Khit Thit Media
576K subscribers
165K photos
1.25K videos
12 files
3.53K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၆၀ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၇

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လ ၇ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၆၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
သံတွဲ လေဆိပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ လေယာဉ်ကွင်းနှင့် လေဆိပ်ကိုပါ ထိန်းချုပ်ထားဟု AA ပြော

ရန်ကုန်၊ ဇူလိုင် ၇

ရခိုင်ပြည်နယ်၊ သံတွဲ လေဆိပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ လေ ယာဉ် ကွင်းနှင့် လေဆိပ်ကိုပါ ထိန်းချုပ်ထားကြောင်း AA က ထုတ်ပြန်ပြောဆိုသည်။

သံတွဲမြို့နယ်ကို ဧပြီလ ၁၃ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး နေ့တိုင်းနီးပါး တိုက် ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ အခြားသော စစ်တပ် တပ်စွဲထားသော စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းကို လက်လွှတ်လိုက်ရသည့် နောက်ပိုင်းတွင် စစ်တပ်က သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်ထဲမှ ခုခံစစ်များကိုဆင်နွှဲခဲ့ကြောင်း၊ သို့သော်လည်း စစ်အင်အား ၁၀၀ ခန့်ဖြင့် ခုခံနေသောသုံးထပ်တိုက် နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ နေရာများကို ဇူလိုင်လ ၆ ရက်၊ နံနက် ၁၁ နာရီခန့်အချိန်တွင် လည်းကောင်း၊ ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနှင့် ၎င်းအနီးပတ်ဝန်းကျင်များမှ စစ်အင်အား ၄၀၀ ခန့်ဖြင် ခုခံစစ်ဆင်နွှဲနေသော နေရာများအားလုံးကို ဇူလိုင်လ ၅ ရက်၊ နံနက် ၆ နာရီ အချိန်တွင်လည်းကောင်း အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်ကို ထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်း AA က ကြေညာသည်။

သံတွဲဒေသတိုက်ပွဲများအတွင်း စစ်သား အလောင်း ၄၀၀ ကျော်၊ လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆည်းရ မိခဲ့ကြောင်း၊ သိမ်းဆည်းရမိသည့် စစ် သား အလောင်းများကို သဂြိုလ်ပေးခဲ့ကြောင်း၊ သံတွဲအခြေစိုက်တပ်ရင်းဖြစ်ပြီး လက်ရှိတွင် တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သော ခလရ ၅၅ တပ်ရင်းကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
လားရှိုးတွင် ခမရ ၅၀၇ ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းပိုက်ပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် တော်လှန်ရေးတပ်များ တဖြည်းဖြည်း နီးကပ်လာ

ရန်ကုန်၊ ဇူလိုင် ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ အထက်မန်အိုင်အနီးရှိ ခမရ ၅၀၇ တပ်ကို MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် တော်လှန်ရေးတပ်များ တဖြည်းဖြည်းနီးကပ်လာနေသည်ဟုဆို နိုင်ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် လားရှိုးဒေသမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့ ည ၇ နာရီအချိန် လားရှိုးမြို့နယ်၊ ခမရ ၅၀၇ တပ်ကို MNDAA တပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လားရှိုးလေဆိပ်အနီးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် လားရှိုးမြို့၊ ရပ်ကွက် ၅ ဘက်သို့ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

"ခမရ ၅၀၇ ဘက်ကို ရမခဘက်ကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ ရက ၅ နဲ့ ရက ၇ ကွက်သစ် ဘက်မှာလည်း မြောက်ပိုင်း တပ်တွေ ဝင်လာတယ်ဆိုပြီးတော့ စစ်ရေး အခြေအနေတွေကို အချင်း ချင်း သတင်းဖလှယ်ကြတာလည်းရှိတယ်။ ရမခ(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) နဲ့ အနီးဆုံးတော့ မဟာမိတ်တပ်တွေ ရောက်လာတာကတော့ ငြင်းမရဘူး။ ရမခနဲ့ မြောက်ပိုင်းတပ်တွေ အကြား မိုင်အားဖြင့် တွက်မယ်ဆိုရင်တော့ ၁၀ မိုင်ဝန်းကျင်လောက်မှာပဲ ရှိလိမ့်မယ်" ဟု လားရှိုးအခြေစိုက် စစ်ရေးသတင်းရင်းမြစ် တစ်ခုက ပြောဆိုသည်။

