𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐆𝐚𝐫𝐝𝐞𝐧
655 subscribers
56 photos
1 video
24 links
PROVIDING FREE EDUCATION WITH THE TALENTED VOLUNTEERS📖🌳⭐
Download Telegram
အင်္ဂလိပ်စာ လေ့လာတဲ့နေရာမှာ Vocabulary (ဝေါဟာရ) ကြွယ်ဝဖို့က အသက်သွေးကြောတစ်ခုပါပဲ။ ဝေါဟာရတွေ အလွတ်ကျက်နေရုံနဲ့တင် မလုံလောက်ဘဲ စာလုံးပေါင်း တိကျဖို့၊ စကားပြောနဲ့ စာရေးတဲ့နေရာမှာ မှန်မှန်ကန်ကန် အသုံးချတတ်ဖို့က ပိုပြီးအရေးကြီးပါတယ်။
​ဒါကြောင့် အင်္ဂလိပ်စာ အခြေခံကို စနစ်တကျနဲ့ ပိုင်ပိုင်နိုင်နိုင် မြှင့်တင်ချင်တဲ့ ကျောင်းသား/သူတွေအတွက် "English Vocabulary Class" အတန်းလေးကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။ အတန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကတော့—
👩‍🏫 သင်ကြားမည့်ဆရာမ - Tr. Eaint
📖 ဘာသာရပ် - English Vocabulary
📅 အတန်းစမည့်ရက် - 27 June 2026
🗓️ သင်ကြားမည့်ရက်များ - Saturday & Sunday
⏰ အချိန် - ညနေ 5:00 နာရီ မှ 6:00 နာရီအထိ
⏳ သင်တန်းကာလ - ၂ လ
💬 သင်ကြားမည့်ပုံစံ - Photo & Voice Message
👥 ကျောင်းသားဦးရေ - ၁၅ ဦးသာ လက်ခံမည်
📝 သင်တန်းကာလအတွင်းမှာ Homework များ နှင့် Exam များ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ကျောင်းသားများရဲ့ တိုးတက်မှုကို အစဉ်အမြဲ စစ်ဆေးလေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။

🌟 သင်တန်းအကြောင်း
ဒီသင်တန်းကို G-5 ပြီးထားသူများကနေ စတင်တက်ရောက်နိုင်ပြီး G-8 Level အထိ လေ့လာသင်ယူနိုင်မည့် Vocabulary Class ဖြစ်ပါတယ်။
Vocabulary တွေရဲ့ အဓိပ္ပါယ်၊ အသုံးပြုပုံ၊ စာလုံးပေါင်းမှန်ကန်ရေးနှင့် စကားပြော၊ စာရေးရာတွင် မှန်ကန်စွာ အသုံးချနိုင်စေရန် အခြေခံမှစ၍ စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင်တန်းကို Photo & Voice Message နဲ့ သင်ကြားသွားမည်ဖြစ်ပေမဲ့ ပုံမှန်စာသင်ခန်းအတွင်း သင်ယူရသလိုမျိုး သတ်မှတ်ထားသော အတန်းချိန်အတွင်း Voice Message များဖြင့် စနစ်တကျ သင်ကြားပေးသွားမှာပါ။

📖 Vocabulary ပိုင်းကို အခြေခံကျကျ လေ့လာလိုသူများ၊ အင်္ဂလိပ်စာတိုးတက်လိုသူများနှင့် ကျောင်းစာအတွက် Vocabulary ကြွယ်ဝချင်သူများ တက်ရောက်သင့်သော သင်တန်းတစ်ခုဖြစ်ပါတယ်နော်။
ကိုယ်နဲ့ကိုက်ညီပြီး စိတ်ဝင်စားတယ်ဆိုရင်တော့ botကနေအပ်နှံနိုင်ပါပြီ။
@knowledgegarden_bot


