𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚
1.32K subscribers
732 photos
112 videos
18 files
497 links
Knowledge နှင့် admin များ၏ ဆောင်းပါးများ

ကြော်ညာကိစ္စဆက်သွယ်ရန် @kklris_solaris_22
Download Telegram
🅐🅟4🅤 ️
Photo
"ညဉ့်ယံမှ တေးသံ"


ဒီနေ့ အလုပ်ကနေ အိမ်သို့ပြန်ချိန်က ည (၁၁) နာရီခန့်ဆိုတော့ ကောင်းကင်တစ်ခုလုံးမှာ မှောင်ပိန်းလို့နေလေပြီ။ လမိုက်ညလည်းဖြစ်လေတော့ အရင်ရက်များထက် အမှောင်ထုမှာ သာလည်း သာနိုးစွာ၏။

ကျွန်ုပ်မှာလည်း တစ်နေကုန် ပင်ပန်းနွမ်းနယ်လွန်းတာရယ်၊ ညနက်မိုးချုပ်လာတာရယ်ကြောင့် ခန္ဓာကိုယ်က ထိုးထွင်းဖောက်ထွက်လာတတ်သည့် အိပ်ငိုက်ခြင်းဒဏ်တွေနဲ့ ဖိစီးခံနေရပြီ။

အိမ်ကိုသာ အမြန်ဆုံးပြန်ရောက်ပြီး နွေးနွေးထွေးထွေးဖြင့် အိပ်ရာထဲ လဲချပစ်ချင်စိတ်က လွဲလို့ အခြားဘာမျှ မရှိတော့ပြီ။ သို့ဖြစ်၍ လမ်းမီးတိုင်တွေရဲ့ မှိန်ပြပြအလင်းရောင်အောက်မှာ ကျွန်ုပ်ရဲ့ ခြေလှမ်းတွေက အိမ်ဆီသို့သာ အားယူ၍ လျှောက်နေမိသည်။

အိမ်တံခါးဝကို ရောက်တော့ ကျွန်ုပ်လည်ပင်းရှိ စလွယ်သိုင်းလွယ်ထားသည့် အိတ်ထဲမှ သော့ကိုထုတ်ယူ၍ အိမ်တံခါးကိုဖွင့်လိုက်တော့သည်။

တံခါးပွင့်ပွင့်ချင်းမှာပင် အိမ်ထဲက မှောင်မည်းနေသည့် အရိပ်တစ်ခုထဲတွင် ကျွန်ုပ်၏ခွေးလေး "ဇီလုံး"၏ ပုံရိပ်ကို ဖြတ်ကနဲ လှမ်းမြင်လိုက်ရတော့သည်။

ပုံမှန်ဆို ကျွန်ုပ်အသံကြားသည်နှင့် အမြီးတနှံ့နှံ့နှင့် ပြေးထွက်လာတတ်သည့် ဇီလုံးက ဒီနေ့တော့ဖြင့် တံခါးဝဆီသို့ "တဖြည်းဖြည်းချင်း တွန့်လိမ်လှုပ်ရှားကာ" လျှောက်၍ လာနေသည်။

သူ့၏မျက်လုံးအစုံတွင် ပြောမပြနိုင်သည့် "စိုးရိမ်ထိတ်လန့်မှုထက် ကျော်လွန်သည့် အေးစက်စက် အလင်းတစ်မျိုး" ယှက်ထိုးနေသလိုပင်။ ပုံမှန်မဟုတ်ဘဲ "နက်မှောင်မှောင်နှင့် ငူငိုင်နေသည့်" ထိုအကြည့်တွေဖြင့် ကျွန်ုပ်ကို စိုက်ကြည့်နေတာ မြင်ရသောအခါ ရင်ထဲမှာ "အမည်မသိ ကြောက်ရွံ့မှုတစ်မျိုး" ဖြတ်ပြေးသွားတော့သည်။

"ဇီလုံး... အိပ်တော့" ကျွန်ုပ်လည်းအသံကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းကာ ခပ်တိုးတိုးလေး ခိုင်းလိုက်သည်။ ဇီလုံးက တုံ့ပြန်မှုမရှိဘဲ ခဏလောက် ကျွန်ုပ်ကို ဆက်လက်စိုက်ကြည့်နေသည်။

ထို့နောက် "လေထဲမှာ မျောနေသလို တဖြည်းဖြည်းချင်း ကြမ်းပြင်ပေါ်သို့ နှေးကွေးစွာ လှဲချလိုက်သည်။" ထိုလှုပ်ရှားမှုမှာ သဘာဝမကျဘဲ "သစ်သားရုပ်တစ်ရုပ်လို တောင့်တင်းမာကျောနေသည်ကို" ကျွန်ုပ် သတိထားမိလိုက်သည်။

ထိုမြင်ကွင်းကြောင့် ကျွန်ုပ်၏ သွေးများက ရုတ်တရက် အေးခဲသွားရတော့သည်။ "ဇီလုံး... မတ်တပ်ရပ်စမ်း" ကျွန်ုပ် ထပ်ခိုင်းလိုက်တော့ ခွေးလေးဇီလုံးမှာ"ကြမ်းပြင်ပေါ်မှ လှုပ်လီလှုပ်လဲ့ဖြင့် တဖြည်းဖြည်းချင်း ထရပ်လိုက်သည်။" သူ၏မျက်လုံးအိမ်ထဲက "မှောင်မိုက်နေသည့် အရာတစ်ခု" ကဖြင့် ကျွန်ုပ်ကို တည့်တည့်မတ်မတ်ကြီး စိုက်ကြည့်နေသေးသည်။

ယခုအခါ ကျွန်ုပ်၏ ကျောရိုးတစ်လျှောက် "ရေခဲရေလောင်းချခံလိုက်ရသလို" စိမ့်တက်လာသော အေးစက်စက် ခံစားမှုတစ်ခုက "သွေးအေးဖွယ်ရာ ကြောက်ရွံ့မှုအဖြစ်သို့" ပြောင်းလဲသွားချေပြီ။

ဇီလုံး၏ မျက်လုံးများထဲတွင် ကျွန်ုပ် လုံးဝမသိသော "မှောင်မိုက်သည့် စွမ်းအားတစ်ခု ကိန်းအောင်းနေသည်ကို" ကျွန်ုပ် သေချာစွာ မြင်နေရသည်။ ၎င်းသည် ကျွန်ုပ်၏ ချစ်လှစွာသော ခွေးလေး "ဇီလုံး မဟုတ်တော့ပြီ။"

ဤအရာ... ဤ "ပုံသဏ္ဌာန်မဲ့သော တစ္ဆေတစ်ကောင်"က ကျွန်ုပ်၏ အိမ်ထဲသို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့သနည်း။ ခေါင်းထဲမှာ အတွေးများ ဝဲဂယက်ထနေစဉ်မှာပင် ဇီလုံး၏ ပါးစပ်ကနေ "တိုးညှင်းပြီး စူးရှသည့်၊ လူစကားသံမဟုတ်သော လေသံဖြင့် ခပ်တိုးတိုးနှင့် မရေမရာ တီးတိုးရွတ်ဆိုနေသည့် အသံတစ်ခု" ထွက်ပေါ်လာတော့သည်။

