Knowledge & Funny
1.84K subscribers
673 photos
96 videos
18 files
477 links
Knowledge နှင့် admin များ၏ ဆောင်းပါးများ
Download Telegram
"၁၉ ဇူလိုင် – သမိုင်းတည်စေသော တိတ်တဆိတ်ဝမ်းနည်းမှု"

"၁၉ ဇူလိုင်"
ဤနေ့ရက်သည် ပုံမှန်နေ့ရက်တစ်ရက်မဟုတ်ပါ။
တိတ်တဆိတ်နဲ့စိတ်ကိုထိခတ်စေတဲ့နေ့၊
အမွတ်တရနဲ့အကြွင်းမဲ့သောစကားလုံးတွေအားဖြင့်
အနာဂတ်ကိုပြန်လှန်ထည့်သွင်းစဉ်းစားစေတဲ့နေ့တစ်နေ့ဖြစ်သည်။

ဤနေ့မှာ သက်တမ်းတစ်ခုရပ်သွားခဲ့သော်လည်း
အာရုံတွင်းမှာ တစိတ်တပိုင်းအဖြစ်
အမြဲတမ်းမသွားတဲ့ မျက်ဝန်းကြယ်တစ်စင်းလို
အလင်းစီစီနဲ့ကျန်ရစ်နေသည်။

ကမ္ဘာကြီးသည် ထုံးစံအတိုင်းလှည့်ပတ်နေဆဲ၊
မိုးသည်လဲကျနေဆဲ၊ နေသည်လဲသာယာစွာထွက်လာတတ်သည်။
ဒါပေမဲ့ မင်းတို့မရှိတော့တဲ့ဤနေ့အပေါ်
အချစ်၊ ဂုဏ်သိက္ခာ၊ စိတ်အားထက်သန်မှုတွေကတော့
တဖန်မပြန်လာနိုင်တဲ့အရာတစ်ခုဖြစ်နေပြီ။

တစ်ချို့သောနာရီတွေမှာ
မင်းတို့အသံလေးတွေကို ကြားမိသလိုမျိုး၊
မင်းတို့ရဲ့အမြင်တွေအောင်မြင်အောင်လိုက်နာခဲ့တဲ့
စိတ်ဓာတ်ကို ထပ်မံအသက်သွင်းချင်သလိုမျိုး...။

မင်းတို့ရဲ့အနားမှာ တစ်ချိန်ကရှိခဲ့တဲ့
အလင်းရောင်သေးသေးလေးတွေက
ယနေ့တိုင်အထိ ကျွန်တော်တို့ရဲ့အမှတ်တရထဲမှာ
မပျောက်မဖျောက် ငြိမ့်ငြိမ့်နဲ့လှလှနဲ့မီးဖွားနေတုန်း.။

၁၉ ဇူလိုင်
it is not just a date.
It is a memory.
A whisper of honor.
A light of sacrifice.
And a vow we carry with quiet strength
မင်းတို့ကို မမေ့ပါ။

#𝐘𝐚𝐦
🥰1
ဒီ​ဘဒ္ဒလောကမှာ...
​လောဘမီး၊ ​ဒေါသမီး၊ ​မောဟမီး​ကြောင့်
ပူ​လောင်​နေကြရတဲ့ လူ​တွေ​လောက်
အခြား​သော ဘယ်မီးကမှ ပို၍ပူမလာနိုင်​တော့ပါဘူး...။   ။

#Khun
#Angél_Alphá@mirror148
🔥4🥰1
🇲🇲 Version 1 – Motivational

> 📘 Zero Doubt GED – သေချာအောင်တာကို အတူတူရောက်ကြမယ်

GED ကိုအောင်ဖို့
စိတ်သံသယမရှိတော့ဘူးလား
🥺

ဒီ Group လေးမှာတော့

🧠 အမြင်အာရုံ ပြည့်စုံတဲ့ စဉ်းစားမှုတွေ
💡 အသစ်သစ်သော Idea တွေ
🤩 သဘောတူညီမှုဖြစ်အောင် ဆွေးနွေးပေးသူတွေ
ဖြေမယ်ဆိုတာကောင်းကောင်း သေချာသွားမယ့်ဖော်ရွေသူတွေ

စိတ်ဓာတ်ကျနေသူဖြစ်စေ၊ စတင်သင်ယူမယ်သူဖြစ်စေ
Zero Doubt GED က မင်းနဲ့အတူရှိနေမှာပါ။
‼️

🔹 Daily Study Tip
🔹 Practice Test
🔹 Live Q&A
🔹 မျှဝေစရာ သင်ကြားမှုတွေ


▶️ ယနေ့မှာပဲ လာပါ
GED ကို သေချာအောင်မြင်ဖို့အတူလှုပ်ရှားကြမယ်!

🚀Group Link -
https://t.me/zerodoubtged 🚀


Zero Doubt.
Full Confidence. Let’s win this!
🚀

#zerodoubtged
Please open Telegram to view this post
VIEW IN TELEGRAM
1
Forwarded from LSE Family
LSE ရဲ့ A2 Level zoom class 🤩

( Batch - 3 )


Basic ပြီးသူတိုင်း တစ်ဆင့်တက်လှမ်းနိုင်သော A2 Pre-intermediate English Class

တိုက်ရိုက် Zoom classလေးပဲဖြစ်ပါတယ်

Zoom နှင့်သင်ကြားဖို့အဆင်မပြေသူများအတွက် video record ဖြင့်သင်ယူနိုင်မှာပဲဖြစ်ပါတယ်

ဘယ်လိုလူတွေတက်သင့်လဲ?