Graphic - Estella
Content - Anna
#VocabularyClass
#knowledgegarden
#KGRDC-16
❤10🔥2
​📢 တရုတ်စာကို လုံးဝအခြေခံမရှိသေးလို့ ဘယ်ကစလေ့လာရမှန်း မသိဖြစ်နေပါသလား။
​အသံထွက်ပိုင်းကအစ 4 Skills စလုံးကို အချိတ်အဆက်မိမိနဲ့ ထိရောက်စွာ လေ့လာနိုင်မယ့် Tr. Wai Linn Tun ရဲ့ Basic Chinese Class ကို ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။ သင်တန်းသား အရေအတွက်ကိုလည်း သေချာဂရုစိုက်နိုင်အောင် အကန့်သတ်နဲ့ပဲ လက်ခံသွားမှာပါ။
👨‍🏫 သင်ကြားမည့်ဆရာ - Tr. Wai Linn Tun
📖 ဘာသာရပ် - Chinese Language
📚 Level - Basic
📕 Course Book - HSK 1, HSK 2, HSK 3
📅 အတန်းစမည့်ရက် - 22.6.2025
🗓️ သင်ကြားမည့်ရက်များ - Monday, Wednesday, Friday
⏰ အချိန် - ည 7:00 နာရီ မှ 8:30 နာရီအထိ
⏳ သင်တန်းကာလ - ၃ လ
💻 Platform - Zoom + Telegram
👥 ကျောင်းသားဦးရေ - ၁၅ ဦးသာ လက်ခံမည်
📝 Homework ရှိပါသည်။
📋 Monthly Test (လစဉ်စာမေးပွဲ) ရှိပါသည်။
📄 PDF File မပေးပါ။

🌟 သင်တန်းအကြောင်း
တရုတ်ဘာသာစကားကို အခြေခံမှ စတင်လေ့လာလိုသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော သင်တန်းဖြစ်ပါတယ်

သင်တန်းတွင် တရုတ်ဘာသာစကား၏ အခြေခံဖြစ်တဲ့ Listening, Speaking, Reading, Writing (4 Skills) များကို စနစ်တကျ သင်ကြားပေးမည်ဖြစ်ပြီး၊
🔹 Pinyin (声母、韵母、声调) များကို အခြေခံမှစ၍ အသံထွက်မှန်ကန်စွာ ဖတ်ရှုနိုင်ရန် လေ့ကျင့်သင်ကြားပေးမည်။
🔹 နေ့စဉ်ဘဝတွင် အသုံးပြုနိုင်သော Daily Conversation များကို လေ့ကျင့်သင်ကြားပေးမည်။
🔹 HSK Vocabulary များကို Level အလိုက် သင်ကြားပေးမည်။
🔹 အပတ်စဉ် Homework များပေး၍ လေ့ကျင့်စေမည်။
🔹 လစဉ် Monthly Exam များဖြင့် ကျောင်းသားများ၏ တိုးတက်မှုကို စစ်ဆေးပေးမည်။

🇨🇳တရုတ်စာကို လုံးဝအခြေခံမှ စတင်လေ့လာလိုသူများ၊ HSK စာမေးပွဲများအတွက် အခြေခံကောင်းတစ်ခု တည်ဆောက်လိုသူများနှင့် တရုတ်ဘာသာစကားကို ယုံကြည်မှုရှိစွာ အသုံးပြုနိုင်ရန် ရည်မှန်းထားသူများအတွက် သင့်တော်သော သင်တန်းတစ်ခုဖြစ်တာမို့ စိတ်ပါဝင်စားပါက အခုပဲ စုံစမ်းအပ်နှံနိုင်ပါပြီ။👇
@knowledgegarden_bot


Graphic - Ivy
Content - Anna
#ChineseBasic
#KnowlegeGarden
#KGRDC-17
❤5
အင်္ဂလိပ်စာ အခြေခံ Grammar ကိုစနစ်တကျနဲ့ ပိုင်ပိုင်နိုင်နိုင်တတ်ချင်သူများအတွက် သတင်းကောင်း!