အသံမှာ မသဲကွဲသဖြင့် အနီးကပ်နားထောင်ရန် ဇီလုံး၏ အနားသို့အနည်းငယ်ကပ်ကြည့်လိုက်သည်နှင့်...၊ ဇီလုံး၏ မျက်လုံးတို့မှာ သူ့အလိုလို ကျွတ်ထွက်လာပြီး ပါးစပ်ကြီးမှာလည်း လည်ပင်းအထိကွဲသွားကာ ခြေသည်းများမှာလည်း ချွန်ထက်ရှည်လျား၍ထွက်လာတော့သည်။

သူ့ပါးစပ်မှလည်း "အသား....အသား"ဟု ကြောက်မက်ဖွယ်အသံကြီးနှင့်ပြောနေလေသည်။ ထိုအသံသည် လေထုထဲတွင် တုန်ခါသွားပြီး ကျွန်ုပ်၏ နားထဲကို "အဆိပ်လို စိမ့်ဝင်သွားတော့သည်။"

ကျွန်ုပ်၏ခေါင်းထဲတွင် စိတ်မှဆောင်သည့် "ပြန်ပိတ်... ပြန်ပိတ်... အခုချက်ချင်း...ပြန်ပိတ်"ဟူသော အသံတစ်သံက နားကွဲမတတ် ပဲ့တင်ထပ်လာတော့သည်။ ကြောက်စိတ်က ကျွန်ုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြင်းအထန် လွှမ်းခြုံသွားပြီး လက်များ၊ ခြေထောက်များက တဆစ်ဆစ်တုန်ရီလာသည်။

မည်သည့်အရာကိုမျှ မစဉ်းစားတော့ဘဲ အိမ်တံခါးကို အားကုန်ဆွဲပိတ်လိုက်သည်။ "ဒုန်း" ဟူသော ကြောက်မက်ဖွယ်ရာ အသံနှင့်အတူ တံခါးက ပိတ်သွားသော်လည်း အထဲကနေ တိုးတိုးလေး လာနေသော "အသား..အသား"ဟူသော ကြောက်မက်ဖွယ်တေးသံသည် ပျောက်မသွားဘဲ တံခါးအပြင်ဘက်ကနေ ကျွန်ုပ်၏ နားထဲကို ဆက်လက်စိမ့်ဝင်နေဆဲပင်။

ယခုတော့ ကျွန်ုပ်သည် ကိုယ့်အိမ်ရှေ့မှာပင် အေးစက်စက် ည၏ လေအောက်တွင် မမြင်နိုင်သည့် အန္တရာယ်တစ်ခု၏ စောင့်ကြည့်ခြင်းကို ခံနေရပြီ။ အိမ်ထဲက ထိုတစ္ဆေက ကျွန်ုပ်၏ ဇီလုံးကို အသုံးချကာ ကျွန်ုပ်ကို မည်သို့လုပ်ဆောင်ရန် ကြံစည်နေသနည်း။ တွေးကြည့်ရုံမျှနှင့်ပင် ရင်ဘတ်ထဲမှ အသက်ရှူသံများ ရပ်တန့်သွားမတတ် ဖြစ်သွားတော့သည်။ (ပြီး)

#Khun
ဖြစ်ရပ်မှန် တစ်မျက်နှာ ဇာတ်လမ်းတို
#AngĂŠl_AlphĂĄ@mirror148
ကျွန်တော်တို့ကအထက်တန်းစားတွေလေ
အချစ်နဲ့ပတ်သတ်လာရင်

အစစ်အမှန်နဲ့ဘဲ
ချစ်ကြ မြတ်နိုးကြတယ်။

လိုရင်း ပြောရမယ်ဆိုရင်
အချစ်ကို ကစားစရာလို

သဘောမထားဘူးဗျ။

Love is not game.


#𝐘𝐚𝐦
❤3
Forwarded from LSE Family
သူမ မရှိလဲ လမ်းမှန်အောင်နေနိုင်ပေမဲ့

GG translate မရှိဘဲ ခုထိမနေနိုင်တဲ့သူတွေရှိလား?

သူငယ်ချင်းတွေကြား တစ်ခုခုဆို English လိုကို Google translate မှာပြေးရိုက်နေတုန်းလား

အခုခေတ်မှာလူတိုင်းတတ်ထားသင့်တဲ့ထိပ်ဆုံးစာရင်းမှာ English စာကထိပ်ဆုံးကနေပါဝင်နေပါတယ်

မင်းမှာ eng skill ရှိနေရင်

မင်းပညာရေးတွက်ပဲအသုံးချမလား
အသက်မွေးဝမ်းကြောင်းတွက်ပဲအသုံးချမလား
ခေတ်ရေစီးကြောင်းအရာတွေကို engလိုလေ့လာမလား

မင်းအနေနဲ့ ဗိုလ်လိုမှုတ်တဲ့သူငယ်ချင်းကြား မျက်နှာမငယ်ရဖို့လည်း အဓိကတတ်မြောက်ထားသင့်ပါတယ်

ရွယ်တူတွေကြားနောက်ကျမကျန်‌စေခဲ့ပါနဲ့
မင်းကိုမင်း မြှင့်တင်ပါ

LSEမှာ English စာအခြေခံတန်းလေးတွေအပ်လို့ရနေပြီနော်

သင်တန်းကြောင်းရာဖတ်ရှုရန်- https://t.me/LSE_Family/142

သင်တန်းအပ်နှံရန်- http://t.me/LSE_Family_Telegram 💜
Please open Telegram to view this post
VIEW IN TELEGRAM
👍1
ကိုယ့်ဖက်ကချစ်​နေလည်း
သူ့ဖက်ကမှပြန်မချစ်​တော့တာ...

ဒါ​ကြောင့်...
ရင်ထဲကခံစားချက်​တွေကို
ချွတ်ပြ​နေမယ့်အစား...

​မေ့နိုင်​​အောင်​မေ့ပြီး
လွှတ်ချခဲ့ရ​တော့မှာ​ပေါ့။   ။

#Khun
❤3
ငါနည်းနည်းပျင်းလို့ဘူလီဦးမယ်ကွာ

တစ်ချို့ချယ်နယ်ကအုံနာ တွေ adm တွေ ch run နေတဲ့ကောင်တွေပေါ့ကွာ

သူတို့တင်တဲ့ပို့စ်ကျ credit တပ်ပြီးထည့်"ကျတယ် သူတို့ကိုယ်တိုင်ရေးထားတဲ့ ဖင်ခေါင်း ကျယ်ပြီး no copy တွေပြန်တင်လို့ မရတာတွေလုပ်နေတယ်။

သူတို့ကျသူများစီကစာကို copy ပြီး crd ထည့် ပြီးရင်သူတို့ပဲ ရမ်းသလိုလိုဘာလိုလို နဲ့ Subscriber တိုးချင်တာကြအရမ်းသူများထပ်အဆ၁၀၀လောက်တိုးချင်

ကိုယ်တိုင်ကျ ဘာ content ဘာ Talent မှမရှိဘူးကွာ ပြီးရင်အရမ်းကြီး"ကျယ်"တွေပြောသေးတာ

