ဘုတလင်မြို့နယ်အတွင်းရှိ ဆဲဗင်း ဂျူလိုင် ကျောင်းသားအရေးတော်ပုံ ၆၂ နှစ်ပြည့် ကြွေကွဲအောက်မေ့ဖွယ် အခမ်းအနားပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၇
ဘုတလင်မြို့နယ်တွင် ဆဲဗင်း ဂျူလိုင် ကျောင်းသား အရေးတော်ပုံအား ကြေကွဲအောက်မေ့ခြင်း အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ် သပိတ်အင်အားစုနှင့် ဘုတလင်မြို့နယ် အခြေခံပညာ ကျောင်း သားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) တို့ ပူးပေါင်းကာ ဆိုင်ကယ်သပိတ် စီတန်းလှည့်လည်၍ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ ၆၂ နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၃ ရက်မြောက်နေ့တွင် မိုးမိတ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ
ရန်ကုန်၊ ဇူလိုင် ၇
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် TNLA က ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၃ ရက်မြောက်နေ့တွင် မိုးမိတ်နှင့် နောင်ချိုမြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် မိုးမိတ်မြို့ထဲ၌ တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ် စကခ ၂၁ ၊ ခလရ ၃၄၈ တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ၄၉ မိနစ်ခန့်တွင် မိုးမိတ်မြို့နယ် သရက်တောရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ ၂၁ ၊ ခလရ ၂၂၃ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ဒုံးတပ် ၆၀၆ စခန်း အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က Y12 ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လားရှိုးမြို့နယ် အီနိုင်းရွာနှင့် ၆ မိုင်ကုန်း အကြားကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ကျောက်မဲမြို့ နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၀၁ စခန်းက ဟူးကွက်ရွာကို လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ်တွင် သပိတ်စစ်ကြောင်း ၂ ခုပူးပေါင်း၍ "7.7.62 မမေ့ကြနဲ့" စာသားကိုင်ဆွဲကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၇
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် ဆားလင်းကြီး ယင်းမာပင်သပိတ်စစ်ကြောင်းနှင့် ပူးပေါင်းကာ ဇူလိုင်လ ၇ နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

အရာတော်မြို့နယ်တွင် 7 July အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင့် ဆန္ဒပြပွဲပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၇
အရာတော်မြို့နယ်တွင် 7 July အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင့် ဆန္ဒပြပွဲကို ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဓာတ်ပုံပြပွဲကို ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့အတူပူးပေါင်းဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် "7 July အထိမ်းအမှတ် ဓာတ်ပုံပြပွဲ" နှင့်အတူကျောင်းသားလူထုပူးပေါင်းကာ "၇.၇.၆၂ မမေ့ကြနဲ့" "ဆဲဗင်းဂျူလိုင်တိုက်ပွဲဝင် စိတ်ဓာတ်ဆက်လက်ကိုင်ဆွဲကြ စစ်သုံးစစ်ကိုအမြစ်ပြတ်တိုက်ဖျက်ကြ" စသည့်ဘန်နာ စာတန်းများကိုင်စွဲကာ ကျောင်းသားပြည်သူလူထုပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြကြောင်း သိရှိရသည်။