-Basic English Grammar နဲ့ Vocabulary အနည်းငယ်အ‌ခြေခံရှိပြီးသားသူများ

-Speaking လက်တန်းပြောချင်သူ / Listening တိုးချင်သူများ

-စိတ်ချလက်ချ စကားပြောနိုင်ဖို့ ကြိုးစားနေသူများ

-IELTS speaking / job interview / daily conversation ပြင်ဆင်နေသူများ

-English စာကိုအတန်းထဲမှာ သူများထက်သာချင်သူများတက်ရောက်သင့်ပါတယ်


အထူးအစီစဉ်လေးကလေးကတော့ LSEမှာတက်ရောက်ဖူးတဲ့ကျောင်းသားကျောင်းသူများအနေဖြင့် ယခုအတန်းလေးကို 2 သောင်းကျပ်ဖြင့် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

🔣သင်တန်းကြေး
၂လစာ -2သောင်းခွဲ🔣

သင်ကြားကာလ - 2 months

သင်တန်းချိန် - Mon to Thu

အချိန်- 5Pm to 6:30Pm

8လပိုင်း 6ရက်နေ့ထိသာလက်ခံသွားပါမည်

သင်တန်းအပ်နှံရန် - t.me/LSE_Family_Telegram

Channel link- https://t.me/LSE_Family 🎸
Please open Telegram to view this post
VIEW IN TELEGRAM
1
3လအကြာမှာ ပထမဆုံးပြန်ရေးဖြစ်တဲ့စာလေး

အသက် ၁၇ နှစ်အရွယ် ဆိုတာက ဘဝတစ်လျှောက်မှာ အကောင်းဆုံးအရွယ်တစ်ခုပဲ။ဒီအရွယ်က ဘဝတက်လမ်းအတွက် အစပြုတဲ့အချိန် ဖြစ်သလို၊ အကောင်အထည်ဖော်ဖို့အတွက် အရေးကြီးဆုံးအချိန် တစ်ခုဖြစ်တယ်။

လူတိုင်းရဲ့ရှေ့မှာ ဘဝရတနာသိုက်ကြီးတစ်ခုရှိနေတယ်။တချို့ကတော့ ဖြုန်းတီးရင်းနဲ့ အချိန်တွေကုန်ဆုံးကြတယ်။ တချို့ကတော့ ရယူရင်းနဲ့အချိန်တွေကို အသုံးချတယ်။


ဘဝရဲ့အတွေ့အကြုံတွေကိုလေ့လာရမှာ ကိုယ်တိုင် လေ့လာတာထက် အတွေ့အကြုံရှိတဲ့သူစီကနေ လေ့လာတာကပိုခရီးရောက်တယ်။

ဆက်လက်ဖတ်ရှုရန် - https://www.sarphat.com/articles/27166

အဆင်ပြေမယ်ဆိုရင်တော့ Sarphat appထဲဝင်ရောက်ဖတ်ရှုစေချင်ပါတယ်


#Sarphat
#Mask
3
Knowledge & Funny
Photo
ကုန်းတွင်းလေမုန်တိုင်း (Landspout) တစ်ခု၏ ဖြစ်ပေါ်လာပုံနှင့် ပြယ်ပျက်ပုံ


ကုန်းတွင်းလေမုန်တိုင်း (Landspout) သည် လည်ပတ်နေသော လေတိုင်တစ်ခုဖြစ်ပြီး မိုးကြိုးမုန်တိုင်းများ (thunderstorms) နှင့် ဆက်စပ်၍ ဖြစ်ပေါ်တတ်သော သာမန် လေဆင်နှာမောင်း (tornado) များနှင့် ကွဲပြားခြားနားပါသည်။ ၎င်းသည် မြေပြင်ပေါ်တွင် လျင်မြန်စွာ ဖြစ်ပေါ်ပြီး တိုတောင်းသော အချိန်အတွင်း ပြယ်ပျက်သွားလေ့ရှိသောကြောင့် ၎င်း၏လုပ်ဆောင်ပုံကို နားလည်ရန် မိုးလေဝသဆိုင်ရာ အထောက်အထားများက အရေးကြီးပါသည်။
———
ကုန်းတွင်းလေမုန်တိုင်း (Landspout) ဖြစ်ပေါ်လာပုံ

ကုန်းတွင်းလေမုန်တိုင်း ဖြစ်ပေါ်လာပုံသည် အဓိကအားဖြင့် မြေပြင်အနီးရှိ လေထု၏ ရွေ့လျားမှုနှင့် မိုးကြိုးမုန်တိုင်း၏ အခြေအနေများပေါ်တွင် မူတည်ပါသည်။

လေထု ရွေ့လျားမှု (Boundary Layer Vorticity)။ ။ကုန်းတွင်းလေမုန်တိုင်းများ မဖြစ်ပေါ်မီတွင် မြေပြင်အနီးရှိ လေထု၌ မမြင်ရသော လေပတ်လည်မှုများ (vorticity) ရှိနေတတ်ပါသည်။ ၎င်းသည် ကွဲပြားခြားနားသော လေစီးကြောင်းများ (wind shears) ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဥပမာအားဖြင့် မတူညီသော လမ်းကြောင်းမှ လာသော လေစီးကြောင်းနှစ်ခု ဆုံဆည်းရာ နေရာများတွင် ပိုမိုဖြစ်ပေါ်နိုင်ပါသည်။ မိုးလေဝသပညာရှင်များသည် Doppler radar ကို အသုံးပြု၍ လေထုအတွင်းရှိ လေစီးကြောင်းများ၏ ရွေ့လျားမှုနှင့် လေပတ်လည်မှုများကို စောင့်ကြည့်လေ့လာကြပါသည်။ ရေဒါပုံရိပ်များတွင် လေစီးကြောင်း၏ မြန်နှုန်းနှင့် လမ်းကြောင်း ကွာခြားချက်များကို ခွဲခြားသိရှိနိုင်ပါသည်။

တက်လာသော လေစီးကြောင်း (Updraft)။ ။မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသောအခါ ပူနွေးစိုစွတ်သော လေများသည် အပေါ်သို့ မြန်နှုန်းမြင့်စွာ တက်လာတတ်ပါသည်။ ဤတက်လာသော လေစီးကြောင်း (updraft) သည် မြေပြင်အနီးရှိ လေပတ်လည်မှုများပေါ်သို့ ရောက်ရှိလာသောအခါ ၎င်းတို့ကို အပေါ်သို့ ဆွဲတင်လိုက်ပါသည်။ ဤဖြစ်စဉ်ကို stretching ဟုခေါ်ပြီး ရေခဲပြင်တွင် စကိတ်စီးသူတစ်ဦး လက်များကို ရုပ်သိမ်းလိုက်သောအခါ ပိုမိုလျင်မြန်စွာ လည်ပတ်သွားသကဲ့သို့ပင် မြေပြင်အနီးရှိ လေပတ်လည်မှုများသည် တက်လာသော လေစီးကြောင်းကြောင့် ပိုမိုပြင်းထန်လာပြီး လေတိုင်တစ်ခုအဖြစ် စတင်ဖွဲ့စည်းလာပါသည်။ Weather balloons နှင့် radiosondes များကို အသုံးပြု၍ လေထု၏ အပူချိန်၊ စိုထိုင်းဆနှင့် လေစီးကြောင်း အမြင့်အလိုက် အချက်အလက်များကို ရယူပြီး တက်လာသော လေစီးကြောင်းများ၏ ပြင်းအားကို ခန့်မှန်းနိုင်ပါသည်။

