အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံပြီး မြန်မာအကြမ်းဖက်စစ်တပ် ကျရှုံးလိမ့်မည်ဟု ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းပြောဆို
ရန်ကုန်၊ ဇွန် ၁၈
အီတလီနိုင်ငံ၊ Abbiategrasso မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို သားငယ်ဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက တက်ရောက်လက်ခံလိုက်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ် ကျဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီးမြှင့် ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ Abbiategrasso မြို့တော်ဝန် Cesare Nai က ဦးဆောင်ပြီး ၊အီတလီအမတ် Umberto Maerna ၊ Lombardy ဒေသကောင်စီဝင် Andrea Sala၊ အီတလီ လွှတ်တော်အမတ်ဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သူငယ် ချင်းဖြစ်သူ Albertina Soliani၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ဟောင်း Alessandra Schiavo တို့ တက်ရောက်ခဲ့ကြသည်။
မိခင်အတွက် ဆုကို လက်ခံခဲ့သော ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မြန်မာ နိုင်ငံတွင် အကြမ်းဖက်မှုများ ပြီးဆုံးမည်ဖြစ်ပြီး စစ်တပ်က ရှုံးနိမ့်မည်ဖြစ် ကြောင်း၊ မြန်မာ့ဒီမိုကရေစီအရေး လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။
ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မိခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး မိခင်ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ စစ်ကောင်စီက မတရားဖမ်းဆီး အကျဉ်းချထားသော ဒေါ်အောင်ဆန်းစုကြည်ထံမှ စာတစ်စောင်ကို သားငယ် ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက လက်ခံရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် အကျဉ်းထောင်တွင်ပင် ရှိနေပြီး ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ကိုလည်း စစ်တပ်က ရောင်းချရန် ကြိုးစားနေကြောင်း ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက ပြောဆိုသည်။

ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အကြို ပန်းသပိတ် ကျင်းပ
ရန်ကုန်၊ ဇွန် ၁၈
ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုနှင့် ပြည်သူများဦးဆောင်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အကြို ပန်းသပိတ်ကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ပန်းသပိတ်တွင် မွေးနေ့ရှင် ဘေးကင်းကျန်းမာစေရန် ဆုတောင်းရင်း 'ငါတို့သည် ဒေါ်အောင်ဆန်းစုကြည်များ' ဘန်နာစာတမ်း ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကျရှုံးရေးကြွေးကြော်ကာ ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ကျွန်းလှနှင့် မတ္တရာမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ
ရန်ကုန်၊ ဇွန် ၁၈
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အင်တိုင်းရွာတွင် တစ်ညအိပ် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင်ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
