိုက်ပြီး သောက်နေကြ အအေးထဲကို အဆိပ်ခတ်ထားတယ် ။
ဦးသောင်းကြည်ဂေါက်ကွင်းထဲတင် သေသွားရတယ် ။ အလောင်းကို ကျကျနန စစ်ဆေးတော့ အဲဒီခေတ်က ထောက်လှမ်းရေးသုံး အဆင့်မြင့် အဆိပ်ဆိုတာ ပေါ်လွင်လာတယ် ။ လူလည်ဦးနေဝင်း သာမန် နှလုံးရောဂါအဖြစ် ကြေညာခိုင်းပြီး သိရှိသူ ဆရာဝန်ကြီး နဲ့ သူ့ရဲ့ အယုံကြည်ရဆုံး အရာရှိကို လျှို့ဝှက်ထားဖို့ မှာကြားတယ် ။
နောက် ထုံးစံအတိုင် သူ့ကိုယ်ပိုင် တကိုယ်တော် ထောက်လှမ်းရေးအရာရှိကို စုံစမ်းခိုင်းတယ် ။ မျက်မှန်ကြီးရဲ့ နောက်ကြောင်းတွေ ၊ အဆက်အသွယ်တွေ ၊ လုပ်ဆောင်ချက်တွေ အကုန်ပေါ်တယ် ။ ဒီတော့ သူ့ကို ထောင်ပါချပစ်လိုက်တယ် ။ နှုတ်ခမ်းမွှေးကြီးက 1977 ကနေ 1984 ထိ တန်ခိုးထွားခဲ့တယ် ။
ဦးနေဝင်းက နောက်ထပ် ထောက်လှမ်းရေးညွှန်မှူး အသစ် ထပ်ရှာတော့ ဦးခင်ညွှန့်ကို ရခဲ့တယ် ။ သူက 1984 ကနေ 2004 ထိ တန်ခိုးထွားခဲ့တယ် ။
ဦးနေဝင်းရဲ့ လူယုံတော်ကို သိသူအလွန်နည်းတယ် ။ တပ်ထဲမှာလည်း နာမည်သိပ်မကြီးပါဘူး ။ အပြင်လူတွေဆို သူ့အရှိန်အဝါကို ဘယ်သူမှ မသိကြဘူး ။ အဲဒီ အရာရှိကြီးက ဗိုလ်မှူးကြီး ခင်ညို တဲ့ ။ သူက 1958 - ကနေ မျက်မှန်ကြီးပြုတ်ပြီးတဲ့အထိ သူ့လက်ရာတွေ တွေ့ရပါတယ် ။ အဲဒီ သက်တော်ရှည် စပိုင်ကြီးက ဦးနေဝင်းရဲ့ လူသူမသိလှတဲ့ လူယုံတော် အပျံစား စပိုင်ကြီးပါပဲ ။
အဲလို စပိုင်မျိုး မွေးမထားနိုင်တဲ့ တိုင်းပြည်ခေါင်းဆောင်ကတော့ အရာရှိ အဆင့်ဆင့်ရဲ့ အလိမ်အညာတွေ အောက်မှာ သမိုင်းမလှ ဖြစ်နေမှာပါပဲ ။ သမိုင်းထဲမှာက ယူတတ်ရင် ပညာချည်းပဲဗျ ။
သူတပါးအမှားက သင်ခန်းစာယူတတ်ရင် လူလိမ္မာ ၊ ကိုယ်တိုင်မှားမှ သင်ခန်းစာယူရင် လူမိုက် ၊ ကိုယ်တိုင်မှားလည်း သင်ခန်းစာမယူနိုင်က ပို၍မိုက်သောသူ တဲ့ ။ တိုင်းပြည်အတွက် လူလိမ္မာခေါင်းဆောင်များ ထွန်းကားပါစေဗျာ ။

သတင်းကောင်း / ဆိုး
====================
ရွှေဘိုတပ်နယ်မှူး ဦးအောင်အောင် ၊ ဗိုလ်မှူး ကျော်နိုင်မိုး နဲ့ ဗိုလ်ကြီး အေးကျော်မျိုးတို့ အပြောင်းအရွှေ့ထွက် ။ ရန်ကုန်သို့ ပြောင်းရမယ်လို့ ကြားသိရပါတယ် ။