လက်ရှိ မြို့ထဲတွင် စစ်ကောင်စီတပ်များ မတွေ့ရဘဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းတွင် စုပေါင်းရောက်ရှိနေကြပုံရှိကြောင်း၊ လားရှိုးမြို့ ရပ်ကွက်များတွင် ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သားများ မမြင်တွေ့ရကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။

"စကစတွေကို မြို့ထဲမှာ အရင်လို ကင်းလှည့်တာ သိပ်မမြင်ရတော့ဘူး။ ဒီရက်ပိုင်းတွေမှာ မမြင်ရတော့တာ။ ဇူ လိုင် ၃ မတိုင်မီက ကင်းလှည့်တာမြင်ရသေးတယ်။ အခု မတွေ့ရတော့ဘူး။ မြောက်ပိုင်းအဖွဲ့တွေ ဝင်လာလို့ ရမခထဲမှာ ထောင်နဲ့ချီပြီး စုနေကြတယ်လို့ သိရတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

လားရှိုးမြို့မှ ပြည်သူအများစုက တိမ်းရှောင်နေကြပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ပိတ်မိနေသော ပြည်သူများစွာ ရှိနေသေးကြောင်း၊ ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် လားရှိုးမြို့မှ ပြည်သူများက စစ်ဘေးရှောင်တိမ်းခွင့် ရရှိလိမ့်မည်ဟု မျှော်လင့်နေကြသည်။
မတ္တရာမြို့နယ်၊ မြောက်တံငါရွာအနီး စစ်ကြောင်းထိုးလာသော စစ်သားများကို ပေပါမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သား အများအပြား သေဆုံး

ရန်ကုန်၊ ဇူလိုင် ၈

မန္တလေတိုင်း၊ မတ္တရာမြို့နယ်၊ မြောက်တံငါရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများကို ပေပါမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၅ ဦးသေဆုံးခဲ့ကြောင်း မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် မတ္တရာမြို့ မြောက်ဘက် မြောက်တံငါရွာ ပန်းအိစံ စားသောက်ဆိုင်အနီး အင်အား ၈၀ ခန့်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ က ပေပါမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး မြောက်တက်သွားပြီး ၂၅ ဦး လဲကျသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ ဖောက်ခွဲတိုက်ခိုက်မှု အပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

"ပေပါမိုင်း က ထိထိမိမိကို မှန်တာ စစ်ခွေး ၅ ကောင် မြောက်တက်ပြီး ၂၅ ကောင် သေတယ်။ ဒဏ်ရာရတာတွေလည်းများတယ်။ မျက်မြင်တွေ့ခဲ့ရတာပေါ့။ ကျွန်တော်တို့ လက်နက်တွေကောက်ဖို့ ကြိုးစားသေးတယ်။ စစ်ခွေးတွေက မနားတမ်းကို ရမ်းပစ်တာ ရှေ့တိုးမရလို့ ပြန်ဆုတ်ခဲ့ရတယ်" ဟု မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သတင်းတာဝန်ခံက ပြောဆိုသည်။