"စစ်ခွေး စစ်ကြောင်းက အင်တိုင်းရွာထဲမှာ တစ်ညအိပ် တပ်စွဲပြီး ရွာအနောက်ဘက်ကို ထွက်သွားပြီး ပြန်ဝင်လာတာ အခု စစ်ခွေးတွေ ရွာထဲက နေအိမ်တွေကို မီးရှို့နေတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ပြည်သူတွေ ဖမ်းဆီး ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး" ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ ယနေ့ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ပြည်သာအေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးနေကြောင်း Wetlet Informational Network အဖွဲ့ထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ္တရာမြို့နယ် ဝန်တင်ကုန်းရွာမှ ပြည်သာအေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နေအိမ်များက မီးရှို့ဖျက်ဆီးနေခြင်းကြောင်း သိရှိရသည်။

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ AA ထံ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလိုသော်လည်း စစ်ကောင်စီအရာရှိများက တားဆီးနေ
ရန်ကုန်| ဇွန် ၁၈
ရခိုင်ပြည် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အာရက္ခတပ်တော် AA ထံ လက်နက်ချ အညံ့ခံလိုကြသော်လည်း တပ်ဖွဲ့ဝင်များကို အထက်လူကြီးအရာရှိများက တားဆီးနေကြကြောင်း မောင်တောမြို့နယ်ရှိ နခခ မိသားစုဝင်များထံမှ သိရသည်။
AA ထံသို့ လက်နက်ချရန် လာရောက်ညှိနှိုင်းသော အောက်ခြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ အထက်အရာရှိများက ပါးရိုက်ပြီး လက်နက်မချရန် ပြောဆိုကြောင်း နခခ မိသားစုဝင်များထံမှ သိရှိရသည်။
" နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက စစ်တိုက်ဖို့ မောင်တော သွားတာမဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးယူဖို့ သွားတာပါ။ စစ်တိုက်ချင်တာမဟုတ်ဘူး။ အထက်က အမိန့်အရသာ မဖြစ်သာလို့ တိုက်နေရတာ။ သေဖို့ကို အားလုံးက ကြောက်နေကြတယ်။ AA ကို တိုက်လို့လည်း နိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အထက်လူကြီးတွေနဲ့ AA ဆီမှာ လက်နက်ချ အညံ့ခံဖို့ ညှိနှိုင်းတာတွေရှိတယ်။ အထက်အရာရှိတွေက လက်နက်မချဖို့ ပြောတယ်။ သွားညှိနှိုင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပါးရိုက်ပြီး ပြန်လွှတ်လိုက်တယ်။ စစ်မတိုက်ချင်တဲ့ နခခ တပ်ဖွဲ့ဝင်တွေ အများကြီးပဲ။ အခု ဘယ်လို လုပ်ရမလဲ မသိဘူး။ " ဟု နခခ မိသားစုဝင်တစ်ဦးက ပြောသည်။
မြန်မာပြည်ဘက်သို့ ထွက်ပြေးရန် ပြင်ဆင်နေကြသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလည်း မောင်တောမြို့နယ်မှာ အများကြီးရှိပြီး စစ်ကောင်စီ အရာရှိများက ထွက်သွားခွင့် မပြုကြောင်းနှင့် အားလုံးက AA ၏ ပစ်ခတ် ဖမ်းဆီးခြင်း ခံရမည်ကိုလည်း စိုးရိမ်နေကြသည်ဟု သိရှိရသည်။
" မောင်တောမှာ နေလို့ အဆင်မပြေတော့ဘူး။ စစ်လည်းမတိုင်ချင်ကြဘူး။ အလံဖြူထောင်ရင်လည်း AA ပစ်ခတ် ဖမ်းဆီးမည်ကို စိုးရိမ်နေကြတယ်။ ဗမာပြည်ဘက်ကို ထွက်ပြေးချင်တဲ့သူတွေ တပုံကြီး။ ထွက်ပြေးဖို့ကလည်း မလွယ်ဘူး။ အခု မောင်တောမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ကြားမှာ ပဋိပက္ခတွေဖြစ်နေကြတယ်။ တချို့က ထွက်ပြေးမယ်။ တချို့က အလံဖြူထောင်မယ်။ အရာရှိတွေက အလံဖြူထောင်ခွင့်မပြုဘူး။ " ဟု နခခ မိသားစုဝင် နောက်တစ်ဦးက ပြောသည်။