ရွှေဘို တပ်နယ်ရှိ ဂိတ်ပေါင်းစုံမှ တလဝင်ငွေ သိန်း ၂၀၀၀၀ ခန့် လာဘ်ရယူနိုင်ခဲ့ပြီး ယခုအခါ ရန်ကုန်မှာ အိမ် ခြံ မြေ ဝယ်ယူပြီး ဖြစ်နေလို့ ဘယ်ကောင် ဘယ်လောက်အော်အော် စောက်ရေးမလုပ်ဖူး ကွ ဆိုပြီး ကြွေးကြော်နေကြောင်းလည်း ကြားသိရပါတယ် ။
နစက အနေနဲ့ ဒေသခံ ပြည်သူတွေရဲ့ အသံကို ဂရုစိုက်နားထောင်ပေးပြီး သတင်းမှန်ကန်နေလို့ အရေးယူခဲ့တာကို ကျေးဇူးတင်ပါတယ် ။ သို့သော် နေရာပြောင်း စားခိုင်းသလို ဖြစ်နေမှာလည်း တွက်ဆမိပြီး တိုင်းပြည်အတွက် ရင်လေးမိပါတယ် ။
ကြိုက်သလောက် စား ၊ စည်းစိမ်အပြည်နဲ့ အလုပ်ပြုတ်ရုံ အဆင့်တောင် မကြောက်ကြတာ အခုလောက် ပြစ်ဒဏ်ကတော့ ဖင်ဆောင့်ရီနေမှာပါပဲ ။ နောက်လူတွေ အတုခိုးနေမှဖြင့် ခက်ပေါ့လေ ။
ဘာပဲပြောပြော ပြည်သူ့အသံ နားစွင့် အရေးယူမှု တွေ့ရတာကိုကလည်း ဝမ်းသာစရာသတင်းကောင်းပါပဲ ။ အရေးယူမှု ပေါ့တန်နေတာကတော့ သတင်းဆိုးပေါ့ဗျာ ။

အမှားပြင်ဆင်ချက်
===================
မနေ့က ရွှေဘိုတပ်နယ်မှူးသတင်းက အနည်းငယ် လွဲမှားနေပါတယ် ။ တပ်နယ်မှူး မပြောင်းရသေးပါဘူး သူ့ရဲ့ အောက်က ဗိုလ်မှူးနဲ့ ဗိုလ်ကြီးသာ ပြောင်းမိန့်ကျတာပါတဲ့ ။ သူက ကစထမှူးတပည့်မို့ လို့ သတင်းပေးလာပါတယ် ။ ကျနော် စာဖတ်လျှမ်းသွားတာပါ တောင်းပန်ပါတယ် ။ အခုသတင်းက ပိုဆိုးနေပုံပါပဲ စိတ်မကောင်းပါဘူး ။ တလ သိန်းပေါင်း ၂၀၀၀၀ လောက် လာဘ်စားနေရတော့လည်း ကောင်းကောင်း ဂါနိုင်မှာပေါ့လေ ။

အမြန်ဆုံး စစ်ဆေးသင့်တဲ့ပြဿနာ
=============================
မင်္ဂလာပါကိုကြီးမျိုး
ကျွန်တော်Fb accအများကြီးပျက်ပျက်ကိုကြီးမျိုးအကောင့်ရအောင်ရှာနေတဲ့သူပါ အဓိကပြောစရာလေး တင်ပြစရာလေးတငိပြပါရစေဗျ
မန်းလေးတိုင်းမန်းလေးမြို့ ၁၉လမ်းကုန်းတန်းလေးရပ်ကွက်ကဆယ်အိမ်မှုးနောင်နောင်ဆိုသူသည် ပြည်သူများအားစစ်မှုထမိးအတွက်၁သောင်းကောက်ခံနေပါတယ် မိမိအိမ်မိမိနေတဲ့သူတွေလဲသန်းခေါင်စာရင်းတိုင်ခိုင်းပါတယ် မန်းလေးကအမကကူညီပေးပါဆိုလို့ပါကိုကြီးမျိုး စားဝတ်နေရေးရုန်းကန်ကြိုးစားနေကြရတဲ့ပြည်သူတွေအတွက်လက်လှမ်းမှီသလောက်ကူညီပေးပါနော် ကိုကြီးမျိုး
