Khit Thit Media
550K subscribers
151K photos
1.16K videos
11 files
3.18K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၅

မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၂၅ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
လှိုင်သာယာ၊ အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစ်စုဆောင်းရေး အစည်း အဝေး လုပ်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားတချို့ ဒဏ်ရာရရှိနိုင်

ရန်ကုန်၊ မတ် ၂၆

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သော အစည်း အဝေး လုပ်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်သားတချို့ ဒဏ်ရာရရှိနိုင်ကြောင်း Urban Justic အဖွဲ့ခေါင်းဆောင် Venom က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ ည ၉ နာရီ ၅၈ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စစ်သားများ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး ချမ်းသားနှင့် စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်ရန် ဆွေးနွေးနေစဉ် Urban Justic အဖွဲ့က လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"လှိုင်သာယာ ၇ ရပ်ကွက် အုပ်ကြီးရုံးမှာ စစ်ခွေးတွေ ရောက်နေချိန် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်တာ စစ်ခွေး ၃ ကောင် ထိခိုက်မှုရှိတယ်လို့ ကနဦးသိရတယ်။ အုပ်ကြီး ချမ်းသာဆိုတဲ့ကောင်နဲ့ စစ်ခွေးတွေ စစ်မှုထမ်းဥပဒေနဲ့ ပြည်သူဆီက ငွေညှစ်ဖို့ တိုင်ပင်နေတယ်လို့ သတင်းအတိအကျရတယ်" ဟု Urban Justic အဖွဲ့ခေါင်းဆောင် Venom က ပြောဆိုသည်။

လှိုင်သာယာမြို့နယ်မှ ဒေသပြည်သူများကလည်း ယမန်နေ့ည ၉ နာရီ ၅၈ မိနစ်အချိန် မြို့နယ်အတွင်း အလွန်ပြင်း ထန်သော ပေါက်ကွဲသံကို ကြားရကြောင်း ပြောဆိုကြသည်။

ဓာတ်ပုံ - ရန်ကုန်တွင် လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
ကြို့ပင်ကောက်တွင် လူငယ်များကို စစ်မှုထမ်းရန် စစ်တပ်နှင့်အတူ လိုက်လံ ဖမ်းဆီါ် ခေါ်ဆောင်သူ အုပ်ချုပ်ရေးမှူး သောင်းကြည် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၆

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရမည်ဟု ဆိုကာ စစ်တပ်နှင့် လိုက်လံ ခေါ်ဆောင်နေသည့် အုပ်ချုပ်ရေးမှူး သောင်းကြည်ကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု အုပ်ချုပ်ရေးမှူး သောင်းကြည်နှင့် ၎င်း၏ သားဖြစ်သူ နို့တူး ဆိုသူကို BTZM GBK PDF တပ်ခွဲ ပဲခူးရိုးမ တပ်ဖွဲ့က တပြိုင်တည်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး သောင်းကြည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏ သားဖြစ်သူ နို့တူး ဆိုသူသည် လွတ်မြောက်သွားကြောင်း သိရသည်။

"အုပ်ကြီးသားကို ရှင်းဖို့သွားတော့ သူ့ကိုအိမ်မှာ မတွေ့ဘူး။ သူ့မိန်းမနဲ့ သူ့ကလေး ၂ ဦးပဲတွေ့တော့ ဘာမှမလုပ်ဘဲ ပြန်လာခဲ့ပါတယ်။ ကလေးနဲ့ မိခင်မှာ အပြစ်မရှိတဲ့အတွက် အေးဆေးစွာ နေဖို့ပြောပြီး ဖုန်းကိုတော့ စစ်ဆေးဖို့ သိမ်းယူခဲ့ပါတယ်။ ဖုန်းသိမ်းယူလာပြီး သိပ်မကြာဘူး။ ပျူတွေ အဲ့ဖုန်းကို ဆက်လာတယ်။ အဲ့သားအဖကြောင့် ပြည်သူတွေ စိတ်ဆင်းရဲနေရတာ လူငယ်တွေကို စစ်မှုထမ်းရမယ်ဆိုပြီး စစ်ခွေးတွေနဲ့ လိုက်ခေါ်နေတာ ပြည်သူတွေ သူတို့ကြောင့် ပြေးနေရတယ်။ တချို့လူတွေကို သိန်း၅၀ ထက်မနည်း တောင်းတယ်" ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဆက်လက်၍ ပြည်သူများကို စစ်မှုထမ်းရန် အတင်းအကျပ် စေခိုင်းခြင်းပြုလုပ်ပါက မည်သည့်အုပ်ချုပ်ရေးမှူးမဆို BTZM GBK PDF တပ်ခွဲး ပဲခူးရိုးမက အရေးယူ တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
ရွာငံတွင် စစ်ကြောင်းကို မိုင်းဆွဲမှု ဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးကာ ဘုန်းကြီးကျောင်း အလှူခံပုံး အပါအဝင် နေအိမ်များကို ဖောက်ထွင်း၍ ပိုက်ဆံနှင့် တန်ဖိုးကြီး ပစ္စည်းများ စစ်သားများက လုယက်