ကုန်းတွင်းလေမုန်တိုင်း ဖြစ်ပေါ်ခြင်း။ ။တက်လာသော လေစီးကြောင်းက လေပတ်လည်မှုများကို ဆွဲတင်လိုက်ပြီး လေတိုင်တစ်ခုအဖြစ် အားကောင်းလာသောအခါ မြေပြင်ပေါ်တွင် ကုန်းတွင်းလေမုန်တိုင်း စတင်ဖြစ်ပေါ်လာပါသည်။ ၎င်းသည် mesocyclone ဟုခေါ်သော သာမန်လေဆင်နှာမောင်းများကဲ့သို့ မုန်တိုင်းမျက်စိမရှိဘဲ လည်ပတ်နေသော လေမုန်တိုင်းငယ်ဖြစ်ပါသည်။
———
ကုန်းတွင်းလေမုန်တိုင်း (Landspout) ပြယ်ပျက်ပုံ

ကုန်းတွင်းလေမုန်တိုင်းများသည် ယေဘုယျအားဖြင့် ကြာရှည်မခံဘဲ အချိန်တိုအတွင်း ပြယ်ပျက်သွားလေ့ရှိသည်။ ၎င်းတို့ ပြယ်ပျက်ရခြင်း အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

တက်လာသော လေစီးကြောင်း အားပျော့သွားခြင်း။ ။ကုန်းတွင်းလေမုန်တိုင်း ဖြစ်ပေါ်စေသော တက်လာသော လေစီးကြောင်း (updraft) အားနည်းသွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်းသည် ၎င်းတို့ ပြယ်ပျက်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ မိုးကြိုးမုန်တိုင်းတစ်ခု အားပျော့လာသောအခါ သို့မဟုတ် ရွေ့လျားသွားသောအခါ တက်လာသော လေစီးကြောင်းလည်း အားနည်းသွားပြီး လေပတ်လည်မှုကို ဆွဲတင်နိုင်စွမ်းမရှိတော့ပါ။ မိုးလေဝသဂြိုဟ်တုများ (weather satellites) နှင့် ရေဒါများသည် မိုးကြိုးမုန်တိုင်းများ၏ သက်တမ်းနှင့် ပြင်းအားကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပြီး ၎င်းတို့၏ အားနည်းလာမှုကို ဖော်ပြပေးပါသည်။

လေထုအတွင်း ဖွဲ့စည်းမှု ပြောင်းလဲခြင်း။ ။မြေပြင်အနီးရှိ လေထုအတွင်း လေစီးကြောင်းများ၏ ဖွဲ့စည်းပုံ ပြောင်းလဲသွားခြင်းကြောင့်လည်း ကုန်းတွင်းလေမုန်တိုင်းများ ပြယ်ပျက်သွားနိုင်သည်။ ဥပမာအားဖြင့် လေပတ်လည်မှုကို ဖြစ်ပေါ်စေသော လေစီးကြောင်း ကွဲပြားမှုများ (wind shears) ပျောက်ကွယ်သွားခြင်း သို့မဟုတ် လေစီးကြောင်းများ၏ လမ်းကြောင်း ပြောင်းလဲသွားခြင်းတို့ကြောင့် လေတိုင် ပြိုကွဲသွားနိုင်သည်။
Knowledge & Funny
Photo
မြေမျက်နှာပြင် အနေအထား (Terrain)။ ။ကုန်းတွင်းလေမုန်တိုင်းများသည် မြေမျက်နှာပြင် အနေအထားကြောင့်လည်း အားနည်းသွားနိုင်သည်။ သစ်တောများ၊ တောင်များ သို့မဟုတ် မြင့်မားသော အဆောက်အအုံများသည် လေစီးကြောင်းများကို အနှောင့်အယှက်ဖြစ်စေပြီး လေတိုင်၏ တည်ငြိမ်မှုကို ထိခိုက်စေနိုင်သည်။
———
ကုန်းတွင်းလေမုန်တိုင်းများသည် အခြားလေဆင်နှာမောင်းများကဲ့သို့ မပြင်းထန်သော်လည်း ၎င်းတို့သည် မြေပြင်ပေါ်ရှိ အဆောက်အအုံများနှင့် အပင်များကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် မိုးလေဝသပညာရှင်များသည် Doppler radar, weather satellites, weather balloons စသည့် နည်းပညာများကို အသုံးပြု၍ ၎င်းတို့၏ ဖြစ်ပေါ်ပုံနှင့် ပြယ်ပျက်ပုံကို ဆက်လက်လေ့လာလျက်ရှိပြီး ကြိုတင်သတိပေးမှုများ ထုတ်ပြန်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

#Khun
7/29/2025 (7:42 pm)
#Angél_Alphá@mirror148
1
Forwarded from AP X DB Kai
"နဂါးဗိမ္မာန်"《MMSUB》

Genres: Action, Adventure,
Fantasy, Drama, Mystery
🎭

“လောကကြီးက သင့်ကိုတစ်သက်လုံး အလဲထိုးနေမှာပါ...ဒါပေမဲ့ ဘယ်အချိန်မှာ သင်ပြန်ထမှာလဲဆိုတာကတော့ သင်ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ”

ကမ္ဘာမြေကိုကာကွယ်ဖို့အတွက် အစွမ်းထက်ဆုံး Saiyan တိုင်းပြည်မှ ဂိုကူဟာ သူ့သားဂိုဟန်အပြင် သူ့ သူငယ်ချင်းများနဲ့အတူ တခြားသော Galaxy မှ ရောက်လာတဲ့ မကောင်းဆိုးဝါးရန်သူများကို ယှဥ်ပြိုင်တိုက်ခိုက်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ်။

တိုက်ပွဲအတွင်းမှာ…

သူ့ရဲ့ ကလေးဘဝက လူမျိုးအကြောင်းကို ပြန်သိလာရပြီး...

