Ko Myo Win
25.4K subscribers
330 photos
6 videos
13 links
comment box
Download Telegram
အမှားကြာ အမှန်ဖြစ်ပြီး လိုင်စင်မဲ့ကို မှီ၍  မသက်မသာ ဖက်တွယ်နေရသော မှီခိုသူတွေရဲ့ဘဝကိုလည်း စာနာမိပါစေ

'' ငမျိုးရေ  တိုင်းပြည် တည်ငြိမ် အေးချမ်းရေး အတွက် ဝန်ထမ်းတွေကို ဘယ်လို အကြံပေးရင် ကောင်းမလဲဆိုတာ ပြောစမ်းပါအုံး ကွ ''

            ကွီးစိုး

'' လိုင်စင်မဲ့ယာဥ် ဖမ်းဖို့ လမ်းညွှန်ချက်ကို အားတက်သရော လုပ်နေကြသလို ကျန်တဲ့ လမ်းညွှန်ချက်တွေကိုလည်း အဲသလိုအားတက်သရော လုပ်ကြပါ လို့သာ အကြံပေးချင်တာပါပဲ ''

            ကိုရွှေမျိုးဝင်း
ပလောင် ဂွင်
============

TNLA တို့ နောင်ချိုကို 15 - 7 - 2024 မှာ သိမ်းပိုက်ပြီးနောက် စစ်ရေးရေချိန် အမြင့်ဆုံး ရောက်နေပါတယ် ။ ဒီအချိန်မှာ တပ်မတော်ဘက်က နောင်ချိုရှိ တပ်ရင်း တပ်ဖွဲ့များ နဲ့ ဂုတ်ထိပ်တံတားရှိ တာဝန်ကျ ပြည်သူ့ရဲ အင်အားစုများဟာ တောင်ခမ်းရှိ မိမိတပ်များရှိရာကို ပူးပေါင်းထားခဲ့ရပါတယ် ။

အဲဒီ အချိန်က တောင်ခမ်းမှာ မစခ ၉၀၂ ၊ အမတ ၂၀၆ ၊ အမတ ၄၀၆ ၊ အမတ ၃၅၄ ဆိုတဲ့ တပ်တွေ တည်ရှိရာဒေသကြီး ဖြစ်ပါတယ် ။ TNLA တို့ဟာ ကံကြီးရွာကို ဌာနချုပ်သဖွယ် ပြုလုပ်ပြီးနောက် တောင်ခမ်းကို အလုံးအရင်းနဲ့ ဝင်တိုက်ကြပါတယ် ။

နိုင်ကြက်ဖြစ်နေတဲ့ TNLA တို့ဟာ အမတ ၂၀၆ ကို သိမ်းပိုက်နိုင်ပြီး အမတ ၄၀၆ ကိုလည်း ဗဟိုကင်းအထိ သိမ်းပိုက်နိုင်ခဲ့ကြပါတယ် ။ မိမိတို့ရဲ့ အင်အားစုများဟာ မစခ ၉၀၂ မှာ စုစည်းခုခံဖို့ ပြင်ဆင်ရပါတော့တယ် ။

ယခုအချိန်ထိ TNLA တို့ဟာ ၁၀၂၇ စစ်ဆင်ရေးတလျှောက် စစ်သားအစစ်တွေနဲ့ မတွေ့ကြရသေးပါဘူး ။ ရှမ်းမြောက်တခွင်လုံးရှိ စစ်ခြောက် နဲ့ စစ်လောက်တွေကြောင့် အလွယ်တကူ နယ်မြေသိမ်းခဲ့တဲ့ TNLA တို့ တောင်ခမ်းမှာတော့ စစ်သားပီသသော စစ်သားအစစ်တွေနဲ့ တွေ့ကြရပါပြီ ။


အရေးကြီးတဲ့ တောင်ခမ်း အတွက် တပ်မတော်မှ ပစ်ကူ လက်နက်ခဲယမ်းများ အဆက်မပျက် ထောက်ပံ့နိုင်ခြင်းကလည်း TNLA တို့အတွက် ကိုယ်သေတွင်း ကိုယ်တူးမိကြသလိုပါပဲ ။

၇ လ ပိုင်းမှာ နိုင်ကြက်ဖြစ်တဲ့ TNLA တို့ ၁၀ လပိုင်းမှာ သေချင်းဆိုးတွေ များသထက်များလာရပါပြီ ။ တောင်ခမ်းကို ပလောင်ခမ်းလို့ သရော် လှောင်ပြောင် တဲ့အထိ အကျအဆုံး များလာကြရပါတယ် ။


တောင်ခမ်းပတ်လည်က လျှိုချောက်တွေထဲမှာ TNLA နဲ့ PDF တွေရဲ့ အလောင်းတွေနဲ့ မြင်မကောင်းအောင် ဖြစ်နေရပါပြီ ။ လူသားစားပြီး ကြီးထွားနေတဲ့ တောဝက်တွေကို ဒေသခံ မုဆိုးတွေ ပစ်လည်းမပစ် စားလည်းမစားရဲတဲ့ အထိ အလောင်းခြင်းထပ်နေခဲ့တာ ပုံပြင်မဟုတ်ပါဘူး ။

တောင်ခမ်းစစ်သည်များရဲ့ မာကျောမှု ၊ ခုခံစစ်စွမ်းရည်တွေက မြန်မာ့တပ်မတော်အစစ်ရဲ့ ဂုဏ်သရေကို ဆယ်ပေးနိုင်ခဲ့ပါပြီ ။ TNLA တို့ စစ်ဦးကျိုးကြေခဲ့ရပြီးနောက် တောင်ခမ်းစစ်သည်တို့ အောင်မြေ ချဲ့ကြရပါပြီ ။


တပ်မ ၁၁ ၊ တပ်မ ၅၅ ၊ စကခ ၁ ၊ စကခ ၂ ၊ ခမရ ၂၁၃ ၊ ခမရ ၂၁၂ တပ်ရင်းတပ်ဖွဲ့တွေ ရဲ့ ပူးပေါင်းလာနိုင်မှုနဲ့အတူ တောင်ခမ်းပတ်ချာလည်က ရွာတွေကို ပြန်လည်ထိုးစစ်ဆင်ခဲ့ရာမှာ 1 - 3 - 2025 မှာ အပြည့်အဝ ပြန်လည်ထိမ်းချုပ်နိုင်ခဲ့ပါတယ် ။


တပ်မတော်ရဲ့ တောင်ခမ်းမှသည် နောင်ချိုထိုးစစ်ဟာ တရွာခြင်း တောင်ကုန်းတကုန်းခြင်း တိုက်ခိုက်ရှင်းလင်းရင်း ချီလာကြရပါတယ် ။ တပ်မတော်အတွက် နောင်ချိုကို စစ်ကြောင်း ၃ ကြောင်းချီပြီး သိမ်းပိုက်နိုင်ဖို့ အားထည့်ထားပေမယ့် ငလျင်ပြဿနာကြောင့် ထိုးစစ်အရှိန် တန့်သွားရပြန်ပါတယ် ။

တောင်ခမ်းသူရဲကောင်းတွေက လမ်းကြောင်း ၂ ကြောင်းကနေ ချီတက်ရပါတယ် ။ သရက်ချို ၊ ယာပြင် ၊ ရွှေမုဌော သို့ တကြောင်း ။ နောက်စစ်ကြောင်းက နောင်ချိုနဲ့ ဝေးကွာလှတဲ့ နောင်ချိုလေး ၊ မဲပုတ် ၊ နောင်လင် အစရှိတဲ့ နယ်မြေတွေကို သိမ်းပိုက် ရှင်းလင်းရင်း ထိုးစစ်ဆင်ရပါတယ် ။

နောင်ချို နဲ့ အနီးဆုံး လမ်းပန်းဆက်သွယ်ရေး အကောင်းဆုံး စစ်ကြောင်းက အုမ္မတီးဘက်က စစ်ကြောင်းပါပဲ ။ အဲဒီ စစ်ကြောင်းကတော့ ယနေ့ထိ ရှေ့တိုးလာတာ လုံးဝမတွေ့ရပါဘူး ။


တောင်ခမ်း စစ်ကြောင်း ၂ ကြောင်းဟာ နောင်ချို ပတ်လည် နယ်မြေများအား ဖြေးဖြေးမှန်မှန် တိုးဝင်ရှင်းလင်းရာမှာ ဒေသအခြေခိုင်ရေးအတွက် လုပ်ငန်းများပါ တွဲဖက်လုပ်ကိုင်ကြရပါတယ် ။


ဌာနေ ကျေးရွာသူ ကျေးရွာသားများအား ဆေးကုသခြင်း ရိက္ခာဝေငှခြင်း အပါအဝင် စောင့်ရှောက်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နေကြရလို့ နှောင့်နှေးကြရတာလည်း တချက်ပါပဲ ။

ရန်သူအခြေပြု ဘုန်းကြီးကျောင်း ဘုရားကုန်းတွေကို တိုက်ခိုက်ဖို့လည်း မတတ်သာတဲ့ အနေအထားရောက်မှ တိုက်ကြပါတယ် ။ အချိန် စောင့်တိုက်နေရတာကလည်း နောက်ကျရခြင်း အကြောင်းတခုပါပဲ ။

TNLA နဲ့ PDF တို့ကတော့ အများဖြင့် ခုခံစစ် ကြီးကြီးမားမား မရှိပဲ ထွက်ပြေးကြတာ များပါတယ် ။ သရက်ချိုရွာ တိုက်ပွဲမှာပဲ အပြင်းအထန် ခုခံခဲ့ကြတာ တွေ့ရပါတယ် ။ 20 - 5 - 2025 နေ့မှာ သရက်ချိုကို ရရှိခဲ့ပါတယ် ။

ဒီလို နဲ့ တအိအိ ချီတက်တိုက်ခိုက်လာရာမှာ 29 - 5 - 2025 မှာ ရွှေမုဌောကုန်း နဲ့ တာဝါတိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တောင်ခမ်းမှ တိုက်ခိုက်ရေး စစ်ကြောင်း ၂ ကြောင်း ပေါင်းစီးမိသွားပါပြီ ။

