စစ်တွေမြို့နယ်တွင် ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ်ကောင်စီကို ရခိုင်နှင့် မဟာမိတ်အဖွဲ့ ၂၀၃ ခုက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ
ရန်ကုန်| ဇွန် ၇
ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား အမျိုးသမီး၊ အမျိုးသားအပါအဝင် ၇၆ ဦးကို မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော အာဏာသိမ်း စစ်ကောင်စီကို ရခိုင်အရပ်ဘက်အဖွဲ့အစည်းများနှင့် ညီနောင်မဟာမိတ်လူမျိုးများ အဖွဲ့အစည်းများမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ဇွန်လ ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ စစ်ကြောင်းသည် ဗျိုင်းဖြူရွာသားများအပေါ်တွင် ရက်ရက် စက်စက် လူမဆန်စွာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခြင်း၊ အလောင်းများအားဖျောက်ဖျက်ခြင်းနှင့် အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှု၊ လူသားမဆန်သော ပြစ်မှုကျူးလွန်ခြင်း လူမျိုးတုံးသတ်ဖြတ်မှုများကို ဗြောင်ကျကျ ကျူးလွန်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ထိုကဲ့သို့ လူ့အသိတရားကင်းမဲ့စွာ ရက်စက်ကြမ်းကြုတ်လွန်းသည့် လူသတ်မှုကြီးကို ကျူးလွန်ခဲ့ကြသူများအား နိုင်ငံတကာရှိ ရခိုင်အဖွဲ့အစည်းများနှင့် ညီနောင်မဟာမိတ်လူမျိုးအဖွဲ့များမှ ပြင်းထန်စွာကန့်ကွက် ရှုတ်ချလိုက်ပြီး ပြစ်မှုကျူးလွန်သည့် အကြမ်းဖက်သမားများအား ထိထိရောက်ရောက် အရေးယူအပြစ်ပေးသွားရန် တောင်းဆိုထားကြသည်။
ဤအကြမ်းဖက်လူသတ်မှုကြီးတွင် အပြစ်မဲ့အသက်ဆုံးရှုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပြီး နိုင်ငံတကာ ရခိုင်အဖွဲ့အစည်းများမှ အရေးပေါ်လိုအပ်သည့် အကူအညီများကိုလည်း ပေးအပ်သွားမည်ဟု ဆိုသည်။
စစ်ရာဇဝတ်မှု၊ လူသားမဆန်စွာ သတ်ဖြတ်သည့်ပြစ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ဗြောင်ကျကျ ကျူးလွန်ပြီး နေ့စဉ်ရက်ဆက် ကြည်း၊ ရေ၊ လေ တို့မှ ရခိုင်ပြည်အတွင်း မြို့ရွာများအနှံ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်လျှက်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ နိုင်ငံတခု၏ လိုက်နာရမည့် စည်မျဉ်းနှင့် နိုင်ငံတကာဥပဒေများကို စဉ်ဆက်မပြတ် ချိုးဖောက်လာနေခဲ့သော စစ်ကောင်စီအဖွဲ့က ကျူးလွန်သူများအား ထိရောက်စွာ အရေးယူပေးရန်လည်း ၂၀၃ ဖွဲ့က တောင်းဆိုထားကြသည်။
မတရားအာဏာသိမ်း ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်များကို အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ထုတ်ပယ်သွားရန် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နှင့် ကုလသမဂ္ဂအဖွဲ့ချူပ် (UNITED NATION) တို့အား အလေးအနက်တိုက်တွန်းတောင်းဆိုသည်ဟု ရခိုင်နှင့်တိုင်းရင်းသားလူမျိုး အဖွဲ့အစည်း ၂၀၃ က ဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများ။ (ပုံအဟောင်း ဖြစ်ပါသည်။)
Photo- AFP။

မောင်တောရှိ စစ်ကောင်စီတပ်စခန်း ၆ ခုကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီး မောင်တော၊ သံတွဲနှင့်အမ်းတိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၅၀၀ ထက်မနည်းသေဆုံး
■ မောင်တောလက်ကျန်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့များ စောစီးစွာ လက် နက်ချလျှင် အသက်အန္တရာယ်ကင်းဝေးမည်ဟု သတိပေး
ရန်ကုန်၊ ဇွန် ၇
ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၆ ခုကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး မောင်တော၊ သံတွဲနှင့်အမ်းတိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၅၀၀ ထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်း၊ အလောင်းများ သိမ်းဆည်းရရှိကြောင်း AA က ယနေ့ ညပိုင်း သတင်းထုတ်ပြန်သည်။