​ဒီသင်တန်းက စာအုပ်ကြီးအတိုင်း အလွတ်ကျက်ရုံတင်မဟုတ်ဘဲ Exercise (လေ့ကျင့်ခန်းတွေ) ကို ကိုယ်တိုင်တက်ကြွစွာ လုပ်ဆောင်ရမယ့် အတန်းမျိုး ဖြစ်ပါတယ်။ Homework တွေလည်း ပုံမှန်လုပ်ရမှာမို့လို့ တကယ်တိုးတက်ချင်ပြီး Active ဖြစ်ဖြစ် လေ့လာချင်သူတွေအတွက် အကိုက်ညီဆုံးပါပဲ။

​📚 Course Details (သင်တန်းအသေးစိတ်)
​Instructor: Tr. Laurel
​Language: Basic English Grammar
​Level: A1+ to A2+ (အခြေခံမှ အလယ်အလတ်အကြို)
​Course Book: English Grammar for ESL Learners
​Duration: ၂ လခွဲ (2.5 Months)
​Schedule: Mon, Tues, Wed (အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး)
​Time: ညနေ 4:00 PM - 5:00 PM
​Starting Date: 01.07.2026 (ဇူလိုင်လ ၁ ရက်နေ့)
​Platform: Zoom / Google Meet
​⚠️ သင်တန်းအတွက် သိထားရမည့် အချက်များ

​လူဦးရေကန့်သတ်ချက်: အနီးကပ်သေချာ ကြည့်ရှုပေးနိုင်ရန် ကျောင်းသား ၂၀ ဦး သာ လက်ခံပါမည်။
​Homework & Exam: သင်ခန်းစာတွေ ပိုမှတ်မိစေဖို့ အိမ်စာ (H.W) များ ရှိမည့်အပြင် စစ်ဆေးမှု (Exam) များလည်း ရှိပါမည်။ Homeworkများကောင်းများနိုင်တာမို့ သင်တန်းသားတွေဘက်မှ သေချာလိုက်လုပ်ပေးဖို့လိုပါတယ်။

​Course Materials: သင်တန်းပြီးဆုံးတဲ့အထိ စာကြိုးစားပြီး အတန်းပြီးမြောက်တဲ့ ကျောင်းသား/သူများကို PDF File အခမဲ့ ပေးအပ်သွားပါမည်။ (အတန်းမပြီးဆုံးပါက PDF file ပေးမည်မဟုတ်ပါ။)

📥 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်သိရှိလိုပါက Chat Bot ကနေ ဆက်သွယ်နိုင်ပါပြီ။
@knowledgegarden_bot


Graphic - Thu Thu
#BasicGrammarClass
#KnowlegeGarden
#KGRDC-18
❤3👍1
အင်္ဂလိပ်စာအခြေခံကို ပိုင်ပိုင်နိုင်နိုင် လေ့လာကြမယ်! 🌱
​အင်္ဂလိပ်စာ လေ့လာချင်ပေမယ့် ဘယ်ကစရမှန်း မသိဖြစ်နေလား? Speaking တိုးတက်ချင်ပေမယ့် အားမရဖြစ်နေလား?
Tr. Htet ရဲ့ Basic English Class လေးက ကူညီပေးဖို့ အဆင်သင့်ပါပဲ။ 🥰
​ဒီ Class မှာ ဘာတွေသင်မှာလဲ?
✨ Grammarပိုင်း: ခေါင်းရှုပ်စရာတွေ မပါဘဲ လက်တွေ့အသုံးချနိုင်မယ့် အရှင်းလင်းဆုံး အခြေခံတွေ
✨ Speakingပိုင်း: Daily life မှာ ချက်ချင်းသုံးလို့ရမယ့် small talk တွေနဲ့ အသုံးများတဲ့ speaking pattern တွေကိုသင်ပေးမှာပါ။

​Basic ဆိုပေမယ့် A1, A2 Level သမားလေးတွေနဲ့ Speaking Skill တိုးတက်ချင်တဲ့ သူ​တွေအတွက်ပါ အဆင်ပြေအောင် သေချာလေး ပြင်ဆင်ထားပါတယ်။ 😉

အသေးစိတ်အချက်အလက်
သင်ကြားမည့်ဆရာ - Tr. Htet
အတန်းစမည့်ရက် - 27.6.2026
တက်ရောက်ရမည့်ရက် - စနေ၊ တနင်္ဂနွေ (Saturday & Sunday)
အချိန် - ညနေ 5:00 PM - 6:30 PM
ကြာမြင့်ချိန် - ၁ လခွဲ (1.5 Months)
တက်ရောက်ရမည့် Platform -Zoom
လူဦးရေ - 10ဦးသာ