အခု နောင်ချိုကို ကာကွယ်ဖို့ ကံကြီးရွာကို အခိုင်အမာ ပြင်ဆင်ထားတယ်လို့ သိရပါတယ် ။ မိမိစစ်ကြောင်းများက ကံကြီးရွာကို အပြင်းအထန် တိုက်ခိုက်ဖို့ အားမွေးနေကြပါပြီ ။
TNLA တို့ကတော့ ဗမာ PDF နဲ့ ဓနု တွေကို ကံကြီးရွာမှာ အခိုင်အမာ ခံစစ်ကစားဖို့ တာဝန်ပေးထားပါတယ် ။ TNLA တွေကတော့ ဆုတ်ခွာဖို့ ပြင်ဆင်ထားတယ်လို့ မြေပြင် ဒေသခံများထံမှ သတင်းကြားရပါတယ် ။

တောင်ခမ်း အမြှောက်တပ်များ ၊ ပြင်ဦးလွင် အမြှောက်တပ်များနဲ့ လေကြောင်းပစ်ကူ ၊ ဒရုန်းတပ်ဖွဲ့တို့နဲ့ အတူ မြေပြင်က ဟန်ချက်ညီ ထိုးစစ်ဆင်ပြီ ဆိုတာနဲ့ ကံကြီးရွာက အခိုင်အမာခံစစ်ဆိုတာ ဆင်နင်းခံရတဲ့ မုန့်လေပွေလို ကြေမွသွားရမှာပါပဲ ။

မိမိဖက်မှ အကျအဆုံး နည်းနိုင်သမျှ နည်းပါးစေရန် ရည်ရွယ်ပြီး စနစ်တကျ တိုက်ခိုက်ဖို့ စီမံနေတာမို့ မကြာမှီ TNLA တို့ရဲ့ ငိုကြွေးသံနဲ့ အတူ နောင်ချိုမြို့ကို တပ်မတော်က အောင်မြေနင်းပြပါလိမ့်မယ် ။

ကိုရွှေမျိုးဝင်း
သတင်းကောင်း / သတင်းဆိုး
=========================

မနေ့က ရခိုင်မီဒီယာမှာ တင်ထားတာ တွေ့လိုက်ပါတယ် ။ ကျောက်ဖြူမှာ လေယာဥ် ၆ စင်း နဲ့ ဗုံးကြဲနေပြီး ဒရုန်း အစင်းရေ ၁၀၀ လောက်နဲ့ ဒရော့ဗုံးချနေသတဲ့ ။ မြေပြင်ကလည်း ခြေလျှင်တပ်တွေ ချေမှုံးရေး ဝင်နေလို့ AA တို့ အခြေအနေမကောင်းပဲ သိမ်းထားတဲ့ စခန်းတွေ လက်လွှတ်ထွက်ပြေးနေရသတဲ့ ။

နောက် video ဖိုင် တခုတက်လာပြန်တယ် ။ ရေထဲမှာ ကူးပြေးနေတဲ့ လူတွေကို အပေါ်က ပစ်နေတဲ့ video ဖိုင်ပေါ့ ။

ရန်သူ့ဘက်က တင်ထားပေမယ့် မယုံရဲသေးဘူး ။ သို့သော် ယနေ့ 3 - 6 - 2025 မနက်ခင်းသတင်းအရ မင်းတပ်တောင်ကုန်းကို တပ်မတော်က ပြန်လည်ထိမ်းချုပ်လိုက်ပြီ ဆိုတဲ့ သတင်း ထွက်လာလို့ ဝမ်းသာရပါတယ် ။

နောက်သတင်းတခုကတော့ ပြောရမှာ စိတ်မကောင်းပါဘူး ကိုဇော်ဘုန်းဟိန်းကို ဖမ်းဆီးထားတယ် ဆိုတဲ့ သတင်းပါပဲ ။ လိုင်းပေါ်မှာ ဟို.ပုဒ်မ ၊ ဒီပုဒ်မ တွေ ပြောနေကြပေမယ့် ဒီလောက် မမြန်ပါဘူး ။ ရုံးတင်တရားစွဲ အပြီးမှ အတိအကျ သိရပါမယ် ။

ပြည်သူတွေအတွက်တော့ ဒီပွဲမှာ ဘယ်မီဒီယာသမားက ဘယ်လို စိတ်ထားရှိတယ်ဆိုတာ ထင်ထင်ရှားရှား မြင်ကြရတဲ့ ပွဲပါပဲ ။ ဘာပဲ ပြောပြော ကျနော်ကတော့ စိတ်မကောင်းပါဘူး ။ ပြည်သူအတွက်အကျယ်လောင်ဆုံးသော ပါးစပ်တပေါက် ( အကျိုးဆက်အဖြစ် ပြည်သူ့ပါးစပ်ပေါင်းများစွာ ဆုံးရှုံးပါအုံးမယ်) ၊ နစက အတွက် နားတဖက် ဆုံးရှုံးသွားရတယ်လို့ ယူဆပါတယ် ။

ဒီပွဲမှာ ပြည်သူရှုံးတယ် ၊ နစက ရှုံးတယ် ၊ တပ်မတော်ထောက်ခံသူတွေ ရှုံးတယ် ကြားထဲက ပြည်ဖျက်တွေအတွက် တပ်မတော် နဲ့ ပြည်သူကို သွေးခွဲ ထိုးနှက်ဖို့ ကြီးမားထိရောက်တဲ့ လက်နက်ကြီးရသွားတယ် ။

ကိုရွှေမျိုးဝင်း
ပရင်ဒါဂတ် နဲ့ တိုင်းတားမင်းကြီး
============================

               သီပေါမင်း လက်ထက်မှာ နန်းတွင်းသြဇာ အသီးသီး ထူထောင်ကြရာမှာ တချိန်က ဒါးထက်ခဲ့တဲ့ ကင်းဝန်မင်းကြီး တယောက် သြဇာကျသွားပြီး တိုင်းတားမင်းကြီး ဒါးထက်လာတယ် ။

   
              ဒါးထက်ဆို သူက စုဖုရားလတ် ကျောထောက်နောက်ခံရှိတာကိုး.....သူကတော့ရှင်းတယ် သီပေါမင်းဘက် တဖက်တည်းရပ်နေတဲ့ ကင်းဝန်မင်းကြီး ပြုတ်ကျဖို့ အားထုတ်တော့တာပဲ ။ သူတယောက်ထဲ နန်းတွင်းမှာ ကြီးစိုးချင်တာကိုးဗျ  ။ ဒါတွေကို အင်္ဂလိပ် သူလျှိုတွေက သတင်းပို့နေတော့ နန်းတွင်းအခြေအနေကို ဗိုလ်ချုပ်ကြီး ပရင်ဒါဂါတ်က အကုန်သိနေလေရဲ့ ။

               တိုတိုပြောရရင်တော့ တတိယကျူးကျော်စစ်ဖြစ်ဖို့ တိုင်းတားမင်းကြီးက မြှောက်ပေးတယ် ။ နောက်ဆုံး သီပေါမင်းကို ဖမ်းပြီး အိန္ဒိယကို ပို့တယ် ။ နောက်ပြီး မြန်မာပြည် အုပ်ချုပ်ဖို့ အတွက် ယခင် မြန်မာဝန်ကြီး / ဝန်လေးတွေကို ဖိတ်ခေါ်ပြီး လွှတ်တော်ဆက်ထားဖို့ စီမံတယ်ဗျ ။

                 ဒီသတင်းအရ တိုင်းတားမင်းကြီးလည်း နန်းတွင်းထဲ အပြေးအလွှားသွားပါရော ။ ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်က တိုင်းတားမင်းကြီးကိုလည်း မြင်ရော ရွံစရာ သတ္တဝါ တကောင်လို ကြည့်ပြီး အနားက အရာရှိကို အမိန့်ပေးလိုက်တယ် ။

               ဒီတော့ အရာရှိက အင်္ဂလိပ်စစ်သားတွေကို ထပ်ဆင့်အမိန့်ပေးလို့ စစ်သားတွေက တိုင်းတားမင်းကြီးကို လှည်းပေါ်ဆွဲခေါ်သွားပြီး နန်းပြင်ခေါ်သွားတယ် ။ တိုင်းတားမင်းကြီးက ငါ့ကို သတ်မလို့လားလို့ မေးတော့ တခွန်းမှ ပြန်မဖြေပဲ သင်္ဘောဆီ တင်ပေးလိုက်တယ် ။ အမှန်က အိန္ဒိယကို ပြည်နှင်ဒဏ်ပေးလိုက်တာပဲ ။

               အင်္ဂလိပ်အရာရှိက ဗိုလ်ချုပ်ကြီး ပရင်ဒါဂါတ်ကို မေးတယ်...

'' မြန်မာ အရာရှိဟောင်းတွေကို စည်းရုံးပြီး လွှတ်တော်သစ်နဲ့ အုပ်ချုပ်မယ် ဆိုပြီး အခု တိုင်းတားမင်းကြီးကို ဘာကြောင့် ပြည်နှင်ဒဏ်ပေးလိုက်ရတာလည်း ဗိုလ်ချုပ်ကြီး ''

'' အေးကွ လောကမှာ ကိုယ့်ကိုယ်ကျိုးအတွက် မိမိအရှင်သခင် ဆုံးရှုံးရမယ်မှန်း သိနေတဲ့ အလုပ်ကို လုပ်စေဖို့ တိုက်တွန်းတဲ့ ကျေးကျွန်ယုတ်ရယ် ၊ ငါနဲ့မတူ ငါ့ရန်သူ စိတ်ထားထက် ယုတ်ညံ့တဲ့ { ငါ နဲ့ တူလည်း ရန်သူပဲ } ဆိုတဲ့ စိတ်ထားနဲ့လူကို အနားမှာ မထားတာ အကောင်းဆုံးကွ မှတ်ထား ''

   
            မြန်မာ့သမိုင်းကတော့ ယူတတ်ရင် ပညာချည်းပဲ......