ဇွန်လ ပထမပတ်အတွင်း၌ မောင်တော၊ သံတွဲနှင့် အမ်း မြို့နယ်များအတွင်း အဓိကဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း၊ ဘူးသီးတောင်မြို့ရှိ ရန်သူစစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်ပြီးသည့်အချိန်တွင် ဘူးသီးတောင်နှင့် နယ်မြေချင်းကပ်လျက်ရှိသော မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ အချို့ကို ဇွန်လ ၂ ရက်နေ့မှစတင်၍ အာရက္ခတပ်တော်သည် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် မောင်တောမြို့နယ်ရှိ
၁- “တာဝါတိုင်စခန်း” ကို ဇွန်လ ၂ ရက်၊ ညနေ ၅ နာရီအချိန်တွင်လည်းကောင်း၊
၂- “ကျောက်ပန္ဒူစခန်း” ကို ဇွန်လ ၃ ရက်၊ နံနက် ၅ နာရီ ၄၀ မိနစ်တွင်လည်းကောင်း၊
၃- “ခွဆုံပြင်စခန်း” ကို ဇွန်လ ၄ ရက်နေ့၊ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင်လည်းကောင်း၊
၄- “မြင်းလွှတ်စခန်း” ကို ဇွန်လ ၄ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင်လည်းကောင်း
၅- “အင်းဒင်စခန်း” (သို့မဟုတ်) “နခခ ၆ စခန်း” ကိုဇွန်လ ၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် လည်းကောင်း၊
၆- “နခခ (၉) စခန်း” ကို ဇွန်လ ၇ ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်တွင်လည်းကောင်း အသီးသီး အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန် စခန်းများဖြစ်သော “နခခ ၄ ” ၊ “မောရဝတီ” ၊ “အလယ်သံကျော်” ၊ “နားခေါင်းတိုစခန်း” များ အပါအဝင် တခြားလက်ကျန်စခန်းများကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံ ပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်ကြောင်း AA က သတိပေးသည်။
မောင်တောမြို့နယ်အတွင်းရှိ စစ်ကြောင်းနှင့်ကာကင်းစခန်းများကိုလည်း ယနေ့တွင် ဆက်လက်တိုက်ခိုက်လျက်ရှိပြီး ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်
ထို့အတူ ဇွန်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များ၌ သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် နှင့် ဂေါ့တ် (Gawt) တောင်တန်းအနီးတွင် တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီက ပင်လယ်ပြင်မှ စစ်သင်္ဘော ၃ စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် ၎င်းနေရာကို အသည်းအသန်ခုခံနေခဲ့သော်လည်း အာရက္ခတပ်တော်မှ သတ္တိ၊ ဗျူဟာမြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဉ့်ကလျား ထွက်ပြေးလျက်ရှိကြောင်း၊ သံတွဲ၊ ဂေါ့ ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း စစ်ကောင်စီ Speed Boat တစ်စီးကို AA က နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
သံတွဲတိုက်ပွဲတွင် စစ်တပ်၏ အလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကိုလည်း ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းလျက်ရှိကြောင်း၊ တိုက်ပွဲများသည် သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်းနှင့် အနည်းသာ ကွာဝေးတော့ကြောင်း သိရှိရသည်။
ထို့ပြင် အမ်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် မိမိတို့မှ ကြိုးပမ်းလျက်ရှိသောကြောင့် တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် ဇွန်လ၊ ပထမအပတ် မောင်တောတိုက်ပွဲများအတွင်း မျက်မြင်နှင့် ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများအဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်မှာ ၄၀၀ အထက်ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူများထဲတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများ ပါဝင်ခဲ့ကြောင်း၊ အမ်း၊ သံတွဲဘက် တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ AA ဘက်မှလည်း စစ်သည်များတော်များ ကျဆုံးမှုများရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- AA က အင်းဒင်စခန်း” (သို့မဟုတ်) “နခခ ၆ စခန်း” ကိုဇွန်လ ၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် သိမ်းပိုက်ထားစဉ်။