📗​Homework ရှိပါတယ် (ပုံမှန်လေ့ကျင့်ခန်း လုပ်ရမှာမို့ တိုးတက်မှု မြန်စေတယ်)။
📘​Exam ရှိပါတယ် (ကိုယ့်ရဲ့ အရည်အချင်း ဘယ်လောက်တက်လာလဲ ဆန်းစစ်နိုင်မယ်)။
📙​PDF File ပေးပါတယ်
​လူဦးရေ ၁၀ ယောက်ပဲ လက်ခံမှာမို့ အတန်းမပြည့်ခင် အမြန်ဆုံး လာအပ်လိုက်တော့နော်။ လူဦးရေပြည့်ရင် ပိတ်ပါပြီရှင်။ 💖
@knowledgegarden_bot


#EnglishBasicClass
#KnowlegeGarden
#KGRDC-19
❤7
တရုတ်စာကို လုံးဝအခြေခံမရှိလို့ ဘယ်ကစရမှန်း မသိဖြစ်နေပါသလား? 🤔
Tr. Mingya (明雅) ကိုယ်တိုင် စနစ်တကျနဲ့ အုတ်မြစ်ချပေးမယ့် HSK Level 1 အတန်းသစ်ကို လုံးဝ Free (အခမဲ့) တက်ရောက်နိုင်မယ့် အခွင့်အရေး ရောက်လာပါပြီ! ✨

​ဒီသင်တန်းမှာ တရုတ်စာရဲ့ အသက်ဖြစ်တဲ့ Pinyin (အသံထွက်စနစ်) ကို အမှန်ကန်ဆုံး ထွက်တတ်အောင် သင်ကြားပေးမှာ ဖြစ်သလို၊

နေ့စဉ်သုံး အခြေခံဝေါဟာရ (၁၅၀) ခန့်နဲ့

အခြေခံသဒ္ဒါ၊ ဝါကျတည်ဆောက်ပုံတွေကိုပါ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

​📊 Class Details:
​👤 Instructor: Tr. Mingya (明雅)
​📚 Course Book: HSK 1
​📅 Starting Date: 25.6.2026
​⏰ Schedule: Every Monday & Thursday (7:00 PM - 8:00 PM)
​⏳ Duration: 4 Weeks
​📱 Platform: Telegram

​💡 သင်တန်းမှာ
​📝 Homework, Examပါမှာဖြစ်ပြီး
​📖 သင်ခန်းစာ PDF Fileပေးပါတယ်
​🚨 ကန့်သတ်ချက်:
လူဦးရေ (၁၅) ယောက် သာ သီးသန့် လက်ခံမှာ ဖြစ်လို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ လိုပါမယ်နော်။
​📩 စာရင်းပေးသွင်းရန်:
@knowledgegarden_bot


Graphic - Keixx
#ChineseBasicClass
#KnowlegeGarden
#KGRDC-20
❤‍🔥7
ဒီနေ့ Replyပြန်ဖို့ကျန်တဲ့စာလေးတွေပြန်ပေးသွားပါမယ်နော်

အတန်းလေးတွေအပ်လို့ရပါသေးတယ်

@knowledgegarden_bot
❤4
''ပညာရေးမှာ အထောက်အကူဖြစ်စေမယ့်  AI Tools များ''

ယနေ့ခေတ်ဟာ အရာရာတိုးတက်ပြောင်းလဲမှုမြန်ဆန်နေတဲ့ခေတ်ဆိုတာ အားလုံးသိပြီးသားအရာတစ်ခုဖြစ်မှာပါ။ အဲ့ဒီလိုတိုးတက်နေတဲ့ကမ္ဘာကြီးမှာ AI( Artificial Intelligence)ကို နေ့စဥ်ဘဝ၊ ရုံးလုပ်ငန်းခွင်၊ ပညာရေး၊ သုတသန စသဖြင့်နယ်ပယ်အရပ်ရပ်မှာကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါတယ်။ AI နဲ့ပတ်သက်ပြီး ပိုပြီး အသုံးဝင်ပြီး အကောင်းဆုံး resultတွေရဖို့ Toolsတွေကို သူ့နေရာနဲ့သူသုံးတတ်ဖို့ကလည်းအရေးပါပါတယ်နော်။

