Khit Thit Media
570K subscribers
157K photos
1.21K videos
12 files
3.31K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၄

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၂၄ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
နောင်ချို၊ မိုးကုတ် နှင့် ကျောက်မဲမြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ ပြင်းထန်နေ၊ ဟိုင်ဂင် အပစ်ရပ်စာချုပ် ၄ လကျော် အကြာတွင် ကျိုးပေါက်

ရန်ကုန်၊ ဇွန် ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်၊ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတပ်များအကြား ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှစတင်ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ အချိန်မှစတင်၍ ကျောက်မဲမြို့နယ်၊ စခန်းသာတောင်ဘက်တွင်လည်း ကောင်း၊ ငြိမ်းချမ်းရေးကုန်းတွင်လည်း ကောင်း TNLA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားကြောင်း၊ အလားတူ နောင်ချိုမြို့နယ်၊ အုမ္မသီး လမ်းခွဲအနီးတွင်လည်းကောင်း၊ ကျောက်ကြမ်းကျေး ရွာအနီးတွင်လည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ၊ ထို့အတူ မိုးကုတ်မြို့အနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ မြို့လယ်အထိ ယမ်းစနှင့် မီးပွားများ ကျရောက် နေကြောင်း သိရှိရသည်။

"ကျောက်မဲရော နောင်ချိုရော မိုးကုတ်ရော တိုက်ပွဲဖြစ်နေတယ်။ ကျောက်မဲဘက်မှာတော့ လမ်းတွေ အကုန်ပိတ်သွားပြီ။ ကားတွေအများကြီးပဲပိတ်မိနေတာ။ နောင်ချိုဘက်လည်း ကားလမ်းတွေ ပိတ်သွားပြီ။ စစ်ရေးတင်းမာနေတာ ကြာပြီဆိုတော့ ဒီမနက်တော့ စပြီး နှစ်ဖက် ချကြတာလို့ ပြောရမယ်" ဟု ရှမ်းမြောက်ဒေသမှ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော မန္တလေး - လားရှိုး လမ်းပိုင်းအခြေအနေမကောင်းဘဲ နောင်ချို၊ ကျောက်မဲ ဒေသမှ ပြည်သူများလည်း စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အကြား ချုပ်ဆိုသဘောတူညီခဲ့သော ဟိုင်ဂင်အပစ်ရပ်ရေးသဘောတူညီချက် စာချုပ်မှာ ၄ လကျော်ကြာမြင့်လာချိန်တွင် ကျိုးပေါက်သွားခြင်းဖြစ်သည်။

ဓာတ်ပုံ- ဖေဖော်ဝါရီလ ၉ ရက်နေ့ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွတ်မြောက်သည့် အောင်ပွဲအခမ်းအနားသို့ TNLA ဥက္ကဌ ဒုဗိုလ်ချုပ် ကြီး တားအိုက်ဘုန်းနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ MNDAA ဥက္ကဋ္ဌ ဦးဖုန်တဲရင်တို့ကို တွေ့ရစဉ်။
ရှမ်းမြောက်တွင် ဟိုင်ဂင်အပစ်ရပ် သဘောတူညီချက် ကျိုးပေါက်ပြီး စစ်ကောင်စီနှင့် အချိန်မရွေး တိုက်ပွဲများ ပြန်ဖြစ်နိုင်ဟု TNLA ဗိုလ်ချုပ် တားဘုန်းကျော် သတိပေး

ရန်ကုန်၊ ဇွန် ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက် ကျိုး ပေါက်ပြီး စစ်ကောင်စီနှင့် အချိန်မရွေး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနိုင်ကြောင်း တအာင်း TNLAမှ ဗိုလ်ချုပ် တားဘုန်းကျော်က သတိပေးပြောဆိုလိုက်သည်။

အကြမ်းဖက် စစ်တပ်က ဟိုင်ဂင် သဘောတူညီချက်ကို ချိုးဖောက်၍ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာပြီး လူထု အပေါ် ဖိနှပ်မှုများ ပိုမို လုပ်ဆောင်လာနေ၍ တိုက်ပွဲများ အချိန်မရွေး ပြန်လည် ဖြစ်ပွားနိုင်၍ ပြည်သူများ စစ်ရေးသတိရှိကြရန် TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ထိုသို့ သတိပေးလိုက်ခြင်းဖြစ်သည်။