လက်ရှိချိန်တွင် မတ္တရာမြို့နယ် တိုက်ပွဲများအတွင်း မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သည် ဖြတ်တောက် တိုက်ခိုက်ရေး နယ်မြေရှင်းလင်းရေး စသည့် စစ်ရေးလှုပ်ရှားမှုများအပြင် စစ်ဘေးရှောင် ပြည်သူများကို ကူညီ ကယ်ဆယ်ရေးနှင့် ကျန်းမာရေးလုပ်ငန်းစဥ်များကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှမ်းမန်း စစ်ဆင်ရေးကာလ မတ္တရာမြို့နှင့် အနီးဝန်းကျင်ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် နေ့စဉ် လာရောက်ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာ နေရာများကို တိမ်းရှောင်ကြရန် မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သတင်းတာဝန်ခံက ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ- မိုးကြိုးစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ။
ဝန်ကြီးဌာန နှင့် ဦးစီးဌာနများ၏ လျှို့ဝှက်အမိန့် နှင့်ညွှန်ကြားချက်များ Viber Group မှတစ်ဆင့် ပေါက်ကြားခဲ့သဖြင့် Viber အသုံးပြု သတင်းပေးပို့ခြင်းများ လုံး၀မပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီး ရာပြည့် အမိန့်ထုတ်တားဆီး

ရန်ကုန်၊ ဇူလိုင် ၈

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ လျှို့ ဝှက် အမိန့်များနှင့် ညွှန် ကြား ချက်များသည် Viber Group မှတစ်ဆင့် ပေါက်ကြားခဲ့သဖြင့် Viber အသုံးပြု သတင်းပေးပို့ခြင်းများကို လုံး၀ မပြုလုပ်ရန် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်က အမိန့်ပေးလိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၂၆ ရက်နေ့ တောင်ကြီးမြို့တွင်ကျင်းပခဲ့သည့် ၃၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်ပြီးနောက် ပြည်ထဲရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများနှင့် သီးခြားတွေ့ဆုံစဉ် ဝန်ကြီးဒုဗိုလ်ချုပ်ကြီးရာပြည့်က ထိုသို့ Viber အသုံးပြု၍ သတင်းပေးပို့ခြင်းများ လုံး၀မပြုလုပ်ရန် အမိန့်ပေး ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

"ပြည်ထဲရေးဝန်ကြီးက လမ်းညွှန်ချက်အနေနဲ့ သတင်းလုံခြုံရေးနဲ့ လက်တွေ့ လုံခြုံရေး မကျိုးပေါက်စေဖို့ Viber အသုံးပြု သတင်းပို့တာတွေ ရပ်တန့်ဖို့ အမိန့်ပေးတယ်။ အထူးသဖြင့်တော့ ခင်ဗျားတို့ ခေတ်သစ်မီဒီယာဆီကို လျှို့ ဝှက် ညွှန်ကြားချက်နဲ့ အမိန့်တွေ ပေါက်ကြားနေတာကို လုံး၀ ရပ်တန့်ရမယ်လို့ ပြောသွားတယ်" ဟု ပြည်ထဲ ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဒုဗိုလ်ချုပ်ကြီးရာပြည့်၏ ပြောဆိုချက်မှာ "ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများတွင် ဝန်ထမ်းတချို့၏ သစ္စာမရှိမှုကြောင့် သတင်းပေါက်ကြားမှုများ မဖြစ်ပေါ်စေရေး ကြပ်မတ် ဆောင်ရွက်ရန်၊ အရေးကြီးသော ကိစ္စ လျှို့ဝှက်သင့်သည်ကို အပိုင်းလိုက် ခွဲခြားပြီး ညွှန်ကြားရန်၊ သတင်းနှင့်စာရွက်စာတမ်းများ၏ လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေးအတွက် Viber အသုံးပြု ပေးပို့ခြင်း လုံး၀ မပြုလုပ်ရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် ပြောဆိုခဲ့သည်။