AI Toolsတွေကိုအသုံးပြုခြင်းဖြင့်
🔹️အချက်အလက်ရှာဖွေရာတွင် လွယ်ကူမြန်ဆန်ခြင်း
🔹️ဘာသာစကားလေ့လာရာတွင် အထောက်အကူပြုခြင်း
🔹️စာတမ်းများ Assignment များပြုလုပ်ရာတွင် အသုံးဝင်ခြင်း
🔹️လုပ်ငန်းခွင်နှင့်အခြားသောအရာအများအတွက်        အကြံကောင်းများရယူနိုင်ခြင်း
🔹️ပညာရေးအတွက်Self-study ကိုတစ်နေရာထဲမှာပင် လေ့လာနိုင်ခြင်း
အစရှိတဲ့ အကျိုးကျေးဇူးများကိုရရှိနိုင်ပါတယ်။✨️

Studentတွေ၊ Learnerတွေ အနေနဲ့လည်း AI Tools များကို နေရာမှန်စွာ အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာစေပြီး သင်ယူမှုကို ပိုမိုထိရောက်စေပါတယ်။ ဒါကြောင့် ဒီနေ့မှာ ''ပညာရေးအတွက် အထောက်အကူဖြစ်စေမယ့် AI Tools တွေ '' အကြောင်းကို Knowledge Sharing လုပ်ပေးလိုပါတယ်။ 🌱

📢ဒီနေရာမှာတော့ လူသုံးများတာလေးတွေကိုပဲ အဓိကထားပြောပြပေးပါမယ်။
ပညာရေးအတွက် အထောက်အကူဖြစ်စေမယ့်AI Toolsတွေကို
  1. Writing Tools
  2. Research Tools
  3. Design and Presentation Tools
  4. Study and Notes Taking Tools ဆိုပြီးခွဲခြားကြည့်လို့ရပါတယ်။🌱

1. Writing Tools

🔹 ChatGPT – မေးခွန်းများကို နားလည်လွယ်သော ပုံစံဖြင့် ဖြေကြားပေးနိုင်ပြီး Essay, Letter, Summary နှင့် အခြားသော စာရေးသားမှုများအတွက် အကြံဉာဏ်များ ရယူနိုင်ပါတယ်။

🔹 Grammarly – Grammar, Spelling နှင့် Writing Style များကို စစ်ဆေးပေးနိုင်ပြီး စာရေးသားမှုအရည်အသွေးကို မြှင့်တင်ပေးပါတယ်။

🔹 QuillBot – စာကြောင်းများကို ပြန်လည်ရေးသားခြင်း (Paraphrasing)၊ Grammar စစ်ဆေးခြင်းနှင့် Translation ပြုလုပ်ခြင်းတို့အတွက် အသုံးဝင်ပါတယ်။

🔹 DeepL – စာပိုဒ်များနှင့် စာရွက်စာတမ်းများကို ဘာသာစကားအမျိုးမျိုးဖြင့် ဘာသာပြန်ပေးနိုင်သော Tool တစ်ခုဖြစ်ပါတယ်။

2. Research Tools

🔹 Google Gemini – အချက်အလက်များကို လျင်မြန်စွာ ရှာဖွေနိုင်ပြီး သင်ယူမှုနှင့် သုတေသနလုပ်ငန်းများအတွက် အသုံးဝင်ပါတယ်။

🔹 Perplexity – မေးမြန်းထားသော အကြောင်းအရာများကို Source များနှင့်တကွ ဖော်ပြပေးနိုင်သော AI Search Tool တစ်ခုဖြစ်ပါတယ်။

3. Design & Presentation Tools

🔹 Canva – Presentation, Poster, Logo, Infographic နှင့် Design များကို လွယ်ကူစွာ ဖန်တီးနိုင်သော Platform တစ်ခုဖြစ်ပါသည်။ ပညာရေးနှင့် လုပ်ငန်းခွင် နှစ်မျိုးစလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပါတယ်။