             ကိုရွှေမျိုးဝင်း

{ အေးရာ အေးကြောင်း သမိုင်းလေးတွေပဲ ရေးနေတာ ကောင်းမယ်ထင်ပါ့ }
အတ္တလန်တိတ်သမုဒ္ဒရာ နဲ့ ဖစိဖိတ်သမုဒ္ဒရာ နှစ်စင်းဟာ ရေမှာပါဝင်တဲ့ အငံဓာတ် မတူညီရုံနဲ့ ရေခြင်းတောင် ပေါင်းလို့မရပါဘူး ။ ရည်မှန်းချက်တွေမတူ ၊ ခံယူချက်တွေ မတူ တဲ့ အစုအဖွဲ့တွေကို တသားတည်းဖြစ်ဖို့ အားထုတ်တဲ့နေရာမှာ စေတနာ ပညာအားကြီးဖို့ လိုအပ်သလို အင်အားပြနိုင်ဖို့ကလည်း အရေးကြီးဆုံး ကဏ္ဍက ပါဝင်နေကြောင်း သိကြရပါမယ် ။

ကိုရွှေမျိုးဝင်း
လပြွတ် နဲ့ ဂျွတ်
================

ခေါင်းစဥ်ကြည့်ပြီး ရိုင်းတယ်မထင်နဲ့ဗျ ဖတ်ကြည့်ပါအုံး ကိုယ်တွေ့အဖြစ်အပျက်မို့ သင်ခန်းစာယူကြဖို့ မရှက်မကြောက် ရေးပြရတာဗျ 😂😂

မျိုးဝင်းက အနေအထိုင်ညစ်ပတ်တယ်ဗျ ။ ပေစုတ်စုတ် ဘဝဆိုတော့ ဖြစ်သလိုနေ ဖြစ်သလိုစားပေါ့ဗျာ ။ ဒီတော့ ညစ်ပတ်သူတို့ ထုံးစံအတိုင်း လပြွတ်မှာ ဂျွတ်ပေါက်တာပေါ့ ။ စပ်ဖျင်းဖျင်း ယားတားတား နဲ့ အတော်နေရခက်တဲ့ ဝေဒနာပေါ့ဗျာ ။

တနေ့ ကိုကြီးစိုးက ငွေဆောင်သွားလည်ကြစို့ ဆိုပြီး စပွန်ဆာလုပ်လို့ လိုက်သွားတာပေါ့ ။ သဲသောင်ဖွေးဖွေး နဲ့ လှိုင်းဖြူဖြူတွေ မြင်တော့ အညာသား ဘယ်နေနိုင်မလဲ ဘောင်းဘီတိုလေးနဲ့ ပင်လယ်ကမ်းစပ်ဆီ အပြေးအလွှားသွားပြီး ရေထဲ ဝုန်းကနဲ ခုန်ဆင်းတာပေါ့ ။

အဲဒီမှာပဲ ပေါင်ကြားထဲက ကိုရွှေဂျွတ်တို့ ဗြုံးဒိုင်းဆိုပြီး အစွမ်းပြလာပါရော ။ ဆားငံရေနဲ့ထိတဲ့ အတွက် စပ်ဖျင်းဖျင်း ယားတားတား ဝေဒနာက ပုံမှန်ထက် ၂ ဆ မက ခံစားရပါရောလား...

ဒီတော့ ကမ်းပေါ်ပြန်တက် အဝတ်အစားလဲပြီး မပျောက်ကင်းနိုင်တဲ့ ဝေဒနာ အတွက် ပင်လယ်ကြီး ကြည့်ပြီး အော်ဆဲတာပေါ့ဗျာ ( ပညာမဲ့ လူညံ့ ဆိုတော့ ရမ်းကားတာပေါ့လေ)

ဒီတော့ လူကြားမကောင်း ဆဲဆိုနေတဲ့ ကျနော့်ကို ကိုကြီးစိုးက လှမ်းပြောတယ်ဗျ.....

'' ဟေ့ကောင် ငမျိုး လူကြားမကောင်း ဆဲ မနေနဲ့ ပင်လယ်က သူ့သဘာဝနဲ့သူ အငံဓာတ်တွေနဲ့ တည်ရှိနေတာလေ ၊ မင်းက ကိုယ့်လပြွတ် ဂျွတ်ပေါက်နေတာ မေ့ပြီး ကိုယ့်ဘာသာ ပင်လယ်ထဲ ခုန်ဆင်းလို့ စပ်တာမဟုတ်လား ၊ ပင်လယ်ကြီးကလည်း မင်းဆဲတာ သောက်ဂရုစိုက်နေမှာ မဟုတ်ဖူးကွ ။ ပင်လယ်ကို မဆဲနဲ့ ကိုယ့်လပြွတ်ကို ဆေးကု စမ်းပါကွာ ''

သူပြောမှ သတိထားမိတယ် ဟုတ်တာပေါ့ ။ အရေးကြီးတာ ကိုယ့်ဘာသာ ဆေးကုဖို့လေ ပင်လယ်ကြီးငံတာ သူ့သဘာဝကိုးဗျ 😂😂😂

ငယ်ငယ်က ပညာမဲ့ မိုက်ကပ်ညစ်ကျယ် လုပ်နေချိန်တုန်းက ကြုံခဲ့ရတာလေးပါ ။ ရှေ့ရှောက် ပွင့်လင်းရာသီ ရောက်ရင် ပင်လယ်ကမ်းခြေ အပမ်းဖြေမယ့် လူငယ်တွေ သတိထားမိအောင် ကိုယ့်အရှက်ကိုယ်ခွဲ ပြပြီး စေတနာ နဲ့ သတိပေးလိုက်ရပါတယ် ဗျာ ။

ကိုရွှေမျိုးဝင်း
ပြင်သင့်ရင်ပြင်နိုင်ဖို့
=================

ဖြစ်စဥ် (၁)
----------------------

ဦးနေဝင်းတယောက် ဂေါက်ရိုက်သွားတိုင်း မြို့စွန်က ကျူးကျော်အုပ်စုလေးရှိတဲ့ နေရာကနေ ဖြတ်သွားလေ့ရှိတယ် ။ ကလေးတွေက သူ့ကားတန်းကြီး လာပြီဆိုရင် လမ်းဘေးကနေ လက်ပြကြ အော်ကြ ပေါ့ ။

ဦးနေဝင်းကလည်း ပြုတင်းပေါက်လေး ဖွင့်ပြီး ကလေးတွေကို လက်ပြန်ပြ နှုတ်ဆက်လေ့ရှိသတဲ့ ။ တနေ့ သူ့ကားဖြတ်သွားတုန်း ကလေးတွေ ခါတိုင်းလို နှုတ်ဆက်ကြတာ မတွေ့လို့ သူ့ PSO မေးတယ် ။ ကျူးအိမ်တွေ ဖယ်ခိုင်းလိုက်လို့ပါဆိုပြီး ပြန်ဖြေတော့ ဆဲသတဲ့ ။


မြန်မာတိုင်းရင်းသားတွေ မြန်မာ့မြေပေါ်မှာ နေတာ ဘာကျူးလဲကွ ဆိုပြီး ကျူးတွေအတွက် တောင်ဥက္ကလာ နဲ့ မြောက်ဥက္ကလာဆိုပြီး မြို့သစ်ဖော် နေရာပေးခဲ့သတဲ့ ။

ဖြစ်စဥ် ( ၂)
------------------------

The Terminal ဆိုတဲ့ဇာတ်ကားထဲမှာ မင်သားတွမ်ဟမ့်က ပြည်သူအများကြီး နစ်နာမယ့် ကိစ္စရပ်ကို စာအုပ်ကြီးအတိုင်း လုပ်ချင်နေတဲ့ သူတွေကို ပြောတဲ့ စကားလေးက......

" အချို့ကိစ္စတွေမှာ စည်းမျဉ်းစည်းကမ်း၊ဉပဒေတွေထက် လူတွေကို ပိုပြီးတန်ဖိုးထားဖို့လိုတယ်ကွ.."

ဖြစ်စဥ် ( ၃)
-------------------

ဆရာသက်နိုင်ဦးက ပြောတယ် အစိုးရအလုပ်ရဲ့ အဓိက အကျဆုံးအချက်က ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးဖို့ပဲ တဲ့ ။ ခြေလျှင်သမားကို စက်ဘီးစီးနိုင်အောင် ၊ စက်ဘီးသမားကို ဆိုင်ကယ်စီးနိုင်အောင် ၊ ဆိုင်ကယ်သမားကို ကားစီးနိုင်အောင် စီမံခန့်ခွဲနိုင်ရမတဲ့ ။

ဥပဒေရှိတယ် သို့သော် ဥပဒေနဲ့ အညီ ပြည်သူတွေ စားဝတ်နေရေးအတွက် ရှာဖွေဖို့ ၊ လူနေမှုအဆင့်မြင့်မားအောင် ဆောင်ရွက်ဖို့ ခက်ခဲနေရင် ပြည်သူနဲ့ကိုက်ညီမယ့် ဥပဒေ ပြန်ပြင်လိုက်ရုံပေါ့ တဲ့ ။


OK ဒါတွေက လတ်တလော ဖြစ်နေရတဲ့ လိုင်စင်မဲ့ယာဥ် ပြဿနာတွေနဲ့ ပက်သက်ပြီး ပြောချင်လာလို့ နိဒါန်းပျိုးထားတာတွေပါပဲ ။

နှစ်ပေါင်းများစွာ စည်းပျက် ကမ်းပျက် ( မှောင်ခိုတားဆီးရေးဂိတ် တာဝန်ကျတွေရော ၊ အရောင်း အဝယ် ပြုလုပ် သုံးစွဲနေသူပြည်သူများရော) အသားကျလာတာ ကြာပါပြီ ။