"စကစ က သူထိုးထားတဲ့ သဘောတူထားတဲ့ ဟိုင်ဂင် သဘောတူညီချက်ကို တကယ် လိုက်နာနိုင်ပါ့မလား။ ကျနော်တို့ သံသယတော့ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က စကစ က လိုအပ်သလို စစ် ကစားနေမှာဖြစ်တဲ့ အတွက်ကြောင့် လူထုကို အထူးမှာကြားချင်တာကတော့ တော် လှန်ရေး သတိ စစ်ရေး သတိတော့ မပြတ်ဖို့ လိုပါတယ်။ အခြေအနေ တင်းမာမှုတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့ အနေအထား ရှိတယ်လို့ ပြောချင်ပါတယ်။ လူထု အပေါ်မှာ ဖိနှပ်မှု တအားများလာမယ်ဆိုရင်တော့ ဒါက ကျနော်တို့က လူထုကို ကာကွယ်ရမယ့်တာဝန်ရှိတယ်။ ကျနော်တို့ ခုခံကာကွယ်ရမယ့် တာဝန်တွေရှိပါတယ်။ ဒါကြောင့်မို့ အဲလိုဖြစ်လာမယ်ဆိုရင် တိုက်ပွဲတွေက အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်" ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောဆိုသည်။

တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာနိုင်ခြင်းကြောင့် ပြည်သူများ အနေဖြင့် မိမိကိုယ့်ကို လုံခြုံရေး ဂရုစိုက်ရန် လိုအပ်ပြီး အကြမ်းဖက် စစ်တပ် အဓိက ခြိမ်းခြောက်နိုင်သော လေကြောင်း စစ်ဆင်ရေးနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ဒဏ်ကို ခံနိုင်ရန် ကြိုတင်စီမံမှုများ လိုအပ်ကြောင်း ဗိုလ်ချုပ် တားဘုန်းကျော်က ဆက်လက် ပြောဆိုသည်။

"ကျောက်မဲ၊ သီပေါ၊ လားရှိုး စသဖြင့် မိုးကုတ်၊ မိုးမိတ် တအာင်းဒေသတွင်းထဲမှာ တပ်မဟာ ၂ တပ်မဟာ ၄ ကျန်နေတဲ့ ဒေသတွင်းထဲမှာ အဲတာ စကစနဲ့ နီးစပ်နေတဲ့ နေရာဖြစ်တယ်ဆိုတော့ အထူး စိတ်ပူစိုးရိမ်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အထူးသတိထားရမယ့် အခြေအနေဖြစ်တယ်လို့ မြင်ပါတယ်" ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောဆိုသည်။

အလားတူပဲ အကြမ်းဖက် စစ်တပ်သည် ကရင်နီပြည်၊ ရခိုင်ပြည်၊ ကချင်ပြည်၊ ကရင်ပြည် ၊ မြန်မာပြည်၏ အညာဒေသများနှင့် မြန်မာပြည် အနှံ့အပြားတွင်လည်း တိုက်ပွဲ ထိတွေ့မှုများ ကြီးမားလာပြီး တိုက်ပွဲကြီးမားလာသည်နှင့်အတူ အကြမ်းဖက် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများလည်း ပိုပြီးတိုးလာသည့်အတွက် စိုးရိမ်ကြောင်း ဗိုလ်ချုပ် တားဘုန်းကျော်က ဆက်လက် ပြောဆိုသည်။

တရုတ်နိုင်ငံက ကြားဝင်ထားသော်လည်း စစ်ကောင်စီတွင် အာဏာရှင် စရိုက်ရှိနေသည့်အတွက် ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက်သည် စိန်ခေါ်မှုများစွာရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