ခန္တီးနှင့် မော်လိုက်တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ခန့်သေဆုံးပြီး စစ်တပ်စခန်း ၂၅ ခုထက်မနည်းကို သိမ်းပိုက်ရရှိကာ လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိ
■ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေးရဲဘော် ၁၄ ဦးကျဆုံးခဲ့
ရန်ကုန်၊ ဇွန် ၈
စစ်ကိုင်းတိုင်း၊ ခန္တီးနှင့် မော်လိုက်ခရိုင်တို့တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ဦး ခန့်သေ ဆုံး ပြီး လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုး ရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်သည်။
မေလ ၂၃ ရက်နေ့မှစတင်၍ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ဆင်ရေးများ စတင်ပြုလုပ်ခဲ့ပြီး ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းရွာ၊ ပုရစ်ရွာ၊ ဖာနိုင်းရွာ၊ မုက္ကလိရွာ၊ သာဂေါင်းငေါရွာ၊ မြင် သာ-ငိုးပင်းရွာ၊ ဇီးပင်သာရွာ၊ မယ်ဇလီရွာ၊ ရေလဲရွာ၊ တီလောင် လမ်းဆုံနှင့် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာ၊ အရှေ့ခမိုင်းရွာ၊ သက္ကယ်ကျင်းရွာ၊ ဆည်ချောင်းရွာ၊ ပုဂံတောင်ရွာ၊ ဟာပါရွာ၊ ညောင်ကုန်းရွာ၊ ချောင်းခွရွာ၊ မယ်ဇလီရွာ၊ ခုံသာရွာ၊ နန်း ပန်ရွာ၊ အင်းဝိုင်းရွာ၊ မော်လိုက်ကုန်းရွာ၊ ရွှေထီးကုန်းရွာ၊ ဆိတ်စားရွာအနီးရှိ အကြမ်းဖက်စစ်ကောင် စီစခန်း၂၅ ခုထက်မနည်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
စစ်ဆင်ရေးတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သေဆုံးခဲ့ကာ အကြမ်း ဖက်စစ်သားနှင့် ပျူစောထီး အလောင်း ၃၂ လောင်း၊ လက်နက်ငယ် ၃၉ လက်၊ ကျည်မျိုးစုံ ၇၅၇၂ တောင့်၊ ဗုံးမျိုးစုံ အလုံး ၃၀ ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးများကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ခန္တီးခရိုင် တပ်ရင်းများ၊ မော်လိုက်ခရိုင်တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ခရိုင်/မြို့နယ်/ကျေးရွာ ပကဖ နှင့် ဒေသခံ ပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှုများနှင့် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၄ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။
ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာသာမက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်း အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုပြီး မြန်မာစစ်တပ်ကို အရေးယူရန် ဖိလစ်ပိုင်အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတွင် တင်ပြတောင်းဆို
ရန်ကုန်၊ ဇွန် ၈
အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး မြန်မာစစ်အုပ်စုကို အပြည်ပြည် ဆိုင်ရာ အလုပ်သမားဥပဒေနှင့်အညီ အရေးယူရန် ဖိလစ်ပိုင် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကိုယ်စားလှယ် Ms. Nice S. Coronacion, SENTRO က အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတွင် တင်ပြ တောင်းဆိုလိုက်သည်။
ဇွန်လ ၃ ရက်နေ့ မှစ၍ ဇွန်လ ၁၄ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (112th Internation Labour Conference-ILC) ကို ကျင်းပ လျက်ရှိပြီး ယမန်နေ့ ဇွန်လ ၆ ရက်နေ့ ILC ညီလာခံတွင် ဖိလစ်ပိုင် အလုပ်သမား သမဂ္ဂ များအဖွဲ့ချုပ် ကိုယ်စားလှယ် Ms. Nice S. Coronacion, SENTRO က အထက်ပါအတိုင်း တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။
“ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်တွေရဲ့ အလုပ်သမားတွေ၊ တက်ကြွလှုပ် ရှားသူတွေနဲ့ ပြည်သူတွေအပေါ် အဆက်မပြတ် ရက်စက်ကြမ်းကြုတ်ဖိနှိပ်နေခြင်းကို လုံးဝ လက်မ ခံနိုင်ပါ။ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအ မှတ်ပြုရန် တောင်းဆိုပါတယ်၊ NUG နှင့် ၎င်း၏ လုပ်ပိုင်ခွင့်အောက်တွင် သက်ဆိုင်ရာလုပ်ငန်းစဉ် အားလုံး လုပ်ဆောင်ခြင်းဖြင့် အခြေခံ လူ့အခွင့် အရေးနှင့် အလုပ်သမား အခွင့်အရေးများဆိုင်ရာ ကတိ ကဝတ်များကို ပြသရန် ILO ကိုုတိုက်တွန်းပါတယ်။ ILO ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၃ အရ အကြမ်းဖက်စစ်အုပ်စုကို အရေးယူရန်နှင့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းခဲ့တဲ့မြန် မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (Commission of Inquiry on Myanmar-COI) ရဲ့ တိုက် တွန်းချက်များကို အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ဖို့ ILO ကို တောင်းဆိုပါတယ်” ဟု Ms. Nice S. Coronacion, SENTRO က တိုက်တွန်းပြော ကြားသည်။
မြန်မာနိုင်ငံတွင် အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အထူးသဖြင့် မြန်မာ နိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသော ILO Convention များဖြစ်သည့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် စုဝေးတောင်းဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ (၁၉၄၈)နှင့် အဓမ္မအလုပ် ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ (၁၉၃၀)တို့ကို ချိုးဖောက်မှုများနှင့်ပတ်သက်၍ ၂၀၂၂ ခု နှစ်၊ မတ်လတွင် ILO က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။
“အလုပ်သမားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုသည် စည်းလုံးညီညွတ်မှု အခြေခံမူပေါ်တွင် တည်ရှိပါတယ်။ ဖိလစ်ပိုင်မှာဆိုရိုးစကားအတိုင်း "ခန္ဓာကိုယ်မှာ အနာတရ တစ်စုံတစ်ရာရှိခဲ့လိုရှိရင် ခန္ဓာကိုယ်တစ်ခု လုံး ရဲ့ ရောဂါဝေဒနာပါပဲ” ဆိုသလို လူမျိုး၊ ကိုးကွယ်ယုံကြည်မှု သို့မဟုတ် မည်သူမည်ဝါ ဖြစ်သည်ကို မခွဲ ခြားဘဲ အလုပ်သမားများရဲ့ ဘုံအကျိုးစီးပွားအတွက် ဤကတိကဝတ်သည် နိုင်ငံတကာအလုပ်သမား များရဲ့ လှုပ်ရှားမှုနဲ့ ဆက်နွယ်စေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ညီအစ်ကို မောင်နှမများအတွက် ကျွန်ုပ်တို့ အားလုံး စိုးရိမ်ပူပန်ရပြီး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ရှိနေပါတယ်။” ဟု ဖိလစ်ပိုင် အလုပ် သမားကိုယ်စားလှယ် Ms. Nice S. Coronacion, SENTRO က ပြောကြားသည်။
ယခုကျင်းပလျက်ရှိသော ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ILC ညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ် များလည်း တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်တွင်း ရွှေစျေး၊ ငွေစျေးများ မဖြစ်နိုင်သော စျေးနှုန်းများသို့ မြင့်တက်သွားမှု ဝိသမစီးပွားရေးသမားကြောင့်ဟု မင်းအောင်လှိုင်က အပြစ်ဖို့ပြန်
ရန်ကုန်၊ ဇွန် ၈
မြန်မာနိုင်ငံတွင် ရွှေစျေး၊ ငွေစျေးနှုန်းများ မဖြစ်နိုင်သော စျေးနှုန်းများ မြင့်တက် နေမှုသည် ဝိသမ စီးပွား ရေးသမား များက ဆောင်ရွက်နေကြောင်း အကြမ်း ဖက်မင်းအောင်လှိုင်က အပြစ်တင်လိုက်ပြီး ပြည်ပနိုင်ငံများတွင် အိမ်ရာဝယ်ယူမှုများကိုလည်း စိစစ်နေကြောင်း မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ၃/ ၂၀၂၄ အစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
