Khit Thit Media
576K subscribers
165K photos
1.25K videos
12 files
3.52K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
ရေးမြို့နယ်တွင် ခလရ - ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကိုသတင်းအရ စောင့်ဆိုင်း ဖမ်းဆီးစဉ် ခုခံမှု မရှိဘဲ အသာတကြည် လက်နက်နှင့်အတူ အဖမ်းခံဟု ရေးပြောက်ကျားတပ်က ပြောဆို

ရန်ကုန်၊ ဇွန် ၇

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် ၏ခလရ - ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၅ ရက်နေ့ ညနေ ၆ အချိန် ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး၌ ခလရ - ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို သတင်းအရစောင့်ဆိုင်း ပိတ်ဆို့ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

"ပြန်မခုခံခဲ့ဘူးဗျာ။ မခုခံတဲ့အတွက်အေးအေး ဆေးဆေးပဲ ထိန်းသိမ်းနိုင်ခဲ့တယ်"ဟု ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ခလရ - ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို ဖမ်းဆီးရမိချိန်တွင် MA-5 ပစ္စတိုတစ်လက်၊ MA-3 တစ်လက်နှင့် ကားတစ်စီးပါ ရရှိခဲ့ကြောင်း သိရှိရသည်။
ရခိုင်နှင့် စစ်ကိုင်းတွင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် ပြည်သူအများအပြား သေဆုံးရမှုအပေါ် ကုလအထွေထွေအတွင်းရေးမှူးချုပ်က ကန့်ကွက်ရှုတ်ချပြီး အလွန်စိုးရိမ်

ရန်ကုန်၊ ဇွန် ၇

ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် ပြည်သူအများအပြား သေဆုံးရမှုအပေါ် အလွန်စိုးရိမ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် António Guterres ၏ ပြောရေး ဆိုခွင့်ရှိသူ Stéphane Dujarricက ယနေ့ ထုတ်ပြန်ပြောဆိုသည်။

ကုလအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်မှုများ တိုးလာနေသဖြင့် အလွန်စိုးရိမ်မိကြောင်း၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရသည့် မြန်မာစစ်တပ်၏ လတ်တလောတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံအနောက်ခြမ်းရှိ ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထားသည့် နောက်ဆုံးဖြစ်ရပ်နှင့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းသည် လူမှုအသိုင်းအဝိုင်းအားလုံး၏ အကာအကွယ်လိုအပ်မှုကို အလေးပေး ပြောဆိုသည်။

စစ်ကောင်စီက အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်များကို ခွဲခြားခြင်းမရှိသော လေကြောင်းတိုက်ခိုက်မှုများနှင့် ပြင်း ထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ နိုင်ငံအများအပြားတွင် ဆက်လက်ကျူးလွန်ဖြစ်ပွားနေကြောင်း၊ ကျူးလွန်သူများအနေဖြင့် ယင်းဖြစ်စဉ်များအတွက် တာဝန်ယူရမည်ဖြစ် ကြောင်း ပြောဆိုကြသည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့်အညီ အရပ်သားများကို အကာအကွယ်ပေးရေး ဦးစားပေးလုပ်ဆောင်ရန်၊ လူမျိုးရေး တင်းမာမှုနှင့် အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားစေရေး လှုံ့ဆော်မှုများကို တားဆီးရန် ပဋိပက္ခတွင် ပါဝင်သူအားလုံးကို အထွေထွေအတွင်းရေးမှူးချုပ်က တောင်းဆိုထားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံတွင် ယိုယွင်းနေသောအခြေအနေများ ကျယ်ပြန့်လာမှု အလွန်စိုးရိမ်မိကြောင်း၊ စုစည်းညီညွတ်စွာဖြင့် မြန်မာ့အရေးကို ချဉ်းကပ်ဖြေရှင်းကြရန် မေတ္တာရပ်ခံထားသည်။

