မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ဒေါင်တမာန်စခန်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်
ရန်ကုန်၊မေ ၁
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ဒေါင်တမာန်စခန်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၁ သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရုံးချုပ်တည်ရှိရာ ဒေါင်းတမာန်စခန်းတွင် မေလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသည် သင်တန်းကာလ ၁ လ ကြာမြင့်ခဲ့ပြီး သင်တန်းသား စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့ကြကာ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး၂ ဦး တို့ သင်တန်း ပြီးမြောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပွဲကို ABSDF ဗဟိုကော်မတီ ဥက္ကဌ ရဲဘော်သံခဲ တက်ရောက်ခဲ့ပြီး မျိုးဆက်သစ်ရဲဘော်များအတွက် လက်ဆင့်ကမ်းကြိုဆို မိန့်ခွန်းများပြောကြားခဲ့ပါကြောင်း သိရှိရသည်။

Khit Thit သတင်းဌာန၏ မေ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်အာဏာရှင်ကို တိုက်ခိုက် ချေမှုန်းနေတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေ အကြား သွေးခွဲ၊ သပ်လျှိုမှုတွေ များသထက် များလာနေတဲ့အတွက် သတိထားကြဖို့ NUG ဝန်ကြီးချုပ် မန်ဝင်းခိုင်သန်းက သတိပေး ပြောဆိုလိုက်ပါတယ်။
- တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ရန်ကုန် ကားလမ်းပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၄၀၁ က စစ်သားတွေဟာ PDF အယောင်ဆောင်ပြီး ခရီးသည်ယာဉ်တွေကို ဆက်ကြေးကောက် မူးယစ်ရမ်းကားနေတယ်လို့ ဒေဿခံ ပြည်သူတွေက ပြောပါတယ်။
- မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က မုပ္ပလင်လမ်းဆုံအနီးမှာ အကြမ်းဖက် စစ်တပ် နဲ့ တော်လှန်ရေး တပ်တွေအကြား ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် လမ်းတွေပိတ်သွားပြီး ယာဉ်အသွားအလာ ၁ နာရီပါး ရပ်ဆိုင်းသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=5QRxSLMpe6c

YouTube
Khit Thit သတင်းဌာန၏ မေ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit သတင်းဌာန၏ မေ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်အာဏာရှင်ကို တိုက်ခိုက် ချေမှုန်းနေတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေ အကြား သွေးခွဲ၊ သပ်လျှိုမှုတွေ များသထက်…

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ မေ ၁
ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်းပြီး "တူသံဟိန်းဟိန်း မိုးခြိမ်းခြိမ်း၊အလုပ်သမားထု နိုးထကြ" စာသားပါ ဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ၊ New Generation Youth Strike Committee (NGYSC)၊ လူ့ဘောင်သစ် လူငယ်(YNS) တို့ ပူးပေါင်းပြီး မေလ ၁ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မြို့ပြရှိူးဂမ်း"ကမ်ပိန်းကနေ တိုက်ခိုက်ရေးရဲဘော်တွေအတွက် တပ်ဆင်ပေးသွားမယ့် ကျည်ကာပြား၊ Vest နဲ့ ကျည်ကာဦးထုပ်တွေရဲ့ ဈေးနှုန်းများကို နိုင်ငံအလိုက် ဖော်ပြပေးလိုက်ပါတယ်။
သေနတ်လက်နက်ငယ်တွေနဲ့ ကျည်ဖိုးတွေ ထောက်ပို့ရမှာ အဆင်မပြေနိုင်တဲ့ ထောက်ပို့လေးတွေအနေနဲ့ ဒီလို ရဲဘော်အသက်တွေအကာအကွယ်ပေးတဲ့ Protection Gears တွေ ဝယ်ယူဖို့ အားဖြည့်ပေးနိုင်ပါပြီရှင်။
_________________________
📣 နိုင်ငံစုံကနေ 'Urban Shoguns Burma - မြို့ပြရှိုးဂမ်း' ကမ်ပိန်းကို မေတ္တာပြ ဝန်းရံပေးဖို့ နိုင်ငံတကာမှ FR များ list
https://www.facebook.com/share/ENuzrZZ1rZUQZCFs/?mibextid=WC7FNe
✊ကမ်ပိန်းအတွက် ကြိုက်နှစ်သက်ရာပမာဏအလိုက် ပါဝင်အားဖြည့် ထောက်ပို့နိုင်ပါပြီ ✊
#မြို့ပြခေါ်သံShogunsအပြန် #UrbanShoguns #URF #မိုးဗြဲ #ဖယ်ခုံ #မြို့ပြ #whatshappeninginmyanmar #operation1111 #၁လေးလုံးစစ်ဆင်ရေး