ဧပြီလအတွင်း ရွှေစျေးနှင့် ငွေကြေးစျေးနှုန်းများသည် သဘာ၀မကျဘဲ အဆမတ်ပြောင်းလဲလာသည်ကိုတွေ့ရပြီး ဝိသမ စီးပွားရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်စေရန် ဆောင်ရွက်နေကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် ရွှေနှင့်ငွေကြေးစျေးနှုန်းများသည် မည်သို့မျှ မဖြစ်နိုင်သည့် စျေးနှုန်းများဖြစ်ပြီး မြန်မာငွေတန်ဖိုးကျဆင်းစေရေး စျေးနှုန်းများကို ဆွဲတင်၍ တိုင်းပြည်၏ စီးပွားရေး ကျဆင်းမှု ရှိစေရန် ရည်ရွယ်ချက် ရှိရှိ ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေစျေးနှင့် ငွေကြေးစျေးများ ရှိသင့်ရှိထိုက်သည့် ဖြစ်သင့်သည့် စျေးနှုန်းသို့ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီဖြစ်ကြောင်း၊ ယခင်ကလည်း စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ ဘဏ်စနစ်ပြိုလဲအောင် လုပ်ဆောင်မှုများနှင့် ငွေကြေး ကမောက်ကမဖြစ်အောင် ဆောင်ရွက်ခြင်းများကို ကြုံတွေ့ခဲ့ရကြောင်း၊ နိုင်ငံ၏ စီးပွားရေး ကျဆင်းစေရန် ရည်ရွယ်၍ အဘက်ဘက်မှ ၀ိုင်းဝန်း တိုက်ခိုက်နေကြ သဖြင့် ငွေစျေး တည်ငြိမ်ရန် အရေးကြီးကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
အလားတူ ပြည်ပတွင် အိမ်ရာ ဝယ်ယူခြင်းများနှင့်ပတ်သက်၍လည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း အကြမ်း ဖက်မင်းအောင်လှိုင်က ဆိုသည်။
အကြမ်းဖက် စစ်ကောင်စီက လက်ရှိတွင် ရွှေကုန်သည်များ၊ ရွှေဆိုင်ပိုင်ရှင်များ၊ ငွေလဲလုပ်ကိုင်သူများ၊ ဟွန်ဒီငွေလဲသမားများကို ဖမ်း၀ရမ်းထုတ်ခြင်း၊ ဖမ်းဆီးခြင်း လုပ်ဆောင်လျက်ရှိပြီး စျေးကွက်စီးပွားရေးအရ ဖြစ်ပေါ်လာသည့် ရွှေစျေးကွက်နှင့် ငွေလဲစျေးကွက်များကို ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကမူ စစ်ကောင်စီက ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတွင် ငွေကျပ် ဘီလီယံ ၃၀၀၀၀ ကျော် ငွေစက္ကူအသစ်များ ရိုက်ထုတ်ခဲ့ပြီး ငွေကြေးဖောင်းပွမှုများ အဆမတန်ဖြစ်ပေါ်လာသဖြင့် မြန်မာငွေ တန်ဖိုး တရှိန်ထိုး ကျဆင်းမှုများဖြစ်ပေါ်နေကြောင်း တရားဝင် ထုတ်ပြန် ကြေညာထားသည်။

ရေဖြူမြို့နယ်တွင် စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေး ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးပြီး ကလေး ၁ ဦးအပြင်းအထန်ဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၈
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရဘူးရွာသစ်ကို အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်က လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၈ လသားအရွယ် ကလေးငယ် ၁ ဦးအပါအဝင်မိသားစုဝင် ၃ ဦး သေဆုံးခဲ့ပြီး အခြားကလေးငယ် ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် ရေဖြူမြို့နယ်၊ ရဘူးရွာသစ်ကို အကြမ်းဖက် စစ်ကောင် စီ၏ ရေတပ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူလူထုနေထိုင် ရာ နေအိမ်များပေါ်ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသော နေအိမ် တစ်လုံးတွင် လင်မယား ၂ ဦးနှင့် လ သားအရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ရေတပ်ကနေ ပစ်လိုက်တာ ။ အိမ်ထောင်ဦးစီးဖြစ်တဲ့အမျိုးသားက နေရာမှာပင်ပွဲချင်းပြီး ဆုံးသွားတယ်၊ ဇနီးဖြစ်တဲ့အမျိုးသမီးကတော့ ဆေးကုဖို့ ပို့တဲ့လမ်းမှာပဲ ဆုံးသွားတယ်။ အငယ်လေး လသားအရွယ်ကလေးပေါ့၊ သူကတော့ ဆေးကုတဲ့နေရာမှာပဲ ဆုံးသွားတယ်။ မိသားစု ၄ ယောက်မှာ ၉ နှစ် ၁၀ နှစ်အရွယ် ကလေးတစ်ယောက်ပဲ ကျန်တာပေါ့၊သူကလည်း နည်းနည်းစိုးရိမ်ရတယ်ဗျ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သားပြည်သူလူထု နေထိုင်ရာ ကျေးရွာများပေါ်သို့ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ နံနက် ၁၀ နာရီမှ စတင် ၍ ညနေ ၃ နာရီအထိ အကြမ်းဖက်စစ်ကောင်စီ ရေတပ်မှ ရဘူးရွာသစ်ကို လက်နက်ကြီးဖြင့် ၆ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Khit Thit သတင်းဌာန၏ ဇွန် ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်၊ မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်း ၆ ခုကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး မောင်တော၊ သံတွဲနဲ့ အမ်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က စစ်သား ၅၀၀ ထက်မနည်း သေကာ လက်နက် ခဲယမ်း၊ အလောင်းတွေကို သိမ်းဆည်းရရှိတယ်လို့ AA က မနေ့ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။
- တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၆၁ တပ်ရင်းက တပ်သား၁ ဦးဟာ အထက်အရာရှိတွေရဲ့ ဖိနှိပ်ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ကိုယ့်ကိုကိုယ် သေနတ်နဲ့ ပစ်ခတ်ပြီး အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ အကြမ်းဖက်တပ်သားတွေကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့သလို PDF ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=D4oC4eUlaio

YouTube
Khit Thit သတင်းဌာန၏ ဇွန် ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit သတင်းဌာန၏ ဇွန် ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရခိုင်ပြည်၊ မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်း ၆ ခုကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး မောင်တော၊ သံတွဲနဲ့ …

ရေနံချောင်းမြို့နယ်တွင် ၂ ရက်ဆက်တိုက်ပွဲများ ဖြစ်ပွားပြီး PDF ရှေ့ကင်းပွိုင့်တဲစခန်းတစ်ခု မီးရှို့ဖျက်ဆီးခံရ
ရန်ကုန်၊ ဇွန် ၈
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာနှင့် မကျည်းရိုး(ကုက္ကိုခွ)ကျေးရွာတို့တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး PDF ရှေ့တန်းကင်းပွိုင့် စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ရေနံချာင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ဗိုလ်စံသျှား က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ဇွန်လ ၄ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့် ရေနံချောင်းမြို့နယ်၊ မိုးပေါက်ကန်၊ ညောင်ဇောက်ချောင်းလမ်း မှ မကျည်းကိုင်း အုပ်စု၊ ရွှေတုတ်ကန်ကျေးရွာဘက်သို့ အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ တိုက် ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပွိုင့်စခန်းငယ်တစ်ခု မီးရှို့ဖျက်ဆီးခံလိုက် ရကြောင်း သိရသည်။
“စခန်းမီးရှို့ခံရပေမယ့် ဆုံးရှုံးမှု မများပါဘူး။ ပစ္စည်းတွေပါသွားတာ မရှိသလို ကျနော်တို့ ရဲဘော် တွေ လည်း အထိ အခိုက်မရှိပါဘူး။ ကင်းတဲပဲ မီးရှို့ခံရတာပါ။ ခွေးသေထိခိုက်မှုကတော့ စုံစမ်းဆဲပါပဲ။ စစ် ကြောင်းကတော့ ပြန်ဆုတ်သွားပြီ” ဟု ရေနံချာင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်စံသျှား က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့အတူ ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ရေနံချောင်းမြို့နှင့် ထိစပ်လျက်ရှိသည့် ကျောက်ပန်းတောင်းမြို့ နယ်၊ စည်ပင်၊ ရှားတောစု ပျူစောထီးကျေးရွာများမှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော အကြမ်း ဖက်စစ်သား၊ ပျူစောထီးများကို မကျည်းရိုး(ကုက္ကိုခွ) အုပ်စုအတွင်းရောက် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် မကျည်းတိုင်းအုပ်စု ကျေးရွာတချိူ့မှ စစ်ဘေးရှောင် နေရသော ပြည်သူများ၏ အိမ်များအတွင်း ဝင်ရောက်မွှေနှောက်ကာ ပဲ၊ နှမ်း၊ ဆီတို့အပါအဝင် တန်ဖိုး ကြီး ပစ္စည်းများ ခိုးယူသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ရေနံချောင်း(ပကဖ)၊ မကွေးခရိုင်အမှတ် ၂ တပ် ရင်း၊ ညောင်ဦးခရိုင် အ မှတ် ၄ တပ် ရင်း၊ မကွေးတိုင်း (ပကဖ) ဒရုန်းလက်ရုံးတပ်ဖွဲ့ (Brother Wing) မကွေးခရိုင် တိုက်ခိုက် ရေးတပ်ဖွဲ့ နှင့် Yenanthar Youth Force (YYF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။