နာမည်ဆိုးဖြင့် ကျော်ကြားသည့် သာယာ၀တီထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT မောင်ရဲရင့်ကို(ခ) ရဲရဲ မုဒိမ်းကျင့်ခံရ
ရန်ကုန်၊ မေ ၄
ပဲခူးတိုင်း၊ သာယာ၀တီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT မောင်ရဲရင့်ကို(ခ) ရဲရဲ မုဒိမ်းကျင့်ခံရကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ပထမအပတ်အတွင်း LGBTQ+ နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲသည် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ထောင်ပြောင်းရွှေ့ခြင်းခံခဲ့ရပြီး သာယာဝတီထောင်၏(က)ကြီးတိုက်တွင် သီးခြားနေထိုင်ရစဉ် တစ်တိုက်တည်းနေသေဒဏ်ကျ ရာဇဝတ်အကျဉ်းသား ပြူးကြီးက နိုင်ငံရေးအကျဉ်း သား ရဲရင့်ကို ခေါ် ရဲရဲကို မုဒိန်းကျင့်ခဲ့ကြောင်း ၊ ရဲရင့်ကို(ခ)ရဲရဲက မုဒိန်း ကျင့်မှုကို ခုခံ ငြင်းဆန်သည့်အတွက် သေဒဏ်ကျအကျဉ်းသားပြူကြီးက ကျောက်ခဲဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးခေါင်းကွဲပြီး အကျဉ်းထောင်ဆေးရုံတွင် သွားရောက်၍ ခေါင်းကွဲဒဏ်ရာကို ချုပ်ခဲ့ရကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲသည် ၂၀၂၁ခုနှစ် စက်တင်ဘာလအ တွင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀(ဈ)၊ပုဒ်မ ၅၁(ဂ)၊ပုဒ်မ၅၄၊ပုဒ်မ၁၇(၁)အပြင် အခြားလက်နက်ပုဒ်မများဖြင့် ထောင်ဒဏ် ၉၆ နှစ် အမိန့်ချမှတ်ခြင်းခံထားရသူလည်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲ ကဲ့သို့ LGBTQ+ များသည် ထောင်တွင်း ဖိနှိပ်မှုများအပြင် လိင်ပိုင်းဆိုင်ရာ ခြိမ်း ခြောက်ခံရမှုများစွာကြုံနေရကြောင်း၊ အခြားရာဇဝတ်အကျဉ်းသားများ၏ မုဒိန်းကျင့်ခြင်းမှ ကင်းဝေးစေရန်အတွက် အကျဉ်း ထောင်များအတွင်း ကောင်းမွန်သည့်အကာအကွယ် အစောင့်အရှောက်ရှိသင့်ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံရေးအကျဉ်းသားများထဲတွင် LGBTQ+ များ ပါဝင်ပြီး LGBTQ+ များသည် အကျဉ်းထောင်တွင်း၌ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်းများ ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။
LGBTQ+ များသည် အကျဉ်းထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကို အခြားနိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ နည်းတူရင်ဆိုင်ကြရသည့်အပြင် အခြားရာဇဝတ်မှုဖြင့် အကျဉ်းကျထားကြသည့် နှစ်ကြီးအကျဉ်းသားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊အမြတ်ထုတ်ခြင်း(မုဒိန်းကျင့်ခြင်း) အန္တရာယ်များနှင့်ပါ ရင်ဆိုင်ကြရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။
"ဒီလိုမျိုးနိုင်ငံရေးအကျဉ်းသားတွေထဲမှာမှ LGBTQ+ တွေက ပိုပြီးမှ လူစိတ်ဝင်စားမှုနည်းတာကို ခံရတဲ့ issue တစ်ခုအနေနဲ့ ဖြစ်နေတယ်။အကျဉ်းထောင်တွေထဲမှာ ဒီလိုမျိုးအကျဉ်းထောင်တွေထဲမှာ LGBTQ+ တွေဟာ အကျဥ်းထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုအပြင် အကျဉ်းထောင်တွေတွင်းမှာ ရှိနေတဲ ရာဇဝတ်အကျဉ်းသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အာသာပြေမှု အန္တရာယ်တွေနဲ့ များစွာရင်ဆိုင်နေရတယ်ဆိုတာကိုလည်း ပြည်သူတွေကို သတင်းစကားပါးစေလိုတဲ့ ဆန္ဒနဲ့ အခုလိုမျိုး ထုတ်ပြန်တာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။
ထို့ပြင် အကျဉ်းထောင်များအတွင်း ကျူးလွန်မှုဖြစ်စဉ်အပေါ်တွင် ကျူးလွန်သူ အခြားရာဇဝတ်အကျဉ်းသားများကို အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် ထိရောက်သည့်ပြစ်ဒဏ်ပေးခြင်း အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း အဓမ္မပြုကျင့်ရန် ကြိုးစားနေကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ပြောကြားသည်။