သူငယ်ချင်းတွေနဲ့ အတူ မုန်တိုင်းလို လှုပ်ရှားရတဲ့ အခြေအနေတွေကိုဖြတ်သန်းရကာ...

သူ့ရဲ့အသက်အန္တရာယ်ကိုပါ လုံးဝပေးစွမ်းဖို့အထိဖြစ်လာပါတော့တယ်...

ဂိုကူက သူ့ဘဝရဲ့ နောက်ဆုံးအခြေအနေတွေ ရောက်သည်အထိ အမှန်တရားဖက်ကနေ ဆက်တိုက်သွားနိုင်ပါ့မလား ဆိုတာကိုတော့ ပရိသတ်တို့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းက ရိုးရိုးလေးထင်ရပေမဲ့ အဲ့လောက်မရိုးရှင်းပါဘူး။

Channel Join = https://t.me/apxdbz
===========================
#AP_X_DBZ
" Youth & Perfection "

လူငယ်တွေတော်တော်များများမှ ကြုံနေရတဲ့ပြဿနာတစ်ခုရှိတယ်ဗျာ။ ကျွန်တော်တို့က အလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်အဲ့အလုပ်လုပ်ဖို့အတွက်ကုန်ကြမ်းကိုအရင်စုတယ် planတွေချတယ်အဲ့အလုပ်နဲ့ပတ်သတ်ပြီးစဉ်းစားတယ်။ တွေးတောတယ်။ perfect ဖြစ်မှစကြတာမျိုးတွေ အားလုံးကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။

အဲ့လိုတွေလုပ်ရင်းလုပ်ရင်းနဲ့ပဲ ကျွန်တော်တို့တွေတကယ်လုပ်ရမဲ့အလုပ်တွေကမလုပ်ဖြစ်တာများတယ်။ အရာရာကို perfect ဖြစ်မှစတင်ချင်တယ်။ အလုပ်တစ်ခုမှာစာရေးပိုင်းဆိုလဲ experience ရှိမှ marketing နဲ့ပတ်သတ်တာတွေကလဲ ‌ကျွမ်းကျင်တဲ့ Skil ရှိမှ ဝန်ထမ်းတွေ management လုပ်တဲ့ကိစ္စကလဲအဆင်ပြေမှ products တွေကလဲ ဈေးအသက်သာဆုံးဖြစ်နေမှ customer တွေကိုလဲအကောင်းဆုံး promotion ပေးနိုင်မှ အဲ့တာတွေကိုတွေးရင်စဉ်းစားရင်းနဲ့ပဲ တကယ်လုပ်ရမဲ့အလုပ်ကိုမလုပ်ဖြစ်တော့ဘူးဗျာ။

လုပ်စရာရှိတာကိုအရင်ဆုံးကျွန်တော်တို့လုပ်လိုက်ပါ ရှိတာလေးနဲ့စလုပ်လိုက်ပါ။
ဥပမာ phone နဲ့ Example ပြမယ်။
ကျွန်တော်တို့ Redmi 2 ဆိုရင် အလယ်မှာ ကင်မရာ တစ်လုံးပဲပါတယ် ။
Redmi 3 ကျတော့ ဘေးဘက်လေးကို‌တခါပြန်ရောက်သွားတယ်။
Redmi 4 လက်ဗွေ စနစ်ပါလာတယ်။
အဲ့မှာ သူဝေဖန်ခံမှုတွေ ဟာ မင်းတို့ဖုန်းက ပူကျစ်နေတာပဲ မီးပူတောင်တိုက်လို့ရတယ် battery ကလဲမခံဘူး။ အိုခေ သူကဟုတ်ပြီ

အခုကျွန်တော်တို့ battery ခံမယ် နောက်ထပ် model မြင့်တဲ့ဖုန်းတွေ အပူခံတဲ့ဖုန်းတွေ ‌ဖုန်းကသေးလို့ပြောခဲ့တာကြောင့်အသင့်အတင့်ဖုန်းအမျိုးအစားတွေထုတ်လာတယ် ခု‌ထွက်နေတဲ့ Redmi 11,12,13,14..... စတာတွေကိုသူတဖြေးဖြေးထုတ်လာခဲ့တယ်။ ဖြေရှင်းရင်ကနေပဲ ကျွန်တော်တို့တဖြေးဖြေးတိုးတက်လာတာဗျာ ပြီးတော့ အရာရာကို Perfection ဖြစ်နေတဲ့ထိကိုမစောင့်ပါနဲ့။
ဥပမာ - ဝိတ်ချမယ် gym ဆော့မယ် အဲ့တာတွေအတွက် အားဖြည့်မဲ့အစားစားတွေစားမယ် ။ protein တွေသောက်မယ်။ အဲ့တာတွေဆိုရင်ဒီကောင် Gym မသွားပဲသောက်နေတာကြောင့် ဝ တုတ်ကြီးဖြစ်လာမယ်။ gym သွားမှာက ဆန္ဒတစ်ခုရည်ရွယ်ထားတာ အဲ့တာကို perfect ဖြစ်တဲ့ထိစောင့်ရင် ဝ တုတ်ကြီးဖြစ်သွားရော။

အဓိက perfect ဖြစ်နေမှမဟုတ်ပါ။
ဝိတ်ချတယ်ဆိုတာ gym သွားမှဆော့လို့ရတဲ့အရာမဟုတ်ပါ။
အိမ်မှာ workout လုပ်လို့ရတယ်။
ဒိုက်ထိုးလို့ရတယ်။ ဒါတွေလုပ်လို့ရတာပဲ အရာရာ Perfection ဖြစ်နေမှစတင်ရမယ် ဆိုတာမဟုတ်ပါဘူး။