သူတို့ကကိုယ်ပိုင်ရှာပြီးရေးထားတဲ့စာတော့မဟုတ်ဘူးကွာ Copy , past လုပ်လာတဲ့စာမျိုး အဲ့တာကို emj ဘာညာလျောက်ထည့် post တစ်ခုဖြစ်ရင်ပြီးရော‌ဆိုတဲ့ဟာတွေကိုပြောတာ :)


#𝐘𝐚𝐦
👍1
ဖုန်းတစ်လုံးအပိုရှိယုံနဲ့ CCTV ကင်မရာအဖြင့် အသုံးပြုနိုင်တဲ့ဆော့ဝဲ

Read More 👉https://t.me/Innovatixttechnologies9/131 ✅


#𝐘𝐚𝐦
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from LSE Family
LSE ရဲ့ A2 Level zoom class 🤩

Basic ပြီးသူတိုင်း တစ်ဆင့်တက်လှမ်းနိုင်သော A2 Pre-intermediate English Class

တိုက်ရိုက် Zoom classလေးပဲဖြစ်ပါတယ်

Zoom နှင့်သင်ကြားဖို့အဆင်မပြေသူများအတွက် video record ဖြင့်သင်ယူနိုင်မှာပဲဖြစ်ပါတယ်

ဘယ်လိုလူတွေတက်သင့်လဲ?

-Basic English Grammar နဲ့ Vocabulary အနည်းငယ်အ‌ခြေခံရှိပြီးသားသူများ

-Speaking လက်တန်းပြောချင်သူ / Listening တိုးချင်သူများ

-စိတ်ချလက်ချ စကားပြောနိုင်ဖို့ ကြိုးစားနေသူများ

-IELTS speaking / job interview / daily conversation ပြင်ဆင်နေသူများ

-English စာကိုအတန်းထဲမှာ သူများထက်သာချင်သူများတက်ရောက်သင့်ပါတယ်


အထူးအစီစဉ်လေးကလေးကတော့ LSEမှာတက်ရောက်ဖူးတဲ့ကျောင်းသားကျောင်းသူများအနေဖြင့် ယခုအတန်းလေးကို 2 သောင်းကျပ်ဖြင့် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

🔣သင်တန်းကြေး
၂လစာ -2သောင်းခွဲ🔣

သင်ကြားကာလ - 2 months

အချိန်- 6Pm to 7:30Pm

25ရက်နေ့ထိသာလက်ခံသွားပါမည်

သင်တန်းအပ်နှံရန် - t.me/LSE_Family_Telegram ✅

Channel link- https://t.me/LSE_Family 🎸
Please open Telegram to view this post
VIEW IN TELEGRAM
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚
Photo
"There is No Winning without Losing"


ကျွန်တော်တို့ရဲ့ လူနေမှုဘဝမှာ "You lose some, you win some" ဆိုတဲ့ အင်္ဂလိပ်စကားစုလေးကို မကြာခဏ ကြားဖူးကြပါလိမ့်မယ်။ ဒီစကားရဲ့ တိုက်ရိုက်အဓိပ္ပာယ်ကတော့ "တစ်ခါတလေ ရှုံးမယ်၊ တစ်ခါတလေ နိုင်မယ်" လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစကားစုလေးရဲ့ နောက်ကွယ်မှာ ပိုပြီးနက်ရှိုင်းတဲ့ ဘဝရဲ့ သဘောတရားတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ "တစ်ခုခုကို ရချင်ရင် တစ်ခုခုကို စွန့်လွှတ်ပေးဆပ်ရတယ်" ဆိုတဲ့ အမှန်တရားပါပဲ။

လောကမှာ တန်ဖိုးရှိတဲ့အရာမှန်သမျှ အလကားမရနိုင်ပါဘူး။ အောင်မြင်မှုဆိုတာလည်း ထို့အတူပါပဲ။ ဒါဟာ ကံကောင်းလို့ ကောက်ရလိုက်တဲ့ ထီလက်မှတ်တစ်ခုမဟုတ်ဘဲ ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှု၊ စွန့်လွှတ်ပေးဆပ်မှုတွေနဲ့ တည်ဆောက်ယူရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သင်ဟာ သင့်ဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုပန်းတိုင်တစ်ခုကို သတ်မှတ်ထားတယ်ဆိုရင် အဲဒီပန်းတိုင်နဲ့ ထိုက်တန်တဲ့ ပေးဆပ်မှုကို ပြုလုပ်ဖို့ အသင့်ရှိနေရပါမယ်။

"အောင်မြင်မှုအတွက် ဘာတွေကို ပေးဆပ်ရတတ်သလဲ?"


ပေးဆပ်ခြင်းလို့ဆိုတဲ့နေရာမှာ ငွေကြေးဓနတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ အောက်ပါအရာတွေဟာ ကျွန်တော်တို့ဘဝရဲ့ အောင်မြင်မှုအတွက် မကြာခဏ ပေးဆပ်ရလေ့ရှိတဲ့ တန်ဖိုးရှိတဲ့ အရာတွေပါပဲ။

၁။ အချိန်။ ။တချို့သောလူတွေက "I'm not losing, I'm winning" လို့ပြောတတ်ကြပါတယ်။ ဒါပေမယ့် အချိန်ဆိုတဲ့ အရာကြီးကို မပေးဆပ်ဘဲ ရလာတဲ့အောင်မြင်မှုဆိုတာ လောကမှာမရှိပါဘူး။ အောင်မြင်မှုရဲ့ အခြေခံအကျဆုံး ပေးဆပ်မှုကတော့ အချိန်ပါပဲ။ ဥပမာ - ကျောင်းသားတစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့ ပျော်ပါးနေရမယ့်အချိန်မှာ စာထူးချွန်ဖို့အတွက် စာကြည့်စားပွဲမှာ အချိန်ကုန်ဆုံးရသလို။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ မိသားစုနဲ့ အတူရှိသင့်တဲ့အချိန်တွေ၊ အားလပ်ချိန်တွေကိုမေ့ထားပြီး သူ့လုပ်ငန်းအောင်မြင်ဖို့အတွက် အလုပ်ထဲမှာ အချိန်တွေအကုန်လုံး မြှုပ်နှံထားရသလိုမျိုးပါ။ ဆိုတော့ အချိန်ကို ပညာရှိစွာအသုံးမချတတ်လျှင် ဘယ်အောင်မြင်မှုမျိုးကိုမှ တည်ဆောက်လို့မရနိုင်ပါဘူး။

၂။ သက်သောင့်သက်သာဖြစ်မှု (Comfort Zone)။ ။လူတိုင်းဟာ ကိုယ်ကျွမ်းကျင်ရာ၊ သက်သောင့်သက်သာရှိရာ ပတ်ဝန်းကျင်မှာပဲ နေချင်ကြပါတယ်။ ဒါပေမဲ့ တိုးတက်မှုနဲ့ အောင်မြင်မှုဆိုတာ Comfort Zone ရဲ့ အပြင်ဘက်မှာပဲ ရှိပါတယ်။ မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ရတာ၊ လူရှေ့ထွက်စကားပြောဖို့ ကြိုးစားရတာ၊ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်သစ်တွေကို သင်ယူရတာတွေဟာ သက်သောင့်သက်သာမရှိပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး မသက်မသာဖြစ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှသာ သင်ဟာ ပိုမိုမြင့်မားတဲ့နေရာကို ရောက်ရှိနိုင်မှာပါ။ "Thinking outside the box" သဘောမျိုးနဲ့ တွေးခေါ်နေတတ်ရပါမယ်။

