Khit Thit Media
540K subscribers
148K photos
1.13K videos
11 files
3.12K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
လောင်းလုံးမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုလုပ်ရန် လောင်းလုံး PDF က သတိပေး

ရန်ကုန်၊ မတ် ၂၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုလုပ်ရန် သတိပေး ကြေညာချက် ထုတ်ပြန်ထားကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့တွင် လောင်းလုံး PDF က အကြမ်းဖက် စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် လုပ်ကိုင်နေသော လောင်းလုံးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊အကြမ်းဖက် စစ်အုပ်စု၏ ဝန်ထမ်းများ အနေဖြင့် ပြည်သူများကို ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မဖမ်းဆီးခြင်း၊ စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်း၊ သင်တန်းပေးခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်ရာ ရောက်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

"ပြည်သူတွေ တိုင်ကြားထားတာတော့မရှိသေးပါဘူး။ အခုထိလည်း စစ်မှုထမ်းမဖြစ်သေးပါဘူး။ မဲဆွဲတာ စာရင်းကောက်တာတွေတော့ရှိနေပါတယ်။ စစ်မှုထမ်း လုံးလုံး ဖြစ်သွားရင်တော့ ကျနော်တို့လည်း ရွေးချယ်စရာမရှိဘူး။ စစ်ရေးအရပဲ အရေးယူရမှာပါ စစ်ရေး ပစ်မှတ်ထဲပါသွားမှာပေါ့" ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အသိပေး ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နင်း အပြစ်ပေး အရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရ၍ ပြည်သူများကို အကြမ်းဖက်မှုများတွင် အတင်းအဓမ္မပါဝင် စေခိုင်းရန်နှင့် စစ်ပွဲများတွင် လူသားဒိုင်းများ အဖြစ် စေခိုင်းရန် ရည်ရွယ်၍ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို တရားမဝင် အတည်ပြု အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန် ၊မတ် ၂၅

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၅ ရက်နေ့ တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
ရေးမြို့နယ်၊ ခံသင်းတံတား တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ မတ် ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခံသင်းတံတား တပ်စခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး စစ်တပ်က ထောင်ထားသည့် မိုင်းကြောင့် ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း ရေဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။

မတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ခံသင်းတံတားတပ်စခန်းကို ရေးဘီလူး အဖွဲ့က သိမ်းပိုက်ရန် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနေ့ ခံသင်းတံတားဂိတ်စခန်းကို ဝင်တိုက်တာ။ စခန်းကိုက ရနေပြီ။ ရန်သူ့အင်အားလည်းများတယ်။ စခန်းထဲရောက်ချိန် ရန်သူ့ထောင်တဲ့ မိုင်းကြောင့် ကျွန်တော့် ရဲဘော် ၂ ယောက်ကျတယ် လက်နက်တွေ ဆုံးသွားတယ်။ ၂ ယောက် မစိုးရိမ်ရဒဏ်ရာရတယ်။ ရန်သူ့ ဘက်ကတော့ ၅ ကောင်ကျတယ်။ ဒဏ်ရာရတဲ့ လူတွေလည်း ရှိတယ်"ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

ခံသင်းတံတား တပ်စခန်းကို သိမ်းပိုက်ရာတွင်ရဲဘော်များ ထိခိုက် ကျဆုံးမှုရှိခဲ့သည့်အတွက် ရေးဘီးလူးအဖွဲ့အနေနှင့် ရဲဘော်များ ပြန်လည် သယ်ယူရေးကိုသာ အဓိက ဦးစားပေးသည့်အတွက် စခန်းသိမ်းခြင်း မလုပ်ဆောင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်ကာ ဆက်လက်ပြောဆိုသည်။
မုံရွာမြို့နယ်ရှိကျေးရွာတစ်ရွာတွင် တော်လှန်ရုပ်ရှင်ပြသခြင်းနှင့် လေယာဥ်ဆီဖြတ်တောက်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊မတ် ၂၅

မုံရွာမြို့နယ်အတွင်း ကျေးရွာတစ်ရွာတွင် ပြည်သူများကို တော်လှန်ရေးရုပ်ရှင်ပြသခြင်းနှင့် လေယာဥ်ဆီ ဖြတ်တောက်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၂၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းဖြင့် ယင်းမာပင်မြို့နယ်ထဲမှ ဆားလင်းကြီးမြို့နယ်ထဲကို ဝင်ရောက်လာသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

"စစ်ရှောင်ရွာ ၈ ရွာကျော်တယ်လို့ကြားသိရတယ်ဗျ။ ထွက်ပြေးတိမ်းရှောင်နေရတာ ပြည်သူ ၅ထောင်ကျော်မယ်"ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်ဘေးရှောင်နေရသည့် ပြည်သူများကို ကူညီပံ့ပိုးပေးနေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ မတ်လ ၂၅ ရက်နေ့တွင် အရေးပေါ် စစ်ရှောင် ပြည်သူ ၅၀၀ ကျော်ကို ထမင်းနှင့် ဟင်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။