4. Study & Note-Taking Tools

🔹 Notion AI – Notes များကို စနစ်တကျ မှတ်သားခြင်း၊ စုစည်းခြင်းနှင့် လေ့လာမှုများကို စီမံခန့်ခွဲရာတွင် အထောက်အကူပြုသော Tool တစ်ခုဖြစ်ပါတယ်။
နောက်တစ်ခုအနေနဲ့ကတော့Programming လေ့လာနေတဲ့ သူတွေအတွက် GitHub Copitol, Replit တွေလို toolsတွေနဲ့ Codeတွေရေးမယ်၊ Error တွေဖြေရှင်းမယ် စတာတွေလုပ်လို့ရပါတယ်။🖥

ခုလိုCategories အလိုက်ခွဲပြထားပေမယ့် Chat GPT နဲ့ Google Gemini မှာ ဖော်ပြခဲ့တဲ့အကြောင်းအရာအတော်များများကိုရှာဖွေမေးမြန်းလို့ရပါတယ်။ခုဆိုရင် AI Tools တွေအကြောင်း သိပြီးပြီဆိုတော့ အရေးကြီးတာတစ်ခုကို ပြောပြချင်ပါတယ်🗨AI Tools တွေဟာနယ်ပယ်အသီးသီးမှာ အထောက်အကူပြုသော်လည်း AI မှ ပေးတဲ့ အချက်အလက်တွေကို မိမိတို့ကိုယ်ပိုင်ဥာဏ်ရည်ဥာဏ်သွေးနဲ့ ဝေဖန်ပိုင်းခြားသင့်ပါတယ်။

📢ကဲဒါဆိုရင် AI နဲ့  မိမိတို့ရဲ့ own understanding တွေ critical thinking တွေနဲ့ ပေါင်းစပ်ပြီး အကျိုးရှိအောင်စနစ်တကျအသုံးပြုလိုက်ကြရအောင်နော်။🌱

Content - May Thu Kyaw
Graphic - Zeroship
#KnowlegeSharing
#KnowlegeGarden
❤14🔥2
Chinese basic class အတန်းနှစ်ခုစလုံးလူပြည့်သွားပါပြီ💚

English classတွေတော့ အပ်လို့ရပါသေးတယ်။
❤10🦄1
Tr. Eaintရဲ့ Vocabularyသင်တန်းလေးက မနက်ဖြန်စမှာမို့ ဒီ​နေ့အမီလာအပ်လို့ရပါသေးတယ်။

https://t.me/knowledgegarden_edu/147
❤8
Tr. Lauralရဲ့ English Grammar Class လာအပ်လို့ရသေးတယ်နော်🍀

https://t.me/knowledgegarden_edu/151
❤3
This media is not supported in your browser
VIEW IN TELEGRAM
အပ်နှံ၍ရသေးသော သင်တန်းများ

Tr. Laural - Basic English Grammar Class

Tr. Eaint - Vocabulary Class

Video editor - Hytanzo
Voice creator - Shoon Lai
#freeclass
#KnowlegeGarden
❤14👍2🔥1👏1
"သကြားများတဲ့ အချိုရည်တွေကို နေ့စဉ်သောက်ရင် ဘာဖြစ်မလဲ?"🥤⚠️

အားဖြည့်အချိုရည် (Energy Drinks) တွေဟာဆိုရင် လူငယ်တွေကြားထဲမှာ အရမ်းကို ရေပန်းစားပါတယ်။💯 အရသာ ချိုချိုချဉ်ချဉ်လေး ကြိုက်တဲ့သူဆိုရင် Speed လေး သောက်လိုက်မလား? ဒါမှမဟုတ် Exam Stress တွေ ပိနေလို့ စိတ်ကြည်အောင် Vitamin B12 နဲ့ Taurine ပါတဲ့ Carabao (ကျွဲစိမ်း) ပဲ သောက်မလား စတဲ့ ရွေးချယ်စရာတွေဟာ လက်တစ်ကမ်းမှာ အမျိုးမျိုး ရှိနေတာပါပဲ။🙂‍↕️