ဒီတော့ မကြာခင် ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ့် တပ်မတော်က နှစ်ပေါင်းများစွာ စည်းကမ်းမရှိ ဖြစ်နေတဲ့ လိုင်စင်မဲ့ယာဥ် ကိစ္စကို အပြတ်ရှင်းဖို့ ရည်သန်ပြီး ဆောင်ရွက်ကြပါရော ( သူက မဲ မလိုတဲ့ အစိုးရမို့ မဲ လိုပြီး လုပ်ရခက်မယ့် ပါတီအစိုးရ အတွက် အမိုက်ခံပြီး လုပ်ပေးတာပါ) မဟုတ်ရင် ဒီလိုင်စင်မဲ့ ပြဿနာက နောက်ထပ် နှစ်ပေါင်းများစွာ လိပ်ခဲတင်းတင်း ဖြစ်နေအုံးမှာပါပဲ ။

လိုင်စင်မဲ့ကိစ္စကို မသိကျိုးနွံပြုနေရင်လည်း တိုင်းပြည်အတွက် အခွန်ငွေ များစွာဆုံးရှုံးမယ် ၊ အခွန်ဆောင်နေရတဲ့ လိုင်စင်ကားအုံနာတွေလည်း လိုင်စင်မဲ့တွေ ပြောင်းစီးလာနိုင်ပါတယ် ။ ဒီလိုလည်း မဖြစ်သင့်တဲ့ ပြဿနာကိုး ။

ယာဥ်တိုက်မှုပြဿနာ ၊ အကြမ်းဖက်တွေရဲ့ လိုင်စင်မဲ့ယာဥ်သုံးပြီး ရာဇဝတ်မှုကျူးလွန်နေတဲ့ ပြဿနာ နဲ့ အထွေထွေ ပြဿနာတွေ အများကြီးပါ ။

လိုင်စင်မဲ့ယာဥ်ကို ကားချည်းသက်သက် ယခုလို ဖမ်းဆီးမယ်ဆိုရင် ကျနော်တို့ လုံးဝ ရေငုံနှုတ်ပိတ်နေမိမှာ အမှန်ပါပဲ ။ ယခုတော့ ဆင်းရဲသားအများစု လုပ်ကိုင်စားသောက်နေရသော ဆိုင်ကယ်များ နဲ့ ဘေးတွဲများထိ ဖမ်းဆီး သိမ်းဆည်းပါတယ် ။ ပိုဆိုးတာက လူတွေကိုပါ ထောင်ဒဏ်ချပစ်နေတာ ကြားရပါတယ် ။

လိုင်စင်မဲ့ကား သိန်း ၅၀ အထက် ဝယ်နိုင်သူကို လူလတ်တန်းစား စာရင်းသွင်းလို့ ရနိုင်ပေမယ့် ဆိုင်ကယ်အဆင့်ကျတော့ ဆင်းရဲသားအဆင့်ထိ ထိခိုက်မှု ကြီးမားကြီးနေပါတယ် ။ နစက အနေနဲ့လည်း ဆိုင်ကယ် ဘေးတွဲ တို့ရဲ့ မိသားစုများ၏ ငို ရှိုက်သံတွေကို ကြားရမှာပါပဲ ။


ဘယ်လို ဆောင်ရွက်သင့်ကြောင်း အကြံပြုသူတွေ အများကြီးပါပဲ ။ ထောင်ချထားသူတွေ ၊ တရားစွဲထားသူတွေကို ဖြေလျော့ပြီး လွှတ်ပေးသင့်ပါတယ် ( သူခိုး ဂျပိုး တွေတောင် မကြာခဏ လွှတ်ငြိမ်းချမ်းသာခွင့် ပြုနေတာပဲလေ) ။ လူလွတ်ပေးပြီး ဆိုင်ကယ် / ဘေးတွဲများအတွက် သင့်တော်တဲ့ အကြံပြုချက်များအတိုင်း WIN - WIN ပေါ်လစီသို့ ပြောင်းလဲ ကျင့်သုံးသင့်ပါပြီ ။

လောလောဆယ် စီမံချက်အရ PDF အကြမ်းဖက်တွေ ဘယ်လောက်ထိခိုက်တယ်တော့ မသိရပါဘူး ။ ဆင်းရဲသားပြည်သူများကတော့ မိသားစုလိုက် ဘဝပျက် ငိုကြွေးနေကြရပါပြီ ။

တပ်မတော်အနေနဲ့ ဆန္ဒမဲ မလိုအပ်တာ မှန်ပေမယ့် ပြည်သူ့မေတ္တာကတော့ အမြဲလိုအပ်နေမယ့် အရာဖြစ်ပါတယ်လို့ အကြံပြုပါတယ် ခင်ဗျာ ။ နိဒါန်းပါ ဖြစ်စဥ် ၃ မျိုးအား ဖတ်ရှုပြီး သင့်တော်သည့် ပြင်ဆင်မှုမျိုးအား ပြုပြင်နိုင်စေဗျာ ။

ကိုရွှေမျိုးဝင်း
သတိထားရမယ့် သွေးခွဲတိုက်စစ်
============================

လေမျိုးဝင်း အတွက် 4C ရဲ့ စကားလက်ဆောင်

စစ်အာဏာရှင် စနစ်မှာ အာဏရှင်ကို သက်ဆိုးရှည်ဖို့အတွက် ထောက်တိုင်တွေ ထားကြတာ ထုံးစံပါ။ ထောက်တိုင် ဆိုရာမှာ အကြမ်းဖျင်း ပြောရရင် (၂) မျိုး ရှိပါတယ်။ပထမ တစ်မျိုးက လုပ်ပိုင်ခွင့် အာဏာရရှိထားတဲ့ အဖွဲ့အစည်းတွေပါ ။ အာဏာရှင်ရဲ့ လက်ပါးစေ လူရင်း ပါးကွက်သားတွေလို့ ပြောရင်လဲ မမှားပါဘူး ။ သူတို့မှာ လုပ်ပိုင်ခွင့် အာဏာရော လက်နက်ပါ ရှိကြတယ် ။
{ အဲဒီလို မင်းပြောတဲ့ ပထမတမျိုးက ရှိကို ရှိရမယ့် အဖွဲ့အစည်းလေ ၊ ဒီထက်ပိုပြီး အင်အားတိုးချဲ့ရမယ် ၊ အများပြည်သူ အားကိုးထောက်ခံလာအောင် သတင်းတည်ဆောက် ၊ အနုပညာနဲ့ပေါင်းစပ်ပြီး ပြည်သူကြားပျံ့နှံအောင် ဆောင်ရွက် ဒါဆို တိုင်းပြည်အတွက် very good ပေါ့ }

ဒုတိယ တစ်မျိုးက ပြည်သူနဲ့ ထိတွေ့ဖို့ ကြားခံထားတဲ့ လော်ဘီအုပ်စုပါ။ လက်ဗလာ အုပ်စုတွေပေါ့ ။ လက်ရှိ မင်းအောင်လှိုင်ရဲ့ အခင်းအကျင်းမှာ မဘသ မျိုးညစ် အုပ်စုဟာ ဒီအမျိုးအစားထဲမှာ ပါတယ် ။ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံရေးမှာ သူတို့ အသာစီးရနေရင်၊ နောက်တချက်က ကြားခံအုပ်စုကို လိုသလို အသုံးချလို့ ရနေရင် အရိုးအရင်း ပစ်ကျွေးထားပြီး ခိုင်းစားနေပါလိမ့်မယ် ။

{ ငါရီချင်တယ်ကွာ... မင်းပြောနေတဲ့ ဒုတိယ အုပ်စုဆိုတာ မိမိအသိ မိမိခံယူချက်နဲ့ တိုင်းပြည်ကို တကယ်ချစ်လို့ အိတ်စိုက်လူမိုက် လုပ်နေတဲ့သူတွေပဲများပါတယ်ကွာ ။ 😂 ဘာတဲ့ အရိုးအရင်း ကျွေးသတဲ့လား...မျိုးချစ်ချန်နယ်တွေထဲမှာ ငါ့ချန်နယ်ဆိုရင် သိပ်မညံ့တဲ့ စာရင်းထဲပါတာပေါ့ကွာ.. ဟေ့ကောင်ရေ ငါတောင် ဘေလ် တထောင်ဖိုး အကူအညီ ၊ ရွှေဖီဦး တထုပ် မရဖူးဘူးဟ ကျန်တဲ့သူတွေဆို ပိုဆိုးတော့မပေါ့ကွာ 😂 မျိုးချစ်စိတ် အရင်းခံ လုပ်နေကြတာ ဟ 😂😂 }

အဲ အာဏာရှင်တွေ အခြေအနေ မကောင်းတော့ဘူး ဆိုရင်တော့ ပထမဆုံး ဖြုတ်ထုတ်သတ် လုပ်ခံရမယ့် အုပ်စုက မင်းတို့ ကြားခံ အုပ်စုတွေပါပဲ။ မဘသတွေ အသုတ်ခံရတော့မယ် ဆိုတဲ့အကြောင်းကို ရှေ့မှာ တစ်ခါရေးခဲ့ဖူးလို့ ကိုယ့်စာတွေ အမြဲဖတ်နေတဲ့ လေမျိုးဝင်း သတိထားမိပါလိမ့်မယ် ။

{ မင်းက ဟာသ အတော်ပြောတတ်တယ်နော 😂 အခြေအနေမကောင်းရင် ပိုပြီး အားကိုးကြမှာပေါ့ ဟ ။ ဖြုတ်ထုတ်သတ် လုပ်ရအောင် ဗကပ မျိုးဆက် PDF မှ မဟုတ်တာ }

ဆိုတော့ လက်ရှိ ဖြစ်နေတဲ့ အဘသားကြီးတွေနဲ့ မင်းတို့ မဘသ မျိုးညစ် အုပ်စုကြားက ပြသနာမှာ (တခါတရံမှာ ဘေးလူက ပိုမြင်တတ်တာမို့) ဘေးလူ အနေနဲ့ ပြောရရင် ဒီပွဲမှာ ငနှိုက်အုပ်စုကို မင်းတို့ မဘသတွေ လုံးဝ (လုံးဝ) မယှဥ်နိုင်ပါဘူး ။