ထို့ပြင် ခေတ်သစ်မီဒီယာနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် ပြောဆိုရာတွင် " Viber Group မှတစ်ဆင့် ခေတ်သစ်မီဒီယာတွင် သတင်းပေါက်ကြားမှု ရှိသဖြင့် အမှုမဲ့ အမှတ်မဲ့ ဖြစ်နိုင်၍ ဂရုစိုက် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းအပြောင်း အရွှေ့ကိစ္စများ ခေတ်သစ်မီဒီယာက အားလုံး သိနေသဖြင့် စာရွက် စာ တမ်း လုံခြုံရေး ၊ သတင်းလုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်ကြရန် အမိန့်ပေးသွားသည်။

မကြာသေးမီကလည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝန်ကြီးဌာနများအတွင်း လျှို့ဝှက်ချက်များကို ပေါက်ကြားစေသူများကို ဖော်ထုတ်အရေးယူရမည်ဖြစ်ကြောင်း စစ်ကောင်စီအစည်းအဝေးတွင် ထုတ် ဖော်ပြောဆိုသွားခဲ့သည်။
နိုင်ငံကူးလက်မှတ် အလည်အပတ်(PV) ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်မှုများကို မဖြစ်မနေ တားဆီးမည်ဟု စစ်ကောင်စီပြော

ရန်ကုန်၊ ဇူလိုင် ၈

နိုင်ငံကူးလက်မှတ် အလည်အပတ်(PV) ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်မှုများကို မဖြစ်မနေ တားဆီးမည်ဟု စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး မြင့်နောင်က ပြောဆိုလိုက်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၆ ရက်နေ့ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး မြင့်နောင်နှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌ၊ အေဂျင်စီများ ရန်ကုန် Melia Hotel တွင် တွေ့ဆုံစဉ် ထိုသို့ စစ်ကောင်စီဘက်က ပြောဆိုလာခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဝန်ကြီးဘက်က ပြောတာက PV နဲ့ အလုပ်ထွက်လုပ်နေတာတွေကို ရအောင်ပိတ်မယ်။ နောက်တစ်ခါ ဟွန်ဒီငွေလွှဲတွေကိုလည်း ရအောင် နှိမ်နင်းမယ်။ အဲဒီနှစ်ချက်ကို အလေးပေးပြီးပြောတယ်" ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပြည်ပ အလုပ်အကိုင် အေဂျင်စီများအနေဖြင့် အလုပ်သမားစေလွှတ်ရုံ မဟုတ်ဘဲ မြန်မာနိုင်ငံသို့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လည် လွှဲပို့စေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် ဖိအားပေးကြောင်း သိရှိရသည်။

ပြည်ပသို့ သွားရောက် အလုပ်လုပ်ကြမည့် အလုပ်သမားများ ပြည်ပမထွက်ခွာမီ လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံသို့ စစ်ကောင်စီ၏ ဘဏ်များမှတစ်ဆင့် ပြန်လည်ပေးပို့ရန်၊ အခွန်နှစ်ရာခိုင်နှုန်းပေးဆောင်ရန် ဆိုသော စာချုပ်ကို မဖြစ်မနေ ချုပ်ဆို လက်မှတ်ရေးထိုးခိုင်းရန် အေဂျင်စီများကို စစ်ကောင်စီက ဖိအားပေးခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား အပါအဝင် ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်သော ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၀၀ ရှိကြောင်း သိရှိရသည်။

လတ်တလော စစ်ကောင်စီက အသက် ၂၃ နှစ်မှ ၃၂ နှစ်အတွင်း အမျိုးသားများအားလုံးကို အလုပ်အကိုင် နိုင်ငံကူးလက်မှတ် PJ ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်။ အကြမ်း ဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ကြေညာပြီးနောက် လူငယ်လူရွယ်များမှာ ပြည်ပနိုင်ငံများသို့ ပုံစံမျိုးဖြင့် ထွက်ခွာနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုနှစ်မတ်လအတွင်း ရန်ကုန်လေဆိပ်တွင် ပြည်ပသို့ ထွက်ခွာနေကြသည့် လူငယ်များ။