စစ်ကောင်စီကို သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် တစ် နိုင်ငံလုံး သံဃာတော်များ ပါဝင်ရန် ယုံကြည်ဟု ချောင်းဦးမြို့မှ သပိတ်ဦး ဆောင် ဆရာတော် မိန့်ကြား
ရန်ကုန်၊ ဇွန် ၂၄
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်သားများက ပစ်သတ်မှုအပေါ် စစ်ကောင်စီကို သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်တွင်တစ်နိုင်ငံလုံး သံဃာတော်များ ပါဝင်ရန် ယုံကြည်ထားကြောင်း ချောင်းဦးမြို့နယ်မှ သပိတ်ဦးဆောင် ဆရာတော် ဥူးဇာနည်ရက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ဆိုသည်။
ဇွန်လ ၂၃ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ သံဃာတော်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ဆရာတော်ကို ပစ်သတ်သော စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း ဆိုသည်မှာ စစ်ကောင်စီကို သံဃာထုက အဆက်အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ကြောင်း သိရှိရသည်။
ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို အဖြစ်မှန် မပေါ်မချင်း ဆက်လက် သပိတ် မှောက်သွားမည်ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။
"ရဟန်းသံဃာတွေအားလုံးကလည်း မကျေနပ်ကြပါဘူး။ ကံဆောင်သပိတ်ပြုလုပ်ကြမယ် မျှော် လည်းမျှော်လင့်တယ်၊ ယုံလည်း ယုံကြည်ပါတယ်။ မန္တလေး သံဃာ့သမဂ္ဂကလည်း ရှေ့ဆောင် ရှေ့ရွက်နဲ့ သူတို့ ထုတ်ပြန်ထားတဲ့အတွက် ဥူးဇင်းတို့က ချောင်းဦးမြို့နယ်အနေနဲ့ ကျရာနေရာကနေ တာဝန်ထမ်းဆောင်တာပါပဲ" ဟု ချောင်းဦးမြို့နယ်မှ သပိတ်ဦးဆောင် ဆရာတော် ဥူးဇာနည် ရက မိန့် ကြားသည်။
ချောင်းဦးမြို့နယ်မှ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ဦးဆောင်ဆရာတော် ဆရာ တော် ဥူးဇာနည်ရကို ရန်ကုန်ခေတ်သစ်သတင်းဌာနက အောက်ပါအတိုင်း တွေ့ ဆုံမေးမြန်းထားပါသည်။
မေး ။ ။ မနေ့က ကံဆောင်သပိတ်ကို ဘယ်လိုစတင်ဖြစ်ခဲ့လဲဘုရား။
ဖြေ ။ ။ မနေ့က ကံဆောင်သပိတ်ကတော့ အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်တပ်က သတ်ဖြတ်တာနဲ့ ပတ်သက်ပြီး သံဃာထုက မကျေနပ်လို့ သပိတ်မှောက်ကံဆောင်ကြတာပါ။ သပိတ်ကို သပိတ်ခေါင်းဆောင်တဲ့ဆရာတော်တစ်ပါးက ဦးဆောင်ပြီးတော့ ကံဆောင်သပိတ် ပြုကြမယ်ပေါ့။ စုစုစည်းစည်းနဲ့ ဆရာ၊ ဒကာ ညီညာစွာနဲ့ သပိတ်ကို မြို့နယ်အုပ်ချုပ်ရေးနဲ့ လုံခြုံရေး က လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးပြီး ဥူးဇင်းတို့ ကံဆောင်သပိတ်ကို မှောက်ကြတာပါ။
မေး ။ ။ သပိတ်ကို ဘယ်တော့လောက်ရုပ်သိမ်းဖို့ မျှော်မှန်းထားလဲဘုရား။
ဖြေ ။ ။ ဘယ်တော့လောက်ရုပ်သိမ်းဖို့မှန်းထားတဲ့ဆိုတော့ ဒီဆရာတော်ကြီးသည် ကျမ်းပြုဆရာ တော်ကြီးလည်းဖြစ်တဲ့အတွက်ကြောင့်၊ ဥူးဇင်းတို့စာသင်သားတွေရဲ့ အားကိုးအားထားရတဲ့ ဆရာ တော်ကြီးဖြစ်တယ်။ ဒီဆရာတော်ကြီးရဲ့ စာအုပ်တွေနဲ့ ဥူးဇင်းတို့ အတန်းအဆင့်ဆင့် အောင်ခဲ့တာ ပေါ့။ ဆရာတော်ကြီး ဒီလို စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခံရတဲ့အတွက် ကြောင့် ဒါကို အမှုမှန်မပေါ် မပေါက်မချင်း ဒီသပိတ်ကို ဆက်လက်မှောက်ထားမှာပါ။
