Khit Thit Media
558K subscribers
153K photos
1.18K videos
11 files
3.2K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
မြင်းခြံမြို့နယ်၊ နဘဲသာရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၇ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၆

မန္တလေးတိုင်း၊ မြင်းမြို့နယ်၊ နဘဲသာရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း - 27 Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၃ ရက်နံနက် ၇ နာရီခန့်က မြင်းခြံမြို့နယ်၊ နဘဲသာရွာဘက်မှ မာန်လည်ရွာဘက်သို့ အင်းအား ၄၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ် တပ်မှ စစ်ဗိုလ်တစ်ဦးအပါအဝင် ၇ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း - 27 Revolution Force ၊ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း ၊ မြင်းခြံမြို့နယ် ပ.က.ဖ ၊ တောင်သာမြို့နယ် ပ.က.ဖ နှင့် မလှိုင် ပ.က.ဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်တွင် သပိတ်စစ်ကြောင်း ၂ခုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ဇွန် ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းနှင့်အတူ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ လူထုသပိတ်စစ်ကြောင်းတို့ အတူတကွ ပူးပေါင်းချီတက် ဆန္ဒထုတ်ဖော်သပိတ်မှောက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် တော်လှန်ပြည်သူများက အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်းနှင့် မတရားစစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ဆန္ဒပြထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။
မုံရွာခရိုင်တပ်ရင်း ၁၃ အောင်ဆန်းမျိုးဆက်ရဲဘော်များကို ထမင်းနှင့် အသားဟင်း ထောက်ပို့

ရန်ကုန်၊ ဇွန် ၆

မုံရွာခရိုင်တပ်ရင်း ၁၃ အောင်ဆန်းမျိုးဆက်ရဲဘော်များကို We Are People အဖွဲ့က နေ့လယ်စာ ထမင်းနှင့် အသားဟင်း ထောက်ပို့ပေးခဲ့ကြောင်း သိရှိရသည်။
နွားထိုးကြီးမြို့နယ်တွင် အိမ်စီးကားများဖြင့် ခိုးဝှက်သွားလာနေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ ညအချိန် ခရီးသွားလာခြင်း မပြုလုပ်ရန် PDF တပ်ဖွဲ့က အသိပေး

ရန်ကုန်၊ ဇွန် ၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အိမ်စီးကားများဖြင့် ခိုးဝှက်သွားလာနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ ညအချိန် ခရီးသွားလာခြင်း မပြုလုပ်ရန် နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နွားထိုးကြီးမြို့နယ်ရှိ မြင်းခြံ -မြစ်သားလမ်းလမ်းပိုင်း၊ နွားထိုးကြီး -မြို့သာလမ်းပိုင်း၊ နွားထိုး ကြီး -တောင်သာလမ်းပိုင်း၊ နွားထိုးကြီး -မလှိုင်လမ်းပိုင်းတို့ကို ည ၉ နာရီမှ နံနက် ၄ နာရီ အထိ ပိတ်ပင်ထားကြောင်း သိရသည်။

“ခရီးသည်ကား ၊ အိမ်စီးကား၊ ကုန်ကားတွေနဲ့ စစ်အုပ်စုက ခိုးလိုက်နေတာမို့ မတိုက်ခိုက်လိုက်ရဘဲ လွတ်သွားတာတွေရှိတယ်။ ပြည်သူတွေ ကား ထင်ပြီး မတိုက်ခိုက်ဘဲ လွှတ်ပေးလိုက်ရတာ အဲဒါကြောင့် သတ်မှတ်ချိန်က မှောင်တဲ့အချိန် ဆိုတော့ အလိုလိုလာတဲ့ ကားတွေကို တိုက်ခိုက်မှာမို့ပါ” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

မောင်းနှင်ရမည့် သတ်မှတ်ချိန် ည ၉ နာရီမှ နံနက် ၄ နာရီခန့် အထိမောင်းနှင်ကြသော ကုန်ကားများ အနေဖြင့်လည်း မိုးကာ မအုပ်ပဲ မောင်းနှင်ကြရန်၊ ကျန်ကားများ အားလုံး မှန်ချမောင်းနှင်ပေးကြ ရန်နှင့် ညပိုင်း မီးဖွင့်မောင်းနှင် ပေးကြရန် အသိပေးထားသည်။
အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၆

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ ၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရှိရသည်။