နိုင်ငံတကာအနေဖြင့် ကုလသမဂ္ဂ၏ မြန်မာ့အရေး အထူးသံတမန် Julie Bishop ကို ထိတွေ့ဆက်ဆံပြီး ကူညီပံ့ပိုးပေးရန်၊ အာဆီယံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံအပါအဝင် အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးကို ဦးတည်သည့် လုပ်ငန်းစဉ်များ တည်ဆောက်ရာတွင် ကူညီပေးကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားသည်။
Federal Wings တပ်ဖွဲ့က တာဝေးပြေး ဒရုန်းများ ထုတ်လုပ်နေပြီး ဝေးဝေးပျံသန်းနိုင်ရန်နှင့် Payload ကြီးကြီးမားမားသယ်နိုင်ရန် ကြိုးပမ်းနေ

ရန်ကုန်၊ ဇွန် ၇

စစ်အာဏာရှင်ကို ဒရုန်းဖြင့် တိုက်ခိုက်ရာတွင် ဦးဆောင်တပ်ဖွဲ့တစ်ခုဖြစ်သော Federal Wingsက တာဝေးပြေး ဒရုန်းများကို ထုတ်လုပ်နေကြောင်း Federal Wingsမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့တွင် Federal Wingsက ဒရုန်းများ ထုတ်လုပ်နေသည့် ဓာတ်ပုံများကို ထုတ်ပြန်လာပြီး ယင်းဒရုန်းများသည် ဝေးဝေးပျံသန်းနိုင်ရန်နှင့်​ Payload ကြီးကြီးများများသယ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း Federal Wingsမှ တာဝန်ရှိသူက ရှင်းပြသည်။

"ဒရုန်း Body ကိုကိုယ်တိုင်ထုတ်လုပ်တာပါ။ တာဝေးပြေးဒရုန်းလို့ပဲ ပြောရမယ်" ဟု Federal Wingsမှ တာဝန်ရှိသူက ပြောဆိုသည်။
အာဏာသိမ်းပြီးနောက် အိမ်နှင့်ဝေးနေရသည့် ပြည်သူအတွက် ရည်ရွယ်ပြီး အိမ်လွမ်းသူ မြန်မာရုပ်ရှင်ပွဲတော် ပြုလုပ်နေ

ဘန်ကောက်၊ မေ ၇

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာရသော အိမ်နှင့်ဝေကွာနေရသည့် မြန်မာပြည်သူများအတွက် ရည်ရွယ်ပြီး အိမ်လွမ်းသူ မြန်မရုပ်ရှင်ပွဲတော်ကို ထိုင်းနိုင်ငံ၊ပြင်သစ်၊အင်ဒိုနီးရှားနိုင်ငံတို့၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းရုပ်ရှင်ပွဲတော်ကို Spirit in Education Movement (SEM) နှင့် Asia Justice and Rights – AJAR တို့ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ချင်းမိုင်မြို့ ၊ မဲဆောက်မြို့၊ မဲဟောင်ဆောင်၊ ချင်းရိုင်၊ ဘန်ကောက်၊ ရနောင် နှင့် ပြင်သစ်နိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံတို့၌လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြုလုပ်ရသည့် ရည်ရွယ်ချက်ကတော့ အာဏာသိမ်းပြီနောက် လေကြောင်းတိုက်ခိုက်မှု၊ စစ်မက်ပဋိ ပက္ခများ၊ CDM များ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသူများ၊ရွှေ့ပြောင်း အလုပ်သမားများ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်နှင့်ဝေးနေရသည့် မြန်မာပြည်သူများ၏ ဘဝကို စာနာ နားလည်ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းရုပ်ရှင်ပွဲတော်တွင် စကားဝိုင်းအစီအစဉ် တေးဂီတနှင့် performance artsတို့ကို ထည့်သွင်းထားပြီး ထိုင်း-မြန်မာ တက်ကြွလှုပ်ရှား‌သူတွေအတွက် Dialogue space တခုအပြင် မြန်မာပြည်သူလူထု အပြင် ဒုက္ခသည်ရင်ဆိုင်နေရသည့် အခက်အခဲ ဆင်းရဲဒုက္ခပြသနာများ ကို ထိုင်းအစိုးနှင့် နိုင်ငံရေးသမားများကြား ပိုမို သိရှိအောင် Advocate လုပ်ဖြစ်ကြောင်း သိရသည်။