ကျွန်တော်တို့တွေ အနေနဲ့ပိုပြီးအထူးဂရုစိုက်သင့်ပါတယ်။ လုံးဝလုပ်မယ်လို့ဆုံးဖြတ်ပြီး Timetable တွေဆွဲ လိုမဲ့ပစ္စည်းတွေဝယ်စု ပြီးရင် တကယ်မလုပ်ဖြစ်ကြတာများပါတယ်။ အဲ့တာတွေကလိုတာမှန်ပါတယ် ဒါပေမယ့်အဲ့တာတွေလုပ်ဖို့ပြင်ဆင်တာတွေနဲ့ပဲအချိန်ကုန်သွားပြီးတကယ်လုပ်လို့ရပြီဆိုမလုပ်နိုင်တော့ဘူး။ အလုပ်တစ်ခုကိုလုပ်တဲ့အချိန်မှာ 50% အထက် လုပ်ဖို့ ready ဖြစ်နေပြီဆို စတင်လိုက်ပါ။ 50%လောက်ထိမှ အဆင့်သင့်မဖြစ်သေးရင် ဒါစုသင့်ပါတယ် ။ အရာရာကို 100% ဖြစ်မှစတင်တာဆိုရင်တော့မဖြစ်သေးပါဘူး။ အဲ့တာတွေကိုပြင်ပါ။ အဲ့အကျင့်တွေကိုပြင်ပါ။

ခု ကျွန်တော် Sharing ပေးသွားတာကလဲ ကျွန်တော်နဲ့လဲ 75% ထိတူတယ် နောက်ပြီး Brother တစ်ယောက် vd တွေ့ရင် သတိရလို့ ကောက်ရေးလိုက်တာပဲဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အကယ်၍အဆင်ပြေရင် Feedback လေးတွေလဲထားခဲ့ပေးလို့ရပါတယ်ခင်ဗျာ့။

#𝐘𝐚𝐦
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from LSE Family
This media is not supported in your browser
VIEW IN TELEGRAM
လူငယ်တိုင်း တတ်မြောက်ထားသင့်တဲ့ skill😉

လူငယ်တိုင်းတတ်မြောက်ထားသင့်တဲ့စကေးတွေရဲ့ထိပ်ဆုံးမှာဆိုရင် English စာဟာရပ်တည်လျက်ရှိနေပါတယ်

ဘဝရဲ့ကဏ္ဍအသီးသီးမှာ English စာဟာပါဝင်ပတ်သက်လို့နေပါတယ်

သင့်မှာ English ကအခြေခံရှိတယ် ဒါပေမဲ့ ဘယ်လိုဆက်လေ့လာရမလဲမသိဖြစ်နေပါလား

LSEကနေ မကြာခင်မှာစတင်တော့မဲ့ A2 class လေးဟာမင်းအတွက်ပါပဲ💞

တွေဝေမနေပါနဲ့ ခု2025ကနေမှ စမကြိုးစားရင် ရှေ့လာမဲ့အခွင့်အရေးတွေကိုမင်းလက်လွှတ်ရပါလိမ့်မယ်

မင်းမှာအခွင့်ရေးကိုအမိအရဆွဲကိုင်နိုင်ဖို့ အချိန် 2ရက်သာကျန်ရှိပါတော့မယ်

မင်းနဲ့ရွယ်တူတွေကြိုးစားနေချိန် မင်းကတော့ဝေဝေဝါးဝါးပဲဖြစ်နေတုန်းလား

သင်တန်းအပ်နှံရန်- @LSE_Family_Telegram

Channel link - https://t.me/LSE_Family
1
🎁 August 8 —
Manifestation Power Day
⭐️

🦁 Lionsgate Portal နဲ့အတူ ဒီနေ့က စိတ်ဝိညာဉ်အဆင့်မြှင့်မယ့် အထူးသော energetic gateway တစ်ခု ဖြစ်ပါတယ်။
ဒီနေ့မှာ အိပ်မက်တွေ၊ ရည်ရွယ်ချက်တွေကို တကယ်တကယ်ပဲ ဆွဲဆောင်နိုင်တဲ့ vibrational energy ကြီးကြီးလေး တစ်ခုရှိနေပါတယ်။

🧘‍♀️ ငါ့စိတ်ထဲမှာ ကျေနပ်မှုနဲ့ မျှော်လင့်ချက်က အပြည့်အဝရှိနေပြီး ငါ့အနာဂတ်ကို ငါ့ရဲ့စိတ်ကူးအတိုင်း ဖန်တီးနေပြီ။

🧘‍♂️ ဒီနေ့ Manifest လုပ်မယ့်အရာတွေကတော့

🎍 ငါ့အတွင်းစိတ်အေးချမ်းမှုနဲ့ ငြိမ်းငြိမ်းချမ်းချမ်းရှိနေခြင်း
🎍 ငါ့လုပ်ငန်းနဲ့ဘဝပေါ်မှာ ဝင်ငွေ များကြီး စီးလာစေခြင်း
🎍 ငါ့ရဲ့ inner voice နဲ့ strongly aligned ဖြစ်ခြင်း
🎍 အချစ်ကို ငါ့လူပုဂ္ဂိုလ်ရေးဘဝထဲက တန်ဖိုးရှိစွာပဲ ခံစားနိုင်ခြင်း
🎍 မျှော်လင့်ထားတာထက် ပိုပြီးအောင်မြင်တဲ့ အခွင့်အလမ်းတွေ လာရောက်ခြင်း
🎍 ပိုက်ဆံဖြစ်ဖြစ်၊ အချစ်ဖြစ်ဖြစ် ကံကောင်းမှုဖြစ်ဖြစ် အားလုံး abundance အနေနဲ့ ဆွဲဆောင်ခြင်း

🎉 ဒီနေ့မှာ ငါ အနာဂတ်ရဲ့ Creator ဖြစ်လာတယ်။ ငါ့ထဲကအာဏာတော်ကြီးကို အသိပေးနားလည်လာတယ်။
ငါအောင်မြင်ဖို့က already destined ဖြစ်နေပြီး…။ အဲ့ဒီအောင်မြင်မှုက ငါ့ frequency ကို follow လုပ်လာနေပြီ။🤝

🛡 ငါ ပျော်ရွှင်ခြင်းကို ရွေးတယ်။
ငါ သက်ဝင်ပြီး အားကောင်းခြင်းကို ရွေးတယ်။ ငါ မစောင့်ဘူး။ ငါ မကြောက်ရွံ့ဘူး။ ငါ အကောင်းဆုံးတွေဖြစ်လာတယ်။