အာရက္ခတပ်တော် AA က အင်တာဗျူးများနှင့် ထုတ်ပြန်ချက်တိုင်းတွင် ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ ရဲတပ်သားများအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာ ရမည်ဟု ပြောဆိုထားသည်။
AA ၏ ပြောဆိုချက်ကို မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များမှ လက်ခံယုံကြည်ကြပြီး ထွက်ပြေး အလံဖြူထောင်ရန် စီစဉ်သော်လည်း စစ်ကောင်စီအရာရှိများ၏ တားဆီးပိတ်ပင်မှုများကို ကြုံနေရကြောင်း နခခ မိသားစုဝင်များက ဆိုသည်။
လက်နက်ချ အညံ့မခံသော စစ်ကောင်စီတပ်ဖွဲ့၊ တပ်ရင်းများအားလုံးကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ပြီး မောင်တောမြို့ထဲကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်တော့မည်ဖြစ်ကြောင်း AA က ဇွန်လ ၁၆ ရက်တွင် သတိပေးကြေညာထားသည်။

စစ်တပ် လက်အောက်ခံ မြန်မာ့ပုလဲ လုပ်ငန်းနှင့် ဂျပန် ကုမ္ပဏီ Tasaki တို့ ပူးပေါင်း လုပ်ကိုင်နေမှုများကို JFM ဖော်ထုတ်
ရန်ကုန်၊ ဇွန် ၁၈
အကြမ်းဖက် စစ်တပ် လက်အောင်ခံ မြန်မာ့ပုလဲ လုပ်ငန်းနှင့် ဂျပန် ကုမ္ပဏီ Tasaki တို့ ပူးပေါင်း လုပ်ကိုင်နေမှုများကို Justic For Myanmar က ဖော်ထုတ်ထားသည်။
အမေရိကန်၊ ယူကေနှင့် ကနေဒါ နိုင်ငံတို့မှ ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ထားသော အကြမ်းဖက် မြန်မာ စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ခံ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ပုလဲ လုပ်ငန်း (MPE) နှင့် ဂျပန်နိုင်ငံတွင် တည်ထောင်ထားသည့် TASAKI ကုမ္ပဏီက လုပ်ငန်းများ ဆက်လက် ပူးပေါင်းဆောင်ရွက်ကာ ဝင်ငွေ အရင်းအမြစ်များ ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
အကြမ်းဖက် မြန်မာ စစ်အုပ်စုသည် ပုလဲထုတ်လုပ်မှု၏ ၂၀-၂၅ ရာခိုင်နှုန်းသော ထုတ်လုပ်မှု ဝေစုခွဲဝေရေး သဘောတူညီချက်အပါအဝင် ပုလဲလုပ်ငန်းမှ ရရှိသော ဝင်ငွေ အမြောက်အများကို အကြမ်းဖက် စစ်ကောင်စီ က MPE မှ တစ်ဆင့် အကျိုးခံစားခွင့်ရှိနေကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကောင်စီသည် အကောက်အခွန်ကဲ့သို့သော အခြားဝင်ငွေများနှင့် ထပ်ဆင့်ထုတ်လုပ်မှု ကို ပံ့ပိုးပေးနိုင်သည့် နည်းပညာလွှဲပြောင်းမှုတို့မှလည်း အကျိုးခံစားခွင့် ရရှိနေပြီး TASAKI သည် စစ်ကောင်စီ၏ အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် ကျူးလွန်လာခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ဆက်လက် ကျူးလွန်ရန် လိုအပ်သည့် လက်နက်များနှင့် လေယာဉ်လောင်စာဆီများ ၀ယ်ယူရေးအတွက် အသုံးပြုနိုင်သည့် ဝင်ငွေရင်းမြစ်ကို စစ်အုပ်စုအား ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း Justic For Myanmar က ထောက်ပြပြောဆိုထားသည်။
TASAKI နှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုမ္ပဏီသည် စစ်အုပ်စု ထိန်းချုပ်ထားသော MPE နှင့် ဆက် နွယ်သည့် လုပ်ငန်းများအားလုံးကို တာဝန်သိစွာ အဆုံးသတ်ရန် လိုအပ်နေပြီး လူ့အခွင့်အရေးကို လေးစား လိုက်နာရန် တာဝန်ရှိသည်ကို နားလည်ရမည်ဖြစ်ကြောင်း ထို့အပြင် TASAKI သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှစတင်၍ MPE နှင့် အခြားသော စစ်အုပ်စုထိန်းချုပ်ထားသည့် အဖွဲ့ အစည်းများနှင့် ၎င်း၏ အရောင်းအ၀ယ်ဆောင်ရွက်မှုများကိုလည်း လူသိရှင်ကြား ထုတ်ဖော်သင့်ကြောင်း Justic For Myanmar က ပြောဆိုသည်။