မိမိအိမ်နေတဲ့သူတွေဧည့်စာရင်းတိုင်ရပါတယ် အဲဒီအခါ၁၀၀၀ပေးရပါတယ် ဒီနေ့တအိမ်၁သောင်းကောက်ပါတယ် အိမ်တွေပြိုအလုပ်မသွားရ သုံးစရာကမရှိကြ လူတွေဒုက္ခရောက်နေကြပါပြီကိုကြီး
ငလျင်ဘေးကူညီထောက်ပံ့မှုမှာဆယ်အိမ်မှုးနောင်နောင်သည်သူနှင့်နီးစပ်သောသူများ ဆှမြေိုးမြားသာပေးဝပေါကွောငျးကျုကွီးမြိုး
-------------------------------------------------------------
ကဲ ဖတ်သာကြည့်ပေတော့ ။ လူနာမည် ၊ နေရပ်လိပ်စာ ၊ လုပ်ပိုင်ခွင့်က ဆယ်အိမ်ခေါင်း ( နဲတဲ့ ရာထူးကြီးမဟုတ်ဖူး) အတိအကျပါတယ် ။
ဟုတ် မဟုတ်ကတော့ ချက်ခြင်းစုံစမ်းလို့ရပါ့ ။ ရပ်ကွက်ထဲက လူတွေဆီ တယောက်ခြင်း ခေါ်မေးကြည့် ၊ အဖြေမှန်ပေါ်လိမ့်မယ် ။ သူတို့ခမျှာ ဘယ်သူ့ဖအေခေါ်ရမှန်း မသိရှာလို့ ကျနော်တို့လို ဘာမှ မဟုတ်တဲ့သူတွေဆီ အကူညီလာတောင်းနေရှာတာ ။
ငလျင်ဘေးထိနေတာတောင် ဒီလို ရက်စက်နေတာ မှန်ရင်တော့ လူစိတ်မရှိလို့ပဲ ။ တိုင်သူကပဲ ရန်ငြိုးနဲ့ တိုင်သလား ၊ လုပ်သူကပဲ မတော်မတရား လုပ်နေတာ အမှန်လားဆိုတာကတော့ အမှန်အတိုင်း တာဝန်ရှိသူတွေ စစ်ဆေးကြည့်မှ သိရမှာပါပဲ ။
ငလျင်ကိစ္စပါတယ် ၊ စစ်မှုထမ်းကိစ္စပါတယ် ကဲ အမြန်ဆုံး စစ်ဆေးသင့်တဲ့ ပြဿနာလို့ ရှုမြင်ပြီး တင်ပေးလိုက်ပါတယ် ။

သို့ / တပ်ချုပ်ကြီးခင်ဗျား
=========================
အကိုမျိုးဝင်း ခင်ဗျာ အကြီးစားလှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြီးရဲ့ဒဏ်ကြောင့် မန်းလေးမြို့အနီးတဝိုက်က အဆောက်အဦများ တော်တော်များများထိခိုက်ခံကြရတာပါ ထိုနည်းတူ ရတနာပုံတက္ကသိုလ်သည်လဲ မိန်းတက္ကသိုလ်လောက်မဆိုးရွားပေမဲ့ အဆောက်ဦးများတော်တော်ထိခိုက်ခံရပါတယ် အချို့ပြိုကျပါတယ် ။