၃။ ခဏတာ ပျော်ရွှင်မှုများ။ ။ရေရှည် ရည်မှန်းချက်ပန်းတိုင်တစ်ခုအတွက် လက်ရှိမှာ တွေ့ကြုံနေရတဲ့ ခဏတာ ပျော်ရွှင်မှုတွေကိုလည်း တခါတလေမှာ စွန့်လွှတ်ရတတ်ပါတယ်။ ဥပမာ - လစဉ်ဝင်ငွေကို အကုန်လုံး သုံးမယ့်အစား အနာဂတ်မှာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ စုဆောင်းတာမျိုး၊ မကျန်းမာတဲ့ အစားအသောက်တွေကို ရှောင်ပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကို တည်ဆောက်တာမျိုးဟာ ခဏတာ သာယာမှုတွေကို ရေရှည်အကျိုးကျေးဇူးအတွက် ပေးဆပ်လိုက်ရခြင်းပါပဲ။

၄။ အချို့သော ဆက်ဆံရေးများ။ ။ဒါဟာ နာကျင်စရာကောင်းတဲ့ ပေးဆပ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ ကိုယ့်ရဲ့ပန်းတိုင်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့၊ ကိုယ့်ကို အဆိုးမြင်စိတ်တွေပဲ သွင်းပေးနေတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို စွန့်ခွာဖို့ လိုအပ်လာတတ်ပါတယ်။ ကိုယ့်ရဲ့ တိုးတက်မှုကို အားမပေးတဲ့ ဆက်ဆံရေးတွေဟာ ကိုယ့်ခရီးလမ်းအတွက် အနှောင့်အယှက်တစ်ခု ဖြစ်လာနိုင်တာကြောင့်ပါ။

၅။ လွဲမှားသောလမ်းကြောင်းများ။ ။အောင်မြင်ချင်ရင် မနက်စောစောထရမယ်လို့ကျွန်တော်က ပြောရင်၊ တုလို့ချွန်တဲ့ တစ်ချို့လူတွေက "မနက်စောစောစီးစီး အိပ်ယာကထတဲ့ ပဲပြုတ်သည်တွေ သူဌေးဖြစ်လောက်ရောပေါ့" လို့ပြောလာကြပါလိမ့်မယ်။ အဓိက က အဲ့ဒီမှာစလွဲတာပါပဲ။ မိမိရည်မှန်းချက်လမ်းကြောင်းက ပဲပြုတ်သည်လမ်းကြောင်းဆိုလျှင် ပဲပြုတ်သည်တို့ရဲ့ အောင်မြင်မှုလောက်ပဲရမှာပါ။ ပညာရှင်လမ်းကြောင်းဆိုလျှင် ပညာရှင်တစ်ယောက်ရဲ့ အောင်မြင်မှုမျိုးရမှာပါ။ ဆိုလိုချင်တာက ကိုယ့်ရဲ့ အရာရာအားလုံးကိုပေးဆပ်လိုက်ရတဲ့ ကိုယ့်ရည်မှန်းချက်က မှန်ကန်နေမှရမှာပါ။ အောင်မြင်ချင်တယ် ပြောပြီး မပေးဆပ်ချင်၊ မကြိုးစားချင်လျှင်တော့ မိတ်ဆွေအောင်မြင်မှုနဲ့ ဧကန်မုချဝေးရမှာပါ။

"ပေးဆပ်မှုတိုင်းဟာ တန်ဖိုးရှိပါတယ်"


တကယ်တမ်းကျတော့ သင်ပေးဆပ်လိုက်ရတဲ့အရာတွေဟာ အလဟဿဖြစ်မသွားပါဘူး။ သင်စွန့်လွှတ်လိုက်ရတဲ့ အချိန်တိုင်း၊ သင်ရင်ဆိုင်လိုက်ရတဲ့ အခက်အခဲတိုင်းဟာ သင့်ကို ပိုပြီးစည်းကမ်းရှိတဲ့သူ၊ ပိုပြီးစိတ်ဓာတ်ကြံ့ခိုင်တဲ့သူ၊ ပိုပြီးရင့်ကျက်တဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲလာစေပါတယ်။ ဒီပေးဆပ်မှုတွေတိုင်းက သင်ရရှိလာမယ့် အောင်မြင်မှုတွေကို ပိုပြီးတန်ဖိုးရှိလာစေသလို၊ ပိုပြီးလည်း ချိုမြိန်လာစေမှာ ဖြစ်ပါတယ်။
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚
Photo
နိဂုံးချုပ်အနေနဲ့ ပြောရရင် "You lose some, you win some" ဆိုတာဟာ ဘဝရဲ့ မျှတတဲ့ အရောင်းအဝယ်တစ်ခုပဲဖြစ်ပါတယ်။ သင်ဟာ တန်ဖိုးကြီးမားတဲ့ "အောင်မြင်မှု" ဆိုတဲ့ အရာကို လိုချင်တယ်ဆိုရင်၊ တန်ဖိုးရှိတဲ့ "ပေးဆပ်မှု" ကို ပြုလုပ်ဖို့ ဝန်မလေးပါနဲ့။ သင်ရဲ့ ပေးဆပ်မှုတွေဟာ သင်လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိဖို့အတွက် မလွှဲမရှောင်သာ တက်လှမ်းရမယ့် လှေကားထစ်တွေပဲ ဖြစ်ကြောင်း အမြဲတမ်းအမှတ်ရနေသင့်ပါတယ်။

***

"အောင်မြင်ချင်စိတ် ပြင်းပြနေသူ မိတ်ဆွေတို့အတွက် အားပေးစကား"


သင်ရဲ့ ပေးဆပ်မှုတွေ၊ သင်စွန့်လွှတ်ခဲ့ရတဲ့ အချိန်တွေ၊ ပျော်ရွှင်မှုတွေကို ဘယ်သူမှ မမြင်ချင်မှ မမြင်ပါလိမ့်မယ်။ တစ်ခါတလေမှာ သင်တစ်ယောက်တည်း ရုန်းကန်နေရတယ်လို့လည်း ခံစားရနိုင်ပါတယ်။

ဒါပေမဲ့ သတိရပါ၊ အဲဒီပေးဆပ်မှုတွေဟာ သင်စိုက်ပျိုးနေတဲ့ အောင်မြင်မှုရဲ့ မျိုးစေ့တွေပါပဲ။

မျိုးစေ့တစ်စေ့ဟာ မြေကြီးထဲမှာ အချိန်အတော်ကြာ ပျောက်ကွယ်နေရပေမယ့် တစ်နေ့မှာတော့ သန်မာတဲ့အပင်ကြီးအဖြစ် မုချမသွေ ပေါက်ရောက်လာမှာပါ။ သင်ရဲ့ ပန်းတိုင်ကို မျက်ခြည်မပြတ်ပါစေနဲ့။ သင်ရဲ့ ကြိုးစားမှုကို မရပ်တန့်လိုက်ပါနဲ့။ တစ်နေ့မှာ သင်စိုက်ပျိုးခဲ့တဲ့အပင်ကနေ အောင်မြင်မှုဆိုတဲ့ အသီးအပွင့်တွေကို သင်ကိုယ်တိုင် ခံစားစံစားရမှာ အသေအချာပါပဲ။


စာဖတ်ပရိသတ်များအား အစဥ်လေးစားလျက်
ခွန်း

#Khun
6/19/2025 (1:25 pm)
#AngĂŠl_AlphĂĄ@mirror148
❤3
Forwarded from đ€đ¤đšđ˛đšđŤ (Haruki)
Pre Order မှာယူနိုင်ပါပြီခင်ဗျာ...