{ ရန်တိုက်ကတော့ ကျွမ်းသကွာ ခါတော်မှီ ပြဿနာကို အရင်းပြုပြီး ကြံဖန်လုပ်ဇတ်ခင်းပြန်ပြီ ။ မင်းပြောတဲ့ အုပ်စုနဲ့ ဘာယှဥ်စရာလိုလဲကွ သူတို့အလုပ် သူတို့လုပ်ကြပေါ့ ။ ငါတို့အလုပ် ငါတို့လုပ်ကြ ဒါပဲလေ ငါတို့အလုပ်က ဘာလဲ သိလား..? မင်းတို့လို ပြည်ဖျက်မီဒီယာတွေကို ပြန်တိုက်ဖို့ပဲ ရှင်းတယ်နော်..}

အပေါ်မှာ ပြောခဲ့သလိုပဲ ဒီကောင်တွေက လက်နက်ကိုင်ထားတဲ့ အုပ်စု၊ လူတိုင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ဖို့အထိ အခွင့်အာဏာ ရရှိထားတဲ့ ပါးကွက်သားကောင်တွေပါ ။ မင်းတို့တွေကို ကြောက်အောင် ခြောက်နေတာ မဟုတ်သလို ဒီကောင်တွေအကြောင်း ငါပြောတာတွေက အမှန်ပဲ ဆိုတာ မင်းလဲ သိနေပါလိမ့်မယ် ။

{ မင်းပြောမှ သေးတောင်ပေါက်ချင်လာတယ် ၊ ကြောက်လို့မဟုတ်ဖူး ရီချင်လို့ 😂 ဟကောင် မျိုးဝင်းက အင်းစိန်ပြန်လေကွာ ဧည့်ရိပ်သာထဲမှာ ထားပြီး စစ်ကြောရေးလုပ်တယ် ၊ စားချင်တဲ့အချိန် မီးဖိုချောင်ထဲ ဝင်စားတယ် ၊ ကိစ္စပြီးတော့ ပုဒ်မ ၅၀၅ နဲ့ ရဲစခန်းပို့တယ် ။ တောင်ဒဂုံ စခန်းမှူးက အကျိုးအကြောင်းမေးတယ် ။ အဲဒီ စခန်းမှူးကပဲ ထမင်းဆိုင်ကနေ နေ့တိုင်းထမင်းဝယ်ကျွေးတယ် တနေ့ ၃ နပ်နော် ၊ မင်းပြောတဲ့ ပါးကွပ်သားတွေက အဲသလိုကွ ကိုယ်တွေ့ပါကွာ 😂😂}


အဲ့တော့ ဆက်ပြီး မမိုက်ချင်စမ်းပါနဲ့ကွာ။ ဘေးရှောင်သွားလို့ သွေးကြောင်တယ် ဆိုပြီးတော့လဲ မင်းကို ဘယ်သူကမှ မလှောင်ပါဘူး။ လူဆိုတာ အသက်ရှည်ရှည် နေတတ်ရတယ်။အထူးသဖြင့် အဘဘောကို ဖက်တွယ်ရင်း အချင်းချင်း ပြန်သုတ်ခံရတဲ့ ဘဝကြီးက ရင်နာစရာပါကွာ။မင်း ရပ်သင့်နေပြီ လေမျိုးဝင်း..။ #4C_TruthNews

{ နိဂုံးဖတ်ပြီးမှ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိတယ်ကွာ ၊ အကြမ်းဖက် ချန်နယ်ထဲက Subscribers 146.6 ရှိနေတဲ့ ပရိတ်သပ်အများဆုံး ချန်နယ်ပိုင်ရှင် ငဖိုးစီလေး ငါ့ကို အတော်ကြောက်နေပါလားလို့ ပေါ့လေ 😂 ခြောက်လိုက် ချော့လိုက် ကလေးအထာတွေ သုံးပြီး စာမရေးပါနဲ့တော့လို့ တကူးတက လာပြောနေရတာ ကြည့်ပြီး သနားလာပြီ 😂 }

           ကိုရွှေမျိုးဝင်း
{ သွေးခွဲတဲ့သူကတော့ ဂွင်ကောင်းစောင့် ခွဲနေမှာပဲ... မခိုင်တဲ့ကျောင်း ပြိုပေါ့လေ...}
Without အောင်မင်း သို့
=====================

- အမှန်တရားမြတ်နိူးပါတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ တပ်မတော်နဲ့တပ်မတော်ခေါင်းဆောင်တွေကိုအမျိုးမျိုးဖေါင်းထုနေတဲ့ လေမျိုးဝင်းတို့အုပ်စုကိုမေးချင်တာပါ ၊၊

{ Without အောင်မင်းရေ ငါရေးသမျှဟာ အသားလွတ် ဖောင်းထုတာ တခုမှ မပါဘူး ၊ သတင်းအတိအကျနဲ့ ဖြစ်စဥ်မှန်တွေကို ဖော်ထုတ်တင်ပြခဲ့တာချည်းပဲ ၊ ဒါကြောင့် တိုင်းပြည်အတွက် ၊ ပြည်သူအတွက် အကျိုးရှိစေမယ့် ဆောင်ရွက်ချက်တွေကို နစက နဲ့ တာဝန်ရှိသူတွေ ဖြည့်ဆီး ဆောင်ရွက်ပေးခဲ့တာချည်းပဲ ။ နောက်ပြီးတော့ ငါက တကိုယ်တော် ဘယ်အဖွဲ့အစည်း ဘယ်လူပုဂ္ဂိုလ်နဲ့ မပက်သက်ဖူး ရှင်းတယ်နော် }

- ခင်ဗျားတို့တကယ်အမှန်တရားကိုမြတိနိူးတာလား ၊ အခုတင်ထားတဲ့သတင်းကိုခင်ဗျားရေးရဲလား ၊ ပါတီကြီးတစ်ခုရဲ့အရိပ်ကိုခိုပြီး မြန်မာငွေကျပ်သိန်းပေါင်း(၆)သောင်းကျော်လိမ်လည်မှု့နော် ၊ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီးခံစားခဲ့ရသူတွေရဲ့အင်တာဗျူတွေကျွန်တော်မှာရှိတယ် ( ဒါကအမြည်းဘဲရှိသေးတယ်) ၊၊

{ အမှန်တရား မြတ်နိုးခြင်း မမြတ်နိုးခြင်းဆိုတာမျိုးကို ငါ ကိုယ့် ငါ တခါမှ ကြွားဝါ မကြွေးကြော်ခဲ့ဖူးဘူး ။ ရေးသားခဲ့တဲ့ စာတွေ နဲ့ လုပ်ဆောင်ချက်တွေ ရပ်တည်ချက်တွေကြည့်ပြီး ပရိတ်သတ်က သူတို့ဘာသာ သူတို့ သတ်မှတ်ကြလိမ့်မယ် ။ ဘယ်အကြောင်းအရာ ဘယ်စာ ရေးမယ်ဆိုတာ ငါ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ ဘာလို့လဲ ဆိုတော့ ငါက ဇက်ကြိုးတန်းလန်းနဲ့ ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ် စေရာသွားနေရတဲ့ ဘဝ မဟုတ်ဖူး အောင်မင်းရေ }

-  ခင်ဗျားရေးချင်တယ်ဆိုကျွန်တော်ကိုဆက်သွယ်လိုက်ပါ ၊၊

{ စိတ်တောင်မကောင်းဘူး မင်းက မင်းကို နိုင်ငံခြားက ငွေကုန်ခံပြီး ပြန်ခေါ်လာရတဲ့ ကိုမုတ်ဆိတ်ကို သတ်ဖို့ကြံစည်တယ် ( ဖွင့်တောင်ပြောလိုက်သေး) ၊ ဇာနည်ထိုက်နဲ့ ပွဲဖြစ်အောင် စီစဥ်ကူညီသူ သူဌေးတယောက်ကို မင်းက မိုက်မိုက်ရိုင်းရိုင်း ဆဲဆို ဆက်ဆံခဲ့တာ ကတော့ ငါ့နားနဲ့ ဆတ်ဆတ်ကြားခဲ့ရတယ် ။  လူတယောက်ကို နေပြည်တော်မှာ သတ်ဖို့ လိုက်ရှာတယ် ( live တောင်လွှင့်လိုက်သေး) ၊ တပ်မတော်ထောက်ခံသူ သတင်းသမား လိပ်စာကို PDF တွေ သတ်နိုင်အောင် လိပ်စာလိုင်းပေါ်တင်တယ် ၊ နေစရာ စားစရာ မရှိလို့ ကြံခိုင်ရေးက ကူညီပေးခဲ့တယ် ၊ ပါတီပုံရိပ်ထိခိုက်အောင် အမျိူးသမားရေး သမားတိုင်းနဲ့ ရန်ဖြစ်တယ် ဒီတော့ နှင်ထုတ်တယ် ၊ နှင်ထုတ်တော့ နှစ်ရက်မခြားဘူး ကျေးဇူးကန်းတော့တာပဲ ဒါတွေကြောင့် မင်းလိုကောင်ရဲ့ ဖုန်းနံပါတ်ကို ဖျက်ပစ်လိုက်ပြီ ။ ကျေးဇူးကန်းတတ်သူဆီမှာ ကောင်းမြတ်တဲ့အရာ ဘာတခုမှမရှိဘူးလို့ ဆိုသကိုးကွ }

-  အဲ့ဒီကိစ္စနဲ့ထဲထဲဝင်ဝင်ပက်သက်နေသူက ခင်ဗျားနဲ့လက်တကမ်းအကွာမှာဘဲရှိတယ် ၊

{ နိုင်ငံကျော် သတင်းထောက်တဲ့ကွာ ငါ့ဘေးမှာ ငါပဲရှိတယ် ဟ ဘယ်လိုများ သတင်းစုံစမ်းပါလိမ့် }