လူကြီးလူငယ်မရွေး အကြိုက်တွေ့အောင် Flavor အမျိုးမျိုးနဲ့ ဆွဲဆောင်နေကြလေရဲ့🫠
ကျွန်တော်လည်း အအေးသောက်ရတာ သိပ်ကြိုက်တာဗျ။ Sting အဝါဘူးတွေဆို နေ့တိုင်းသောက်တော့ ချောင်းဆိုးတာ ဥတုသုံးပါး ဆက်တိုက်ပဲ🥴 ဒါပေမဲ့လည်း မမုန်းနိုင်ဘူးလေဗျာ ကြိုက်တာကိုး😆

ဒီနေ့ ကျွန်တော် မျှဝေချင်တဲ့ အဓိကအကြောင်းအရာက "အချိုရည်အအေးတွေ အများကြီးသောက်ရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်လဲ" ဆိုတာပါပဲ🧐

📍ပထမဦးဆုံး သကြားများတဲ့ အချိုရည်ဘူးတွေ (Cola, Pepsi, Sprite) နဲ့ အားဖြည့်အချိုရည်တွေမှာဆိုရင် သကြားပမာဏက ခန္ဓာကိုယ်က ပုံမှန်လိုအပ်တာထက် သုံးဆလောက် ပိုများနေပါတယ်။😱

ပုံမှန်ဆိုရင် ကျွန်တော်တို့ သကြား လက်ဖက်ရည်ဇွန်း (၁၀) ဇွန်းကို ဒီအတိုင်း တရစပ်စားဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူးမလား? ဒါပေမဲ့ အချိုရည်တစ်ဘူး သောက်လိုက်တာနဲ့ အဲဒီသကြား (၁၀) ဇွန်းကို တစ်ထိုင်တည်းနဲ့ စားလိုက်သလိုမျိုး ညီမျှသွားပါတယ်။🫨

နောက်တစ်ခုက လူငယ်အကြိုက် Bubble Tea တစ်ခွက်မှာဆိုရင် သကြားလက်ဖက်ရည်ဇွန်း (၁၂) ဇွန်းကနေ (၂၀) ဇွန်း (50-80g) အထိ ပါဝင်နိုင်လို့ ရိုးရိုးအအေးဘူးတွေထက်တောင် သကြားဓာတ် ပိုများနိုင်ပါတယ်။🥹

📍 "ရေရှည်မှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုး (၅) ချက်"

▫️ Energy Breakdown (ပင်ပန်းနွမ်းနယ်ခြင်း)😖

အချိုရည်သောက်လိုက်တဲ့အချိန်မှာ သကြားဓာတ် (Sugar Intake) အလွန်များသွားတာကြောင့် သွေးတွင်းသကြားဓာတ် ထိုးတက်သွားပြီး ခဏအကြာမှာတော့ ချက်ချင်း ပြန်ထိုးဆင်းသွားတတ်ပါတယ်။ ဒါကို ဆေးပညာအရ "Sugar Crash" လို့ ခေါ်ပြီး ပိုပြီး ပင်ပန်းနွမ်းနယ်တာ၊ စိတ်မကြည်တာတွေ ဖြစ်လာစေတတ်ပါတယ်😠

ဒါ့အပြင် အချိုရည်တွေမှာ အမျှင်ဓာတ် (Fiber) မပါဝင်တဲ့အပြင် ဗိုက်ပြည့်ကြောင်း အချက်ပြတဲ့ ဟော်မုန်းကိုပါ အားနည်းစေတာကြောင့် ဦးနှောက်က အစားစားချင်စိတ်ကို ပိုလှုံ့ဆော်ပေးလို့ အစားပိုစားမိစေပြီး ဝိတ်တက်လာစေပါတယ်။

▫️ Obesity (အဝလွန်ခြင်း) 🫠

အချိုရည်တွေမှာပါတဲ့ ကယ်လိုရီတွေဟာ ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကယ်လိုရီတွေဖြစ်ပြီး ဝမ်းဗိုက်အဆီတွေကို ပိုတိုးလာစေပါတယ်။ ရေရှည်မှာ ကျောက်ကပ်ပျက်စီးခြင်း၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေအထိပါ ဆိုးကျိုးဖြစ်လာစေနိုင်ပါတယ်။😲