Facebook Page Messenger
https://www.facebook.com/share/p/14DgVsLMKZq/

Phone - 09401667545
—

စာညွှန်းဖတ်နိုင်ရန်

https://t.me/black_white_Library/7206/22473

📚📚📚📚📚📚📚📚📚📚📚📚📚📚📚

📕စာအုပ်အမည် - အရင်ကတော့ ဒါပေမဲ့အခုတော့

📝စာရေးသူ - အက္ခရာ (HARUKI)

💸တန်ဖိုး - ၅၀၀၀

📑စာမျက်နှာ - ၁၀၅

🎁လက်ဆောင် - စာမှတ်ကတ်

📕မျက်နှာဖုံးဒီဇိုင်း - Moe Thein Kho

💒ထုတ်ဝေရေး - KHIT Publishing House

🗂ဖြန့်ချိရေး - ခေတ်စာအုပ်တိုက်

🗃ထုတ်ဝေသည့်အကြိမ်- ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမအကြိမ်)

📦 အုပ်ရေ - ၁၀၀၀

📔ထွက်ရှိမည့်နေ့ - ၂၇-၆-၂၀၂၅

#Haruki
ချစ်ခြင်းတရား ဖြစ်တည်ပေါ်ပေါက်လာပုံ


      ချစ်ခြင်းမေတ္တာဆိုသည်မှာ လူသားတို့၏ ဘဝတွင် အရေးပါဆုံးသော ခံစားမှုတစ်ခုဖြစ်သည်။ ရှေးခေတ် ကမ္ဘာဦးအစမှ ယနေ့ခေတ်အထိ ၎င်းသည် လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုကို ပုံဖော်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

      သို့သော် ချစ်ခြင်းမေတ္တာဟူသည် မည်သို့မည်ပုံ ပေါ်ပေါက်လာပြီး မည်သို့မည်ပုံ ပြောင်းလဲလာခဲ့သနည်း။ ဤဆောင်းပါးတွင် ချစ်ခြင်းတရား၏ ဖြစ်တည်ပေါ်ပေါက်လာပုံကို သမိုင်း၊ စိတ်ပညာနှင့် ဇီဝဗေဒရှုထောင့်များမှ လေ့လာဆန်းစစ်ပါမည်။

သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်


ချစ်ခြင်းမေတ္တာ၏ သဘောတရားသည် ကာလကြာရှည်စွာပင် ပြောင်းလဲလာခဲ့သည်။

ရှေးခေတ်လူ့အဖွဲ့အစည်းများတွင် ချစ်ခြင်းမေတ္တာကို အများအားဖြင့် လက်ထပ်ထိမ်းမြားခြင်း၊ မျိုးပွားခြင်းတို့နှင့် ဆက်စပ်၍ ရှုမြင်ကြသည်။

ဂရိလူမျိုးများသည် ချစ်ခြင်းမေတ္တာအမျိုးအစားများစွာကို ခွဲခြားသတ်မှတ်ခဲ့ကြရာ Eros (ကာမရာဂဆိုင်ရာချစ်ခြင်း)၊ Philia (သူငယ်ချင်းချစ်ခြင်း) နှင့် Agape (စကြာဝဠာဆိုင်ရာချစ်ခြင်း) တို့ပါဝင်သည်။

အလယ်ခေတ်တွင် ချစ်ခြင်းမေတ္တာကို chivalry နှင့် courtly love တို့နှင့် ဆက်စပ်၍ မြင့်မြတ်သော သဘောတရားအဖြစ် ရှုမြင်ခဲ့ကြသည်။ ရိုမန်တစ်ခေတ် (Romantic Era) တွင် ချစ်ခြင်းမေတ္တာကို တစ်ဦးချင်းစီ၏ ခံစားချက်နှင့် စိတ်ကူးစိတ်သန်းများအပေါ် အခြေခံ၍ ပိုမိုပင်ကိုယ်ဆန်သော သဘောတရားအဖြစ် သတ်မှတ်ခဲ့ကြသည်။

ခေတ်သစ်ကာလတွင်မူ ချစ်ခြင်းမေတ္တာသည် ပိုမိုကျယ်ပြန့်သော အဓိပ္ပာယ်များရှိလာပြီး မိသားစု၊ သူငယ်ချင်းနှင့် ရိုမန်တစ်ဆန်သော ဆက်ဆံရေးများအပြင် မိမိကိုယ်ကိုယ်ချစ်ခြင်းနှင့် ကမ္ဘာကြီးကိုချစ်ခြင်းစသည့် အယူအဆများအထိ ပါဝင်လာသည်။

စိတ်ပညာဆိုင်ရာ ရှုထောင့်


စိတ်ပညာရှုထောင့်မှကြည့်လျှင် ချစ်ခြင်းမေတ္တာသည် လူသားတို့၏ လိုအပ်ချက်များနှင့် ခံစားချက်များအပေါ် အခြေခံသည်။

Abraham Maslow ၏ လိုအပ်ချက်အဆင့်ဆင့်သီအိုရီ (Hierarchy of Needs) တွင် ချစ်ခြင်းနှင့် ပိုင်ဆိုင်မှုလိုအပ်ချက် (Love and Belonging Needs) သည် လူသားတို့၏ အခြေခံလိုအပ်ချက်များထဲမှ တစ်ခုအဖြစ် ပါဝင်သည်။

Bowlby ၏ Attachment Theory (တွယ်တာမှုသီအိုရီ) ကမူ ငယ်စဉ်ကလေးဘဝကတည်းက မိဘများနှင့် တွယ်တာမှုနှောင်ကြိုးသည် နောင်တစ်ချိန်တွင် ချစ်ခြင်းမေတ္တာနှင့် ဆက်ဆံရေးများအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဖော်ပြသည်။

စိတ်ပညာရှင် Robert Sternberg ၏ Triangular Theory of Love (ချစ်ခြင်းမေတ္တာသုံးထောင့်ချွန်သီအိုရီ) အရ ချစ်ခြင်းမေတ္တာသည် အဓိကအစိတ်အပိုင်းသုံးခုဖြစ်သော ရင်းနှီးမှု (Intimacy)၊ စိတ်အားထက်သန်မှု (Passion) နှင့် ကတိကဝတ်ပြုမှု (Commitment) တို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်ဟု ဖော်ပြထားသည်။