မေး ။ ။ ဒီသပိတ်နဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ သံဃာတော်တွေပါလာဖို့ ဘယ်လို စည်းရုံးသွား ဖို့ရှိသေးလဲဘုရား။
ဖြေ ။ ။ ရဟန်းသံဃာတွေအားလုံးကလည်း မကျေနပ်ကြပါဘူး။ ကံဆောင်သပိတ်ပြုလုပ်ကြမယ် မျှော် လည်းမျှော်လင့်တယ်၊ ယုံလည်း ယုံကြည်ပါတယ်။ မန္တလေးသံဃာ့သမဂ္ဂကလည်း ရှေ့ဆောင် ရှေ့ရွက်နဲ့ သူတို့ ထုတ်ပြန်ထားတဲ့အတွက် ဥူးဇင်းတို့က ချောင်းဦးမြို့နယ်အနေနဲ့ ကျရာနေရာကနေ တာဝန်ထမ်းဆောင်တာပါပဲ။
မေး ။ ။ ၂၀၀၇ တုန်းကလည်း ဒီလိုမျိုးပဲ ကံဆောင်သပိတ်ပြုလုပ်ခဲ့ဖူးတာရှိတော့ ၂၀၀၇ ရွှေဝါရောင် သပိတ်အခြေအနေနဲ့ ပါဝင်ဖြစ်ခဲ့ပုံလေးရှင်းပြပေးပါအုံးဘုရား။
ဖြေ ။ ။ ၂၀၀၇ ရွှေဝါရောင်သပိတ်တုန်းကတော့ ကမ္ဘာသိအဆင့်ပါပဲ။ အဲဒီမှာတုန်းကတော့ ဥူးဇင်းတို့ က ဦးဆောင်ဆရာတော်အနေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီးတော့ ထောင်တွေ၊ ဘာတွေကျခဲ့ တာပေါ့၊ အဲဒီခေတ်အဆက်ဆက်ကတည်း သံဃာထုသည် ဒီမိုကရေစီလိုလားတယ်။ ပြည်သူတွေ အေးအေးချမ်းချမ်းနေထိုင်နိုင်ရေး ဥူးဇင်းတို့ ကျရာနေရာက တာဝန်ယူပါဝင်ကြရတာပေါ့။ ကံဆောင်သပိတ်ရုတ်သိမ်းဖို့ကတော့ စစ်အာဏာရှင်တွေက အရေးတယူလုပ်မှသာလျှင် ဖြစ်နိုင်တာပေါ့၊ သူတို့လည်းကလည်း ဒီဟာတွေကို အရေးတယူလုပ်လည်းမလုပ်ဖူး။ ပြီးတော့ သူတို့ လိမ်လည်လှည့်စားထားတာတွေ တွေ့ရတဲ့အတွက်ကြောင့်မို့လို့ ကံဆောင်သပိတ်ပြုလုပ်ကြရတာပါ။
မေး ။ ။ ကံဆောင်သပိတ်ပြုလုပ်ခြင်းအားဖြင့် စစ်အာဏာရှင်တွေဘက်က ဘယ်လိုတုန့်ပြန်လာနိုင် လဲ။
ဖြေ ။ ။ စစ်အာဏာရှင်တွေအနေနဲ့ကတော့ သူတို့ ထုံစံအတိုင်းပါပဲ။ အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဆိုရင် ထင်ရှာတဲ့ဆရာတော်ကြီးမို့သာ တပည့်တော်တို့ သိရတာ၊ ထင်ရှားမှုမရှိတဲ့ပုဂ္ဂိုလ်တွေ သတ်ဖြတ်တာ နည်းမှ မနည်းတာ။ ဒါကို အများသိစေဖို့ ကံဆောင်သပိတ်ပြုလုပ်ခြင်းပါပဲ။ သူတို့ကတော့ ဖမ်းဆီး ချုပ်နှောင်သတ်ဖြတ်တာတွေ ဆက်ပြီးလုပ်အုံးမှာပဲ။ လုပ်လည်းလုပ်နေဆဲပဲ။
မေး ။ ။ ကံဆောင်သပိတ်နဲ့ပတ်သက်ပြီး ထပ်ဖြည့်ပြောစရာရှိရင် မိန့်ကြားပေးပါအုံးဘုရား။
ဖြေ။ ။ ပြည်သူတွေ အမှန်တရားကို သိပြီး စစ်အာဏာရှင် စနစ်အမြန်ဆုံးကျဆုံးပါစေလို့လည်း ဥူးဇင်းအနေနဲ့ ဆန္ဒပြုချင်ပါတယ်။

ဓာတ်ပုံ- ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှ စစ်အာဏာရှင်ကို ဖီဆန် သပိတ်မှောက် ကံဆောင်ခဲ့ကြသည့် သံဃာတော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- Reuters
Photo- Reuters
Khit Thit သတင်းဌာန၏ ဇွန် ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ်က ဖားကန့်နဲ့မိုးညှင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ချောင်း၀ ၊ ညောင်ပင် ၊ ဝှေ့လုံစခန်း ၃ ခုလုံးကို KIA - PDf မဟာမိတ် ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းလိုက်ပြီး ၊ စစ်ကောင်စီဘက်က သေတဲ့သူတွေတော်တော်များတဲ့အပြင် ၊ လက်နက်ခဲယမ်းအမြောက်အမြေားလည်း