▫️ Heart & Liver Damage (နှလုံးနဲ့ အသည်း ထိခိုက်ခြင်း) 📈

သကြားကို အလွန်အကျွံ စားသုံးခြင်းဟာ သွေးထဲမှာရှိတဲ့ ကိုလက်စထရောနဲ့ အဆီဓာတ်တွေကို တက်စေပါတယ်။ အဲဒီအချိန်မှာ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်တာနဲ့ ဦးနှောက်သွေးကြောပေါက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ အချိုရည်တွေ အလွန်အကျွံ သောက်တဲ့အခါမှာ အသည်းကနေ အဲဒီသကြားတွေကို အဆီအဖြစ် ပြောင်းလဲသိုလှောင်ပစ်လိုက်တာကြောင့် အသည်းအဆီဖုံးခြင်း ဖြစ်လာတတ်ပါတယ်။💊

▫️ Dental Health (သွားကျန်းမာရေး ပျက်စီးခြင်း) 😬

အအေးတွေမှာ အဓိကပါဝင်တဲ့ သကြားဓာတ်နဲ့ အက်ဆစ်ဓာတ်ဟာ သွားရဲ့ ကြွေလွှာတွေကို ပျက်စီးစေပြီး သွားပိုးစားခြင်း၊ သွားကျဉ်ခြင်းနဲ့ သွားကိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

▫️ Skin Damage (အသားအရေ ပျက်စီးခြင်း) 😭

သကြားဓာတ် များပြားခြင်းဟာ ခန္ဓာကိုယ်မှာ အသားအရေကို တင်းရင်းနုပျိုစေတဲ့ Collagen နဲ့ Elastin တွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် ရုပ်ရင့်လွယ်စေပြီး အသက်ငယ်ငယ်လေးနဲ့ အရေးအကြောင်းတွေ ထင်လာတတ်ပါတယ်။😣

📍 Skincare တွေ ဘယ်လောက်ပဲလုပ်လုပ် အသားအရေ ဘာလို့မကောင်းလာတာလဲလို့ တွေးမိရင် အရင်ဆုံး "ငါ အချိုရည်တွေကို နေ့တိုင်း သောက်နေမိလား" ဆိုတာ ဆန်းစစ်ကြည့်ပါ🤔 ပြုပြင်ရမယ့်အချက်ကို သိသွားပြီဆိုရင် လိုက်လုပ်ဖို့က လွယ်သွားပြီမလား?🫡

အအေးကို လုံးဝမသောက်ရဘူးလို့ ဆိုလိုတာမဟုတ်ဘဲ ဖြည်းဖြည်းချင်း လျှော့ချသွားလို့ရပါတယ်။📉 အချိုရည်သောက်မယ့်အစား အသီးအေးအေးလေးတွေ ဝယ်စားလိုက်တာမျိုး၊ အစာခြေစနစ် ကောင်းမွန်စေမယ့် Yogurt (ဒိန်ချဉ်) လေး သောက်လိုက်တာမျိုးနဲ့ အစားထိုးနိုင်ပါတယ်။🧃

ကျွန်တော်ဆိုရင် အချိုရည်ဖြတ်ထားတာ (၃)ပတ် ရှိပြီဗျ။ နေလို့ထိုင်လို့ သိပ်ကောင်းနေရောပဲ။ အရင်ကဆို အအေးတွေ အသောက်များလို့ လူက နုံးပြီး အမြဲတမ်း အိပ်ချင်နေတာ😪 အခုတော့ အသားအရေလည်း ကြည်တောက်ရှင်းဖြစ်နေပြီပေါ့ဗျာ။😆

✨ဒါကြောင့် စာဖတ်သူလေးတို့လည်း ရက်တိုတိုနဲ့ Glow Up ဖြစ်ချင်ရင် အချိုရည်တွေကို လျှော့သောက်ကြပါဗျာ🫶 ကိုယ့်အတွက် မကောင်းမှန်းသိရင် လက်လွှတ်လိုက်တာ အကောင်းဆုံးပါပဲဗျာ🥹 အားလုံးပဲ ကျန်းမာပြီး လှပတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ ✨

Content - May Thet Han
Graphic - Keixx

#knowledgesharing
#KnowlegeGarden
❤8