Khit Thit Media
540K subscribers
148K photos
1.13K videos
11 files
3.12K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၂၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းဖြင့် ယင်းမာပင်မြို့နယ်ထဲမှ ဆားလင်းကြီးမြို့နယ်ထဲကို ဝင်ရောက်လာသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

"စစ်ရှောင်ရွာ ၈ ရွာကျော်တယ်လို့ကြားသိရတယ်ဗျ။ ထွက်ပြေးတိမ်းရှောင်နေရတာ ပြည်သူ ၅ထောင်ကျော်မယ်"ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်ဘေးရှောင်နေရသည့် ပြည်သူများကို ကူညီပံ့ပိုးပေးနေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ မတ်လ ၂၅ ရက်နေ့တွင် အရေးပေါ် စစ်ရှောင် ပြည်သူ ၅၀၀ ကျော်ကို ထမင်းနှင့် ဟင်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် ရဲစန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး၊ လူနာတင်ကား ၂ စီး ရဲစခန်းထဲ ဝင်ရောက်သွား

ရန်ကုန်၊ မတ် ၂၅

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ရဲစန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးပြီး လူနာတင်ကား ၂ စီး ရဲစခန်းထဲ ဝင်ရောက်သွားကြောင်း Urban Justic အဖွဲ့ခေါင်းဆောင် Venom က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၅ ရက်နေ့ ညပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းကို Urban Justic အဖွဲ့က လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"ဒီည သင်္ဃန်းကျွန်း ရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးနဲ့ ဆော်တာ ရဲခွေး ၂ ကောင် သေတယ်။ ၂ ကောင် ပြင်းထန် ဒဏ်ရာရတယ်" ဟု Urban Justic အဖွဲ့ခေါင်းဆောင် Venom က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရဲစခန်းအနီးရှိ လမ်းမကို ပိတ်ချထားကာ အင်အားအများအပြားဖြင့် စစ်ဆေးမှု ပြုလုပ်နေပြီး ရဲစခန်းအတွင်း လူနာတင်ကား ၂ စီး ရောက်ရှိကြောင်းသိရသည်။
ယင်းမာပင်တွင် သပိတ်စစ်ကြောင်း ၂ ခုပေါင်း၍ 'မတရားတဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ' စာသားကြွေးကြော်ကာ ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၅

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်တွင် "တော်လှန်ရေး သွေးမအေး တောင်ပုသွေး ''သပိတ်စစ်ကြောင်းနှင့် '' ပြည်သူ့အားမာန် '' သပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး 'မတရားတဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ' စာသားကိုင်စွဲကြွေးကြော်ကာ ကျောင်းသားပြည်သူလူထုသည် စစ်အာဏာရှင်ကို ဆန့်ကျင်ချီတက်ဆန္ဒပြခဲ့ကြသည်။