ဤအစိတ်အပိုင်းများ၏ ပေါင်းစပ်မှုအပေါ် မူတည်၍ ချစ်ခြင်းမေတ္တာအမျိုးအစားများစွာ ကွဲပြားနိုင်သည်။

ဇီဝဗေဒဆိုင်ရာ ရှုထောင့်


ဇီဝဗေဒရှုထောင့်မှကြည့်လျှင် ချစ်ခြင်းမေတ္တာသည် ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများနှင့် ဟော်မုန်းများ၏ ရှုပ်ထွေးသော အပြန်အလှန်သက်ရောက်မှုများမှ ဖြစ်ပေါ်လာသည်။

Dopamine ကဲ့သို့သော ဓာတုပစ္စည်းများသည် ဆုလာဘ်နှင့် ပျော်ရွှင်မှုခံစားချက်များကို ဖြစ်ပေါ်စေပြီး Oxytocin ကဲ့သို့သော ဟော်မုန်းများသည် တွယ်တာမှုနှင့် ယုံကြည်မှုတို့ကို တိုးမြှင့်ပေးသည်။

Vasopressin ကဲ့သို့သော ဟော်မုန်းများသည်လည်း ရေရှည်ဆက်ဆံရေးများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။

ဆင့်ကဲပြောင်းလဲမှုရှုထောင့် (Evolutionary Perspective) မှကြည့်လျှင် ချစ်ခြင်းမေတ္တာသည် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်ရေးနှင့် မျိုးပွားမှုကို အထောက်အကူပြုရန် တည်ရှိနေခြင်းဖြစ်သည်။

မေတ္တာတရားသည် မိဘများနှင့် သားသမီးများအကြား ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်ရန်၊ အိမ်ထောင်ဖက်များအကြား ရေရှည်တည်တံ့သော ဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍမှ ပါဝင်သည်။

နိဂုံး


ချစ်ခြင်းမေတ္တာသည် လူသားတို့၏ ဘဝတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ရှုပ်ထွေးပြီး နယ်ပယ်စုံသော ခံစားမှုတစ်ခုဖြစ်သည်။

၎င်း၏ ဖြစ်တည်ပေါ်ပေါက်လာပုံသည် သမိုင်း၊ ယဉ်ကျေးမှု၊ စိတ်ပညာနှင့် ဇီဝဗေဒဆိုင်ရာ အကြောင်းအရာများစွာနှင့် ဆက်စပ်နေသည်။

မည်သို့ပင်ဆိုစေကာမူ ချစ်ခြင်းမေတ္တာသည် လူသားတို့၏ စိတ်နှလုံးကို လှုံ့ဆော်ပေးပြီး ဘဝကို အဓိပ္ပာယ်ပြည့်ဝစေသော ထာဝရစွမ်းအားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

ချစ်ခြင်းလက်တို့သာ ခိုင်မြဲနေလျှင် အန္တရာယ်တို့ မတိုးဖောက်နိုင်။   ။

#Khun
Fri, Jun 20 (11:06 am)
#AngĂŠl_AlphĂĄ@mirror148
❤3
Forwarded from LSE Family
June လတွက်အထူးအခွင့်ရေး

ဘယ်မှာမှမရနိုင်တဲ့ အခွင့်ရေးကြီးတွေလာပါပြီနော်


Special အခွင့်ရေးလေးတွေမို့ စာလေးကိုသေချာဖတ်ပေးနော်

သင်က English စာအခြေခံတော့ရှိတယ်
ဒါပေမဲ့ သေချာမရေးတတ် မပြောတတ် မဖတ်နိုင်တဲ့သူထဲပါဝင်နေပါသလား?

ဒါဆိုရင်တော့ ဒီအခွင့်ရေးလေးကသင့်အတွက်ပါပဲ

LSEကနေဖွင့်လှစ်ထားတဲ့ A2 classလေးဟာ မူလ fee-25000ksဖြစ်ပေမဲ့

-ပထမဆုံးလာအပ်တဲ့သူ ၁၀ယောက်ကို 20000ksဖြင့်လက်ခံပေးသွားပါမယ်

ဒါ့အပြင်

-သူငယ်ချင်း ၅ယောက်အတူလာအပ်ရင် တစ်ယောက် Freeတက်ခွင့်ရပါမယ်

LSE students ဟောင်းလေးတွေအတွက်ကတော့

-သူငယ်ချင်းနဲ့၂ယောက်အတူလာအပ်ရင် 30000ကျပ်ဖြင့်အပ်နှံနိုင်မှာပဲဖြစ်ပါတယ်

Wow ဒီလောက်ထိထူးခြားတဲ့အခွင့်ရေးကြီးကို သင့်အနေနဲ့ လက်မလွှတ်သင့်ပါဘူးနော်😲


Promotion ကာလကတော့ 25/6/2025

A2 classကြောင်းဖတ်ရှုရန်- t.me/LSE_Family_Telegram

သင်တန်းအပ်နှံရန် -
t.me/LSE_Family_Telegram ✅

Channel link-
https://t.me/LSE_Family 🎸
Please open Telegram to view this post
VIEW IN TELEGRAM
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚
Photo
The Beauty Inside


ခေတ်သစ်လူ့ဘောင်မှာ အလှတရားဆိုတာ ခန္ဓာကိုယ်အပြင်ပန်းကို မွန်းမံခြယ်သတာလို့ လူအများစုက မှားယွင်းစွာခံယူထားကြပါတယ်။ အသားအရေလှပအောင်၊ ဆံပင်ပုံစံဆန်းသစ်အောင်၊ ဖက်ရှင်ကျအောင်ဆိုပြီး အချိန်တွေ၊ ငွေတွေ အများကြီးရင်းနှီးမြှုပ်နှံကြပေမယ့် စစ်မှန်တဲ့အလှတရားရဲ့ အခြေခံအုတ်မြစ်ကိုတော့ အမြဲတမ်းလိုလို မေ့လျော့နေတတ်ကြပါတယ်။ ဆိုတော့....စစ်မှန်တဲ့အလှတရားဆိုတာ ဘာလဲ?

---
စစ်မှန်သော အလှတရားဆိုသည်မှာ...


ကျွန်တော်တို့တစ်တွေ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတဲ့ မီဒီယာတွေ၊ လူမှုကွန်ရက်တွေမှာ ပြင်ပအလှကိုပဲ ပုံဖော်ပြသနေကြတာကြောင့် အလှအပဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ ကန့်သတ်ချက်တွေနဲ့သာ တည်ရှိနေပါတယ်။ နှုတ်ခမ်းနီဆိုးတာ၊ မျက်တောင်ကော့တာ၊ အဝတ်အစားလှလှဝတ်ဆင်တာတွေဟာ ပြင်ပရုပ်သွင်ကို ခဏတာလှပစေနိုင်ပေမယ့် စစ်မှန်တဲ့ တန်ဖိုးတစ်ခုကိုတော့ ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။

တကယ်တော့ "စစ်မှန်တဲ့အလှတရားဆိုတာ မိမိရဲ့စိတ်နေစိတ်ထားပဲဖြစ်ပါတယ်" ။ ပြင်ပရုပ်သွင်က ဘယ်လောက်ပဲလှပနေပါစေ၊ စိတ်ထားက မကောင်းဘူးဆိုရင် အဲဒီအလှက တောက်ပလာမှာ မဟုတ်ပါဘူး။ ကြည့်ရတာလည်း ကြာရှည်စိတ်ချမ်းသာစရာ ကောင်းမှာမဟုတ်ပါဘူး။

---

စိတ်ထားကောင်းမှ အလှစစ်ပေါ်ထွန်းမည်


စိတ်ထားကောင်းတယ်ဆိုရာမှာ ဘာတွေကို ဆိုလိုတာလဲ။

ထိုအရာတွေကတော့...