ပြိုကျတာကတော့ရှင်းပါတယ် နေထိုင်လို့မရတော့ပါ မရှင်းတာက မပြိုကျပေမဲ့ အောက်ခြေထပ်တွေမှစပြီး အက်ကွဲသွားကြတဲ့အဆောက်ဦးတွေပါ အဲ့ဒီအထဲမှာ တက္ကသိုလ်ဆရာ /ဆရာမ အိမ်ထောင်သည် ဝန်ထမ်းအိမ်ယာများကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိ လူကြီးမင်းများက အင်ဂျင်နီယာများခေါ်စစ်ဆေးစေပြီး ဘာမှမဖြစ်ပါဘူး ပြန်နေလို့ရပါတယ်ဆိုပြီး မိန့်ကြားသည်ဟုသိရပါတယ် ။
အောက်ဆုံးအထပ်က ကျောက်ထုပ်များ အက်ကွဲနေတာကို ဘာမှမဖြစ်ဘူးဆိုပြီး ပြန်နေခိုင်းခြင်းသည် အလှနျအဓိပ်ပါယျမဲ့ တာဝန်မဲ့လုပ်ရပ်မျိုးပါ သူတို့ကို နေခိုင်းရင် နေမလားဟုမေးချင်ပါတယ် ။
ငလျှင်ဇုံကြီးထဲတည်ရှိနေပြီး ခုချိန်ထိ မရပ်သေးပဲ လှုပ်နေသေးသော ငလျှင်များကြားမှာ အက်ကွဲနေသော အဆောက်ဦးပေါ် မည်သို့သော သူရဲကောင်းများက စိတ်ချလက်ချတက်နေရဲကြပါမည်နည်း ။
အဆောက်ဦးထဲမှ ပျက်စီးသွားသော ရေပိုက်လိုင်းများ ရေကန်များမီးကြီုးလိုင်းများကိုလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပြန်ပြင်ခိုင်းနေပါသတဲ့ ။ ရေနစ်နေကြသူများကို ဝါးနဲ့ကူထိုးနေသလိုလုပ်ရပ်ပါ နိုင်ငံပိုင်အဆောက်အဦးကို ဝန်ထမ်းက ကိုယ့်စားရိတ်နဲ့ကိုယ်ပြင်ပြီးနေကြရမတဲ့ ။
ချမ်းသာသူများက ဘာမှမဖြစ်ပေမဲ့ ချို့တဲ့တဲ့ဝန်ထမ်းများက ဘယ်လိုလုပ်ကြပါမည်လဲ အဆမတန်တက်နေတဲ့ ကုန်ဈေးနှုန်း ကြီးကြောင့် စားဝတ်နေရေးတောင် မလောက်ငှကြသော ဝန်ထမ်းများရဲ့ဘဝကို မစာနာသော လူယုတ်မာလူကြီးတွေကို အထက်ကသိအောင် တင်ပြပေးပါခင်ဗျာ ။
(တပ်ချုပ်ကြီးရဲ့မိန့်ခွန်းမှာ အက်ကွဲရာအနည်းငယ်ရှိရင်တောင် အကြီးစားပြင်ဆင်မှုများလုပ်ကြပြီးမှသာ ဝန်ထမ်းများနေထိုင်စေဖို့ ပြောကြားထားတာတွေ့လိုက်ရပါတယ်)
ခွင့်စေ့တဲ့အချိန် အလုပ်ပြန်တက်ကြရင် သက်သေ ဓါတ်ပုံနဲ့တကွ အကိုမျိုးဝင်းဆီကို ပို့ခဲ့ပါမယ် အားကိုးစွာဖြင့် ဆရာ/ဆရာမ များကိုယ်စားပါ ။
-------------------------------------------------------------