"အာဏာရှင်ရဲ့ စရိုက်အမှန်ဖော်ပြနေတဲ့ ကိစ္စတွေဖြစ်တယ်။ ဒါက ကျနော်တို့ မဟာမိတ် သုံးဖွဲ့နဲ့ လက် မှတ်ရေးထိုးထားတဲ့ ဟိုင်ဂင်သဘောတူညီချက်ကို အများကြီး စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့ တွေ့မြင်ရပါတယ်။ ဟိုင်ဂင်သဘောတူညီချက်အတွက် ကျနော်တို့ အများကြီး ပြန်သုံးသပ်ရမယ့်အနေအထားဖြစ်ပါတယ်။ကျနော်တို့ မဟာမိတ် မြောက်ပိုင်းသုံးဖွဲ့ကတော့ ကျနော်တို့ ကိုယ်တိုင် ရေးထိုးထားတဲ့ လက် မှတ်ဖြစ်တဲ့အတွက်ကြောင့် ဟိုင်ဂင်သဘောတူညီချက်အတိုင်းပဲ ရပ်တည်မှာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ ပြန်ကြည့်ကြည့်တာက တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်း ကလည်း ဟိုင်ဂင်သဘောတူညီချက်ကို ခိုင်မှာအောင် အစွမ်းကုန် ကြိုးစားနေတာတွေ့ရတယ်။ တရုတ်က ကြားဝင်ထားတဲ့ ဟိုင်ဂင် သဘောတူညီချက် ရှိထားတော့ ကျနော်တို့ စစ်ရေးအရ ပြင်းထန်တဲ့ အခြေအနေ ထိတိုင်အောင် စကစ စစ်ကောင်စီ က လုပ်လိမ့်မယ်မဟုတ်ဘူးလို့တော့ ကျနော်တို့ အဲဒီလို ထင်ပါတယ်။ ဒါပေမဲ့ လည်း ကျနော်တို့ က စစ်ရေးသတိတော့ အမြဲတမ်းရှိရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

TNLA အနေဖြင့် မဟာမိတ်တပ်ဖွဲ့များနှင့် တင်းမာမှုများရှိနေမှုအပေါ် ဗဟိုအဆင့်နှင့်အောက်ခြေ အဆင့်တွင်ပါ ပူးပေါင်းဆောင်ရွက်ပြီး တင်းမာမှုများကို လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသွားသည်။
"ကျနော်တို့ တအာင်းတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ က ကျနော်တို့ကြာရှည်စွာ လက်တွဲလာတဲ့ မဟာမိတ်အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ကျနော်တို့ မဟာမိတ် အဖွဲ့အစည်းတွေဖြစ်တဲ့အတိုင်း နှစ်ဖက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ ဗဟိုအဆင့်ရော အောက်ခြေအဆင့် အသီးသီးမှာရော ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ အောက်ခြေကို ပြဿနာတွေ ဒီထက်ကြီးထွားမသွားအောင် အကောင်းဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ကျနော်တို့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံရေးရည်မှန်းချက်လည်း အကောင်အထည် ဖော်ဖို့လိုတယ်။ တဆက်တည်းမှာပဲ ကျနော်တို့ မဟာမိတ်နဲ့လည်း ပြဿနာတွေ ဒီထက်ပိုမကြီးထွားအောင် ဆောင်ရွက်ဖို့လည်း ကျနော်တို့ တပ်မှူး၊ တပ်ဖွဲ့တွေ ကျနော်တို့ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာအဖွဲ့အသီးသီးကိုလည်း အမြဲတစေလမ်းညွှန်မှာကြားပါတယ်"ဟု ၎င်းက ဆက်လက် ပြောဆိုသွားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က မြို့နယ် ၇ ခုဖြစ်သည့် နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ မြို့နယ်များကို တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။
Breaking News- ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ယနေ့နံနက်ပိုင်း တိုက်ပွဲများ စတင်ဖြစ်ပွားပြီး ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်

■ စစ်ကောင်စီက မိုးကုတ်၊ နောင်ချို၊ ကျောက်မဲတို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့

ရန်ကုန်၊ ဇွန် ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ယနေ့ နံနက် ပိုင်း အပြန်အလှန် ပစ်ခတ်သံများဖြင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ကျောက်မဲမြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ကျောက်မဲမြို့နယ် နေရာအနှံ့အပြားတွင် အပြန်အလှန် ပစ်ခတ်သံများဖြင့် တိုက်ပွဲများဖြစ်ပွားသံကြားရကြောင်း၊ လက်ရှိတွင် ကျောက်မဲမြို့မှ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြပြီး ပစ်ခတ်မှုများ အခြေအနေဆိုးလာပါက စစ်ဘေးရှောင်ရမည့် အခြေအနေများ ရှိလာနိုင်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