Facebook
Log in or sign up to view
See posts, photos and more on Facebook.
မတ္တရာမြို့နယ်တွင် အိမ်စီးကားဖြင့် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးသေဆုံး၊ ချောင်းဦးမြို့တွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး
ရန်ကုန်၊ မေ ၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ထံမှ သိရသည်။
ဧပြီလ ၂၉ ရက်နေ့က မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ အကြမ်းဖက်စစ်သား ၁၀ ဦးသည် Alphard အမျိုးအစား ကားလေး ၁ စီးဖြင့် ကျောက်တံတားရွာသစ်မြောက်ဘက် သို့ထွက်လာစဉ် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမှာ တိမ်းမှောက်သွားကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ ယင်းဒဏ်ရာ ရရှိသူများလည်း ထပ်မံသေဆုံးနိုင်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပ.က.ဖ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ဘောလုံးကွင်း အနီးတပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့ ခြေစိုက် BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ချောင်းဦးမြို့ ဘောလုံးကွင်း မြောက်ဘက် သုံးထက်တိုက်ပေါ်တွင် တပ်စွဲနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါ စစ်ခွေး ၃ ကောင်ထိတယ်။ ၁ ကောင် သေဆုံးပြီး ၂ ကောင်ကတော့ ဒဏ်ရာပြင်းထန်ရရှိတယ်။ ချောင်းဦးဆေးရုံမှာ ဆေးကုသမှူခံယူနေတယ်။ လက်နက်ငယ်တွေနဲ့လည်း ရမ်သမ်းပစ်ခတ်နေပြီး အော်ဟစ်နေတယ်" ဟု ချောင်းဦးမြို့ ခြေစိုက် BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့ ခြေစိုက် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့၊ မုံရွာ ခရိုင် တပ်ရင်း ၈ ခရိုင် တပ်ရင်း ၁၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့ ရှငေါ်ကျေးရွာတွင် စစ်တပ်က စခန်းချ လမ်းပိတ်ထား၍ ခရီးသွားပြည်သူများ အခက်ကြုံနေရ
ရန်ကုန်၊ မေ ၁
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရှငေါ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်က စခန်းချကာ လမ်းပိတ်၍ ခရီးသွား ပြည်သူများ ဒုက္ခကြုံနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
စစ်တပ်က စခန်းချ လမ်းပိတ်ဆို့ထားသော ရှငေါ်ကျေးရွာသည် မြစ်ကြီးနား -ဝိုင်းမော်မြို့မှ ချိီဖွေမြို့၊ဆော့လော်မြို့၊ပန်ဝါမြို့သို့ သွားရာလမ်းတွင်ရှိပြီး အကြမ်းဖက်စစ်တပ်က လမ်းပိတ်ထား၍ နေရပ်ပြန်မည့် ပြည်သူများ အခက်ကြုံနေရကြောင်း၊ အကြမ်းဖက်စစ်တပ်က ဧပြီလ ၂၉ ရက်နေ့မှစတင်၍ လမ်းပိတ်ထားသည်မှာ ၃ ရက်ခန့်ကြာသည့်တိုင် ဖွင့်ပေးခြင်း မရှိကြောင်း၊ ထို့ကြောင့် ခရီးသွြး ပြည်သူများမှာ လမ်းခုလတ်တွင် ပိတ်မိနေပြီး လမ်းဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ လမ်းပိတ်မှုကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများတွင် ကျန်းမာရေးမကောင်း၍ ဆေးရုံတက်ရာမှ နေရပ်သို့ ပြန်မည့်သူများ၊ ကျောင်းတက်ရန် နေရပ်ပြန်သည့် ကျောင်းသူကျောင်းသားနှင့်ကလေးသူငယ်များလည်းပါဝင်ကြောင်း သိရှိရသည်။
"ဘာသဘောနဲ့ လမ်းပိတ်ထားလဲတော့မသိပါဘူး။ အခု ပိတ်မိနေတဲ့ ပြည်သူတွေက အတော်ကို ဒုက္ခရောက်နေကြတယ်။ ကလေးတွေရော၊ လူနာတွေရော၊ ကျောင်းသားတွေရော ဘာမှ လုပ်မရဘူး။ လမ်းပေါ်မှာပဲ လမ်းပြန်ဖွင့်မယ့်အချိန် အိပ်စောင့်နေရတယ်။ ဘေးနားပတ်ဝန်းကျင်က ပြည်သူတွေက ကူညီနေလို့သာ အဆင်ပြေနေတာ" ဟု ပိတ်မိနေသည့် ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။