-  ကျွန်တော်ကို ခင်ဗျားကဘာကြောင့်မရေးတာလဲလို့တော့မမေးနဲ့ ရေဘေးကိစ္စနဲ့ပက်သက်ပြီးသတင်းရေးဖို့လုပ်လို့ အဲ့ဒီဝန်းထဲကမောင်းထုတ်ခံရပြီးပြီ ၊ (မှတ်ချက်အနေနဲ့ပြောချင်တာက ဒါတွေကပါတီနဲ့တော့တိုက်ရိုက်မပက်သတ်ဘူး ပါတီပုံရိပ်ကိုအကာအကွယ်ယူပြီးကိုယ်ကျိုးစီးပွါးရှာနေသူတစ်စုကြောင့်ဒါတွေဖြစ်လာတာ)

{ ကိုယ်တိုင် သတ္တိရှိရှိ မရေးရဲပဲ ဘာဆင်ခြေတွေ ပေးနေတာလဲကွ ၊ နှင်ထုတ်လို့ ကျေးဇူးတောင် ကန်းပြီးမှပဲ မင်းမလုပ်ရဲတဲ့ အကုသိုလ် ဘာရှိနေသေးလို့လဲ ယောကျာ်းပဲ ကိုယ်တိုင်ရေးပေါ့ဟ ၊ ခြောက်နေလို့လား ခြောက်နေရင်လည်း တပ်ချုပ်ကြီးနဲ့ လက်ဆွဲနှုတ်ဆက်ပြနေသေးတာပဲ တိုက်ရိုက်သွားတင်ပြလိုက်လေ  .. လခွမ်း မဆီမဆိုင် ငါ့လာပြီး ဆွဲထည့်နေတယ် }

မှတ်ချက် ။       ။ Without အောင်မင်းလို့ ခေါ်တာ စိတ်မဆိုးနဲ့ ( ဆိုးလည်း စောက်ဂရုမစိုက်ဘူး) မင်းက သက်တန်းလွန် ဗီဇာ နဲ့ နေ နေရတဲ့သူမဟုတ်လား... ဒါကြောင့်ခေါ်တာ ? မင်း အလွန်အမင်း ကြွားဝါနေတဲ့ ကျုပ်က တရားဝင် မိီဒီယာဆိုလား.. မီဒီယာဥပဒေကို လေ့လာအုံးမှ နိုင်ငံခြားသားကို မြန်မာနိုင်ငံမှာ တရားဝင်မီဒီယာထူထောင်ခွင့်ပြုထားပြီလားလို့ ။

            ကိုရွှေမျိုးဝင်း
ကန်ဒေါင့် စိတ်ဓာတ် ကန်ဒေါင့်စစ်ကူ
=============================

ပုလဲမြို့နယ် ကန်ဒေါင့်နယ်မြေရဲစခန်းကို ၂၀၂၄ တုန်းကလည်း PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်ကြပါတယ် ။ အဲဒီတုန်းကလည်း အားလုံး တွဲလက်ညီညီ နဲ့ အင်အားခြင်းမမျှတကို ထည့်မတွက်ပဲ ခုခံတိုက်ခိုက် အောင်မြင်ခဲ့ကြဖူးပါတယ် ။

တိုက်ပွဲ အတိမ်အနက်ကတော့ ရဲစခန်းတာဝန်ကျ ရဲဝန်ထမ်း တဝက်လောက် ရဲဗလဆု ချီးမြှင့်ခံခဲ့ရတာ ကြည့်ပြီး ခန့်မှန်းလို့ရနေပါပြီ ။ သူတို့ခမျှာ တာဝန်ထမ်းဆောင်နေကြရတာ အဲဒီကာလကကိုပဲ ၃ နှစ်ကျော်ခဲ့ပါပြီ ။

ယခုဆိုရင် ကန်ဒေါင့်မှာ တာဝန်ကျနေတာ ၄ နှစ်တာကာလဆိုတော့ အတော်များလှနေပါပြီ ။ သို့သော် သူတို့သည်ကား ပေးအပ်သည့်တာဝန်ကို ဦးလည်မသုန် ထမ်းဆောင်နေကြဆဲပါပဲ ။

2 - 6 - 2025 မှာတော့ အညာသားပဒက်တွေ စုပေါင်းပြီး ကန်ဒေါင့်ရဲစခန်းကို အလုံးအရင်းနဲ့ ဝင်တိုက်ကြပါတယ် ။ ဆိုရှယ်မီဒီယာတွေမှာလည်း ကန်ဒေါင့်အတွက် စစ်ကူ ပစ်ကူ ဆောင်ရွက်ပေးနိုင်ဖို့ သတင်းပေးကြ ဆော်သြကြနဲ့ ပွဲဆူနေပါတယ် ။

တိုက်ပွဲက ပြင်းထန်လှပါတယ် ။ လေကြောင်းပစ်ကူနဲ့ အချိန်ကိုက် ကူညီနိုင်တာလည်း တွေ့ရပါတယ် ။ PDF တွေလည်း တိုက်သမျှ ပွဲတွေက ယခုနောက်ပိုင်းကာလမှာ အရှုံးတွေချည်းဆိုတော့ ကန်ဒေါင့်ရဲစခန်းပေါက်စလေးကို အပိုင်တိုက်ပြပြီး စိတ်ဓာတ်ခွန်အား မြှင့်တင်ဖို့ ကြိုးစားကြပါတယ် ။

PDF တွေ ဘယ်လောက်သေနေပါစေ နောက်ပြန်မဆုတ်ပဲ မဲတင်းတိုက်နေကြတာ တွေ့ရပါတယ် ။ လက်တဆုပ်စာ အင်အားနဲ့ မဆုတ်မနစ် ခုခံနေကြရတဲ့ တပ်မတော်သားစစ်သည်များ နဲ့ ရဲတပ်သားများရဲ့ စိတ်ဓာတ်ခိုင်မာမှုအတွက် အဖွဲ့ ၂ ဖွဲ့ရဲ့ ခေါင်းပေါင်းတွေ တိုင်ပင်ကြပါတယ် ။

'' ငါတို့ မကျမချင်း ဆက်တိုက်ကြမယ် ။ လူကြီးတွေကလည်း ပစ်ကူတွေ တောက်လျှောက်ပေးနေကြတယ် ။ နောက်ဆုံးအချိန်ထိ တိုက်မယ် ငါတို့ တပ်မတော် နဲ့ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာအတွက် အသက်စွန့်ရင် စွန့်ရပါစေ ဆက်တိုက်ကြမယ် ၊ မိဘတွေဆီလည်း ဒီစကားတွေ အကြောင်းကြားထားလိုက်ကြတော့ ''

ဒီစကား ဒီအမိန့်ကို စုပေါင်းဆွေးနွေးမှုမှာ ဆုံးဖြတ်ပြီးတဲ့နောက် ထွက်လာပါတယ် ။ အဲလို ပြတ်သားလွန်းလို့လဲ တိုင်းပြည်အတွက် ၊ မိမိတပ်ဖွဲ့ သမိုင်းအတွက် ဆိုတဲ့အသိစိတ်ကပဲ ခွန်အား ၂ ဆတိုးလာရချေပြီ ။


နမခ တိုင်းမှူးကြီးလည်း ပစ်ကူ စစ်ကူ ရပ်တာနဲ့ သူ့ရဲဘော်တွေ ကျဆုံးမှာကို သိနေလို့ လုံးဝမရပ်မနားနီးပါး နားစွင့် ထောက်ပံ့ကူပစ်နေပါတယ် ။ ဒါတင်မက မြေပြင်စစ်ကူအတွက်လည်း စီမံရပါပြီ ။

ကာလများစွာကတည်းက မိုင်းအထပ်ထပ်နဲ့ လမ်းပိတ်ဆို့ထားတဲ့ မြေပြင်အနေအထားကြောင့် သမရိုးကျနည်းနဲ့ စေလွှတ်ရင်လည်း အဆင်မပြေနိုင်ပါဘူး ။ ဒီတော့ အနီးဆုံးစခန်း အင်မထီးကို ရဟတ်ယာဥ်နဲ့ ပို့ပါတယ် ။ အင်မထီးက တဆင့် ကန်ဒေါင့်ဆီကို တရစပ်ချီတက်ကြရပါတယ် ။

လမ်းခရီးမှာ ဖြတ်တောက်ပိတ်ဆို့ထားတဲ့ PDF တွေ နဲ့ ရင်ဆိုင်ရသလို အန္တရာယ် မိုင်းကွင်းတွေကိုလည်း ကျော်ဖြတ်ကြရပြန်ပါတယ် ။ အချိန်က အရေးကြီးနေပါပြီ ။ ကန်ဒေါင့်စခန်းကို တိုက်နေကြတာ 7 - 6 - 2025 ထိ ကြာမြင့်ပြီးဖြစ်ပါတယ် ။

PDF တွေအတွက်တော့ ဇီးရွက်လောက် ရဲစခန်းလေးကို ရှိသမျှ ပဒက်စုပေါင်းအင်အားနဲ့ အပိုင်ဝင်တိုက်တာတောင် ၇ ရက်ကြာတဲ့အထိ မရသေးပဲ သောက်သောက်လဲ သေကုန်ကြတာ မနည်းတော့ဘူး ။ မခံချင်စိတ်နဲ့ ကုန်းကြုံးတိုက်နေဆဲပါပဲ....

သိူ့သော် '' ငါတို့ညီအကိုတွေ ငါတို့ရောက်မှ ရှင်သန်နိုင်မှာ'' ဆိုတဲ့ ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့ စစ်ကူစစ်ကြောင်းကလည်း ပင်ပန်းတာအမှုမထား ပဲ ပိတ်ဆို့နေကြတာတွေကို ဇွတ်ဖောက်ထွက်ရင်း 7 - 6 - 2025 မနက်ခင်းမှာပဲ ကန်ဒေါင့်ကို ဝုန်းကနဲ ရောက်လာပါတော့တယ် ။

လက်တဆုပ်စာ အင်အားလေးကို ထောင်ချီနေတဲ့ သာလွန်အင်အားနဲ့ တိုက်ရင်း မချိမဆန့် အသေကြမ်းနေတဲ့ PDF တို့ခမျှာ တပ်မတော်ရဲ့ စစ်ကူစစ်ကြောင်း ဗြုံးကနဲလဲ ရောက်လာရော ကန်ဒေါင့်ကနေ ကျားကိုမြင်တဲ့ ခွေးဝဲစားပမာ ဖင်သီအောင် ပြန်ပြေးကြပါရောလား....