"ဒီမနက် ၆ နာရီ ၃၀ မိနစ်မှာ တိုက်ပွဲဖြစ်တယ်။ ငြိမ်ချမ်းရေးကုန်းနားနဲ့ စခန်းသာဘက်မှာ ပစ်ခတ်မှုတွေဖြစ်နေတာ။ တစ်မြို့လုံးတော့ ပစ်ခတ်သံတွေ အကျယ် ကြီးကြားနေရတယ်။ အခြေအနေဆိုးလာရင်တော့ ပြေးရမယ်ထင်တယ်။ ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်တော့ ကျိုးပေါက်သွားပြီထင်တယ်။ သတင်းတွေထွက်နေတာက မိုးကုတ်မှာ တိုက်ပွဲဖြစ်မယ်လို့ သတင်းထွက်တာ။ အခုက ကျောက်မဲမှာ လာဖြစ်နေတယ်" ဟု ကျောက်မဲမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကျောက်မဲမြို့မှ ပြည်သူများက ကျောက်မဲ စခန်းသာ တောင်ဘက်တွင် တိုက်ပွဲဖြစ်နေသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများ စုံစမ်းပြီးမှ သွားလာကြရန် အသိပေးပြောဆိုသည်။

"စခန်းသာ တောင်ဘက်မှာ ဖြစ်နေတယ်။ ငြိမ်းချမ်းရေးကုန်းနားလို့လည်းပြောတယ်။ စစ်တပ် ၅၀၂ ကလည်း လက်နက်ကြီးတွေ ပစ်နေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန် ကျောက်မဲမြို့နယ် ကျောက်မဲလေးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဟိုခိုကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ၄လုံး ပစ်ခတ်ခဲ့ကြောင်း ၊ နောင်ချိုမြိုနယ် အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ နံနက် ၉ နာရီ ၃၅ မိနစ် ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်က စလောင်တောင်အနီးတဝိုက်သို လက်နက်ကြီးဖြင့် ၁ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၉ နာရီအချိန် နောင်ချိုမြို့နယ် အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဆမ္မဆယ်ကျေးရွာသို လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လတ်တလော ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တအာင်းတပ်မတော် PSLF/TNLA တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဘုန်းတော်ကြီးကျောင်း ဆောင်များနှင့် အရပ်သားပြည်သူနေအိမ်များ ၅ လုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရကြောင်း၊ ပြည်သူ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ခြင်းနှင့် အသက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဉီးလည်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- TNLA တပ်ဖွဲ့ဝင်များ။
ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုအပေါ် မင်းအောင်လှိုင် တောင်းပန်မှု စစ်ကောင်စီထုတ် သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများတွင် လုံး၀ ဖော်ပြခြင်းမပြု

ရန်ကုန်၊ ဇွန် ၂၅

နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် အကြမ်းဖက် မင်းအောင်လှိုင်၏ ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ သွားရောက် လျှောက်ထားခဲ့သော်လည်း အဆိုပါ လျှောက်ထားမှုကို စစ်ကောင်စီထုတ်သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုများတွင် လုံး၀ ဖော်ပြခြင်းမပြုကြောင်း သိရှိရသည်။

ဇွန်လ ၂၄ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်၏ ကိုယ်စား စစ်ကောင်စီ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး တင်ဦးလွင်က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်၍ ပျံလွန်တော်မူရမှုအပေါ် ဝမ်းနည်းကြေကွဲ တောင်းပန်ပါကြောင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။

"တိုင်းသိ ပြည်သိ တောင်းပန်ဖို့ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်မှာ သတ္တိမရှိတာပေါ့။ ဒါတောင် ဝင်းနိမ္မိတာရုံ ကျောင်း တိုက်က Facebook Live လွှင့်ထားလို့ အားလုံးသိရတာ။ သူတို့ရဲ့ မရိုးသားမှုပါပဲ" ဟု ရန်ကုန်မြို့အခြေစိုက် အောင်စင်္ကြာစာသင်တိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကြီး လိုက်ပါသော ကားသည် အရပ်အိမ်စီးကားဖြစ်သည့်အပြင် သာသနာ့အမှတ်တံဆိပ်မပါခြင်း၊ အရပ်အိမ်စီးကားဖြစ်ခြင်း၊ ယာဉ်မရပ်တန့်ခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့ကြောင့် စစ်တပ်က ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ယမန်နေ့က တောင်းပန်ခဲ့သည်။

ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်အချိန် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာ တော် ၏ ရုပ်ကလပ် ဈပနာပြုလုပ်နေရာ ကျောင်းတိုက်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကိုယ်စား စစ်ကောင်စီကိုယ်စား လှယ်များက တောင်းပန်လွှာ လာရောက်တင်သွင်းခဲ့သည်။

မင်းအောင်လှိုင်၏ တောင်းပန်လျှောက်ထားမှုတွင် သာသနာ့ရေးနှင့်သက်ဆိုင်သည့် အမှတ်အသားများမပါရှိသည့် အရပ်ယာဉ်ဖြစ်ပြီး တံဆိပ် အမှတ် အသားမပါဘဲ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအရ စစ်ဆေးရန်နှင့် မှန်ချမောင်းနှင်ရန် ရပ်တန့်ရန် တားဆီးဆောင်ရွက်ခဲ့ကြပါသော်လည်းဆက်လက် မောင်းနှင်သွားသည့်အတွက် ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရခြင်းကြောင့် ဆရာတော်ကြီးကို ထိမှန်ပြီး ဘ၀ နတ်ထံ ပျံလွန်တော်မူသွားသည်ကို ဝမ်းနည်းကြောင်း၊ အရေးယူဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်၏ ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့် အတွက် တပည့်တော်အနေဖြင့် ဝမ်းနည်းကြေကွဲရသည့်အပြင် အလေးအနက်ထား၍ တောင်းပန်အပ်သည်ကို လျှောက်ထားအပ်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က လျှောက်ထားခဲ့သည်။

ဆရာတော်ကြီး၏ ဈာပနာကို စီမံဆောင်ရွက်နေသော စီမံရေးဆရာတော်ကြီးများကမူ အကြမ်းဖက် စစ်ခေါင်းဆောင်၏ တောင်းပန်မှုအပေါ် ဝမ်းနည်းဖွယ် ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာ မရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

"လျှောက်ထားသည့်အတွက် သိရှိရပြီပေါ့လေ။ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ် ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး။ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ဖျောက်နိုင်ဘူး။ ဒါပဲပြောချင်တယ်"ဟု ဈာပနာစီမံရေး ဆရာတော်ကြီးတစ်ပါး ကမိန့်ကြားခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ရာမှ ဆရာတော်ကြီး ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။ မူလက စစ်ကောင်စီက PDF က ပစ်ခတ်သည်ဟု လိမ် လည်သတင်းထုတ်ပြန်ခဲ့သော်လည်း မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာ တော်ကြီး က စစ်တပ်က ပစ်ခတ်သတ်ဖြတ်ကြောင်း မိန့်ဆိုမှသာလျှင် စစ်တပ် ၏ လိမ်လည်မှု ပေါ်ပေါက်သွားခဲ့ခြင်းဖြစ်သည်။
Khit Thit သတင်းဌာန၏ ဇွန် ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကြီး လိုက်ပါလာတဲ့ကားဟာ အရပ်အိမ်စီးကားဖြစ်တဲ့အပြင် သာသနာ့အမှတ်တံဆိပ်မပါသလို အရပ်အိမ်စီးကားဖြစ်ပြီး ယာဉ်ရပ်တန့် ခြင်းမရှိဘဲ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့ကြောင့် စစ်တပ်က ပစ်ခတ်ခဲ့ရတာလို့ အကြမ်းဖက် မင်းအောင်လှိုင်က မနေ့က တောင်းပန်လိုက်ပါတယ်။

- စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ သံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်လိုက်တယ်လို့ သိရပါတယ်။

- ရခိုင်ပြည်၊ သံတွဲမြို့နယ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့အတွက် ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွာသွားတာကြောင့် လူသူမရှိ ခြောက်ကပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။



https://www.youtube.com/watch?v=cX-whyt1DBQ
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၂၅

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက ဦးဆောင်ကာ ဇွန်လ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး လူထုသပိတ်ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။