"အကျဉ်းထောင်အာဏာပိုင်တွေ အနေနဲ့လည်း ဒီလိုမျိုး အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကို ကျူးလွန်တဲ့ တခြားရာဇဝတ်အကျဉ်းသားတွေကို ထိရောက်ပြင်းထန်တဲ့ အပြစ်ပေးအရေးယူမှုမျိုးတွေ လုပ်ဖို့ လိုအပ်တယ်။ ဒီလိုမျိုးအရေးယူမှုမျိုး မလုပ်တာတွေက ဒီလိုကျူးလွန်နေတဲ့ တခြားရာဇဝတ်အကျဉ်းသားတွေကို အားပေးအားမြှောက် ပြုတယ်လို့ ပြောချင်ပါတယ်"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ပြောကြားသည်။

Khit Thit သတင်းဌာန၏ မေ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက သူ့လက်အောက်ခံ ဝန်ကြီးဌာနတွေမှာ အရပ်ဘက်ရာထူးတွေနဲ့ ပြောင်းရွှေ့သွားတဲ့ အသက် ၅၅ နှစ်အောက် စစ်အရာရှိဟောင်းတွေကို အရန်တပ်အဖြစ် ပြန်လည် ခေါ်ယူပြီး တိုက်ခိုက်ရေးတပ်တွေမှာ စစ်မှုထမ်းခိုင်းမယ့်အကြောင်းကို အသိပေးလာတယ်လို့ နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်နဲ့ မန္တလေးမှာ ညပိုင်း လျှပ်စစ်မီး မပေးနိုင်တော့ဘဲ အဲယားကွန်းအသုံး ပြုသူ များပြားလို့ ဓာတ်အားမနိုင်မနင်းဖြစ်ရတယ်ဆိုပြီးပြောလာပြန်သလို ၊ မန္တလေးမှာ တစ်ရက်ကို လျှပ်စစ်မီး ၃ နာရီဝန်းကျင်သာ ရတော့ပြီး ရန်ကုန်မှာ တစ်ရက်ကို ၄ နာရီဝန်းကျင်သာ မီးရတော့တယ်ဆိုပါတယ်။
- ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ - လိပ်သိုလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်စခန်း ၂ ခုကို တော်ဠလှန်ရေးတပ်တွေက စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး စနိုက်ပါမိပြီးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=QbIBQHcGeeA

YouTube
Khit Thit သတင်းဌာန၏ မေ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit သတင်းဌာန၏ မေ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက သူ့လက်အောက်ခံ ဝန်ကြီးဌာနတွေမှာ အရပ်ဘက်ရာထူးတွေနဲ့ ပြောင်းရွှေ့သွားတဲ့ အသက် ၅၅ နှစ်အောက် …

ထိုင်းနိုင်ငံတွင် တရားမဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၇၀ ကျော် အဖမ်းဆီးခံရ
ရန်ကုန်| မေ ၄
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖိုးဖမြို့နယ်နှင့် ဘန့်တာ့က်မြို့နယ်က ကျေးရွာများတွင် မေလ ၂ ရက်နေ့က တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။
ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၄ ဦးထဲတွင် အမျိုးသမီး ၂၀ ကျော် ပါဝင်ဖြစ်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဖူးခက်မြို့သို့ သွား ရောက်လုပ်လုပ်ကိုင်ရန် ကရင်ပြည်နယ် မြ၀တီမြို့မှတစ်ဆင့် တရားမဝင်နယ်စပ်လမ်းအတိုင်း ဝင်လာရောက်ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်စဉ် ထွက်ဆိုထားကြသည်။
ဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သမား ၇၄ ဦးမှာ တစ်ဦးကို ဘတ် ၂၅၀၀၀ ကနေ ၃၀၀၀၀ အထိ ပွဲစားခပေးပြီး ဝင်ရောက်လာသူများ ဖြစ်ကြသည်။
ဖမ်းဆီးခံ အထောက်ထားမဲ့ မြန်မာလုပ်သား ၇၄ အား လက်ရှိတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ၊ ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
ရန်ကုန်၊မေ ၄
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၅၅၇ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း Southern Brothers Army က ပြောဆိုထုတ်ပြန်သည်။
ဧပြီလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၅၅၇ တပ်ရင်းမှ တပ် ကြပ်ကြီး စာရေး ကိုကိုထွေး နှင့် မြတ်စိုးဦးတို့ တောင်ပိုင်း ညီနောင်စစ်ကြောင်းထံ MA အမျိုးအစား သေနတ် ၂ လက်၊ ၅.၅၆ ကျည်ဆံ၂၆၀ တောင့်၊ ကျည်အိမ် ၆ ခုတို့ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရဲဘော် ၂ ဦးကို လက်ရှိချိန်တွင် လွတ်မြောက်နယ်မြေ တစ်နေရာ ပို့ဆောင်ထားပြီး၊ ဂုဏ်ပြုငွေများလည်း ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်နှင့် မြစ်သား၊ တာဝါတိုင် စောင့် စစ်တပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး
ရန်ကုန်၊ မေ ၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ကပြောသည်။
မေလ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၂ မိနစ်အချိန် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး အရာရှိ တစ်ဦးနှင့်အခြားအဆင့် ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နောက် ဆက်တွဲသတင်းအရ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲမေ တစ်ဦးလည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF)၊ KNU/KNLA ၊ Nighthawks နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုတော်လှန်ရေး အင်အားစု - KRF အနေဖြင့်စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ် စောင့် ရှောက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေ မည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က ဆိုသည်။
အလားတူ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ရစ်ကန်ကျေးရွာတာဝါတိုင်စောင့် စစ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့က ပြောဆိုသည်။
ယမန်နေ့ မေလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့် မြစ်သားမြို့နယ်၊ ရစ်ကန်ကျေးရွာ တာဝန်တိုင်စောင့်ကာ အထိုင်ချတပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖီးနစ်ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ရေး ဒရုန်းတစ်စီး။

ပျော်ဘွယ်တွင် စစ်တပ် စစ်ကြောင်းထိုးရန် သတင်းများ စုဆောင်းပေးခဲ့သူ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ မေ ၄
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော သိန်းလွင်စိုး (ခ) ကျောက်ခဲ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ မေလ ၄ ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ သိန်းလွင်စိုး (ခ) ကျောက်ခဲ ကို ရွာလယ်ခေါင်ဆေးခန်းရှေ့၌ အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော သိန်းလွင်စိုးသည် တော်လှန်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းများကို စစ်တပ်ထံ သတင်းပေးပို့ခြင်း၊ PDF များ ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် NLD ပါတီ ဝန်းရံသူများ၏ အမည်စာရင်းများကို စုံစမ်း ထောက်လှမ်း၍ စစ်တပ်ကို ပေးပို့ပေးသူဖြစ်ကြောင်း သိရှိရသည်။
"ပေပင်ရှည်ကျေးရွာက သိန်းလွင်စိုး ကတော့ ဒီနံနက် အစောပိုင်းမှာ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားပြီ စစ်တပ်ကို ဖုန်းဆက်တာ မလာရဲဘူးလို့ ပြောတယ်တဲ့ နာရေးကားပဲ လွှတ်လိုက်မယ်ဆိုပြီး ကားပဲလွှတ်လိုက်တာ လာတင်သွားတယ်။ သိန်းလွင်စိုးက နွားပွဲစား အရင်တခေါက် တုန်းက စစ်ကြောင်းထိုးမှာသိလို့ PDF က မိုင်းထောင်တာကို သူကသွား ချွန်တာ အဲ့တုန်းက PDF ရဲဘော် ၁ ဦး သူ့ကြောင့် ကျဆုံးခဲ့ရတယ်။ PDF နဲ့ တက်ကြွလှုပ်ရှားသူတွေ NLD ဝန်းရံသူတွေတော့ သူ့ကြောင့် အိမ်မနေရဲဘူး ပြေးနေကြရတာ ရွာမှာက သူကြီး မရှိတော့တာကြာပြီ ဘယ်သူမှလည်းတက်မလုပ်ရဲကြဘူး" ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