ကဲ တပ်ချုပ်ကြီးရဲ့ ညွှန်ကြားချက်က အင်မတန်လေးစားစရာပါပဲ ။ ကွင်းစ ကွင်းပိတ်ထဲက ညွှန်ကြားချက်ကို ဖတ်ပြီး ဝန်ထမ်းတွေခမျှာ ထိုင်ကန်တော့ချင်စိတ်တောင် ပေါက်လောက်ပါတယ် ။
ဒီနေရာမှာ အာမနာတမ်းဝေဖန်ရမယ်ဆိုရင် တပ်ချုပ်ကြီးဆီမှာ အာဏာသာရှိပြီး သြဇာမရှိတာကို ထင်ထင်ရှားရှား မြင်နေရတာပါပဲ ။ သြဇာ ဘာလို့မရှိရတာဆိုတော့ လက်အောက်ငယ်သားတွေက မလေးစားလို့ပါပဲ ။
လက်အောက်ငယ်သားတွေ ဘာလို့ မလေးစားကြသလဲဆိုရင် တပ်ချုပ်ကြီးက အမိန့်ပေးမှု အတိုင်း တကယ်လုပ် မလုပ် ၊ အောင်မြင်သလား မအောင်မြင်ဘူးလား ၊ လိမ်နေသလား ညာနေသလား ဆိုတာ ဘယ်တော့မှ ပြန်မစစ်ဆေးဘူး အပြစ်ပေးဖို့ ဝေးရော ။
ဒီတော့ ဘယ်ဝန်ထမ်း ၊ ဘယ်ဗိုလ်ချုပ်တွေကမှ တပ်ချုပ်ကြီးကို မကြောက်ကြပါဘူး ။ ငါတို့ လိမ်ရင် လွယ်လွယ်လေးရတဲ့ ခေါင်းဆောင်ပါကွာ ။ ခိုင်းလို့ မလုပ်လဲ ဘာမှ မဖြစ်ဖူး ၊ မအောင်မြင်လည်း သူမသိဘူး လုပ်ချင်ရာလုပ်မယ် ဆိုတဲ့ မလေးစားမှုတွေက တပ်ချုပ်ကြီးရဲ့ အဓိက အားနည်းချက်ကြီးပါပဲ ။
အဲဒီ အားနည်းချက်က ရာဇမာန် ၈ ချက်ထဲက အရေးကြီးတဲ့ ...
'' မင်း ဧကရာဇ်တို့သည် ယမမင်းကဲ့သို့ ကျင့်ရာ၏ ''
ဆိုတဲ့ အချက် ချို့တဲ့နေလို့ပါပဲ ။ ယမမင်းတို့မည်သည် ပြစ်ဒဏ်စီရင်ရာမှာ မျက်နှာကြီးငယ်မရွေး ပြစ်မှု ပြစ်ဒဏ်နဲ့ အညီ စီရင်ကြရပါတယ် ။ တာဝန်မကျေသူ ၊ အမိန့်ညွှန်ကြားချက် မလိုက်နာသူတွေကို ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးဖို့ ( လုံလောက်သော အရေအတွက် ၊ လုံလောက်သောပြစ်ဒဏ်) များစွာ ပျက်ကွက်ခဲ့တာ တွေ့ခဲ့ရပါတယ် ။
ကျနော်ကတော့ ဝေဖန်မိပါပြီ ။ တပ်ဖက်က မလေးမစား ပြုမူမှုများကနေ အခုဆို ပညာရေးဝန်ကြီးဌာနလို အရပ်ဘက်ကပါ အမိန့် ညွှန်ကြားချက်အား အရေးမစိုက် ပစ်ပယ်လာနေပါပြီ ။ တက္ကသိုလ်ဆရာများကဲ့သို့သော အဆင့်မြင့် ပညာတတ်များကိုပင် ဂရုမစိုက် ပဲ တပ်ချုပ်ကြီးရဲ့ ညွှန်ကြားချက်ကို ခြေနဲ့ဖျက်နေတဲ့ တက္ကသိုလ်အာဏာပိုင်များအပေါ် ဘာဆက်လုပ်ကြမလဲ စောင့်ကြည့်ရင်း တပ်ချုပ်ကြီးရဲ့ သြဇာကို လေ့လာနေလျှက်.....