ခိုင်မာသောစိတ်ဓာတ် ၊ လုံးလောက်သော ပစ်ကူ ၊ ဇွဲကြီးသော စစ်ကူတို့ တွဲလက်ညီလေသောအခါ အောင်ပွဲသည်ကား ပြေးမလွတ်တော့ပါဘူး ။

ယခုတိုက်ပွဲ အပြီးမှာ ကန်ဒေါင့်ရှိ ပြည်သူ့ရဲများနဲ့ စစ်သည်အပေါင်းတို့ ဆုတံဆိပ်များ ချီးမြှင့်ခံကြရပါစေလို့ ဆုတောင်းလိုက်ပါတယ် ။ အထူးဆုတောင်းချင်တာကတော့ ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြရပါသော ပြည်သူ့ရဲ သူရဲကောင်းများ နောက်တန်းပြန်တာဝန်များနဲ့ လဲလှယ် ခံစားခွင့်ရပါစေလို့......တာဝန်ကျေပွန်သည် ဆိုသည်ထက် များစွာပိုမို တာဝန်ကျေပွန်ကြပါသော သူရဲကောင်းများအား ဂုဏ်ပြုလျှက်.......

ကိုရွှေမျိုးဝင်း
လွှတ်တော် နဲ့ ရွေးကောက်ပွဲ
=========================

ဒီအခြေအနေနဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလားလို့ စိုးရိမ်တကြီး မေးနေကြတာ မကြာခဏ ကြားရပါတယ် ။ ကျနော်တို့ဆီမှာ အဓိက လွှတ်တော် ၃ ရပ် နဲ့ ဖွဲ့စည်းထားပါတယ် ။ တိုင်း နဲ့ ပြည်နယ် လွှတ်တော်များကတော့ သီးသန့်ပါ ။

အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော် နဲ့ ပြည်ထောင်စုလွှတ်တော် ဆိုပြီး ရှိပါတယ် ။ ပြည်ထောင်စုလွှတ်တော်ဆိုတာ အဓိက အကျဆုံးပါပဲ ။ သူက အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို စုပေါင်းပြီး စည်းဝေးဆုံးဖြတ်ရတဲ့ လွှတ်တော်ဖြစ်ပါတယ် ။

ပြည်ထောင်စု လွှတ်တော်မှာ အမတ်ဦးရေ စုစုပေါင်း ၆၆၄ ဦး တက်ရောက်ခွင့် ရှိပါတယ် ။ သာမန်အချိန်ကာလများမှာ အဲဒီထဲက ၃၃၂ ဦး တက်ရောက်ရင် အစည်းအဝေး အထမြောက်ပါပြီ ။ အကယ်၍ အရေးပေါ်ကာလဆိုရင် ၂၂၂ ဦး တက်ရောက်ရင်ပဲ အထမြောက်တယ်လို့ ပုဒ်မ ၈၅ ( ခ) မှာ ပြဌာန်းထားပါတယ် ။

တပ်မတော်အနေနဲ့ အမျိုးသားလွှတ်တော်မှာ ၅၆ ဦး ၊ ပြည်သူ့လွှတ်တော်မှာ ၁၁၀ ဦး တက်ရောက်ခွင့် ရှိနေပါတယ် ။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်မှာ ၁၆၆ ဦး တက်ရောက်ခွင့် ရှိနေပါတယ် ။


ပုဒ်မ ၈၅ ( က) အရ သာမန်အချိန်မှာ ပြည်ထောင်စုလွှတ်တော် အထမြောက်ရန် ၃၃၂ ဦး လိုအပ်ပါတယ် ။ အဲဒီအတွက် တပ်မတော်သား ကိုယ်စားလှယ်မဟုတ်သူ ပြင်ပ လွတ်တော်အမတ် ၁၇၇ ဦးပဲ လိုအပ်ပါတယ် ။ အမတ် ၁၇၇ ဦးအတွက် ရန်ကုန်တိုင်း ၊ နေပြည်တော် နဲ့ ဧရာဝတီတိုင်း ၃ ခုနဲ့တင် ပိုလျှံနေပါပြီ ။

ပုဒ်မ ၈၅ ( ခ) အရ အရေးပေါ် အခြေအနေမှာ လိုအပ်တဲ့ အမတ်ဦးရေ ၂၂၂ ဦး အတွက်ဆိုရင်တော့ တပ်မတော်ကိုယ်စားလှယ်များအပြင် ၅၆ ဦးပဲ လိုအပ်မှာပါ ။ ဒါဆိုရင် ရန်ကုန်တိုင်း တခုထဲနဲ့ လုံလောက်နေပါပြီ ။

၂၀၀၈ ခြေ / ဥ ပေးထားချက်များအရ မည်သည့်အတိုက်အခံများ သပိတ်မှောက်ထွက်ခွာသွားပါစေ ပြည်ထောင်စုလွှတ်တော်အား တရားဝင်နေစေရန် ရည်ရွယ်ချက်နဲ့ ထည့်သွင်းရေးဆွဲခဲ့တဲ့ ပုဒ်မ ၈၅ ( က) ( ခ) ဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ အသက်သွေးကြောပါပဲ ။

၂၀၀၈ ရဲ့ အားသာချက် နောက်တခုက ဆန္ဒမဲပေးခွင့်ရှိသူ မည်သည့် % မဲပေးမှ အထမြောက်မယ်လို့ ဆိုမထားပါဘူး ။ ဒီတော့ မဲ မပေးဘူးကွာဆိုလဲ ပေးတဲ့မဲအရေအတွက်နဲ့ပဲ အမတ်လောင်းတွေရဲ့ အနိုင်အရှုံးကို အတည်ပြုနိုင်ခြင်းပဲ ဖြစ်ပါတယ် ။

ဒါတွေက နစက အနေနဲ့ ရွေးကောက်ပွဲ လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ်နဲ့ မေးမြန်းထားတဲ့ မိတ်ဆွေတွေကို ပြန်လည်တင်ပြလိုက်တာပါ ။ နစက အနေနဲ့ ရွေးကောက်ပွဲကို သေချာပေါက် လုပ်ပေးနိုင်ပါတယ် ။ ဒါကိုလည်း အထက်မှာ ဖော်ပြခဲ့တဲ့ ခြေ / ဥ ပါ ပုဒ်မ ၈၅ နဲ့ လက်ရှိဖြစ်တည်မှုတွေနဲ့ ချိန်ဆပြထားပါပြီ ။ မိမိနှစ်သက်ရာ ပါတီ နဲ့ အမတ်လောင်းများကိုသာ အမှန်ကန်ဆုံး ရွေးချယ်ထားကြဖို့ တိုက်တွန်းလိုပါတယ်ဗျာ ။

ကိုရွှေမျိုးဝင်း
ဘိလပ်မြေ
============

တည်ဆောက်ရေးလုပ်ငန်းတွေ အများအပြား ဆောင်ရွက်ကြရမယ့် ကျနော်တိုင်းပြည်မှာ ဝိသမလောဘသားတွေကြောင့် ဘိလပ်မြေစျေး အဆမတန်ကြီးမားလာနေတာ ပြည်သူတွေအတွက် အခက်အခဲကြီးပါပဲ ။

ထုတ်လုပ်မှု ကျဆင်းနေတဲ့ ဘိလပ်မြေစက်ရုံတွေအကြောင်း စိတ်ဝင်စားလို့ လေ့လာမိတော့ ကြံ့ခင်း နဲ့ သရက် ဘိလပ်မြေစက်ရုံတွေအကြောင်း အံ့သြဖွယ် သိလိုက်ရပြန်ပါပြီ ။

အဲဒီစက်ရုံထွက် ဘိလပ်မြေတံဆိပ်တွေက အားလုံးသိထားကြတဲ့ မြင်းခေါင်းတံဆိပ်တွေပါပဲ ။ စျေးကွက်မှာ ပျောက်နေတာ ၈ နှစ်ဆိုတော့ မေ့တောင် မေ့နေကြရောပေါ့ ။ NLD လက်ထက်တုန်းက ဖက်စပ်လုပ်နေတဲ့ လုပ်ငန်းရှင်က အခွန်အခ များစွာတက်လာခြင်း အကြောင်းအပါအဝင် အခြားအကြောင်းတွေကြောင့် လုပ်ငန်းအရှုံးပေါ်လို့ ရပ်ဆိုင်းသွားရပါတယ် ။

အဓိက ရပ်ဆိုင်းရခြင်း အခက်အခဲများကတော့ ထုံးကျောက်ကို အဝေးမှ သယ်ယူရလို့ စရိတ်ပိုကုန်နေရခြင်း ၊ စက်ရုံအတွက် လိုအပ်သော သဘာဓာတ်ငွေ့ကို ဒေါ်လာဖြင့် ပေးချေနေရခြင်း ( ဒေါ်လာစျေးတက်လေ ရှုံးလေ) ၊ ကုန်ကြမ်းဘဝမှာပဲ အခွန်ပေးဆောင်ရပြီး ကုန်ချောဖြစ်တော့လည်း ထုတ်လုပ်ခွန် ၊ ရောင်းချခွန် ၊ အမြတ်ခွန်တွေနဲ့ ထပ်မံဖိစီးထားခြင်း ၊ ထုတ်လုပ်သည့် နည်းစနစ်ကြောင့် ကုန်ကျစရိတ် မြင့်မားပြီး ထုတ်ကုန်ပမာဏ အနည်းငယ်သာ ထုတ်နိုင်ခြင်း ၊ ကုန်ချောရောင်းချရာမှာ အစိုးရသတ်မှတ်စျေးနှုံးနဲ့သာ ရောင်းချရခြင်း ၊ စျေးနှုံးမြှင့်တက်ရန် ကြာမြင့်စွာ ခွင့်ပြုချက် ပြန်မကျခြင်း ၊ ယခင် ပင်စင်စားများအတွက်ပါ ပင်စင်လစာအား စက်ရုံမှ ပေးချေနေရခြင်း ဒါတွေကြောင့် စက်ရုံ ရပ်ဆိုင်းသွားရပါတယ် ။