ရန်ကုန်၊ မတ် ၂၆

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်သားများက မိုင်းဆွဲခံရသည့်နေရာ အနီးအနားရှိ ညောင်ပင်သာရွာမှ ပြည်သူ ၅ ဦးကို ဖမ်းဆီးသွားကြောင်း CRC – PLA တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန် ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၅ ရက်နေ့တွင် ရွာငံမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့် ပြင်ညောင် ဘက်မှ ထွက်လာသော အကြမ်းဖက်စစ်သားများများကို မတ်လ ၁၅ ရက်နေ့တွင်တစ်ကြိမ်၊ မတ်လ ၁၇ ရက်နေ့တွင် တစ်ကြိမ်နှင့် မတ်လ ၂၁ နေ့တွင် တစ်ကြိမ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင်‌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။

“တပ်မ ၅၆ နဲ့ တပ်မ ၉၉ က စစ်ခွေးတွေ၊ ရွာငံကတစ်ကြောင်းနဲ့ ပြင်ညောင်ဘက်က စစ်ကြောင်း၊ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးလာတာ၊ အင်အားက ၁၉၀ လောက်ရှိမယ်၊ ကျောက်တောရွာနဲ့ ညောင် ပင်သာရွာကျေးရွာ ၂ ရွာလုံးက ဘုန်းကြီးကျောင်းရော၊ နေအိမ်တွေရော အကုန်လုံးဖောက် ထွင်းခိုးယူ သွားတာ၊ ညောင်ပင်သာရွာက စစ်ကြောင်းဆိုရင် စစ်ဘေးရှောင်ပြည်သူ ၅ ဦး ကို ဖမ်းဆီးထားပြီး တော့ အခုထိမထွက်သေးဘူး၊ ဘယ်လောက်ပါသွားလဲဆိုတာလည်း မခန့်မှန်းနိုင်သေးဘူး၊ တန်ဖိုး ကြီး ပစ္စည်းတွေပဲယူသွားတာ” ဟု CRC – PLA တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်သားများသည် ရွာငံမြို့နယ်၊ ညောင်ပင်သာကျေးရွာအတွင်းဝင်ရောက်ပြီး စစ် ဘေး ရှောင်နေသော အသက်ကြီးပိုင်း ပြည်သူ ၅ ဦးကို ဓားစာခံဖမ်းဆီးထားကာ ဘုန်းကြီးကျောင်း အတွင်းရှိ အလှူခံပုံးများအပါအဝင် တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းခိုးယူခြင်း၊ ပြည်သူပိုင်နေ အိမ် များ အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းခိုးယူခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိ ရသည်။