မန်တုံမြို့နယ်၊ မန်တောက်ရွာရှိ စစ်တပ် စခန်းဟောင်းအနီး ဟင်းသီးဟင်းရွက် သွားရှာသည့် အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံး
ရန်ကုန်၊ ဇွန် ၁၈
ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်၊ မန်တောက်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းဟောင်းအနီး ဟင်းသီးဟင်းရွက် သွားရှာသည့် အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။
ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မန်တောက်ရွာရှိ အကြမ်းဖက် စစ်တပ်၏ ၁၃၀ တပ်စခန်းဟောင်းအနီး ဟင်းသီးဟင်းရွက်သွားရှာစဥ် အသက် ၃၄ နှစ်အရွယ် ယာအီဆေးသည် မြေမြှုပ်မိုင်း နင်းမိပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး ကာလ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဒေသများတွင် မိုင်းအန္တရာယ်နှင့် စစ်လက်နက်ကြွင်းကျန် အန္တရာယ်များ ရှိနေသေးသောကြောင့် ပြည်သူများအနေဖြင့် တောတောင်ထဲကို အလုပ်သွားသည်ဖြစ်စေ၊ ဟင်းသီးဟင်းရွက်များရှာဖွေသည်ဖြစ်စေ သတိပြုရန် TNLA က တိုက်တွန်းထားသည်။
ထို့ပြင် ဇွန်လ ၁၁ ရက်နေ့ကလည်း မန်တုံမြို့ရှိ အကြမ်းဖက် စစ်တပ် စခန်းဟောင်း၌ မိုင်းပေါက်ကွဲ၍ မှိုသွားရှာသည့် စစ်ရှောင်ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ အလားတူ ဇွန်လ ၈ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ပန်လော့ရွာတွင် ထောင်မိုင်းပေါက်ကွဲ၍ အရပ်သား ပြည်သူ ၁ ဦး ခြေထောက်တစ်ဖက်ပြတ်သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Khit Thit သတင်းဌာန၏ ဇွန် ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်း တွေနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ အာရက္ခတပ်တော် AA ဆီမှာ အလံဖြူထောင်၊ လက်နက်ချဖို့ သူတို့ရဲ့ အထက်အရာရှိကို သွားပြောတဲ့အချိန် အထက်အရာရှိက ပါးရိုက်ပြီး လက်နက်မချဖို့ ပြောဆိုနေတယ်လို့ မောင်တောမြို့နယ် နယ်ခြားစောင့်ရဲ မိသားစုဝင်တွေဆီကနေ သိရပါတယ်။
- စစ်အာဏာရှင် ချေမှုန်းရေးအတွက် စနစ်တကျ လေ့ကျင့်တည်ဆောက်ထားတဲ့ တပ်ရင်း၊ တပ်မတွေ အမြောက်အမြားထပ်မံ ပေါ်ထွက်ဖို့ လိုအပ်ပြီး ၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မဟာမိတ်စုဖွဲ့မှု ခိုင်မာအားကောင်းရေးကို အားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသွားပါတယ်။
- ရှမ်းပြည်နယ် တာချီလိတ်မြို့ပေါ်မှာရှိတဲ့ အွန်လိုင်းလောင်းကစားရုံကို အကြမ်းဖက် စစ်တပ်က ဝင်စီးပြီးနောက် ဖမ်းဆီးရရှိတဲ့ ဆိုင်ကယ်အကောင်းစားတွေကို ကုန်ကားတွေနဲ့တင်ပြီး နေပြည်တော်ကို သယ်ယူနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=KsKdwgs1zrI

YouTube
Khit Thit သတင်းဌာန၏ ဇွန် ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit သတင်းဌာန၏ ဇွန် ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်း တွေနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ…

မတူပီမြို့ရှိ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် တပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ
■ မတူပီ ဗျူဟာကုန်း၊ ခလရ ၁၄ဝ တပ်ရင်း နှင့် ကျန်ရှိနေသာ စစ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ
ရန်ကုန်၊ ဇွန် ၁၈
ချင်းပြည်နယ်၊ မတူပီမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် တပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း ချင်းညီနောက် သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ဇွန်လ ၉ ရက်နေ့မှစ၍ ချင်းပြည်နယ် တောင်ပိုင်း အထိုင်ဗျူဟာဖြစ်သော မတူပီမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းများကို ချင်းညီနောင် တပ်ဖွဲ့ ဝင်များသည် မဟာမိတ် အာရက္ခတပ်တော် (AA)၊ Yaw Army (YA) အစရှိသည့် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃ဝ၄ တပ်ရင်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းရင်း တော်လှန်ရေး တပ်ဖွဲ့များဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျဆုံးခဲ့သည့် အာဇာနည်ရဲဘော်အချို့ ရှိကြောင်း သိရသည်။
မတူပီမြို့ရှိ ကျန်ရှိနေသေးသော အကြမ်းဖက် စစ်တပ်၏ မတူပီ ဗျူဟာကုန်း၊ ခလရ ၁၄ဝ တပ်ရင်း နှင့် စစ်တပ်စခန်းများကိုလည်း ဆက်လက် သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
"တစ်မြို့လုံးသိမ်းမိတာ မဟုတ်သေးဘူး။ ကျန်ရှိနေတဲ့ ဗျူဟာကုန်းတို့၊ ခလရ ၁၄၀ တို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ မြေပြင်ကနေ စကစ သေဆုံးမှု အရေအတွက်တို့ လက်နက်သိမ်းဆည်း ရရှိမှု အရေအတွက်တို့ ပေးပို့လာတာမရှိသေးဘူး။ ကျနော်တို့ သိမ်းဆည်းဖို့က ဗျူဟာကုန်းကျန် သေးတယ်။ ၁၄၀ လည်းကျန်သေးတယ်။ အဲဒါတွေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေရတဲ့ အနေအထားမှာဖြစ်တဲ့ အတွက်ကြောင့် မိဘပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ ဆုတောင်းမေတ္တာပို့ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ချင်းညီနောင် စစ်ဆင်ရေး သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
စခန်းသိမ်း အောင်မြင်မှု ရရှိနိုင်ရေးအတွက် နိုင်ငံအသီးသီးမှ ထောက်ပံ့လျက်ရှိသော ထောက်ပို့ ပြည်သူများနှင့် ထိုးစစ်များအတွင်း ပါဝင်ခဲ့သော စစ်သည်တော်များ အားလုံး၏ ပြောင်မြောက်သော တိုက်ရည်ခိုက်ရည်၊ သတ္တိနှင့် အမိန့်နာခံမှုတို့ အပေါ် ချင်းညီနောင်အနေဖြင့် လေးနက်စွာ အသိအမှတ်ပြုကြောင်း၊ ထို့ပြင် ဤစခန်းသိမ်း တိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း အသက်နှင့်ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသည့် ရဲဘော်များကို မှတ်တမ်းတင် လေးစားအသိအမှတ်ပြုကြောင်း ချင်းညီနောက် တပ်ဖွဲ့က ပြောဆိုထားသည်။
မေလ ၂၇ ရက်နေ့တွင် တီးတိန်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ စခန်းများဖြစ်သော EPC လျှပ်စစ်ရုံးစခန်းနှင့် တာဝါတိုင်ကုန်းစခန်း ၂ ခုအား နံနက် ၄ နာရီခန့်တွင် ချင်းညီနောင်တပ်ဖွဲ့ဝင်များက စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၇ နာရီခန့်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၉ ဦး အရှင်ဖမ်းဆီးမိကာ လက်နက်ကြီး၊ လက်နက်ငယ် ၁၇ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ လုံးဝကင်းစင်ရန် အတွက် ပြည်တွင်းပြည်ပရှိ ပြည်သူများမှ ဆက်လက် ထောက်ပံ့ ကူညီအားပေးကြရန် ချင်းညီနောင် တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။