ရပ်ဆိုင်းသွားလို့ မရှုံးတော့ဘူး မထင်နဲ့ ပင်စင်နဲ့ လက်ရှိ အလုပ်မလုပ်ရတဲ့ ဝန်ထမ်းတွေကို လစာပေးနေရတာ တလ သိန်း ၂၀၀၀ နီးပါးရှိသတဲ့ ( ကြံ့ခင်းတင်နော် သရက်ကောဆို သိန်း ၄၀၀၀ နီးပါပဲ) ။ သွေးတိုးမရှိရင် ၈ နှစ်စာ အရှုံး တွက်ကြည့်ပေတော့ ။

ဘိလပ်မြေထုတ်လုပ်ရာမှာ နည်းစနစ် ၂ မျိုးရှိပါတယ် ။ အစိုထုတ်နည်း နဲ့ အခြောက်ထုတ်နည်း ။ အစိုထုတ်နည်းဆိုတာက ပါဝင်ကုန်ကြမ်းတွေကို ရေထဲထည့်မွှေချေမွပြီးမှ မီးဖုတ်ပစ်တာ ။ ဒီနည်းက လောင်စာပိုကုန်တယ် ထုတ်လုပ်နိုင်စွမ်း နည်းတယ် ။ ငွေပိုကုန်ပြီး ကုန်ချော နည်းနည်းပဲ ထွက်တဲ့နည်း ။

အခြောက်ကုန်ထုတ်နည်းက ပါဝင်ပစ္စည်းတွေကို ရေမစိမ်ပဲ ကြိတ်ချေပြီး မီးဖုတ်တယ် ။ သူက လောင်စာကုန်သက်သာပြီး များများထုတ်လုပ်နိုင်တယ် ။

ကြံ့ခင်း နဲ့ သရက်က အစိုထုတ်နည်းစက်ရုံတွေပါ ။ ကြံ့ခင်းစက်ရုံက အစိုထုတ်နည်းနဲ့ဆို တရက်ကို တန်ချိန် ၁၆၀၀ ( အိတ်ပေါင်း ၃၂၀၀၀) ထွက်ပါတယ် ။ သရက်ကောဆို တရက်ကို ဘိလပ်မြေအိတ် (၆၄၀၀၀) ထုတ်လုပ်နိုင်စွမ်းရှိပါတယ် ။

အကယ်၍ အခြောက်ထုတ်လုပ်နည်းနဲ့ ထုတ်လုပ်မယ်ဆိုရင် ကြံ့ခင်းတခုတည်းမှ တရက်ကို တန် ၅၀၀၀ မှ ၁၀၀၀၀ ထိ ( အိတ်ပေါင်း တစ်သိန်း မှ နှစ်သိန်း) နေ့စဥ် ထုတ်လုပ်နိုင်ပြီး ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ပေးနိုင်ပါတယ် ။

ဒီတော့ ဖြစ်စဥ်များအရ ရပ်ဆိုင်းထားစဥ် တလအရှုံး သိန်း ၂၀၀၀ ဆိုတော့ စက်ရုံလည်ပတ်နေရင်ကော အဲသလောက်ရှုံးမလား စုံစမ်းကြည့်တော့ အဲလောက်တော့ မရှုံးနိုင်ဘူးလို့ ခန့်မှန်းတွက်ချက် ဖြေကြားပါတယ် ။

ဒါဆိုရင် နိုင်ငံတော်အနေနဲ့ ဘာလုပ်ရမလဲ ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပါပြီ ။ ဘိလပ်မြေလိုအပ်ချက်က မြင့်မားနေအုံးမှာပါပဲ ။ ပြည်ပငွေ အများကြီး အကုန်ခံမလား ဒီလို ကြံ့ခင်း နဲ့ သရက် ဘိလပ်မြေစက်ရုံတွေကို ပြန်လည်ဖို့ ဆောင်ရွက်မလားဆိုတဲ့ ဆုံးဖြတ်ချက် ချကြဖို့ပါပဲ ။

အမှန်တိုင်းပြောရရင်တော့ အခြောက်ထုတ်လုပ်မှု စနစ်ပြောင်းမယ် ၊ အခွန်လျော့ပေါ့ စဥ်းစားမယ် ၊ သဘာဝဓာတ်ငွေ့ကို ကျပ်ငွေနဲ့ ရောင်းချပေးမယ် ဆိုရင် ဘယ်လိုမှ မရှုံးနိုင်ပါဘူး ။ သို့သော် အရှုံးနဲ့လည်း တွက်ဆပြချင်ပါသေးတယ် ။

ဒီပုံစံနဲ့ ဆက်ထုတ်မယ်ဆိုပါစို့ ။ တလ သန်း ၁၀၀ ရှုံးတယ်ထားအုံး ယခုလို အသားလွတ် တလ သန်း ၂၀၀ နီးပါး ရှုံးနေတာထက်စာရင် တလကို သန်း ၁၀၀ သက်သာမယ် ။ နိုင်ငံတော်အတွက် အခွန်ရမယ် ။ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ် ။ ပြည်ပသို့ ဒေါ်လာစီးကြောင်း ရပ်စေမယ် ဆိုတဲ့ အကျိုးတွေ အများကြီး ရှိလာပါမယ် ။

အကယ်၍ ထုတ်တဲ့ နည်းစနစ်ပြောင်းမယ်ဆိုရင် စက်ရုံ ၂ ခုပေါင်းကနေ တနေ့ ဘိလပ်မြေအိတ်ပေါင်း ( ၂ သိန်း မှ ၄ သိန်းထိ) စျေးကွက်ထဲ ဝင်လာပြီး စျေးကွက်ကို ထိမ်းချုပ်နိုင်ပါလိမ့်မယ် ။ အရှုံးလည်း မရှိနိုင်တော့ပါဘူး ။

NLD လက်ထက်မှ စပြီး ၈ နှစ်ကြာ ပစ်ထားသော မေ့လျော့ခံ ဖြစ်နေတဲ့ ကြံ့ခင်း နဲ့ သရက် ဘိလပ်မြေစက်ရုံများအား အကြီးစား ပြင်ဆင်မှုများ ဆောင်ရွက်ပြီး ပြန်လည် လည်ပတ်နိုင်ရေး ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား...

ကိုရွှေမျိုးဝင်း
မျှော်လင့်နေတဲ့ သတင်း
======================

သူပုန်ပေါင်းများစွာထဲမှာ ကျနော် ကြည့်မရဆုံး အစက်ဆုပ်ဆုံး သူပုန်ကတော့ AA ပဲ ။ အင်မတန် ကျေးဇူးကန်း ၊ အင်မတန်လေကြီး ၊ အင်မတန်လောဘဇောကြီးလွန်းတဲ့ သူပုန်မို့ပဲ ။

6 - 6 - 2025 မှာပဲ ကျောက်ဖြူစစ်သတင်း ( ရန်သူ့မီဒီယာအရ) တပ်မတော်က လေကြောင်း ၊ လက်နက်ကြီးနဲ့သာမကပဲ စစ်ကြောင်းလေးကြောင်း နဲ့ နယ်မြေရှင်းနေကြောင်း သတင်းကောင်း ထွက်လာပါတယ် ။

ဒါက ကျောက်ဖြူမို့ သိပ်မထူးခြားတဲ့ သတင်းပါပဲ ။ ထူးခြားတဲ့ သတင်းကတော့ စစ်တွေ နဲ့ ဂွမြို့ တွေဘက်ကို ရေတပ်က လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေတယ်ဆိုတဲ့ သတင်းကောင်း စကြားလာရတာပါပဲ ။


ငပလီ ၊ မောင်ရွှေလေး နဲ့ ကျိုတ္တော ဖက်ကို အများအပြားပစ်ခတ်ခဲ့ပြီး ဂွမြို့ရှိ AA အခြေပြုရွာတွေကိုလည်း ပစ်ခတ်ခဲ့ကြောင်း ကြားသိရပါတယ် ။ ညပိုင်းမှာတော့ AA တို့ ခိုအောင်းနေတဲ့ နေရာတွေကို လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်ပါတယ် ။

ဒီအခြေအနေကို ကြည့်ရတာကတော့ တပ်မတော်ရဲ့ တိုက်စစ်မြှားဦးဟာ ဂြိုလ်ကြွနေတဲ့ AA ဖက်ကို ဦးတည်နေပြီလားလို့ မျှော်လင့်လာရပါပြီ ။ ကြည်း ရေ လေ သုံးမျိုးပေါင်း တိုက်လို့ရတဲ့ ရခိုင်ကတော့ တကယ်လုပ်ချင် ခဏနဲ့ ကမ်းရိုးတမ်းတလျှောက် ပြန်သိမ်းနိုင်မှာပါပဲ ။

ဒီသတင်းတွေကတော့ AA အပေါ် အစာမကျေ ဖြစ်နေတဲ့ သူလိုကိုယ်လိုလူတွေအတွက် အတိုင်းအတာတခုထိ စိတ်ကျေနပ်ကြမှာပါပဲ ။ ဒီထက်မကသော ပြည်သူ့ဆန္ဒကို တပ်မတော်မှ အမြန်ဆုံး ဖြည့်ဆီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်လျက်..


ကိုရွှေမျိုးဝင်း
ရန်သူဘက်မှ တင်ထားသော ရခိုင်စစ်သတင်းများ