သိမ်းဆည်းရရှိထားတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီရဲ့ နေပြည်တော် လေတပ်က Su 30 တိုက်လေယာဉ် အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေး ဆိုသူဟာ လေယာဉ်ဆီခိုးရောင်းချမှု နဲ့ စုံစမ်းစစ်ဆေးခံရပြီးတော့ တောင်ငူလေတပ်စခန်းကို အရွှေ့ခံလိုက်ရတယ်လို့ လေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- တနင်္သာရီတိုင်း ၊ ကော့သောင်းခရိုင်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့အတွက် စစ်ဘေးရှောင် အယောက် ၂ ရာ နီးပါးဟာ ထိုင်းနိုင်ငံဘက်အခြမ်းကို ယာယီထွက်ပြေး ခိုလှုံနေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=vAXoCHU7qSM

YouTube
Khit Thit သတင်းဌာန၏ ဇွန် ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit သတင်းဌာန၏ ဇွန် ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ်က ဖားကန့်နဲ့မိုးညှင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ချောင်း၀ ၊ ညောင်ပင် ၊ ဝှေ့လုံစခန်း…

ရခိုင်ပြည်၊ သံတွဲလေဆိပ်ကို AA က ထိန်းချုပ်ထားပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီကလည်း စစ်သင်္ဘောများစွာ စေလွှတ်ပြီးခုခံနေ
ရန်ကုန်၊ ဇွန် ၂၄
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သံတွဲလေဆိပ်ကို AA က ထိန်းချုပ်လိုက်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ဇွန်လ ၂၃ ရက်နေ့မှစတင်ပြီး သံတွဲလေဆိပ်အတွင်းဘက်သို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာနိုင်ကြောင်း၊ သံတွဲလေဆိပ်နှင့် ပတ်ဝန်းကျင်တချို့နေရာတွင် AA က ကြီးစိုးထိန်းချုပ်ထားကြောင်း၊ သို့ရာတွင် နှစ်ဖက် တိုက်ပွဲများမှာ ဆက်လက် ပြင်းထန်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
သံတွဲလေဆိပ်ကို သိမ်းပိုက်မှု ရှိ၊ မရှိကို AA က တရားဝင် သတင်းထုတ်ပြန်ချက် တစုံတစ်ရာ မရှိသေးသော်လည်း ဒေသပြည်သူများကမူ သံတွဲလေဆိပ်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် AA တပ်များက နေရာယူထားသည်ဟုဆိုကြသည်။
" မနေ့ကတည်းက သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို တပ်တော်က သိမ်းလိုက်ပြီလို့ ပြောနေကြတယ်။ လေဆိပ်သိမ်းရင်တော့ ၅၆၆ တပ်ရင်းကိုပါ သိမ်းရမယ်။ လေဆိပ်နဲ့ ၅၆၆ တပ်ရင်းက ကပ်လျက်ဆိုတော့လေ။ ဒီနေ့ မနက်ပိုင်းမှာ AA တပ်ဖွဲ့ဝင်တွေဟာ လေဆိပ်ကိုဖြတ်လာပြီး ဇီးဖြူကုန်းတံတားအကျော် နတ်ရေကန် ငပလီဈေးနားသို့ ရောက်လာပြီလို့ သိရပါတယ်။ ငပလီလမ်းဆုံမှာရှိနေတဲ့ ခလရ ၅၅ တပ်ရင်းကို တိုက်ခိုက်ဖို့ ချဉ်းကပ်နေပြီလို့လည်း သိရပါတယ်။ ဒါပေမယ့် အတည်ပြုဖို့တော့ ခက်ဦးမယ်။ ဖုန်းလိုင်းတွေက အားလုံးဖြတ်တောက်ခံထားရတော့လေ။ " ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော သံတွဲလေဆိပ်နှင့် ကပ်လျက် ခလရ ၅၆၆ နှင့် ခလရ ၅၅ တပ် ရင်းတို့ကိုမူ AA က ဆက်လက်တိုက်ခိုက်ရန်ရှိနေကြောင်း ၊ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းမှ ခုခံနေဆဲဖြစ်ကြောင်း သိရှိရသည်။
ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းသံတွဲလေဆိပ်၊ ဇီးဖြူကုန်း၊ ခမရ ၅၆၆ တပ်ရင်းနဲ့ ခလရ ၅၅ တပ်ရင်းအနီးတဝိုက် တိုက်ပွဲဆက်လက်ဖြစ်နေကြပြီး စစ်ကောင်စီတပ်၏ စစ်သင်္ဘောများ နှင့် မောင်ရွှေလေးရေတပ်တို့က လက် နက်ကြီးများ၊ ဒုံးကျည်များ အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရှိရသည်။

တနင်္သာရီ၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းရွာ ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး
ရန်ကုန်၊ ဇွန် ၂၄
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန် ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာရှိ ရဲစခန်းကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၁ ဦးသေဆုံးကာ တပ် ကြပ်ကြီး ၁ ဦး၊ တပ်သား ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲစတာနဲ့ ကင်းတဲထဲကနေ ထွက်လာတာတဲ့အချိန် ပထမဆုံးပစ်လိုက်တဲ့အချိန်မှာ ထိပြီးနေ ရာမှာတင်လဲကျသေဆုံးသွားတာ၊ အင်အားကတော့ ၂၀ ဝန်းကျင်လောက်တော့ရှိနိုင်တယ်။ ကျနော် တို့ရဲဘော်က ရဲစခန်းဂိတ်ဝတံခါးကို သွားပြီးတော့ ဆွဲဖွင့်တဲ့အချိန်မှာ လက်နက်ကြီးကျလာပြီးတော့ လက်နက်ကြီးစက ဦးခေါင်းကို ထိသွားတာပေါ့။” ဟု ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
သေဆုံးရဲတပ်သားအလောင်းကို ကားများဖြင့် ကော့သောင်းမြို့ပေါ်သို့ သယ် ဆောင်သွားကြောင်း၊ ဒဏ်ရာရရှိသူ နှစ်ဦးကို ထိုင်းနိုင်ငံ၊ ကန်ရပူရီဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
တိုက်ပွဲဖြစ်ချိန်တွင် မာရမ်းကျေးရွာနေပြည်သူများမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင် နေခဲ့ရပြီး ညနေ ၅ နာရီခန့်တွင် မာရမ်းကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့ကြောင်း၊ ကော့ သောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ယာဉ်များနှင့်အနီးကပ်သွားလာခြင်း၊အကြမ်းဖက်စစ်သားများ နေထိုင်ရာ အဆောက်ဦးများအနီးနေထိုင်ခြင်းများ မပြုလုပ်ကြရန် ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့၏ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း။

တောင်တွင်းကြီးနှင့်စဉ့်ကူးမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီရပ်ကျေးဥက္ကဋ္ဌနှင့် ရပ်ကွက်ရုံး စာရေးတို့ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇွန် ၂၄
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ရပ်ကျေး စာရေးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် စစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဇွန်လ ၂၄ ရက်နေ့ ၁၁ နာရီ ၅ မိနစ်အချိန် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားအပိုင်၊ ညာဂမိုးအုပ်စု၊ ဖျောက်ဆိပ်ကုန်းကျေးရွာတွင် ညာဂမိုးကျေးရွာ အုပ်ချုပ်ရေးမှူး ညွန့်ဝင်းနှင့် ရပ်ကျေးစာရေး ဌေးဌေးမြင့်တို့ကို သေနတ်သမားများက ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ ဇွန်လ ၂၂ ရက်နေ့ မန္တလေးတိုင်း ၊စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ကျည်တောက်ပေါက်ကျေးရွာတွင် ကြံ့ဖွတ်ပါတီ ရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်၊ မဘသ YMBA အဖွဲ့ဝင်လည်းဖြစ်သူ ကျော်ဆွေ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ဇွန်လ ၂၂ ရက်နေ့ ည ၇ နာရီအချိန်ခန့် ကျည်တောက်ပေါက်ကျေးရွာတွင် ဟန်ထွန်းကွန်ကရစ်လုပ်ငန်းပိုင်ရှင် ကြံ့ဖွတ် ရပ်ကျေးဥက္ကဋ္ဌ နှင့် YMBA အဖွဲ့ဝင် ကျော်ဆွေကို သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်ရာမှ ကျော်ဆွေ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ ထပ်မံ ထွက်ပြေးလာမည့် ရိုဟင်ဂျာဒုက္ခသည်များကို လက်မခံတော့ဟု ဘင်္ဂလားဒေ့ရှ်ပြော
ရန်ကုန်၊ ဇွန် ၂၄
မြန်မာနိုင်ငံမှ ထပ်မံ ထွက်ပြေးလာမည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် အနေဖြင့် ထပ်မံ လက်ခံတော့မည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခ သည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ Mizanur Rahman က ဇွန် ၂၂ ရက်နေ့တွင် ပြောဆိုသည်။
မြန်မာစစ်တပ်နှင့် AA ရက္ခိုင့်တပ်မတော်တို့အကြား စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးြ့မည့် ဒုက္ခသည်အသစ်အရေအတွက် များစွာ ပေါ်ထွက်လာမည်ကို ဘင်္ဂလားဒေ့ရှ်က စိုးရိမ်လျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော သိန်းနှင့်ချီသော ရိုဟင်ဂျာအများစုမှာ ရခိုင်မှ လာသူများဖြစ်သော်လည်း လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။
“မြန်မာနယ်စပ် တစ်ဖက်မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နေ့စဉ်နဲ့အမျှ လူတွေ သေနေကြတယ်။ မောင်တောမြို့သည် ရိုဟင်ဂျာအများစုနေထိုင်ရာ ဒေသဖြစ်ပါတယ်။ ရိုဟင်ဂျာတချို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတယ်လို့ ကြားသိရပါတယ်။ ကော့ဘဇားအောက်က Teknaf ခရိုင်အနီးက မြန်မာဘက်ခြမ်း နယ်စပ်မှာ စုရုံးနေကြတယ်”ဟု ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ Mizanur Rahman က ဆိုသည်။
လက်ရှိတွင် ရိုဟင်ဂျာမွတ်စလင် တစ်သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ အကျဉ်းစခန်းများတွင် နေထိုင်လျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်များကို ထပ် လက်ခံနိုင်မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုသည်။
“ကော့ဘဇားစခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ မောင်တောနဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ သူတို့ရဲ့ ဆွေမျိုးတွေရဲ့ လုံခြုံရေးနဲ့ ကံကြမ္မာအတွက် အလွန်စိုးရိမ်နေကြပါတယ်။ (ဒါပေမယ့်) ဘင်္ဂလားဒေ့ရှ်အနေနဲ့ နောက်ထပ် ရှေ့မှာ ရိုဟင်ဂျာ၁ သန်းကျော် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာကြောင့် ဒုက္ခသည်တွေ ထပ်ပြီး လက်ခံလို့ မရတော့ဘူး” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်ဖြစ်ပွားခဲ့သော စစ်ကောင်စီ၏ ပစ်ခတ်မီးရှို့ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ရိုဟင်ဂျာ ထောင်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၁၇ ခုနှစ်ကာလ ရိုဟင်ဂျာ ဒုက္ခသည်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- Reuters။

မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ရွာတွင် ကျွဲ ၁ ကောင်ရမ်းခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်၊ ဇွန် ၂၄
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ရွာတွင်ကျွဲ ၁ ကောင် ရွာအတွင်း လိုက်လံ ရမ်းခတ်မှုကြောင့် အမျိုးသမီး၁ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။
ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် ကားပေါ် တင်ဆောင်လာသည့် ကျွဲတစ်ကောင်သည် ကားပေါ်မှ လွှတ်မြောက်ပြီး ရွာထဲတွင် ရမ်းခတ်ခဲ့ကြောင်း၊ ထိုသို့ ရမ်းခတ်မှုကြောင့် အသက် ၅၂ အရွယ် ဒေါ်ကြာအေးဆိုသူသည် နံရိုးနှင့် ရင်ဘတ်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသစဥ် ယနေ့ နံနက်ပိုင်း၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ကျွဲလိုက်လံခတ်မှုကြောင့် ညှပ်ရိုး၊ နံရိုးကျိုး၊ ကျောအဆစ်ပြားနှင့် ရင်ဘတ် ပြင်းထန်ဒဏ်ရာရရှိသူ ၃ ဦးသည်လည်း လက်ရှိချိန်တွင် ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ပေါင်နှင့် လက်တို့တွင် ဒဏ်ရာအနည်းငယ် ရရှိသည့် ကျေးရွာနေ ပြည်သူ ၁၆ ဦးလည်း ၁၀၅ မိုင်ဆေးခန်းနှင့် ကြက်ခြေနီရုံး ဆေးခန်းတွင်သာ ဆေးကုသမှုခံယူနေကြကြောင်းသိရှိရသည်။
သေဆုံးမှုနှင့်ထိခိုက်မှု နစ်နာမှု ကြုံတွေ့ခံစားခဲ့ရသူများအတွက် ကုစားပေးနိုင်ရန်အတွက် PSLF/TNLA မှ တာဝန်ရှိသူမျာက ကျွဲပိုင်ရှင်အတူ ဆောင်ရွက်နေကြောင်းသိရှိရသည်။
အဆိုပါကျွဲအား ဖမ်းဆီးရန်ကြိုးပမ်းသော်လည်း မရရှိသောကြောင့် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း ထို့နောက် ကျွဲပိုင်ရှင်အား ခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ဒီပဲယင်းမြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်
ရန်ကုန်၊ ဇွန် ၂၄
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်လိုက်ကြောင်း သိရှိရသည်။
ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များက ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်လိုက်ပြီးနောက် ဒီပဲယင်းမြို့နယ်မှ သံဃာတော်များကလည်း စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ရာတွင်ပါဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒီပဲယင်းမြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ရာတွင် သံဃသပိတ်ဦးဆောင်ဆရာတော် အရှင်ပညိဿရာလက်ာရ ဦးဆောင်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ဇွန်လ ၁၉ ရက်နေ့ ငါန်းဇွန်မြို့နယ်တွင် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်သည့်အတွက် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မှုများကို သံဃာတော်များက စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။