🌌 ဒီနေ့မှာ Manifestations energy ကို အသုံးချဖို့ စိတ်ထားအပြည့်အဝဖြင့် ရွေးချယ်လိုက်။ စွမ်းအင်ဟာ စဉ်းစားသဘောထားနဲ့ပဲ ဆွဲဆောင်တတ်တယ်။
ဒါကြောင့် မျှော်လင့်တာတွေကို ခံယူဖို့ open ဖြစ်နေရင်း၊ already ရရှိထားသလိုပဲ ခံစားပြီး အသက်ရှုပါ။

🤩8လပိုင်း8ရက်မှာ Manifest အောင်မြင်ချင်ရင် ဒီ ၃ချက်ကိုသိဖို့လိုပါတယ်။ 🤩

ပထမအချက် | Clarity |

2025/8/8 ရက်ကနေ 2026/8/8 ရက်နေ့ထိ တစ်နှစ်တာလုံးအတွင်းမှာကိုယ်လိုချင်တာကိုယ်ဖြစ်တာက ကွဲကွဲပြားပြားသိဖို့လိုပါတယ်။
ဟိုဟာလိုလိုဒီဟာလိုလိုရောင်ဝါးဝါးလုပ်နေတာမျိုးမဟုတ်ပဲ ရှင်းလင်းပြတ်သားဖို့လိုပါတယ်။

ဒုတိယအချက် | Responsibility |

ကိုယ်လိုချင်တာတွေ ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့ အတွက်ကိုယ့်ဘက်က ကြိုးစားအားထုတ်ဖို့လိုပါတယ်။

နောက်ဆုံးအချက် | Trust |

အချိန်တန်ရင်ရလိမ့်မယ်။
ငါနဲ့ထိုက်တန်ရင်ရလိမ့်မယ်ဆိုတာကိုယုံကြည်ထားဖို့လိုပါတယ်။

Manifest လုပ်တယ်ဆိုတာအပင်စိုက်သလိုပါပဲ 8လပိုင်း8ရက်2025မှာ မျိုးစေ့ချတယ် နောက် 8လပိုင်း8ရက်2026မှာ အသီးအပွင့်ဝေဝေဆာလာတာကိုတွေ့မြင်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ကမျိုးစေ့ချထားပြီး မျိုးစေ့ကို ရေမလောင်းပဲ ပစ်ထားမယ် ဆိုရင်တော့ ကျွန်‌တော်တို့တွေလိုချင်တဲ့ results ကိုရမှာမဟုတ်ပါဘူး။


သင်တို့လဲပြန်မလာတဲ့သူတွေကိုစောင့်နေရင်း Manifest လုပ်တဲ့ထဲမှာပါဝင်လိုက်ပါ။ ရလဒ်ကောင်းတွေရလာမှာအသေချာပါပဲ။

အကယ်၍ကျွန်တော်ခုတင်ပြပေးသွားတဲ့ Content & Knowledge ကိုကြိုက်နှစ်သက်လိုပါက Star & Reaction များပေးသွားနိုင်ပါတယ် Good Luck 🍀

#August8Energy
#ManifestationDay
#MyanmarLionsgate
#AbundanceIsMine
#EnergeticAlignment
Please open Telegram to view this post
VIEW IN TELEGRAM
https://t.me/Knowledgewillbethesameshare

စကားလေးတွေဘာညာသတာကာ
ပြောဖို့လာခဲ့ကြလေ
🙏

လာပါ အာလူးဖုတ်ရအောင်
😳
ဘာညာပြောကြမယ်
😇

ညဘက်ကျရင်လဲ Voice Chat မှာသီချင်းလေးဘာညာနားထောင်ကြမယ် လာခဲ့လေ လာခဲ့ကြပါ
🙏

Come on come on
👽

#𝐘𝐚𝐦
Please open Telegram to view this post
VIEW IN TELEGRAM
ငါတို့ Chanllage တစ်ခုလုပ်ကြမယ်ကွာ

screen time လျော့သုံးကြေး

၁ပတ်တာပေါ့ 1 week
မနက်ဖြန်ကစမယ်ကွာ

တပတ်တာကိုအနည်းဆုံးသူပေါ့ အားလုံး ၁ပတ်စာကိုပေါင်းပြီးအနည်းဆုံးသူကို Giveaway ပေးမယ်ကွာ

ပါဝင်ချင်ရင်မနက်ဖြန် ဒီလိုည၁၂နာရီကျော်လောက်ပဲ ငါ ခုလို ss နဲ့လာပို့ ပေးမယ်

ညည့်နက်ပေါ့
အဲ့တာမှ Monday screen time အတိအကျကသိရမှာလေ အဲ့တော့ကျမှရေတွက်လို့ရမှာ
🧸

ပါဝင်ချင်ရင်မနက်ဖြန်မှာပါဝင်လိုက်ပါ
‌ရလဒ်ကကျ နောက်အပတ်ကျပြန်ကြေငြာမှာပေါ့အနည်းဆုံးသူကိုပေးမှာ အဟဲ
😌

#𝐘𝐚𝐦
Please open Telegram to view this post
VIEW IN TELEGRAM
မအားတာနဲ့ အချိန်မပေးချင်တာနဲ့က
ကွာပါတယ်။ တကယ်မအားလို့
အချိန်မပေးနိုင်ဘူးဆိုတဲ့

သူကတောင် ကိုယ့်ကို တကယ်ချစ်ရင်တစ်နေ့ကြိ အနည်ဆုံး မနက်၊ နေ့လယ် ၊ ၅မိနစ်‌လောက်စီ (၁၅မိနစ်) လောက်တော့ အချိန်ပေးနိုင်ပါတယ်။

24/7 မအားဘူး‌ဆိုတာတော့မရှိပါဘူး။

Good Morning ဆိုတဲ့စာလေးပို့ဖို့ ၅စက္ကန့်လောက်ပဲကြာတယ်။ ကိုယ့်အတွက် ၅စက္ကန့်လောက်တောင် အချိန်မပေးနိုင်ဘူးရင်ကိုယ့်ဘဝအတွက်လဲတဖြေးဖြေးအရေးမပါတဲ့သူပဲဖြစ်သွားမှာ။

