Khit Thit Media
567K subscribers
161K photos
1.24K videos
12 files
3.42K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
တနင်္သာရီမြို့နယ်အတွင်း ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၇

တနင်္သာရီမြို့နယ်တွင် တနင်္သာရီမြို့နယ်‌ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ဆဲဗင်းဂျူလိုင်သမိုင်းများ ဆွေးနွေးပြောကြားခြင်း၊ ၇ ဇူလိုင်သမိုင်း၀င်မှတ်တမ်းများပြသခြင်း၊ပန်းဖလက်များဝေခြင်းနှင့် စစ်အာဏာရှင်စနစ်တော်လှန်ရင်း ခေတ်အဆက်ဆက်ကျဆုံးသွားသည့် ကျောင်းသားရဲဘော် အားလုံးကို အလေးပြုခြင်းနှင့် အောင်ပွဲအဆက်ဆက်ခံဦးမည် သီချင်းများသီဆိုခဲ့ကြကြောင်း သိရှိရသည်။
မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီကားများကို လုံခြုံရေး ယူပေးနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၇

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီကားများကို လုံခြုံရေး ယူပေးနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းပိုင်းရှိ ခင်မွန်ရွာအနီးတွင် ကြေးနီကားများကို လုံခြုံရေးယူပေးပြီး ခရီးသွား ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး MA-1 သေနတ် ၁ လက်နှင့် MA-11 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ၁၉၆၂ ခုနစ်၊ ၇ ဇူလိုင် ကျောင်းသားအရေးအခင်း၌ ကျောင်းသားများကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် စစ်အာဏာရှင်များကို လက်စားချေ စစ်ဆင်ရေး အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
Breaking News- လားရှိုးမြို့ ၏ခံတပ်စခန်းကြီးဖြစ်သော ခမရ ၅၀၇ တပ်ရင်းဌာနချုပ်စခန်းကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဇူလိုင် ၇

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၏ ခံတပ်စခန်းကြီးဖြစ်သော ခမရ ၅၀၇ တပ်ရင်းဌာနချုပ်စခန်းကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၇ ရက်နေ့ည ၇ နာရီအချိန်တွင် ခမရ ၅၀၇ တပ်ရင်းဌာနချုပ်စခန်းကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သားအများအပြား ထွက်ပြေးကုန်ကြကြောင်း၊ နယ်မြေရှင်းလင်းလုပ်ဆောင်နေပြီး အခြေအနေ အသေးစိတ် မသိရှိရသေးကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အဆိုပါ တပ်ရင်းစခန်းဌာနချုပ်ကို ဇူလိုင်လ ၃ ရက်နေ့မှစတင်၍ MNDAA ဦးဆောင်သော တပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၅ ရက်အကြာတွင် တိုက်ခိုက်သိမ်းပိုက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ထားသော MNDAA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
စစ်ကိုင်းတိုင်းဒေသအတွင်းရှိ သပိတ်စစ်ကြောင်းများဦးဆောင်၍ " ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသအတွင်းရှိ သပိတ်စစ်ကြောင်းများဦးဆောင်၍ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လူထုသပိတ် တိုက်ပွဲလှုပ်ရှားမှုကို မုံရွာခရိုင် ဗကသများအဖွဲ့ချုပ်မှ မဖူးသိမ့်သိမ့်တုန်၊ ယင်းမာပင်ခရိုင် ဗကသများ အဖွဲ့ချုပ်မှ ကိုစိုပြေမင်းထင်၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ၊ ပုလဲလူထုသပိတ်ဦးဆောင်ကော်မတီ၊ မြောင်လူငယ်ကွန်ရက်၊ ချင်းတွင်းမြစ် ကမ်းဘေးကျေးရွာ များသပိတ်စစ်ကြောင်း၊ လက်ပတောင်းတောင်ဒေသသပိတ်အင်အားစုတို့မှ မြောင်ဒေသခံပြည် သူလူထုနှင့်အတူပူးပေါင်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ရေစကြိုမြို့နယ်တွင် 7 July အခမ်းအနားနှင့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၇

ရေစကြိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)၊ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)၊ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်‌ကော်မတီတို့မှ ဦးဆောင်ကာ ရေစကြိုမြို့နယ် ပြည်သူလူထုနှင့်အတူ 7 Julyအခမ်းအနားကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ပထမဦးစွာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကာ သပိတ်စစ်ကြောင်းထွက်ခဲ့ကြပြီး ပြည်သူများကို 7 July နှင့် ပတ်သက်သော အကြောင်းအရာများကို ဟောပြောခဲ့ကြကြောင်း သိရှိရသည်။