မတ်လ ၂ ရက်နေ့ ပျော်ဘွယ်မြိုနယ်၊ရွာသစ်ကျေးရွာနှင့်ပေပင်ရှည်ကျေးရွာကြားတွင် စစ်တပ်က စစ်ကြောင်းထိုးလာစဉ် PDF တပ်များက မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် စစ်တပ်က ကြိုတင်သတင်းရရှိ၍ မိုင်းဆွဲမှုမှ လွတ်မြောက်သွားပြီး PDF ရဲဘော် မောင်ခန့်မင်းသော် အသက် ၁၆နှစ်ကို ပစ်သတ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် သိန်းလွင်စိုးက စစ်တပ်ကို သတင်းပေးခဲ့ကြောင်း သိရှိရသည်။

BGF က မြ၀တီမြို့ တစ်၀ိုက်တွင် Online လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံ ခြားသားများကို ၆ လအတွင်း ထွက်ခွာရန် အမိန့်ပေးမှု ကျားဖြန့် နှိမ်နင်းရေး မဟုတ်ဘဲ ဟန်ပြဟု နယ်စပ်သတင်းရင်းမြစ်များပြော
ရန်ကုန်၊ မေ ၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဒေသတစ်ဝိုက်တွင် Online လုပ်ငန်းဆောင် ရွက်နေသော နိုင်ငံခြားသား အားလုံး အောက် တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးရန် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ကြေညာလိုက်မှုသည် ကျားဖြန့်နှိမ်နင်းရေးမဟုတ်ဘဲ ဟန်ပြသာဖြစ်ကြောင်း မြ၀တီ-မဲဆောက်တွင် ရှိနေသော စစ်ရေးသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ Online လုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများ အားလုံး မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း ထွက်ခွာပေးရန်၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် ၎င်းတို့ လာရာ လမ်းအတိုင်း သတ်မှတ်ရက် အတွင်း ထွက်ခွာပေးရမည် ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ပိုင်း တွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း BGF ဘက်က ကြေညာခြင်းဖြစ်သည်။
"အထဲမှာ အလုပ်လုပ်နေတဲ့ တရုတ် အပါအဝင် နိုင်ငံခြားသားတွေဆီက ဒီလအတွက်တောင် ထိုင်းဘတ်၂ သောင်းနီးပါးကောက်နေလို့ တချို့ပေးပြီးသွားပြီ။ ကျားဖြန့်လုပ်ငန်းတွေလည်း ဆက်လက် လည်ပတ်နေတုန်းပါပဲ။ နှင်ထုတ်တယ်ဆိုတာ ဟန်ပြ ကြေညာချက်လို့ပဲ ပြောရမယ်။ အခု အဝင်အထွက်တွေကိုလည်း BGF ကပဲ ထိန်းချုပ်ပြီး အဝင်ပဲ များနေပါတယ်" ဟု ရွှေက္ကိုလ်အတွင်းသို့ ထိုင်းမှ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသူ မြ၀တီမြို့မှ နယ်ခံကုန်သည် သတင်းရင်းမြစ်က ပြောဆိုသည်။ လုံခြုံရေး စိုးရိမ်ရသည့်အတွက် နာမည်ထုတ်ဖော်ရေးသားခြင်းမပြုရန် အဆိုပါ နယ်ခံကုန်သည်သတင်းရင်းမြစ်က မေတ္တာရပ်ခံသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ထောက်ပို့လုပ်ငန်းများ အဓိက လုပ်ဆောင်နေသူ နာမည်ကျော်တစ်ဦးကလည်း မြ၀တီမြို့သိမ်းတိုက်ပွဲတွင် BGF က အကျိုးအမြတ်ထုတ်သွားသကဲ့သို့ပင် ဖိအားများလာ၍ ကျားဖြန့် နှိမ်နင်းသယောင် ဟန်ပြ ကြေညာချက်ထုတ်မှု အဖြစ် သုံးသပ်ပြောဆိုသည်။
"စကားပုံတောင်ရှိပါတယ်။ မြန်မာ့နိုင်ငံရေးမှာ သခင်စိုးစကားလေ နာမည်ကြီးတယ်။ ဖာခေါင်းကလုပ်တဲ့ ပြည့်တန်ဆာ ပပျေက်ရေး ဆိုတာမျိုးလိုပဲ ယုံရ ခက်ကြီးပေါ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လူမြင်ကောင်းအောင် ဖော်ရှိုးလုပ်တာ။ ဒါမျိုးတွေက အရှေ့မှာလည်း တရုတ်တွေကို ပြန်ပို့ပါပြီဆိုပြီး သူတို့ လုပ်ပြတာပဲ။ တကယ်တမ်း ကျားဖြန့်တွေက ရွှေက္ကိုလ်ထဲမှာ အပြည့်ပါပဲ" ဟု ထိုင်း-မြန်မာနယ်စပ်တွင် ထောက်ပို့လုပ်ငန်းများ အဓိက လုပ်ဆောင်နေသူ နာမည်ကျော်တစ်ဦးက သုံးသပ်ပြောဆိုသည်။