အချိန်ပေးချင်ရင် အချိန်ဆိုတာအမြဲထွက်ပါတယ်။ အားရဲ့သားနဲ့မင်းမလို့သက်သက်မပေးတာဆိုရင်တော့ မင်းကိုမချစ်လို့ပေါ့။

အချိန်မပေးလို့ခုလိုရေးနေတော့ ဒီကောင် ကလေးကလားလုပ်နေတာထင်လဲရတယ် တကယ်က ကလေးကလားလုပ်နေတာမဟုတ်ပဲ 24/7 မအားနေတဲ့သူဆိုတာမရှိဘူးဆိုတာကိုသိစေချင်တာပါ။

#𝐘𝐚𝐦
Forwarded from LSE Family
LSE Family မှ Japanese Introduce Free classလေးရောက်ရှိလာပါပြီ

こんにちは🌸🇯🇵

ဂျပန်စာကို စသင်ချင်တယ် ဘယ်ကစရမှန်းလည်းမသိသူတွေတွက် ဒီ classလေးက မင်းအတွက်ပါပဲနော်။ဒါ့အပြင် Freeသင်ကြားခွင့်ရရှိမှာပဲဖြစ်ပါတယ်

ဘာတွေသင်ကြားပေးမှာလည်းဆိုတော့
- Japanစာဆိုတာဘာလဲ
-ဂျပန်စာဘယ်နှမျိုးရှိလဲ
-ဂျပန်စာရေးနည်းစနစ် ၃ မျိုးကို မိတ်ဆက်ခြင်း (Hiragana, Katakana, Kanji)
-အခြေခံကိုယ့်ကိုယ်ကိုယ်မိတ်ဆက်နည်းတွေစတဲ့အကြောင်းတွေနဲ့အတူ ဂျပန်စာကိုစတင်ထိတွေ့ခွင့်ရရှိမှာပဲဖြစ်ပါတယ်

ဘယ်သူတွေသင်ကြားပေးမှာလဲ
-အတွေ့ကြုံရှိဆရာ/ဆရာမများ
-N2/N1 Level ရှိနှင့်ပြီးသားသူများ
-ဂျပန်နိုင်ငံတော်ကိုပညာတော်သင်ထွက်မဲ့သူများ

သင်တန်းချိန် 7PM to 8PM(ည)
8PM to 9PM(ည)


အတန်းချိန် 2 ချိန်ထဲကမှ ကြိုက်နှစ်သက်ရာ အတန်းလေးကိုတက်ရောက်နိုင်ပါတယ်

Zoom class & video class လေးပဲဖြစ်ပါတယ်ရှင့်

ကဲ… LSE Family ကတော့လူငယ်တို့အတွက်အခွင့်အရေးတစ်ခုကိုသယ်ဆောင်လာခဲ့ပါပြီ။ သင့်အိမ်မက်တွေကိုကိုယ်တိုင်ထုဆစ် အကောင်အထည်ဖော်နိုင်ဖို့ အရေအတွက်မပြည့်ခင် အမြန်ဆုံးစာရင်းသွင်းထားဖို့ အကြံပြုချင်ပါတယ်။

လျှောက်ထားရန်- t.me/LSE_Family_Freeclass

Channel - https://t.me/LSE_Family 🎓

Facebook - https://www.facebook.com/share/1BGcEwpWVZ/ 🔃
Please open Telegram to view this post
VIEW IN TELEGRAM
2
Fri ။   ။ငါတို့မြန်မာ​တွေ ဘယ်​နေရာမှာ အ​တော်ဆုံးလဲမင်းသိလား....

Me ။   ။သိတာ​ပေါ့ဟ...၊ အသည်းကွဲကဗျာ​တွေ ​ရေးတဲ့​နေရာ​လေ....💔😪

#Khun
#Angél_Alphá@mirror148
❤‍🔥1🗿1
Knowledge & Funny
Photo
တန်းတူညီမျှမှု- လူ့ဘောင်လောက၏ အခြေခံအုတ်မြစ်


တိုးတက်သော လူ့ဘောင်အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန်အတွက် တန်းတူညီမျှမှုသည် အဓိက အုတ်မြစ်ဖြစ်ပါသည်။ လူသားတိုင်းသည် မတူညီသော ရုပ်ရည်သွင်ပြင်၊ ဘာသာစကား၊ ယဉ်ကျေးမှုများ ရှိကြသော်လည်း လူ့ဘဝ၏ အခွင့်အရေးနှင့် အခွင့်အလမ်းများကိုဖြင့် တန်းတူမရရှိကြပေ။ “ငါ့ဘာသာကိုးကွယ်မှ လူရာသွင်းမယ်”၊ “ပိုက်ဆံရှိမှ လူ့လောကမှာ လူတောတိုးနိုင်တယ်”၊ “ရုပ်လှမှ အခေါ်အပြောလုပ်မယ်” စသည့် ခံယူချက်များအပြင်၊ အဆင့်အတန်းမြင့်မားသူနှင့် အဆင့်အတန်းမရှိသော သူဆင်းရဲ စသည့် ခွဲခြားမှုများလည်း ရှိနေပါသည်။ ဘယ်လိုအရာတွေပဲ ဆူကြုံကွဲနေပါစေ လူက လူပဲမဟုတ်ပါလား၊ နှာခေါင်းနဲ့ပဲ လူတိုင်းအသက်ရှူကြရတာမဟုတ်ပါလား။ လူတစ်ဦး၏ တန်ဖိုးကို ၎င်း၏နောက်ခံ၊ လူမျိုး သို့မဟုတ် ဘာသာတို့ဖြင့် တိုင်းတာခြင်းသည် ကမ္ဘာလောကကြီးကို ကြည်လင် မှန်ကန်စွာ မမြင်နိုင်ခြင်းနှင့် ဆင်တူပါသည်။

ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းတွင် ခွဲခြားဆက်ဆံမှုနှင့် မတူညီမှုများစွာ ရှိနေဆဲဖြစ်သည်။ ဥပမာအားဖြင့်၊ လူမျိုး၊ ဘာသာ၊ ကျား-မ၊ လူမှုအလွှာအလိုက်သာမက ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံမှုများလည်း ရှိနေပါသည်။ အချို့လူများသည် ၎င်းတို့၏ စည်းစိမ်ဥစ္စာနှင့် အခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ပြီး အခြေခံလူတန်းစားများကို ဖိနှိပ်ခြင်းဖြင့် လူ့ဘောင်ကို ပျက်စီးစေပါသည်။ ဥပမာအားဖြင့်၊ ချမ်းသာသူအချို့သည် ဥပဒေကို ငွေဖြင့် ဝယ်ယူနိုင်ပြီး ဆင်းရဲသားများကို ခေတ်အဆက်ဆက် အမြဲလိုလို ဒုက္ခပေးနေကြသည်။ ထိုသို့သော မတရားမှုများသည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး တန်းတူညီမျှမှုကို ဟန့်တားနေပါသည်။
——————
လူ့အခွင့်အရေးဆိုသည်မှာ အဘယ်နည်း။

လူ့အခွင့်အရေးဆိုသည်မှာ လူသားတိုင်း မွေးဖွားလာကတည်းက အလိုအလျောက် ရရှိထားသော အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များဖြစ်သည်။ ၎င်းတို့သည် လူသားတစ်ဦး၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးပြီး လွတ်လပ်စွာနေထိုင်ခွင့်၊ လုံခြုံမှု၊ တန်းတူညီမျှမှုနှင့် ၎င်းတို့၏ ဆန္ဒများကို ဖော်ပြခွင့်တို့ ပါဝင်သည်။ လူတစ်ဦး၏ လူမျိုး၊ ဘာသာ၊ ကျား-မ သို့မဟုတ် လူမှုအဆင့်အတန်းတို့ကို မခွဲခြားဘဲ လူတိုင်းသည် ဤအခွင့်အရေးများကို အပြည့်အဝ ခံစားခွင့်ရှိသည်။

ဥပမာအားဖြင့်၊ သင်သည် အများနှင့်မတူညီသော ဘာသာတစ်ခုကို ကိုးကွယ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရမည်မဟုတ်ပေ။ သင်သည် အများနှင့်မတူညီသော လူမျိုးတစ်မျိုးဖြစ်ခြင်းကြောင့် သို့မဟုတ် ဆင်းရဲခြင်းကြောင့် သင့်အခွင့်အရေးများကို လက်လွတ်ခံရမည်မဟုတ်ပေ။ လူ့အခွင့်အရေးသည် လူသားတိုင်းအတွက် တူညီသော တန်ဖိုးများနှင့် စံနှုန်းများကို ချမှတ်ပေးပြီး ခွဲခြားဆက်ဆံမှုမှ ကာကွယ်ပေးသည်။
——————
ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ခြင်း

ခွဲခြားဆက်ဆံခံရသူများသည် စိတ်ပျက်အားလျော့နေမည့်အစား ၎င်းတို့၏ အနာဂတ်အတွက် တန်းတူညီမျှမှုကို ဆက်လက်တောင်းဆိုသင့်ပါသည်။ ဤအရာသည် လွယ်ကူသော ခရီးလမ်းမဟုတ်သော်လည်း စစ်မှန်သော လွတ်လပ်မှုကို ရရှိရန်အတွက် မရှိမဖြစ်လိုအပ်သည်။ ထိုသို့ဆိုခြင်းကြောင့် ခွဲခြားဆက်ဆံခြင်းခံရသည့် သူများသာ ယခုလို ပြုလုပ်တောင်းဆိုသင့်သည်ဟု မဆိုလိုပေ။ နိုင်ငံကြီးသားပီသသူ၊ အမှန်တရားကို အမြတ်တနိုးတန်ဖိုးထားသူတိုင်းပါ ခွဲခြားဆက်ဆံမှုများကို ပပျောက်စေရန် အောက်ပါအတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါသည်။

ပထမဦးစွာ၊ လူတစ်ဦးချင်းစီအနေဖြင့် မိမိပတ်ဝန်းကျင်တွင် မတရားမှုများ၊ ခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်နေသည်ကို ဦးစွာ သတိပြုလေ့လာရန် လိုအပ်ပါသည်။ ဒုတိယအချက်အနေဖြင့် မတရားမှုများကို မြင်တွေ့သောအခါတွင် တိတ်ဆိတ်မနေသင့်ပါ။ ထိုအခြေအနေများအပေါ် ပြတ်ပြတ်သားသား ဆန့်ကျင်ပြောဆိုရန် လိုအပ်ပါသည်။ ထို့အပြင်၊ အခြားသူများကို တန်းတူညီမျှမှု၏ အရေးပါပုံနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ မျှဝေပေးခြင်းဖြင့် လူမှုအသိုင်းအဝိုင်း၏ အမြင်များကို ပြောင်းလဲပေးနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် ခွဲခြားဆက်ဆံခံရသူများကို အားပေးကူညီသင့်ပါသည်။ ထိုသို့ ကူညီရာတွင် လူသိရှင်ကြားလုပ်ပြီး မိမိနာမည်ကြီးရန်အတွက် မဟုတ်ဘဲ၊ စေတနာနှင့် မေတ္တာကိုသာ အရင်းခံပြီး လုပ်ဆောင်သင့်ပါသည်။

စစ်မှန်သော လွတ်လပ်မှုသည် တန်းတူညီမျှမှုမှသာ ပေါက်ဖွားလာနိုင်ပါသည်။ လူသားတိုင်းသည် မတူကွဲပြားမှုများ ရှိနေကြသော်လည်း နှလုံးသားတိုင်းသည် အတူတူဖြစ်ကြသည်ကို သိရှိနားလည်ရန် လိုအပ်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းတွင် တန်းတူညီမျှမှု တည်ဆောက်ရန်မှာ စစ်မှန်သည့် လူသားတိုင်း၏ တာဝန်ဖြစ်သည်ကို မမေ့လျော့သင့်ပြီ။

ဟိတ်…ဟိုတစ်ယောက် ဘယ်ရာစုနှစ်ရှိနေပြီလဲ၊ အိပ်မက်ကမ္ဘာထဲက နိုးထတော့…။ ။

(ကြိုးစားပါဦးမည်)
-KHUN-
8/18/2025 (9:03 pm)

@mirror148
1