= သဘောထားပြည့်ဝခြင်း
= ကြင်နာတတ်ခြင်း
= စိတ်ရှည်သည်းခံခြင်း
= နားလည်ပေးနိုင်ခြင်း
= ရိုးသားဖြောင့်မတ်ခြင်း

စတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတာကို ဆိုလိုတာပါ။ ဒီအရည်အသွေးတွေက လူတစ်ယောက်ရဲ့ ပင်ကိုစိတ်ရင်းကနေ ထွက်ပေါ်လာတဲ့ အလှတရားဖြစ်ပါတယ်။ ဒီအလှတရားက ဘယ်အလှကုန်ပစ္စည်းနဲ့မှ ဖန်တီးလို့မရပါဘူး။

ဥပမာအားဖြင့်၊ ပြုံးရယ်တတ်တဲ့မျက်နှာပိုင်ရှင်တစ်ယောက်ဟာ ရုပ်ရည်သိပ်မချောမောရင်တောင် ကြည့်ရသူကို စိတ်ချမ်းသာစေပါတယ်။ သဘောထားပြည့်ဝပြီး ကြင်နာတတ်တဲ့သူတစ်ယောက်ဟာ ပတ်ဝန်းကျင်ကို အေးချမ်းစေပါတယ်။ ဒါဟာ စိတ်ထားကောင်းမွန်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ အလှတရားပါပဲ။ ကန့်သတ်ချက်တွေကို ကျော်လွန်တဲ့ အလှတရားပါပဲ။

---

စိတ်ထား ပြုပြင်ခြင်းသည် အရေးကြီးဆုံး


ကျွန်တော်တို့တစ်တွေဟာ မွေးရာပါ စိတ်ထားလေးတွေ ရှိကြပေမယ့် ပတ်ဝန်းကျင်နဲ့ အတူယှဉ်တွဲနေထိုင်ရင်း ကိုယ့်စိတ်ထားကို ပြုပြင်ပြောင်းလဲနေဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားက သူတို့ရဲ့ အတွေးအခေါ်၊ လုပ်ရပ်နဲ့ စကားလုံးတွေကို လွှမ်းမိုးပါတယ်။ ဒါကြောင့် စိတ်ထားကို လှပအောင် ပြုပြင်ခြင်းဟာ အရေးအကြီးဆုံးပါပဲ။

ကျွန်တော်တို့အနေနဲ့ ကိုယ့်စိတ်ထဲမှာရှိတဲ့ မကောင်းတဲ့အတွေးတွေ၊ မနာလိုစိတ်တွေ၊ အတ္တတွေ၊ ဒေါသတွေကို တတ်နိုင်သမျှ လျှော့ချပစ်ရပါမယ်။ မေတ္တာတရား၊ ကရုဏာတရားတွေကို ပိုမိုမွေးမြူရပါမယ်။ ဒါမှသာ စိတ်ထဲမှာ ငြိမ်းချမ်းမှုရပြီး ပြင်ပကိုပါ ကောင်းမွန်တဲ့ ပျော်ရွှင်ခြင်းစွမ်းအင်တွေ ဖြန့်ကျက်နိုင်မှာ ဖြစ်ပါတယ်။

---

အချုပ်အားဖြင့်ဆိုရရင်၊ လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ အလှတရားဟာ ပြင်ပရုပ်သွင်ထက် အတွင်းစိတ်ထားမှာ ပိုပြီးတည်ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် လှပချင်တယ်ဆိုရင် ခန္ဓာကိုယ်ပြင်ပ အရေပြားတစ်ထောက်စာလောက်ကို အလှဆင်နေမယ့်အစား ကိုယ့်ရဲ့စိတ်ထားကို ပိုပြီး ဂရုစိုက်ပြုပြင်သင့်ပါတယ်။ "စိတ်ထားလှရင် လူလည်းလှပါတယ်" ဆိုတဲ့ စကားအတိုင်း စိတ်ထားကောင်းမွန်တဲ့ လူသားတွေသာ စစ်မှန်တဲ့အလှတရားကို ပိုင်ဆိုင်ပြီး ပတ်ဝန်းကျင်ကိုပါ တောက်ပစေမှာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

#Khun
6/21/2025 (10:37 pm)
#AngĂŠl_AlphĂĄ@mirror148
❤2
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚
Photo
"The Unstoppable Spirit: Your Journey to Success"


လူတိုင်းမှာ ရည်မှန်းချက်တွေ၊ အိပ်မက်တွေ ကိုယ်စီရှိကြပါတယ်။ တချို့က စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ချင်ကြတယ်။ တချို့က အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်ချင်ကြတယ်။ တချို့ကျတော့ ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်ရွှင်တဲ့ဘဝလေး ပိုင်ဆိုင်ချင်ကြတယ်။ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ခရီးလမ်းကတော့ အမြဲတမ်း ဖြောင့်ဖြူးနေတာမဟုတ်ပါဘူး။ အခက်အခဲတွေ၊ အတားအဆီးတွေနဲ့ ကြုံရစမြဲပါပဲ။ အရေးကြီးတာက ဒီအခက်အခဲတွေကြောင့် စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားနေဖို့ပါပဲ။

အခက်အခဲတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲပါ


တစ်ခါတလေကျရင် ကိုယ့်ရည်မှန်းချက်နဲ့ပတ်သက်ပြီး စိတ်ပျက်အားငယ်မှုတွေ ဝင်လာတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တဲ့ မေးခွန်းတစ်ခုက "ဒီအခက်အခဲကနေ ငါဘာတွေသင်ယူနိုင်မလဲ" ဆိုတာပါပဲ။

ဥပမာ - သင်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စဖို့ ကြိုးစားနေတယ်ဆိုပါစို့။ စတင်တဲ့အခါမှာ ငွေကြေးအခက်အခဲ၊ ဝန်ထမ်းရှာရခက်တာ၊ ဒါမှမဟုတ် ဖောက်သည်မရတာ စတဲ့ ပြဿနာတွေနဲ့ ကြုံရနိုင်ပါတယ်။ ဒီအချိန်မှာ လက်လျှော့လိုက်မယ့်အစား ကိုယ့်ကိုယ်ကိုယ်"ငါ ဘယ်ကစ မှားနေတာလဲ။ ဘာတွေ ပြင်ဆင်ရမလဲ။ ဘယ်လိုနည်းလမ်းသစ်တွေ ရှာဖွေရမလဲ" စတဲ့ မေးခွန်းတွေ မေးပြီး အဖြေရှာပါ။ အခက်အခဲတိုင်းက သင်ခန်းစာတစ်ခု ပေးပါတယ်။ အဲဒီသင်ခန်းစာကို သင်ယူပြီး ရှေ့ဆက်ပါ။