ထို့ပြင် ရွာငံမြို့နယ်၊ ရနဲအုပ်စု၊ ကျောက်တောကျေးရွာ ဘုန်းကြီးကျောင်းနှင့် ပြည်သူ့နေအိမ်များ အတွင်းရှိ ပစ္စည်းများကို ဖောက်ထွင်းခိုးယူကာ ပန်းလောင်မြစ်ထဲသို့ ဆင်းသွားကြောင်း၊ ယင်းအ ကြမ်း ဖက်စစ်တပ် စစ်ကြောင်းများမှာ တပ် ၅၅ နှင့် တပ် ၉၉ မှ စစ်သားများဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲကလည်း မထင်မှတ်ဘဲဖြစ်သွားတာ၊ အဲဒီရွာ ၂ ရွာက တိုက်ပွဲဖြစ်မယ်မထင်ထားဘူး၊ မထင် မှတ်ပဲရောက်လာတာ၊ ဘာပစ္စည်းမှ မယူနိုင်ပဲ ထွက်ပြေးနေကြရတာ၊ ကျနော်တို့နေရာက မိတ္ထီလာ လေတပ်နဲ့အရမ်းနီးတဲ့နေရာဖြစ်တော့ သူတို့က‌တော်တော်လေးအာရုံစိုက်လုပ်တာ၊ ပကဖတွေက လည်း ပစ္စည်းတွေရှိပြီး စစ်ကူလည်း မပေးတော့ ကျနော်တို့တော်တော်လေးအဆင်မပြေဘူး၊ တော် လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းစစ်ဆင်ရေး မဆင်နွှဲနိုင်ရင် အောင်မြင်ဖို့ ဝေးနေ အုံးမှာပါ” ဟု CRC – PLA တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။
စစ်မှုထမ်းရန် မဲပေါက်ထားသူများ ဆေးစစ်ရန် စစ်တပ်က ခေါ်ယူမည်ဖြစ်ပြီး ထွက်မပြေးရန်နှင့် အထုပ်အပိုး ပြင်ထားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံ ဖိအားပေးခြိမ်းခြောက်

■ ရန်ကုန်တွင် စစ်မှုထမ်းရန် လူငယ်တချို့ ကို စစ်တပ်ထဲသို့ ခေါ်ယူ ထိန်းသိမ်း

ရန်ကုန်၊ မတ် ၂၆

အကြမ်းဖက်စစ်ကောင်စီက ယခု မတ်လကုန်မှစတင်ပြီး စစ်မှုထမ်းရန် မဲပေါက်ထားသူများကို ဆေးစစ်ရန် အတွက် စတင်ခေါ်ယူသွားမည်ဖြစ်ပြီး ထွက်မပြေးရန်၊ အထုပ်အပိုးများ ပြင်ဆင်ထားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံ ဖိအားပေးခြိမ်းခြောက်နေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့မှစတင်ပြီး စစ်မှုထမ်းရန် မဲပေါက်ထားသည့် လူငယ်များကို ဆေးစစ်ရန် သက်ဆိုင်ရာ တပ်စခန်းများဆီသို့ အရောက်လာကြရန် စတင်အကြောင်းကြားနေပြီး ရပ်ကွက်နှင့်ကျေးရွာများကိုလိုက်၍ ဆေးစစ်ရမည့် ရက် ကွဲပြားခြားနားကြောင်း သိရှိရသည်။

"ကျနော်တို့ ဘက်မှာတော့ မတ်လ ၂၇ ရက်နေ့ ၊ တချို့ရပ်ကွက်တွေက မတ်လ ၂၈ ရက်နေ့ ဆေးစစ်ဖို့ သက် ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးရုံးကို အထုတ်အပိုးယူပြီး လာရမယ်။ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ အကုန်ပါအောင် ယူရမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က သတိပေးတယ်။ နောက်လတွေမှာလည်း မဲဖောက်ပြီး ပေါက်တဲ့ လူ သွားရမှာမို့ စာရင်းဝင်ထားပြီးသား လူတွေ၊ မဲမနှိုက်ရသေးသူတွေ၊ မဲပေါက်ပြီးသူတွေ ထွက်မပြေးဖို့ ၊ ထွက်ပြေးရင် ကျန်ရစ်တဲ့ မိသားစု ဒုက္ခရောက်နိုင်တယ်ဆိုတာမျိုး ပြောတယ်။ ပြီးတော့ အထုပ်အပိုး ပြင်ထားဖို့လည်း ပြောတယ်" ဟု ဒဂုံမြို့သစ်မြောက်ပိုင်း၊ ကျောင်းလမ်းတွင် နေထိုင်သူ လူငယ် မိဘတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီက ရန်ကုန်မြို့တွင်ပင် ညပိုင်း လူငယ်များကို လမ်းတွင် ဖမ်းဆီး စစ်ဆေးခြင်း၊ မှတ်ပုံတင် တောင်းယူခြင်း၊ ညဘက် အိမ်များပေါ်သို့ တက်၍ ဧည့်စာရင်း စစ်ဆေးခြင်းများလုပ်ဆောင်ပြီး ဧည့်စာရင်း မတိုင်ထားသူ၊ မှတ်ပုံတင် မပြနိုင်သော လူငယ်တချို့ကို ဖမ်းဆီးခြင်း၊ စစ်ထဲသို့ ခေါ်ယူ ထိန်းသိမ်းခြင်းများ လုပ်ဆောင် လျက်ရှိကြောင်း သိရှိရသည်။