အမေရိကန်အခြေစိုက် USIP က ကရင်ပြည်နယ်တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကျားဖြန့် ဂိုဏ်းများ အရှိအဟုန်ဖြင့် ရောက်ရှိနေပြီး အမေရိကန်ကိုပစ်မှတ်ထားလာကြောင်း၊ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနှင့် မုတ်သုန်တို့ ပါဝင်ပတ်သက်နေကြောင်း၊ အမေရိကန်ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်း နှစ်စဉ်ရနေကြောင်း၊ ထိုင်း၊ အမေရိကန်တို့ အပါအဝင် အိမ်နီးချင်း နိုင်ငံများ ပါဝင်သော အရေးယူဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းရန် အကြံပြုခြင်း စသည်ဖြင့် အသေးစိတ်အစီရင်ခံစာ ထုတ်ပြန်လာသည့်အတွက် BGF က ဟန်ပြ အရေးယူဆောင်ရွက်သည့်ပုံစံ လုပ်လာခြင်း သုံးသပ်မှုများလည်းရှိသည်။
"ပြည်သူတွေမှာ မြ၀တီကိစ္စနဲ့တင် BGF ဆိုတာ ဘာလဲသိသွားကြပါပြီ။ အခု BGF လုပ်မယ့် ကျားဖြန့် နှိမ်နင်းရေးဆိုတာလည်း ဘာမှ ယုံကြည်စရာမရှိတော့ဘူးဆိုတာ သိနေကြတာပဲ။ မြ၀တီကိစ္စမှာတင် မှတ်သွားပါပြီ" ဟု မဲဆောက်တွင်ရောက်ရှိခိုလှုံနေသော လူငယ်သပိတ်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
လတ်တလော BGF က ရွှေက္ကိုလ်အတွင်း အလုပ်လုပ်နေသူအားလုံးကို ယခုနှစ်ဖေဖော်ဝါရီလတွင် တစ်ဦးလျှင် ထိုင်းဘတ် ၈၉၉၁ ဘတ်၊ မတ်လတွင် တစ်ဦးလျှင် ထိုင်းဘတ် ၁၉၈၈၈ ဘတ် ပေးဆောင်ရန် ကောက်ခံခဲ့ကြောင်း သိရှိရသည်။

ရေးမြို့နယ် ၊ ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီ ရေတပ်စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးဝန်းကျင် သေဆုံးပြီး စစ်သား ၂ ဦး အရှင်ဖမ်းမိ၊ စစ်ကူလာသော ကား ၃ စီးကိုလည်း တော်လှန်ရေးတပ်များက မီးရှို့ရှင်းလင်း
ရန်ကုန်၊ မေ ၄
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီ၏ ရေတပ်စခန်းကို တော်လှန်ရေးတပ်များက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ စစ်သား ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း မစ်ရှင်တွင် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့သော တော်လှန်ရေး တပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၃ ရက်နေ့ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီ ၏ ရေတပ်စခန်းကို တော်လှန်ရေးတပ်များက စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ သေဆုံးခြင်း၊ အရှင်ဖမ်းဆီးရရှိခြင်းနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်း ဆည်းရမိခဲ့ကြောင်း သိရှိရသည်။
"မနေ့က ကုလားဂုတ်ကို ဝင်ပစ်တဲ့အဖွဲ့က တောင်ညိုစစ်ကြောင်းက ဝင်ပစ်တာ ။ ကုလားဂုတ်ကို စစ်ကူသွားတဲ့ စစ်ကောင်စီ ကား ၃ စီးကို ကော့ချား ကော့ဒွတ်ဘက်မှာ မွန်ပြည်သစ်ပါတီ-AD ဘက်က မီးရှို့လိုက်တယ်။ကျွန်တော်တို့ သိထားတဲ့ သတင်းအချက်အလက်အရ စစ်တပ် ၃ ပွင့် ဗိုလ် ၂ ယောက်ကိုတော့ ဖမ်းဆီးမိတယ်လို့ သိရတယ်။ အဲဒီလောက်ပဲ အခြေအနေသိရတယ်"ဟု မွန် ပြည်နယ်ပြည်သစ်ပါတီ (AD) မှ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယမန်နေ့ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ ရေတပ်စခန်းကို စီးနင်းတိုက်ခိုက်စဉ် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဥ်ဖြင့် ၃ ကြိမ်ထက်မနည်း ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။