သေးငယ်တဲ့ ခြေလှမ်းတွေနဲ့ စတင်ပါ


ကြီးမားတဲ့ ရည်မှန်းချက်တွေက တစ်ခါတလေကျရင် ကြောက်စရာကောင်းသလို ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီကြီးမားတဲ့ ပန်းတိုင်ကိုရောက်ဖို့ သေးငယ်တဲ့ ခြေလှမ်းလေးတွေနဲ့ စတင်နိုင်ပါတယ်။

ဥပမာ - ကျန်းမာရေးအတွက် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုပါစို့။ နေ့တိုင်း နာရီပေါင်းများစွာ လေ့ကျင့်ခန်းလုပ်ဖို့ မဖြစ်နိုင်ရင်တောင် တစ်နေ့ကို မိနစ် ၃၀ လမ်းလျှောက်တာမျိုး၊ ဒါမှမဟုတ် ၁၅ မိနစ် လေ့ကျင့်ခန်းလုပ်တာမျိုးနဲ့ စတင်နိုင်ပါတယ်။ ဖြည်းဖြည်းချင်း အရှိန်မြှင့်ပြီး ပိုလုပ်လာနိုင်ပါလိမ့်မယ်။ အရေးကြီးတာက စတင်ဖို့နဲ့ နေ့တိုင်း ဆက်လုပ်ဖို့ပါပဲ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ


သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် တစ်ဦးတည်းသောသူက သင်ကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘဲ ဘယ်အရာမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

ဥပမာ - စာမေးပွဲတစ်ခုအတွက် ပြင်ဆင်နေတယ်ဆိုပါစို့။ သင်ဟာ အဖြေတွေကို မသိသေးရင်တောင် "ငါ ဒါကို လုပ်နိုင်တယ်" ဆိုတဲ့ စိတ်ဓာတ်နဲ့ စတင်ပါ။ မေးခွန်းတွေကို မေးပါ။ သင်ခန်းစာတွေကို သေချာနားထောင်ပါ။ ကြိုးစားရင် ရလာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်ပါ။ တကမ္ဘာလုံးက သင့်ကို မယုံကြည်ရင်တောင် သင်ကိုယ်တိုင်ကတော့ သင့်ကိုယ်သင် ယုံကြည်နေရပါမယ်။

သင်ယူမှုဆိုတာ အဆုံးမရှိဘူး


အောင်မြင်မှုဆိုတာ တစ်ထိုင်တည်းနဲ့ ရတာမဟုတ်ပါဘူး။ အဆက်မပြတ် သင်ယူနေဖို့၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။

ဥပမာ- နာမည်ကျော် စွန့်ဦးတီထွင်သူ Bill Gates ကို ကြည့်ပါ။ သူဟာ Microsoft ကို ထူထောင်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပေမဲ့ သင်ယူမှုကို ဘယ်တော့မှ မရပ်ခဲ့ပါဘူး။ စာအုပ်ပေါင်းများစွာ ဖတ်ရှုပြီး ဗဟုသုတတွေ ဆက်လက်ဖြည့်ဆည်းခဲ့ပါတယ်။ ဆိုတော့ ဘယ်လောက်ပဲ အောင်မြင်နေပါစေ၊ အမြဲတမ်း သင်ယူနေခြင်းကသာ သင့်ကို ရှေ့ဆက်တိုးတက်စေမှာ ဖြစ်ပါတယ်။

---

ဘဝမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ရှိနေမှာပါပဲ။ ဒါပေမဲ့ ဒီအရာတွေက သင့်ကို ပိုမိုသန်မာလာအောင်၊ ပိုမိုထက်မြက်လာအောင် ကူညီပေးပါလိမ့်မယ်။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ မင်းရဲ့ အိပ်မက်တွေအတွက် တိုက်ပွဲဝင်ပါ။ အခက်အခဲတိုင်းကို သင်ခန်းစာအဖြစ် မြင်ပြီး ရှေ့ဆက်လျှောက်လှမ်းသွားပါ။ တစ်နေ့နေ့မှာ မင်းရဲ့ ရည်မှန်းချက်တွေ အမှန်တကယ် ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။

#Khun
~~~~~~~~~~
"The Unstoppable Spirit: Your Journey to Success"


Everyone has goals and dreams. Some want to be a successful entrepreneur. Some want to be a great artist. Some want to live happily with the people they love. The road to achieving these dreams is not always smooth. There are always obstacles and setbacks. The important thing is to not get discouraged by these obstacles and keep trying.

Turn obstacles into opportunities


Sometimes you may feel discouraged about your goals. But one question you should ask yourself at this time is, "What can I learn from this obstacle?"

For example, let's say you are trying to start your own business. When you start, you may face problems such as financial difficulties, difficulty finding employees, or a lack of customers. Instead of giving up, ask yourself questions like, "What did I do wrong? What can I fix? What new ways can I find?" and find solutions. Every obstacle teaches you a lesson. Learn from that lesson and move forward.

Start with small steps
❤1
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚
Photo
Big goals can sometimes seem daunting. But you can start with small steps to reach those big goals.

For example, let’s say you decide to exercise regularly for your health. Even if you can’t exercise for hours every day, you can start with a 30-minutes walk or a 15-minutes workout. Gradually increase your pace and do more. The important thing is to start and continue every day.

Believe in yourself


The only person who can make your dreams come true is you. Without self-belief, you can’t achieve anything.

For example, let’s say you’re preparing for an exam. Even if you don’t know the answers, start with the mindset of “I can do this.” Ask questions. Listen carefully to the lectures. Believe that if you try,so you will be succeed. Even if the whole world doesn’t believe in you, you have to believe in yourself.

Learning is never-ending


Success doesn’t happen overnight. You need to keep learning and improving yourself.

For example, look at the famous entrepreneur Bill Gates. He founded Microsoft and became the richest person in the world, but he never stopped learning. He read many books and continued to gain knowledge. No matter how successful you are, always learning is the only way to improve yourself.

---

There will be difficulties and challenges in life. But these things will help you become stronger and smarter. Never give up. Fight for your dreams. See every difficulty as a lesson and move forward. One day, you will see your goals become a reality.

#Khun
6/22/2025 (3:28 pm)
#AngĂŠl_AlphĂĄ@mirror148
❤2
Forwarded from Innovatixt Technologies
✅✅✅✅

နိုးကြပြီလား......
Good Morning Guys
🌞

ဒီနေ့ Application တစ်ခုနဲ့ မိတ်ဆက်ပေးစရာရှိပါတယ်။ ဆိုတော့ ဘာဖြစ်မလဲ?
💋

ခန့်မှန်းခဲ့ကြပါဦးခင်ဗျာ
😉

မှန်တဲ့သူကို application မတင်ခင်
Giveaway ပေးပါမယ်။
🎁

အမ်းးးးး Let's Start.......
✅

App မတင်ခင်ထိမန့်လို့ရပါပြီ
ကျေးဇူးတင်ပါတယ်။
😎

Bye , see u next post
♥

#𝐘𝐚𝐦
Please open Telegram to view this post
VIEW IN TELEGRAM