"ဧည့်စာရင်းစစ်တယ်၊ မှတ်ပုံတင်တောင်းတယ်။ အဲဒါမပြနိုင်ရင် လိုက်ခဲ့ဆိုပြီး တပ်ထဲခေါ်သွားတယ်။ တပ်ထဲရောက်တော့ မှတ်ပုံတင် လုပ်ပေးမယ်။ စစ်ထဲဝင်ခိုင်းတယ်။ ၂ နှစ်ပဲ။ စစ်မတိုက်ရဘူး။ တပ်လုံခြုံရေးပဲ လုပ်ရမယ် ဆိုတာမျိုး စည်းရုံးတယ်။ နောက်တော့ ငြင်းမရတော့ လုပ်မယ်ဆိုပြီးပဲ ကလေးက ပြန်ပြောလိုက်တယ်" ဟု မင်္ဂလာဒုံတွင် စုဆောင်းရေးတပ်တွင် ဖမ်းဆီးခံထားရသော လူငယ်တစ်ဦး၏ ဖခင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လာမည့် ဧပြီလကုန်၊ မေလဆန်းမှစတင်ပြီး စစ်မှုထမ်းဥပဒေအရ လူငယ်များကို စစ်သင်တန်းတက်ခိုင်းကာ စစ်သားများအဖြစ် စတင် စုဆောင်းမှုများ လုပ်ဆောင်နေပြီဖြစ်သည်။

ဓာတ်ပုံ - ယခုလပိုင်းအတွင်း နိုင်ငံတစ်ဝန်းမှ စစ်သားသစ်အဖြစ် စုဆောင်းခံရသော လူငယ်များကို စစ်သင်တန်းခန်းမတွင် တွေ့ရစဉ်။
Khit Thit သတင်းဌာန၏ မတ် ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၆ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေပြီး လက်နက်ချအညံ့ခံသူ ၂၃ ဦး ရှိကာ လက်နက် ၂၇ လက်နှင့် ခဲယမ်း အများအပြားသိမ်းဆည်းရရှိတယ်လို့ Lion Battalion ဗျုဟာစစ်ကြောင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်အညာသားက ပြောပါတယ်။

- ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရဲစန်းကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးပြီး လူနာတင်ကား ၂ စီး ရဲစခန်းထဲ ဝင်ရောက်သွားတယ်လို့ Urban Justic အဖွဲ့ခေါင်းဆောင် Venom က ပြောပါတယ်။

- ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမယ့်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ဖိတ်ခေါ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က တရားဝင်စတင်ဖိတ်ခေါ် လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။


https://www.youtube.com/watch?v=a7ifvy9TTSw
မတ္တရာတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က စစ်ဘေးရှောင်နေရာများကို RPG ဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ဒဏ်ရာရ၊ ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် နေအိမ် ၆၃ လုံးပြာကျ

ရန်ကုန်၊ မတ် ၂၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင်ပြည်သူများကို RPG ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦး ဒဏ်ရာရပြီး စစ်တပ်က ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၆၃ လုံးပြာကျခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ သတင်း တာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာမှ အင်အား ၆၀ ခန့်ပါ စစ်တပ် စစ်ကြောင်း၊ တံငါကျေးရွာမှ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းနှင့် သဖန်းကိုင်းကျေးရွာမှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်း ၃ ကြောင်းသည် မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကျေးများကို စစ်ကြောင်းထိုး စီးနင်းခဲ့သောကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ကြောင်းသည် ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် ဆိပ်သာ ကျေးရွာမှ နေအိမ် ၄၄ လုံး၊ အုန်းကုန်းကျေးရွာမှနေအိမ် ၃ လုံး၊ ကွေ့ကြီးကျေးရွာမှ နေအိမ် ၁၃ လုံး၊ ကျွဲတပ်ကျေးရွာမှ နေအိမ် ၁ လုံး၊ ကျွဲကျကျေးရွာမှ နေအိမ် ၂ လုံး စုစု‌ပေါင်း နေအိမ် ၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီခန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆိပ်သာရွာနှင့် ကျွဲကျရွာအနီး စစ်ဘေးတိမ်းရှောင်နေသော ပြည်သူများကို RPG ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆိပ်သာကျေးရွာမှ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။